Sunday, November 2, 2014

နာက်တစ်မှုတော့လာပြန်ပြီ

ဥပဒေအထက်၌ မည်သူမှ မရှိစေရ သို.သော်..............................
----------------------------------------------------.---------------------
မြောက်ဥက္ကလာပမြို့နယ်ဓမ္မာရုံမှတ်တိုင် မြနန္ဒာဈေးအရှေ့ကားလမ်းမကြီး
အလယ်တည့်တည့်လူမြင်ကွင်း၌ (စအဖ)လေတပ်အထောက်ကူပြု
တပ်ကြပ် ဇော်မျိုးဦးမှအရပ်သားပြည်သူတစ်ဦးဖြစ်သူမောင်လေးနိုင်(ခ) မောင်ရဲနိုင်
အသက်၂၉ နှစ် (အဘ ဦးခင်ဌေး )အား ထိုးကြိတ်ကန်ကြောက်ရာမှ နောက်စေ့နှင့်
ကတ္တရာလမ်းဆောင့်မိရာမှ သေဆုံးခဲ့ရသည်။
၂၇.၁၀.၂၀၁၄ ရက်နေ့  မနက် ၉ နာရီကျော်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်အား
သေဆုံးသူ၏ မိသားစုဝင်များမှ မြောက်ဥက္ကလာပမြို့နယ် ဝေဘာဂီရဲစခန်းသို့ 
၂၈.၁၀.၂၀၁၄ ရက်နေ့ တွင် သွားရောက်အမှု့ ဖွင့်လှစ်ခဲ့ရာ ဒုရဲအုပ် ဇင်မင်းထွန်း မှ
ပ/၃၁၅/၂၀၁၄ ဖြင့် ပုဒ်မ ၃၂၅/၃၀၄(က)ဖြင့် အမှု့ဖွင့်လှစ်ပေးခဲ့သည်။
တရားခံအား ရဲစခန်းမှ စစ်ဆေးမေးမြန်းခြင်းများ မပြုလုပ်ပဲ စစ်တပ်သို့  ပြန်လည်
အပ်နှံပေးခဲ့သည်။၎င်းဖြစ်စဉ်နှင့် ပက်သက်၍ ယနေ့ အချိန်ထိ လူမှု့ရေးအရသော်
လည်ကောင်း လာရောက်မေးမြန်းခြင်း မရှိခဲ့။ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း
မည်ကဲ့သို့ ဆက်လက်လုပ်ဆောင်နေကြသည်ကိုစိုးစဉ်းမျှ မသိရှိရသေးပါ။
သေဆုံးသူ မောင်ရဲနိုင်၏ ရုပ်အလောင်းအား ၃၀.၁၀.၂၀၁၄ ရက်နေ့ နေ့ လည်
၁၂ နာရီခွဲ အချိန်တွင် ရေဝေးသုသာန်၌မီးသင်္ဂြုလ်ခဲ့ပြီ ဖြစ်သည်။မိသားစုဝင်များ
အနေဖြင့် ယနေ့ အထိတိုင် ကြေကွဲ ခံစားနေရပြီး အမှန်တရား အမြန်ဆုံးပေါ်ပေါက်
လာနိုင်စေရန် အကူအညီ လိုအပ်လျက်ရှိပေသည်။
သေဆုံးသူနေထိုင်သော လိပ်စာမှာ
အမှတ် (၁၀/က) ဋ္ဌ ရပ်ကွက် မြောက်ဥက္ကလာပမြို့နယ် ဖြစ်သည်။
အမှန်တရားပေါ်ပေါက်လာစေရန် ဝိုင်းဝန်းကူညီဖြေရှင်းပေးကြပါလို့  မေတ္တာရပ်ခံ
တင်ပြလိုက်ရပါသည်။
ရေးသားတင်ပြသူ - ကိုမင်း

ပြည်သူများက လက်မခံရန်လိုအပ် သည် ဟု ဦးခင်ညွန့်မှ ပြော

Hla Thaung

ဦးသန်းရွှေ၏ ဗျူဟာသည်
နောက်တစ်လှမ်းဆုတ် ရှေ့နှစ်လမ်းတိုး ဗျူဟာဖြစ်သည်

နိုင်ငံရေးလောကတွင်
ထင်ရှားသည်ဗျူဟာတစ်ခုက
ရှေ့တစ်လှမ်းတိုး နောက်နှစ်လှမ်းဆုတ် ဗျူဟာဖြစ်သည်

ရှေ့တစ်လှမ်းတိုးရန် အတွက်
နောက်နှစ်လှမ်းဆုတ်ကာအားယူရခြင်းကို
တင်စား ထားသော ဗျူဟာဖြစ်သည်

ယခု ဦးသန်းရွှေကျင့်သုံး နေသောဗျူဟာမှာ
နောက်တစ်လှမ်းဆုတ် ရှေ့နှစ်လမ်းတိုး ဗျူဟာဖြစ်သည်

နောက်တစ်လှမ်းဆုတ်ရန် အတွက်
ရှေ့နှစ်လမ်းတိုးကာ ဟန်လုပ်အယောင်ပြ သောဗျူဟာဖြစ် သည်

ယခု လွှတ်တော်အတွင်း
ပုဒ်မ ၄၃၆ မပြင်ဆင်လို ကြောင်း နှင့်
လွှတ်တော်ဖျက်သိမ်းခွင့်ကို
ကာလုံသို့ အာဏာတိုးပေးသင့်ကြောင်း
တောင်းဆိုမှုများသည်
ဦးသန်းရွှေ၏ ယောင်ပြရှေ့နှစ်လှမ်းတိုး လုပ်ရပ်များပင်ဖြစ်သည်

နိုင်ငံတကာပိတ်ဆို့မှု နှင့် ပြည်သူများ၏ နိုင်ငံရေးနိုးကြားလာမှု
များအောက်တွင် ဦးသန်းရွှေ ပြေးပေါက်မှားနေပြီဖြစ်သည်

ပြည်ပိုင်ဖြိုးပါတီ၏
ငွေကြေး ရသုံးစာရင်းကဲ့သို့သော
ဦးသန်းရွှေအုပ်ချုပ်စဉ်ကာလ၏
အရှုပ်ထုတ်များကို
ဦးသန်းရွှေကိုယ်တိုင် ဖြေရှင်းခြင်းမပြုပဲ
ထွက်ပြေးသွားခြင်းကို
ပြည်သူများက လက်မခံရန်လိုအပ် သည် ဟု
ဦးမြတ်ခိုင်နှင့် အင်တာဗျူးတွင်
ထောက်လှမ်းရေး ပြုတ် ဦးခင်ညွန့်မှ ပြောကြားသွားခြင်းဖြစ်သည်

ဒီလူကြီး ယောက်ကျားပီသမယ်ဆိုတာ ယုံကို မယုံတာ




Moe Zay Nyein

ဒေါ်အောင်ဆန်းစုကြည်က ဖြစ်ပြီးသမျှတွေကို ခ၀ါချပြီး၊ မေ့ဖျောက်ပြီး နိုင်ငံအတွက် ရှေ့ကို ဆက်လျှောက်မယ်ဆိုတာကို ကျုပ်ကတော့ ယုံသဗျ။ ဒါပေသိ ကျုပ်မယုံတာက မိန်းမလိုမိန်းမရဆန်လွန်းတဲ့ ကသန်းရွှေကြီးကို မယုံတာ။ ဒီလူကြီးက ဒေါ်အောင်ဆန်းစုကြည်ကို မကြည်လင်တာနဲ့ စစ်တက္ကသိုလ်က အောင်ဆန်းတပ်ခွဲဆိုတာကြီးကို ဖျက်ခိုင်းလိုက်တယ်။ ဘာဆိုင်လဲဗျာ။ ဒေါ်အောင်ဆန်းစုကြည်ကို မကျေနပ်တာနဲ့ ၁၉၄၇ ထဲက သေခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ နာမည်ကိုတောင် ရန်ရှာနေလိုက်တယ်။ DSA က အောင်ဆန်းခန်းမ ကိုတောင် ပြတိုက်လို လုပ်ပစ်လိုက်သေးရဲ့။ နောက်တော့ ဗိုလ်ချုပ်ရဲ့နာမည် တေဇ အမည်ပါလို့ဆိုပြီး အလုပ်သင်ဗိုလ်တွေရဲ့ တေဇတပ်ခွဲကိုပါ ထပ်ဖျက်ပလိုက်တယ်။ ဒီတော့ကာ ကျနော်တော့ ဒီလူကြီးကို မယုံကြည်ဘူး။ သူ့သမီးကို မကျေနပ်တာနဲ့ လွန်ခဲ့အနှစ်(၅၀) လောက်ထဲက သေခဲ့တဲ့ သူ့အဖေနာမည်ကိုပါ ဖျက်ခိုင်းတယ်ဆိုတော့ သိပ်ကို မိန်းမလို မိန်းမရဆန်တာပဲ။ အင်း - မိန်းမတွေနဲ့ ကသန်းရွှေကြီးကို နှိုင်းရတာ မိန်းမတွေကိုတော့ အားနာသဗျာ။ နားလည်ပေးပါ။
ဒီတော့ ဒီလူကြီးက ကန့်လန့်ကာနောက်ကို အသာလေးဝင်၊ သင်ပုန်းချေချင်တယ်ဆိုတာတွေကို ကျနော်က ယုံကို မယုံတာ။ ကိုယ်ကလည်း လွန်ခဲ့တဲ့ သုံးနှစ်လောက်ကထိ သူ့အတွက် အစီရင်ခံစာတွေ ရေးပေးဖူးသကိုး။ ဒီတော့ ဒီလူကြီး ယောက်ကျားပီသမယ်ဆိုတာ ယုံကို မယုံတာပါဗျာ။

ဒေါ်အောင်ဆန်းစုကြည် ဖြေကြားသည် . (၁၄) ဦး တွေဆုံမှု



Zin Min Oo
၃၁.၁၀.၂၀၁၄နေ. နေလည် ၂း၃၀နာရီကနေပြည်တော် စည်ပင် ဧည်ရိပ်သာ (၂ )တွင်သတင်းထောက်များ က တွေဆုံ မေးမြန်းစဉ်
ဒီချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဖြေကြားသည် . (၁၄) ဦး တွေဆုံမှု
======================================================
ဦးရဲထွဋ်က သူသတင်းစာရှင်းလင်းပွဲလုပ်မယ်ပြောတယ် ပြောပါအုံးသူတို့ဘာတွေပြောလဲ ဒီဟာကတော့လေ တကယ်တော့ အဲ့လိုပဲပေါ့နော်
 တစ်ယောက်ကို လေး၊ငါးဆယ်မိနစ် ဆိုပေမယ့် တစ်ချို့ကတော့ ၁၀ မိနစ်ထက်ကျော်ပါတယ် ဘယ်သူတွေဘာပြောလဲဆိုတာကတော့
သူတို့သက်ဆိုင်ရာလူတွေမေးတာပဲကောင်းပါတယ် ကျမကတော့ ဦးတင်အေးပြောတာကတော့ ရွေးကောက်ပွဲအကြောင်းကိုတော်တော်
 အသေးစိတ်ပြောတဲ့အခါကြတော့ ဒါကတော့ပါတီတွေအားလုံးနဲ့ဆိုင်တာပေါ့နော် ရွေးကောက်ပွဲကိုမျှမျှတတ လုပ်မယ် ဘယ်လိုပုံစံနဲ့ မဲစာရင်းတွေမှန်အောင်လို့ကြိုးစားနေပါတယ် နောက်ပါတီတွေရဲ့အရေးပါမှုပေါ့နော် ဒီမိုကရေစီနိုင်ငံ
ရေးမှာ ပါတီတွေဟာ ဘယ်လောက်အဓိကကျလဲဆိုတာကို အဲ့တာကို ဦးတင်အေးကပြောသွားပါတယ် ဥက္ကဋ္ဌကြီး ဦးရွှေမန်းနဲ့ ဥက္ကဋ္ဌကြီး ဦးခင်အောင်မြင့်ကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပိုပြီးတော့ ဖဒရယ်ဆန်အောင်လို့ ပြောင်းလဲဖို့လိုတယ်ဆိုတဲ့ဟာတွေကို ပြောသွားတယ်
အမေကတော့ အမေအဓိကထားတဲ့အချက်တွေပြောတာပေါ့နော် တခြားဟာတွေလဲရှိတာပေါ့နော် အမေကတော့ စီအီးစီနဲ့လဲတွေ့ခွင့်မရခဲ့ဘူးဆိုတာ ဖိတ်စာရတာ ဗုဒ္ဒဟူးနေ့ မနက်မှရတာ နောက်ပြီးတော့လဲ ထိပ်တန်းလျှို့ဝှက်ဆိုတော့လဲ ဘယ်သူနဲ့မှလဲမဆွေးနွေးပါဘူး အဲ့တော့ စီအီးစီရဲ့
အထင်အမြင်တွေလဲ ဘာမှမယူခဲ့နိုင်ဘူး အရှေ့မှာ ပြောသွားတဲ့သူတွေရဲ့ အတွေးအခေါ်တွေပေါ်မှာပဲ မှတ်ချက်ခြတဲ့အနေအထားပဲရှိတာ
စီအီးစီရဲ့ တရားဝင် သဘာထားဆိုတာတော့ပြောလို့မရဘူးလေ စီအီးစီ အစည်းဝေးမှ မခေါ်နိုင်သေးပဲ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာရှိတယ်
 အားလုံးတော့ ၇၅%ကျော်ရမယ်ဆိုတာမျိုး မဟုတ်ဘူးပေါ့လေ သိပ်ပြီးတော့အရေးမပါတဲ့ဟာပေါ့နော် ဒီလို ၄၃၆လို သိပ်ပြီးတော့အဓိကကျတဲ့ဟာတွေကျတော့မရဘူး ၇၅%ကျော်ရမယ် ပြီးတော့ ပြည်သူ့ဆန္ဒခံယူပွဲလုပ်ရမယ် အန်တီကာ
လူအများစိတ်ထဲမြင်နိုင်တာမှ မဟုတ်ပဲ အဲ့တော့ အဲ့တာတွေက သားတို့မီဒီယာတွေရဲ့တာဝန်ပဲ အလုပ်တစ်ခုက ဘာဖြစ်လို့လုပ်လဲပေါ့နော် ဘာကြောင့်လုပ်သလဲဆိုတာကို ဒါရှာဖို့ဆိုတာဟာ မီဒီယာရဲ့တာဝန်ပဲ ဘာဖြစ်
နေလဲတင်မဟုတ်ဘူး ဘာကြောင့်ဒါဖြစ်တာလဲဆိုတာကို စဉ်းစားရမယ် တွေးခေါ်ရမယ် သုံးသပ်ရမယ် နောက်ပြီးတော့လဲ အန်တီတို့ အနေအထားနဲ့ဆိုရင်ပေါ့နော် ဟိုလူကဒီလိုထင်တယ်လို့ ထင်ပါတယ်လို့ မပြောသင့်ဘူး
အဲ့တာတော့ ပြောလို့မရဘူး ကိုယ့်ရဲ့ထင်မြင်ချက်ပဲကိုယ် ပြောလို့ရမယ် ကာချုပ်သဘောထားနဲ့ပါတ်သက်လို့ သိပ်တော့လဲ အံ့အားသင့်စရာမပါပါဘူး အောင်မြင်တယ်ဆိုတာကတော့ ဘယ်လိုသှတ်မှတ်သလဲဆိုတာတော့ အန်တီမသိဘူးပေါ့နော် အခါအားလျော်စွာ
ဒီလိုနောက်ဟာမျိုးတွေလုပ်မယ်လို့ ဒီလိုပြောတာတော့ရှိပါတယ် အခါအားလျော်စွာဆိုတော့ နည်းတည်းစဉ်းစားရတော့ခက်တာပေါ့
အမေတို့ကတော့ ၄ ပွင့်ဆိုင်ကိစ္စကိုခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်ထားတယ် ဘာဖြစ်လို့လဲဆိုတော့ ဒါဟာကိုဘာမှပါတီစွဲကြောင့်လဲ မဟုတ်ဘူး
ဝါဒစွဲကြောင့်လဲမဟုတ်ဘူး လက်တွေ့ကျကျ လိုအပ်တယ်လို့ထင်လို့ပါနိုင့်ငံ့အတွက် ဒီတစ်ယောက်၁၀ မိနစ်စီပြော
ပြီးတော့ နောက်ဆုံးအထွေထွေရှိသေးလားဆိုတာတော့ အန်တီတို့ အနေနဲ့ ၄ ပွင့်ဆိုင်ဆွေးနွေးပွဲမျိုး မြင်တဲ့ပုံစံတော့ မဟုတ်ပါဘူး ။


ကျိုက်မရော ရဲ စခန်းမှ ကိုပါကြီးမိန်းမ မသန္တာသို့  ပြန်စာတစ်စောင် ပေးပို့ 





ကိုပါကြီး ရုပ်အလောင်းကို နိုဝင်ဘာ ၅ ရက်နေ့မှာ ဖော်ဖို့ အကြောင်းကြားစာ

ကိုပါကြီး ရုပ်အလောင်းကို ဖော်ဖို့ အလုံမြို့နယ် ရဲစခန်းကနေ မသန္တာဆီကို ၂ နာရီ ၁၅ လောက်မှာ စာလာပို့တယ်လို့ မသန္တာဆီက သိရတယ်။

ဘယ်လိုဖော်မယ်၊ ကိုပါကြီး ရုပ်အလောင်း ဟုတ် မဟုတ် အလောင်းကို ဘယ်လို စစ်ဆေးမလဲ။ ကိုပါကြီးဟာ ဘယ်ပုံဘယ်နည်းနဲ့ သေရတာလဲ စတဲ့ အချက်အလက်တွေကို ဘယ်လိုဆက်လက်စစ်ဆေးမယ်ဆိုတာတော့ အသေးစိပ် မသိရသေးဘူး။


လက်မခံချင်ပေမယ့် အမျှ ဝေခဲ့ရပြီမင်းမဲ့စရိုက် ဝါဒီ ကျဆုံးပါစေ

သူမရဲ့စစ်ရေးအမြင်သည် ရန်သူအားငံပြာရည်နှင့်ပက်မဲ့သူ တွေထက်သာမယ်

ဒေါ်အောင်ဆန်းစုကြည်မှ ကိုပါကြီသေဆုံးမှုအတွက် စာတစ်စောင်




သမီး မသန္တာ

သားပါကြီး အကြောင်းကြားရလို့ များစွာ ၀မ်းနည်းကြေကွဲရပါတယ်။
ကျောင်းသားဘ၀ထဲက ဒီမိုကရေစီလှုပ်ရှားမှုမှာ အန်တီတို့ နဲ့ ပါဝင်လာတာ ကိုသတိရနေပါတယ်။
အခက်အခဲအမျိုးမျိုးအတွက် ကျော်ဖြတ်ခဲ့ရတဲ့ ရဲဘော်ရဲဘက်တွေအားလုံး ပါကြီးအတွက် စိတ်မချမ်မြေ့ခဲ့ရသလို
 ပွင့်လင်းမြင်သာတဲ့  တရားရေးဖြစ်စဉ်ကိုလည်း မြင်တွေ့ ရဖို့မျှော်လင့်နေရဖို့ ယုံကြည်ပါတယ်။
သားပါကြီး ကောင်းရာသုဂတိလားပါစေ။သမီးတို့မိသားစုအတွက် စိတ်ပြေစေနိုင်မယ့် တရားမျှတမှုရရှိပါစေ။

မေတ္တာဖြင့်
အောင်ဆန်းစုကြည်

" တချိန်လုံးလိမ်နေတဲ့ ထိုင်းရဲ"




John Smith  ·

ဒီတခါတော့ CSILA နဲ့ ကျနော် ပို့စ်တင်တာ တူသွားပြီ။
ဟိုတနေ့ကကျနော် ပို့စ်တင်ဘူးတယ် မှတ်မိလား။
သူဌေးသား ကို ကျွန်းမှာ တွေ့တယ် လို့ ပြောတာ ဘယ်သူက စပြောတာလဲ။ နောက်ကျရင်ပို့စ်တင်ပေးမယ် ဆိုတာလေ။
ကျနော် မအားသေးလို့ မလုပ်ဖြစ်တာ အခုမှပြီးတယ်။
အဲ့ဒါနဲ့ CSI ကို သွားကြည့်တော့ သူလည်း အဲ့ဒါကို တင်ထားတယ်။
ဒီအမှုကို စိတ်ဝင်တစား လိုက်နေတဲ့သူတွေကို အစိုးရက လိမ်လို့ မရဘူး။
ဒီကိစ္စကို ကျနော် တင်ဘို့
၁) ကျနော် CSI LA ရဲ့ ပို့စ်အဟောင်းတွေကို ပြန်ရှာရတယ်။
၂) သတင်းစာအဟောင်းပြန်ရှာရတယ်။
..............
ကျနော်ဘာကိုထောက်ပြချင်လဲ ဆိုတော့ CSI LAဟာ ၂၄ ရက်အထိ သူဌေးသား အကြောင်းကို တစက်မှ မပြောသေးပါဘူး။
Sean က သူ့ကို AC က ဖီးမွန်က ချိန်းခြောက်တယ် လို့ ပြောပြီး နောက်နေ့၂၃ ရက် နဲ့ ၂၄ ရက် စက်တင်ဘာမှာ တယောက်ကတော့ ဘန်ကောက်ကို ပြေးသွားပြီလို့
နယ်မြေ ၈ က ရဲမှူးးကိုယ်တိုင် ပြောသွားပါတယ်။ အဲ့တယောက်ဆိုတာ သူဌေးရဲ့ သားကို ဆိုလိုတာပါ။
သဘောက သူတို့ ကို တယောက်ယောက် သတင်းပေးလို့ သူဒီလိုပြောရဲတာပါ။
နောက်တော့ သူတို့တွေ အကုန် အဖျား ရှူးး ပြီး ၃၀ ရက်မှာ မီဒီယာက ဖွလို့တဲ့။ ဘယ်မီဒီယာကမှ မဖွဘူး.. ကျနော်သိတယ်။




( In fact Hannah Witheridge and her three friends had signed up for the Koh Tao Pub Crawl on September 12th when, as usual, more than a few locals tagged along as well. Author . Andrew )
ဟဲနာနဲ့ သူငယ်ချင်း ၃ယောက်က ၁၂ ရက်နေ့ညက Chopper ကလုပ်တဲ့ Pub Crawl မှာ သွားခဲ့ပါတယ်။ ပုံမှာ Sean လည် အဲ့ဒီပွဲကို တက်တဲ့သဘောရှိတယ်။ သူတို့ ၃ယောက် အဲ့ဒီပါတီကို တက်တဲ့ အထိက ပြောစ၇ာ မရှိပါဘူး။
သို့ပေမယ့်...................... တပတ်မှာ ၃ ရက် ပုံမှန် ဓာတ်ပုံ ရာနဲ့ ချီတင်ဖေ့ဘုတ်က ၁၂ ရက် အပါဝင် ၈ရက်၊ ၁၀ရက် ည က ပါတီပုံတွေ လုံးဝမတင်ထားပါဘူး။ why?????
There is no record photos for 8,10,12 of September in their page.

https://www.facebook.com/pages/Koh-Tao-Pub-Crawl/195259667186954?fref=ts

ဝင်ကြည့်လို့ရပါတယ်။ ဟဲနာတို့ ပုံက Andrew ရဲ့ သတင်းထဲက ယူထားတာ ဖြစ်တယ်။
ဟဲနာ သူငယ်ချင်းတွေ ပြောပြမှာပဲ တကမ္ဘာလုံး ကသိမှာဖြစ်ပါတယ်။



အဖက်ဖက်က နံမယ် ပျက်သွားတဲ့ AC မှာ လူဝင်နည်းသွားပေမယ့် ဟဲနာတို့အုပ်စုလိုက် နောက်ဆုံးထိုင်ခဲ့တဲ့ Chopper Bar ကတော့ စီးပွားမပျက်သေးဘူး။ အေးဆေးပဲ။
ဟို လက်စွပ်ဝတ်တဲ့ နှဖူးမှာ အမှတ်ကြီးပါတဲ့ (ကျနော် DNA စစ်ခိုငးတဲ့ ၃ ယောက်ထဲက တယောက်) သူနဲ့ Chopper က ပက်သက်မှု ရှိတယ်။
အောက်က ပုံတွေက ၃၁ ရက်ညက သရဲပါတီလုပ်ကြတာ ဖြစ်တယ်။ Chopper bar က ၁ပတ်မှာ ၃ ရက် ဒီလို show မျိုးတွေ လုပ်ပေးတယ်။ Monday ၊ Wednesday , and Friday က show ပွဲကြတွေဖြစ်တယ်။
Chopper သူဌေးဟာ ကျွန်းရဲ့ တ၀က်လောက်ကို ပိုင်ဆိုင်ပြီး ရဲတွေပေါ်မှာ သြဇာညောင်းလှတဲ့ God Farther တယောက်လို သတ်မှတ်ခံရတဲ့သူတယောက်ပါ။