Monday, November 3, 2014

ဦးလှဆွေလဲတိုင်ပတ်မယ်

ဓါတ်ပုံဆရာ မင်းရန်နိုင်

တနသာင်္ရီ မြစ် ကြီးကို ဖျက်ဆီးမဲ့စီမံကိန်းကိုသိန်း ၃၀၀၀နဲ့မလဲသူ



Aung Oo
လေးစားပါတယ် ကိုအောင်ဖိုး

သူက သာမန်မွှေးရှောင်ရွာသား ဒါပေမဲ့
သူရဲကောင်းတို့ရဲ့ နှလုံးသားကို ပိုင်ဆိုင်သူ
နာမယ်က ကိုအောင်ဖိုး အလုပ်က လယ်
သူပိုင်တဲ့ မြေဧက ၃၀ ကို ကျောက်မီးသွေး
လုပ်မဲ့ ကုမ္ပဏီက ငွေကျပ် သိန်း ၃၀၀၀
လေးထပ် တိုက်တစ်လုံး ကားအကောင်းစား
တစ်စီး နဲ့ လဲမယ် ဆိုပြီး လာကမ်းလှမ်းချက်
ကို တုံ့ပြန်ချက်က ' ကျုပ် တသက်မှာ ခင်ဗျား
တို့ အခုလာပေး တဲ့ ပမာဏ ကို ကျု ပ်
မရှာနိုင်ဘူး ဒါပေမဲ့ ကျု ပ်တို့ ရွာသား
တွေ နဲ့ အခု စီးနေတဲ့ တနသာင်္ရီ မြစ်
ကြီးကို ဖျက်ဆီးမဲ့ ခင်ဗျားတို့စီမံကိန်းကို
မလိုဘူး ကျုပ်တို့က လျှပ်စစ်မီး မလိုဘူး
အေးအေးချမ်း ပဲနေချင်တာ ငွေ ကြောင့်
ကိုယ့်ရွာသား ကို ကိုယ်တိုင်ပျက်စီးအောင်
ကျုပ်သေတဲ့ အထိမလုပ်ဘူး ' လို့ ပြော
တော့ ကျောက်မီးသွေး လော်ဘီ တွေလည်း
ကိုအောင်ဖိုးရဲ့ အိမ်ပေါ်က ပြေးရော ။
ဒီလို လူမျိုးတွေ အများ လိုတယ် လေ ။

ဦးမြင့်အကြံပေးမှနုတ်ထွက်မည်

မိုက်တီးရဲ့ ရိုက်ချက်



ဒါရိုက်တာ မိုက်တီး
နိုင်ငံဧ။် အကြပ်အတည်းများကိုဖြေရှင်းကြမည့် ကိုးပွင့်ဆိုင် ခေါင်းဆောင်များအားလုံးကို သိစေအပ်ပါသည်ခင်ဗျား -

ဒေါ်အောင်ဆန်းစုကြည်သည် သာမာန်အမျိုးသမီးတယောက်မဟုတ်ပါ ၊
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဧ။် သမီးဖြစ်ပါသည် ။

ဒေါ်အောင်ဆန်းစုကြည်သည် သာမာန်လွှတ်တော်ကိုယ်စားလှယ်တယောက်မဟုတ်ပါ ၊
မြန်မာပြည်ဧ။်အင်အားအကြီးဆုံး အတိုက်အခံပါတီကြီးဧ။် ဥက္ကဌတယောက်ဖြစ်ပါသည် ။

ဒေါ်အောင်ဆန်းစုကြည်သည်
NLD ဧ။် ဥက္ကဌ တယောက်သာမဟုတ်ပါ ၊
ညီနောင်တိုင်းရင်းသားပါတီများအားလုံးက ယုံကြည်လေးစားကြသော ခေါင်းဆောင်တယောက်လည်းဖြစ်ပါသည် ။

ဒေါ်အောင်ဆန်းစုကြည်သည်
သာမာန်တိုင်းရင်းသားခေါင်းဆောင်တယောက်လည်းမဟုတ်ပါ ၊
မြန်မာပြည်သူများအားလုံးဧ။် လူထုခေါင်းဆောင်တယောက်လည်းဖြစ်ပါသည် ။

ဒေါ်အောင်ဆန်းစုကြည်သည် သာမာန်လူထုခေါင်းဆောင်တယောက်လည်းမဟုတ်ပါ ၊
၁၉၈၈ မှ စခဲ့သော ဒီမိုကရေစီရေး တိုက်ပွဲများတလျှောက် ကျောင်းသားပြည်သူ ရဟန်းရှင်လူအများအားလုံးဧ။် ဒီမိုကရေစီခေါင်းဆောင်တယောက်လည်းဖြစ်ပါသည် ။

ထို့နောက် - အ ဆုံး ...

ဒေါ်အောင်ဆန်းစုကြည်မှာ မြန်မာပြည်သူများအတွက်တင်မက ကမ္ဘာ့နိုင်ငံအသီးသီးဧ။် ခေါင်းဆောင်ကြီးများကပါ တလေးတစားဂုဏ်ပြုကြရသော ကမ္ဘာသူကမ္ဘာသားများအားလုံးဧ။်အကျိုးကို သယ်ပိုးဆောင်ရွက် ခဲ့သော/နေသည့် နိုဗယ်ငြိမ်းချမ်းရေးဆုရှင် (သို့) ကမ္ဘာ့စံပြ မီးရှူးတန်ဆောင် ဖြစ်ပါသောကြောင့် -

ဒေါ်အောင်ဆန်းစုကြည်ဧ။်
ပြောသမျှစကား - ဖြစ်လိုသည့်ဆန္ဒ - ကန့်ကွက်ခြင်း ထောက်ခံခြင်း .... အရာအားလုံးတို့မှာ သန်းပေါင်းများစွာသော မြန်မာတိုင်းရင်းသားများနှင့် ကမ္ဘာသူကမ္ဘာသားများဧ။်
ဆန္ဒ- စကား နှင့် မဲပြားများပင်ဖြစ်ကြောင်း မေ့လျှော့မသွားမိကြစေရန် အသိပေးတင်ပြလိုက်ရပါသည်ခင်ဗျား ။

ဦးအောင်သောင်း ရဟန်းခံမည်

ကိုပါကြီး ပုံ မဟုတ်ကြောင်း ရဲမိုးကတောင်းပန်




အလွတ်တန်းသတင်းထောက် ကိုပါကြီး ပုံ မဟုတ်ကြောင်း ဇနီးဖြစ်သူ ငြင်းဆို

ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီး သေဆုံးမှုနဲ့ပတ်သတ်ပြီး ကာကွယ်ရေး ၀န်ကြီးဌာနရဲ့ ဒုတိယအကြိမ် သတင်းထုတ်ပြန်ချက်မှာ ပါဝင်တဲ့ ပုံ ဟာ ကိုပါကြီး ပုံမဟုတ်ဘူးလို့ ဇနီးဖြစ်သူမသန္တာက ငြင်းဆို လိုက်ပါတယ်။

ကာကွယ်ရေး ထုတ်ပြန်တဲ့ ကိုပါကြီး ဓါတ်ပုံ DKBA ငြင်းဆို

03.11.2014
VOA

မြန်မာ့ကာကွယ်ရေးဦးစီးဌာနက ပေးပို့တဲ့ အလွတ်သတင်းထောက်ကိုပါကြီးနဲ့ပတ်သက်တဲ့ ဒုတိယအကြိမ် သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါရှိတဲ့ ဓာတ်ပုံတွေထဲက လက်ကိုင်ထားတဲ့ပုံဟာ ကွယ်လွန်သူ ကိုပါကြီးရဲ့ဓာတ်ပုံမဟုတ်ကြောင်း DKBA က ငြင်းဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

စစ်တပ်က ပစ်ခတ်ဖမ်းဆီးရင်း သေဆုံးသွားကြောင်း သတင်းထုတ်ပြန်ထားခံရသူ အလွတ်သတင်းထောက် ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်နဲ့ပတ်သက်လို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကတဆင့် ကာကွယ်ရေးဦးစီးဌာနက စက်တင်ဘာ ၂၆၊ ကျိုက်မရောဖြစ်စဉ်ဆိုပြီး ဒုတိယအကြိမ် သတင်းထုတ်ပြန်မှုကို ပေးပို့ခဲ့တာပါ။ အဲဒီအထဲမှာပါတဲ့ ဓာတ်ပုံအတော်များများဟာ လူမှုကွန်ယက်တွေမှာ ပျံ့နှံ့နေတဲ့ ဓာတ်ပုံတွေဖ်ြပြီး ကိုပါကြီးပုံအဖြစ် ပြထားတဲ့ လက်နက်ကိုင်ထားတဲ့ပုံဟာ DKBA က ရဲဘောတစ်ဦးပုံဖြစ်ပြီး အလွတ်သတင်းထောက် ကိုပါကြီးမဟုတ်ကြောင်း ဒီမိုကရေစီ ကရင့်အကျိုးပြု တပ်မတော် DKBA ရဲ့ ကလိုထူးဘောဗျူဟာ စစ်ဦးစီး ဒုတိယတန်း ဗိုလ်မှူးထွန်းထွန်းက ပြောပါတယ်။

“အဲဒါ ကိုပါကြီးပုံ မဟုတ်ဘူးဗျ။ ကျနော်တို့ဆီက ရဲဘော်ခိုင်လေးပုံပါ။ သိချင်ရင် ပုံနှစ်ပုံကို သေချာအောင် ယှဉ်ကြည့်လိုက်ရင် မျက်နှာပုံ၊ မျက်နှာကျပုံ၊ ဘာညာတွေ ယှဉ်ကြည့်လိုက်ရင် ကိုပါကြီးပုံ မဟုတ်မှန်း သိသာပါတယ်။ သူ့လုပ်ငန်း သဘောသဘာဝအရ သတင်းရှိတဲ့နေရာ သူသွားမှာပဲလေ။ …ဆိုတော့ ကျနော်တို့ DKBA ကြားထဲ ရောက်လာတာ မဆန်းပါဘူး။ ကချင်ဘက်သတင်းရှိရင်လည်း ကချင်ဘက် သူသွားမှာပါပဲ။ KNU ဘက် သတင်းရှိလည်း သူသွားမှာပါပဲ။ သူ့လုပ်ငန်းသဘောသဘာဝအရ သူက ရောက်နေမှာပါပဲ။ ..ဆိုတော့ တွေ့တဲ့ရဲဘော်နဲ့ ဓာတ်ပုံတွဲရိုက်ချင်ရင်လည်း ရိုက်မှာပဲ။ ကိုပါကြီး တပ်ဖွဲ့ဝင် ဟုတ်မဟုတ်ဆိုတာကတော့ ပုံနဲ့ပြပြီးတော့ ပြောလို့တော့ မရပါဘူး။”

ကာကွယ်ရေးဦးစီးဌာနရဲ့ ဒုတိယအကြိမ်ထုတ်ပြန်ချက်ထဲမှာ ကွယ်လွန်သူ ကိုပါကြီးဟာ ရဲနဲ့စစ်တပ်ရဲ့စစ်ဆေးချက်အရ သူ့ကိုယ်သူ DKBA တပ်ဖွဲ့ဝင်ဖြစ်တယ်လို့သာ ထွက်ဆိုတယ်ဆိုပြီး ရေးသားထားပါတယ်။ DKBA ရဲ့ စစ်ဆင်ရေးမှာ ပူးပေါင်းပါဝငါခဲ့တဲ့အတွက် သူ့ကို ရန်သူတစ်ဦးလိုသာ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ သတင်းသမားလို့ ပြောရအောင် သတင်းသမားနဲ့ပတ်သက်တဲ့ပစ္စည်းတွေကို မတွေ့ရဘူးလို့လည်း ရေးသားဖော်ပြထားပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တပ်မတော် လုပ်ထုံးလုပ်နည်းအရ အောက်တိုဘာလ (၂၆) ရက်နေ့က စတင်ပြီး ဗိုလ်မှူးကြီးအဆင့် ဦးစီးတဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးနဲ့ ဖြစ်စဉ်ကို စိစစ်လျှက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒီစာကိုတော့ စာနယ်ဇင်းကောင်စီကတဆင့် သတင်းဌာနတွေကို အောက်တိုဘာလ ၃၁ နေ့က ဖြန့်ဝေပေးခဲ့တာပါ။

ပြီးခဲ့တဲ့အောက်တိုဘာလ (၄) ရက်နေ့မှာ သေဆုံးခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်ထားတဲ့ ကိုပါကြီးအလောင်းကိုတော့ သေမှုသေခင်းအရ စုံစမ်းစစ်ဆေးနိုင်ဖို့ နိုဝင်ဘာလ ၅ ရက်နေ့မှာ အလောင်းတူးဖော်နိုင်ရေး မိသားစုထံကို မနေ့ကပဲ ကျိုက်မရောရဲစခန်းက အကြောင်းကြားခဲ့ပါတယ်။ ကြိုတင်လာဖို့ အကြောင်းကြားတာဖြစ်တဲ့အတွက် မိသားစုက နိုဝင်ဘာ (၄) ရက်နေ့မှာ ခရီးစတင်ပါလိမ့်မယ်။ မိသားစုရဲ့ဆန္ဒအရ အလောင်းသယ်ယူရေးကို နာရေးကူညီအမှုအသင်း (ရန်ကုန်) ကနေ အကူအညီပေးသွားမှာဖြစ်ကြောင်း ကိုပါကြီးရဲ့ဇနီး မသန္တာက ပြောပါတယ်။

“ကျမ ဖုန်းဆက်ပြီး အကြောင်းကြားထားတယ်ပေါ့နော်။ ဆရာဦးရောဘတ်စန်းအောင်ရဲ့ အကူအညီတောင်းမှုနဲ့ပေါ့နော်။ သူတို့ဆီက ကူညီမယ်၊ ဥက္ကဋ္ဌကိုလည်း မေးပြီးသွားပြီပေါ့နော်၊ အအေးခန်းကားနဲ့ကူညီမယ်။ တကယ်လို့ အချိန်ကို ကြိုပြောမယ်ဆိုရင် လိုက်စောင့်ဆိုလည်း စောင့်မယ်၊ တကယ်လို့ ဘယ်နေ့ ဘယ်ရက်၊ ကိုယ်သွားပြီးတော့မှ ဘယ်အချိန် ထွက်လာခဲ့ပါဆိုရင်လည်း သူတို့ ထွက်လာမယ်လို့ ပြောတယ်။”

ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်ဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် စတင် ဖွဲ့စည်းစဉ်ကတည်းက ဗဟိုလူငယ်ခေါင်းဆောင်တစ်ဦးဖြစ်ခဲ့ပြီး သုံးရောင်ခြယ် အဖွဲ့ဝင် ကျောင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံထုတ် ဂျာနယ်သုံးစောင်လောက်မှာ အောင်ကြီးနာမည်နဲ့ ထိုင်း-မြန်မာနယ်စပ်ကသတင်းတွေကို ပေးပို့နေခဲ့သူလည်း ဖြစ်ပါတယ်။ သူ့ကို အလွတ်သတင်းထောက်၊ တက်ကြွလှုပ်ရှားသူအဖြစ် လူသိများခဲ့ပြီး KKO အဖွဲ့မှာကော၊ DKBA အဖွဲ့မှာပါ ပါဝင်ခြင်းမရှိကြောင်း သက်ဆိုင်ရာ အဖွဲ့အစည်းကရော မိသားစုကပါ ငြင်းဆိုထားပါတယ်ရှင်။

အသံဖိုင် - http://burmese.voanews.com/audio/2506043.html

ရုပ်သံ ( DVB ) - http://www.youtube.com/watch?v=XOJqCJ1I-fM&feature=youtube_gdata_player

ဦးလှဆွေတံတားအောက်က ဇီးသီးတွေ လိုက်ကောက်



Demo Fatty

ဦးဦးလှဆွေကလေ တံတားအောက်က ဇီးသီးတွေပဲ လိုက်ကောက်နေတော့တာပဲ။
ကျပ်သန်း ၆၀၀၀ ကျော် ဇီးသီးဗန်းကြီး ဦးတင့်ဆန်း ခါးပုံထဲ မှောက်ကျသွားတာကျတော့ ဘာမှ မပြောဘူး
သမ္မတကို အလေးပြုဖို့ အစီအစဉ်ရှိမရှိ လွတ်တော်မှာ မေးခွန်းမေးတာလဲ ဦးဦးဘူး ပဲလေ။ အဲတော့ တပ်မတော်ကလည်း သမ္မတက ခံမယ်ဆိုရင် ပြုပါ့မယ်တဲ့။ သမ္မတကလည်း တပ်မတော်က ပြုမယ်ဆိုရင် သူခံချင်ပါတယ်တဲ့။ အဲ့တာနဲ့ပဲ အဲ့သတင်းက မီဒီယာပေါ်က ပျောက်နေချိန်မှာ ...... သမ္မတက ပြည်သူက ပေးထားတဲ့ Emergency ရန်ပုံငွေနဲ့ ကျပ်သိန်း ၃၀၀၀ ဖိုးလောက်ကို ဗိုလ်ရှုခံစင်မြင့် ဆောက် ပြီးပေါ့။ လွတ်တော်လေး ခဏနားတုန်း ဦးတင့်ဆန်းတို့ ဆောက်ချလိုက်တာ။ လွတ်တော်ပြန်စတော့ နောက်တိုးဘတ်ဂျက်တင်ပါလေရော
ကျပ်သန်း ၆၄၀၀ ကျော် တောင် အသုံးပြုဆောက်ထားတဲ့ ဗိုလ်ရှုခံစင်မြင့်ကို နောင်အနှစ် ၆၀ အခိုင်အခံ အသုံးပြုနိုင်ပါစေဗျာာားးးးး

ဖေ့ဘုတ်ပေါ်မှာ လိုက်တွေ ရှယ်တွေ အများကြီးရအောင် ဇီးသီးဗန်းမှောက်တာကို လိုက်ရှာပြတဲ့ အမတ်ကြီးက ဂိုဒေါင်ထဲ ဇီးသီးကွန်တိန်နာလိုက် သိမ်းထားတဲ့ ကံထူးရှင်စာရင်းဝင် ဦးအောင်သောင်းကို ၀င်ဖာတာကတော့ ဖာစိတ် မကုန်လို့ နေမယ်

ပေါက်ပြားက DNAမှာ ဒေးဗစ်မပါ



Koh Tao's case: the story of "hoe" Pol. Maj. Gen. Kiantiphong Khaosamang.

Phabok hire Surat Thani when September 18 after DNA examination results on hoe ...

"The best weapon that was used it would have 2 type in addition to a shovel, and then also have a solid metal with a shovel because the blood matched the DNA of Ms. Hannakhondiao, it is possible that Mr. David hit with this solid is there evidence search carpet""""" พล.ต.ต. the honor he said. "

Police diving picture Find the row that the incident occurred when 19 So yes, they're looking for Granny namai weapons that kill. David moles, fellow. After DNA examination results that just found a shovel of HA/nana//alone.

Sue reported that hoe was found but DNA took several nana//, but when arrested after 2 days Burma 2 tok. Make the plan, Myanmar hit David with a hoe?//or even phopton by the big press conference on 7 October. Hoe DNA did not say of David//except some police สื่อ่ฝ่าย and a page to support a news outlet chafai, there is DNA that David hoe with//

Questions of social security He said that David was killed with a hoe// Why is there no dna was not on shift cleaning David hoe? Dna and even spit on my tits-nana also detected. Police General level or an interview that day,//or go diving to find the orchestra played the orchestra played on September 19?? (Translated by Bing)


ပေါက်ပြားမှာ ရှိတဲ့ သွေးအမျိုးအစားကို
ဓါတ်ခွဲခန်းပို့ ပြီး စစ်ဆေးကြည့်တဲ့ အခါ
ဟန်နာ ရဲ့ DNA နဲ့  တူတယ်လို့  သိရတယ် ။

ဒါကြောင့် ဒေးဗစ်ကို သတ်တဲ့
လက်နက် ရေထဲမှာ ရှာတာ မရဖူး ။

နောက်ထက် ၂ ရက်ကြာတဲ့ အခါ မြန်မာပြည်သားတွေကို
လူသတ်မှုနဲ့ ဖမ်းပါတော့တယ် ။

ဗိုလ်မှူး ကျော်စွာဝင်း သေဒဏ်ပေးခံရတယ်ဆိုတာ



May Rain
၄၃၆ လက်မှတ်ထိုးတဲ့ ဗိုလ်မှူး ကျော်စွာဝင်း
သေဒဏ်ပေးခံရတယ်ဆိုတာ....
ဟုတ်လား မဟုတ်လားး
ဒီဗိုလ်မှူး က ပြည်သူ့ဘက်တော်သား
ပြည်သူလူထုက ဗိုလ်မှူးကို မသေစေချင်ကြဘူးနော်
သေဒဏ်ပေးလို့ မရဘူးးးးး
မြန်မာ့တပ်မတော်
အပြစ်မဲ့ လူသတ်နေတာ ရပ်ပါတော့..


ထိုင်းရဲတပ်ဖွဲ့ တက်ရောက် လာခဲ့ခြင်း မရှိ




လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘန်ကောက်မြို့မှာ မြန်မာသံရုံး အထူး
စုံစမ်းရေးအဖွဲ့၊ စွပ်စွဲခံ တရားခံများရဲ့မိဘတွေနဲ့ အတူ ထိုင်းရဲ့တပ်ဖွဲ့ကို မျက်နှာချင်း
ဆိုင်ရှင်းလင်းဖို့ ထိုင်း လူ့အခွင့်အရေးကော်မရှင် ကဖိတ်ကြားခဲ့ပေမယ့် ထိုင်းရဲတပ်ဖွဲ့
က တက်ရောက် လာခဲ့ခြင်း မရှိပါဘူး။

ရှင်းလင်းပွဲကို ဘန်ကောက်မြို့ ထိုင်းလူ့အခွင့်အရေး ကော်မရှင်ရုံးမှာ ဒီကနေ့မွန်းလွဲ
တနာရီကစ ပြုလုပ်နေတာဖြစ်ပြီး ရဲတပ်ဖွဲ့အနေနဲ့ အခုလိုပျက်ကွက်တာ နှစ်ကြိမ်ရှိပြီ
လို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ Dr. Nirun Pitakwatchara သတင်းထောက်တွေကိုပြောပါတယ်။

ဓာတ်ပုံ - ကျော်ခ၊ ဧရာဝတီ (ဘန်ကောက်မှ ပေးပို့သည်)


သတ္တိရှင် ပါရှန်အမျိုးသမီးတဦးရဲ့ လေးစားလောက်တဲ့သေတမ်းစာ




ဝေ ဖြိုး

အီရန်မှာ ပြီးခဲ့တဲ့တပတ်စနေနေ့က ရေဟာနီ ဂျေဘာရီဆိုတဲ့ အသက် (၂၆) နှစ်အရွယ်အမျိုးသမီးတဦးကို ကြိုးပေးကွပ်မျက်လိုက်ပါတယ်။ သူကို အဓမ္မကျင့်ဖို့ ကြိုးစားတဲ့ အီးရန်ထောက်လှမ်းရေးဌာနဝန်ထမ်းဟောင်းနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင် ဆရာဝန်ကိုသတ်ဖြတ်မှုနဲ့ သေဒဏ်ပေးခဲ့တာဖြစ်တယ်။ မော်တေဇာဆာဘာနီဆိုတဲ့ အဖိုးကြီးက သူ့ရုံးခန်းကိုအလုပ်ကိစ္စ အကြောင်းပြခေါ်ပြီး အဓမ္မကျင့်ဖိုးကြိုးစားလို့ ပြန်လည်ခုခံသတ်ဖြတ်ခဲ့တာလို့ဆိုတယ်။ ဒါပေမယ် တရားရုံးကတော့ ဒါဟာတမင်ကြိုတင်ကြံစည်သတ်ဖြတ်မှုဖြစ်တယ်လို့ ဆုံးဖြတ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက မေတ္တာရပ်ခံနေတဲ့ကြားက ခုလိုသေဒဏ်ပေးကွပ်မျက်ခဲ့တာဖြစ်တယ်။
အခင်းဖြစ်ပွားစဉ်က ၂၀၀၇ တုန်းက ရေဟာနီ ဂျေဘာရီဟာ အသက် ၁၉နှစ်သာရှိပါသေးတယ်။ သူကိုသေဒဏ်ကနေလွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးနဲ့ ကမ္ဘာတဝှန်းက လူသန်းပေါင်း၈ဏန်းက လက်မှတ်ထိုးအရေးဆို မေတ္တာရပ်ခံခဲ့ကြတယ်။
သူကိုကြိုးပေးမကွပ်မျက်မှီ သောကြာနေ့မှာ သူအမေနဲ့ပေးတွေ့စဉ်မှာ အလွန်လေးစားစရာကောင်းတဲ့ မှာတမ်းစာနှစ်ခုပြောခဲ့ ချန်ထားခဲ့ပါတယ်။ တစောင်ကသူ့ကို အဓမ္မကျင်ဖို့ကြိုးစားခဲ့တဲ့ မုဒိမ်းကောင် သက်ကျားအိုနဲ့ သူ့တို့ရဲ့ ဖောက်ပြန်သူရေပေါ်ဆီအသိုင်းအဝိုင်းကိုရည်ညွန်းပြီး၊ နောက်မှာတမ်းကတော့ သူမိခင်နဲ့ သူကိုကူညီစာနာခဲ့ကြတဲ့ လူသားအားလုံအပေါ်ရည်ညွန်းပါတယ်။

" ကမ္ဘာလောကကြီးမှာ ၁၉ နှစ်တာနေထိုင်ခွင့်ရခဲ့တယ်။ ကြမ္မာငင်တဲ့အဲဒီညမှာတော့ ငါဟာ အသတ်ခံရဖို့၊ ပြီးတော့ မြို့စွန်လမ်းထောင်နေရာမှာ ငါ့အလောင်းကို ပစ္စလက်ခတ်စွန့်ပစ်ခံရမယ်၊ နောက်မှ ပုလိပ်ကတွေ့ပြီး စစ်ဆေးတဲ့အခါ ငါဟာအဓမ္မပြုကျင့်တာလဲ ပေါ်လာမယ်ဆိုတဲ့ အကြောင်းဖန်လာခဲ့တယ်။အဲဒီလူသတ်မုဒိမ်းမှုကောင်ဟာလဲ သူ့ရဲ့ငွေကြေးဓနအင်အားနဲ့ သူရဲ့ဒုစရိုက်မှုဟာ ဘယ်တော့မှ အမှုမှန်မပေါ်ပဲ ပျောက်ဆုံးသွားမှာ အသေအချာပဲ။ သူလဲအဲဒီ ဒုစရိုက်မှုကိုပိုက်ပြီး နှစ်အနည်းငယ်တော့နေကောင်းဆက်နေထိုင်နိုင်မယ်။ ဒါပေမယ့် ဖြစ်စဉ်ဖြစ်ရပ်က အဲလိုမဟုတ်တော့ပဲ ဒုစရိုက်ကောင်ရဲ့ ကံအကျိုးပေးကိုလိုက်ပြောင်းသွားခဲ့ရတယ်။ ခုတော့ငါလဲ သတ်ဖြတ်မုဒိမ်းကျင်ခံပြီး လမ်းဘေးမှာ စွန့်ပစ်ခံရမဲ့ အဖြစ်က ကင်းဝေးခဲ့တယ်။ ဒီ အီဗင် အကျဉ်းထောင်ရဲ့ သုသာန်မြေမှာ လဲလျောင်းခွင့်ရရတော့မယ်။ ဆိုးလှတဲ့ကံရယ်လို့ ကြမ္မာကိုယိုးမယ်မဖွဲ့တော့ပါဘူး၊ သေလွန်ခြင်းဟာ ဘဝရဲ့ အဆုံးသတ်နိဂုံးမဟုတ်ဖူးဆိုတာ ကောင်းကောင်းသိကြမှာပါ" တဲ့။

သူမိခင်နဲ့ သူကိုကူညီစာနာခဲ့ကြတဲ့ လူသားအားလုံအပေါ်ရည်ညွန်းတဲ့မှာတမ်းစာမှာတော့ "ကျွန်မကိုယ်ကျထက်တောင်ပိုပြီး တွယ်တာရတဲ့ ကြင်နာမှုတွေနဲ့အမေရယ်၊ ကျမရဲ့ကိုယ်ခန္ဓာကြီးဟာဒီလိုပဲ မြေအောက်မှာ အလဟဿ.....ပုပ်သိုးဆွေးမြေ့သွားမှာကိုကျမ မလိုလားပါဘူး။ ကျမကိုကြိုးပေးကွပ်မျက်ပြီးတာနဲ့ ကျမရဲ့ အသဲနှလုံး၊ ကျောက်ကပ်၊ မျက်လုံး၊ အရိုးနဲ့ ကျမရဲ့ကိုယ်ခန္ဓာက အသုံးဝင်သမျှ အစိတ်အပိုင်းအားလုံးကို တခြားအစားထိုးကုသဖို့လိုအပ်နေသူ အားလုံးကို ကျမရဲ့လက်ဆောင်အဖြစ် ပေးလျူပေးဖို့တောင်းပန်ပါတယ်။ (မွတ်ဆလင်တို့ရဲ့ ယုံကြည်မှုအရ ကွယ်လွန်သူတွေအတွက် ကိုယ်ခန္ဓာအစိတ်အပိုင်းအားလုံးပြည့်ပြည့်စုံစုံနဲ့ သင်္ဂြိုလ်ဖို့ တမလွန်အတွက်အလွန်ရေးကြီးပါတယ်) ဒီလက်ဆောင်အတွက် သူတို့ဟာကျမအတွက်ပန်းခွေတခုပေးစရာမလို၊ ဆုတောင်းပေးစရာလဲမလို နောက်ဆုံးကျမရဲ့နံမည်ကိုတောင် သိစရာမလိုပါဘူး။ ကျမနှလုံးသားထဲကစကားကိုအမှန်အတိုင်းပြောရရင် အမေလဲကျမအတွက် အုတ်ဂူလေးဆောက်ပြီး ကျမအတွက်လာလာပူးဆွေးမနေစေလိုပါ၊ ဝမ်းနည်းမှုအမှတ်နဲ့ အဝတ်နက်တောင်မဝတ်စေလိုပါ။ ကျမရဲ့ ခက်ခဲကြမ်းတမ်းတဲ့နေ့ရက်တွေကို မေ့ဖျောက်ဖို့ကြိုးစားရင်း ကျမရဲ့ဝိညာဉ်ကိုသယ်ဆောင်သွားမဲ့ လေပြေညှင်းလေးတခုကိုသာ ဆောင်ယူလာစေချင်ပါတယ်။


ဒေါ်လာဈေးဘာ့ကြောင့်တက်တာလဲ ဦးလှဆွေရှင်းပြီ




ကျနော်က ဒဲ့သမားဗျ

ကြည့်လေ ပြီးခဲ့တဲ့ ဆယ်ရက် လောက်က
ဆက်တိုက်တက်ခဲ့တဲ့ ဒေါ်လာဈေးတွေ
ဒီနေ့ကျသွားပြီလေ

ကျသွားမှပေါ့ဝယ်သူမှမရှိတော့ပဲကိုး

ဒါနဲ့ ဒေါ်လာဈေးတွေ
ချက်ချင်းကြီးထောင်တက်သွားတာ
ဘယ်လက်ကြီးသမားက ဈေးကစားလို့တက်တာတုန်း

ဘယ်လက်ကြီးသမားမှ
ဒီလောက်ဈေးလှုပ်သွားအောင် မလုပ်နိုင်ပါဘူးဗျာ

စစ်တပ်ပဲရှိတာလေ
သောကြာနေ့က နေပြည်တော်မှာ ထမင်းစားဓါတ်ပုံရိုက်လုပ်ခဲ့တဲ့
ကာချုပ် မင်းအောင်လှိုင်က စနေနေ့မနက်မှာ ဘီလာရုပ်စ်ကို သွားပြီလေ

အဲဒီမှာလက်နက်သွားဝယ်ဖို့ဒေါ်လာတွေ ယူသွားမှာပေါ့
ကဲ ရှင်းနေတာပဲလေ

ကျနော်ကအမှန်ကို ဒဲ့ပြောတော့
တချို့ကမကြိုက်ကြဘူးလေ
မတတ်နိုင်ဘူးဗျာ

အင်တာဗျူးတွင် ဦးလှဆွေမှ ဖြေကြားသွားခြင်းဖြစ်သည်

ဝန်ကြီးချူပ် ဆိုက်ကား စီးပြီး ဆိုက်ရောက်လာသည်



အဘ ဇိုးအောင် ရင်
ဝန်ကြီးချူပ် ဆိုက်ကား စီးပြီး ဆိုက်ရောက်လာသည်ကို အိုးစည်ဝိုင်းများဖြင့် သိုက်သိုက်ဝန်းဝန်း သောင်းသောင်းဖျဖျ ၀မ်းသားအားရ ကြိုဆိုနေစဉ် ....


DSIအကြီးဆုံး အမျိုးသမီး စုဝဏ




John Smith
3.11.14 ဘန်ကောက်ပို့စ်
ဒီနေ့ ညနေပိုင်းသတင်းမှာ
လိပ်ကျွန်းလူသတ်မှု နဲ့ပက်သက်ပြီး ၀င်းနှင့် ဇော်တို့ရဲ မိဘများဟာ
DSI ဆိုတဲ့ Department of Special Investigation ကို စစ်ဆေးရာတွင်
ရဲနှင့် စကားပြန်က ညှင်းပမ်းနှိပ်စက်တဲ့ကိစ္စ ပက်သက်ပြီး တရားမျှတစွာဆောင်ရွက်ပေးရန်
တောင်းဆိုလိုက်ပါသည်။ ဆက်လက်ပြီး DSI ဟာ ကော့တောင်လူသတ်မှုကို အထူး ကိစ္စတရပ်အနေနှင့် ဆောင်ရွက်ပေးပါရန်တောင်းဆိုလိုက်ပါတယ်။

ရှေ့နေများကောင်စီက စူရဖုန်ကတော့ DSI ကို ကော့တောင် ကိစ္စ နှင့်ပက်သက်ပြီး ပါဝင်စေလိုခြင်းမှာ ထိုင်းရဲများကို မှားသည် ၀င်းနှင့် ဇော်မှားသည် ဟု ပြောဆိုခြင်း မဟုတ်ပဲ၊
ထိုင်းနိုင်ငံမှာ လူတိုင်းကို လူ့အခွင့်ရေးနှင့်ကာကွယ်ထားပြီး မည်သည့်နိုင်ငံသားအတွက်မဆို တရားမျှတမှု ရှိတယ် ဆိုတာ သေချာစေချင်လို့ဖြစ်ပါတယ်ဟု ပြောသွားပါတယ်။

မိဘများနဲ့အတူ ရှေ့နေကောင်စီနှင့် သံရုံးမှ ကိုယ်စားလှယ်များလိုက် အတူတကွ လိုက်ပါဆောင်ရွက်ပေးပါသည်။

အောက်ပုံကတော့ DSI တံဆိပ်နှင့် အကြီးဆုံး အမျိုးသမီး စုဝဏ Suwana Suwanjuta.ပုံဖြစ်ပါတယ်။

cctv မှာ ပေါ်နေတဲ့ ပုံက သူဌေးသားလား



U Htay Tint

Ac Bar သူဌေးသားအုပ်နဲ့  ဒေးဗစ် ရန်ဖြစ်ပြီး
ဒေးဗစ် အရင်ထွက်လာတယ် ။
ရန်ဖြစ်တုံးက ရှောင်ဝင်ဆွဲတယ် ထင်တယ် ။
ဒေးဗစ် နောက်ကို သူဌေးသားက လူမိုက်တွေကို လိုက်ခိုင်းမယ် ။
Nation TV said
Ac Bar' son group fight David Miller inside Ac Bar .
So
Ac Bar' son command his Mafia group to follow David Miller
and kill . .

သူဌေးသားက ဖွန်ကြောင်နေတော့ နေခဲ့မယ် ။
ဘားထဲမှာ ဘောလုံးသမားတွေ ရှိတော့
အကြံအစည်သမား သူဌေးသားက
အကျီလဲ ဝတ်တာလား
ငှားဝတ်တာလား ပြီးတော့
ဟန်နာ တို့ နောက် လိုက်တယ် ။
Ac Bar' son change close and follow Hannah Witheridge.
Than This group rape Hannah Witheridge between big stone .

ဟန်နာ ဆေးမိပြီး သတိလစ်သလို ဖြစ်နေမယ် ။
တည်းခိုခန်းမှာ မုဒိန်းကျင်ဖို့  မလွတ်လပ်လို့  လား
ဟန်နာက ပင်လယ်ကမ်းစပ်မှာ အနားယူရင်း အိပ်ပျော်တာလား
? ? ? ? ? ?
နောက်ဆုံး မသွားပြီး လူမမြင်တဲ့ ကျောက်တုံးကြားမှာ
မုဒိန်းကျင့်မယ်။ မုဒိန်းကျင့်ရင်း ဟန်နာ သတိရလာလို့ 
သေနပ်နဲ့ သတ်လိုက်ရတဲ့ အခြေအနေ ဆိုက်ရောက်တယ် ။
သေနပ် ဒဏ်ရာ မပေါ်အောင် အနီးက ပေါက်တူးသွားယူပြီး
ထုခြေလိုက်နေတုံး ကျောက်တုံးဆီ ဆင်းတဲ့လမ်းက
လူ အသံတွေကြားရလိမ့်မယ် ။
ဒါနဲ့ ပေါက်ပြားကို ယူပြီး ကမ်းစပ်အတိုင်း ပြေးထွက်ရင်း
ပေါက်ပြားကို ခြံရှေ့ မှာ ထားခဲ့တယ် ။

( ပါတောင်းရဲတယောက်ကပြောတာ
သူ့သူငယ်ချင်းလိပ်ကျွန်းက ရဲကစာပို့ပေးခဲ့တာ lineကနေ
အန်နာတည်းတဲ့ တည်းခိုခန်းလည်း Acပိုင်ပဲတဲ့ )
(အဲဒီရဲကပြောတယ်လိပ်ကျွန်းက
လူတွေအကုန်သိတယ်တဲ့
ဘယ်သူသတ်တာဆိုတာမပြောရဲကြလို့တဲ့
ဗမာကောင်လေးတွေမသတ်တာသေချာတယ်
ပါတောင်းရဲက ကျမကိုဖုန်းဖွင့်ပြီး
သူ့သူငယ်ချင်းပို့ခဲ့တဲ့စာဖတ်ပြတာ Acဘားရဲ့ ညီနဲ့သားပါတယ်
သုံးလေးယောက်လောက်ရှိတယ်တဲ့
တည်းခိုခန်းမှာ မုဒိန်းကျင့်သတ်ပြီးကမ်းခြေသယ်လာတာတဲ့
Princess Nway )

ဒေးဗစ်နောက်လိုက်တဲ့ အုပ်စုက ဒေးဗစ် သတိလစ်နေတာကို
သေပြီ အမှတ်နဲ့ လူမမြင်အောင် ကျောက်တုံးကြီးတွေ ကြားက
ပင်လယ်ထဲကို လာပစ်တယ် ။
ကျောက်တုံးလမ်းကြားက ဆင်းလာပြီး တာနဲ့ 
ဒေးဗစ်က လေးတော့ ပစ်ချတယ် ။
အကျီ ဘောင်းဘီချွတ် ပြီး ပင်လယ်ထဲ ပစ်ချလိုက်တယ် ။
တပည့်တွေ ဆိုတော့ တာဝန်ကျေဘဲလေ ။

အခု ၃ ယောက်ထဲက အလယ်ပုံမှာ
အရပ်ရှည်နေတော့ ရှောင်မဖြစ်နိုင်ဖူးလား ။

cctv မှာ ပေါ်နေတဲ့ ပုံက
သူဌေးသားလား
သူဌေးညီလား
ရှောင်လား ။။

U Htay Tint
မျက်မြင်သက်သေတွေက ထိုင်းလူမျိုးပါ ။ ဗဟို ပုလိပ်ဆင်းလာမှ မြန်မာတွေ တရားခံဖြစ်တာ ။
လိပ်ကျွန်းလူသတ်မှု ဖြစ်ကာစက အမှတ် ၈ ပုလိပ်တပ်ဖွဲ့ နဲ့  နယ်မြေပုလိပ်တပ်ဖွဲ့  ပူးပေါင်းပြီး စစ်ဆေးခဲ့ပါတယ် ။ အမှတ်၈ ရဲတပ်ဖွဲ့ စစ်ဆေးစဉ်က နိုင်ဝေါ်ရဖန် ထိဝိယန် (Ac Bar သူကြီးဟောင်း) သား နိုင်ဝေါ်ရွတ်သို့ ဝိထိယန်( သူဌေးသား ကို လိုက်လံ ရှာဖွေနေပါတယ် ။
မျက်မြင်သက်သေများ ပြောကြားချက်အရ လူသတ်မှုဖြစ်ပွားပြီး နာရီဝက် အကြာမှာ သူဌေးသားက စက်လှေ ငှါးပြီး လိပ်ကျွန်းပေါ်မှ ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ ယူဆပါတယ် ။
အမှတ် ၈ ပုလိပ်တပ်ဖွဲ့ မှုး အနေနဲ့  ကျယ်ဝန်းတဲ့ ဘန်ကောက်မြို့ တော်ကြီးက သူဌေးသားကို ရှာဖွေပြီး DNA စစ်ရန် လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ် ။
မနေ့ ကလည်း နိုင်ဝေါ်ရဖန် ထိဝိယန် (Ac Bar သူကြီးဟောင်း)ကို အမှတ် ၈ ပုလိပ်တပ်ဖွဲ့ မှုးက စစ်ဆေးခဲ့ပါတယ် ။
မျက်မြင် သက်သေ တဦး သတင်းပေးချက်အရ အချင်းလူသတ်မှု ဖြစ်သည့် နေ့ က Ac Bar အတွင်းက သူဌေးသားအဖွဲ့  ယောကျာင်္းလေး အုပ်စုနဲ့  သေဆုံးသူ ဒေးဗစ် ရန်ဖြစ်ခဲ့ကြောင်း သိခဲ့ရပါတယ် ။
နိုင်ဝေါ်ရဖန် ထိဝိယန် (Ac Bar သူကြီးဟောင်း)က သူ့ အနေနဲ့  ဘာမှ မသိ ဘာမှ မမြင်ပါဖူး ။ တာဝန်ရှိ ပုလိပ်တွေနဲ့  ပူးပေါင်းဖို့  အဆင်သင့်ပါဟု ပြောကြားခဲ့ပါသည် ။.
လက်ရှိ အခြေအနေမှာတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့ သသားဖြစ်သူကို ဆက်သွယ်လို့ မရ သေးပါ ဟု ဖြေကြားခဲ့သည် ။
သေသေချာချာပြောနိုင်တာကတော့ လူသတ်မှုမှာ သူဌေးသားပါဝင်ပြီး စက်လှေနဲ့  ထွက်ပြေးလွတ်မြောက် သွားပါတယ် ။ နောက်ပိုင်းမှာ တော့ ကျွန်းကို ပိတ်ဆို့ လိုက်ပါတယ် ။
လောလောဆယ် အချင်းဖြစ်ပွားတဲ့ မီတာ ၁၀၀ အတွင်းက ခြေရာ နမူနာ ယူပြီး စစ်ဆေးနေပါတယ် ။ စစ်ဆေးခံရသူတွေ ကတော့ အနီးအနားက လူတွေအားလုံး ဖြစ်ပြီး တံထွေး နဲ့  ဆီး ကို DNA တိုင်ကြည့်နေပါတယ် ။

ငြိမ်းချမ်းရေးအတွက် တိုက်ပွဲ

ဇာဂနာ ဘာမှမသိရပါဖူး





ဇာဂနာ တို့ လဲ တစ်ပတ်တစ်ခါရေးနေရတာ တော်တော် တော့ အကုသိုလ် များတယ်
ခမ်။စဉ်းစားကြည့်လေ။ဘယ်နေရာမှာများ မတော် မတည့်တာတွေ လုပ်နေသလဲ၊
ဘယ်မှာများ မဟုတ် တရုတ် တွေ ဖြစ်နေလဲ၊ ဘယ်သူတွေ မထော် မနှမ်းလုပ်နေ
သလဲ ဆိုတာကို အမြဲ မျက်စေ့ဖွင့် နားစွင့်နေရတာကိုးခမျာ။တစ်ခါမှလဲ နား၇တယ် မရှိပေါင်။ဘယ်နေရာရောက်ရောက် ဘယ်ကိုကြည့်ကြည့် မထော် မနှမ်းလုပ်နေ
တာကိုချည်းတွေ့ နေရတော့တာပါပဲ။သည် အစိုးရကလဲ ဒါမျိုးလုပ်ရတာ ၀ါသနာ
ပါတာကိုးခင္မ်။

ဒါပေမဲ့ သူ့ ကံကလည်း ကောင်းနေသဗျ။ကြည့်လေ။တစ်မျိုးပြီးတစ်မျုးမ၇ိုးလိုက်ရပုံများ
ခမ်။နဂါးနဲ့ခေါင်းလောင်းအတွဲ၊ပြီးတာနဲ့ ခါကာဘိုရာစီတောင်ပေါ်မှာ လူနှစ်ယောက်
ပျောက်၊ဟော နောက်တစ်ခါ ယိုးဒယားမှာမြန်မာလူငယ်နှစ်ဦး လူသတ်မှု နဲ့ ဖမ်းခံရ၊
ပြီးတော့ မြန်မာ ယူ၁၉ဘောလုံးအသင်းကမ္ဘာ့ဖလားရောက်၊ဟော ခုတော့ ကိုပါကြီး ကိစ္စ ပေါ်လာ။

အားလုံး စိတ်ဝင်စားစရာ၊ရင်ခုန်စရာ၊စိတ်ကုန် စရာ ကိုစုံနေတော့တာပါပဲ။ဒီကြားထဲ
တပ်မတော်အသုံးစ၇ိတ်ကလဲတိုးတိုးတောင်းနေသဗျ။ငြိမ်းချမ်းရေးလုပ်နေတယ်
လဲပြောရဲ့ ။ဘယ်သူနဲ့တိုက်ဖို့ တုန်း။ဘယ်နိုင်ငံနဲ့တိုက်ဖို့ တုန်း။လွှတ်တော် ထဲကနေ
ပြီးတော့လဲ တပ်မတော် ကိုယ်စားလှယ်တွေက ၄၃၆ ကိုပြင် ဖို့ ဆန္ဒမရှိပါဖူးလုပ်ပြန်
ပါလေရော။မသိလို့ မေးပါရစေနော်။တကယ်မသိလို့ ပါဗျ။အဲဒီ တပ်မတော်သား ကိုယ်စားလှယ်တွေက ဘယ်မဲဆန္ဒနယ်မြေ ကတက်လာကြတာလဲ။ဘယ်သူ က တင်မြှောက်လိုက်တာလဲ။ပြည်သူ တွေ ရဲ့  အသည်းကြား မဲ တစ်ပြားမပြောနဲ့
တစ်ဖဲ့ တောင် မရတဲ့သူတွေက ပြည်သူ့ ဆန္ဒကို ဆန့် ကျင်လော်မာ ပြောလိုက်
ကြတာများ အံ့အား ကိုသင့်ပါရော။ပြည်သူ့ ဆန္ဒ ငါးသန်း ကိုတောင် လစ်လျူရှု
ရဲတယ်နော်။ဘယ် လခ နဲ့ ထမင်းစားနေကြတာပါလိမ့်။ဘယ်သူ့ ပိုက်ဆံ နဲ့ မိန်းမ
အတွက် ထဘီဝယ်ပေးနေပါလိမ့်။ဘောင်းဘီတို စကတ်တို ၀တ်နေရင်တော့
သိဖူးလေ။တစ်ခါ ပီအာရ် ဆိုတာ ကြီးကလဲ ရှစ်မျိုးပေါင်းချုပ် ထုတ်လာပြန်ပါပကော။

တစ်နေ့ တစ်မျိုး မရိုးစေရဖူးခမျ။အမှန်ကတော့ အစိုးရ တစ်ဖွဲ့ လုံး ရုပ်ရှင်အစည်းအရုံး ကိုသိမ်းလိုက်ကြပါလားဟင်။ရုပ်ရှင်ဒါရိုက်တာတွေ၊ဇာတ်ညွှန်းရေးဆရာတွေ
အားလုံး က ဥိးသိန်းစိန် အစိုးရလောက်ကို ဇာတ် လမ်းဇာတ်ကွက် အမျိုးမျိုး မတီထွင်တတ်ကြရှာပါဖူး။နေတိုး တို့ ပြေတည်ဦးတို့ ထက်ကို ၀န်ကြီးအားလုံး
ကလဲ သရုပ်ဆောင်ကောင်းသဗျ။လာမဲ့ ဒီဇင်ဘာမှာ အကယ်ဒမီပေးပွဲလုပ်ရင်
အစိုးရတစ်ဖွဲ့ လုံး ကိုသာ ရွှေစင်ရုပ်ထုတွေတန်းစီပေးလိုက်ကြပါတော့လားဗျာ။
နားအေးရော။

ပြည်သူ့ ဆန္ဒ ဆိုတာ သွေးဆေးမဟုတ်ပါဖူးခမျ။နည်းနည်းတော့အဖက်လုပ်ကြပါ။
မှန်မှန်ကန်ကန်ဆိုရင် ဇာ၈နာ တို့ ပြည်သူတွေကထောက်ခံ့ဖို့ ဝန်မလေးတတ်ကြ
ပါဖူး။ခုတော့ ဒီလောက်ဟန်ဆောင်ကောင်းနေတာမျိုး ဖြင့် ကြုံဖူးပေါင် ကြုံဖူးပေါင်
လို့ သာ အော်ရတော့မှာပဲ။ပြည်သူတွေမကျေနပ်လို့  ထထ ကြွကြွ လုပ်ကြမယ်
ဆိုလဲ အဆိုးတော့မဆိုနဲ့လေ။ယိုးဒယား ကရထြက်တောင် ရမ်းသေးတယ်။

ကိုပါကြီး ကိုသေစေလိုက်ပုံများ ကြက်ကလေး ငှက်ကလေးကျနေတော့တာပဲ။
သိပေါ နဲ့  စုဖုရားလတ် ပါတော် မူတုန်း ကလဲ ကြက်ကလေးငှက်ကလေး လိုဖမ်း
သွားတယ် ဆိုတာမျိုး သုံးနှုန်းခဲ့တယ်နော်။မေ့ နေမှာစိုးလို့ ။အင်္ဂလိပ် က ဖမ်းရုံ
ဖမ်းတာ သေနပ် နဲ့ တော့ ပစ်မသတ်ဖူးခမျ။ကိုယ့်ကိုယ်ကို ဒီမိုကရေစီ အစိုးရလို့ 
တံဆိပ်ကပ်တဲ့ (အဆိုးရ)လား(အစိုးမရ)လား အဖွဲ့ ကြီးလက်ထက်ကျမှ နိုင်ငံသား
တစ်ယောက် ပစ်သတ်ခံရရှာတော့တာပါပဲ။ဂုဏ်ယူရမှာလားဗျာ။

ဒီလို မျိုး ပစ်ဖို့ သတ်ဖို့ လွှတ်တော် ထဲ ကနေ ဘတ်ဂျက် တွေတိုးတောင်းနေတာ
လား။ဒီလိုမျိုး ပစ်ဖို့ သတ်ဖို့ ၄၃၆ ကိုမပြင်ချင်ဖူး အော်နေတာလား။ဇာဂနာ မြို့ ထဲ
သွားတိုင်းတွေ့တာလေးတစ်ခု သတိရမိပါရဲ့ ။မော်တော် ကားတွေက ကျပ်တယ်
လေ။တစ်စင်းနဲ့တစ်စင်း ထပ်နေ အောင်ကို ကပ်ပြီး ကျပ်နေတာပေါ့။အားလုံးလဲ ကြုံဖူးမှာပါ။ဒီလိုအချိန်မျိုးမှာ တစ်ဖက် ယာဉ်ကြောက ကားဖြစ်ဖြစ်၊ကွေ့ ကား
ဖြစ်ဖြစ်၊ဖြတ်ဝင်ချင်ရင်လေ လက်ညှိုးလေးတစ်ထောင်ထောင် နဲ့  ခွင့်တောင်း
တာမျိုး တေါ့ ဖူးကြမယ်ထင်ပါရဲ့ ။လေးစားသမှု နဲ့ ခွင့်တောင်းတာမျိုးလဲရှိသလို၊
ဒီလိုလုပ်ပြရင်တာဝန်ကျေတယ် ဆိုပြီး ပြီးပြီးရော ခွင့်တောင်းတာမျိုးလဲ ရှိပါ
သဗျ။ဘာပဲဖြစ်ဖြစ် ဒီလို ခွင့်တောင်းတဲ့ ဓလေ့ လေးကတော့ကောင်းပါတယ်။
လွှတ်တော် ထဲက တပ်မတော်သားကိုယ်စားလှယ်တေါရော၊ မင်း အ(ဆိုး)ရ ရော ဇာ၈နာတို့ ပြည်သူတွေကို လက်ညှိုးလေးတော့ထောင်ပြကြပေါ့ဗျာ။

လက်ညှိုး ပဲထောင်ခိုင်းတာနော်။တခြားဟာတွေတော့မထောင်ကြပါနဲ့ ။
ခင်ဗျားတို့ ကအားအားရှိထောင်တတ်လွန်းလို့ ပါ။သေနပ်တို့ ဘာတို့ ပေါ့။
ပြည်သူ့ ဆန္ဒ တကယ် လေးစားရင်လက်ညှိုးလေးတောင် ထောင်ပြပေးကြပါ
လို့ ဇာဂနာ ပြောကြည့်လိုက်ပါတယ်ဗျာ။တကယ်တော့ဇာဂနာ သိလို့ 
ပြောနေတာမဟုတ်ပါဖူး။လွှတ်တော် ကိုယ်စားလှယ်ကြီး ဦးဖြိုးမင်းသိန်းပြောပြ
လို့ ပါ။ဇာဂနာ ဘာမှ မသိရပါဖူးဗျာ။

ဇာဂနာ
၂၆ အောက်တိုဘာ ၂၀၁၄
( ပဲ့ တင်သံ ဂျာနယ်ထဲကဆောင်းပါးပါ )

AC Bar သားကိုအလိုရှိခဲ့




U Htay Tint-------
မျက်မြင်သက်သေတွေက ထိုင်းလူမျိုးပါ ။
ဗဟို ပုလိပ်ဆင်းလာမှ မြန်မာတွေ တရားခံဖြစ်တာ ။
လိပ်ကျွန်းလူသတ်မှု ဖြစ်ကာစက
အမှတ် ၈ ပုလိပ်တပ်ဖွဲ့ နဲ့  နယ်မြေပုလိပ်တပ်ဖွဲ့ 
ပူးပေါင်းပြီး စစ်ဆေးခဲ့ပါတယ် ။
အမှတ်၈ ရဲတပ်ဖွဲ့ စစ်ဆေးစဉ်က
နိုင်ဝေါ်ရဖန် ထိဝိယန် (Ac Bar သူကြီးဟောင်း) သား
နိုင်ဝေါ်ရွတ်သို့ ဝိထိယန်( သူဌေးသား ကို
လိုက်လံ ရှာဖွေနေပါတယ် ။
မျက်မြင်သက်သေများ ပြောကြားချက်အရ
လူသတ်မှုဖြစ်ပွားပြီး နာရီဝက် အကြာမှာ
သူဌေးသားက စက်လှေ ငှါးပြီး လိပ်ကျွန်းပေါ်မှ
ထွက်ပြေး လွတ်မြောက်ခဲ့တယ်လို့ ယူဆပါတယ် ။
အမှတ် ၈ ပုလိပ်တပ်ဖွဲ့ မှုး အနေနဲ့  ကျယ်ဝန်းတဲ့
ဘန်ကောက်မြို့ တော်ကြီးက သူဌေးသားကို ရှာဖွေပြီး
DNA စစ်ရန် လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ် ။
မနေ့ ကလည်း နိုင်ဝေါ်ရဖန် ထိဝိယန် (Ac Bar သူကြီးဟောင်း)ကို
အမှတ် ၈ ပုလိပ်တပ်ဖွဲ့ မှုးက စစ်ဆေးခဲ့ပါတယ် ။
မျက်မြင် သက်သေ တဦး သတင်းပေးချက်အရ
အချင်းလူသတ်မှု ဖြစ်သည့် နေ့ က
Ac Bar အတွင်းက သူဌေးသားအဖွဲ့ 
ယောကျာင်္းလေး အုပ်စုနဲ့  သေဆုံးသူ ဒေးဗစ်
ရန်ဖြစ်ခဲ့ကြောင်း သိခဲ့ရပါတယ် ။
နိုင်ဝေါ်ရဖန် ထိဝိယန် (Ac Bar သူကြီးဟောင်း)က
သူ့ အနေနဲ့  ဘာမှ မသိ ဘာမှ မမြင်ပါဖူး ။
တာဝန်ရှိ ပုလိပ်တွေနဲ့  ပူးပေါင်းဖို့  အဆင်သင့်ပါဟု
ပြောကြားခဲ့ပါသည် ။.
လက်ရှိ အခြေအနေမှာတော့ ထွက်ပြေးလွတ်မြောက်သွားတဲ့
သသားဖြစ်သူကို ဆက်သွယ်လို့ မရ သေးပါ ဟု ဖြေကြားခဲ့သည် ။
သေသေချာချာပြောနိုင်တာကတော့
လူသတ်မှုမှာ သူဌေးသားပါဝင်ပြီး စက်လှေနဲ့ 
ထွက်ပြေးလွတ်မြောက် သွားပါတယ် ။
နောက်ပိုင်းမှာ တော့ ကျွန်းကို ပိတ်ဆို့ လိုက်ပါတယ် ။
လောလောဆယ် အချင်းဖြစ်ပွားတဲ့ မီတာ ၁၀၀ အတွင်းက
ခြေရာ နမူနာ ယူပြီး စစ်ဆေးနေပါတယ် ။
စစ်ဆေးခံရသူတွေ ကတော့ အနီးအနားက
လူတွေအားလုံး ဖြစ်ပြီး တံထွေး နဲ့  ဆီး ကို
DNA တိုင်ကြည့်နေပါတယ် ။