Saturday, October 4, 2014

သေဆုံးသူရတဲ့ဒဏ်ရာနဲ့Sean McAnna ရတဲ့ဒါဏ်ရာကအတူတူ


သေဆုံးသူရတဲ့ဒဏ်ရာနဲ့Sean McAnna
ရတဲ့ဒါဏ်ရာကအတူတူပဲ၊Millerကိုဝင်ကူရင်း
ထွက်ပြေးခဲ့တာဘောင်းဘီမှာလဲသွေးတွေနဲ့၊
မြန်မာ၂ယောက်ကသူတို့အရပ်တ၀က်လောက်
ပဲရှိတယ်၊အမျိုးးသမီးကလည်းအဓမ္မပြုကျင့်ခံရ
သေးတယ်၊မြန်မာ၂ယောက်ကမာဖီးယားဂိုဏ်း
ဝင်ဆိုလည်းထားတော့အခုကပြဿ နာစဖြစ်တဲ့
ဆိုင်ကရိုးရိုးအလုပ်သမားတွေ.....နယ်ခံမာဖီးယား
ကရဲကိုဘယ်လောက်လာဒ်ထိုးလိုက်လဲမသိဖူး၊
ထိုင်းရဲကပိုက်ဆံရရင်ရှေ့နောက်မကြည့်လုပ်တဲ့
ကောင်တွေ၊ကိုယ်ရလာပြီးရင်နောက်ရဲကိုကော်မ
ရှင်ယူပြီးနေရာပြသွားတောင်းခိုင်းတယ်၊ဒါကြောင့်
ရဲတခါဝင်ပြီးတာနဲ့နိုင်ငံခြားထွက်ဖို့စောင့်နေသူ
တွေချက်ချင်းနေရာပြောင်းပြေးရတယ်၊နောက်ဆုံး
ပြောင်းစရာမရှိတော့ပေးအဖမ်းခံလိုက်တယ်။
အဲ့မှာအင်မီရဲတွေကောင်းစားတာပေါ့၊အင်မီရုံး
အပေါ်ထပ်မှာလိုအပ်တဲ့သူကိုအရာရှိကသူ့အခန်း
ထဲခေါ်ထားပေးတယ်၊အနီးကဓါတ်ပုံဆိုင်မှာတောင်
လိုင်စင်ဓါတ်ပုံထွက်ရိုက်လို့ရသေးတယ်။နိုင်ငံခြား
ထွက်ခါနီးမှပဲအပြင်ထုတ်တယ်၊အဲဒီအရာရှိကိုလူ
ပို့သူတွေဘယ်လောက်ဝန်ဆောင်ခပေးရမယ်ထင်လဲ
ဒါကလဲ High Class လူပို့တဲ့သူတွေပဲလုပ်နိုင်တာပါ
ထိုင်းရဲအရှုပ်တော်ပုံတွေကကမ္ဘာကျော်ပါတယ်၊
အခုဒီအမှုကလည်းထိုင်းရဲတွေကမ္ဘာလှည့်တွေမလာ
မှာစိုးတာနဲ့သိသိကြီးညာသလိုပဲ။
၃ယောက်၂ယောက်ချတာ၂ယောက်သေတယောက်
ထွက်ပြေးထူးဆန်းသလိုနောက်နေ့Sean McAnna
ကဘားကိုရောက်သွားတာနဲ့ချက်ချင်းမာဖီးယား၂ယောက်
ကလာခြိမ်းခြောက်တာပဲ၊ထိုင်းရဲတွေဖိအားကောင်းကောင်း
ခံနေရတာတော့သေချာတယ်။ရဲချူ ပ်တောင်ပြုတ်ကိန်းရှိတယ်။

ထိုင်းရဲတွေရဲ့ စိမ်းလဲ့ကန်သာအမှု (သို့မဟုတ်) စိန်ပြာအမှု


ဂါ မဏိ
(အခုထိမဖော်နိုင်သေးတဲ့ ၁၉၈၉ ခုနှစ်တုံးကအမှု)
၁၉၈၉ ခုမှာ ဆော်ဒီအာရေဗျနန်းတော်မှာ ဆော်ဒီမင်းသားတယောက်ဆီ အလုပ်လုပ်နေတဲ့ ထိုင်းအလုပ်သမားတယောက်က မင်းသားရဲ့နန်းစဉ်ရတနာ ဒေါ်လာ သန်း ၂၀ ဖိုးကို ခိုးပြီး ထိုင်းကိုပြန်လာခဲ့တယ်။ ဒီထဲမှာ တန်ဖိုးမဖြတ်နိုင်တဲ့ စိန်ပြာတလုံးလဲပါတယ်။
ဆော်ဒီကသိသွားပြီး လိုက်တဲ့အခါ ထိုင်းရဲတွေက စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး ပြန်လာတဲ့အလုပ်သမားကိုဖမ်း၊ လက်ဝတ်ရတနာတွေ ပြန်သိမ်းပြီး ဆော်ဒီနိုင်ငံကိုသွား ပြန်အပ်လိုက်တယ်။
ဒါပေမဲ့ ပြန်အပ်လိုက်တဲ့ရတနာ တဝက်ကျော်က အတုတွေဖြစ်နေပြီး စိန်ပြာကြီးလဲ ပါမလာဘူး (မနူဟာဘုရင်ရဲ့ စိန်လို့ ယူဆရတယ်)။ ထိုင်းသတင်းစာတွေမှာတော့ အကောင်ကြီးကြီးကတော်တွေ အရင်မတွေ့ဖူးတဲ့ စိန်လည်ဆွဲတွေ ဝတ်ပြီး ပွဲတက်တဲ့ ဓာတ်ပုံတွေ ပါလာတယ်။
ဒါကြောင့် ဆော်ဒီအစိုးရက ဘန်ကောက်ကို မင်းမျိုးမင်းနွယ်တယောက်လွှတ်ပြီး စုံစမ်းခိုင်းတဲ့အခါ အဲ့လူ ပြန်ပေးဆွဲ အစဖျောက်ခံလိုက်ရတယ်။ ဒီအမှုကိုစုံစမ်းနေတဲ့ ဆော်ဒီသံရုံးက သံအရာရှိ ၄ ယောက်လဲ ဘန်ကောက်မှာဘဲ ပစ်သတ်ခံလိုက်ရတယ်။ လက်ဝတ်ရတနာတွေကို အတုလုပ်ပေးတဲ့ ရတနာဆိုင်ရှင်နဲ့ သူ့မိန်းမ၊ သူ့သားလဲ အသတ်ခံလိုက်ရတယ်။
ထိုင်းရဲဒုဗိုလ်ချုပ်ကြီးတယောက်တော့ တရားရုံးတင်ခံရပြီး ရတနာဆိုင်ရှင်သတ်မှုနဲ့ သေဒဏ်ပေးခံရတယ်။ နောက်ပိုင်းမှာ သေဒဏ်ကို နှစ် ၅၀ ထောင်ဒဏ်ပြောင်းလိုက်တယ်။ တရားသူကြီး ၂ ယောက် အလုပ်ထုတ်ခံရတယ်။
ထိုင်းရဲ ၅ ယောက်ကို ဖမ်းပြီး တရားရုံးတင်ခဲ့ပေမဲ့ ၂၀၁၄ ခုမှာ အမှုကို ပလပ်ပေး လိုက်တယ်။
အခုထိ ဒီအမှု သေချာမပေါ်သေးသလို ပျောက်နေတဲ့ရတနာတွေလဲ ပြန်မရသေးပါ။

စစ်ဆေးသူများကို ပြန်စစ်ဆေးခြင်း



ဒီညနေ ဘန်ကောက်ပို့စ်က စစ်ဆေးသူများကို ပြန်စစ်ဆေးခြင်း ဆိုပြီး ခေါင်းစဉ်တက်လာပါတယ်။
မနေ့က အင်ဒရူး ရဲ့ ၀က်ဆိုက်ကနေ ပြီးတော့ တရားခံများကို စစ်ဆေးရာ တွင် နှိပ်စက်ခြင်းဆိုပြီး သတင်းတက်လာပါတယ်။ အင်ဒရူးဟာ သူ့ရဲ့ သတင်းကို အင်္ဂလန်သံအမတ်နဲ့လည်း အတည်ပြုပြီး သံအမတ်က အတည်ပြုထားပေးပါတယ်။ ဒီပုံတွေက မြန်မာသံရုံးကို ပို့ထားတဲ့ပုံတွေဖြစ်ကြောင်းလည်း ပြောသွားပါတယ်။
မြန်မာတွေဘက်ကလည်း သွားရောက် စစ်ဆေးနေကြောင်း ပြောလည်း ပြောထားပါတယ်။
ပထမ ခြင်းလုံးခတ်နေတဲ့ ၉ ဦးကို ဖမ်းရာမှာ အမှုနဲ့ အခုပက်သက်နေတဲ့ ၃ ဦးက
တောထဲထွက်ပြေးသွားစဉ်မှာ ကျန် ၆ ဥိးကို နှိပ်စက်ပြီး ထွက်ပြေးသွားတဲ့ ၃ ဦးအကြောင်းမေးမြန်းစစ်ဆေးတယ်လို့ပြောပါတယ်။

( ကျနော်ပြောချင်တာ တခုက အင်္ဂလန် သံအမတ်က မှန်ကြောင်းအတည်ပြုထားလို့ ထိုင်းအစိုးရအတွက် အနေကြပ်စ၇ာဖြစ်သွားပါပြီ။ ထိုင်းအစိုးရအတွက် အနေကျပ်သွားလို့ ကျွန်းပေါ်မှာရှိတဲ့ မြန်မာအလုပ်သမားတွေလည်း အနေကျပ်ပါပြီ။
သံရုံးကို ဓာတ်ပုံတွေ ပို့တာလည်း ပါတယ်။ အနှိပ်စက်ခံလူတွေလည်း web site မှာ တွေ့ လိုက်ပါတယ်။ ကျနော်အကြံပေးချင်ပါတယ်။ သံရုံးကတဆင့် အင်ဒရူးဆီ ဘာလို့ရောက်သွားတာလဲ။ သတင်းရောင်းစားတာလား။ သံရုံးက သူများတွေရဲ့ လုံခြုံရေးကို နားမလည်ဘူးလား။ ကျွန်းသားတွေကိုလည်း ကျနော်ပြောပါမယ် နောက်တခါကျရင် ဒီလို ပုံတွေမပို့ပဲ ဒါဏ်ရာနဲ့ သတင်းလောက်ပဲ ပေးပါ။ သူတို့လာစစ်လို့ ကိုယ်ထင်ပြရတယ်ဆိုလည်း ပြသနာမရှိပါဘူး။)
လင်းထုန်မာန်

ထိုင်းမှာ စွပ်စွဲခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးကို သွားရောက်ကူညီရေး မေးမြန်းချက်
https://soundcloud.com/burmeserfa/eqm2coskupso



အကျီအဖြူနဲ့ သူက ကိုရဲ (စကားပြန်) ဆူရတ်မှာနေတယ်၊ အင်္ကျီအပြာနဲ့ နဲ့က ကိုကမာ (ကော့စမုံက ရိုတီရောင်းသူ) ။ဘာသာပြန်တယောက်က ရဲ နဲ့ ပေါင်းပြီး ကျွန်းက ဗမာတွေကို ဒုက္ခပေးပေးနေကြလို့ပြောတယ်။(လင်းယုန်မာန်)

Millerရဲ့သူငယ်ချင်းSean McAnna


Millerရဲ့သူငယ်ချင်းSean McAnnaကအသတ်ခံမှုဖြစ်ပြီးပြီးခြင်းမှာပဲသူရဲ့ဖေ့ဘွတ်မှာ
အရက်ဆိုင်ပိုင်ရှင်မှာတာဝန်ရှိတယ်လို့ရေးခဲ့ပြီးနောက်ပြန်ဖျက်ခဲ့ပါတယ်၊ထိုင်းမာဖီးယား
တွေလက်ချက်လို့သူပြောလိုက်ပြီးနောက်အဲဒီအရက်ဆိုင်ထဲမှာသူ့နားကပ်လာတဲ့လူ၂
ဦးပုံလဲဖေ့ဘွတ်ပေါ်တင်ခဲ့တယ်၊အဲဒီနှစ်ယောက်ကပဲSean ကို"ငါတို့သိတယ်၊အဲဒါမင်း
သတ်တာ၊အဲဒီအတွက်ဒီညမင်းကိုယ်မင်းဆွဲကြိုးချသတ်သေတာငါတို့မြင်ချင်တယ်"
လို့ပြောခဲ့တယ်၊သူဟာအဲ့ဆိုင်ကနေထွက်ပြေးခဲ့ပြီး24hrဆိုင်ထဲမှာမနက်လင်းတဲ့အထိ
ပုန်းခိုနေခဲ့ရပြီးမနက်ကျမှအဲ့ဒီKoh Tao ကျွန်းကနေထွက်ခွာခဲ့သည်။Koh Tao သည်
နယ်ခံမာဖီးယားမိသားစုများရဲ့အုပ်စီးထားခြင်းခံနေရတယ်လို့လဲဆိုကြသည်။
"ငါသိတယ်မင်းကောင်မလေးကိုကယ်တင်ဖို့ကြိုးစားခဲ့တယ်ဆိုတာ၊မင်းဟာတကယ်လေးစား
ဖို့ကောင်းတဲ့သူတဦးပါပဲ"လို့လဲသူ့ဖေ့ဘွတ်မှာSean McAnnaကဝမ်းနည်းခြင်းအမှတ်နဲ့
ရေးသားခဲ့တယ်.....၊
Re: http://metro.co.uk

လင်းယုန် မာန်
Mr. Sean, please come back for Myanmar
Sean ဆိုတာ ဒီကောင်ပဲ။
အမှုကို အစထုတ်တယ်။ ပြီးတော့မရှင်းခဲ့ဘူး။ ပြီး တော့ တ၀က်လိမ် တ၀က်အမှန် လုပ်သွားတယ်။
ရဲစစ်တုံးက ဒီဒါဏ်ရာ စက်ဘီးမှောက်တာတဲ့။ CSI ကူညီပေးမှပဲ ရှင်းတော့တယ်။ CSI က ယုံကြည်တာက သူဟာ ဒေးဗစ်နဲ့ လူသတ်သမား ရန်ဖြစ်တာကို ကူညီပေးခဲ့တယ် လို့ ယူဆပါတယ်။
ကဲ AC က brothers တွေုSean ဟာ တိုးရစ်သက်သက်မဟုတ်ပဲ အချိန်ပိုင်းအလုပ်သမားဖြစ်ကြောင်း ဓာတ်ပုံတွေနဲ့ မထွက်လာခင် ဘယ်သူ ပြောကြမလဲ။
ဒီပုံကို အမှုလိုက်မဲ့ ရှေ့နေတွေ အတွက် အသုံးပြု နိုင်ပါတယ်။
ထိုင်းအစိုးရက။ သူ့ကိုပေးပြန်တာ သံသယရှိစရာဖြစ်တယ်။
ဒါကြောင့် အမှုလိုက်မဲ့သူတွေ Sean ကိုinterpol ကနေတဆင့် ခေါ်ခိုင်းတာပါ။


Boon Myo Myo စာမျက်နှာမှ
ထိုင်းတွေတောင်ပြောနေကြပြီ....
ရဲတွေကလိမ်ကျတာ....

အင်္ဂလိပ်မရဲ့ဖုံးကို
ဖမာ့ရဲ့အခန်းမှာတွေ့တယ်ဆိုတာ လွဲနေတယ်...

ဖုံးကိုအသတ်ခံရသူဟယ်နာရဲ့သူငယ်ချင်းက
လူသတ်မှုဖြစ်ပြီးနောက်နေ့မှာ
ရဲကိုသွားအပ်တာ အပ်သူအင်္ဂလိပ်မကထုတ်ပြောနေပြီလို့...

Ya Zar Doe
ထိုင်းနိုင်ငံ တောင်ပိုင်း စူရတ်ဋ္ဌာနီ ခရိုင် ကော့တောင် (လိပ်ကျွန်း) မှာဖြစ်ပွားခဲ့တဲ့ လူသတ်မှု မှာ
သေဆုံးသူဟန်နာ၇ဲ. ဖုန်းကို အခန်းမှာကျန်ခဲ့လို. ဟန်နာ၇ဲ.သူငယ်ချင်းတွေက အခင်းဖြစ်ပြီးကတည်းက ၇ဲစခန်းမှာ အပ်နှံခဲ့ပြီးသားဖြစ်ပြီး ။
အခု မှ မြန်မာ ကောင်လေး ၂ ယောက် အိမ်နောက်မှာ တွေ.တယ်ဆိုပြီး သတင်းထုတ်ပြန်တာကရော ရိုးသားမှု.ရှိသတဲ့လား ။
(English Translation Below)
อ้าวท่าน????
“จนผลดีเอ็นเอ ที่ปรากฏในตัวผู้ตาย (น.ส.ฮานนาห์) ตรงกับ 2 คน คือ เวพิว หรือ วิน และนายซอวิน หรือ โซเชน ส่วนนายเมาไม่มีดีเอ็นเอในตัวผู้ตาย ซึ่งสอบนายเมาไม่มีส่วนร่วมกระทำผิด (ข่มขืน) ซึ่งดีเอ็นเอเป็น 1 ในพยานหลักฐานจับคนร้าย และเมื่อคืนตำรวจบนเกาะเต่า ได้ค้นบ้านพักนายวิน ได้พบโทรศัพท์มือถือผู้ตายถูกทิ้งไว้ใกล้เคียง ที่จะเป็นหลักฐานใช้มัดตัวผู้ต้องหาให้ได้หลังจากทราบว่า โทรศัพท์มือถือของผู้ตายหายไป” พล.ต.อ.สมยศ กล่าว http://www.thairath.co.th/content/454397
ที่จริง
"เพื่อนของฮานน่าเป็นคนมอบให้ตำรวจเอง แต่ตำรวจเอากลับไปยัดว่าพม่าขโมยไปค่ะ"
เพิ่มเติมให้ว่า ฮานน่าฝากมือถือไว้ที่เพื่อนเพราะไม่ได้พกกระเป๋าไปด้วย แล้ววันต่อมา(น่าจะหมายถึงวัยที่พบศพ)ตำรวจก็มาถามเอามือถือของฮานน่ากับรหัสผ่านด้วย เพื่อนเธอก็ได้มอบมือถือของฮานน่าพร้อมกับพาสโค้ด(พาสเวิร์ดสำหรับปลดล็อคเข้ามือถือ)ให้กับตำรวจ ก่อนที่จะบินกลับบ้านไป


"On Friday, Police General Somyot claimed that investigators found Hannah Witheridge's mobile phone Thursday night (October 2nd) near the room where Wyn, one of the Burmese suspects, currently resides."
The picture on the right was taken on the night of the murders (September 15th). The picture on the left is from a video taken the day after Hannah's murder (September 16th) at the police station. Her friend can be seen speaking with police and the phone is clearly there also. Her friend gave the phone to police on that day.
Credit to => CSI LACSI 's survey

"လူမှုထူးချွန်ဆရာ" ဆု ဆရာဦးသန်းလှိုင်ရရှိ



Tomorrow

“ ကြည်နူးဝမ်းမြောက်ဖွယ် မင်္ဂလာသတင်း”

လွန်ခဲ့သော ရက်ပိုင်းအတွင်း facebook ပေါ်တွင် ချောင်းဦးမြို့နယ် ဆူးလေကုန်းအုပ်စု၊ ဆူလေးကုန်းကျေးရွာမှ ဆရာဦးသန်းလှိုင် ၏ ဂုဏ်ပြုနှုတ်ဆက်ပွဲမှ ဓာတ်ပုံများ လျင်မြန်စွာ ပျံ့နှံ့ခဲ့ရာထိုသတင်းဓာတ်ပုံများကို ပြည်ထောင်စု ပညာရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများက သိရှိသွားခဲ့ကြပါသည် ။

သို့အတွက် ဆရာဦးသန်းလှိုင် အား ၎င်း၏ ဆရာနှင့် တပည့် ကြားက ကျေးဇူးတရား နှင့် စေတနာ မေတ္တာတရား ၊ ကျေးရွာလူထုနှင့် ဆရာကြားက သံယောဇဉ် တရား ၊ ဆရာ့၏ ကျေးရွာပညာရေး လူမှုရေးလုပ်ဆောင် ချက်များအား ဂုဏ်ပြုသောအားဖြင့် ယခုနှစ်အတွက် ' လူမှုထူးချွန် ဆရာ ' ဆု အတွက် ရွေးချယ်လိုက်ပါသည် ။

ထို "လူမှုထူးချွန်ဆရာ" ဆုမှာ တစ်နိုင်ငံလုံးရှိ ဆရာဆရာမများထဲမှ (၂) ဦးကိုသာ ရွေးချယ်ပေးအပ်ခြင်းဖြစ်ပြီး ၅ .၁၀ . ၂၀၁၄ ရက်နေ့ နေပြည်တော် MICC ခန်းမတွင် နိုင် ငံတော်အဆင့်ဖြင့်ကျင်းပမည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားတွင် ထိုဆုကို ပေးအပ်ချီးမြှင့်ပါမည်။

ယခုအခါ ဆရာဦးသန်းလှိုင်သည် ထိုဆုကို လက်ခံရယူရန် နေပြည်တော်သို့ ရောက် ရှိနေပြီဖြစ်ပါသည် ။

Photo : Aung Zaw Myint. U Saw Tun

တိုင်းရင်းသားမဟာမိတ်နိုင်ငံရေးပါတီများတွေ့ဆုံ။




ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံခြင်း

==============================================
အခြေခံဥပဒေမပြင်မချင်းတော့ ဒီဟာတွေက ဖြေရှင်းလို့ပြီးမှာမဟုတ်ဘူး
==============================================

- ရဲလင်းထက် - တွေ့ဆုံမေးမြန်းသည်

- ရန်ကုန်တိုင်းမ် ဂျာနယ်၊ အတွဲ (၁၀)၊ အမှတ် (၃၈)။

နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ခဲ့ပါက နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ရန်ရှိလာမည်။ ထိုအချိန်တွင် နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍမှာလည်း အရေးပါလာမည်ဖြစ်ရာ လက်ရှိငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် နိုင်ငံရေးပါတီများ၏ ရှုမြင်ပုံ၊ ပြင်ဆင်ထားမှုနှင့် ခိုင်မာတည်တံ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဖြစ်ထွန်းပေါ်ပေါက်လာအောင် မည်သို့လုပ်ဆောင်သင့်ကြောင်းကို ရှမ်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် ရန်ကုန်တိုင်းမ်မှ ခေတ္တတွေ့ဆုံခိုက် မေးမြန်းထားသည်များကို တင်ပြပေးလိုက်ပါသည်။

နိုင်ငံရေးတွေ့ဆုံဆွေးနွေးဖို့ နိုင်ငံရေးပါတီတွေကို ဖိတ် ခေါ်ထားတာရှိသလို နိုင်ငံရေးမူဘောင်တွေချမှတ်ဖို့ နိုင်ငံ ရေးပါတီတွေကလည်း ပြင်ဆင်နေကြတော့ လက်ရှိအချိန် မှာရော နိုင်ငံရေးပါတီတွေဘက်က အဆင်သင့်ဖြစ်နေပါ ပြီလား။

နိုင်ငံရေးမူဘောင်တော့ ကျွန်တော်တို့ မစဉ်းစားသေး ဘူးဗျ။ ငြိမ်းချမ်းရေးက အကုန်လုံးမှမရသေးတာကို။ ဒါက တစ်အချက်၊ နောက်တစ်ခုက ဘယ်တော့ရမလဲ မသေချာ သေးတော့ မသိသေးဘူးလေ။ အဲဒါကြောင့်ပါ။ ကျွန်တော့် အနေနဲ့ကတော့ လုပ်မယ်ဆိုရင် ကျွန်တော်တို့ ပြင်ဆင်မှု တော့ရှိထားပြီးသား။ မကြာပါဘူး တစ်ပတ်နဲ့ပဲ ပြီးသွားနိုင် ပါတယ်။

NCCT နဲ့ UPWC တို့ တွေ့ဆုံမှုအပြီး နိုင်ငံရေးပါတီတွေ နဲ့ သုံးပွင့်ဆိုင်တွေ့လာတာတွေလည်းရှိတော့ SNLD ပါတီ ဘက်ကရော ဘယ်လိုတွေ ပြင်ဆင်ထားပါသလဲ။

ကျွန်တော်တို့က UNFC နဲ့ မဟာမိတ်ရှိတာပဲ။ သူ တို့နဲ့ကွာပြီး ရေးလို့မရဘူးလား။ သူတို့မူ ကျွန်တော်တို့မူနဲ့ တစ်ထပ်တည်းမကျလေတောင် သူ့ရဲ့ ဆန့်ကျင်ဘက်မဖြစ် ဖို့ဘဲ အရေးကြီးတာပဲ။ UNFC ကလည်း ကျွန်တော်တို့နဲ့ ကွာစရာအကြောင်းတော့ မရှိပါဘူး။ မခက်ပါဘူး။ ကျွန် တော်တို့ဘက်ကတော့။

အခုလက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တချို့တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်တို့ကြားမှာ အပြန်အလှန် တိုက်ပွဲတွေဖြစ်လာတော့ အာမခံချက်ရှိတဲ့ လုပ်ငန်းစဉ်ဖြစ်အောင်၊ ခိုင်မာအောင် ဘယ်လိုတွေဆောင် ရွက်ဖို့သင့်ပါသလဲ။

တိုက်ခိုက်တာ ဘယ်အဆင့်ထိလဲဆိုတာ ရှိတာကို အထက်မှာသွားဖြစ်ရင် တစ်မျိုးပေါ့။ ခုတော့ အောက်ခြေ မှာဖြစ်နေတယ်ဆိုတော့ တိုက်ခိုက်မှုတော့ရှိပါတယ်။ ဒါ ပေမဲ့ ငြိမ်းချမ်းရေးတော့ မထိဘူးထင်တယ်။ ဒါပေမဲ့ ဒီလို အချိန်မှာတော့ တစ်ဖက်နဲ့တစ်ဖက် နှစ်ဦးနှစ်ဖက်က အ များကြီးစဉ်းစားရတော့မယ်လေ။ တာဝန်ယူမှု ရှိရတော့ မှာပေါ့။ ခုဟာက ငြိမ်းချမ်းရေးက မနက်ဖြန် သန်ဘက် ဆွေးနွေးတော့မယ် တိုက်တုန်းဆိုတာလိုပေါ့။ ဟိုတုန်းက လည်း အဲဒီလိုပဲလေ။ ငြိမ်းချမ်းရေးဆွေးနွေးရင်း ဖြစ်လာ ကြတယ်ဆိုတော့ ကချင်တို့၊ ဝတို့၊ ပလောင်တို့ အခုလည်း ငြိမ်းချမ်းရေးကိစ္စမှာ ငြိမ်းချမ်းရေးလည်းပြောမယ်၊ တိုက် လည်း တိုက်နေမယ်ဆိုရင်တော့ သိပ်ပြီးတော့ သဘာဝ မကျဘူးလေ။ ပြောတာလည်း သိပ်ပြီး အရာရောက်မှာ မဟုတ်ဘူး။

ဒါဆို ရေရှည်တည်တံ့ပြီး အာမခံချက်ရှိတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အောင်မြင်ဖြစ်ထွန်းအောင် ဘယ်လိုတွေ လုပ်ဖို့ လိုအပ်ပါသလဲ။

အဓိကကတော့ သည်းခံဖို့ အရေးကြီးတယ်။ နား လည်မှုရှိဖို့ အရေးကြီးတယ်။ ယုံကြည်မှုတည်ဆောက်ဖို့ လိုတယ်။ တိုက်ရင်းနဲ့ ဆွေးနွေးမယ်၊ ဆွေးနွေးရင်းနဲ့တိုက် မယ်ဆိုတာ ဘယ်အဖွဲ့မှာမှ မူမရှိသေးဘူး။ ရှိလာရင်လည်း မကောင်းတော့ဘူးပေါ့။ အဲဒါပါပဲ။ နှစ်ဖက်စလုံးကတော့ မတိုက်ဖို့ဘဲ အရေးကြီးတာပဲ။

တိုင်းရင်းသားတွေလိုချင် တာတွေက ယုံကြည်မှုနည်းနေတယ်။ အဲဒါကြောင့်ဖြစ်မယ်။
ရှမ်းနိုင်ငံရေးပါတီနှစ်ခု ပေါင်းစည်းရေးအခြေအနေကရော ဘယ်လိုတွေ ဆက်လုပ်နေတာရှိပါသလဲခင်ဗျ။

လက်ရှိအချိန်ကတော့ ဒီကိစ္စက အဲဒါတွေပြီးမှသာ ပြန်ပြီးတော့စဉ်းစားကြမှာပါ။ နိုဝင်ဘာလောက်ဆိုရင်တော့ အကြမ်းဖျင်း ကျွန်တော်တို့ ပြဋ္ဌာန်းဖြစ်မှာပါ။ကျွန်တော် တို့ ဆွေးနွေးရမယ့် အကြောင်းအရာပါပဲ။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လွှတ်တော်ရဲ့အခန်းကဏ္ဍက လည်း အရေးပါလာတော့ လက်ရှိလွှတ်တော်ကို ဘယ် လို သုံးသပ်လို့ရမလဲခင်ဗျ။

ထင်သာမြင်သာ မရှိတဲ့အတွက်ကြောင့် ကျွန်တော် တို့ဟာ ဒီဝဲအောက်ကနေ ထွက်လို့မရသေးပါဘူး။ ဘာကြီး ပဲဖြစ်နေဖြစ်နေ ဒီလွှတ်တော်ကြီးက တစ်နည်းပြောလို့ရှိ ရင် ထင်သာမြင်သာရှိအောင် ကျွန်တော်ထင်တယ် သူတို့ ရေးလိုက်တဲ့ အခြေခံဥပဒေဟာ ပြင်သင့်ပါပြီ။ ဒီအခြေခံ ဥပဒေပြင်မှလည်းရမယ့်ကိစ္စပါ။ အခြေခံဥပဒေမပြင်မချင်း တော့ ဒီဟာတွေက ဖြေရှင်းလို့ပြီးမှာမဟုတ်ပါဘူး။ လွှတ် တော်ဟာ ထင်သာမြင်သာမရှိဘူး။ လွှတ်တော်ထဲမှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကလည်း အပြင်ကပြည်သူ နဲ့ ဆက်သွယ်မှုက မရှိခဲ့ဘူး။ ပြီးတော့ အတွင်းကလူက ဘာလုပ်နေတယ်၊ အပြင်ကလူက ဘာဖြစ်နေတယ်ဆိုတာ လျွဲန်ူနခအငသည မပြဘူး။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရတို့ကြား လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ်မှာ နိုင်ငံ ရေးပါတီခေါင်းဆောင်တစ်ဦးအနေနဲ့ ပြောလိုတာရှိရင် ပြော ကြားပေးပါခင်ဗျာ။

ဒီနေ့ဒီအခါ အရေးကြီးတာတော့ ငြိမ်းချမ်းရေးပေါ့။ ငြိမ်းချမ်းရေးကလည်း သိတဲ့အတိုင်းပါပဲ။ တချို့ကလည်း ပြောရရင် ဆန္ဒစောလွန်းတယ်။ တချို့ကလည်း အကောင်း မမြင်ဘူး။ ဘာကြီးပဲဖြစ်နေဖြစ်နေ ကျွန်တော်တို့ မြင်နေ တာကတော့ အချင်းချင်း လက်ခံစကားပြောမယ်။ မနေ့ တစ်နေ့က တိုက်နေတယ်။ အဲဒီအခြေအနေမျိုးတွေကလည်း မကောင်းပါဘူး။ တိုင်းပြည်အတွက်ပဲ မကောင်းတဲ့အစဉ် အလာတွေပါ။ တကယ်တမ်း ငြိမ်းချမ်းရေးကိုလိုလားတယ် ဆိုရင်တော့ အတိုက်အခိုက်တွေရပ်သင့်နေပါပြီ။ ဒါမှသာ လျှင် တိုင်းပြည်က ရှင်းရှင်းပြောလို့ရှိရင် လူထုရဲ့ကြိုးစား မှု နောက်ပြီး ငြိမ်းချမ်းရေးအဖွဲ့ကလည်း အစိုးရရဲ့ယုံကြည် မှုကို ဒီလိုပဲယူရမှာပါပဲ။ အစိုးရဆီက ဒီလို ယုံကြည်မှုရဖို့ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနဲ့ တိုက်ယူရမှာပါပဲ။ ဒါမှ မဟုတ်ဘဲ ငြိမ်းချမ်းရေးက ဒီအတိုင်းပဲ ဆက်ဖြစ်နေမယ် ဆိုရင်တော့ ပြောပြောနေကျအတိုင်းပဲ အန္တရာယ်က ပြီးမှာ မဟုတ်ဘူး။ အားလုံးဝိုင်းဝန်းပြီးတော့ လွှတ်တော်ကလဲ ထင် သာမြင်သာရှိအောင် လုပ်ရမယ်။ ဒီကိစ္စတွေကို ၂ဝ၁၅ အမီ ဘယ်လိုပြင်ကြမလဲ။ ဘယ်စနစ်နဲ့သွားနိုင်မယ်ဆိုတာ ကိုစဉ်းစားရင်းနဲ့ ရောက်မယ့်စနစ်ကို စိတ်ဝင်စားစွာ အား လုံးပါဝင်ကြဖို့ တိုက်တွန်းလိုပါတယ်။

ခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

#TheYangonTimes

5000(မြန်မာကျပ်)ချီးမြှင့်ခံရသည့်ရဲ

ဝ နယ်နှင့် ကပ်လျက် ရှိသည့် သံလွင် အနောက်ခြမ်း စစ်ရေးမဟာဗျူဟာ



ဒုကာချုပ်ညွှန်ကြားချက်ဖြင့် SSPP/SSA အား အစိုးရတပ် စတင်တိုက်ခိုက်
****************************************************************************

အောက်တိုဘာ ၂ ရက် ၂၀၁၄ တာ့ဖာဆောင် တပ်စခန်းအား တိုက် ခိုက်သိမ်းပိုက်ရန် ဒုတိယ
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ညွှန်ကြားချက်ဖြင့် ယနေ့(၂ ၊၁၀ ၊၂၀၁၄) နံနက် ၀၅ နာရီ မိနစ်
၄၀ အချိန်က စတင်ပစ်ခတ် တိုက်ခိုက်ကြောင်း သိရသည်။

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက် ခံ နှင့် ခိုလမ်မြို့ အခြေ စိုက် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (ရလခ) လက်အောက်ခံ စစ်ဗျူဟာ ၅ ခုမှ သျှမ်းပြည်တောင် ပိုင်းကျေးသီးမြို့ဘက်သို့ အားဖြည့်ကာ အရှေ့မြောက်ဘက် ၁၅ မိုင်ခန့်အကွာရှိ SSPP/SSA တာ့ဖာ
ဆောင် တပ်စခန်းအား ယနေ့နံနက်ပိုင်းမှစ၍ စတင်တိုက်ခိုက် သည် ဟု ရှေ့တန်း သျှမ်းတပ်မှူး တဦးကပြောသည်။

ကျေးသီးမြို့အရှေ့မြောက်ဘက် တာ့ဖာဆောင်၊ ကောင်းမတ်ဟင်တန်၊ ပန်စေ့၊ ကောင်းမမုံ့လောင်း၊
ကောင်းမိုက်ညောင် တပ်စခန်းများအား အစိုးရတပ်မတော် စကခ ၂ ခလရ ၂၄၇ ၊ ခလရ ၂၄၈ ၊
ခလရ ၂၉၄ ၊ ခမရ ၅၁၆ ၊ ခလရ ၂၈၇ ၊ ခလရ ၉ ၊ ခလရ ၁၂ ၊ ရမခ ၅၂၃) စစ်ကြောင်း လူင်အင်
အား ၁၀၀၀ ကျော် ၊ ၆၀ မမ ၊ ၈၁ မမ၊ ၁၂၀ မမ စိန်ပြောင်းနှင့် ပွိုင့် ၅ လေယာဉ်ပစ် စက်သေ
နတ်ကြီး ၂ လက်ဖြင့် စစ်ကြောင်း ၁၀ ခုခွဲကာ လှုပ်ရှား တိုက်ခိုက်နေသည် ဟု ဆိုသည်။
“မိုင်းရယ်၊ တန့်ယန်းဘက်ကဆင်းလာတဲ့တပ်ဖွဲ့တွေ၊ မိုင်းစံ၊ မိုင်းရှူး၊ မိုင်းနောင်ဝမ့်စိမ်း နဲ့ ကျေးသီး နမ့်ပုတ်တပ်တွေ လေ။ စစ်ဗျူဟာ၊ မိုင်းနောင်က စကခ (၂) လက်အောက်ခံတပ်တွေ၊ အခု သူတို့ သုံးထားတဲ့စစ်အင်အားက ၅၀၀ ကျော်ကျော်လောက်ရှိမယ်။ ကျနော်တို့ဘက်ရောက်နေတဲ့ အစိုးရ
တပ် အင်အား ထပ်ရောက်လာတဲ့တပ်တွေ၊ ရှိရင်းစွဲတပ်တွေ အားလုံး အင်အား ၂၀၀၀ ထက်မနည်း
ဘူး” - - ဟု အမည်မဖေါ်လိုသည့် တပ်မှူးကပြောသည်။

အောက်တိုဘာ ၂ ရက် ယနေ့ဖြစ်ပွားသော တိုက်ပွဲကြောင့် ပစ်မှတ်ကျော်ကျသည့် လက်နက်ကြီး
ဒဏ်ခံ ရသော တာ့ဖာတပ်စခန်းအနီး နမ့်ဟဲင်ချောင်း အနောက်ဘက်ကမ်း ငူးလိန်ရွာမှ ရွာသူရွာသား
တရွာ လုံးကျွတ် စစ်ဘေးရှောင်ရှားရသည်ဟု ဒေသခံများကပြောသည်။

လက်ရှိတွင် ဝမ့်ဝပ်ကျေးရွာအုပ်စုအတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေေ ကြာင်း၊ မိုင်းရှူးမြို့မြောက် ဘက်မိုင်းအောတ်ကျေးရွာအုပ်စုဘက်တွင်လည်း စစ်ရေးပိုမိုတင်းမာလာနေကြောင်းဆိုပါသည်။
အစိုးရ၏ ရှေ့တန်းတက် တိုက်ခိုက်ရေးတပ်ရင်းများသည် မန့်ကတ်(တန့်ယန်း၊ သျှမ်း/မြောက်)နှင့် ကျိုင်းတောင်း ( မိုးနဲမြို့ နယ်၊ သျှမ်း/တောင်) တို့တွင်ပြု လုပ်သော တပ်စခန်းတက်သိမ်းသည့်သင်တန်း
မှ သင်တန်းဆင်းတပ်ဖွဲ့ များဖြစ်ကြောင်း၊ ထို့ကြောင့် တာ့ဖာဆောင်တပ်စခန်းအား တိုက်ခိုက်ရခြင်း
သည် အစိုးရတပ်၏ အဓိကလိုအပ်ချက်မဟုတ်နိုင်ဘဲ ဝ နယ်နှင့် ကပ်လျက် ရှိသည့် သံလွင်
အနောက်ခြမ်း စစ်ရေးမဟာဗျူဟာကျ တောင်ကုန်းများ၊ တပ်စခန်းများအား သိမ်းပိုက်လိုခြင်း
သာဖြစ်နိုင်ကြောင်း SSPP/SSA ဌာနချုပ် ရုံးအရာရှိကပြောသည်။

သျှမ်းပြည်တပ်မတော် SSPP/SSA သည် မြန်မာအစိုးရနှင့် ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးထားသည့် တပ်ဖွဲ့ဖြစ်သည်။

သျှမ်းသံတော်ဆင့်

တရုတ်များကိုမဖြူနှင်းထွေးပြန်ပေးဆွဲသည်မဆွဲ မိမိသေချာမသိရှိပါ



Kyaw Swar Myint

ဥပဒေပညာရှင်ကြီးများ လေ့လာသုံးသပ်ကြည့်ပါ
===============================
တရားလိုပြသက်သေ
ဖောင်းကတာမြောက်ရွာမှာရာအိမ်မှုးဦးသိန်းထွက်ဆို-ဖြေဆိုချက်
-------------------------------------------------------------

(၁)လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက်မြေလျှော်ကြေးမယူထားသည့်
တောင်သူများ၏မြေယာများကို၂၀၁၂ခုစတင်ဘာလမှစပြီးကုမ္ပဏီမှခြံစည်းရိုးခတ်
သိမ်းယူနေတာကိုသိပါသည်၊၊

(၂)၁၈-၅-၂၀၁၄တရုတ်နိုင်ငံသားကြေးနီစီမံကိန်းဝန်ထမ်းနှစ်ယောက်သည်ဆည်းတည်း
ရွာထိပ်ကိုရောက်ရှိလာခြင်းမှာမြေယာများသိမ်းယူနိုင်ရန်မြေတိုင်းကိစ္စများအတွက်
ရောက်လာခြင်းဖြစ်သည်ကိုကြားပါသည်၊၊

(၃)၁၈-၅-၂၀၁၄ရက်နေ့ လည်တွင်မိမိအားဖောင်းကတာအုပ်စုဥက္ကဋ္ဌ ဦးရွှေလာခေါ်
၍ဆည်းတည်းရွာကိုရောက်ရှိခဲ့ရပြီးတရုတ်များကိုမဖြူနှင်းထွေးပြန်ပေးဆွဲသည်မဆွဲ
မိမိသေချာမသိရှိပါ၊၊

(၄)မိမိရောက်ရှိချိန်တွင်တရုတ်များအားကြိုးဖြင့်တုပ်ထားခြင်း၊ရိုက်နှက်ထားခြင်း
မတွေ့ ရပဲရွာသားများသည်တရုတ်များဘေးတွင်ဝိုင်းထိုင်နေသည်ကိုတွေ့ ရပါသည်၊၊

တရားလိုပြသက်သေ(၅)ကိုထပ်မံမစစ်ဆေးတော့ပဲစစ်ဆေးမှုကိုရပ်နား၍
၁၃-၁၀-၂၀၁၄ရက်ကိုထပ်မံချိန်းဆိုလိုက်သည်၊၊

ဝမ်ပေါင်ကုမ္ပဏီမှ တရုတ်နိုင်ငံသားနှစ်ဦးကို ပြန်ပေးဆွဲသည်ဟုဆိုကာ ဖမ်းဆီးထား
သည့် မန္တလေးတက္ကသိုလ် ဒုတိယနှစ် မြန်မာစာ (အဝေးသင်)ကျောင်းသူ ဗကသ
အဖွဲ့ဝင် မဖြူနှင်းထွေးကို စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တရားရုံးတွင် စက်တင်ဘာ
၃၀ရက် မွန်းလွဲ ၁၂ နာရီခွဲက တတိယအကြိမ် ရုံးထုတ်ခဲ့ပါတယ်။