Sunday, October 12, 2014

ငါးလောင်းပြိုင် လူသတ်မှု စီအိုင်ဒီစုံစမ်းနေဆဲဟုဆို



7Days

စိမ်းလဲ့ကန်သာ ငါး လောင်းပြိုင်လူသတ်မှုကို အမှုမ ပိတ်သိမ်းသေးဘဲ စီအိုင်ဒီမှုခင်း သတင်းတပ်ဖွဲ့မှ ဆက်လက်စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
၂၀၀၈ ခုနှစ် မတ်လက ကမာရွတ်မြို့နယ်၊ တက္ကသိုလ် ရိပ်သာလမ်း၌ ဖြစ်ပွားခဲ့သော မိုးကုတ်သူဌေးကြီး ဦးမြမောင်၏ သားမက်မိသားစု ငါးဦး သေနတ် ဒဏ်ရာများဖြင့် သေဆုံးခဲ့ရာ ခြောက်နှစ်ခွဲကြာသည့်တိုင် တရားခံများကို ဖမ်းဆီးနိုင်ခြင်း မရှိသေးသော်လည်း စီအိုင်ဒီမှ ဆက်လက်စုံစမ်းစစ်ဆေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ဒုရဲမှူးကြီးမြင့်ထွေးက ပြောသည်။
‘‘စီအိုင်ဒီက အရေးကြီးမှု ခင်းတွေ ပေါ်ပေါက်ရင် တာဝန်ယူနေတာမို့ ဒီအမှုကိုလည်း စီအိုင်ဒီ ဆီမှတ်တမ်းနဲ့ တွေ့ရှိချက်တွေကို ပို့ထားပြီး စုံစမ်းစစ်ဆေးနေဆဲပါ။ တရားခံတွေ ပြေး၊ မပြေးကိုတော့ မသိပါဘူး’’ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ရုံး၌ အောက်တိုဘာ ၁၁ ရက်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ဒုရဲမှူးကြီးမြင့်ထွေးက ပြောသည်။
ရန်ကုန်မြို့တွင် ဖြစ်ပွားခဲ့သော လူသတ်မှုကြီးများထဲ၌ မပေါ် သည့်အမှုနှစ်မှုသာရှိပြီး တစ်မှုမှာ သင်္ဃန်းကျွန်းတွင် ဖြစ်ပွားခဲ့သော ဆရာဝန်မိသားစုငါးဦးကိုသတ်ခဲ့သည့်အမှုနှင့် စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင်လူသတ်မှုနှစ်ခုသာဖြစ်ကြောင်း တူမောရိုးသတင်းဂျာ နယ်သို့ ရဲအရာရှိတစ်ဦးက ပြောခဲ့ဖူးသည်။ အဆိုပါလူသတ်မှုနှစ်မှုကို ဂျာနယ်တိုက်များက ရေးသားဖော်ပြခဲ့ရာတွင် သတင်းထောက် များ စစ်ဆေးခံခဲ့ရကာ သတင်း ထောက်တစ်ဦးမှာ အင်းစိန် ထောင်ချုပ်တွင် သုံးလခန့်နှိပ်စက်စစ်ဆေးခံရပြီးမှ အပြစ်မရှိဟုဆို ကာ တရားရှင်လွှတ်ပေးခဲ့သည်။
စိမ်းလဲ့ကန်သာ ငါးလောင်း ပြိုင်လူသတ်မှုဖြစ်ပြီး ၂ နှစ်အ ကြာ၌ ထိုစဉ်က ရဲချုပ်ဖြစ်သူ ရဲ ချုပ်ခင်ရီသည် ကွမ်းခြံကုန်းမြို့ နယ်သတင်းစာရှင်းလင်းပွဲ၌ ယင်းအမှုကို မပိတ်သိမ်းသေးဘဲ အထောက်အထားများ ရရှိပြီး ဖြစ်၍ မကြာမီ တရားခံများကို ကြေညာနိုင်ပါတော့မည်ဟု ပြော ကြားခဲ့သည်။ သို့သော် အမှုဖြစ်ပွားပြီး ခြောက်နှစ်ကြာသည့်တိုင် ပြစ်မှုကျူးလွန်သူများကို မကြေ ညာနိုင်သေး၍ ဖမ်းဆီးခြင်း မပြု နိုင်ကြောင်း တွေ့ရှိရသည်။
‘‘ယခုအခါ ထိုအမှုကို ပိတ် သိမ်းခြင်း မပြုသေးဘဲ ရဲမှုခင်း တပ်ဖွဲ့ (CID) က ဆက်လက်ကိုင် တွယ်နေသော်လည်း မူလစစ် ဆေးခဲ့သည့် လူဟောင်းများတစ် ယောက်မှ မရှိတော့သည့်အတွက် လူသတ်သမားအဖွဲ့အတွင်းမှ တစ်ဦးဦးက သစ္စာဖောက်ဖော် ထုတ်ခြင်းမှလွဲပြီး အမှုပေါ်ရန် မှေးမှိန်နေပြီဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့ဝင်က ၎င်း၏ အတွေ့ အကြုံနှင့် ယှဉ်ပြီးပြောပြသွားခဲ့ သည်’’ဟု တူမောရိုးသတင်းဂျာ နယ်မှ ‘‘ငါးလောင်းပြိုင်လူသတ်မှု မှ ထပ်မံထွက်ပေါ်လာသည့် မြှုပ် ကွက်များ’’ခေါင်းစဉ်ဖြင့် စက်တင် ဘာအတွင်း အခန်းဆက်ဆောင်း ပါး ရေးသားခဲ့သည်။


CSI LAက ရှောင်မက်အန်နာ ကွန့်မန့်များ



CSI LAက ရှောင်မက်အန်နာရဲ့
နောက်ထပ်ကွန့်မန့်တခုမှာပုံထဲ
မှာပါတဲ့သူ့နောက်လိုက်လာသူ ၂ ဦးကိုရည်ညွန်းထားဖွယ်ရှိပါတယ်၊

'' ငါထင်တယ်...သူသိနေတယ်၊ဘယ်သူ
ဟာဓါးစာခံအတိအကျဖြစ်သင့်တယ်ဆိုတာ.။.
သူတို့ခိုင်းသလိုငါ့ကိုယ်ငါဆွဲကြိုးချသေပြီး
ရင်ငါကတရားခံပဲဆိုတာလက်ညိုးထိုးပြဖို့
လုံလောက်ပြီလေ...
ငါ့ညီမကပြီးခဲ့တဲ့တပတ်လောက်ကထိုင်းဖိုရမ်တခုကို
ညွန်ပြပြီးဒါမျိုးတွေထိုင်းမှာဖြစ်ပျက်နေတယ်ဆိုတာလေ..
ဒါပေမယ့်အဲဒီတုန်းကငါသဘောမပေါက်ခဲ့ဖူး။
ဘာကိုဆိုလိုသလဲဆိုတော့ Samui ကျွန်းပေါ်ကဂူ
ထဲမှာနေတဲ့ဘာမှမသိတဲ့သူတယောက်လိုငါဟာ
သူတို့ရဲ့အရင်ဆုံးအကွက်ခံချခဲ့ရတာပဲ...
အဲ့ဒါကိုလဲတစုံတယောက်ကကြိုသိနေတာပါပဲ ''


ထင်မြင်ချက်ပေးသူအာလုံးအတွက်ပါ၊
သတ်တဲ့သူတွေကိုသိတယ်လို့
ကျွန်တော်ဘယ်တုန်းကမှမပြောခဲ့ပါဖူး၊
ကျွန်တော်ပြောခဲ့တာကကျွန်တော်သာ
သေခဲ့ရင်အဲ့ဒီည( In touch resort)က
လူမိုက်တွေလက်ချက်ပဲလို့ပြောခဲ့တာပါ။
မြန်မာတွေစွပ်စွဲခံရတော့မယ်ဆိုတာ၊ဦးနှောက်ကျပ်
မပြည့်တဲ့သူတွေတောင်သိတယ်
ဒီဖြစ်စဉ်မှာပါသူတွေအကုန်ကျွန်တော်
ဆွဲထုတ်ပြလိုက်ချင်တာပေါ့၊ဒါပေမယ့်တကယ်ကို
ကျွန်တော်ဘာမှလုပ်မပေးနိုင်ပါဖူး၊သတင်းစာတွေကလိမ်နေတာလည်း
စိတ်မကောင်းစရာပါ၊ကျွန်တော်ပြောတာယုံလိုက်ပါ၊
သူတို့တွေကပုံပြင်တပုဒ်လိုပဲအများကြီးလိမ်နေကြတာ။

(ရှောင်)

ထိုင်းမှာ ဖမ်းဆီးခံထားရသူ ၂ ဦးရဲ့ မိသားစုဝင်တွေ ရန်ကုန်ရောက်ရှိ

ထိုင်းနိုင်ငံတောင်ပိုင်း ခိုထောင်ကျွန်းလူသတ်မှုနဲ့ ပတ်သက်လို့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးထားတဲ့ မြန်မာနိုင်ငံသား မောင်ဝင်းဇော်ထွန်းနဲ့ မောင်ဇော်လင်းတို့ ၂ ဦးရဲ့ မိသားစုဝင်တွေဟာ ဖမ်းဆီးခံထားရသူတွေကို တွေ့ဆုံဖို့အတွက် ရန်ကုန်မြို့ကို ဒီနေ့ ညနေက ရောက်ရှိလာပါတယ်။
.
ရခိုင်ကွန်ယက်ရဲ့ အကူအညီနဲ့ ဖမ်းဆီးခံထားရသူ ၂ ဦးရဲ့ မိသားစုဝင်တွေဟာ ရခိုင်ပြည်နယ် ကျောက်ဖြူကနေ ရန်ကုန်မြို့ကို ရောက်ရှိလာတာဖြစ်ပြီး နိုင်ငံကူးလက်မှတ်နဲ့ တခြားလိုအပ်တာတွေကို ပြင်ဆင်ပြီး ထိုင်းနိုင်ငံကို ဆက်လက်သွားရောက်မှာ ဖြစ်ပါတယ်။
.
Photo: Kyaw Htoon Naing/ Kyaw Zaw Win/ RFA



ထိုင်းနိုင်ငံသို့ သွားရောက်ရန် ဖမ်းဆီးခံထားရသည့် မြန်မာလုပ် သားနှစ်ဦး၏ မိဘများ ရန်ကုန်သို့ ရောက်ရှိ 
*********************************************************************
ဗြိတိန်နိုင်ငံသားစုံတွဲနှစ်ဦးသေဆုံးမှုတွင် လူသတ်မှုဖြင့် ဖမ်းဆီးခံနေရသူ မြန်မာလုပ်သား နှစ်ဦး၏ မိဘများသည် ထိုင်းနိုင်ငံသို့သွားရောက် ရန် အောက်တိုဘာ ၁၂ ရက်က ရန်ကုန်သို့ရောက်ရှိခဲ့သည်။
.
ရခိုင်လူမှု အဖွဲ့အစည်းများ၏ အကူအညီဖြင့် ဖမ်းဆီးခံရသူ ကိုဝင်းဇော်ထွန်း၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက်၊ မိခင်ဖြစ်သူဒေါ်မေသိန်းနှင့် ကိုဇော်လင်းဦး၏ မိခင်ဖြစ်သူဒေါ်ဖြူချေနုတို့ ရောက်ရှိလာခြင်းဖြစ်သည်။
.
ဦးထွန်းထွန်းထိုက်က “ဒီက အဖွဲ့အစည်းတွေကသားနဲ့တွေ့ဖို့တာဝန်ယူတယ်လို့ဆိုတယ်၊ သူ့အမေက တအားငိုပြီး တက်တတ်လို့ သားလွတ်ပြီလို့ပြောထားတယ်” ဟု ဦးထွန်းထွန်းထိုက်က မဇ္ဈိမကိုပြောသည်။
.
ရခိုင်အမျိုးသားကွန်ရက်၊ကျောက်ဖြူ လူမှုကွန်ရက်နှင့် အလှူရှင်များကထိုင်းနိုင်ငံသို့သွားရောက်ရန် ကူညီကြ မည်ဖြစ်ပြီးလက်ရှိတွင်ရန်ကုန်မြို့၊ တောင်ဒဂုံမြို့ နယ်ရှိ ထွန်းသွင် ဘုန်းကြီးကျောင်းတွင် တည်းခိုမည်ဖြစ်သည်။ကိုဇော်လင်းဦး၏ မိခင်ဒေါ်ဖြူချေနုက “ပြန်လွတ်စေချင်တယ်”ဟု ဆိုသည်။
.
၎င်းတို့သည် ရခိုင်ပြည်နယ် ကျောက်ဖြူ မြို့နယ်ရှိ ကာပီချောင်းကျေးရွာနှင့် မိချောင်းရေသောက်ကျေးရွာတွင် နေထိုင်ကြသူများဖြစ်သည်။
.
ထိုင်းနိုင်ငံ၊ စူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း(လိပ်ကျွန်း)တွင် စက်တင်ဘာ ၁၅ရက်က ဗြိတိန်နိုင်ငံသား စုံတွဲနှစ်ဦး သေဆုံးမှုတွင် မြန်မာလုပ်သားနှစ်ဦးဖြစ် သည့် မောင်ဝင်းဇော်ထွန်းနှင့် မောင်ဇော်လင်းဦးတို့ ကျူးလွန်းသည်ဟု ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်ထားပြီး အမှုမခိုင်လုံဟုဆိုကာ ထိုင်းဥပဒေရုံးက အောက်တိုဘာ ၈ရက်တွင် ပယ်ချထားသည်။
.
Photo : ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် သားဖြစ်သူ မောင်ဝင်းဇော်ထွန်းအား သွားရောက်တွေ့ဆုံ ရန် အောက်တိုဘာ ၁၂ရက်ကရန်ကုန်သို့ ရောက် ရှိလာသည့် ဖခင်ဖြစ်သူ ဦးထွန်းထွန်းထိုက် အား မီဒီယာများ၏ မေးမြန်းမှုကို ဝမ်းနည်းကြေကွဲစွာ ဖြေကြားနေသည်ကို တွေ့ရစဉ်၊(ဓာတ်ပုံ- ဘိုဘို၊ မဇ္ဈိမ)
.
Credit : မဇ္ဈိမ

မြန်မာလူငယ်၂ ဦးကို ထိုင်းရဲ ထပ်မံစစ်ဆေး၊ ရင်ဘတ်နာနေဟု ပြော


ထိုင်းနိုင်ငံ ခိုတောင်ကျွန်းခေါ် လိပ်ကျွန်း လူသတ်မှုနဲ့ စွပ်စွဲ ဖမ်းဆီး ခံထားရတဲ့ မြန်မာ လူငယ် နှစ်ယောက် ကို အောက်တိုဘာ ၁၂ ရက်မှာ ထိုင်းရဲက အကျဉ်းထောင် အတွင်း သွားရောက် စစ်ဆေးခဲ့ပြီး သူတို့ နှစ်ယောက် စလုံးက ရင်ဘတ်နာနေတယ်လို့ ပြောခဲ့ကြောင်း ထိုင်းရုပ်သံလွှင့် ဌာနတခုက ထုတ်လွှင့် သွားခဲ့ပါတယ်။
ဒီရုပ်သံသတင်းနဲ့ ပတ်သက်ပြီး မြန်မာလူငယ်နှစ်ယောက်အရေး လိုက်ပါဆောင်ရွက်ပေးနေ တဲ့ ရှေနေဦးအောင်မျိုးသန်းကို မေးကြည့်တော့ သူတို့အဖွဲ့နဲ့ တွေ့တုန်းကတည်းက ရင်ဘတ်နာနေတယ်လို့ ပြောခဲ့တယ်။ ဖမ်းဆီးပြီး စစ်ဆေးတုန်းက ထိုင်းရဲက ရင်ဘတ်ကို ကန်ခဲ့တာကြောင့်လို့ ပြောတဲ့အကြောင်း ဦးအောင်မျိုးသန်းက ပြောပါတယ်။
အခုအခါ မြန်မာလူငယ်နှစ်ယောက်ရဲ့ လုံခြုံရေးအရ မိဘဖြစ်သူတွေကလွဲပြီး ကျန်သူတွေနဲ့ အတွေ့မခံတော့ဘူးလို့လည်း သိရပါတယ်။
မြန်မာလူငယ်နှစ်ယောက်အရေးနဲ့ ပတ်သက်လို့ ဖွဲ့ထားတဲ့ မြန်မာပြည်ကရောက်လာမယ့် ပြည်ထောင်စုအဖွဲနဲ့ တွေ့ဆုံဆွေးနွေးကြဖို့ သူတို့အဖွဲ့ပြင်ဆင်နေကြပြီလို့လည်း ဦးအောင်မျိုးသန်းက ပြောပါတယ်။
ရှေ့နေ ဦးအောင်မျိုးသန်းကို ဒီဗွီဘီဝိုင်းတော်သား ဦးရွှေအောင်က ဆက်သွယ်မေးမြန်းထားပါတယ်။