Sunday, October 19, 2014

ထိုင်းနိုင်ငံနိုင်ငံခြားသားခရီးသွားစပိဘုတ်နဲ့ ငါးဖမ်း လှေတိုက်မှု့ဖြစ်၂ဦးပျောက်နေ



၁၉.၁၀.၂၀၁၄

ထိုင်းနိုင်ငံဖန်ငါးခရိုင် ကော့ရောင် ကျွန်းအနီးပင်လယ်ပြင်တွင် စပိဘုတ်နဲ့ ငါးဖမ်း လှေတိုက်မှုယနေ့ညနေတွင်ဖြစ်ပွါးခဲ့ပါသည်
စပိဘုတ်မှနိုင်ငံခြားသားခရီးသွားတရုတ်နိုင်ငံသား၃၁ဦး၊ အင်္ဂလန်နိုင်ငံသား၂ဦး၊ကိုးရီးယားနိုင်ငံသား၎ဦးနှစ်ရေယဉ်မောင်း၁ဦး၊ယဉ်နောက်လိုက်၂ဦး ဘာသာပြန်(ဂိုက်)၂ဦး လိုက်ပါလာသည်၊ခရီးသွားအများစုမှာ လက်ကျိုး၊ခြေကျိုး၊ဦးခေါင်းကွဲဒါဏ်ရာရသူများ အများအပျားရှိပါကြောင်းနှစ် ထိုင်းတပ်မတော်ရေမှကယ်ဆယ်ရေးပြုလုပ်ပေးနေပါသည်၊ဒါဏ်ရာရသူများကို ပူကက်မြို့ရှိဆေးရုံးများသို့ပို့ဆောင်ကုသပေးနေပါသည်
နောက်ဆုံးသတင်းအရ ကိုးရီးယားနိုင်ငံသား၂ဦးပျောက်နေပါကြောင်သိရသည်။

Nga Phwa Kawthaung

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ၏ ကိုကိုစိတ်ကူး.

ကားနံပါတ်ဆင်တူနှစ်စီးဘေးချင်းကပ်ရပ်

ရဲတွေက လမ်းကြောင်း ကြေးယူပြီး Taxi ကားနဲ. တရားရုံးမှာရုံးလာထွက်



တရားခံအဖြစ် တရားရင်ဆိုင်နေရတာတောင် အချုပ်ကားမစီးပဲ
Taxi ကားနဲ. အင်းစိန်ထောင်ကနေတရားရုံးကိုလာတယ်ဆိုတာမျိုး
ဘယ်လိုဆောင်ရွက်ချက်မျိုးလဲဆိုတာ မသိလို.
တာဝန်ရှိသူများကို မေးပါရစေ။
================================================
လွန်ခဲ့တဲ့ ( ၂၆-၈-၂၀၁၄ ) ရက်နေ.က မော်ဒယ်အေးချမ်းမြတ်မိုးဆိုတဲ့ မိန်းခလေး
တစ်ယောက်ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို.နယ်၊ ဦးဝိစာရအိမ်ယာမှာ
လည်ပင်းကို ရက်ရက်စက်စက် ဓါးဖြင့်ထိုးသတ်မှုတစ်ခုဖြစ်ခဲ့တာ ပြည်သူတွေ
သတင်းမီဒီယာတွေမှာ ဖော်ပြချက်နဲ.ကြားသိကြမှာပါ။
အဆိုပါ လူသတ်မှုအတွက် တရားခံအဖြစ် လူသတ်လက်နက်နဲ.အတူ ရပ်ကွက်နေ
ပြည်သူများဝိုင်းဝန်းဖမ်းဆီးပေးလိုက်ကြတဲ့ တစ်တိုက်တည်းနေထိုင်သူ အံဖြိုးပိုင်
ဆိုတာလည်း သိကြမှာပါ။
ယခု အဆိုပါအမှုအတွက် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်တရားရုံးမှာ
ပုဒ်မ(၃၀၂)ဖြင့် ( ၂-၁၀-၂၀၁၄) ကတစ်ကြိမ်၊ (၁၆-၂၀-၂၀၁၄) ကတစ်ကြိမ်စတင်
စစ်ဆေးနေပါပြီ ။
အမှုသွားအမှုလာဖြစ်စဉ်အရ အပြစ်ရှိသည် မရှိသည်မှာ တရားစီရင်ရေးအဆုံး
အဖြတ်ပါ။ဒါပေမယ့် တရားခံအဖြစ် စွပ်စွဲခံထားရသူ အံ့ဖြိုးပိုင်တစ်ယောက်
အင်းစိန်ထောင်ကနေ အများနည်းတူ အချုပ်ကားမစီးပဲ ရဲတွေက လမ်းကြောင်း
ကြေးယူပြီး Taxi ကားနဲ. တရားရုံးမှာရုံးလာထွက် ပြီးတော့လည်း Taxi ကားနဲ.
အင်းစိန်ထောင်ပြန်ဆိုလေတော့..................
တာဝန်ရှိသူများကို မေးပါရစေ
(၁) တရားခံများကို အင်းစိန်ထောင်အချုပ်မှ သက်ဆိုင်ရာတရားရုံးများသို. Taxi
ကားဖြင့် ခေါ်ဆောင်ခွင့်ရှိ- မရှိ၊ အခြားသော အချုပ်သားများနည်းတူ မဆောင်
ရွက်ပဲ ဘယ်လိုအကြောင်းကြောင့်၊ ဘယ်သူ.အမိန်.နဲ. အချုပ်တရားခံကို Taxi
ကားငှားစရိတ်အကုန်အကျခံပြီး ရုံးထုတ်ပေးနေပါသလဲဆိုတာ သိပါရစေ။
ကျော်စွာမြင့်
(၁၉၈၈-၁၉၉၂ ဗ.က.သ)
Tomorrow သတင်းဂျာနယ်

လူကောင်းယောင်ဆောင်ချင်သူများရဲ့ ဒုက္ခ



ကြက်ပြေးအစိုးရဟာ အခုအချိန်မှာ EITI အဖွဲ့ထဲဝင်ဖို့ အသားကုန်ကြိုးစားနေပါတယ်။ မနှစ်ကတည်းကလျှောက်ထားတာ။ အခု ပဏာမအဖွဲ့ဝင်ပဲရှိပါသေးတယ်။ အမြဲတမ်းအဖွဲ့ဝင်ဖြစ်ဖို့ ဆန်းစစ်ရမယ့်အချက်တွေကျန်ပါသေးတယ်။ ဗမာအစိုးရသေမတက်ဝင်ချင်နေတာ အကြောင်းရှိပါတယ်။ ဒီအဖွဲ့ထဲဝင်ရင် မရှိတဲ့ နိုင်ငံဂုဏ်သိက္ခာတက်လာမယ်။ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှုတွေ လှိမ့်ဝင်လာမယ်။

ခက်တာက EITI ဟာ သဘာဝသယံဇာတတွေကို ထုတ်ယူသုံးစွဲတဲ့တိုင်းပြည်တွေမှာ ပတ်ဝန်းကျင်အနေအထားမပျက်စီးအောင် ဘယ်လိုလုပ်ထားတယ်။ ဒေသခံပြည်သူတွေရဲ့ဆန္ဒမပါဘဲ မလုပ်တဲ့အကြောင်းတွေ၊ ဒေသခံပြည်သူတွေကို နဂိုရ်အခြေအနေထက် စီမံကိန်းတွေလုပ်လိုက်မှ တိုးတက်လာတယ်ဆိုတဲ့အချက်အလက်တွေ၊ သယံဇာတထုတ်လုပ်ရာမှာ ပါဝင်တဲ့ရှယ်ယာရှင်တွေရဲ့ အသေးစိတ်စာရင်းတွေ၊ ဒီသယံဇာတတွေကို ဘယ်သူကိုဘယ်လောက်နဲ့ရောင်းချတယ်၊ ဝင်ငွေပေါင်းဘယ်လောက်ရတယ်၊ အဲဒီဝင်ငွေတွေကို ပြည်သူ့အကျိုးအတွက် ဘယ်လိုသုံးစွဲခဲ့တယ်ဆိုတာတွေကို အသေးစိတ်တင်ပြအစစ်ခံရတာပါ။

အခု EITI ကိုဝင်ခွင့်ရဖို့ အစစ်ခံနေရတဲ့အခြေအနေမှာ ရှယ်ယာရှင်တွေကို တိတိကျကျမဖော်ပြလို့ ဒုက္ခတွေ့နေရပါပြီ။ ရေနံနဲ့ သဘာဝဓာတ်ငွေ့ထုတ်လုပ်တဲ့လုပ်ငန်းမှာ နိုင်ငံခြားကုမ္ပဏီတွေထည့်ဝင်တဲ့အစုတွေက ပြဿနာမရှိပေမယ့် ဗမာဘက်ကထည့်ဝင်တဲ့ အစုငွေတွေ ရှယ်ယာရှင်တွေကို အသေးစိတ်မဖော်ပြနိုင်တဲ့အတွက် ဒုက္ခတွေ့နေရတာပါ။ စစ်အစိုးရလက်ထက်ကတည်းက သဘာဝဓာတ်ငွေ့ကရတဲ့ငွေကို ဗမာပြည်စာရင်းထဲ တစ်ဒေါ်လာ ၆ ကျပ်ခွဲနဲ့ပြပြီး ကျန်တဲ့ဒေါ်လာသန်းထောင်ချီကို စစ်တပ်က နိုင်ငံခြားဘဏ်တွေမှာအပ်ထားခဲ့လို့ ဒေါ်လာ ၁၂ ဘီလျံကိစ္စကို သတင်းစာတွေကဖော်ထုတ်ခဲ့တာပါ။ အခု EITI ဝင်မယ့်အနေအထားမှာ အခုပြောတဲ့အချက်တွေက အဓိကကျနေတာမို့ လူကောင်းယောင်ဆောင်ချင်တဲ့ပုဂ္ဂိုလ်မှာ အမှုတွဲတွေတစ်သီကြီးနဲ့မို့ ရုန်းထွက်ဖို့ခက်နေပြီး နောက်နှစ်မှာဆုံးဖြတ်မယ့် EITI ဝင်ခွင့်တောင်ရပါ့မလားမသိပါ။

နောက်တစ်ခုက ကုလသမဂ္ဂတတိယကော်မတီမှာ ဗမာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေဟာ စစ်အစိုးရစတက်ကတည်းက အမြဲပြစ်တင်ရှုံ့ချခံနေရပြီး တကမ္ဘာလုံးက စိုးရိမ်စွာစောင့်ကြည့်နေခဲ့ရတဲ့ အနေအထားပါ။ အခုလည်း ၂၀၁၀ ကစပြီး ဗမာစစ်အစိုးရက အချိုးတွေပြင်နေပါပြီ၊ နောက်ကြောင်းပြန်မလှည့်ပါဘူး၊ ပြုပြင်ပြောင်းလဲမှုတွေက (မအောင်မြင်သော်လည်း) တတိယအဆင့်ရောက်နေပါပြီ၊ ငြိမ်းချမ်းရေးလည်းရအောင်လုပ်နေပါပြီဆိုပြီး တတိယကော်မတီရဲ့ အစီရင်ခံစာမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ နှစ်စဉ်အဆိုတင်သွင်းမှုကိုရပ်ဆိုင်းပေးပါဆိုပြီး EU ကို သမ္မတသုံးသိန်းစိန်က တောင်းဆိုနေပါတယ်။ မကြာသေးခင်ရက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကိုရီးယားအမျိုးသမီးက အဲဒီတတိယကော်မတီမှာ မြန်မာနိုင်ငံလူ့အခွင့်အရေးနောက်ဆုံးအခြေအနေကို ဗမာပြည်က သူပြန်သွားပြီးလပိုင်းအတွင်းမှာတင်လိုက်လို့ပါ။ အစီရင်ခံစာပါအချက်တွေက အရင်စစ်အစိုးရလက်ထက်တွေကအတိုင်း ထူးမခြားနားမို့ လူကောင်းယောင်ဆောင်ပြီး
အာရှ-ဥရောပထိပ်သီးအစည်းအဝေးကို အီတလီမှာတက်နေတဲ့ သမ္မတသုံးသိန်းစိန်က ငိုပြီးပြောနေရတဲ့အခြေအနေပါ။

တစ်သက်လုံးဆိုးလာတဲ့လူက ကောင်းသွားပြီဆိုရင် ကြေညာနေစရာမလိုပါ။ ပတ်ဝန်းကျင်ကသိပါတယ်။ အသိအမှတ်ပြုမှာပါ။ ဒါပေမယ့် လူဆိုးက လူကောင်းယောင်ဆောင်မယ်ဆိုရင်တော့မရပါ။ အဲဒါလည်း ပတ်ဝန်းကျင်ကသိပါတယ်။ သူဘာပြောနေနေ လူဆိုးအဖြစ်ပဲအသိအမှတ်ပြုတာပါ။ ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းမှာ ဓမ္မအတွက်ဆိုရင် အားမနာပါဘူး။ ဟန်ဆောင်ပြီးလည်း အသိအမှတ်ပြုမှာမဟုတ်ပါဘူး။
*****************************************
ကမ်းလွန် Photo- Ko Thi ha

လေးစားစွာဖြင့်

Ko Soe Win

လူသတ်အုပ်စု လို့  သံသယ ရှိသူတွေ နောက်မှာ ကြီးမားတဲ့ ထိုင်းနိုင်ငံရေး အုပ်စုကြီးတွေ ရှိ

U Htay Tint
လူသတ်အုပ်စု လို့  သံသယ ရှိသူတွေ
နောက်မှာ ကြီးမားတဲ့ ထိုင်းနိုင်ငံရေး
အုပ်စုကြီးတွေ ရှိနေတယ် ။
သေဆိုသေ ။ ရှင်ဆိုရှင် ။
လုပ်နိုင်တဲ့ သူတွေ ပါဝင် ပါတ်သက်စရာ တွေ
တနေ့ တခြား တွေ့ လာရတယ် ။



ထိုင်းက လွတ်လာပြီး မြန်မာပြည်မှာ အသတ်ခံရမဲ့ နောက်ကွယ်က လက်မဲကြီးတွေ ။
ထိုင်းနိုင်ငံ က လူသတ်ပြီး မြန်မာတွေ အစားထိုးတဲ့ အမှုကို ထဲထဲဝင်ဝင် မေးမြန်း စုံစမ်းရင်း
AC Bar အသိုင်းအဝိုင်းကို မြန်မာ အလုပ်သမားတွေ ဘယ်လောက်တောင် ကြောက်လဲဆိုရင်
လိပ်ကျွန်းပေါ်မှာ ရောင်းနေတဲ့ မြင်းဆေး နဲ့ ဘိန်အမျိုးမျိုးကို AC Bar က လူတွေ ရောင်းနေတာပါ ။ နောက်ပိုင်း လူမိုက်တွေ မွေးပြီး ဖြန့် ချီ ကြတယ် ။
ထိုင်းနိုင်ငံမှာ ရောင်းနေတဲ့ မူးယစ်ဆေးဝါးတွေက မြန်မာပြည်က ထုတ်လုပ်နေဆိုတာ သိလာပါတယ် ။
မြန်မာ ပြည်က မူးယစ်ဆေးဝါး ကုန်သည်တွေနဲ့  AC Bar အဖွဲ့ ဝင်တွေ အရမ်းကို ရင်းနှီးကြတယ်တဲ့ ။
သူတို့ မေးတဲ့ မေးခွန်းက ရိုးသားပါတယ် ။ မြန်မာ အစိုးရ ကို အားကိုးလို့ ရပြီလား ။


ကျန်းမာရေးချူခြာနေတဲ့ မြန်မာအမျိုးသမီးတဦးကိုထိုင်း နှစ်ဦးမှ မုဒိမ်းကျင့်




ဖန်ငါခရိုင်ထဲမှာ ၁၄ ၁၀ ၂၀၁၄ ညနေ ၅ နာရီကျော်လောက်က ကျန်းမာရေးချူခြာနေတဲ့ မြန်မာအမျိုးသမီးတဦးကို ယောက်ကျားမရှိစဉ် ထိုင်းအမျိုးသား ၃ ယောက်ကဖမ်းဆီးခေါ်ဆောင်သွားပြီး၊လက်ပြန်ကြိုးတုပ်ကာ သနပ်ပြခြိမ်းခြောက်ပြီးထိုင်း နှစ်ဦးမှ မုဒိမ်းကျင့်ခဲ့ပါတယ်၊ ထိုမျှမကသေးဘဲ နယ်မြေခံရဲကနောက်တရက်ညနေပိုင်းတွင်ရောက်လာပြီး ဇာတ်လမ်းဆင်ဖမ်းဆီးဖို့လုပ်ကာ ဘတ် ၄၀၀၀၀ ပေးရမယ် ပေးရင်အမှုမဖြစ်ဘူးမလုပ်ဘူး၊ မပေးရင်တော့ ကလေးဖျက်ချမှုနဲ့ ဖမ်းမယ်လို့လုပ်နေပါတယ်။ အနီးဝန်းကျင်မှမြန်မာများမှာ ထိုရဲအားအင်မတန်ကြောက်ရပါတယ်၊ ထိုရဲမှာ မြန်မာများအားအမြဲလိုအနိုင်ကျင့် ဒုက္ခပေးတတ်ကြောင်းသိရပါတယ်၊ လက်ရှိမိန်းကလေးမှာ မိန်မကိုယ်ဒဏ်ရာများကြောင့် ဆေးရုံတွင်တက်ရောက်ကုသနေရပါတယ်။ မိမိတို့အနေနဲ့ ယခုကိစ္စအား သေချာမေးမြန်းစုံစမ်းခဲ့ပြီးပါပြီး ၁၃၀၀ နဲပူးပေါင်းကာ ရှေ့ဆက်တရားဥပဒေပိုင်းဆိုင်ရာအကူအညီပေးရန်လုပ်ဆောင်နေပါတယ်။ လောလောဆယ် ဆေးမှတ်တမ်းကိုစောင့်နေပါတယ် ဒီရက်ပိုင်းအတွင်းအဖြေရပြီးလျှင် သက်ဆိုင်ရာကိုတိုင်ကြားပြီးတရားသဖြင့်ဖြစ်ရေးအတွက်ဆောင်ရွက်နေပါပြီ။ အခင်းဖြစ်စဉ်နဲ့ပါတ်သက်ပြီး နေရပ် နာမည် အစရှိသည်တို့ကိုမဖေါ်ပြနိုင်တာနားလည်ပေးပါ၊မှတ်တမ်းမှတ်ရာများနဲ့တကွ စီစဉ်ထားရှိလုပ်ဆောင်နေပါတယ်။ ဒီတခါလဲ ရဲတွေရဲ့လုပ်ရပ်ကိုပေါ်အောင်ကျွန်တော်တို့ကြိုးစားလုပ်ဆောင်ကြရပါတော့မယ်။ ဒီကိစ္စကိုဒီမနေ့ညကဘဲသိပြီး ကနေ့လိုက်လုပ်နေခဲ့တာပါ ဒီပို့စ်ကိုလောလောဆယ်မတင်ဘဲထားမလို့ပါဘဲ ဒါပေမဲ့ ဟိုအမှုမှာလဲထိုးကျွေးထားခံနေရပြီး အခုလဲသိပ်မိုက်ရိုင်းနေလို့ ထိုင်းက ရွှေ့ပြောင်းမြန်မာတွေလက်ရှိကြုံတွေ့နေရတဲ့ (နေရာတိုင်းကိုပြောခြင်းမဟုတ်ပါ)အခြေအနေတရပ်ကိုသုံးသတ်နိုင်အောင်တင်ပြလိုက်ရတာပါ၊

(ကိုမင်းဦး (FED)

အလွတ်သတင်းထောက်ကိုပါကြီးဇနီးဖြစ်သူရဲစခန်းမှာ လူပျောက်တိုင်



အလွတ်သတင်းထောက်တစ်ဦးဖြစ်သူ ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးနှင့် ပတ်သက်၍ ဇနီးဖြစ်သူ မသန္တာက ယခုလို တိုင်ချက်ဖွင့်ပြီ။

ကိုပါကြီး ပျောက်ဆုံးမှုနဲ့ပါတ်သက်ပြီး မွန် ကရင်သတင်းထောက်တွေကို နယ်လုံဝန်ကြီးကိုယ်တိုင် ၂၀၈ တပ်က တပ်ရေးဗိုလ်ကြီးဆန်းမင်အောင် ခေါ်သွားတယ်ဆိုတဲ့ ပြောစကားအရ ကျမ ၂၀၈ တပ်က တပ်ရေးဗိုလ်ကြီးဆန်းမင်းအောင်ကို ကျမကိုယ်တိုင် သွားရောက်မေးမြန်းတော့ ဖမ်းစဉ်က သူကိုယ်တိုင်ပါပေမယ့် ခုမသိပါလို့ ဥပဒေမဲ့ ဆိုပါတယ်။ နယ်လုံဝန်ကြီးကို ဖုန်းဆက်မေးတော့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကိုသာ မေးလို့ ဘောလီဘောပုတ်ပြန်ပါတယ်။ ကျမကတော့ ကျိုက်မရော ရဲစခန်းမှာ လူပျောက်တိုင်ခဲ့ပြီး ဥပဒေမဲ့ ဖမ်းဆီးထားသူများကို တရားလိုပြုပြီး ထပ်ဆင့်အမှုဖွင့်သွားပါမယ်လို့  ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီးရဲ့  ဇနီးဖြစ်သူ မသန္တာက ဆိုပါတယ်။ မသန္တာဟာ နိုင်ငံရေးအကျဉ်းသူဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီး ဖခင်ဖြစ်သူ ကွယ်လွန်ခါနီးအချိန်ကျမှ အကျဉ်းထောင်အတွင်းကနေ လွတ်မြောက်ခွင့်ရရှိခဲ့သူတစ်ဦးဖြစ်ပြီး၊ ခင်ပွန်းဖြစ်သူက ယခုလို စစ်တပ်ကနေ မတရားဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံရပြန်ပါတယ်။

ကြည့် ပဲ ကြည့် ၊ မထိနဲ့

ဘန်ကောက်ပို့စ်ကတော့ ပရာယု က သဘောတူတယ်ဆိုတဲ့ မနက်က သတင်းကို ပြန်ဖြုတ်လိုက်ပြီ



လင်းယုန် မာန်·
ရဲတွေပြောဘူးတဲ့ early risers စောစောထသူတွေကတော့ ကော့တောင်က ကမ်းခြေ သန့်ရှင်းရေးတွေကို ပြောတာများလား???
လပြည့်ည ပါတီပြီးရင် အမှိုက်တွေ ကျန်ခဲ့မှာပေါ့။ ကျန်ခဲ့တဲ့ အမှိုက်တွေကိုလည်း မနက်မိုးမလင်းခင် ဧည့်သည်တွေ မနိုးခင် မြန်မြန်သန့်ရှင်း ရေးလုပ်ကြရတယ်။
တချို့ ဧည့်သည်တွေက မနက်ပိုင်း လေကို ရှူရင်း လေ့ကျင့်ခန်းလုပ်တတ်တော့ သူတို့ မနိုးခင် သန့်ရှင်းရေးဆိုတာ လုပ်ရတယ်။ အဲ့တော့ သန့်ရှင်းရေးလုပ်တဲ့သူဟာ အနည်းဆုံး ၃နာရီခွဲလောက် စလုပ်ရမယ်ထင်တယ်။ ဒါဆို အမှု ဖြစ်တဲ့ နေရာမှာ လည်း လူသတ်သမားတွေက စတင်ထွက်ခွာ လောက်တဲ့ အချိန်ပဲ။
ဘန်ကောက်ပို့စ်မှာလည်း ဘာလို့ ရေးတေးတေးလေး စက်တင်ဘာ ၂၇ ရက် မနက်စောစော နိုးသူတွေကို ရှာရမယ်လို့ ဘာလို့ရေးထားတာလဲ?? သူတို့ ဘာတွေကို တွေ့လို့လဲ?????

မနေ့ကကော ဒီနေ့ကော သတင်းတွေမှာ တချိန်လုံးဇောင်းပေးပြောနေတာ
အင်္ဂလန်ရဲဘက် က စစ်မှာ (၂) ခုပဲ

၁)သံသယရှိသူ ၂ ယောက် ( မြန်မာ ၂ ယောက်) ရဲ့ DNA ကို စစ်ဘို့ နဲ့
၂) နှိပ်စက်လို့ ၀န်ခံတာဟုတ်မဟုတ်

ကဲကဲ ဦးနှောက်တွေ အလုပ်ပေးကြရအောင်။
ဟို၂ ယောက်က မူးမူးနဲ့ ၀င်ပါခဲ့ရင် (သို့) ချောက်ချခံရရင် သူတို့ DNA ဖြစ်ကောင်းဖြစ်နိုင်တယ်။
ဆိုတော့ ကျန်တဲ့သူ ဘယ်သူပါပါမပါပါ အင်္ဂလိပ် ရဲ တွေနဲ့ မဆိုင်ဘူးဆိုတဲ့ သဘော။
နှိပ်စက်တာ ဟုတ်မဟုတ်ဆိုတာကလည်း မြန်မာ ၂ယောက်ကို နည်းနည်းလေး ဖိအားတခုခုပေးတာနဲ့ ဟုတ်ကဲ့ ကျနော်တို့ လိမ်ညာမိပါတယ်လို့ အချိန်မရွေး ပြောနိုင်တယ်။

ကျနော်တို့ အင်္ဂလန် ကို ၁၀၀% ယုံနိုင်တာ မယုံနိုင်တာထက်။
မြန်မာအရေးမို့ မြန်မာတွေကိုပဲ ၁၀၀% ယုံပါတယ်။
(စကာင်္ပူလူသတ်မှုမှာ အနောက်နိုင်ငံတခုက ၀င်စစ်ပေးပေမယ့် နောက်ဆုံး ဖိလစ်ပိုင်မ ကိုပဲ မတရား ကြိုးပေးလိုက်တဲ့ သာဓကကို ပြန်သတိရမိတယ်။ အဲ့အကြောင်း နောက်မှ ပို့စ်တင်မယ်)
ဓာတ်ပုံ ( အင်ဒရူး )

အားလုံး ရဲ့ ပျော်ရွှင်မှုကို ရဲချုပ် စွတ်ယုတ်က ဥပဒေ ဆိုတဲ့ စကားလေးတခုနဲ့ပဲ ရိုက်ချိုးလိုက်တယ်။ ထိုင်းဥပဒေနဲ့ မညီလို့ အင်္ဂလန်ရဲတွေ လာရောက်စစ်ခွင့် မရှိဘူး ဆိုပဲ။ လေ့လာသူအနေနဲ့ပဲ ဆိုပြီး ၀ကခ က ပြန်ပြီး လျှောချလိုက်တယ်။
ရခ စွတ်ယုတ်ဆီက ဥပဒေ ဆိုတဲ့ စကားထွက်လာတာ ခွေးပါးစပ်က နတ်စကား ထွက်လာသလိုပဲ။
ကော့်တောင်မှာ ဥပဒေ နဲ့ အည်ီ မူးယစ်ဆေးဝါး ရောင်းနေကြတာပေါ့။
ဥပဒေအနဲ့ အညီ လူသတ်ပြီး အလောင်းဖျောက်ကြတာပေါ့။

ဝကခ ပရာယုကတော့ မီဒီယာတွေကို ဘယ်အညှိုး နဲ့ အရူး လုပ်နေသလဲ မသိ။
ဘန်ကောက်ပို့စ်ကတော့ ပရာယု က သဘောတူတယ်ဆိုတဲ့ မနက်က သတင်းကို ပြန်ဖြုတ်လိုက်ပြီ။ အရင်လို လေ့လာခွင့်ပဲ ပေးမယ်တဲ့။

ပြောသားပဲ... လေယာဉ်ကွင်းကနေပါးစပ်ပိတ်ပြီး ခေါ်လာခဲ့ ဆိုတာလေ..
ဝကခ ပရာယုတ် ပြောတာကတော့ အင်္ဂလန်ဝန်ကြီးချုပ်က အင်္ဂလန်က လူတွေက ထိုင်းနိုင်ငံကို လာလည်ဘို့ရှိသေးလို့ ဒီလိုပြသနာတွေ ထပ်မဖြစ်အောင် ကာကွယ်ဘို့ မှာလိုက်တာ ဆိုပဲ။
သိပ်ကိုမှ နိုင်ငံခြားသားခရီးသွားတွေ ကို မက်မောနေတဲ့ ၀ကခ ပရာယုတ်အတွက် ကျနော်ခရီးသွား ကြော်ငြာလေး တခု လုပ်ထားပေးတယ်။
ဒါမှလည်း ဂယောင်တွေ လာချင်စိတ်ကုန်မှာ။
ဒီပုံကို CSI LA ထဲ သွားမထည့်ကြပါနဲ့။


လိပ်ကျွန်းအမှု သံသယတရားခံနှစ်ဦး၏ အလုပ်ရှင်များကို တရားစွဲမည်ဟုဆို
(7 days daily)

လိပ်ကျွန်းလူသတ်မှု၏ သံသယတရားခံ မြန်မာရွှေ့ပြောင်းအလုပ်သမား နှစ်ဦးအား နေစရာနှင့် အလုပ်ပေးခဲ့သည့် အလုပ်ရှင်များကို တရားစွဲဆိုရန် ထိုင်းအလုပ်သမားဝန်ကြီးက ညွှန်ကြားလိုက်ကြောင်း ThaiPBS ၏ ထုတ်လွှင့်မှုအရ သိရသည်။
ရွှေ့ပြောင်းအလုပ်သမားများကို မှတ်ပုံတင်မှု အမြန်ပြီးစီးရေးကိုလည်း ထိုင်းအလုပ်သမားဝန်ကြီး ဆူရာဆက်ခ် ကန်ချနာရတ်က တက်သုတ်နှင်နေသည်ဟု အောက်တိုဘာ ၁၈ ၇က် ထိုင်းအခြေစိုက်သတင်းက ဆိုသည်။
ယင်းမစ်ရှင်အတွင်းမှာပင် ခိုတောင်ကျွန်း၌ ဗြိတိန်နိုင်ငံသား ခရီးသည်နှစ်ဦး အသတ်ခံရမှုအတွက် စွပ်စွဲခံထားရသော မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦးအား နေစရာနှင့် အလုပ် အရိပ်အာဝါသပေးခဲ့သူ အလုပ်ရှင်များကို တရားစွဲဆိုရေး အလုပ်သမားဝန်ကြီးက အမိန့်ပေးခဲ့သည်။
‘‘သူက အဲဒီလိုပြောခဲ့တယ်။ အဲဒီကျွန်းတွေမှာ ရွှေ့ပြောင်းအလုပ်သမားပေါင်း တစ်သောင်းလောက်ရှိနေတာမို့လို့ (သူပြောလိုက်တာက) သိပ်ထူးဆန်းတယ်။ တန်းတူညီမျှရေးအတွက်ဆိုရင် နှစ်ယောက်တည်းမဟုတ်ဘဲ အားလုံးကို တရားစွဲသင့်တယ်’’ ဟု ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် (MWRN) အကြံပေး Andy Hall က ပြောသည်။
ကျွန်းများပေါ်သို့ ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခြင်းကို စစ်ဆေးရန်အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ အလုပ်အဖွဲ့သည် အောက်တိုဘာ ၁၇ ရက်ကတည်းက ဆောင်ရွက်နေပြီဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမားများ မှတ်ပုံတင်ခြင်းကို ယခုလကုန်တွင် အပြီးသတ်ရေးအတွက် ထိုင်းအာဏာပိုင်များက အရှိန်မြှင့် လုပ်ကိုင်နေကြပြီဟု ဆိုသည်။
‘‘မြန်မာအလုပ်သမားတွေကို ဘာသက်ရောက်မှုမှ မရှိနိုင်ဘူး။ ၀န်ကြီးနဲ့ ထိုင်းအစိုးရရဲ့ မဆင်မခြင်တုံ့ပြန်မှုတွေကို ရင်ဆိုင်ရုံပဲ။ ဒီထိုင်းနိုင်ငံမှာ သူတို့ (မြန်ရွှေ့ပြောင်းလုပ်သားတွေ) အတွက် အလုပ်တွေအများကြီး ရှိတယ်’’ ဟု မစ္စတာအန်ဒီဟောလ်က ဆိုသည်။
ထိုင်းအလုပ်သမားရေးရာ ဘုတ်အဖွဲ့၏ ခန့်မှန်းမှုအရ ထိုင်းပင်လယ်ကွေ့ရှိ Koh Phangan နှင့် ခိုတောင်ကျွန်းတွင် တရားဝင်မှတ်ပုံတင် မထားသည့် ရွှေ့ပြောင်းအလုပ်သမားပေါင်း ၁၀,၀၀၀ နီးပါး ရှိသည်။ ခိုတောင်ကျွန်း တစ်ကျွန်းတည်း၌ပင် မြန်မာရွှေ့ပြောင်းအလုပ်သမား ၃,၀၀၀ ၀န်းကျင်ရှိသည်ဟု ဆိုသည်။
ထိုင်းနိုင်ငံထုတ် သည်နေးရှင်းသတင်းစာကြီး၏ အယ်ဒီတာ့အာဘော်ပါစစ်တမ်းအရ ခိုတောင်ကျွန်းတွင် ရွှေ့ပြောင်းအလုပ်သမား ၅,၀၀၀ ခန့်ရှိသည့်အနက် ၂,၀၀၀ ခန့်မှာ ခွင့်ပြုချက် မည်မည်ရရ မရှိဘဲ တရားမ၀င်လုပ်ကိုင်နေကြသည်။
ဒေသအကြီးအကဲ၏ အဆိုအရ ကျွန်းပေါ်တွင် အလုပ်လုပ်ကိုင်ရန် စာရင်းသွင်းခဲ့သည့် ရွှေ့ပြောင်းအလုပ်သမား ၃,၃၀၀ ခန့်ရှိပြီး အများစုမှာ မြန်မာများဖြစ်သည်။

အင်္ဂလန်ရောက်မြန်မာသံဝန်

ဘာလုပ်ကြအုန်းမှာလဲ အသက်မပြည့်သေးတဲ့အာဇာနည် လေးကို----

သတင်းနဲ့အလုပ်လုပ်စားသူတွေကို ၂နှစ်ချလိုက်၁၀နှစ်ချလိုက်နဲ့


ဂျာနယ်ကသတင်းဖေါ်ပြတယ်
ကြေငြာချက်ကလည်းကြား
ဖြတ်အစိုးရအဖြစ်ထောက်ခံတာ
တကယ်ဖွဲ့တာမဟုတ်
နိုင်ငံရေးစီးကြောင်းထဲမှာဖြစ်ချင်
တာပြောတာပြောခွင့်ရှိတယ်
ကြည်ညိုရအောင်ဘယ်လောက်
ကြက်သရေရှိနေလို့လဲ

မြေနီကုန်း Dagon Center ရှေ့အုန်းကနဲ ထပေါက်ပြီးတာနဲ့



By Foe Shokelay
ညနေက မြေနီကုန်းမှာ
ဆယ့်ကိုး တစ်ဆယ်လှုပ်ရှားမှုတဲ့
စစ်ကျွန်ပညာရေး နှင့် စစ်အုပ်ချုပ်ရေး ဖျက်သိမ်းပစ်။
=============================
မြေနီကုန်း Dagon Center ရှေ့
၁၉.၁၀.၂၀၁၄
ယနေ့ညနေ မြေနီကုန်းက လူငယ်များ
စစ်ကျွန်ပညာရေး အမျိုးသားပညာရေးဥပဒေ နဲ့
စစ်အုပ်ချုပ်ရေးဖျက်သိမ်းပစ်ဖို့
မျက်နှာတွေတပ်ဆင်ထားတဲ့ လူငယ်များက
ဆယ်ကိုးရက် ဆယ်လ ၂၀၁၄ ညနေ ၅နာရီအချိန်မှာ လှုပ်ရှားတောင်းဆိုကြတာပါ။
အုန်းကနဲ မီးပန်းတခုထပေါက်တယ် ပြီး
မျက်နှာဖုံးစွပ် ထားတဲ့ လူငယ် တွေစုရုံးလာပြီး
စာရွက်တွေကျဲ
ကြွေးကြော်သံတွေဟစ်အော်ကြပြီး
လွှတ်တော်ပုံကို စစ်လွှတ်တော်လို့ရေးပြီး မီးရှို့ပစ်ကြတယ်။
စစ်ဘောင်းဘီချွတ် သိန်းစိန်အစိုးရ အလိုမရှိ လို့လည်းကြွေးကြော်ကြတယ်။
၁၉.၁၀.၂၀၁၄
မြေနီကုန်း ညနေ ၅နာရီ —

ကော့ဖငန် ( ကော့တောင် နဲ့ နီးသောကျွန်း) မှာ ဆွီဒင်သူတယောက် ပျောက်ပြန်ပြီ

လင်းယုန် မာန်