Monday, October 13, 2014

ထိုင်းစစ်တပ် သိပ်မုန်းတဲ့ သင်္ကေတ

နံမယ်ကြီး နတ်ကော်န် ချွန်ဖူးချက် မြန်မာလူမျိုးဘက်မှ ရှေ့နေ လိုက်ပေးဘို့ ရွေးချယ်


လင်းယုန် မာန်

13.10.2014 (ဘန်ကောက်ပို့စ် မနက်ပိုင်း)
လူ့အခွင့်ရေးဆိုင်ရာက ထိုင်း ရှေ့ နေ ကောင်စီ ၏ နံမယ်ကြီး နတ်ကော်န် ချွန်ဖူးချက် ( Nakon Chomphuchat) ကို ကော့တောင် လူသတ်မှု နှင့်ပက်သက်ပြီး မြန်မာလူမျိုးဘက်မှ ရှေ့နေ လိုက်ပေးဘို့ ရွေးချယ်ထားကြောင်း၊
နတ်ကော်န် ချွန်ူးဖူချက်မှလည်း သူဟာ ဒီအမှုကို လိုက်ခွင့်ရမယ်ဆိုရင် လူငယ် ၂ယောက်ရဲ့ အခြေနေကို စစ်ဆေးမယ်။ ရဲတွေ ဒီအမှုကို ဘယ်လို စစ်ဆေးခဲ့လည်း သူသေချာ ပြန်ကြည့်မယ် လို့ ပြောသွားပါတယ်။ ထိုင်းရဲတွေက ရှေနေ့မပါပဲ အကြိမ်ကြိမ် စစ်ဆေးခဲ့တဲ့ အပြင်
မြန်မာလူငယ်၂ ယောက်က ရှေ့နေ မလိုချင်ဘူးလို့ ရဲတွေက ပြောနေဆဲပဲ ဖြစ်တယ်လို့ သူကထပ်ပြောသွားပါတယ်။
CRCF အပါအ၀င် NGO တော်တော်များများကလည်း ဒီအမှုမှာ စိတ်ဝင်တစား ရှိကြသလို သူနဲ့ သူ့ ရှေနေ အဖွဲ့လည်း ဒီအမှုမှာ ပါဝင်ကူညီသွားမည် ဖြစ်သည်။

ကြိုတင်သက်သေထွက်ချက်ယူခြင်းကိုမနက်ဖန် ကော့စမွီတရားရုံးမှာပြုလုပ်မယ်



Tin Tin Cho‎

မနက်ဖန် ၁၄.၁၀.၂၀၁၄ နေ့ မနက် ၈နာရီခွဲမှာ ကော့တောင်(လိပ်ကျွန်)လူသတ်မှုအတွက် ကြိုတင်သက်သေထွက်ချက်ယူခြင်းကို ကော့စမွီတရားရုံးမှာပြုလုပ်ပါမယ်။ ဒီအမှုကို တရားလိုအဖြစ်စွဲချက်တင်မယ့် အစိုးရဥပဒေအဖွဲ့က တရားလိုပြသက်သေအဖြစ် မြန်မာအလုပ်သမား(၃)ဦးတင်ပြမှာဖြစ်ပြီး၊ ဒီအလုပ်သမား(၃)ဦးဟာ အမှုမှာအရေးကြီးတဲ့သက်သေတွေဖြစ်ကြသလို ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြတဲ့အတွက် သက်သေထွက်ချက်မပေးခင်မှာ အခြယးနေရာကိုရွှေ့ပြောင်းသွားမှာစိုးရိမ်လို့ အခုလို အမှုစွဲချက်မတင်ခင် တရားရုံးမှာ ကြိုတင်သက်သေထွက်ချက်ယူတယ်ရခြင်းဖြစ်ကြောင်း အစိုးရဥပဒေအရာရှိက အကြောင်းပြပါတယ်။
အစိုးရသက်သေအဖြစ် ၁။ နိုင်မောင် (ခ) မောင်မောင် ၂။ အောင်လင်းဇော် (ခ) လင်းလင်း ၃။ မောင်နီနီအောင် လို့ ဖေါ်ပြထားပါတယ်။ ဒါကြောင့် မနက်ဖန်မနက် ၁၀နာရီမှာ ကော့စမွီတရားရုံးမှာ စွဲချက်တင်မယ့် အစိုးရဥပဒေအဖွဲ့၊ အစိုးရသက်သေ(၃)ဦး၊ အစွပ်စွဲခံ မောင်ဇော်လင်းနှင့် မောင်ဝင်းဇော်ထွန်း ၊ အစွပ်စွဲခံဘက်မှလိုက်ပါဆောင်ရွက်ပေးမယ့်ထိုင်းရှေ့နေနဲ့ ထိုင်းရှေ့နေများကောင်စီမှရှေ့နေတို့က တရားရုံးမှာ ရှိကြပါမယ်။ ဒီကြိုတင်သက်သေထွက်ချက်ပေးခြင်းတို့ကို မည်သူမဆို တရားရုံးသို့လာရောက်နားထောင်နိုင်ပါတယ်။ MWRN/ HRDF/ CrCF အဖွဲ့များနဲ့အတူ ထိုင်းလူ့အခွင့်အရေးကော်မရှင်တို့ကလည်း အောက်တိုဘာ၁၀ရက်နေ့ကတည်းက ကော့စမွီကျွန်းကိုသွားရောက်ပြီး ဒီအမှုအတွက် လိုအပ်သည်များကိုလိုက်ပါဆောင်ရွက်ပေးနေပါတယ်။

မြန်မာသံရုံး၊ ဗြိတိန်သံရုံးနှင့် ထိုင်းဘုရင့် ရဲတပ်ဖွဲ့တို့ သုံးပွင့်ဆိုင်တွေ့ဆုံမည်




လိပ်ကျွန်းလူသတ်မှု ကိစ္စ ဘန်ကောက်ရှိ မြန်မာသံရုံး၊ ဗြိတိန်သံရုံးနှင့် ထိုင်းဘုရင့် ရဲတပ်ဖွဲ့တို့ သုံးပွင့်ဆိုင်တွေ့ဆုံမည်
13 October 2014 19:23(+0630) (လွန်ခဲ့သော 2 နာရီ ခန့်က)

လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ မကြာခင်ရက်ပိုင်း အတွင်းတွင် ဘန်ကောက်ရှိ မြန်မာသံရုံး၊ ဗြိတိန်သံ ရုံး၊ ထိုင်းဘုရင့် ရဲတပ်ဖွဲ့ တို့ သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး အကြီး တန်း အရာရှိ တစ်ဦး ကပြောသည်။

"သေဆုံးတဲ့ ဗြိတိန်နိုင်ငံသား(၂)ဦး၊ ပြစ်မှုကျူးလွန်တယ်လို့ သံသယ ဖြစ်ခြင်းခံရထားသူ မြန်မာနိုင်ငံသားဖက်၊ အိမ်ရှင်ထိုင်းနိုင်ငံကတာ ၀န်ရှိသူတွေ ယခုလို တွေ့ဆုံခြင်းဟာ တရားမျှတပြီး မှန်ကန်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ၊ တရားဥပဒေစိုးမိုးရေး ဆောင်ရွက် ချက်တွေ ဖြစ်ပေါ်စေ မယ်လို့အပြည့်အ၀ ယုံကြည်ပါတယ်"ဟု ယင်းအကြီးတန်းအရာရှိကပြောသည်။

ထိုင်းနိုင်ငံ တာဝန်ရှိသူများအနေဖြင့် နိုင်ငံ(၃)နိုင်ငံ ဆက်နွယ်ပတ်သက်နေသော ယခုကိစ္စကို ပြစ်မှုကျူးလွန်သူများအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး၊ ပြစ်မှုကျူးလွန်ခြင်း မရှိသူများကို မှားယွင်းအရေးယူမှု မရှိစေရေးအတွက် တရားမျှတမှု ရှိရှိ၊ မှန်မှန်ကန်ကန် တိတိကျကျ ကိုင်တွယ် ဖြေရှင်းဆောင်ရွက်မည် ဟု မျှော်လင့်ထားကြောင်း၊ သုံးပွင့်ဆိုင် တွေ့ဆုံမှုမှ ထိုင်းနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးကို တစ်စုံတစ်ရာ ထိခိုက်စေခြင်း မရှိဘဲ ပါဝင်ပတ်သက်သည့် နိုင်ငံများအကြား နားလည်မှု၊ ယုံကြည်မှု ရှိစေရေးအတွက် မည်သို့ ပူးပေါင်းဆောင်ရွက်နိုင်မည်ကို နည်းလမ်းများ ရှာဖွေတွေ့ရှိမည် ဟု မျှော်လင့်ကြောင်း အဆိုပါ အကြီးတန်းအရာရှိကြီးက ပြောကြားသည်။

ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းတွင် ဖြစ်ပွားခဲ့သော လူသတ်မှုကို သံသယဖြစ်ကာ အဖမ်းခံထားရသော မြန်မာနိုင်ငံသားလူငယ်နှစ် ယောက်၏ မိဘများမှာ ရခိုင်ပြည်နယ်မှ ရန်ကုန်ကို ရောက်ရှိနေပြီး ထိုင်းနိုင်ငံရှိ အလုပ်သမားများဆိုင်ရာ အကူ အညီပေးရေးနေသောအဖွဲ့(ထိုင်းနိုင်ငံ ပညာရေးနှ င့် ဖွံ့ဖြိုးတိုးတက်ရေး FED)၊ ရခိုင်အမျိုးသား ကွန်ရက်တို့ ၏အကူအညီဖြင့် ထိုင်းနိုင်ငံကို သွားရောက်ရန် ပြင်ဆင်နေကြကြောင်း ၊ထိုင်းနိုင်ငံ ကို မသွားမီကာယကံရှင်များ၏ မိဘများက မီဒီယာ များရှေ့တွင် အောက်တို ဘာ ၁၄ ရက်နေ့တွင် သတင်းစာရှင်းလင်းပွဲ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လူသတ်မှုနှင့်ပတ်သက်၍ ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော်၌ အရေးကြီးအဆို တင်သွင်းကာ ဆွေးနွေးခဲ့ရာအဆိုကို ကန့်ကွက်သူမရှိ အတည်ပြုခဲ့သောကြောင့် အမျိုးသား လွှတ်တော် အနေဖြင့်၎င်းလူသတ်မှုကိုတရားမျှတမှုရှိစေရန် ထိုင်းလွှတ်တော်သို့ ဆက်သွယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မေငယ်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မြန်မာလူငယ် ၂ ဦးကို နောက်ထပ် ပြစ်ချက်တစ်ခုထပ်မံဖြည့်စွက်


ထိုင်းတောင်ပိုင်း ဆူရတ်ဌာနီခရိုင် ခိုတောင်ကျွန်း (လိပ်ကျွန်း) က ဗြိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ အမှုတွဲကို သက်ဆိုင်ရာရှေ့နေများကောင်စီက လက်ခံလိုက်ပြီး တရားရုံးကို တင်တော့မယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
သက်ဆိုင်ရာရဲတပ်ဖွဲ့က အမှုတွဲကို ထပ်မံပေးပို့ရာမှာ အားနည်းချက်တွေ မတွေ့ရတော့တဲ့အတွက် အောက်တိုဘာ ၁၄ ရက်နေ့ကျရင် ကော့ဆမွီခရိုင်တရားရုံးကို ပေးပို့ မယ်လို့ ကော့ဆမွီခရိုင်အစိုးရရှေ့နေချုပ် နိုင်းထ၀ပ်ချိုင်း ဆိန်ကျိုင်က ပြောကြောင်း ချနယ် ၇ ထိုင်းရုပ်သံသတင်းမှာ ဖော်ပြပါတယ်။
01-300x209အမှုတွဲတည်ဆောက်တဲ့ ထိုင်းရဲတွေဟာ လူသတ်တရားခံအဖြစ် စွပ်စွဲဖမ်းဆီးခံ ထားရတဲ့ မြန်မာလူငယ် ၂ ဦးကို အောက်တိုဘာလ ၁၁ ရက်နေ့က ထပ်မံ စစ်ဆေးမေးမြန်းခဲ့ပြီး အမှုခိုင် လုံအောင် နောက် ထပ် ပြစ်ချက်တစ်ခု ထပ်မံဖြည့်စွက် လိုက်တာ ဖြစ်ပါတယ်။
စစ်ဆေးမေးမြန်းချက်ကို တရားခံတွေက ကျူးလွန်ကြောင်း ၀န်ခံခဲ့တဲ့အတွက် ပုဒ်မ ၂၈၉ (၇) အရ မိမိကျူးလွန်ထားတဲ့ အမှုကို ဖုံးကွယ်တဲ့အနေနဲ့ တပါးသူကိုပူးပေါင်းသတ်ဖြတ်တဲ့ အမှုနဲ့ ထပ်မံစွဲဆို လိုက်တယ်လို့ အမှတ် ၈ တိုင်းဒေသရဲတပ်ဖွဲ့ ဒုရဲမှူးချုပ် ပရ၀င်း ဖုန်းဆီရင်းက သတင်းထောက်တွေကို ပြောပါတယ်။
ဒီအမှုတွဲကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၇ ရက်နေ့ကလည်း ကော့ဆမွီခရိုင် အစိုးရရှေ့နေများကောင်စီကို တကြိမ် ပေးပို့ခဲ့ပေမယ့် ခရိုင်ရှေ့နေဘက်က အမှုတွဲ မခိုင်လုံလို့ ပြန်ပို့ခဲ့ရာက အမှုခိုင်လုံအောင်တည်ဆောက်တဲ့အနေနဲ့ ခုလိုပြစ်ချက် ထပ်မံဖြည့်စွက်လိုက်တာ ဖြစ်ပါတယ်။
အခုလို စွဲချက်တွေ ထပ်မံဖြည့်စွက်လိုက်တာကြောင့် ခိုတောင်ကျွန်းက မြန်မာအလုပ်သမား ဝင်းဇော်ထွန်းနှင့် ဇော်လင်းဦးတို့ ၂ ဦးဟာ လူသတ်မှု၊ မုဒိန်းကျင့်မှု၊ ညအမှောင်မှာ ပစ္စည်းခိုးယူမှု၊ ထိုင်းနိုင်ငံထဲ တရားမ၀င် ၀င်ရောက်နေထိုင်မှု၊ စုစုပေါင်း စွပ်စွဲချက် ၅ မှုနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ပြည်တွင်းပြည်ပ လူမှုကွန်ရက်စာမျက်နှာတွေမှာရော၊ ထိုင်းနိုင်ငံက မှုခင်းဆေးသိပ္ပံပညာရှင် ဒေါက်တာ ဖွန်းထစ်ကပါ ဒီအမှုဟာ ဖုံးကွယ်ထားတဲ့ အမှုလို့ ပြောဆို သုံးသပ်ထားပြီး ထိုင်းရဲတပ်ဖွဲ့ဟာလည်း သံသယမေးခွန်းပေါင်းများစွာနဲ့ ရင်ဆိုင်နေရပါတယ်။
မြန်မာအလုပ်သမား လူငယ် ၂ ဦးအတွက် တရားမျှတမှုရှိစေဖို့ ထိုင်း-မြန်မာသံရုံးနဲ့ ထိုင်းရောက်မြန်မာလူမှုအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကလည်း တဘက်တလမ်းကနေ ဆောင်ရွက်နေပါတယ်။
လောလောဆယ် ထိုင်းရှေ့နေ ၂ ဦးနဲ့ မြန်မာရှေ့နေ တဦး ပေါင်း ၃ ဦးတို့ရှိပြီး မနက်ဖြန်မှာ ကော့ဆမွီသွားဖို့ ပြင်ဆင်နေတယ်လို့ ထိုင်းရောက်မြန်မာနိုင်ငံသားများအဖွဲ့ချုပ် ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က ဒီဗွီဘီကို ပြောပါတယ်။
“ထိုင်းရှေ့နေများကောင်စီကတော့ တရားရုံးကို တင်လိုက်ပြီဆိုရင် သူတို့က အစိုးရရှေ့နေအနေနဲ့ စစ်ဆေးမယ့်သူပါ။ ကျနော်တို့ ဘက်ကတော့ ထိုင်းရှေ့နေတွေ ပူးပေါင်းအဖွဲ့တွေ ပါဝင်ပြီးတော့ တရားခံဘက်က ခုခံကာကွယ်မယ့်အဖွဲ့ပါ။ သူတို့က အရင်ကတည်းက လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ စွမ်းစွမ်းတမံဆောင်ရွက်ပေးခဲ့တဲ့ သာဓကတွေရှိပါတယ်။ ဥပမာလွန်ခဲ့တဲ့ ၅ နှစ်လောက်က မြန်မာအမျိုးသမီး ၂ ယောက် မုဒိမ်းကျင့်ခံရတဲ့ ကိစ္စမှာ သူတို့ ဆောင်ရွက်ပေးခဲ့တယ်။ ကျနော်တို့နဲ့ ပူးတွဲဆောင်ရွက်လာတဲ့ လေးငါးနှစ်တွင်းမှာ အမှန်ဘက်ကနေရပ်တည်ပေးခဲ့တယ်။”
မြန်မာလူငယ် ၂ ဦးဘက်ကနေ လျှောက်လဲချက်ပေးမယ့် ထိုင်းရှေ့နေ ၂ ဦးမှာ ခွန်ထနွန် ကချုပ်နဲ့ ခွန်ချည်တို့ ဖြစ်ကြပြီး ယခင်ကလည်း မတရားမှုတွေကို လူမျိုးဘာသာမခွဲခြားဘဲ လိုက်လံဆောင်ရွက်ပေးတဲ့ အတွေ့အကြုံတွေ ရှိတယ်လို့ ဦးအောင်မျိုးသန့်က ဆက်ပြောပါတယ်။
မြန်မာအလုပ်သမား လူငယ် ၂ ဦး အတွက် တရားမျှတမှုရှိစေဖို့ မြန်မာသံရုံး အပြင် ၊ ထိုင်းရောက်မြန်မာလူမှုအဖွဲ့အစည်းတွေ၊ လူ့အခွင့်အရေးအဖွဲ့အစည်းတွေနဲ့ အလုပ်သမားအရေးဆောင်ရွက်တဲ့အဖွဲ့တွေကလည်း တဘက်တလမ်းကနေ ကူညီ ဆောင်ရွက်ပေးနေပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာသံရုံး၊ ဗြိတိသျှသံရုံး နဲ့ ထိုင်းရဲတပ်ဖွဲ့က တာဝန်ရှိသူတွေဟာ ထိုင်းနိုင်ငံဘန်ကောက်မှာ အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ပိုင်း တွေ့ဆုံဆွေးနွေးမယ်လို့ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ဒီဗွီဘီကို ပြောပါတယ်။
( DVB သတင်းဌာန)

ကိုယ့်လူမျိုး အန္တရာယ် ဖြစ်မယ့်ကိစ္စ ချစ်ကြည်ရေးနဲ့ မလဲနိုင်

ဗမာပြည်က Highway


Phyu Phyu's photo.

လက်ထိပ်ခတ်ပြီး အမျိုးသမီး ကိုရိုက်တာရဲကျင့်ဝတ်တဲ့လား။



Mya Khwar Nyo
ဘာကြောင့် ပုဒ်မ ၄၃၆ ကိုပြင်သင့်သလဲ

မြိတ်မြို့မှာ 26.6.2014 ရက်နေ့က တရားရုံးရှေ့ တွင်ဖြစ်သွားတဲ့ မတရားမှု ။
ဖြစ်ပုံကတော့ဒီလိုပါ။ တရားရုံးအရှေ့မှာ တရားခံလို့ သတ်မှတ်ခံရခြင်းမရှိသေးတဲ့ အမျိုးသမီးတစ်ဦးကို ရဲတွေက အတင်းအဓမ္မ ဖမ်းပြီးရိုက်သတဲ။့ ဒီလိုရိုက်ခွင့်ရှိလား လက်ထိပ်ခတ်ပြီး အမျိုးသမီး ကိုရိုက်တာရဲကျင့်ဝတ်တဲ့လား။ ဒီအမျိုးသမီးက (၄၂၀) ကို
ကျူးလွန်သူတဲ့ ဒီအမှုကက လူသတ်မှုဓါးပြမှုမို့လို့အခုလိုလူရှေ့သူရှေ့ ရိုက်ကြတာလား။ ဥပဒေက တရားဝင်ရိုက်ခွင့်ပေးထားတာလား။ ရိုက်တဲ့သူထဲမှာ ရဲမဟုတ်တဲ့ အမျိုးသမီးတစ်ဦးတောင်ပါသေးတယ်လို့သိရတယ်။
ရိုက်တဲ့ရဲက ဒုရဲအုပ် ကျော်ဝင်း တဲ့။အမျိုးသမီးရဲမေတစ်ဦးဖြစ်တဲ့ ဒေါ်ခင်မေသန်းကိုမေးတော့ အထက်အမိန့်အရ လုပ်ရတာတဲ့။
့တရားရုံးအချုပ်ခန်းထဲရောက်တော့မှ အချုပ်တံခါးပိတ်ပြီးဝိုင်းရိုက်ကြတာ အရိုက်ခံရတဲ့
ဒေါ်ဝင်းဝင်းသန်း ခမျာ လက်တွေအရိုးအက်ပြီး ဆေးရုံသွားပြတော့လည်း ရဲအမှုမို့ လက်မခံရဲဘူးတဲ့။ဒီကြားထဲ ခရိုင်ဥပဒေရုံးက တယောက်ကလည်းဒီအမှုကိုတိုင်ရင် အမှုပိုကြီးမယ်လို့ခြိမ်းခြောက်သတဲ့
တာဝန်ရှိတဲ့ သူတွေကိုယ်တိုင်က တရားဥပဒေ ကိုချိုးဖေါက်နေတဲ့အဖြစ် ။
အခုလို တရားဥပဒေရဲ့အထက်မှာတစုံတယောက်ရှိနေတဲ့အဖြစ်
ဥပဒေကိုလက်တလုံးခြားလှည့်စားခံနေရတဲ့အဖြစ်တွေနောက်ထပ်မဖြစ်ရဖို့ ပုဒ်မ ၄၃၆ ကိုပြင်ကြပါစို့။

ထိုင်းတောင်ပိုင်းအပန်းဖြေကျွန်းတွေမှာ ဒုစရိုက်သမားတွေကို သတိထားဖို့ ဗြိတိန်သတိပေး


ထိုင်းနိုင်ငံမှာ နိုင်ငံအခြေအနေဟာ ခန့်မှန်းရခက်ခဲပြီး တခါတရံ ဆူပူမှုတွေ ဖြစ်ပွားလေ့ရှိကြောင်း၊ ဗြိတိန် နိုင်ငံသားတွေအပါအဝင် အနောက်နိုင်ငံသား ခရီးသွားတွေကို ထိုင်းတောင်ပိုင်း ကျွန်းစုတွေဖြစ်တဲ့ ခိုဆမွေ၊ ခိုဖငံ၊ ခိုထောင်ကျွန်းစုတွေမှာ အကြောင်းမရှိဘဲ ရန်လိုရက်စက်တတ်တဲ့ ဒုစရိုက်သမားတွေနဲ့ ဒုစရိုက်ဂိုဏ်းတွေက မကြာခဏ တိုက်ခိုက်တာတွေရှိနေတဲ့အတွက် သတိထားကြဖို့ ဗြိတိန် အစိုးရက မနေ့က သတိပေးလိုက်ပါတယ်။
.
၂ဝ၁၃ ဇန်နဝါရီက ခိုဖငံကျွန်းစု ပါတီပွဲတစ်ခုမှာ ဗြိတိန်နိုင်ငံသားတစ်ဦး သေနတ်ပစ်ခံရပြီး သေဆုံးခဲ့သလို ပြီးခဲ့တဲ့ စက်တင်ဘာလမှာလည်း ခိုထောင်ကျွန်းမှာ ဗြိတိန်နိုင်ငံသား ၂ ဦးအသတ်ခံခဲ့ရကြောင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ဓားပြမှုတွေဟာ ဒီကျွန်းစုတွေမှာ ဖြစ်ရိုးဖြစ်စဉ် ဖြစ်လေ့ရှိပြီး အထူးသဖြင့် မိုးရာသီ ညနက် ပါတီပွဲတွေမှာ ဖြစ်လေ့ရှိကြောင်း ဗြိတိန်နိုင်ငံခြားရေးဌာနရဲ့ အောက်တိုဘာ ၁၁ ရက်နေ့က ထုတ်ပြန်တဲ့ ခရီးသွားသတိပေးကြေငြာချက်မှာ ဖော်ပြထားပါတယ်။
.
ခရီးသွားတွေအနေနဲ့ ဟိုတယ်ခန်းတွေမှာ ဓားပြတိုက်တာကြုံရသလို ဒီကျွန်းတွေက အရက်သေစာတွေဟာလည်း တခြားမူးယစ်ဆေးဝါးတွေနဲ့ ရောနှောထားတတ်ကြောင်း၊ ညကလပ်နဲ့ အရက်ဆိုင်တွေမှာ လူစိမ်းတွေက တိုက်တဲ့ အရက်ဘီယာတွေကို သတိထားဖို့၊ အထူးသဖြင့် ခိုဆမွေ၊ ပတ္တရားနဲ့ ခိုဖငံမြို့တွေမှာ အတူချိန်းတွေ့ရာက ဖြစ်ပွားခဲ့တဲ့ မုဒိမ်းမှုတွေ အများအပြားရှိကြောင်းလည်း သတိပေးထားပါတယ်။
.
ဗြိတိန်အစိုးရသတိပေးချက်မှာ ထိုင်းမြန်မာနယ်စပ်တွေမှာ ထိုင်းရဲတပ်ဖွဲ့နဲ့ ၂ နိုင်ငံနယ်ခြားမှာရှိတဲ့ ဒုစရိုက်ဂိုဏ်းတွေနဲ့ မူးယစ်မှောင်ခိုတွေ ကျင်လည်ရာအရပ်ဖြစ်ပြီး မကြာခဏ ပစ်ခတ်မှုတွေလည်းရှိတဲ့ အတွက် ဗြိတိန်နိုင်ငံသားတွေအနေနဲ့ သတိထားသွားလာကြဖို့လည်း တိုက်တွန်းထားပါတယ်။
.
RFA

Sean McAnn လိပ်ကျွန်း မှာဘာဖြစ်ခဲ့လဲ


နောက်တစ်နေ့ မနက်ခင်း မှာ စောစော စီးစီး လိပ်ကျွန်း သဘောင်္ဆိပ်သို့ ထွက်ပြေး ခဲ့သူ Sean McAnn

Sean McAnna ဟာ စကော့တလန် နိုင်ငံသား ဖြစ်ပြီး လိပ်ကျွန်း ကိုရောက် နေတာ လူသတ်မူ့ မဖြစ်ခင် ၂ပတ် လောက်မှာပါ။ သူဟာ ဟိုတယ်မှာ အလုပ် လုပ်ဘို့နဲ့ လမ်းဘေးဂစ်တာတီး ပိုက်စံ တောင်းဘို့ အတွက် ရောက်ရှိခဲ့ခြင်း ဖြစ်ပါတယ် ။ မနေ့ ည ဘီယာဆိုင် မှာ ဘီယာ သောက် နေစဉ် ထိုင်း မာဖီးယား ၂ဦး ရောက်လာပြီး ၊ သူ့ကို Hannah Witheridge, 23, and David Miller, 24, လူသတ်မူ့ အကြောင်း မေးမြန်း ခဲ့ပါတယ် ။ ထိုသူ ၂ဦး မှ သူ့အား မင်းကိုယ့်ကို ကိုယ်ကြိုးဆွဲ ချ သေတာကို ငါတို့ ထိုင်ကြည့်မယ် ။ မင်းမလုပ်ဘူးဆို ငါတို့မင်းကို သတ်မယ် လို့ ပြောလိုက်ရာ Sean McAnna ဟာ ထွက်ပြေးခဲ့ပါတယ်။ထို မာဖီးယား ၂ဦးဟာ သူ့ကို လိုက်ဖမ်း ကြရာ၊ သူဟာ တစ်ညလုံး ဖွင့်တဲ့ စူပါ မားကတ် ရဲ့ ကောင်တာ အောက်မှာ ပုံးနေခဲ့ပါတယ် ။ မာဖီးယား ၂ဦး ဟာ သူ့ကို ရှာမတွေ့ ခဲ့ပါဘူး ။ ကောင်တာ အောတ်မှာ ပုံးနေစဉ် သူ့ရဲ့ ဖုန်းမှတဆင့် သူ့ ဖေ့ဘုတ်စာမျက်နှာမှာ ‘Thai Mafia are trying to kill me. Please help me.’ လို့ တင်လိုက်ပါတယ်။ အီတလီ မှသူ့ရည်းစား၊ စကော့တလန်မှ မိခင် တို့အား လဲ ဖုန်းခေါ် ပြီး သူသာ သေခဲ့ရင် ဘယ်သူလဲဆိုတာ သိစေချင်ကြောင်း နှင့် Hannah Witheridge, 23, and David Miller, 24, တို့အား မုဒိမ်းကျင့် သတ်ဖြတ်ခဲ့သူဟာ ထို ထိုင်းမာဖီးယား ၂ဦး ဖြစ်ကြောင်း ကို ပြောခဲ့ပါတယ်။ သူဟာ ထို ညဈေး ကောင်တာ နောက်မှာ ပုန်းနေခဲ့ပါတယ်။ ကြောက်ရွံ့စွာ ဖြင့် ထိုင်းရဲ ကို ဖုန်းဆက်ခေါ် လိုက်ပါတယ်။ ထိုင်းရဲတွေ ရောက်လာစဉ် မာဖီးယား ၂ဦး ဟာ ထွက်ပြေး သွားပြီး သူ့အား ရဲများမှ တည်းခိုရာ ဟိုတယ် သို့ပို့ဆောင် ပေးခဲ့ပါတယ် ။ သို့သော် သူ တည်းခို ရာကို သိနိုင်မည် ဟု စိုးရိမ်ပြီး သူဟာ တောထဲကို ပြေးပြီး ပုံးရှောင်ပြန်ပါတယ်။ သူ့အား မြင်မှာစိုးရိမ်ပြီး နာရီဝက် တစ်ခါ နေရာပြောင်း ပြီးတောထဲမှာ ပုန်းခို ခဲ့ပါတယ် ။ ထိုသို့ ပုန်းခိုနေစဉ် အတွင်းမှာ လဲ အင်္ဂလန် သံရုံး နှင့် ဖုန်း ကြာစွာ ပြောခဲ့ပါတယ်။ သံရုံးမှ အကူအညီ ချက်ချင်း မပေးနိုင်ခဲ့ ပါဘူး။ ထိုကျွန်း သေးသေးလေး ကို အရောက်လာကူ ဘို့ အင်အား မရှိခဲ့ခြင်းကြောင့်ပါ။တစ်ညတည်းမှာ ၂ခါပုန်းရှောင် ခဲ့ရသူ Sean McAnna ပြောပြ လိုက်တာ ကတော့ " They needed someone to pin he said, because they didn’t want the killers to be locals."
‘They want it to be a Westerner, so if I kill myself here, if I hang myself here, then it’s easy to say “See, it was him.”’
ထိုမာဖီးယား တွေက လူသတ်သူ ဟာ ထို ကျွန်းသား မဖြစ်စေချင်တာကြောင့် လှည့်စားကွက် လုပ်ရန်၊ လူသတ်သူ ဟာ အနောက်တိုင်းသား ဖြစ်စေချင် တာရယ်၊ သူ့အား ကိုယ့်ကိုကိုယ် စွဲကြိုး ချ သေခိုင်း ခြင်းဟာ ၊လူသတ်မူ့ ကြောင့်ပါလို့ လွယ်လွယ်လေး သူ့အား အပြစ် ပုံချ ဘို့ အတွက် ဖြစ်ပါတယ် လို့ပြောခဲ့ပါတယ်။ They had acted too slowly, he said, and had failed to seal the crime scene allowing people to trample over it and destroy much of evidence that might be there။။ ထို့အပြင် ဒီလူသတ် သမား အစစ်ကို ရှာဘို့ ထိုင်းရဲ တွေ အတွက် မလွယ်ကူ တော့ပါဘူး ။ ရဲများ ရဲ့ နှေးကွေးစွာ လုပ်ဆောင်မူ့ နှင့် သက်သေ ပစ္စည်းများစွာ လဲ ပျောက်ဆုံးခဲ့ခြင်း ကြောင့်ဖြစ်ပါတယ် လို့Sean McAnna က ဖြည့်စွက် ပြောလိုက်ပါတယ် ။Sean McAnna ဟာ သေဆုံးသူ Miss Witheridge and Mr Miller.တို့ကို အသတ်မခံ ရစဉ် ၌ ပါတီ လုပ်တဲ့ နေရာ တွေမှာ တွေ့ကြုံ ခဲ့ဘူး သူ ဖြစ်ပါတယ်။
******စဉ်းစား စရာကတော့ ထိုကျွန်းကို ခရီးသွား အပျော်ရှာ သူများ မလာတော့မည် ကို စိုးရိမ် မိသော မာဖီးယား တို့ ဟာ မိမိ ကျူးးလွန်မူ့ ကို ရဲနှင့် ပေါင်းပြီး လုပ်ကြံ ဇတ်လမ်း ခင်းလိုက် ခြင်းပင်။*********

seanmcanna WROTE
@csi la, I don't have a means of contacting you directly. I deleted Facebook and I'm not giving out my email address or phone number.
The cut was from my bike, so was the burn on my leg. I don't know why that's hard to understand. I've said it enough times. In any case, if it needs to be proven I can use video evidence from a bar I went to on the 10th and 11th. But they don't want the attention of plastic detectives or bad custom ruining their bar. Main thing is, it's provable. And the police took the blood from my guitar and my bag, which matched my DNA (I had everything on when I came off the bike, hence why they had blood on them). After the crash I went straight to the dive shop I was going to be working with and they seen it too (they had to sort my accommodation as part of the course)
Also, to the other username guy: I spoke to the Sunday mail. They haven't put anything up yet, but the full conversation was about what happened the night I got chased to the shop, and why the accusations are being thrown my way. I've also mentioned that no one believes it was the 2 Burmese guys and anyone would be stupid to even consider it.
But listen to me. You don't know me. You don't know how this has affected me. You are wrong about me. So think about what that means to tell someone that they've murdered their friend, or that they're holding something back which could help the family get past it or save two lives. I'm devastated mate. But no, I'm not scared for my life. I'm in Europe in a flat with a job and a girlfriend. If I had anything worth saying I would say it. Again, the papers misconstrued my comments disastrously. I've done nothing wrong and although I want people to keep pushing on this case to get it solved, I also want people to have a bit of consideration and ask themselves "what if I'm wrong?" before insulting me on a place where my mother and sisters can read your spiteful little comments.
Thank you.