Sunday, September 28, 2014

ကျွန်တော်သာ ရပ်ကွက် အုပ်/မှူးး ဖြစ်ခဲ့လျှင်

Yangon Media Group

တစ်ခါတစ်ရံ ကျွန်တော်စဉ်းစားတယ်။ လူအချို့ဟာ ငွေကြေးနဲ့ အာဏာသာ ရသွားခဲ့ရင် မြင်းကို ချိုတပ်လိုက်သလိုကိုဖြစ်ပြီး ဘယ်လိုမှ ထိန်း မနိုင် သိမ်းမရ ဖြစ်သွားတတ်ပါကလားလို့။ ဟုတ်ပါ တယ်။ အဲဒီစကားရပ်အမှန်ပါပဲ။

ဘာလို့လဲဆိုတော့ ကျွန်တော်လေ့လာသုတေသန ပြုခဲ့မိသမျှသော ရပ်ကွက် အုပ်၊မှူးအချို့ဟာ စိတ်ဓာတ် နဲ့ အကျင့်ကလွဲရင် ပြောစရာမရှိတဲ့ လူတွေချည်းပါပဲ။ ဆိုလိုတာက ကောင်းတဲ့သူရှားတယ်။ (၈၈) ရှေ့ပိုင်း၊ ကောင်စီခေတ်တုန်းက လူကောင်း၊ သူကောင်းတွေရှိခဲ့ ဖူးတာတော့ကြုံဖူးတယ်။ ရပ်ကွက်ရဲ့ ဆန္ဒမဲနဲ့ တောင်းဆို မှုအရ သုံးလေးကြိမ် ဥက္ကဋ္ဌ ဆက်လုပ်ရသူတွေ၊ အဂတိ ကင်းကင်းနဲ့ ရပ်ကွက်ကောင်းကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပြီးတော့ ''စံပြ'' ဖြစ်ခဲ့သူတွေ တွေ့ကြုံခဲ့ သလို စကားပြောခွင့်လည်းရခဲ့ပါတယ်။ ခုခေတ်အုပ်/မှူး အချို့ကတော့ ကြုံရင် ကြုံသလိုစား၊ အမြီးကျက် အမြီး စား၊ ခေါင်းကျက်ခေါင်းစားကြတာများတယ်။

ဒီမိုကရေစီပြောင်းလဲမှုနောက်ပိုင်း ၂ဝ၁၃-၂ဝ၁၄ လောက်မှာ တန်ဖိုးနည်းဖုန်းတွေ စတင်ချထားပေးမှုဟာ ဘယ်သူတွေကို အဓိက တိုက်ရိုက်အကျိုးပြုခဲ့သလဲဆို တော့ ရပ်ကွက်အုပ်/မှူးဆိုသူတွေသာ ချက်ချင်း နတ် ရေကန်ထဲ ချလိုက်သလိုကို ဆိုင်ကယ်၊ ဆွဲကြိုးနဲ့ ဟန်း ချိန်းနဲ့ကို ဘဝပြောင်းခဲ့ကြပါတယ်။

ဒီလိုတန်ဖိုးနည်းဖုန်းတွေ မဲနှိုက်ပေးရာကနေ အုပ်၊ မှူးနဲ့ အပေါင်းအပါများတစ်စု ရပ်ကွက်တိုင်း၊ ရုံးတိုင်း မှာ ဖုန်းခိုးနေကြတာ ဘယ်သူမှ မသိလို့လားဆိုတော့ တစ်နိုင်ငံလုံး၊ အားလုံး သိသိချည်းပဲ။ တချို့များဆို ပေါ် တင်ပဲ။ ''မင်းလဲသိ၊ ငါလဲသိ ဒါပေမဲ့ အေးဆေးပဲနေ၊ ငါ့ညီ'' ဆိုပြီး ခြိမ်းခြောက်တာကရှိသေး။ မတိုင်ဘူး လားဆိုတော့၊ ဘယ်ကို သွားတိုင်မှာလဲ။ သူတို့သူတို့ မ.ယ.ကနဲ့ ပင်းစားနေကြတာ။ မ.ယ.ကတိုင်စာပို့ လည်း ဘာထူးသေးလဲ။ တစ်ကျိတ်ထဲ တစ်ဥာဏ်ထဲမို့ ကိုယ့်မုန်းတာပဲ အဖတ်တင်မှာပေါ့။ မ.ယ.ကမှာထဲ ကိုက တစ်ယောက်ဘယ်နှလုံးယူဆိုတာ အပေးအယူ အချိတ်အဆက်က ရှိပြီးသား။

အရင်တုန်းက မိမိဟာ ဖုန်းသတင်းတွေကို အထူးပြုပြီး လိုက်ခဲ့တယ်။ တရားဝင် သတင်းပေးသူတွေ ဒုနဲ့ဒေးရှိခဲ့တယ်။ အုပ်/မှူးတွေကို လည်း လိုက်မေးတယ်။ ရပ်ကွက်ထဲမှာလည်း မေးရတယ်။ လစဉ်၊ လတိုင်း စုံစမ်းခဲ့တယ်။

ဆက်သွယ်ရေးထဲက တရားဝင်ချထားပေးတဲ့ ခြောက်လပတ်စာရင်းနဲ့ ရပ်ကွက် မှာ အမှန်တကယ် မဲနှိုက်တဲ့စာရင်းဟာ ရပ်ကွက် တစ်ခုကို ဖုန်း ၁ဝလုံးကနေ ၁၅လုံးလောက်အထိ ကွာဟ နေတတ်တယ်။ ဒါမျိုးကျတော့ ဘယ်သူမှ အရေးမယူ ကြဘူး။ ကျွန်တော်တို့ဆို သိသိလျက်နဲ့ ဘာမှလုပ်မပေး နိုင်ခဲ့ဘူး။
သူများအိမ်နောက်ဖေးတက်ခိုးတဲ့ သူခိုးကိုတော့ ဥပဒေအရ အရေးယူလို့ရပေမယ့် ခုလိုအိမ်ထဲမှာတင်၊ ရုံးမှာတင် ထိုင်ခိုးနေတဲ့ သူခိုးကိုတော့ ဥပဒေအရ ဘာမှလုပ်ပေးလို့ မရဘူးတဲ့လား။ ကျွန်တော်သာ အုပ်/ မှူးဖြစ်ခဲ့ရင် ခိုးတဲ့ ဒီအချက်ကိုပြင်ဆင်ချင်တယ်။ အုပ်/ မှူးကိုလည်း စောင့်ကြည့်တဲ့ ရပ်ကွက် လျှို့ဝှက်အဖွဲ့ဆို တာ ရှိသင့်တယ်လို့ ကျွန်တော်ထင်တယ်။

ဒါက ပြဿ နာနံပါတ်(၁)။

နောက်တစ်ချက်က ဧည့်စာရင်းမှု ပြဿ နာနံပါတ်(၂)။

မြန်မာနိုင်ငံမှာ ခေတ်အစားဆုံးက ကိုယ့်မြို့၊ ကိုယ့်ရပ် ကွက်မှာ ငှားနေတာတောင်မှ တစ်လတစ်ကြိမ် ဧည့်စာ ရင်းသွားသွားတိုင်နေရတယ် ဆိုတဲ့ ကိစ္စပဲ။ စဉ်းစား ကြည့်လေ၊ အမေရိကန်လို နိုင်ငံမျိုးမှာဆိုရင် ပြည်နယ်၊ ဒါမှမဟုတ် မြို့နယ်တူသူ တစ်ယောက်ဟာ ကိုယ့်မြို့ထဲ မှာပဲ အိမ်ငှားနေရင် ဧည့်စာရင်းတိုင်စရာ (လုံးဝ) မလို ပါဘူး။ ဒါက ခဏခဏတိုင်နေရတယ် ဆိုတဲ့အချက်ကို မရှင်းလို့။ ဒီစားပေါက်ကြီးက နှစ်ပေါင်းများစွာ ရိုးရှင်း ခဲ့ပါတယ်။ နောက်အများကြားမှာ ပြောစမှတ်တွင်တဲ့ စကားတစ်ခွန်းတောင်ရှိပါတယ်။

''မင်းဟာက ဧည့်စာ ရင်းမှုနဲ့ ပုံစံထိုင်ခိုင်းပြီး၊ ရိုက်စစ်နေသလား အောင့်မေ့ရ'' ဆိုတာလို စစ်ဆေးလို့ မိသွားရင်လည်း အပြစ်သားလို သူတို့ ဘာကြောင့်ဆက်ဆံတတ်ကြသလဲ။ ဧည့်စာရင်း မတိုင်ခြင်းဟာ ရာဇဝတ်မှုမြောက်စေသလား။

နောက် လာစစ်တဲ့ပုံစံလည်း မေးဦး။ ညကြီးသန်းခေါင်အချိန် မတော်ကြီးမှာ အော်ကြီးဟစ်ကျယ်နဲ့ တံခါးကို ထုနှက် ပါလိမ့်မယ်။ အုပ်၊မှူးမှန်းသိအောင် အာဏာပြချင်တာ လည်း ပါမှာပေါ့။

ကျွန်တော်သာ အုပ်/မှူး ဖြစ်ခဲ့ရင် ဧည့်စာရင်း ကိစ္စကို ပြင်ဆင်စေချင်တယ်။ သူတို့သောက်မြင်ကပ်တဲ့ အိမ်နဲ့ အဆင်မပြေ၊ အမြင်မကြည်တဲ့ အိမ်ကိုမှ ရွေးစစ် တတ်တာကိုး။ ဧည့်စာရင်း မစစ်ခင် အိမ်ရှင်ကလည်း သူတို့ကို ပြန်စစ်ဆေးခွင့်ရှိပါတယ်။ သက်ဆိုင်ရာ လူကြီး တွေရဲ့ လက်ထဲ၊ အိတ်ကပ်ထဲမှာ ကြိုတင်ယူလာတဲ့ အထုပ်တွေ။ စာရွက် စာတမ်းတွေ ရှိသလား။ ရိုးသား ရဲ့လားဆိုတာ အိမ်ရှင်ဘက်က စစ်ဆေးရမယ့် တာဝန် ပါ။ တချို့များဆို ဧည့်စာရင်းစစ်ရင်းနဲ့ ဆေးမှုနဲ့ မိသွား တာ၊ နိုင်ငံရေးမှုနဲ့ ပျောက်သွားတာတွေ အများကြီးပဲ သမိုင်းသက်သေတွေ ရှိခဲ့ကြတယ်။

နောက်၊ ရပ်ကွက် ထောက်ခံစာ ပြဿ နာနံပါတ်၃)

ထောက်ခံစာရဲ့ အသက်က တစ်ပတ်နဲ့တစ်လကြားမှာမို့ ရက်ကျော်သွားရင် အသုံးမဝင်တော့ပါဘူး။ ဒါလေးက အုပ်/မှူးတွေအတွက် အသက်ရှုချောင်စေမယ့် စား ပေါက် လေးတစ်ခုပေါ့။ တစ်စောင်ကို ကျပ် ၁ဝဝဝပဲ ထားဦး။ တစ်ရက်ကို ၁ဝ ယောက်လာခဲ့ရင်ပဲ နေ့စား ကိုက်နေပြီ။ တစ်နေ့ အယောက် ၁ဝဝ လောက်လာရင် ပိုပြီးတော့တောင်ကြိုက်သေး။ လွန်ခဲ့တဲ့ ငါးနှစ်လောက် တုန်းက တစ်အိမ်လုံး လူကြီးလုပ်စာနဲ့ ထိုင်စားတဲ့ ရပ် ကွက်လူကြီးမိသားစု တွေ့ဖူးတယ်။ သူ့ဇနီးသည်က ဘာမှ မလုပ်တတ်ဘူး။ ရပ်ကွက်ထောက်ခံစာနဲ့ ဧည့်စာ ရင်းကို သူတို့အိမ်မှာပဲ ဒိုင်ခံရေးတာ။ အရင်းက ဘာရှိလို့ လဲ။ ရုံးတံဆိပ်တုံးနဲ့ ဘောက်ချာစာရွက်ဖိုးပဲရှိမှာပေါ့။ ပြီးတော့ ရပ်ရွာကောင်းကျိုးလည်း ဘာမှပြန်မလုပ်ဘူး။

နောက် ရုံးဝင်ငွေ၊ ထွက်ငွေကိစ္စ ပြဿ နာ(၄)။

ဒီရုံးတစ်ရုံးရဲ့ အသုံးစရိတ်ကို ရပ်ကွက်နေ ပြည်သူ။ပြည်သားတွေနဲ့ စိတ်ဝင်စားသူ သတင်းသမားနဲ့ မည်သူ မဆို(အခမဲ့) သိခွင့်ကြည့်ခွင့် ရှိရပါမယ်။ အုပ်/မှူးတစ် ယောက်ဟာ နိုင်ငံတော်ရဲ့လစာကို စားပြီး တာဝန်ကျေ မကျေဆိုတာနဲ့ တခြားဘေးပေါက်တွေ ရှာမရှာဆိုတဲ့ ကိစ္စတွေကို ကျုပ်တို့အလေးအနက်ထားသင့်တယ်။ ကျွန် တော် တောင်ကြီးရပ်ကွက်တွေမှာ လေ့လာမိသမျှက တော့ ချမ်းမြသာစည်ရပ်ကွက်ရုံးအောက်က ဆိုင်ခန်းတွေ နဲ့ ရုံးဘေးနားက ဆိုင်ခန်းတွေဟာ လစာဝင်ငွေတွေ သိန်းကို ဆယ်နဲ့ချီပြီး ရှိနေပါတယ်။ ထားပါတော့ ၁ဝ သိန်းအထက်။ ဒီငွေတွေကို ဥက္ကဋ္ဌဆိုသူက စားသောက် ပစ်နေတာနဲ့ပဲ ပြီးရောလား။ ရပ်ကွက်ကောင်းကျိုးတွေ မလုပ်ပေးတော့ဘူးလား။ ရပ်ကွက်နေပြည်သူတွေကလည်း ဒါကို သိသိလျက်နဲ့ လျစ်လျူရှုထားတာလား။ အမုန်းမခံ ရဲကြတာလား။ အမုန်းခံရင် တစ်ခါပဲအမုန်းခံရပြီး၊ ပျက် စီးရင်တော့ တစ်သက်တာပတ်လုံးပျက်စီးနေမှာပါပဲ။

နောက်ပြီး လမ်းပန်းကိစ္စ။ ရပ်ရွာအေးချမ်းသာ ယာရေး ဆိုသလို ရပ်ရွာတွေမှာရှိတဲ့ လမ်းတွေ ကောင်း မကောင်း အဓိက တာဝန်အရှိဆုံး ပုဂ္ဂိုလ်ကို ပြပါဆိုရင် တော့အုပ်/မှူးပါပဲ။ ဒီတာဝန်လေးကိုမှ မယူနိုင်ရင် အုပ်/မှူး လုပ်စားမနေပါနဲ့တော့လို့ ပြောချင်ပါတယ်။ ရပ်ကွက်ထဲမှာ လမ်းတွေကောင်းရဲ့လား။ ဘယ်နေရာ လမ်းပျက်နေသလဲဆိုတာ လူကြီးတစ်ယောက်အနေနဲ့ အမြဲတမ်း စစ်ဆေးနေရမှာ သူတို့ တာဝန်ပါပဲ။

နောက်အချက်က မဟောသဓာထုံးကို နှလုံးမူပြီး ''ကြီးသောမှုငယ်စေ၊ ငယ်သောအမှု ပပျောက်စေ'' ဆိုသလို စိတ်ကောင်းစေတနာကောင်းထားပြီး ဆောင် ရွက်သင့်တယ်။ ဒီလိုမှမဟုတ်ဘဲ ''ငါနဲ့ မတည့်တိုင်း ထိပ်တုံး'' ဆိုတိုင်း လူမုန်းများပြီး တစ်နေ့ ကျရှုံးခြင်းဆိုတဲ့ ဝဋ်လည်လာမှာ မလွဲမသွေပါ။

ပြီးခဲ့တဲ့နှစ် သင်္ကြန်တုန်း က တောင်ကြီးမြို့ အေးသာယာမှာ ရဲနဲ့အရပ်သားရန်ဖြစ် ပြီး နှစ်လောင်းပြိုင် လူသတ်မှုဖြစ်ခဲ့တယ်။ ဒီဖြစ်စဉ်ရဲ့ အကျဉ်းကို ဖော်ပြရမယ်ဆိုရင် အုပ်/မှူး လုပ်သူက ရုံးဘေးနားမှဆိုင်ခန်းထဲမှာ အိပ်နေသူ တစ်ယောက်ကို ကန်နှိုးလိုက်ရာက စပြီးတော့ စကားတွေကျွံကုန်ပြီး၊ အုပ်၊ မှူးက ရဲခေါ်ပြီး နှိပ်စက်ခိုင်းတော့၊ ကာယကံရှင်ကလည်း ဘလိုင်းကြီး အတွယ်ခံနေရလို့ ပြန်လုပ်ရာကနေ သုံး လောင်းပြိုင်လူသတ်မှု ဖြစ်ခဲ့ဖူးပါတယ်။

ဒီဖြစ်စဉ်ကို သတ္တုချကြည့်တဲ့အခါ အုပ်/မှူး တစ်ယောက်ရဲ့ လုပ်ပုံ လုပ်နည်းနဲ့မညီ မသမာတဲ့လုပ်ရပ်ကို မြင်နိုင်ပါတယ်။

နောက်ဆုံး ပြဿ နာတစ်ခုကတော့ မြေယာကိစ္စ။ အချို့အုပ်/မှူး မြေခိုးဖူးကြပါမယ်။ ဒါပေမဲ့ မြေတွေ ခိုးရောင်းတာ၊ ဇနီးနာမည်(ဒါမှမဟုတ်) အမျိုးတစ် ယောက်ယောက်ရဲ့နာမည်နဲ့ ပိုင်ဆိုင်မှုအသွင်ပြောင်းတာမျိုး၊ သူ့လျှို့ဝှက်ချက်တွေ ပေါ်သွားမှာစိုးလို့ နှုတ် ပိတ်ခအနေနဲ့ မြေတစ်ကွက်ထိုးကျွေးလိုက်တာမျိုးတွေ၊ ရွာကတက်လာသူတွေကို ဥက္ကဋ္ဌအမိန့်နဲ့ လက်ညှိုးထိုး မြေရောင်းစားတာမျိုးတွေ အများကြီးပေါ့။

မြို့ပေါ်မှာ ကတော့ ဂရန်ပေါက်တဲ့အတွက် ဒီပြဿ နာနည်းနိုင် ပေမယ့် ချောင်ကျတဲ့ရပ်ကွက်တွေ၊ မြို့ပြင်ပိုင်းရပ် ကွက်နဲ့ မြို့သစ်နဲ့ စက်မှုဇုန်တို့လိုမှာဆိုရင် မြေယာ ပြဿ နာအများကြီးကြုံနေရပါတယ်။ ဒါ ဘယ်သူ့ကို သွားတိုင်မလဲ။ အထက်ကိုတက်ပြောလည်း အထက်က ထောင်းတာနဲ့ အောက်အထိ အတွဲလိုက် အကုန်ပါတာ မို့ ဘယ်သူမှလည်း အရေးမယူရဲဘူး။ အရေးယူလည်း အရင်တုန်းက စားထားတာ တွေကော၊ အရင်လူတွေ ကော တစ်ပြုံလုံးပါနေတာမို့ အားလုံးလက်ရှောင်ကြ မှာ မလွဲမသွေပါပဲ။

ပြောသာပြောရတယ်။ ကျွန်တော်သာရပ်ကွက်ဥက္ကဋ္ဌ ဖြစ်ခဲ့ရင်လည်း သူတို့လိုပဲ လုပ်မိဦးမလား မသိ။ ။

မောင်ထီး တောင်ကြီး

‪#‎Democracytoday‬

(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)

Right တွေလွှတ်တော်မှာတင်ပေးမယ်တဲ့

သခင်သိန်းမောင်ကွယ်လွန်

Makhin Oo

ဝါရင့်နိုင်ငံရေးသမားကြီး သခင်သိန်းမောင်သည် မနေ့ညက ၁၁-၀၀နာရီအချိန်မှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း အခုဘဲ အကြောင်းကြားလာပါတယ်။

ပထမလွတ်လပ်ရေးခေတ်။ ဒုတိယလွတ်လပ်ရေးခေတ်များမှာ တိုင်းသူပြည်သားများနှင့်အတူ အစဉ်တစိုက် ရပ်တည်ခဲ့သော

ကျွန်မကို သမီးလေးလိုချစ်သော၊

ကျွန်မ စာဖတ်ပြရင် ပြုံးပြီးနားထောင်တတ်သော ၊

ကျွန်မရေးသားနေသော စာများအတွက် ကျေးဇူးတင်ကြောင်းပြောတတ်သော

ဘဘသခင်သိန်းမောင် ကွယ်လွန်သွားခြင်း အတွက် မိသားစုနှင့် ထပ်တူထပ်မျှဝမ်းနည်းမိပါကြောင်း။

ဘဘသခင်သိန်းအောင်သည် ကွယ်လွန်ချိန်မှာ အသက်၉၆နှစ်ရှိပြီဖြစ်ပါသည်။

ရပ်ဝေးရပ်နီးမှ သခင်သိန်းမောင်အား ချစ်ခင်လေးစားသူများအားအကြောင်းကြားသိစေအပ်ပါသည်။

မနက်တွင် ရေဝေးသုသန်သို့ ပို့ဆောင်သဂြိုလ်မည်ဟု သိရသော်လည်း အချိန် အတိအကျ မသိ၇သေးပါကြောင်း။

သမ္မတလောင်းအဖြစ် ဦးခင်အောင်မြင့် သတင်းထွက်ပေါ်

Myanmartandawsint Newspaper

တပ်မတော် အစိုးရလက်ထက် ယဉ်ကျေးမှုဝန်ကြီး (ကာကွယ်ရေး ၀န်ကြီးဌာန ပြည်သူ့ဆက်ဆံရေးနှင့်
စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး) တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ခင်အောင်မြင့်

သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမရှိ ရွှေပလ္လင်ကြီး

၂၀၁၅ သမ္မတလောင်းအဖြစ် ဦးခင်အောင်မြင့် သတင်းထွက်ပေါ် သမ္မတ အလုပ်သည် ၀ဋ်ခံရခြင်းသာ ဖြစ်ကြောင်း၊ သမ္မတ၏နောက်ခံ ရွှေပလ္လင်ကြီး ကိုမူ မိမိစီရင်ပေးခဲ့ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ပြောကြား

အဲဒါ (ရွှေပလ္လင်ကြီး)က ယဉ်ကျေးမှုက လုပ်တာပဲ . . . သံတမန်ခန်းမမှာ အဲဒါတွေ ထားပြီးတော့ အဲဒီမှာပဲ သွားတွေ့တာ။ ယဉ်ကျေးမှုက နေပြီးတော့ အရပ်ဘက်ကို ငှားရတာပေါ့။ ငှားပြီးတော့ အဘပဲ သွားတိုင်းထွာ ပေးရတာ။ ၀န်ကြီးအနေနဲ့။ ဒါပါပဲ . . .

ရန်ကုန်၊ စက်တင်ဘာ ၂၃

နေပြည်တော်ရှိ ကျင်းပလျက်ရှိသော လွှတ်တော် အစည်းအဝေးများအတွင်း ၂၀၁၅ တွင် သမ္မတလောင်း အဖြစ် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဖြစ်လာနိုင်ကြောင်း လွှတ်တော် ကိုယ်စားလှယ် အချို့ထံမှ သိရှိရသည်။ သမ္မတ အလုပ် သည် ၀ဋ်ခံရခြင်းဖြစ်ကြောင်း၊ ယခုသမ္မတ ဦးသိန်းစိန် သမ္မတအိမ်တော်တွင် သံတမန်ခန်းမ နောက်ခံ ရွှေ ပလ္လင်ကြီးမှာ တပ်မတော်အစိုးရ ယဉ်ကျေးမှုဝန်ကြီး တာဝန်ယူစဉ်က ကိုယ်တိုင် ပြုလုပ် ပေးခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်အစိုးရ လက်ထက် ယဉ်ကျေးမှုဝန်ကြီး၊ ယခု အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့်သို့ စက်တင်ဘာ ပထမပတ် အတွင်း တွေ့ ဆုံစဉ် ပြောကြား ခဲ့သည်။

၂၀၁၅ တွင် သမ္မတလောင်းအဖြစ် အာဏာရပါတီမှ ထွက်ပေါ်လာနိုင်ဖွယ်ရာ ရှိသူမှာ ကြံ့ခိုင်ရေးပါတီကို တည်ထောင်ခဲ့သူ ဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ယနေ့တိုင် အဆက်မပြတ် ထိတွေ့သြ၀ါဒ ခံယူလျက် ရှိသော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအတွင်းရေးမှူး၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ဖြစ်ပြီး ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အချို့ကလည်း အဆိုပါ သမ္မတလောင်းအဖြစ် အမည်စာရင်း ထွက်ပေါ် လာနိုင်သည့် သတင်းကို ဦးခင်အောင်မြင့်ထံသို့ သွားရောက် ပြောကြားခြင်းများ ရှိကြောင်းလည်း အမျိုးသားလွှတ်တော်ရုံးမှ တစ်ဆင့် သိရှိရသည်။ ထိုကဲ့သို့ သမ္မတလောင်း အဖြစ် သတင်းထွက်ပေါ် လာသည့်အပေါ် ဦးခင်အောင်မြင့်အား မေးမြန်းခဲ့ရာ ““ဒီလိုခေတ်မျိုး သမ္မတ ဘာလို့ လုပ်ရမလဲ။ သမ္မတ လုပ်ရင် ငရဲကျမှာပေါ့။ သူများတွေ ပြောသလို သမ္မတလုပ်မယ်တို့။ လုပ်ချင်တဲ့ စိတ်ရှိရင် စည်းဝိုင်းထဲ ၀င်မယ်။ တချို့ကိစ္စတွေ အဘ သတင်းတောင် မထည့်ဘူး။ သမ္မတ လုပ်ချင်တဲ့ စည်းဝိုင်းပေါ့။ လုပ်ချင်တဲ့ လူတွေချကြပေါ့။ ပြိုင်မှာကိုး။ ပြိုင်တဲ့ ကြိုးဝိုင်းပေါ့။ ဇာတာကံပေါ့နော်။ အတိတ်ဘ၀ရဲ့ ကံပေါ့။ ဒါက ကိုယ်လည်း ကြိုမမြင်တဲ့ ကိစ္စပေါ့။ ကိုယ့်ရဲ့ဆန္ဒ အမှန်က အရင်းခံနဲ့ပြောတာ။ ဟန်ဆောင်ပြီး ပြောတာ မဟုတ်ဘူး။ ဘယ်လိုမှ ငြင်းလို့မရဘူး၊ ဖယ်လို့ မရဘူး ဆိုရင်တော့ ၀ဋ်ပဲ။ အုပ်ချုပ်ရေးအဖွဲ့ထဲ ရောက်သွားရုံပဲ။ ဒုသမ္မတပဲ ဖြစ်ဖြစ်၊ ၀န်ကြီးပဲဖြစ်ဖြစ်ပေါ့။ ၀ဋ်ပဲ။ ဒီအသက်အရွယ် ရောက်နေပြီပဲ။ ၇၀ လေ။ ၇၀ကို လောကုတ္တရာ အလုပ်တွေ မလုပ်နိုင်သေးဘူး။ ၀ဋ်ပဲ””ဟု ဦးခင်အောင်မြင့်က မြန်မာ သံတော်ဆင့်သို့ ပြောကြားခဲ့သည်။
ယခုခေတ်သည် ဒီမိုကရေစီစနစ်ဆိုသည်ကို နားလည်ကြရန်လိုကြောင်း၊ သမ္မတတစ်ဦး၊ လွှတ်တော်ဥက္ကဋ္ဌ တစ်ဦးထက် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေဖြင့် အများပြည်သူအတွက် ပိုမိုတင်ပြ ဆောင်ရွက်ပေးနို င် ကြောင်းလည်း ဦးခင်အောင်မြင့် က ပြောကြားခဲ့ရာ ““လောဘတွေ၊ေ ဒါသတွေ၊ မောဟတွေ။ အခုဟာက ဒီမိုကရေစီ စနစ်အရ ရွေးကောက် ပွဲ နိုင်မှလေ။ ဗြိတိန်ကအဖွဲ့တွေပါလီမန် ဥက္ကဋ္ဌ တို့လာတယ်။ သူတို့မေးတယ်။ရွေး ကောက်ပွဲနိုင်ရင် ဘာလုပ်မလဲ။ လွှတ်တော် ကိုယ်စားလှယ် လုပ်မယ်။ ခင်ဗျားဥက္ကဋ္ဌ မလုပ်တော့ ဘူးလားတဲ့။ ဥက္ကဋ္ဌ ကျွန်တော်လုပ်ချင်တိုင်း လုပ်လို့မှ မရဘဲလို့။ ရွေးကောက် တင်မြှော က်ခြင်း ခံရရင် မလွှဲသာရင် လုပ်ရင်လုပ်မှာပေါ့။ လွှဲသာရင်တော့ လည်း လွှတ်တော် ကိုယ်စားလှယ်က ပိုကောင်းမယ် ထင်တယ်။ ဥက္ကဋ္ဌက ဘာမှလည်း ပြောလို့မရ ဆိုလို့မရ၊ အဆိုလည်း တင်လို့မရ ဆွေးနွေး လို့လည်း မရ ဘူးလေ။ သူက In Proper Order ဖြစ်အောင် ထိန်းရတော့မယ်။ ဥပဒေ နည်းဥပဒေနဲ့ ထိန်းရတော့မယ်။ သဘာနဲ့ ထိန်းရမယ်၊ ၀ါနဲ့ထိန်းရမယ်။ ကိုယ်က ပြောချင်တယ်။ မျိုချလိုက်ရတယ်။ ဒီလွှတ်တော်က ငါ့လွှတ်တော် မဟုတ်ဘူးဆိုတဲ့ စိတ်ကိုမွေးတယ်။ အဲဒါလည်း တချို့မှားတာရှိတယ်။ တချို့က ကိုယ့်ကိုယ်ကိုယ် ငါ့လွှတ်တော် လုပ်တာရှိတယ်။ ကော်မတီကို ဟိုဟာလုပ်လိုက်၊ ဒီဟာလုပ်လိုက်။ ငါလုံးဝ မပြောဘူး မေးကြည့် ပါလား ငါ့ကော်မတီတွေကို။ ကိုယ့်ဟာနဲ့ ကိုယ်လုပ်။ In Proper Order ဖြစ်အောင်ပဲ ထိန်းပေးတယ်””ဟု ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့်သို့ ရှင်းလင်း ပြောကြားခဲ့သည်။

သမ္မတအဖြစ် မလုပ်လိုသော်လည်း လက်ရှိသမ္မတ ဦးသိန်းစိန်၏ အိမ်တော် သံတမန်ဆောင်တွင် အများဝေဖန် သုံးသပ် နေကြေ သာ နောက်ခံ ရွှေပလ္လင်ကြီးနှင့် နေပြည်တော် လွှတ်တော် ဥက္ကဋ္ဌ၊ နာယက၊ အဆောင် အယောင်များကိုမူ မိမိစီရင် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားခဲ့သည်။

““လွှတ်တော် အဆောင်အယောင်တွေ အဘပဲလုပ်တာပါ။ ကျိုင်းတို့ဘာတို့။ အဘက ယဉ်ကျေးမှု ၀န်ကြီးကိုး။ ကမန်းက တန်း လုပ်ရတာ။ ကပ်နေပြီ။ အဲဒါ (ရွှေပလ္လင်ကြီး)က ယဉ်ကျေးမှုက လုပ်တာပဲ။ ဒါပေမဲ့ အဲဒီဥစ္စာဒီမှာ ထားရမယ် ဆိုတာ အဘ လုပ်ခဲ့တာမဟုတ်ဘူး။ ဟိုတုန်းက ဓာတ်ပုံတွေ လည်း ရှိတယ်။ ဟိုးရှေးတုန်းကလည်း ရှိတယ်။ သမ္မတ အိမ်တော်ဆိုရင် သံတမန် ခန်းမမှာ အဲဒါတွေ ထားပြီးတော့ အဲဒီမှာပဲ သွားတွေ့တာ။ ယဉ်ကျေးမှု ကနေပြီးတော့ အရပ်ဘက်ကို ငှားရတာပေါ့။ ငှားပြီးတော့ အဘပဲသွား တိုင်းထွာပေးရတာ။ ၀န်ကြီး အနေနဲ့။ ဒါပါပဲ အမှန်ကတော့ ယဉ်ကျေးမှု ၀န်ကြီးမို့လို့ လုပ်ရတာပါ။ ဘာမှလည်း ရည်ရွယ်ချက်လည်း မရှိဘူး။ ရည်မှန်းချက်လည်း မရှိဘူး””ဟု ဦးခင်အောင်မြင့်က မြန်မာသံတော်ဆင့်သို့ ပြောကြားခဲ့သည်။

သမ္မတ နောက်ခံ ရွှေပလ္လင်ကြီးနှင့် ပတ်သက်၍ ဝေဖန်ရေးသားမှု များရှိခဲ့ပြီး ၂၀၁၃ နှစ်ကုန်ပိုင်းတွင် ထွက်ရှိ ခဲ့သည့် ဆောင်းပါးရှင် အရမ်းသန်းညွန့်ဆိုသူ၏ ““ကြက်ဆူပင်အောက်က စောင့်နေမယ်နှင့် ပလ္လင်ကြီးရှိရင် ဘုရင်ကြီးရှိတယ် အပါအ၀င် ပြည်သူ့ဆန္ဒ ဆောင်းပါးပေါင်းချုပ်”” စာအုပ်မှာလည်း များစွာ ဂယက်ရိုက်ခဲ့သည်။

လွန်ခဲ့သော နှစ်ပိုင်းမှစ၍ ၂၀၁၅ ရွေးကောက်ပွဲတွင် သမ္မတလောင်း ဖြစ်နိုင်သူများမှာ အတိုက်အခံဘက်မှ အင်အားကြီး ခေါင်းဆောင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၊ အာဏာရ ကြံ့ခိုင်ရေးပါတီမှ ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အစဉ်အလာအရ ဖြစ်နိုင်ဖွယ်ရာရှိသော ကြံ့ခိုင်ရေး ဗဟိုနာယက တစ်ဦး ဖြစ်ခဲ့သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ အား နိုင်ငံရေး လေ့လာသူများနှင့် မီဒီယာများမှ သုံးသပ်ရေးသား ဖော်ပြခဲ့ပြီး အခြေခံဥပဒေ ပြင်ဆင်ရေး လူထုလှုပ်ရှားမှုများ မြင့်တက် လာချိန်တွင် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ အပြန်အလှန် မတူညီသော အယူအဆများ ပြောကြားခဲ့ကြရာမှ ကြံ့ခိုင်ရေး ထိပ်ပိုင်း ခေါင်းဆောင် အချို့အတွင်း သမ္မတလောင်း မည်သူမည်ဝါ ဆိုသည်ကို တိကျစွာ မပြောနိုင်သေးကြောင်း ပြောဆိုမှုများလည်း ရှိလာခဲ့သည်။

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့်လည်း တပ်မတော်ဘက်မှ ရပ်တည်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခိုင်အမာ ကာကွယ်မည် ဖြစ်ကြောင်း ပြောကြားလာခဲ့ရာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေဖြင့်လည်း အာဏာရပါတီသို့ ၀င်ရောက်၍ဖြစ်စေ၊ တပ်မတော်သား ကိုယ်စားလှယ်များမှ အဆိုပြု၍ဖြစ်စေ သမ္မတလောင်းအဖြစ် ဖြစ်ပေါ်လာနိုင်ဖွယ်ရာ အခြေအနေများ လျော့ပါး လာခဲ့ရာမှ ယခုကဲ့သို့ နိုင်ငံရေးဝါစဉ်ကြီးသူ တစ်ဦးဖြစ်ပြီး တပ်မတော်အစိုးရ လက်ထက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အနီးစပ်ဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် သမ္မတလောင်း အမည်စာရင်း တင်လာနိုင်ကြောင်း သတင်းများ သုံးသပ် ပြောဆိုလာခဲ့ခြင်း ဖြစ်သည်။

ဥက္ကဋ္ဌ ဦးခင်အောင်မြင့် အနေဖြင့်လည်း ပြည်ထောင်စု လွှတ်တော် နာယက တာဝန်ထမ်းဆောင်စဉ် နှစ်နှစ်ခွဲ အတွင်းနှင့် လက်ရှိ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်စဉ် ကာလအတွင်း အစိုးရအဖွဲ့၏ မလျော်ကန်သော လုပ်ဆောင်မှုများကို ပြင်းပြင်းထန်ထန် အတိအလင်း ဝေဖန်ပြောကြားခြင်း၊ အများပြည်သူ ကြိုက်နှစ်သက်သော အစိုးရ အဖွဲ့ဝင်များမှာ ဘတ်ဂျက်ငွေများကို မမှန်မကန် သုံးစွဲနေကြောင်း ပြောကြား ချက်များ ပြောကြားခဲ့သည့်အတွက် အစိုးရအဖွဲ့က ဆတ်ဆတ်ခါအောင် နာ၍ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ချက်ချင်း တုံ့ပြန်ပြောကြားမှုများပင် ရှိခဲ့သည်။

လတ်တလော ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၌ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သမ္မတလောင်းအဖြစ် ၀င်ရောက်နိုင်သည့် အခြေခံဥပဒေ ပုဒ်မများ ပြင်ဆင်ရန် အလားအလာ မှာလည်း နှောင့်နှေးလျက်ရှိပြီး အာဏာရ ကြံ့ခိုင်ရေးပါတီ အနေဖြင့် ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်အတွက် အခြေခံ ဥပဒေကို မပြင်ဆင်နိုင်ကြောင်း ပြောကြားလျက် ရှိသည်။

မြန်မာသံတော်ဆင့်သတင်းဌာန

နီနီခင်ဇော်သီဆိုထားတဲ့  အမေစု ဂုဏ်ပြုတေးသီချင်း

MAJESTA Australia tour -Perth...

28-09-2014

Credit : Nasreen Rahman

ရဟတ်ယာဉ်ပျောက်ဆုံးမှု

တောင်တက်သမားနှစ်ဦးကို ရှာဖွေသော ရဟတ်ယာဉ်တစ်စီး ပျောက်ဆုံးနေ

ခါကာဘိုရာဇီတောင်တွင် ပျောက် ဆုံးနေသော တောင်တက်သမားနှစ်ဦးကို ရှာဖွေ
ကယ်ဆယ်ရေးပြုလုပ်နေသည့် ရဟတ် ယာဉ်တစ်စီး စက်တင်ဘာ ၂၇ ရက်တွင်
ပျောက်ဆုံးနေကြောင်း သတင်းရရှိသည်။
ရှာဖွေရေးလုပ်ငန်းများ နောက်ဆုံးနေ့ ဟု သတ်မှတ်ထားသော စက်တင်ဘာ ၂၇ ရက်
မွန်းလွဲ ၂ နာရီ ၂၀ မိနစ်တွင် B4 အမျိုး အစား ရဟတ်ယာဉ်မှာ ပူတာအိုလေဆိပ်မှ
ကယ်ဆယ်ရေးအဖွဲ့ အခြေစိုက်စခန်းရှိရာ တဟွန်ဒမ်းကျေးရွာသို့ ရိက္ခာပို့စဉ် ပျံသန်းပြီး
မိနစ် ၂၀ ခန့်အကြာ၌ အဆက်အသွယ် ပြတ်တောက် ပျောက်ဆုံးသွားကြောင်း
ထူးဖောင်ဒေးရှင်းက သတင်းထုတ်ပြန်သည်။

Win Maung Maung

တောင်တက်အဖွဲအာ့း ကူညီရှာဖွေပေးနေသောUrocopterရဟတ်ယာဉ်တစ်စီးပျောက်ဆုံးနေကြောင်း
အတည်ပြုဆဲသတင်းရရှိ ။

ထိုင်းလူမျိုးCaptain မောင်းနှင် ။

နောက်ဆုံးနေ့ ဖြစ်ပြီးစက် ၂၈ ရက်တွင်ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာမည်ဖြစ်။

ကချင်ပြည်နယ်မြန်မာပြည်မြောက်ဖျားနောင်မွန်မြို့ မှ၁၀၃ မိုင်အကွာဒဟွာဒမ်းး
ကျေးရွာမှနောက်ဆုံးပျံတက်သွားခဲ့ ။

လေယာဉ်ဆီခွင့်ပြု မိုင်အကွာအဝေးထက်ကျော့်လွန်နေ။

နောက်ဆုံးဆက်သွယ်မှု ရချိန်မှာယခု ညနေငါးနာရီ ဖြစ် ။

သတင်းအားလုံးအတည်ပြုဆဲ ။

အားလုံးချမ်းသာလွတ်မြောက်လာပါစေ ။

လွှတ်တော်အမတ် ဦးအောင်ဇင် ကိုပုဇွန်တောင်မြို့နယ် မှာ ကန့်ကွက်ဆန္ဒပြ

DVB TV News

၂၀၁၅ ရွေးကောက်ပွဲအတွက် အချိုးကျ ခွဲဝေမှုစနစ် (PR) ကို ကျင်းသုံးဖို့ လွှတ်တော်မှာ အဆိုတင်သွင်းခဲ့တဲ့
NDF ပါတီ လွှတ်တော်အမတ် ဦးအောင်ဇင် ကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် မဲဆန္ဒရှင် ပြည်သူတွေက
စက်တင်ဘာ ၂၈ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြ။