Saturday, November 1, 2014

ရေးရဲရင် ရေး မှားသူခံဆိုပြီးဦးရဲထွဋ် ခြိမ်းခြောက်

ပြီးခဲ့တဲ့ ရက်ပိုင်းက ပြန်ကြားရေးဝန်ကြီးဦးရဲထွဋ် သိန်းထောင်ကျော်တန် တိုက်ခန်းနှစ်ခန်းဝယ်တယ် သိရတော့ ချက်ချင်း ဦးရဲထွဋ်ကို ဘယ်ကရတဲ့ ငွေနဲ့ဝယ်လည်း fb cmt မှာ မေးခွန်းထုတ်ပါတယ်။ သူက နိုင်ငံခြားရောက်နေတာနဲ့ ရောပြီး ပြန်မဖြေပါဘူး။

ဒီနေ့ mjn မှာ ဦးရဲထွဋ်နဲ့ mjn တွေ့ပါတယ်။ လိုတာထက်ပိုပြီး ကျိုးနွံသလို ဖြစ်နေသူ အချို့ကို ကြည့်ပြီး စိတ်ညစ်မိတယ်။

ကိုယ့်တိုက်နဲ့ ဥပဒေကြောင်းအရ တရားတပေါင်ဖြစ်နေလို့ တိုက်ကိုယ်စားပြု မမေးသင့်တော့ သတင်းထောက်တစ်ယောက်အနေနဲ့ မီဒီယာသမားတွေကို ပြစ်မှုဆိုင်ရာ ဥပဒေတွေနဲ့ အရေးယူနေတာ ဝန်ကြီးဘာလုပ်ပေးမလည်း မေးတော့ ဝေ့လည်ကြောင်ပတ်တွေ ဖြေပါတယ်။ တစ်ယောက်ကို မေးခွန်းတစ်ခုမေးဆိုတော့ ဆက်မေးခွင့် မရပါဘူး။

ပွဲပြီးလို့ ကျေးဇူးတင်စကား ပြောနေချိန်မှာ ကျွန်တော်က ဖြတ်ပြီး ဆရာ ဒီတိုက်ခန်းတွေ ဘယ်ငွေနဲ့ဝယ်လည်း မေးတော့ မေးခွန်းမဆုံးခင် ရေးရဲရင် ရေး
မှားသူခံဆိုပြီး ခြိမ်းခြောက်ပါတယ်။ ဒီမှာ fb မေးခွန်း သူတမင်မဖြေမှန်း သိရပါတယ်။

ဒါဆို ဝယ်တာသေချာတယ်ပေါ့ မေးတော့ သူ့မှာ လူ့အဆင့်အတန်းနဲ့ ညီတဲ့ ပိုင်ဆိုင်မှုတွေ ရှိတယ် လို့ ဦးရဲထွဋ်က ပြောပါတယ်။ ဒါဆို တိုက်ခန်းတစ်ခန်းတောင် မပိုင်တဲ့ ရန်ကုန်နေ ပြည်သူအများစုက လူ့အဆင့်အတန်းအောက် ရောက်နေတာပေါ့။ ကျွန်တော်တို့ သတင်းထောက်တွေလည်း ဦးရဲထွဋ်စကားအရ လူ့အဆင့်အတန်းအောက်ကပါပဲ။ ပြီးတော့ မိသားစုနောင်ရေးအတွက် စုဆောင်းတယ် ပြောတယ်။ သူ့တစ်သက်လုံး ဝန်ထမ်းလစာပေါင်းရင်တောင် သိန်းထောင်ကျော်တန်တိုက်ခန်းတစ်ခန်း မဝယ်နိုင်ပါဘူး။ အခုတော့ ဝယ်ထားလိုက်တာ နှစ်ခန်း သုံးခန်း ။ ပျံသာပျံပါ ငှက်ခါးလေး မောင်ရဲ။ နားခါမှ သိရင် ကျွန်တော့်အပြစ်မဟုတ်ဘူးနော်။

ဖြိုးဝေဝင်း( ခေတ္တ- လူ့ပြည်သတင်းထောက်)


ကိုပါကြီးဇနီး မသန္တာ ကို အရှေ့တောင်တိုင်းစစ်ဌာန ချုပ်မှ ကူညီထောက့်ပန့် ကြေး ပေးမည်ဟုတရားဝင်စာပို့



Ah Mar Ni
ကိုပါကြီးဇနီး မသန္တာ ကို အရှေ့တောင်တိုင်းစစ်ဌာန ချုပ်မှ ကူညီထောက့်ပန့် ကြေး ပေးမည်ဟု ပြန်ကြားရေးဌာန ကို တရားဝင်စာပို့ပါတယ် ၊ မသန္တာမှ လုံးဝ လုံးဝမယူပါဟု ဖုန်းထဲမှကျနော့်ကိုပြောပြ ပါသည် ။ အဲလို လူအသက်တချောင်းကို တန်းဖိုးမဲ့စွာ သတ်ဖြတ် ပြီးမှ နစ်နားကြေး သဘောမျိုးပေးမယ်ဆိုရင် မြန်မာနိုင်ငံမှာ တရားရုံး ရဲစခန်း အချုပ် ထောင်များ မလိုအပ်တော့ပါ ၊ငွေများများစုပြီး ကျနော်တို့လဲ အဲ့လို လုပ်ချင်ပါတယ် ။ စစ်တပ် ၊ စစ်ဘောင်းဘီချွပ် အစိုးရမှလူ့အခွင့်ရေးတွေကို တရားဝင်ချိုးဖောက်နေပါတယ် ။



မြန်မာနိုင်ငံလူုအခွင့်အရေးကော်မရှင်ရုံးရှေ့တွင် စောင့်ဆိုင်းနေရသော ကိုပါကြီး ဇနီး မသန္တာ နှင့် လိုက်
ကူညီကြသည့် မနီလာသိန်းနှင့် မမီးမီး။
သတင်းဓါတ်ပုံ- Han Pa .




Mee Mee
ိုဝင်လို့မရတဲ့အတွက် မသန္တာနဲ့အတူပြန်လာခဲ့ပါပြီ
လူ့အခွင့်အရေးတိုင်စာဌာနကတာဝန်ခံအမျိုးသမီးဆိုသူက သူ့ နာမည်တောင်မပြောတဲ့အတွက် တိုင်စာလဲပြန်ယူလာခဲ့ပါတယ်
ကျမတို့မဝင်ရပေမယ့် အစစ်အဆေးမရှိဝင်ခဲ့သူတွေကို ဓါတ်ပုံနဲ့တစ်ကွဖေါ်ပြပေးလိုက်ပါတယ်။


Kyaw Thet... ပုံထဲကလူ ကိုဝင်းထက်ဒုတပ်ကြပ်ဆိုလားပဲသေချာတာကလိုင်ရဲစခန်းကရဲ

အင်္ဂလိပ်ဖမ်းမိတဲ့သူပိုက်ဆံပေးမယ်တဲ့

r

CSI LA ကတော့ သူ့ကို အဲ့ဒီ CCTV ပြမလားလို့ အေစီသူဌေးကို စိမ်ခေါ်



John Smith
CSI LA တင်ထားပေးတဲ့ ဒီလို ပုံမျိုးတွေကျတော့ မြန်မာဘက်က player တွေတွက် အရေးပါနိုင်ပါတယ်။ ၀င်းနှင့် ဇော် အတွက် ဒီလို cctv တွေတောင်းကြည့်ခွင့် ရှိနိုင်ပါတယ်။
ဥပမာ ၀င်းနှင့် ဇော်သတ်တယ် ပဲထား.. သူတို့အိပ်တဲ့ နေရာကို ဘယ်လို ပြန်လာသလဲ။ CCTV သက်သေတွေ က အရေးကြီးပါတယ်။ သူတို့ ဒလိလုပ်တယ် ဆိုရင်လည်း အဖြေက ရှင်းနေတာပဲ။

(CSI LA ကတော့ သူ့ကို အဲ့ဒီ CCTV ပြမလားလို့ အေစီသူဌေးကို စိမ်ခေါ်ထားနေပါတယ်)
U Htay Tint
CSILA က စစ်ဆေးတာ ပြေးနေတဲ့သူ အရပ်က ၁.၆၀ ကနေပြီး ၁.၆၇ မီတာ ရှိနိုင်တယ် ။
သူဌေးသားက ၁.၆၀ မီတာ ရှိပါတယ် ။ သူဌေးညီက ၁.၆၈ မီတာ ရှိနေပါတယ် ။
မြန်မာပြည်သား ၂ ယောက်က ၁.၄၅ နဲ့  ၁.၄၈ မီတာ ဘဲရှိပါတယ် ။

သူဌေးသား ဘန်ကောက်မှာ ရှိနေတယ် လို့ 
ရှေ့ နေခေါ်ပြီး ညာရတဲ့ အကြောင်း လေ့လာပါ ။
ဖြစ်နိုင်တယ် ဆိုရင် သက်သေ အထောက်အထား
ဘယ်လို ရှာကြမလဲ ။

ACဘားထဲမှာသူဌေးသား နဲ့ 
ဒေးဗစ်တို့အပြန်အလှန်ထိုးကြတာ
ဒေးဗစ်ပြန်ထိုးလို့ သူဌေးသားလဲကျတယ် ။

နောက်ပြီး ဟန်နာတို့ ဆိုင်ထဲကပြန်ထွက်ချိန်
နောက်ကလိုက်ထွက်လာတဲ့ .



၃လား ၄ယောက်လား ဘယ်သူတွေလည်း..

ဟန်နာတို့  တည်းခိုရာနေရာ အထိဘယ်သူတွေလိုက်သွားတာလဲ

ဒေးဗစ်တစ်ယောက်တည်းပြန်လာချိန်ဘယ်နေရာကိုသွားတာလဲ

ပြီးတော့ ဘယ်သူတွေ နဲ့တွေ့တာလဲ

ထိုင်းပုလိပ်တွေ အနေနဲ့ 
အများကြီးကောက်ချက်ချစရာ တွေဖယ်ထားပြီး
မခိုင်မာတဲ့ သက်သေ အထောက်အထားတွေ
ဖြတ်ညှပ်ကပ်ပြီး အမှုတွဲကို
ဘာကြောင့် မြန်မာပြည်သားတွေလို့ 
ဘာကြောင့် ကောက်ချက်ဆွဲတာလဲ ။



ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းလူသတ်မှုမှာ တရားခံများအဖြစ် ထိုင်းရဲတပ်ဖွဲ့ရဲ့ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား ရခိုင်လူငယ်လေးနှစ်ဦးဖြစ်တဲ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့နှစ်ဦးကို မြန်မာသံရုံး အထူးစုံစမ်း ရေး အဖွဲ့တာဝန်ရှိသူတွေက ယနေ့မှာတတိယအကြိမ်အဖြစ် ကော့စမွေအကျဉ်းထောင်ကို သွားရောက်ကာ တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့ပါတယ်။
ဒီလိုတွေ့ဆုံရာမှာ အမှုရင်ဆိုင်ဖို့ အတွက်အရေးပါတဲ့ အချက်တွေအပြင်၊သူတို့ နှစ်ဦး ထောင်တွင်း အခြေ အနေတွေကိုလည်း မြန်မာအဖွဲ့အနေနဲ့ သိရှိခဲ့ပါတယ်။

ဒါကြောင့် ဇော်လင်းနဲ့ ဝင်းဇော်ထွန်းတို့ နှစ်ဦးနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့ သံရုံးအထူးအဖွဲ့ရဲ့ ရှေ့နေကြီး ဦးအောင်မျိုး သန့်ကို ဧရာဝတီသတင်းထောက် ကျော်ခ က ဆက်သွယ် မေးမြန်း ထားပါတယ်။

မေး။ ။ မြန်မာသံရုံး အထူးအဖွဲ့အနေနဲ့ ဒီနေ့ ကော့စမွေ ထောင်မှာ ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့နှစ်ယောက်ကို သွားရောက်တွေ့ဆုံခဲ့တယ်ဆိုတော့ အခြေအနေလေး သိပါရစေ။
ဖြေ။ ။ အဓိကကတော့၊ ပြီးခဲ့တဲ့အောက်တိုဘာ ၂၄ ရက်နေ့က သူ့မိဘတွေနဲ့အတူသွားတွေ့တယ်၊ အဲဒီအချိန်မှာ သူတို့က ပွင့်ပွင့်လင်းလင်းမှန်မှန်ကန်ကန်ပြောမယ်ဆိုပြီး၊ ပြောတဲ့အခါမှာ သူတို့ပြစ် မှုမကျူး လွန်ဘူးလို့ပြောတယ်။ ဒီနေက့ အဲဒီစကားကို ထပ်မံအတည်ပြုနိုင်ဖို့ အတွက် သွားတွေ့တာလည်းပါတယ်။

မေး။ ။ ဒီနေ့တွေ့တော့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းက ဘယ်လိုအတည်ပြုချက်တွေ ထပ်ပေးလိုက်ပါ သလဲ။
ဖြေ။ ။ ဒီနေ့မှာ သူတို့ပြောပြချက်အရဆိုရင် ဒီကလေးတွေဟာ ဒီအမှုမှာ လုံးဝ ပါဝင်ကျူးလွန်ခြင်း မရှိတဲ့ အတွက်ကြောင့်မို့ ဒီကလေးတွေရဲ့ ပါဝင်ပတ်သက်ခြင်းမရှိတဲ့ အကြောင်းအရာတွေနဲ့ ဆီလျော်တဲ့ တခြားအကြောင်း အရာတွေကိုမေးဖြစ်ခဲ့ပြီး၊ အမှုအတွက် ယူဆောင်ခဲ့ပါတယ်။

မေး။ ။ အခင်းဖြစ်တဲ့ညက ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ရဲ့ ဘောင်းဘီရေစိုထားတာနဲ့ အိမ်ကို ဂစ်တာပြန် ပါမလာဘူးဆိုတဲ့ ကိစ္စဟာလည်း။ စိတ်ဝင်စားစရာ မေးခွန်းတခုဖြစ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး တော့ရော မေးဖြစ်ခဲ့လားခင်ဗျ။
ဖြေ။ ။ အဲဒီညက AC Bar နဲ့ Maya Bar ရဲ့ဘေးမှာ ရှိတဲ့ သောင်ပြင်မှာ ရေဆင်းကူးတယ်။ ၁၀ မိနစ်၊ ၁၅ မိနစ်ကြာတယ်။ အဲဒီအချိန်မှာ သူတို့ချွတ်ခဲ့တဲ့ အင်္ကျီနဲ့ ဂစ်တာပျောက်သွားတယ်။ ပြန်တက်လာ တော့ ရှာမတွေ့ဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့က တရားရုံးမှာ အမှုစစ်တဲ့အခါမှာ သက်သေခံ အနေနဲ့ထုတ်ပြလာတယ်။ အဲဒီတော့ စဉ်းစားစရာဖြစ်နေတာက ပျောက်သွားတဲ့ ဂစ်တာဟာ တရားရုံးမှာ သက်သေခံအဖြစ်နဲ့ လာပြနိုင်တယ်ဆိုရင် ဒီကိစ္စကို ကြားက တဦးတယောက်သောသူက ဖန် တီးနေတဲ့ သဘောမျိုး ဖြစ်နေပါတယ်။

အဲဒီအချက်ကလည်း ဒီအမှုနဲ့ပတ်သက်လို့ အားနည်းချက်တွေပါ။ နောက်တခါ ကလေးတွေကို အခုမေးကြည့် တဲ့ အခါမှာ ဝင်းဇော် ထွန်းလေးကို တံတွေးနဲ့ ဆီး DNA ယူတယ်။ ဇော်လင်းကိုတော့ တံတွေး တခါပဲ DNA ယူ တယ်လို့ ပြောပါတယ်။
ဒါကြောင့် အဲဒီ DNA ဟာလည်း မလုံလောက်ဘူးဆိုတာကို ပြီးခဲ့တဲ့ အောက်တိုဘာလ ပထမပတ်မှာ ကတည်းက ကျနော်ပြော ခဲ့ဖူးပါတယ်။
အဲဒီအချက်တွေကို ပြန်ပြီးတော့ နှိုင်းယှဉ်မှု လုပ်တဲ့အခါမှာ DNA ယူတာဟာ မလုံလောက်ဘူးဆိုတဲ့ အနေ အထားတွေ့နေရတယ်။ ဒါကို ထိုင်းဝန်ကြီး (ပရာယုဒ် ချန်အိုချာ) က အခုမှ DNA ပြန်စစ်ချင်တဲ့ ပုံစံမျိုးပြောတာကတော့ ဥပဒေအရကိုက လွဲမှားနေပါတယ်။

မေး။ ။ အစက ဒီအမှုမှာ တရားလိုပြသက်သေအဖြစ် ပြောထားတဲ့ မြန်မာလူငယ်တွေက တရား ရုံးမှာ မသိရကြောင်း ပြောဆိုလိုက်ပြီးတဲ့နောက် ထိုင်းရဲတွေဘက်က DNA ကို အဓိကတည်ပြီး လုပ်လာ နိုင် တယ်ဆိုပြီးတော့လည်း ပညာရှင်တွေက ထောက်ပြ ပြောဆိုနေကြပါတယ်။ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းကို DNA ထပ်စစ်ဖို့ ရဲကအကြောင်းကြားလာပြီလား။ အကြောင်း ကြားလာရင်ရော ဦးအောင်မျိုးသန့်တို့ တို့ဘက်က ဘယ်လိုတုန့်ပြန်ဖို့ရှိပါလဲခင်ဗျ။
ဖြေ။ ။ အခုလည်း ကလေးတွေကို ထောင်ထဲမှာ မှာခဲ့ပါတယ်။ ကလေးတွေဟာ ပြီးခဲ့တဲ့ အောက် တိုဘာ ၁၄ ရက်နေ့ တရားခွင်မှာ စစ်တုန်းကလည်း ရှေ့နေကကိုယ်စားလှယ်ပါဝါတင်ပြီးတော့ စစ်ခဲ့ရ တာ ကြောင့် အမြဲတမ်း ကလေးတွေဘက်မှာ ရှေ့နေရှိပြီးသားပါ။

အဲတော့ ရဲတွေက စစ်ချင်တယ်ဆိုရင်လည်း ကျနော်တို့ဘက်က ရှေ့နေတွေသိအောင် အကြောင်းကြားရမှာ ပါ။
ဒါကြောင့် ကလေးတွေကိုပြောထားတယ်။ အကျိုးဆောင်တွေမသိဘဲနဲ့ စစ်ဆေးမေးမြန်း လက်မှတ်ထိုး ခိုင်း တဲ့ ကိစ္စမျိုးတွေကို လုံးဝ လက်မခံဖို့ လက်ခံမယ်ဆိုရင်လည်း ရှေ့နေများကို ခေါ်ပေးပြီးတော့မှ ရှေ့နေ များ ရှေ့မှာပဲ လက်ခံပေးဖို့ ဆိုပြီးတော့ မှာခဲ့ပါတယ်။

မေး။ ။ ကော့စမွေအကျဉ်းထောင်ထဲမှာ ပထမဆုံး အကြိမ်သွားတွေ့တုန်းက ဝင်းဇော်ထွန်းနဲ့ ဇော် လင်းတို့အနေနဲ့ မြန်မာသံရုံးက စုံစမ်းရေး အဖွဲ့ကိုလည်း ယုံကြည်မှုမရှိဘူးလို့ကြားသိရပါတယ်၊ အခုဆိုရင်တွေ့ ဆုံမေး မြန်းခွင့်ရတာ သုံးကြိမ်ရှိသွားပြီဆိုတော့ အန်ကယ်တို့အဖွဲ့အပေါ်မှာ ယုံကြည်မှုတွေတိုး တက်လာပြီလို့ပြော လို့ရပြီလား။
ဖြေ။ ။ သူတို့နဲ့ ပထမဆုံးတွေ့တဲ့ အချိန်မှာ ဟုတ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဘာသာပြန် ဖြစ်တဲ့ လူတယောက်က သံရုံးက ကိုယ်စားလှယ်ပါဆိုပြီး ကဒ်ပြပြီးတော့ ခြိမ်းခြောက်ရိုက်နှက် ဝန်ခံခိုင်းခဲ့တာ တွေရှိခဲ့ပါတယ်။ ဒါကြောင့် သံရုံးကတကယ်လာတွေ့တဲ့ အချိန်မှာ သံရုံးဆိုတာ ကိုယုံမှားသံသယဖြစ်နေပါ တယ်။ ဒါကြောင့် ပထမဆုံးအကြိမ်သွားတွေ့တုန်းက သူတို့ ကိုယ်တိုင် မတင်မကျဖြစ်နေပါတယ်။

ဒါပေမယ့် မိဘနဲ့သွားတွေ့တဲ့ တခါရယ် အခုတခါရယ်မှာတော့ သူတို့ကိုယ်တိုင်က တက်တက်ကြွကြွ ဝမ်း သာအားရနဲ့ ပွင့်ပွင့်လင်းလင်း ပြစ်မှုမကျူးလွန်ကြောင်းပြောပါတယ်။

မေး။ ။ ဒီနေ့ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ကိုတွေ့တဲ့ အခါမှာ အရင်နဲ့မတူဘဲ တခြားထူးထူးခြားခြား တွေ့ခဲ့မြင်ခဲ့ရတာတွေများ ရှိလားခင်ဗျ။
ဖြေ။ ။ ဝမ်းသာစရာတွေ့ခဲ့ရတာကတော့ ကလေးတွေဟာ ဒီနေ့မှာ သံခြေကျင်းတွေဖြုတ် ထား တာကို တွေ့ခဲ့ရပါတယ်။ သဘောကတော့ အရင်တုန်းက ကျနော်တို့ တောင်းဆိုခဲ့တဲ့ဟာကို လိုက်နာဆောင် ရွက်တယ်ဆိုတဲ့ သဘောပါ။

ဒါပေမယ့် စိတ်မကောင်းစရာကြားခဲ့ရတာကတော့ ကလေးတွေ ကိုယ်တိုင်ပြောပြတာ သူတို့ကို အင်္ဂတေ ပေါ်မှာ အဝတ်စားလေးတခုပဲ ခင်းပြီးတော့ အိပ်နေရတဲ့ အနေအထားတွေ့နေရပါတယ်။ ဝင်းဇော်ထွန်းဆိုရင် ချောင်းဆိုးနေတဲ့ အနေအထားမျိုး ဖြစ်နေပါတယ်။ ဒါကတော့ လူ့အခွင့်အရေးအရကြည့်မယ်ဆိုရင်တောင် မသင့်လျော်တဲ့ ကိစ္စပါ။ ဒီလိုလုပ်တာဟာ လူသားတယောက်နဲ့ မတူပါဘူး။

မေး။ ။ ဒါဆို အဲဒီအကျဉ်းထောင်မှာရှိတဲ့ တခြားအကျဉ်းသားတွေကိုရော ဘယ်လိုထားတယ်လို့ သိခဲ့ရလဲခင်ဗျ။
ဖြေ။ ။ ကျနော်ကမေးပါတယ်။ တခြားအကျဉ်းသားတွေရော ဘယ်လိုအိပ်လည်းဆိုတော့ တခြား အကျဉ်းသားတွေက မွှေ့ယာတွေ ဘာတွေရှိပါတယ်တဲ့။ ဆိုတော့ ဒါဟာ စဉ်းစားစရာတခုဖြစ်နေပါတယ်။
မြန်မာတရားခံ နှစ်ယောက်ကိုမှ ဒီလို အိပ်ခိုင်းတာဟာ တမင်တကာများ လုပ်နေသလား လို့တောင် ထင်ရပါ တယ်။ ဒီကိစ္စကတော်တော်လေး စဉ်းစားစရာ ဖြစ်နေပါတယ်။

မေး။ ။ သူတို့နှစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုရှိ လည်း ခင်ဗျ။
ဖြေ။ ။ သူတို့ရဲ့ ကျန်းမာရေး အခြေအနေကတော့ ခုချိန်ထိတော့ကောင်းပါတယ်။ ဝင်းဇော်ထွန်း ကတော့ ချောင်းနည်းနည်း ဆိုးနေတာတော့ရှိပါတယ်။ ဟိုတခေါက်သွားတုန်းက ဇော်လင်းရင်ဘတ်မှာ တွေ့ခဲ့ရတဲ့ အစင်းတွေလည်း ပျောက်သွားပါပြီ။ တခါ တခါ အဲဒီဒဏ်ရာနေရာကို လက်ညိုးနဲ့ထောက်ကြည့် ရင်တော့ နာနေသေးတယ်လို့ ပြောပါတယ်။

မေး။ ။ ဝင်းဇော်ထွန်းနဲ့ ဇော်လင်းတို့ နှစ်ယောက်ကို DNA ထပ်မံစစ်ဆေးမယ်ဆိုတဲ့ သတင်းတွေ လည်း ထွက်လာပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဦးအောင်မျိုးသန့် အနေနဲ့ ဘာပြောချင်လဲ။
ဖြေ။ ။ ကျနော်တို့က ဒီအမှုမှာ ရှေ့နေများကောင်စီနဲ့ ပူးပေါင်းပါဝင်ပြီးတော့ ဆောင်ရွက်ပြီးသားပါ။ ရဲက DNA ကိစ္စကို ဆောင်ရွက်ချင်တယ်ဆိုရင် ကျနော်တို့ ရှေ့နေများကောင်စီကို ပြောပြီးတော့ တရားခံတွေ ဘက်ကလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့နေကို အကြောင်းကြားရမှာပါ။
ပြီးမှ ဆက်လက်ဆောင်ရွက်မယ်ဆိုရင် ဥပဒေဘောင်အတွင်း ဝင်မှာပါ။ ဒါတောင် ကျနော်တို့ ရှေ့နေများ ကောင်စီအနေနဲ့ ခွင့်ပြုလို့လည်း ရသလို ငြင်းပယ်လို့လည်းရတဲ့ ကိစ္စပါ။

မေး။ ။ DNA စစ်ဖို့အတွက် ဝင်းဇော်ထွန်းတို့ ဇော်လင်းတို့ကရော ဘယ်လိုသဘောရှိလည်းခင်ဗျ။ သူတို့ဘက်ကရော စိုးရိမ်တာတွေဘာတွေရှိတယ်ပြောလား။
ဖြေ။ ။ လုံးဝ မရှိပါဘူးခင်ဗျ။ သူတို့ပြောတဲ့စကားက ရှင်းရှင်းလေးရယ်။ သူတို့ကိုယ်တိုင် ဒီဟာနဲ့ ပတ်သက်လို့ စိုးရိမ်မှု မရှိပါဘူးတဲ့။ သရုပ်ပြတာကို သူတို့သင်ပြတဲ့ အတိုင်း သရုပ်ပြတယ်။ သရုပ်ပြချိန်မှာ သတင်းထောက်တွေ မေးရင် ဘာမှမပြောပါနဲ့ ပြောလို့ တခုခုဖြစ်ရင် မင်းတို့ကို စခန်းရောက် ရင်သတ်မယ် ဘာညာဆိုပြီး ခြိမ်းခြောက်ထားတာရှိပါတယ်။
သူတို့က ဒီအမှုနဲ့ ပတ်သက်ပြီးလုံးဝ မပါဘဲနဲ့ ဒီအမှုထဲမှာ ထောင်ခြောက်ဆင်ခံရတဲ့ သဘောမျိုး ဖြစ်နေပါတယ်။

မေး။ ။ အခုသူတို့နှစ်ယောက်ဆီက ရရှိလာတဲ့ အတည်ပြုချက်တွေကို ဦးအောင်မျိုးသန့်တို့ အနေနဲ့ ဘာဆက်လုပ်ကြမလဲ သိပါရစေ။
ဖြေ။ ။ ကျနော်တို့ ဖြစ်စေချင်တာကတော့ ထိုင်းနိုင်ငံရဲ့ ဥပဒေကို လေးစားလိုက်နာပြီးတော့ အပြစ် မကျူးလွန်ဘူးဆိုတဲ့ ကလေးတွေ အပြစ်ကနေ လွတ်အောင် ကျိုးစားဖို့ပဲရှိပါတယ်။

မေး။ ။ ဒီကိစ္စမှာ ထိုင်းရဲတပ်ဖွဲ့ဘက်ကတော့ သူတို့မှန်တယ်ဆိုပြီး ခိုင်ခိုင်မာမာပြောနေဆဲဖြစ် ပါတယ်။ ဒီအပေါ်မှာ ဘယ်လိုမြင်လဲခင်ဗျ။
ဖြေ။ ။ ဒါပေမယ့် ကျနော်အနေနဲ့ပြောရမယ်ဆိုရင်တော့ ဒီလိုသေဒဏ်ထိုက်တဲ့ အမှုကြီးတွေမှာ အမှုတွဲ့တင်ကတည်းကိုက ပြည့်စုံမှုမရှိလို့ အခုပဲ DNA ပြန်စစ်ရင် စစ်လို့ရတယ်လို့ ပြောလာတာပါ။
တကယ်သာ ပြည့်စုံခိုင်လုံမှု ရှိရင် ဒီလိုမျိုး DNA ကိုပြန်စစ်စရာ မလိုတော့ပါဘူး၊ အစိုးရရှေ့နေရုံးကလည်း ဒီအမှုကို ပြန်စစ်ပါ ပြည့်စုံမှုမရှိသေးဘူးလို့ ပြောစရာလည်း အကြောင်းမရှိပါဘူး။ သေဒဏ်ထိုက်တဲ့ အမှုတွေ မှာ ဒီလိုအားနည်းချက်တွေ အကြိမ်ကြိမ် အခါခါ ဖြစ်နေတဲ့ဟာကိုတော့ အခုကြမှ အဖတ်ဆည်တဲ့ သဘော ပြန်လုပ်မယ်ဆိုရင်တော့ ဒါဟာ ဥပဒေအရ တရားမျှတမှုမရှိဘူးလို့ပဲ ပြောဆိုချင်ပါတယ်။

မေး။ ။ အခင်းဖြစ်ပွားခဲ့တဲ့ ကျွန်းပေါ်ကို ဗြိတိန် စုံထောက်တွေမကြာခင်ရက်ပိုင်းကဝင်ရောက် စစ်ဆေးနေတာတွေ့ရပါတယ်။ ဒီအမှုနဲ့ ပတ်သက်လို့ မြန်မာအဖွဲ့အနေနဲ့ သူတို့ဆီက တစုံတရာ သိရပြီ လားခင်ဗျ။
ဖြေ။ ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ သံအမတ်ကြီး (ဦးဝင်းမောင်) ကို တင်ပြပြီး မေးကြည့် ပါတယ်။ သံအမတ်ကြီးကတော့ အတိအကျတော့မရသေးပါဘူး။ ဒါပေမယ့် သူတို့လည်း သူတို့နည်း၊ သူတို့ ဟန်နဲ့ စစ်ဆေးချက်တွေအပေါ်မှာ မူတည်ပြီးတော့ အတည်ဖြစ်အောင်တော့ အချက်တွေ ရယူသွားမယ်လို့ ပြောပါတယ်။ ဒါပေမယ့် အဲဒီအချက်တွေကိုတော့ ကျနော်တို့မရသေးပါဘူး။

မေး။ ။ ဒီဖြစ်စဉ်မှာ ဗြိတိန်ဘက်က ဝင်ရောက်စစ်ဆေးမှုတွေလုပ်လာတာဟာ တရားမျှတမှု ရရှိရေး အတွက် ပိုပြီးအားကောင်းလာတယ်လို့ ပြောလို့ရမလားခင်ဗျ။
ဖြေ။ ။ အဲဒါကတော့ အားရစရာပါပဲ၊ ဘာဖြစ်လို့လည်းဆိုတော့ ဒီအမှုကို ထိုင်းရဲတွေလုပ်ထားတဲ့ ကရော်ကမည်ဖြစ်တဲ့ ကိစ္စတွေဟာ အများရှေ့မှာ ထင်ထင်မြင်မြင်ဖြစ်သွားတာဟာ တော်တော်လေးကို ကောင်းပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တကယ်လို့သာ နှစ်နိုင်ငံထဲဆိုရင်တော့ ဒီကိစ္စဟာ တော်ရုံတန် ရုံနဲ့ ပြီးသွားမယ့်ကိစ္စပါ။ အခုဟာက အင်္ဂလန်ကလည်း နစ်နာသူ အနေနဲ့ ပါလာတဲ့ အတွက် သုံးပွင့်ဆိုင်ဖြစ် လာတဲ့ အတွက်ကြောင့်မို့လို့ နောက်ပိုင်းမှာ အမှန်အတိုင်း လုပ်မပေးလို့ မဖြစ်တဲ့ အခြေအနေ ရောက်သွား မှာပါ။

မေး။ ။ ဒီအမှုမှာ မြန်မာအစိုးရက လိုက်ပါဆောင်ရွက်တယ်ဆိုပြီး ဦးအောင်မျိုးသန့် တို့ကို အထူး အဖွဲ့ဆိုပြီးဖွဲ့ ပေးလိုက်တယ်။ ဒီအဖွဲ့က အားသွန်ခွန်စိုက် ဆောင်ရွက်နေတာကျနော်တို့လည်းတွေ့မြင် နေရ ပါတယ်။ ဒါပေမယ့် တကယ်တန်း ဒီအဖွဲ့မှာ မှုခင်းရေးရာ ကျွမ်းကျင်ပညာရှင်တွေ မပါပါဘူး။ ဒါကလည်း အရေးကြီးတဲ့ အတွက် အစိုးရအနေနဲ့ ဘာတွေဆက်လုပ်ပေးစေချင်လဲ။
ဖြေ။ ။အခု နိုဝင်ဘာလဆန်းပိုင်းမှာတော့ မြန်မာအစိုးရဘက်ကနေ မှုခင်းပိုင်းဆိုင်ရာ ကျွမ်းကျင် သူတွေနဲ့ ဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ လာမယ်လို့ သံအမတ်ကြီးဆီကတဆင့် သိရပါတယ်။
http://burma.irrawaddy.org/interview/2014/10/31/66630.html

Sean ပြောခဲ့စကား=>လူသတ်သမား ကို ဘယ်တော့မှ ထိုင်းရဲတွေ မဖမ်းနိုင်ဘူး တဲ့။

မန်းဒိတ်မပါဘူး ဒါတွေ ကျွန်မ မဆွေးနွေးနိုင်ဘူး




ထိပ်သီးဆွေးနွေးပွဲမှာ တိကျရေရာသောရလဒ် ထွက်ပေါ်လာခြင်းမရှိ၊ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်ကိစ္စကို ဆုပ်ကိုင်ထားဆဲဟုပြော

Byအောင်သူရOn  Sat, 2014-11-01 10:57Location နေပြည်တော်Issue No.No.549 Saturday, November 1, 2014

လက်ရှိအစိုးရသက်တမ်းအတွင်း ပထမဆုံးအကြိမ်ပြုလုပ်သော နိုင်ငံရေးအင်အားစု ငါးစုမှ ထိပ်သီးခေါင်းဆောင်များဆွေးနွေးပွဲကို နိုင်ငံတော်သမ္မတအိမ်တော်တွင် အောက်တိုဘာ ၃၁ ရက်က ကျင်းပ။
တစ်ဦးလျှင် ဆယ် မိနစ်သာ ဆွေးနွေးခွင့်ရသည့် နိုင်ငံရေးအင်အားစု ငါးဖွဲ့မှ ခေါင်းဆောင် ၁၄ ဦးတွေ့ဆုံပွဲသည် တိကျရေရာသော ရလဒ်မထွက်ပေါ်ခဲ့ဘဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က လေးပွင့်ဆိုင်တွေ့ဆုံရေးကိစ္စကို ခိုင်ခိုင်မာမာဆုပ်ကိုင်ထားကြောင်းတွေ့ဆုံပွဲ အပြီးတွင် သတင်းထောက်များ ကို ပြောကြားခဲ့သည်။

‘‘အောင်မြင်တယ်ဆိုတာကတော့ ဘယ်လို သတ်မှတ်သလဲတော့မသိဘူးပေါ့နော်။ အခါအားလျော်စွာ နောက်ဒီလိုမျိုးတွေလုပ်မယ်လို့ ပြောတာတော့ရှိပါတယ်။ အခါအားလျော်စွာဆိုတော့ နည်းနည်းစဉ်းစားရခက်တာပေါ့။  လေးပွင့်ဆိုင်ကိစ္စကို ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ ဘာမှ ကိုယ့်ပါတီစွဲနဲ့လည်း မဟုတ်ဘူး။ ၀ါဒစွဲကြောင့်မို့လည်းမဟုတ်ဘူး။ လက်တွေ့ကျကျလိုအပ်တယ်လို့ ထင်လို့ပါ’’ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နိုင်ငံရေးအင်အားစု ငါးစုဟု သတ်မှတ်သော အစိုးရ၊ ဥပဒေပြု ရေး၊ တပ်မတော်နှင့် နိုင်ငံရေး ပါတီများနှင့် ရွေးကောက်ပွဲကော် မရှင်ဥက္ကဋ္ဌတို့အပါအ၀င် ခေါင်း ဆောင် ၁၄ ဦးသည် အောက်တို ဘာ ၃၁ ရက် နံနက် ၉နာရီခွဲမှ ၁၁ နာရီ ၄၅ မိနစ်အထိ သမ္မတအိမ် တော်ငုရွှေဝါခန်းမတွင် တွေ့ဆုံကြသည်။ ဆွေးနွေးပွဲတွင် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ တွေ့ဆုံဆွေးနွေးအဖြေရှာရန်၊ အခြေခံဥပဒေ ပြင်ဆင်ရေးကို ဥပဒေနှင့် အညီလွှတ်တော်တွင်း မှာပဲ ဆောင်ရွက်ရန် အားလုံးက သဘောတူခဲ့ကြောင်း ၀န်ကြီး ဦးရဲထွဋ်ကတွေ့ဆုံပွဲအပြီး ပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲအဖွင့်မိန့် ခွန်းတွင် နိုင်ငံတော် သမ္မတက အမျိုးသားနိုင်ငံရေး အင်အားစု များအားလုံးပူးပေါင်းဆောင်ရွက် ပြီး လုပ်ကိုင်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေနိုင်ရန်၊ ပွင့်ပွင့်လင်းလင်းဆွေးနွေးကြရန် တိုက်တွန်းခဲ့ကြောင်း သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ်ကပြောသည်။ သမ္မတက ဆွေးနွေးပွဲတွင် အဓိက အချက်သုံးချက်ကို ဆွေးနွေးခဲ့ပြီး ပထမအချက်မှာ ဒီမိုကရေစီ ပြု ပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ

ဆက်လက်ရှင်သန်ဖြစ်ထွန်း ခိုင်မာစေရန်၊ ငြိမ်းချမ်းရေးဖြစ်စဉ်ခိုင်မာအောင် ပြုလုပ်သွားရန်နှင့် တတိယအချက်မှာ ၂၀၁၅ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်တို့ကို ဆွေးနွေးခဲ့သည်။

ထို့အပြင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းပြီး ထိပ်တိုက်တွေ့ဆုံမှု များကို ရှောင်ရှားရန်၊ ဥပဒေများ  ပြုသောအခါတွင်လည်း မဲဆန္ဒ အများစုနှင့် အနိုင်ယူခြင်းအစား  လူနည်းစု၏ ဆန္ဒများကိုလည်း ဥပဒေနှင့် ညီညွတ်ပါက အလေး ထားဂရုပြုပြီးမှ တူညီသော ဆန္ဒ ကို ရယူပြီး ဆောင်ရွက်ရန် ပြော ဆိုခဲ့ကြောင်း ဦးရဲထွဋ်က ဆိုသည်။ တွေ့ဆုံပွဲနှင့် ပတ်သက်၍ ‘‘အခြေအနေ ကောင်းတယ်လို့ ပြောရမှာပေါ့’’ဟု ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF)အဖွဲ့ကိုယ်စား တက် ရောက်လာသူ ဦးစိုင်းအိုက်ပေါင်း ကပြောသည်။

ယခုကဲ့သို့တွေ့ဆုံဆွေးနွေး ပွဲများအခါအားလျော်စွာ ပြုလုပ်ရန်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့သည်ဟုဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

‘‘သိပ်တော့လည်း အံ့အား သင့်စရာတော့ ဘာမှမပါဘူး’’ဟု  ဒေါ်အောင်ဆန်းစုကြည်က ဆွေး နွေးပွဲတွင် တပ်မတော်ခေါင်း ဆောင်နှစ်ဦးနှင့် တွေ့ဆုံခဲ့ခြင်းနှင့် ပတ်သက်၍ မှတ်ချက်ပြု သည်။  ဦးခွန်ထွန်းဦးကမူ ဆွေးနွေး ပွဲနှင့်မတူဘဲ တွေ့ဆုံထမင်းစား ပွဲနှင့်သာတူကြောင်း ပြောသည်။

‘‘ဒီလိုတွေ့ဆုံမှုတွေလုပ်ဖို့ ကျွန်တော်တို့က အစကတည်းက မျှော်လင့်ထားတာပါ။ ခေါင်းဆောင်တွေ တွေ့ကြတယ်ဆိုတာ နိုင်ငံ့ကောင်းကျိုး အတွက်ပဲဖြစ်မယ်။ သူတို့ ခဏတစ်ဖြုတ် တွေ့တာပဲဖြစ်ဖြစ်လေ။ အဲဒီလို တွေ့ဖြစ်တာကိုက အပြုသဘောဆောင်နေပြီ။ ဒီတွေ့ဆုံမှုကတော့တစ် ခါတည်းအဖြေထွက်ချင်မှထွက်မယ်။ ဒါပေမဲ့ နောက်ထပ်တွေ့ရဦးမယ်ဆိုတဲ့အနေအထားဖြစ်သွားနိုင်တယ်။ နောက်တွေ့ဆုံမှုတွေ ခဏခဏ လုပ်လာရင် အချင်းချင်းကြားမှာ သဘောထားလွဲမှုတွေမရှိနိုင်တော့ဘူး။  တစ်ယောက်နဲ့ တစ်ယောက် နားလည်လာနိုင်မယ်။ နောက်ဆုံးမှာ ပူး ပေါင်းလုပ်ဆောင်ထားကြမယ်’’ ဟု ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစောသိန်းအောင်က၎င်း၏ အမြင်ကို ပြောသည်။

‘‘ဒေါ်စုက လုံးဝကို မကြည့်တော့တာ။ သူ့မှာ မန်းဒိတ်မပါဘူးတဲ့။ ဒါတွေ ကျွန်မ မဆွေးနွေးနိုင်ဘူးတဲ့ဒါပဲ။ ဗြောင်ပြောတယ်လေ’’
ထိပ်သီးခေါင်းဆောင်များ ဆွေးနွေးပွဲတက်ခဲ့သော ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံခြင်း

Byအိဖြူလွင်On  Sat, 2014-11-01 10:57Issue No.No.549 Saturday, November 1, 2014

နိုင်ငံရေး ထိပ်သီးခေါင်းဆောင် များဆွေးနွေးပွဲကို နိုင်ငံတော် သမ္မတ အိမ်တော်တွင် အောက် တိုဘာ ၃၁ ရက်က ကျင်းပပြု လုပ်ခဲ့ရာ ဆွေးနွေးပွဲသို့ တက် ရောက်ခဲ့သူ တိုင်းရင်းသားခေါင်း ဆောင်တစ်ဦးဖြစ်သည့် ရှမ်းတိုင်း ရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဦးခွန်ထွန်းဦးအား ဆွေး နွေးပွဲအပြီး 7Day Daily က သီး သန့်တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ယခုဆွေးနွေးပွဲကို မည်သည့်ရည်ရွယ်ချက်ဖြင့် ပြုလုပ်ကျင်းပသည်ဟု ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် မခန့်မှန်းနိုင်သော်လည်း စိတ် ရင်းစေတနာကောင်းဖြင့် ရည် ရွယ်ပြုလုပ်သည်ဟုသာယူဆလို ကြောင်  ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောကြားခဲ့သည်။ ဦးခွန်ထွန်းဦးနှင့် တွေ့ဆုံမေးမြန်းထားသည်များမှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဆွေးနွေးပွဲကို အားရမှုရှိပါသ လား။
မရှိဘူးပေါ့။

ဆွေးနွေးပွဲမှာ အချက် ငါးချက်ဆွေးနွေးတယ်ဆိုပြီး သိရပါတယ်။
တင်ကြတာပဲလေ။ သူဂိုက် လိုင်းပေးတာ သုံးခုပေါ့။ ငြိမ်းချမ်း ရေးအတွက်ပဲလေ။ ဒါပေမဲ့ ငြိမ်းချမ်းရေးကနေ ချော်ပြီးတော့ ပညာရေးတို့၊ ကျန်းမာရေးတို့၊ လူ မှုရေးတို့ဘာတို့လည်း လိုက်သွား တယ်လေ။

အဓိကကျတဲ့ ဖွဲ့စည်းပုံပြင်ဆင် ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အပေါ်မှာကော ဆွေးနွေးပွဲက ဘယ်လောက်အထိ ဆွေးနွေးနိုင်ခဲ့လဲ။
အဓိကကတော့ ဖွဲ့စည်းပုံ က ပြင်ခိုင်းတဲ့သူလည်းရှိတယ်လေ။ မပြင်တပြင် ပြင်ချင်တဲ့သူလည်းရှိတာပဲ။ ဖွဲ့စည်းပုံက တော့ လက်မှတ်ထိုးမှပဲ သိရတော့မယ်ထင်တယ်။ ဒီဟာကလည်း လွှတ်တော်ထဲမှာ သွားမဲခွဲမယ်ဆို ရင် ပြဿနာက ပြန်စမှာပဲ။ လွှတ် တော်ထဲမှာ မဲခွဲမှတော့ အပြင်မှာ ဘာကြောင့် သုံးနှစ်သုံးမိုး ပြန်စနေမလဲ။

ဦးရဲထွဋ်က အခြေခံဥပဒေကို လွှတ်တော်အထဲမှာ ပြင်ဖို့ အားလုံး သဘောတူဆွေးနွေးခဲ့တယ်လို့ ပြောသွားတယ်။ တကယ်ပဲ သဘောတူခဲ့တာလား။
ကျွန်တော်သိရသလောက် ဆိုရင်တော့ သူတို့ဒါကိုပြောတာ မပြီးပြတ်သေးဘူးပဲ။ အဲဒီတော့ သူတို့ပြန်တွေ့ပြီး ပြောကြလိမ့် မယ်ထင်တယ်။ တချို့ကတော့ ပြင်စေချင်တယ်။ တချို့ကတော့ မပြင်စေချင်ဘူး။ ဘယ်သူတွေ မပြင်စေချင်တာလဲဆိုတာတော့ အဲဒါတော့ စုံနေတာပါပဲ။ နာမည်နဲ့ ပြောတာမကောင်းပါဘူး။ တပ်မတော်ကတော့ ဘာမှ သိပ်မပြောပါဘူး။ ဦးရွှေမန်းကတော့ ဒီ ၂၅ ရာခိုင်နှုန်းတော့ မပြင်နဲ့၊ တခြားဟာပြင်ဆိုပြီး နည်းနည်းပါးပါးတော့ ပြောတာပေါ့။ ၄၃၆ က ဒီနေ့ဆွေး နွေးတဲ့အထဲမှာ မပါပါဘူး။ ခေါ်ကတည်းက ပြင်ဖို့ ဆွေးနွေးတာ မဟုတ်ဘူး။ငြိမ်းချမ်းရေးက ရပ် နေတာ အဲဒါပဲလေ။

နိုင်ငံရေးဆိုင်ရာအပစ်အခတ်ရပ် စဲရေး သဘောတူညီချက်စာချုပ် (NCA) ကို ၂၀၁၅ မှာ ထိုးဖို့ရည်ရွယ်ထားတယ်လို့ ပြောသွားတယ်။ အဲဒါကိုကော သဘောတူညီချက် ရခဲ့တာမျိုးရှိလား။
NCA ကိုထိုးပြီးတော့ လွှတ် တော်ထဲကို သွားပြီး သဘောတူညီချက်ယူမယ်ဆိုရင် သူတို့ ဆွေးနွေးခဲ့တာတွေက အလကား ဖြစ်သွားမှာပေါ့။ တကယ်လို့ လွှတ်တော်က သဘောမတူခဲ့ဘူး ဆိုရင် လွှတ်တော်က အတည်ပြု ချက်ယူတယ်ဆိုတာမျိုးပဲဖြစ်နိုင် မယ်။

ဒီတော့ ဒီနေ့ဆွေးနွေးပွဲက ငြိမ်း ချမ်းရေးမှာလည်း ဘုံသဘောတူ ညီချက်မရခဲ့ဘူး။ ဘယ် အကြောင်းအရာကိုမှ သဘောတူ ညီချက်မရဘူးပေါ့။
မရဘူး။ ဟိုတို့တိ၊ ဒီတို့တိ ပေါ့။ တစ်ယောက်ကို ၇ မိနစ်၊ ၁၀ မိနစ်ပေးတယ်။ အဲဒါကို မဆီ မဆိုင်တွေလည်း လျှောက်ပြော တယ်။ ဘယ်ခုနှစ်က ဘာပြော တယ်တို့၊ ဘာတို့။ ဒေါ်စုကလုံးဝ ကို မကြည့်တော့တာ။ သူ့မှာ မန်း ဒိတ်မပါဘူးတဲ့။ ဒါတွေ ကျွန်မ မဆွေးနွေးနိုင်ဘူးတဲ့ ဒါပဲ။ ဗြောင် ပြောတယ်လေ။ စာရတာ နောက် ကျတယ်တဲ့။ ဗဟိုကော်မတီနဲ့ ကျွန်မမဆွေးနွေးရဘူးတဲ့။ တခြား ဟာပဲပြောတယ်။

နောက်တစ်ခေါက်ထပ်တွေ့ဆုံ မယ်လို့ပြောခဲ့သေးလား။
တွေ့မယ်ပြောတယ်။ ဆွေး နွေးပွဲကို မကြာမကြာလုပ်မယ် ပြောတယ်။ သူပြောတဲ့ သုံးချက် ထဲကဟာကို တချို့လည်း မဆွေး နွေးပါဘူး။ သူတို့ကျွမ်းတဲ့ ဘာ သာရပ်မှ မဟုတ်တာ။ ဘယ်မှာ သွားပြီး ထိပ်တိုက်တွေ့နေလဲ မသိ။ ယေဘုယျဆန်ဆန်မေးတဲ့ အခါကျတော့ ယေဘုယျဆန်ဆန် ပဲ ပြန်ဖြေကြတာပေါ့။ ဆွေးနွေး တယ်ဆိုတာ မဟုတ်တော့ တင်ပြ ပါတယ်ပဲပြောရတယ်။ အခုက ဆွေးနွေးတာမဟုတ်ဘူး။ တွေ့ဆုံ တာ၊ တွေ့ဆုံထမင်းစားပွဲပါပဲ။

ကျေးဇူးတင်ပါတယ်။
http://www.7daydaily.com/

ဦးအောင်သောင်းကို အမေရိကန် အစိုးရက ပိတ်ဆို့ အရေးယူ




BBC Burmese
စက်မှုဝန်ကြီးဟောင်း လွှတ်တော် အမတ် ဦးအောင်သောင်းကို အမေရိကန် အစိုးရက ပိတ်ဆို့ အရေးယူ

ပြည်သူ့ လွှတ်တော် အမတ် ဦးအောင်သောင်း ကို အမေရိကန် ပြည်ထောင်စုက ပိတ်ဆို့ ကန့်သတ် အရေးယူမှုတွေ ချမှတ် လိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စု အတွင်း မှာ ရှိတဲ့ ဦးအောင်သောင်းရဲ့ပိုင်ဆိုင်မှု အားလုံးကို ထိန်းချူပ်မှာ ဖြစ်သလို၊ အမေရိကန် စီးပွားရေး ကုမ္မဏီတွေလည်း ဦးအောင်သောင်းနဲ့ စီးပွားရေး မဆက်ဆံရဘူး လို့ ကန့်သတ်တာ ဖြစ်ပါတယ်။

မြန်မာနိုင်မှာ ဖြစ်ပေါ်နေတဲ့ အပြုသဘော ဆောင်တဲ့ နိုင်ငံရေးနဲ့ စီးပွားရေး အသွင်ပြောင်း ဖော်ဆောင် နေမှုတွေကို ကြံရွယ်ချက် ရှိရှိ ထိခိုက်ပျက်ပြားစေတဲ့ အတွက် အခုလို ပိတ်ဆို့မှုတွေ လုပ်ဆောင်ရတာလို့ အမေရိကန် ပြည်ထောင်စု ရဲ့ နိုင်ငံခြား ပိုင်ဆိုင်မှုများ ထိန်းချူပ်ရေး ဆိုင်ရာ ဘဏ္ဍရေး ဌာနရဲ့ ညွှန်ကြားရေးမှုး Adam Szubin က ပြောပါတယ်။

ဦးအောင်သောင်းဟာ အကြမ်းဖက်မှုတွေ၊ ဖိနှိပ်မှုတွေနဲ့ အကျင့်ပျက် ခြစားမှုတွေ ပြုလုပ်သူ ဖြစ်တယ် ဆိုပြီး တော့လည်း မစ္စတာ ရှူဘင်က ဆိုပါတယ်။

ဦးအောင်သောင်းဟာ အရင် စစ် အစိုးရ လက်ထက်မှာ စက်မှုဝန်ကြီး လုပ်ခဲ့သူ လည်း ဖြစ်ပါတယ်။

ကိုယ်ရံတော်များဖြင့် ဦးဝီရသူ