Thursday, October 23, 2014

လူသတ်မှုဖြစ်တဲ့ ညက Ac Bar ထဲက ဓါတ်ပုံ စထွက်လာပါပြီ


U Htay Tint
Ac မိသားစု ဆွေမျိုးတွေက
လိပ်ကျွန်းပေါ်က ကယ်ဆယ်ရေးအဖွဲ့ သားတွေ ဖြစ်လို့ 
သက်သေခံ အထောက်အထားများ ဖျောက်ဖျက်ခြင်း
ဖျက်စီးခြင်း နေရာရွေ့ ခြင်း လွှဲပြောင်းခြင်း များကို
တရားဝင် လုပ်နိုင်သော အခြေအနေတွင် ရှိသည် ။

ဒဏ်ရာရလာတဲ့ ရှောင်ကို
CSILA က မေးလိုက်တဲ့ အခါ ဆိုင်ကယ်မှောက်လို့ ရတဲ့
ဒဏ်ရာတွေလို့  အကြောင်းပြန်ပါတယ် ။
လူသတ်မှုဖြစ်တဲ့ ညက Ac Bar ထဲက ဓါတ်ပုံ စထွက်လာပါပြီ ။
ဧည့်သည်တွေ အားလုံးလိုလို အကျီအမဲ ဝတ်ထားကြပါတယ် ။


Sean has replied my email. This what he said:
"Yes, I just checked the dates. It's from the 15th. And being in choppers that would have been about 7 or 8pm, so about 13 hours after the murder. Would be a bit strange to be out partying after witnessing something like that, would it not?"

Sean also said "I don't have a side of the story for that night because I wasn't out that night. Ask THEM for evidence that I was out. Don't ask me for evidence that WASN'T out. That would be absurd. Search the meaning of the 'burden of proof' if you don't understand why.

If you look carefully you'll see that everybody in that photograph is wearing a koh Tao pub crawl t-shirt. So I think that is the day after the murder. And it's definitely in choppers at this point.

Yes, I was scared of Mon. You can see that he's vicious. The more lies I hear he's spreading about me, the more I believe he knows something or had something to do with it. What happened with the CCTV footage (of what is obviously) him walking up and down sairee with no shirt on just after the time of the murder?

မူရင်းလင့်
https://www.facebook.com/CSILA90210/photos/a.600950366649359.1073741828.596740650403664/723844444359950/?type=1&theater

Htoo Chit
၂၂၊၁၀၊၂၀၁၄၊

- လူသတ်မှု့နဲ့ စွတ်စွဲခံထားရသည့် အလုပ်သမားနှစ်ဦး၏မိဘများကို မြန်မာပြည်မှ ခေါ်ယူခဲ့ပါသည်။
- ၂၂၊၁၀၊၂၀၁၄ ရက်နေ့မနက်တွင်၊ ဘန်ကောက်လေဆိပ်သို့ ရောက်ရှိလာပြီး၊ အဆိုပါမိသားစုအားနှင့် သတင်းထောက်များတွေ့ဆုံခဲ့ပါသည်။
- နေ့လည် ( ၄) နာရီတွင်၊ သံအမတ်ကြီး ဦးဝင်မောင်မှ၊ ထိုင်းလူ့အခွင့်ရေးကောင်မရှင်နှင့် ထိုင်းရှေ့နေများကောင်စီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံးပြီး၊ ရှေ့လုပ်ငန်းစဉ်များဆွေးနွေးခဲ့ပါသည်
- ထိုင်းရှေ့နေများကောင်စီမှ ထိုင်းနိုင်ငံ၏၊ ကျွမ်းကျင်သည့် လူ့အခွင့်အရေး ရှေ့နေ ( ၁၆)ဦးပါဝင်သည့် ကော်မီတီဖွဲ့စည်းခဲ့ပြီး အဆိုပါအမှု့ကို တရားဥဒေအရအကူအညီပေးလျှက်ရှိပါသည်
- အစွတ်စွဲခံထားရသည့် အလုပ်သမားများ၏ မိသားစုဝင်များနှင့်ထိုင်းရှေ့နေများကောင်စီမှတာဝန်ရှိသူများ၊ထိုင်းလူ့အခွင့်အရေး ကော်မရှင်မှတာဝန်ရှိသူများ၊ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံးမေးမြန်းခဲ့ပါသည်၊
- ယခုကိစ္စသည်၊ ထိုင်း၊ အင်္ဂလိပ်၊ မြန်မာသုံးနိုင်ငံ ပြသာနာဖြစ်နေသည့်အတွက်၊ အားလုံးအတွက်အဆင်ပြေစေချင်။ ပွင့်လင်း၊မြင်သာသည့် စုံစမ်းစစ်ဆေးမှု့ ဖြစ်ချင်ကြောင်း၊ အမှန်တရားအတိုင်းဘဲဖြစ်ချင်ကြောင်းနှင့် မြန်မာပြည်သားများကို အတွက်မိမိအနေဖြင့်အတတ်နိုင်ဆုံးတရားဥပဒေအရကူညီပေးသွားမည်ဖြစ်ကြောင်း၊မကြာမီအတွင်း ထိုင်းရှေ့နေများကောင်စီရုံးသို့ သွားရောက်ပြီး။ မြန်မာအစိုးရအနေဖြင့်တရားဝင်အမှု့အပ်မည်ဖြစ်ကြောင်းထိုင်းနိုင်ငံဆိုင်ရာမြန်မာသံမတ်ကြီး ဦးဝင်းမောင်မှပြောပါသည်။
- ထိုင်းနိုင်ငံလူအခွင့်အရေးကော်မရှင်သည်၊ထိုင်းနိုင်ငံ၏ရဲတပ်ဖွဲ့နှင့်အစိုးရလက်အောက်တွင်မရှိကြောင်း။အမှန်အတိုင်းပြောရမည်ဆိုလျှင် မိမိတို့အား မည်သူမှအမိန့်ပေးလို့ မရ။ မိမိတို့ အနေဖြင့်မတရားသဖြင့် ပြုကျင့်ခံနေရ သည့် သူများကို အကူအညီပေးဖို့ဖွဲ့ထားခြင်းဖြစ်ကြောင်း နှင့် မိမိတို့ အနေဖြင့် ဘာသာလူမျိုးမခွဲခြားဘဲ လူသားအခြင်းခြင်းကူညီဖို့ လိုအပ်ပါသည်။ မိမိတို့ အနေဖြင့် အစွတ်စွဲခံထားရသည့် မြန်မာအလုပ်သမားများသည်၊ နှိမ့်စက်ညှင်းပန်းခံခဲ့ရသည်၊ဟုယုံကြည်ကြောင်း၊ ထိုင်းနိုင်ငံလူအခွင့်အရေးကော်မရှင်ဥက္ကဌမှပြောပါသည်။
- (၂၄၊၁၀၊၂၀၁၄) ရက်နေ့တွင် မိသားစုများအနေဖြင့် ကော့စမွေကျွန်းအကျဉ်ထောင်သို့သွားရောက်ပြီး၊လူသတ်မှု့မှု့ဖြင့် စွတ်စွဲခဲ့ထားရသည့် သားများနှင့် သွားရောက်တွေ့ဆုံးမည်ဖြစ်ပါသည်။

(ထူးချစ်)

မှတ်ချက်၊ အဆိုပါလုပ်ငန်းများ၊ အောင်မြင်ချောမွေ့အောင်၊လုပ်ဆောင်နိုင်ရန်အတွက်၊ ကူညီဆောင်ရွက်ပေးနေသည့်၊ ထိုင်း၊မြန်မာ၊မိတ်ဆွေများကိုလွန်စွာကျေးဇူးတင်ပါသည်၊ မိမိတို့လုံးခြုံရေးအတွက်၊ စိုးရိမ်ပူပန်ပေး (ဆုတောင်းပေးနေသည့်)့ ဆိုသည့် မြန်မာနိုင်ငံသားညီ၊ငယ်၊ညီမငယ်များကိုလဲ ၊ လွန်စွာကျေးဇူးတင်ပါကြောင်း နှင့်မိမိတို့ အနေဖြင့်အဆိုပါလုပ်ငန်းများဝင်ရောက်လုပ်ကိုင်ပါက၊ အန္တရယ်ရှိနိုင်သည်ကို ကြိုတင်တွက်ချက်ပြီးဖြစ်ပါကြောင်း၊

ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ ဝန်ခံချက်ကို တရားဝင်ပြန်ရုပ်သိမ်းပြီ
********************************************************************
ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း လူသတ်မှုနဲ့ပတ်သက်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ၀င်းဇော်ထွန်း နဲ့
ဇော်လင်းတို့ဟာ ထိုင်းရဲထံမှာ ထွက်ဆိုခဲ့ရတဲ့ ဝန်ခံချက်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီလို့ သူတို့ ရဲ့ ရှေ့နေတွေက ပြောလိုက်ပါပြီ။
.
အောက်တိုဘာလ ၂၁ ရက်နေ့က ကော့စမွေအကျဉ်းထောင်ကို သွားရောက်တွေ့ဆုံခဲ့တဲ့ ထိုင်း ရှေ့နေ များ ကောင်စီက သူတို့အတွက် အမှုလိုက်ပေးမယ့် ရှေ့နေ မစ္စတာ Ratsada Manurassada ဟာ ၆ နာရီ ကြာတွေ့ဆုံခဲ့စဉ်မှာ ဗြိတိန် နိုင်ငံသား ဒေးဗစ်မီလာနဲ့ ဟန်နာ ၀စ်သရစ်ခ်ျ တို့ကို သူတို့ လုံးဝ မသတ် ခဲ့ဘူး လို့ အခိုင်အမာ ပြောဆိုခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြထားပါတယ်။
.
ဒါကြောင့် ဒီအမှုကို သူတို့ လုံးဝ မကျူးလွန်ခဲ့တာတာကြောင့် ထိုင်းရဲတွေဆီမှာ သူတို့သတ်ခဲ့တယ်လို့ ဝန်ခံထွက်ဆိုခဲ့ချက်ကို တရားဝင် ပြန်ရုပ်သိမ်းတာဖြစ်တယ်လို့ သူတို့ရဲ့ ရှေ့နေက ပြောပါတယ်။
.
ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဟာ ထိုင်းရဲက ညှင်းပန်းနှိပ်စက်ပြီး အတင်း လူသတ်မှု၊ မုဒိန်းမှု ကျူးလွန်တယ် လို့ ဝန်ခံခိုင်းခဲ့လို့သာ ထွက်ဆိုခဲ့ရတာဖြစ်တယ်လို့လည်း ရှေ့နေ Ratsada Manurassada က ပြောထားပါ တယ်။
.
"ရဲက မေးခွန်းတွေ မေးတာကို စကားပြန်က ပြန်ဆိုပေးခဲ့တဲ့အခါ အမှားတွေ ပြန်ဆိုပေးခဲ့တယ်လို့ သူတို့ က ပြောတယ်။ ကျနော်တို့က မျှမျှတတဖြစ်ဖို့ စကားပြန်ပြောတာကိုလည်း နားထောင်မယ်။ ဘက်ပေါင်းစုံ က အချက် အလက်တွေ စုဆောင်းမယ်" လို့ ရှေ့နေ Ratsada Manurassada က ဘန်ကောက်ပို့စ် ကို ပြောပါတယ်။
.
အခု အမှုမှာ စကားပြန် ကိုကမာဆိုတဲ့ ရိုတီရောင်းသူက မှားယွင်းဘာသာပြန်ဆိုမှုတွေ လုပ်ခဲ့တယ်ဆိုတာ
ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့က ပြောတယ်လို့ သူက ဆက်ပြောထားပါတယ်။
.
ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ဟာ သူတို့ရဲ့ ၀န်ခံချက် ရုပ်သိမ်း တဲ့ ကြေညာချက်ကို လက်မှတ်ထိုးပေး တာကြောင့် ရှေ့နေ Ratsada Manurassada က စာရွက်ကို ယူလာပြီး ထိုင်းအစိုးရရဲ့ တရားစွဲဆိုရေး လုပ်ဆောင်ခဲ့သူ Paiboon Achawananthakhun ကို ပေးအပ်ခဲ့ပါ တယ်။
.
ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ မိဘတွေလည်း ထိုင်းရဲက ဖမ်းဆီးထားတဲ့ သူတို့ရဲ့ သားတွေကို တွေ့ဖို့ ဒီကနေ့ မနက်ပိုင်းမှာ ထိုင်းနိုင်ငံကို ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။
.
သူတို့အတွက် နေထိုင်မှုကိစ္စတွေကိုလည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မြန်မာသံရုံးက စီစဉ်ဆောင် ရွက်ပေးထားပြီး သားဖြစ်သူတွေကို ထိုင်းနိုင်ငံ အကျဉ်းထောင်တခုဖြစ်တဲ့ ကော့စမွေ အကျဉ်းထောင်ဆီ သွားရောက်တွေ့ဆုံမှာဖြစ်ပါတယ်။
.
သူတို့ရဲ့ မိဘတွေ ထိုင်းနိုင်ငံကို သွားရောက်ဖို့နဲ့ လိပ်ကျွန်း အရေး ကူညီပေးနေသူတွေ ငွေကြေး အခက် အခဲရှိနေတာကြောင့် အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်၊ လွှတ်တော် ကိုယ်စားလှယ် ဦးခင်ရွှေ (ဇေကမ္ဘာ)နဲ့ ၊ လွှတ်တော်ကိုယ် စားလှယ် ဦးနေဝင်းထွန်းတို့က တဦးလျှင် ကျပ် သိန်း ၁၀၀ စီနဲ့ စုစုပေါင်း ကျပ် သိန်းပေါင်း ၃၀၀ ကို အလှူငွေထည့် ၀င်မှုကိုမနေ့က ကျင်းပတဲ့ အမျိုးသား လွှတ်တော်မှာ မှတ်တမ်း တင်ခဲ့ကြပါတယ်။
.
Photo(1) : လိပ်ကျွန်းအမှု တရားဆွဲဆိုသူထံ ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေတို့ သွားရောက်ကာ ၀င်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ ၀န်ခံချက်ကို ပြန်ရုပ်သိမ်းတဲ့စာ သွားပေးစဉ်၊ ဓာတ်ပုံ- ဘန်ကောက်ပို့စ်
အိမ့်သံစဉ် ~ ဧရာဝတီ

ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်နိုင်ဘူးဆိုရင်ထိခိုက်နိုင်(ကိုမင်းကိုနိုင်)




88 Generation - Public Relation

“ ဖွဲ့စည်းပုံအခြေခံဥပဒေမပြင်နိုင်ဘူးဆိုရင် နိုင်ငံရဲ့အသွင်ကူးပြောင်းရေး
လုပ်ငန်းစဉ်တွေကို ထိခိုက်နိုင်တဲ့အတွက် ပြင်ဆင်နိုင်ရေးအတွက် ပြည်သူ
အားလုံးပူးပေါင်းပါဝင်ဖို့လို ”
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်ပြီး RFA သတင်း
ဌာန၏မေးမြန်းချက်အပေါ် ၈၈မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့
အစည်း)မှ ကိုမင်းကိုနိုင်၏ဖြေကြားချက်အား တင်ပြအပ်ပါသည်။ ]
.
RFA မေး - ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးအကောင်အထည်
ဖော်မှုကော်မတီက မနေ့က ပြည်ထောင်စုလွှတ်တော်မှာ အစီရင်ခံစာ
တင်ပါတယ်။ အဲဒီအစီရင်ခံစာထဲမှာ ပုဒ်မ(၄၃၆) (က)၊ (ခ)ကို
မပြင်ပဲနဲ့... ဒီတိုင်း မူလအတိုင်းပဲထားဖို့ဆိုပြီးတော့ တပ်မတော်သား
ကိုယ်စားလှယ်တွေက အကြံပြုထားပါတယ်။ ဒီအပေါ်မှာ ကိုမင်းကိုနိုင်ရဲ့
သဘောထားအမြင် သိချင်ပါတယ်...။

ကိုမင်းကိုနိုင် ▬ “ ဒါကို...ဒီလိုဖြစ်နိုင်ချေတွေအားလုံးကို ကျနော်တို့
ဘက်က တွက်ဆထားပြီးသားပါ။ တစ်ခုပဲရှိတယ် ကျနော်တို့ရဲ့သမိုင်း
တလျှောက်ကိုပြန်ကြည့်လိုက်...ဘယ်သောအခါကမှ လွယ်လွယ်ကူကူ
လျောလျောရူရူနဲ့ ပြည်သူ့ဆန္ဒကို လိုက်လျောခဲ့တာမရှိဘူး။ ပြည်သူတွေ
ဘက်က လက်မှတ်ထိုးထားတဲ့ အရွယ်ရောက်ပြီးတဲ့ပြည်သူတွေ၊ မဲဆန္ဒ
ပေးခွင့်ရှိတဲ့ပြည်သူတွေ (၅)သန်းကျော်ရဲ့သဘောထားဆန္ဒကို
ဘယ်လောက်လေးစားသလဲ၊ ဘယ်သူတွေလေးစားသလဲဆိုတာကို
ကျနော်တို့ ထင်ရှားပေါ်လွင်စေချင်တာပဲ။ လွတ်တော်ထဲမှာ ပြည်သူ
ရွေးချယ်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေကဘယ်လိုသဘောထား
ပေးလဲဆိုတာလဲ ကျနော်တို့ပေါ်လွင်စေချင်တယ်။

အဲတော့ ရွေးချယ်တင်မြှောက်ခြင်းမရှိပဲနဲ့ ၀င်လာတဲ့သူတွေကတော့
ဒီလိုသဘောထားမျိုးပေးတယ်ဆိုတာကတော့ မဆန်းဘူးပေါ့ဗျာ။
ကျနော်တို့ဘက်က ဘာကိုလိုနေပြီလဲဆိုတော့...ဒီထက်ပိုပြီးတော့
ရုန်းကန်ရဦးမယ်ဆိုတာကတော့ သေချာတာပေါ့။ ကျနော်တို့ စိတ်ပျက်ခြင်း
မရှိပါဘူး။ ”

RFA မေး - ပုဒ်မ ၄၃၆ (က) နဲ့(ခ)မှာ အဓိကက ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်
ဆိုရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးရဲ့ (၇၅)ရာခိုင်နှုန်း
ကျော်ဆန္ဒနဲ့သာ ပြင်ရမယ်ဆိုတော့ ဒီလွတ်တော်မှာက တပ်မတော်သား
လွှတ်တော်ကိုယ်စားလှယ်က (၂၅)ရာခိုင်နှုန်း ရှိတယ်ဆိုတော့ ...ဒီ၂၀၀၈
ဖွဲ့စည်းပုံပြင်ဆင်ရေးအလားအလာ ဘယ်လိုများသုံးသပ်နိုင်မလဲ။

ကိုမင်းကိုနိုင် ▬ အဲဒါအားလုံးဟာ ကျနော်တို့ ပြည်ထောင်စုသားအားလုံးရဲ့
စိတ်ရောကိုယ်ပါ ၀င်ရောက်ပူးပေါင်းဆောင်ရွက်မှုပေါ်မှာပဲ မူတည်ပါလိမ့်
မယ်။ အထူးသဖြင့်တော့ တိုင်းရင်းသားဒေသတွေက တိုင်းရင်းသားခေါင်း
ဆောင်တွေ လက်နက်ကိုင်သည်ဖြစ်စေ၊ လက်နက်မကိုင်သည်ဖြစ်စေပေါ့ဗျာ။
ဒီနေ့မြန်မာနိုင်ငံရဲ့ကိစ္စက နှစ်ခုဖြစ်နေတယ်။ ပြည်တွင်းငြိမ်းချမ်းရေးရယ်၊
ဖွဲ့စည်းပုံပြင်ဆင်ရေးရယ်။ အဲဒီနှစ်ခုလုံးကို အညီအမျှ အားစိုက်ရမယ်။
တစ်ခုခုကို ချန်ထားလို့မရဘူး။ အဲဒါကိုသဘောချင်းညီတယ်ဆိုရင် ကျနော်တို့
အလုပ်လုပ်လို့ရပါတယ်။

RFA မေး - အခြေခံဥပဒေပြင်ဆင်နိုင်ဖို့က ဒီပုဒ်မ၄၃၆က အဓိက ကျတယ်
ဆိုတော့...အခုလွှတ်တော်မှာမပြင်ဆင်နိုင်ဘူးဆိုရင် ဘာဆက်လုပ်ဖို့ဖြစ်
နိုင်မလဲ၊အခြေအနေတွေ ဘယ်လိုဖြစ်လာနိုင်မလဲ။

ကိုမင်းကိုနိုင် ▬ “ ဒီကိစ္စကို ဆက်ပြီးတော့ ရင်ဆိုင်ရုန်းကန်ရမှာ ကျနော်တို့
တစ်ဖွဲ့တင်မဟုတ်ဘူးဗျ။ အဲဒီတော့ ပြည်သူလူထုသဘောထားဆန္ဒကို
အလေးအနက်ထားကြရမယ့် အင်အားစုတွေအားလုံး ပူးပေါင်းကြရမှာပါ။
အဲဒီအခါကျရင်တော့ ဒီထက်လှုပ်ရှားမှုအရှိန်အဟုန်တွေ မြှင့်တင်ရဦးမယ်
ဆိုတာတော့ ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ”
.
RFA မေး - ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ဖို့အတွက် အဓိက
ဘာလိုအပ်မယ်လို့ ကိုမင်းကိုနိုင် မြင်ပါလဲ။

ကိုမင်းကိုနိုင် ▬ “ သူတို့က မ.ဆ.လ လက်ထက်ကတည်းက ဒီအတိုင်းပါပဲ။
အဲဒီတုန်းက တပ်မတော်ကိုယ်စားလှယ်က ၀င်ပြောခဲ့တာ ကောင်းကောင်း
မှတ်မိပါသေးတယ်။ ပါတီစုံဒီမိုကရေစီကို သဘောမတူဖူးပေါ့ဗျာ။ သဘော
မတူဖူးပေါ့။ တပ်က သဘောထားပေးတာပေါ့။ ဒါပေမယ့် ကျနော်တို့ပြည်သူတွေ
ဒီထက်ပိုပြီးတော့ ရုန်းကန်ကြရတာပဲ။ ဒီထက်ပိုပြီးတော့ ပေးဆပ်ခဲ့ကြရတာပဲ။
အဲဒီအပေါ်မှာ နောက်ဆုံးကြတော့ မပေးလည်းမရတဲ့ အနေအထားကို
ရောက်လာတာပေါ့။ ဒီဥပမာပါပဲ...ကျနော်တို့သမိုင်းတလျှောက်လုံးမှာ
ပြည်သူတွေရဲ့လွတ်မြောက်ရေး၊ ပြည်သူတွေရဲ့သဘောထားဆန္ဒဟာ
လွယ်လွယ်ကူကူနဲ့မရခဲ့ဖူးဆိုတာကို ကျနော်တို့သဘောပေါက်ထားပြီးသားပါ။ ”
.
RFA မေး - ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်နိုင်ဖူးဆိုရင်ပေါ့။ အများ
တောင်းဆိုနေတဲ့ ဒီမိုကရေစီနည်းကျ မပြင်ဆင်နိုင်ဘူးဆိုရင် နိုင်ငံရဲ့အလား
အလာ ဘယ်လိုရှိလာနိုင်မလဲ။ ကိုမင်းကိုနိုင် ဘယ်လိုများ သုံးသပ်နိုင်မလဲ။

ကိုမင်းကိုနိုင် ။ “ အခုလည်း.. ကျနော်တို့တိုင်းပြည်ကဗျာ.....အသွင်ကူးပြောင်း
ရေးလို့သာကြွေးကြော်နေတာ...တကယ်ကျတော့လည်း...သူတို့ဖြေလျှော့
တာလောက်ပဲရှိပါသေးတယ်။ အဲဒီတော့ အဲဒီလုပ်ငန်းစဉ်တွေအကုန်
လုံးကို ထိခိုက်နိုင်တာပေါ့။

ကျနော်တို့ပြည်သူတွေဘက်ကလည်း ဒါကို သူများပေးမှရမယ့် သူတွေလို့
ဘယ်သောအခါကမှ နှလုံးသွင်းခဲ့တာမဟုတ်ပါဘူး။ ကျနော်တို့ဆက်ပြီးတော့
ရင်ဆိုင်ရမှာ၊စိန်ခေါ်မှုတွေ တွေ့ကြုံရဦးမှာပေါ့ဗျာ။ ”
.
RFA မေး -၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်နိုင်ရေးအတွက်ကို ဘာတွေ
ဆက်လုပ်ဖို့ရော...အစ်ကိုတို့အနေနဲ့ ရည်မှန်းထားပါသလဲ။

ကိုမင်းကိုနိုင် ။ ကျနော်တို့အဖွဲ့အစည်းတစ်ခုတည်းနဲ့အလုပ် လုပ်မှာမဟုတ်
ပါဘူး။ကျနော်တို့နဲ့သဘောထားတူတဲ့ အင်အားစုတွေအားလုံးနဲ့လက်တွဲ
ပြီးတော့မှ တိုင်ပင်ပြီးတဲ့အခါမှာ ဆုံးဖြတ်ရမှာပါ။ ပြီးတော့မှ အကောင်
အထည်ဖော်ရမှာပါ။
.
အသံဖိုင်နားထောင်ရန် Link : soundcloud.com/burmeserfa/bowquhulezbk
- လူထုဆက်ဆံရေးဌာန -
၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း )

စွပ်စွဲခံမြန်မာလူငယ်၂ယောက်ကို ထိုင်းရဲ နှိပ်စက်ခဲ့တယ်လို့Dr.Porntip Rojanasunan ပြော

Look at them. Thai police said they raped a girl and killed other 180lbs man. Believe it or not.

Kyaw Swar Myint
( ၂၀-၁၀-၂၀၁၄) ညနေ (၃း၄၅) က
ထိုင်း TV-3 သတင်းမှာလာသွားတာပါ
=========================================
စွပ်စွဲခံမြန်မာလူငယ်၂ယောက်ကို ထိုင်းရဲတပ်ဖွဲ.များစစ်ဆေးစဉ်က နှိပ်စက်ခဲ့ခြင်း
ရှိ/မရှိယနေ့မှာ အမှန်တရားဖက်ကနေ ရှိနေသူလို့ နံမည်ကြီးတဲ့ နိုင်ငံတော်မှုခင်း
ဆရာဝန်ဌာနကDr.Porntip Rojanasunan လူငယ်၂ယောက်ကို သွားရောက်
စမ်းသပ်ပါတယ်..

သူပြောကြားချက်က..

" လူငယ်၂ယောက်ကို နှိပ်စက်ထားသည်မှာ ဟုတ်မှန်ကြောင်း..လက်ရှိ ရင်ဘက်
အောင့်ခြင်း ဝေဒနာကို ခံစားနေရကြောင်း..အရင် နှိပ်စက်ကြောင်း သတင်းထွက်
စဉ်က ဓါတ်မှန်ရိုက်ယူထားမှုတွေကို ပြန်လည်စစ်ဆေးမည်ဖြစ်ကြောင်း.. "
ပြောကြားသွားပါတယ်။

ယခုအချိန်အထိတော့ ထိုင်းရဲတွေက သူတို့စစ်ဆေးစဉ် နှိပ်စက်ခဲ့ခြင်းမရှိကြောင်း
ငြင်းဆိုနေကြဆဲဖြစ်ပါတယ်။

ဓါတ်ပုံတွေကတော့ မြန်မာနိုင်ငံ၊ မြ၀တီမြို.ကို အဆိုပါ နိုင်ငံတော်မှုခင်း
ဆရာဝန်ဌာနကDr.Porntip Rojanasunan လာရောက်လည်ပတ်စဉ်က
ကောင်းမြတ်(စတူရီယို) ကရိုက်ကူးမှတ်တမ်းတင်ထားခဲ့တဲ့ဓါတ်ပုံများသာ
ဖြစ်ပါတယ်။

သတင်း- ရဲမြင့်ဦး
ဓါတ်ပုံ- ကောင်းမြတ် (မြ၀တီ)




မြန်မာလူငယ် ၂ ဦး စစ်ဆေးရေးကာလ လူ့အခွင့်အရေး ချိုးဖောက်ခံရ
********************************************************************
ထိုင်းနိုင်ငံမှာ ဗြိတိန်နိုင်ငံသား ၂ ဦးကို သတ်ဖြတ်မှုနဲ့ ဖမ်းဆီးမေးမြန်းခံရတဲ့ မြန်မာလူငယ် ၂ ယောက်ဟာ စစ်ဆေးရေးကာလအတွင်း လူ့အခွင့်အရေး ချိုးဖောက်ခံရတယ်လို့ ထိုင်း အမျိုးသား လူ့အခွင့်အရေးကောင်မရှင်အဖွဲ့က အောက်တိုဘာ ၂၂ ရက်နေ့မှာ ပြောပါတယ်။
. ထိုင်းနိုင်ငံ ခိုတောင်ကျွန်းမှာ ဗြိတိသျှတိုးရစ် ၂ ယောက် သေဆုံးမှုနဲ့ ပက်သက်လို့ ဖမ်းဆီး ခံထားရတဲ့ ကိုဇော်လင်းနဲ့ ကိုဝင်းဇော်ထွန်းတို့ရဲ့ မိဘတွေ၊ ဥပဒေ အထောက်အကူပြုအဖွဲ့တို့နဲ့ ထိုင်းလူ့အခွင့်အရေးကော်မရှင်တို့ ဘန်ကောက်မြို့မှာရှိတဲ့ မြန်မာသံရုံးမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၂ ရက်နေ့က တွေ့ဆုံပြီးနောက် ကော်မရှင်အဖွဲ့ဝင်က မီဒီယာတွေကို အခုလို ပြောလိုက်တာပါ။ .
သက်သေတွေနဲ့ မျက်မြင်တွေရဲ့ ပြောပြချက်ကို သုံးသပ်ပြီး ဒီလို ကောက်ချက်ဆွဲ နိုင်တာလို့ လူ့အခွင့်အရေးကော်မရှင်က ပြောပါတယ်။
. ကော်မရှင်အဖွဲ့ဝင် နီရန် ပီတက်ဝပ်ချာရာက ကနဦး စုံစမ်းမှုတွေအရ မြန်မာလူငယ် ၂ ယောက်ရဲ့ ပြောပြချက်အတိုင်းပဲ စစ်ဆေးရေးကာလအတွင်း ညှဉ်ပန်းနှိပ်စက်ခံရ၊ ခြိမ်းခြောက်ခံရတယ်ဆိုတာ မှန်ကန်တယ်လို့ ပြောပါတယ်။ .
ဒီအချက်တွေကို အမျိုးသားရဲတပ်ဖွဲ့ရုံးကို အစီရင်ခံစာပို့တဲ့အခါ ထည့်သွင်းမယ်လို့ ပြောပါတယ်။
. ဒီအမှုမှာ ထိုင်းရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ်ပုံကို ပင်မမီဒီယာတွေနဲ့ လူမှုမီဒီယာတွေက ဝေဖန်နေကြပြီး မြန်မာအလုပ်သမား ၂ ယောက်ဟာ မဆီမဆိုင် ဓားစားခံဘ၀ ရောက်ရတယ်လို့ ယုံကြည်နေကြပါတယ်။ . စွပ်စွဲခံထားရတဲ့ မြန်မာလူငယ် ၂ ယောက်ရဲ့ မိဘတွေဟာ အောက်တိုဘာ ၂၂ ရက် နေ့မှာ ဘန်ကောက်ကို ရောက်ပြီး ဒီနေ့မှာတော့ သူတို့သားတွေ အဖမ်းခံထားရတဲ့ ကော့စမွီ တရားရုံး အချုပ်ခန်းဆီကို သွားဖို့ ရှိပါတယ်။ .
ဗြိတိန်နိုင်ငံသားတွေဖြစ်တဲ့ ဟန်နာ ၀စ်သရိုက် ၂၃ နှစ်နဲ့ ဒေးဗစ်မေလာတို့ရဲ့ အလောင်းတွေကို စက်တင်ဘာ ၁၅ ရက်နေ့က ကော့တောင် ကမ်းခြေမှာ တွေ့ခဲ့ရတာပါ၊ . သေမှုသေခင်း စစ်ဆေးချက်တွေအရ သေဆုံးသူ ၂ ယောက်ဟာ ခေါင်းမှာ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရခဲ့ပြီး ဟန်နာဟာ ဗလက္ကာယ ပြုခံထားရတယ်လို့ ဆိုပါတယ်။ . ဟန်နာဆီမှာ တွေ့ရတဲ့ ဒီအန်အေနဲ့ မြန်မာလူငယ် ၂ ယောက်ရဲ့ ဒီအန်အေဟာ တူညီတယ်လို့ ရဲအဖွဲ့က ဒီလထဲမှာ ပြောထားပါတယ်။ အခုအထိတော့ စွပ်စွဲခံရတဲ့ လူငယ် ၂ ယောက်စလုံးကို ရုံးတင်အမှုစွဲတဲ့ အဆင့်မရောက်သေးပါဘူး။ . လူငယ်နှစ်ယောက်ကလည်း အမှုကို သူတို့ ကျူးလွန်ခဲ့ခြင်း မရှိဘူးလို့ ထိုင်းရှေ့နေများ ကောင်စီကို ပြောထားပါတယ်။ . အစောပိုင်းက ၀န်ခံခဲ့တာဟာလည်း အကျပ်ကိုင်ခံရတာကြောင့်လို့ ပြောပြီး တရားမျှတမှု ရဖို့ တောင်းဆိုထားပါတယ်။ . ဘန်ကောက်မှာရောက်နေတဲ့ မြန်မာလူငယ် ၂ ဦးရဲ့ မိဘအုပ်ထိန်းသူတွေကလည်း ထိုင်းဘုရင်မင်းမြတ်၊ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေကို တရားဥပဒေအရ မျှမျှတတ ဆောင်ရွက်ပေးဖို့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ မေတ္တာရပ်ခံထားပါတယ်။ .
DVB

ကနေဒီယမ်လစ်ဗျားကပါလီမန်ကိုဝင်စီးရန်ကြိုးစား




Michael Zehaf-Bibeau က
အဖေကလစ်ဗျားအမေကကနေဒီယမ်
အစ္စလာမ်ဘာသာခံယူထားပြီးဆီးရီးယား
ကိုသွားဖို့နိင်ငံကူးလက်မှတ်လျောက်ထားသူ
လဲဖြစ်ပါတယ်၊ပြစ်မှုတွေနဲ့ထောင်ကျခြေချုပ်ခံ
ဖူးသူတယောက်ဖြစ်ပြီးအစိုးရစောင့်ရှောက်တဲ့
ဂေဟာမှာနေသူတယောက်ပါ၊
အာဇာနည်ကျောက်တိုင်မှာတယောက်(သို့)နှစ်
ယောက်အလှည့်ကျရပ်နေတဲ့စစ်သားတယောက်
ကိုပစ်သတ်ပြီးကားတစီးနဲ့ပါလီမန်ဖက်မောင်းခဲ့တယ်
ကားပေါ်ကဆင်းပြီးပါလီမန်နားမှာရပ်ထားတဲ့အစိုးရ
အရာရှိကားမောင်းသမားကိုဆင်းခိုင်းပြီးပါလီမန်ထဲ
မောင်းဝင်ခဲ့တယ်၊အနောက်မှာပါလီမန်စောင့်ရဲကား
ချက်ချင်းလိုက်ပေမဲ့ပါလီမန်ထဲရောက်သွားတယ်၊
အစည်းအဝေးခန်းမရောက်မှီမှာပဲပါလီမန်စောင့်ရဲ
တွေနဲ့အနဲဆုံးအချက်၃၀ကျော်အပြန်အလှန်ပစ်ပြီး
သေဆုံးသွားပါတယ်၊လွှတ်တော်အမတ်တွေကအထဲ
ဝင်မရအောင်ခုံတွေနဲ့တံခါးကိုခုထားခဲ့ကြတယ်၊
ကနေဒါအစိုးရစောင့်ကြည့်နေတဲ့၉၃ယောက်ထဲမှာ
ပါဝင်သူတော့မဟုတ်ကြောင်းသိရပါတယ်၊