Saturday, September 27, 2014

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တည်ထောင်ခြင်း ၂၆ နှစ်မြောက်နှစ်ပတ်လည် ကြေညာချက်။

အိမ်ခြံမြေ ကြိုပွိုင့်ရောင်းဝယ်သူများ အခွန်စည်းကြပ်ခံရမည်စိုး၍ ရောင်းထုတ်လာကြဟုဆို




www.7daydaily.com
 ကြိုပွိုင့်စနစ်ဖြင့် အိမ်ခြံ မြေတိုက်ခန်း အရောင်းအ၀ယ်ပြု လုပ်မည့်သူများ အခွန်စည်းကြပ် မှုခံယူရမည်စိုးသောကြောင့် ဈေး ကွက်အတွင်း အမြန်ဆုံးအရောင်း အ၀ယ် ပြုလုပ်လာကြကြောင်း တိုက်ခန်းအကျိုးဆောင်များက ပြောသည်။

ကြိုပွိုင့်စနစ်ဖြင့် အိမ်ခြံမြေ တိုက်ခန်းများ အရောင်းအ၀ယ် ဖြစ်ပါက ချက်ချင်းအခွန်ဆောင် ရမည်ဖြစ်ပြီး အချိန်ကြာမှ အခွန်ဆောင်မည်ဆိုပါက ကာလတန်ဖိုးအတိုင်း အခွန်စည်းကြပ်မှု ခံယူရမည်ဖြစ်ကြောင်း အခွန်စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့က သတင်းထုတ်ပြန်လိုက်ပြီးနောက်ယခုကဲ့သို့ ညှိနှိုင်းပုံစံဖြင့် အမြန်ဆုံးအရောင်းအ၀ယ် လုပ်နေကြသည်ဟု သုခမြေအိမ်ခြံမြေ အကျိုးဆောင်က ပြောသည်။

‘‘တချို့ အရင်းလောက်ရ လည်း တော်ပြီဆိုပြီး ထုတ်ရောင်း နေကြတယ်’’ ဟု အထက်ပါအိမ် ခြံမြေ အကျိုးဆောင်က ပြော ကြားသည်။

ဥပဒေတစ်ခု၊ အမိန့်တစ်ခု ထုတ်ပြန်ပါက ဌာနမှ မလုပ်ဖြစ် သည်က များပြားပြီး အောက်ခြေ တွင် အမှန်တကယ်စိစစ်ကြပ် မတ် လုပ်ဆောင်မှုအားနည်း ကြောင်း စိုင်းခွန်နောင် အိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီ မန်နေ ဂျင်းဒါရိုက်တာ ဦးစိုင်းခွန်နောင် က ပြောသည်။

စိုးရိမ်ပြီး ထုတ်ရောင်းနေ ကြသော်လည်း ၀ယ်မည့်သူမှာ လတ်တလော နည်းပါးနေပြီး ၀ါကျွတ်ကာလ အောက်တိုဘာတွင် အရောင်းအ၀ယ်ပြန်လည် သွက် လာနိုင်သည်ဟု ၎င်းက ခန့်မှန်းပြောကြားသည်။

ထို့ပြင် ကြိုပွိုင့်စနစ်ဖြင့် ရောင်းချသည့် တိုက်ခန်းများမှာ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ စတင်ရောင်းချသည့် ကန်ထရိုက် အဖွင့်ဈေးမှာ လွန်စွာကြီးမြင့်နေ ၍ ဈေးကစားလိုသူများ ၀ယ်ယူမှုနည်းလာကြောင်း စမ်းချောင်းမြို့နယ်မှ ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လက လည်း ရန်ကုန်မြို့တော်စည်ပင် သာယာရေး နယ်နိမိတ်အတွင်း ရှိ မြို့နယ်နှစ်ဆယ်၌ စက်မှုဇုန်၊ စက်ရုံ၊ ဂိုဒေါင်နှင့် အိမ်ခြံမြေငှား ရမ်းခြင်းဆိုင်ရာ အခွန်တိမ်းရှောင် မှုများကို စတင်စစ်ဆေးနေပြီး စစ် ဆေးမှုရလဒ်ကို ယနေ့အထိ ထုတ်ပြန်ခြင်း မရှိသေးပေ။

စည်ပင်က အရည်အသွေးနိမ့် အဆောက်အအုံများ ဖြိုဖျက်ရန် စီမံချက်စတင်နေရာ ကြိုပွိုင့်တိုက်ခန်းဝယ်ယူသူများ စိုးရိမ်သဖြင့် အမြန်ဆုံး ထုတ်ရောင်းမှုများ ရှိနေသည်ဟု ဆောက်လုပ်ရေး လုပ်ငန်းရှင်အချို့က ပြောသည်။

အနုပညာရှင်များကြားက မူးယစ်ဆေးပြဿ နာ



7Day News Journal


----------------------------------------------
ရေးသားသူ- နွေဦး

မကြာသေးမီရက်ပိုင်းအတွင်းက နာမည်ရသရုပ်ဆောင်မင်းသားတစ်ဦးကို စိတ်ကြွရူးသွပ်ဆေးပြား တစ်ရာကျော်နှင့်အတူ ဖမ်းဆီးလိုက်သည့်သတင်းမှာ ပရိသတ်အတွက် အထူးအဆန်းမဟုတ်တော့ပါ။ အနုပညာရှင်များနှင့် မူးယစ်ဆေးဝါးပြဿနာ ရောထွေးနေမှုများမှာ ပရိသတ်များနှင့် ရင်းနှီးနေပြီဖြစ်သည်။

“တချို့ရုပ်ရှင်ထုတ်လုပ်ရေး တိုက်တွေမှာ စိတ်ကြွဆေးတွေကို ဧည့်ခန်းမှာ ပန်းကန်နဲ့ချထားပြီ ဧည့်ခံနေတာ။ မကင်းနိုင်တဲ့သူအများစုက အ၀င်အထွက်လုပ်တော့ လူစည်တယ်။ ရိုက်ကွင်းမှာဆိုလည်း မင်းသား၊ မင်းသမီးကို ဆေးဝယ်ပေးချင်တဲ့၊ ဆေးသယ်ပေးချင်တဲ့သူတွေ တစ်ပုံကြီး၊ ပွဲတော်ကြီးလိုဖြစ်နေတာ”

ယနေ့ အနုပညာလောကအတွင်း ကြီးကြီးမားမားစိမ့်ဝင် နေရာယူထားသည့် စိတ်ကြွရူးသွပ်ဆေးဝါးများ၏ အခန်းကဏ္ဍမြင်ကွင်းကို အမည်မဖော်လိုသည့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ဖွင့်ဟပြောဆိုလိုက်ခြင်းဖြစ်သည်။

သို့သော် ၁၉၈၈ ခုနှစ်နောက်ပိုင်း ရန်ကုန်မြို့ပေါ်၌ ဘိန်းကို အလွယ်တကူဝယ်ယူရရှိနိုင်သည့် ကာလတုန်းက သုံးစွဲသည့် အနုပညာရှင်အများစုမှာ ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်မှုမရှိသလောက် နည်းပါးခဲ့ကြောင်း ယင်းကာလကို ဖြတ်သန်းခဲ့ဖူးသူ ဒါရိုက်တာဝိုင်းက ဆိုသည်။

ယနေ့ခေတ်တွင်မူ သုံးစွဲရုံသာမက ကိုယ်တိုင်ရောင်းဝယ်ဖောက်ကားသည့် အနုပညာရှင်အချို့ ရှိလာပြီဖြစ်သည်။ ၎င်းတို့သည် ငွေကြေးရလိုမှုတစ်ခုအပြင် ဆေးကို စည်းရုံးသိမ်းသွင်းသည့် လက်နက်တစ်ခုသဖွယ် သုံးစွဲလာသည်မှာ အနုပညာလောကအတွက် အန္တရာယ်ဖြစ်လာကြောင်း မူးယစ်ဆေးဝါးသံသရာထဲက ယတိပြတ် ရုန်းထွက်ခဲ့ပြီး ယခုနာမည်ကြီး ဒါရိုက်တာတစ်ဦးအဖြစ် ပြန်လည်ရပ်တည်နေသူ ဒါရိုက်တာဝိုင်းက ပြောသည်။

နာမည်ရသရုပ်ဆောင်အချို့၊ အဆိုတော်အချို့၊ ဒါရိုက်တာ အချို့ ဆေးဝါးများနှင့်အတူ ဖမ်းဆီးခံရချိန်တွင် ပရိသတ်များကြားထိပင် သိရှိနေသည့် ဆေးဝါးရောင်းဝယ်မှုများနှင့် ပတ်သက်နေသော အနုပညာရှင်များ ဖမ်းဆီးခံရမှုသတင်းများ မတွေ့ရသေးသည်ကို မူးယစ်ဆေးဝါးတားဆီး ကာကွယ်နှိမ်နင်းရေးအဖွဲ့ (ရန်ကုန်)မှ ဒုတိယရဲမှူးကြီး ခင်မောင်သိန်းက အဖြေပေးပါသည်။

“သိသိကြီးနဲ့ မဖမ်းဘူးဆိုတာ ဘယ်တော့မှမရှိဘူး။ သိရင်တောင်မှ သူဘယ်ဟိုတယ်မှာ သုံးနေတာလဲ။ In Position ဖြစ်နေလား ကြည့်ပြီးမှ လုပ်ရတယ်။ ဘယ်သူကတော့ သတင်းကျော်ဇောမှုရှိတယ်ဆိုတာ ပြောလို့မရဘူး။ ရှိတာကတော့ အနည်းနဲ့အများရှိကြတယ်။ စောင့်ကြည့်နေတယ်။ ကိုယ့်ဘက်က သေချာပိုင်နိုင်ရင် အနုပညာရှင်မကလို့ ဘာကြီးပဲဖြစ်နေဖြစ်နေ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်တယ်ဆိုရင် ပြတ်ပြတ်သားသား အရေးယူတာပါပဲ”

သို့သော် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးတပ်ဖွဲ့ဝင်များသည် ကျော်ဇောသတင်း ရထားတိုင်းလည်း ၀င်ရောက်ဖမ်းဆီးရန်မှာမူ အခက်အခဲအတားအဆီးများ ရှိနေသည်ဟု ၎င်းက ဆိုသည်။

“သရုပ်ဆောင်တွေထဲလည်း သုံးတာရှိပါတယ်။ ဒါပေမဲ့ သေသေချာချာ Position ရှိမှ အရေးယူလို့ရမှာ။ သတင်းတက်လာတာနဲ့ အိမ်ပေါ်တက်ပြီး ဖမ်းဟယ်ဆီးဟယ်လုပ်လို့မရဘူး။ မမိရင် သိက္ခာချတယ်။ ကျင့်ဝတ်ချိုးဖောက်တယ်လို့ ဖြစ်လာနိုင်တယ်။ ဥပဒေက ရှိသေးတယ်” ဟု အဆိုပါ ရဲမှူးကြီးက ပြောသည်။

မအိပ်မနေ လန်းဆန်းတက်ကြွစွာဖြင့် အနုပညာအလုပ်များ လုပ်ကိုင်နိုင်ပြီး ဆန်းသစ်သော စိတ်ကူးများ၊ အတွေးအခေါ်များ ထွက်ပေါ်နိုင်သည်ဟူသည့် ယူဆချက်များကြောင့် နီးစပ်ရာအနုပညာရှင်အချို့ ဟိုတယ်ကဲ့သို့သော အခန်းများအတွင်း အုပ်စုဖွဲ့၍ ဆေးဝါးမှီဝဲခြင်းများရှိသည်။ နာမည်ကျော် အနုပညာရှင်များကို ဆေးဝါးများ အခမဲ့ပံ့ပိုးပေးခြင်း၊ အလွယ်တကူရှာဖွေပေးနိုင်ခြင်းတို့ဖြင့် စည်းရုံးထားနိုင်ပါက လုပ် ငန်းအဆင်ပြေနိုင်မည်ဟု ယူဆ ကြသည့် ထုတ်လုပ်ရေးတိုက်အ ချို့က ယင်းနည်းလမ်းကို သုံးစွဲကြ သည်ဟု ဆိုကြသည်။

“အနုပညာရှင်အချင်းချင်းလည်း ရောင်းတယ်။ အပြင်ကလူတွေကလည်း နာမည်ကြီးတစ်ယောက်နဲ့ ချိတ်ထားရင် သူနဲ့ဆက်စပ်တဲ့ သူတွေနဲ့ ချိတ်မိသွားပြီး အရောင်းအ၀ယ်တွေဖြစ်ကြတယ်။ ဒီလူတွေကို အာဏာပိုင်တွေက အရေးယူတယ်၊ လာစစ်တယ်လို့ မကြားဖူးဘူး။ သူတို့ဟာ အင်မတန်လွတ်လပ်စွာနဲ့ လုပ်ချင်ရာ လုပ်နိုင်နေကြတယ်” ဟု အမည်မဖော်လိုသူ ဒါရိုက်တာတစ်ဦးက ပြောသည်။

“တချို့ဆေးရောင်းသူတွေက သူတို့လိုအင်ဆန္ဒအတွက် စပေးသုံးတုန်းက ပိုက်ဆံပေးစရာ မလိုဘူး။ နောက်ပိုင်းကျတော့ ရောင်းရော။ မူးယစ်ဆေးဝါးသုံးစွဲပြီးရင် နောက်ဆက်တွဲလိင်ကိစ္စတွေပါ ပါလာကုန်တယ်။ အခုဟာက အနုပညာရှင်အချင်းချင်းကိုပဲ ရောင်းတာမဟုတ်ဘဲ လူတကာကို ရောင်းနေတာ” ဟု ယင်းဒါရိုက်တာက ပြောသည်။ အနုပညာရှင်အချို့သည် မူးယစ်စေပြီး စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို မှီဝဲသုံးစွဲမှ ဖန်တီးထုတ်လုပ်သည့် အနုပညာထုတ်ကုန်များ အရည်အသွေး တောက်ပြောင်ထူးချွန်သည်ဟု တလွဲယူဆချက်မှာ ဆေးဝါးနွံထဲမှ ရုန်းမထွက်နိုင်သည့် အဓိကအချက်ဖြစ်နေကြောင်း မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေးစီမံချက် ဒါရိုက်တာ စိတ်ကျန်းမာရေးအထူးကု ဆရာဝန်ကြီးဒေါက်တာလှဌေးက ဆိုပါသည်။

“အရင်ခေတ်က ဘိန်းက သုံးပြီးရင် ငြိမ်တော့ အကျခေတ်ပေါ့။ အခုက အကြွခေတ်။ များသောအားဖြင့် မအိပ်မနေနဲ့ ဖျော်ဖြေရေးလိုင်းသွားတဲ့ ကလေးတွေက စိတ်ကြွဆေးတွေကို တလွဲသုံးစွဲကြတယ်။ အဆိုတော် ကောင်လေးတစ်ယောက်ဆို ဒါသုံးလို့ ပိုဆိုနိုင်တယ်လို့ပြောတယ်။ ဒါတော်တော်လေး လွဲမှားတယ်။ ရှိသမျှခွန်အားကို တစ်ထိုင်တည်းနဲ့ သုံးတဲ့အတွက် ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအရ ရုတ်တရက်သေဆုံးတဲ့ ဖြစ်ရပ်တွေ အခုနောက်ပိုင်းများလာတာ တွေ့နိုင်တာပဲ” ဟု ဒေါက်တာလှဌေးကပြောသည်။

အနုပညာရှင်များအကြား ကျန်းမာရေးမကောင်းသဖြင့် ဆေးဝါးကုသရသည်ဟုဆိုကာ ဆေးလွန်သွားသဖြင့် ကုသမှုခံယူရသည့် သတင်းများကလည်း ထွက်ပေါ်နေသည်။

မြန်မာနိုင်ငံတွင် အာဏာပိုင်များက ဖမ်းဆီးမှုများရှိသလောက် လက်လှမ်းမီ အလွယ်တကူရနိုင်သည့် ဆေးဝါးမှာလည်း အဆိုပါ WY စာတန်းပါ ဆေးပြားများ ဖြစ်နေကြောင်း တားဆီးနှိမ်နင်းရေးကို လုပ်ဆောင်နေသည့် ဒေါက်တာလှဌေးက ဆိုသည်။ ရုပ်ရှင်ရိုက်ကွင်းအချို့တွင်ပင် တရားဝင်သဖွယ် လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားသုံးစွဲမှုများ ရှိနေပြီး အာဏာပိုင်များ၏ ဖမ်းဆီးအရေးယူမှုမှာ အားနည်းနေကြောင်း ရုပ်ရှင်ဒါရိုက်တာတစ်ဦးက ဆိုသည်။

“မူးယစ်ဆေးဝါးအပေါ်ထားတဲ့ တစ်ဦးချင်းရဲ့ ခံယူချက်ပေါ်မူတည်ပြီး ကွဲပြားသွားတာပါ။ ဒါပေမဲ့ မူးယစ်ဆေးဝါးရဲ့ အန္တရာယ်က အားလုံးသိပြီးဖြစ်တဲ့အတိုင်းပဲ တော်တော်လေး ကြီးမားပါတယ်။ ဒါကြောင့် ဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် မသုံးစွဲသင့်ပါဘူး” ဟု အကယ်ဒမီထွန်းအိန္ဒြာဗိုက ပြောကြားသည်။

တိုင်းပြည်ကို ပြန်လည်ထူထောင်နေသည့် ကာလတွင် လူ့စွမ်းအားအရင်းအမြစ်များထဲမှ အဓိကအရေးပါသည့် လူငယ်ထု၏ အသက်အန္တရာယ်ကို ဆိုးရွားစွာ ခြိမ်းခြောက်လာနေသော စိတ်ကြွရူးသွပ်ဆေးဝါးကို အမြစ်ဖြတ်သုတ်သင်ရန် အစိုးရတွင် တာဝန်အပြည့်အ၀ရှိကြောင်း ဒါရိုက်တာရီဇော်က ပြောသည်။

“လွယ်လွယ်နဲ့ ၀ယ်မရဘူးဆို ဘယ်သူမှ သုံးမနေဘူး။ တိုင်းပြည်ပြန်ထူထောင်မယ့်အချိန်မှာ ပညာတတ်တွေ စွမ်းအားအရင်းအမြစ်တွေ နည်းရတဲ့အထဲ မူးယစ်ဆေးဖျက်ဆီးခံနေရတာ ၀မ်းနည်းဖို့ ကောင်းပါတယ်။ အစိုးရမှာလည်း သူ့အကျပ်အတည်းနဲ့ သူရှိမှာပါ။ ဒါပေမဲ့ ဒီဆေးဝါးပြဿနာကိုတော့ အရေးပေါ်စီမံချက်တစ်ခု အနေနဲ့ နှိမ်နင်းသင့်ပါပြီ” ဟု ၎င်းက ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ပြည်တွင်းရှိ မူးယစ်ဆေးဝါးကိစ္စများကို အုပ်ချုပ်ရေးပိုင်းက လျစ်လျူရှုထားပြီး အရေးမယူကြောင်းနှင့် မူးယစ်ဆေးဝါးသုံးစွဲမှုများသည် လွန်ခဲ့သည့် သုံးနှစ်ကထက် ပိုမိုများပြားလာနေကြောင်း မေလ ၂၇ ရက်တွင် ရန်ကုန်မြို့၌ ပြုလုပ်သည့် ဒီချုပ်ဗဟိုဦးစီးအစည်းအဝေးတွင် ပြောကြားထားသည်။

တရားဝင်ဈေးကွက်ကြီးသဖွယ် အနုပညာသမားများ၏ စွမ်းအားများးကို ခြိမ်းခြောက်ဖြိုဖျက်သော မူးယစ်ဆေးဝါးများ၏ အန္တရာယ်ကို မိမိတို့၏ ကိုယ်ပိုင်အသိခံယူချက်တို့ဖြင့်သာ တွန်းလှန်ရမည် ဖြစ်သည်။ ပရိသတ်များ ချစ်ခင်အားပေးသည့် အနုပညာရှင်ဖြစ်လာရန်အတွက် မူးယစ်ဆေးဝါးသုံးစွဲရန် မလိုပါ။ မူးယစ်ဆေးဝါး မှီဝဲရန် မလိုပါ။ ပင်ကိုအရည်အသွေးကို မှတ်ကျောက်တင်နိုင်သည့် အနုပညာဝမ်းစာပြည့်ဝသော ပါရမီရှင်များကိုသာ ပရိသတ်ကတောင့်တသည်။ မူးယစ်ဆေးအကူအညီကြောင့် အောင်မြင်ကျော်ကြားပြီး ကျန်းမာချမ်းသာစွာဖြင့် အသက်ရှည်ရပ်တည်နိုင်သော အနုပညာရှင် မရှိသေးပါ။ ရှိမည်လည်း မဟုတ်ပါ။ “အနုပညာရှင် ကျွန်တော့်လူနာတွေ ဆုံးပါးသွားကြတာ တော်တော်တောင်ကြာသွားပါပြီ”ဟု လမ်းလွဲသွားသူ ကြွေလင့်အနုပညာရှင်အချို့အကြောင်း ဆရာဝန်ကြီးဒေါက်တာလှဌေး၏ မှတ်ချက်က ယနေ့ မူးယစ်ဆေးဝါးနွံထဲက ရုန်းမထွက်နိုင်သေးသော အနုပညာရှင်အချို့အတွက် မှတ်သားစရာပင် ဖြစ်ပါသည်။

ဓာတ်ပုံ- ဂျေမောင်မောင် (အမရပူရ)

Bူးလက်မရှင်းတာကဒါ.....မျိုး



U Hla Swe

child marriage နဲ့ပါတ်သက်လို့ လွှတ်တော်မှာ ကျနော် မေးခွန်းထုတ်ခဲ့ပါတယ်။ အထူးသဖြင့် မူဆလင်ဘာသာဝင်တွေ ဟာ အသက်ငယ်ငယ်လေးတွေ ကို ဇနီးမယားအဖြစ် လက်ထပ်ပေါင်းသင်း နေတာတွေ့နေရလို့ပါ။ကျနော် ကို မူစလင်ဘာသာဝင် တယောက်က ထမင်းဖိတ်ကျွေးလို့ သွားစားတော့ ၇ နှစ် ၈ နှစ်လောက်ရှိတဲ့ ခလေးမလေးက ဟင်းပွဲတွေ လာချပေးပါတယ် ။ဒါနဲ့ ကျနော်က ဒါခင်ဗျားသမီးလား ဘယ်နှစ်တန်း ရောက်ပြီလဲ လို့ မေးတော့ ဒါသူ့ မိန်းမ ပါလို့ပြောတယ်။ကျနော်အရမ်းအံ့သြ သွားပါတယ်။ ဒါကြောင့်ဒီမေးခွန်းမေးဖြစ်တာပါ။ဝန်ကြီးဋ္ဌာနက
ဖြေတာက ခြေဥ အရ လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိတယ်။the burma law act ;1898 အရ အမွေဆက်ခံခြင်း။အမွေခွဲခြင်း။ထိမ်းမြားလက်ထပ်ရေး။မျိုးနွယ်ရေး။ဘာသာရေးဆိုင်ရာ အစဉ်အလာ။အဖွဲ့အစည်းတစုံတရာတို့နှင့် ပါတ်သက်သည့် မည်သည့် ပြဿနာမဆို အမှု့သည်၏ ဘာသာဥပဒေအတိုင်း အဆုံးဖြတ်ပေးရမည် ။ဥပဒေများမှာ ၁၈၅၆ ဟိန္ဒူဥပဒေ။၁၈၇၂ ခရိယာန်ဥပဒေ။၁၉၀၉ဆခ် ဥပဒေ။၁၉၃၆ ပါရစီ ဥပဒေ။၁၉၅၃မူစလင်ဥပဒေ။၁၉၅၄ဗုဒ္ဓဘာသာဝင်ဥပဒေ။များရှိကြောင်းအရွယ်ရောက်သူဟုသပ်မှတ်ရာတွင်ဥပဒေတခုနှင့်တခုမတူကြောင်း the guardians and wards act . 1890 အရ မြန်မာနိုင်ငံအတွင်းနေထိုင်သူတို့သည် ၁၈ နှစ်ပြည့် လျှင်အရွယ်ရောက်ပြီး အကယ်၍၁၈ နှစ်မပြည့်မှီ တရားရုံးက အုပ်ထိမ်းသူခန့်ထားသည့်သူဖြစ်လျှင် ၂၁ နှစ်မှအရွယ်ရောက်ကြောင်း။၁၉၅၄ ဗုဒ္ဓဘာသာဝင်မိန်းမကိုအထူးထိမ်းများမှူု့ဥပဒေအရ ၁၄ နှစ်အောက် မငယ်သူကိုလက်ထပ်နိုင်သည်ဟုပြဌာန်းထားကြောင်း ။အစ္စလမ်တရားဥပဒေတွင်လူပျိုအပျိုဖေါ်ဝင်ချိန်ကို ကျား ၁၂ နှစ် မ ၉ နှစ် ဟုမှတ်ယူ၍သက်သေမပြနိုင်က ကျား မ ၁၅ နှစ်ဟုသပ်မှတ်ထားကြောင်း။ချေဥ ၃၄၇ အရမည်သူ့ကိုမဆို ဥပဒေ အရာ၌ တန်းတူရှိရမည်ဟု ပါရှိကြောင်း။ပြစ်မှု့ဆိုင်ရာပုဒ်မ ၂ အရ မည်သူမဆို ပြစ်မှုဆိုင်ရာဥပဒေ ပြဋ္ဌာန်းချက်ကို ဖေါက်ဖျက်ကပြစ်ဒဏ်ထိုက်သည်။ အခြားနည်းဖြင့် ပြစ်ဒဏ်ထိုက်သင့်ခြင်းမရှိစေရ ဟုသပ်မှတ်ထားသဖြင့် နိုင်ငံအတွင်းနေထိုင်သူအားလုံးသည် လက်ထပ်ထိမ်းမြားခြင်းအပါအဝင် မည်သည့်ကိစ္စရပ်တွင်မဆို ပြစ်မှု့ဆိုင်ရာ ပုဒ်မ ကိုလေးစားရမည်ဖြစ်ကြောင်း။၁၅ နှစ်ပြည့်၍ခိုးယူပေါင်းသင်းခြင်းသည် အစ္စလမ်ဥပဒေအရ အပြစ်မရှိသော်လည်း ၁၆ နှစ်မပြည့်သေးလျှင် ပြစ်မှု့ဆိုင်ရာ ဥပဒေ ၃၆၁ နှင့်ညှိ၍၃၆၃ ဖြင့် အရေးယူခံရမည်။အပျိုဘော်ဝင်ပြီး ၁၃ နှစ်အရွယ်မူစလင် မိန်းမကိုသဘောတူလက်ထပ်ပေါင်းသင်းခြင်းသည် အစ္စလမ် ဥပဒေ နှင့် ညီညွတ်သော်လည်း ပြစ်မှု့ဆိုင်ရာ ဥပဒေ ၃၇၅ အရ မုဒိမ်းမှု့မြောက်သဖြင့် ၃၇၆ ဖြင့်အရေးယူခံရမည်ဖြစ်ကြောင်း။နိုင်ငံတော်အနေဖြင့် UN convention on the right of the child ကသပ်မှတ်ထားသော စံ နှုန်းများနှင့်အညီ၁၉၉၃ ကလေးသူငယ်ဥပဒေအတိုင်း ဆောင်ရွက်လျှက်ရှိကြောင်း လို့ဖြေထားတယ်။ကျနော်မရှင်းတာက ၁၃ နှစ်အောက် အစ္စလမ် အမျိုးသမီးကို လက်ထပ်လို့ မုဒိမ်း မှု့နဲ့ တရားစွဲခံထားရတာ ကျနော်ဖြင့် မကြားမိပေါင်ဗျာ။

သွေးသားရောင်းရန်ရှိသည်

ဂျာနယ်လောကရဲ့စိန်ခေါ်သံ


U Hla Swe
.......11 ဂျာနယ်က ရောင်းကောင်းရဲ့သားနဲ့ ။ကိုရဲထွဋ် တယောက်ထဲနဲ့ရန်လေးဖြစ်ပြလိုက်တာနဲ့ ပြီးတဲ့ဟာကို။