Saturday, November 8, 2014

၁၄ ပွင့်ဆိုင်တွေ့ဆုံမှုသည် ၄ ပွင့်ဆိုင်တွေ့ဆုံမှုကို လမ်းလွဲစေလျှင် လက်မခံနိုင် ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား




သမ္မတအိမ်တော်တွင် တွေဆုံခဲ့ သည့် ၁၄ ပွင့်ဆိုင်တွေ့ဆုံခြင်းသည် NLD မှ မူလ ရည်မှန်း ထားသည့် ၄ ပွင့်ဆိုင် တွေ့ဆုံခြင်းကို လမ်းလွဲစေလျှင် လက်မခံနိုင်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။
.
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ ဗဟန်ုးမြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး တွင် နိုဝင်ဘာ ၅ ရက်က ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲ အခမ်းအနား တွင် ယင်းကဲ့သို့ ပြောဆို ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
ဒေါ်အောင်ဆန်းစုကြည့်က “သမ္မတအိမ်တော်က တွေဆုံမှုဟာ ဆွေးနွေးမှု မဟုတ်ဘဲ တွေဆုံမှု တစ်ခု မျှသာ ရှိတယ်။ ဒီလိုတွေဆုံတာဟာ မတွေဆုံ တာနဲ့စာရင် ကောင်းပါတယ်။ အခု ၁၄ ပွင့် ဆိုင်တွေ့ဆုံမှု အကြောင်းပြောရရင် ၂၀၁၃ ခုနှစ်ကတည်းက NLD အနေနဲ့ ၄ ပွင့်ဆိုင် တွေဆုံ ခွင့် ရဖို့ တောင်းဆို ခဲ့တာဖြစ်တယ်။ အခု ၁၄ ပွင့်ဆိုင်တွေဆုံခြင်းဟာ ၄ ပွင့်ဆိုင်တွေ့ဆုံခြင်းကို ဦးတည်တယ်ဆိုရင် ကြိုဆိုပါတယ်။ အဲ့လိုမဟုတ်ဘဲ ၄ ပွင့်ဆိုင်တွေဆုံမှု ကို လမ်းလွဲစေရင် လက်မခံနိုင်ပါဘူး” ဟုပြောသည်။
.
ယခုကဲ့သို့တွေ့ဆုံမှုသည် မည်သည့် ဆွေးနွေးချက်များမရှိသော်လည်း မတွေ့ဆုံ ဘဲနေသည် ထက် တွေ့ဆုံလိုက်ခြင်းသည် ကောင်းမွန်ကြောင်း အဆိုပါတွေ့ဆုံ မှုပြီးနောက် ကောင်းမွန် သည့် ဆက်လက် တွေ့ဆုံဆွေးနွေးမှုများ ကို ပြုလုပ် သွားရန် လိုအပ်ကြောင်း ဆက်လက်ပြော သည်။
.
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေဖြင့် အမျိုးသားရင်ကြားစေ့ရေး အတွက် လေးပွင့်ဆိုင်တွေဆုံမှု ကို ဦးတည်တောင်းဆိုခဲ့ရာတွင် တွေ့ဆုံခွင့် မရသေးပေ။
.
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အနေဖြင့် စတင်တည်ထောင်သည်မှ စတင်ကာ အများ မတောင်းဆိုသည့် အချက်များ တောင်းဆိုခဲ့ကြောင်း ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက် ပွဲ ကိုလည်း အမျိုးသားရင်ကြားစေ့ရေး၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေးနှင့် တရားဥပဒေ စိုးမိုးရေးစသည့် အခြေခံမှုသုံးရပ်ကို ဦးတည် ကာ ဝင်ရောက် ရွေးချယ်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
.
Credit : သတင်း - စိုင်းဟန် The Ladies News Journal

ဒေါ်အောင်ဆန်းစုကြည်ကယားပြည်နယ်ခရီးစဉ်အတွင်းပြောကြားချက်ရုပ်သံ



အဖွဲ့ချုပ်ဟာ တိုင်းရင်းသားကိုယ်စားပြုပါတီဖြစ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အဖွဲ့ချုပ်ဟာ ဗမာပါတီမဟုတ်ဘဲ ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ ပါတီ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
.
ကယားပြည်နယ်မြို့တော် လွိုင်ကော်မြို့ ကယားဒေးကွင်းမှာ ပြုလုပ်ခဲ့တဲ့ လူထုနဲ့တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားခဲ့တာပါ။
.
“အရေးကြီးတဲ့ကိစ္စတခုကတော့ ကျမ တိုင်းရင်းသားတွေနဲ့ အမြင်ချင်းဖလှယ်ချင်ပါတယ်။ အဲ့ဒါဘာလဲဆိုလို့ရှိရင် တချို့တွေက ပြောကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဗမာပါတီလို့ ပြောကြပါတယ်။ တိုင်းရင်းသားတွေကို ကိုယ်စားမပြုဘူးလို့ အဲ့ဒီလို ဆိုလိုချင်တာပါ။ ကျမကတော့ ရဲရဲတင်းတင်းပြောရဲပါတယ်။ ကျမတို့ပါတီရဲ့ သမိုင်းကို ပြန်ကြည့်လိုက်ပါ။ တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ပါတီ ဟုတ်မဟုတ်၊ ၁၉၉၀ ရွေးကောက်ပွဲ ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်တွေ ပြန်ကြည့်လိုက်ပါ။ တိုင်းရင်းသား ကိုယ်စားလှယ်တွေ ဟုတ် မဟုတ်။ ဘယ်တော့မဆို ကျမတို့ဟာ ကျမတို့ရဲ့ပါတီကို ပြည်ထောင်စုဖွား တိုင်းရင်းသားအားလုံးကို ကိုယ်စားပြုတဲ့ ပါတီလို့ ကျမတို့ သတ်မှတ်ပါတယ်။”
.
ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်မှာ လိုက်ပါသွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဥတ္တရ သီရိ မဲဆန္ဒနယ်အမတ် ဦးမင်းသူကလည်း လမ်းတလျှောက် မြို့တွေဖြစ်တဲ့ ပင်လောင်း၊ ဖယ်ခုံနဲ့ မိုးဗြဲမြို့တို့မှာလည်း ဒါကိုပဲ အလေးထား ပြောခဲ့တယ်လို့ ဆိုပါတယ်။
.
“လမ်းတလျှောက်မြို့တွေမှာ အဓိက ပြောခဲ့တာက အဖွဲ့ချုပ်ဟာ ဗမာပါတီ မဟုတ်ဘူး၊ တိုင်းရင်းသားတွေ အားလုံးကိုယ်စားပြုတဲ့ပါတီ၊ အဖွဲ့ချုပ် စတင်ထူထောင်ကတည်းက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးဆိုတာကို ဘယ်သူမှ မကြွေးကြော်ခင်ကတည်းက ထည့်ထားခဲ့တာ ဖြစ်တယ်။ အဖွဲ့ချုပ်ဟာ ပြည်ထောင်စုသားအားလုံးကို ကိုယ်စားပြုတဲ့ ပြည်ထောင်စုပါတီဖြစ်တယ်လို့ အဓိကထား ပြောတယ်။”
.
ဒေါ်အောင်ဆန်းစုကြည်ဟာ ခရီးစဉ်အတွင်း ဖယ်ခုံမြို့ကို ခတ္တရောက်ရှိစဉ် မြို့ခံလူထုကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
.
“ဒီမိုကရေစီဆိုတာဟာ နိုင်ငံရေးဖြစ်စဉ်တခုတည်းမဟုတ်ဘူး။ ဒီမိုကရေစီဆိုတာ ယဉ်ကျေးမှုပဲ။ ယဉ်ကျေးမှုရဲ့ အဓိကလိုအပ်ချက်က ဘာလဲဆိုတော့ တဦးနဲ့တဦး ဆွေးနွေးပြီးတော့ ပြဿ နာတွေကို ဖြေရှင်းနိုင်တဲ့ ပညာရှိရမယ်၊ ဖြေရှင်းရဲတဲ့ သတ္တိရှိရမယ်။ တချို့က ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မသိကြဘူး။ တချို့က သိလျက်နဲ့ မလုပ်ချင်ကြဘူး၊ မလုပ်ရဲကြဘူး။ ကျမတို့ ဒီမိုကရေစီပြည်ထောင်စုတခု ထူထောင်ဖို့ရာမှာ လမ်းမှာတွေ့ဆုံရမယ့် အခက်အခဲတွေကို ဘယ်လို ကျော်လွှားရမယ်ဆိုတာ အားလုံးက ညှိနှိုင်းပြီး အဖြေရှာရမှာ ဖြစ်ပါတယ်။ အဲဒီအဖြေကိုလည်း သတ္တိရှိရှိနဲ့ လက်ခံရမယ်၊ အကောင်အထည်ဖော်ရမယ်။
.
“ဒါကြောင့် တိုင်းရင်းသားတွေအနေကဆိုလို့ရှိရင် ကျမတို့နဲ့ ပူးပေါင်းပြီး ဆောင်ရွက်တယ်ဆိုတာဟာ ပြည်ထောင်စုအတွက် ဆောင်ရွက်နေတာပါလို့ အဲလိုပဲ စဉ်းစားစေချင်ပါတယ်။ ကျမတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အတွက်လည်း မဟုတ်ဘူး၊ တိုင်းရင်းသား လူမျိုးစု တစုအတွက်လည်း မဟုတ်ဘူး၊ ဒီမိုကရေစီပြည်ထောင်စုကြီးအတွက် ကျမတို့ ပူးပေါင်း ဆောင်ရွက်နေပါတယ်ဆိုတဲ့ ယုံကြည်ချက်ကို ရှိရင် ဒီယုံကြည်ချက်ကနေ အင်အားတွေ သတ္တိတွေ အများကြီး ထွက်လာမှာ ဖြစ်ပါတယ်။”
.
ဒီခရီးစဉ်ဟာ ၁၉၈၉ ခုနှစ်နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒုတိယမြောက် ကယားပြည်နယ်ခရီးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီည လွိုင်ကော်မှာအိပ်ပြီးရင် မနက်ဖြန်နေပြည်တော်ပြန်မှာ ဖြစ်ပါတယ်။
.
Credit : DVB
.

့ Eleven Media Group မှတိုင်ကြားစာ ပေးပို့



Eleven Media Group
မြန်မာ့အလင်းသတင်းစာနှင့် ကြေးမုံသတင်းစာပါ Eleven Media Group ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသော ဖော်ပြချက်နှင့်ပတ်သက်၍ ဦးရဲထွဋ် (ဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန)နှင့် ဦးကျော်စိုး (ဦးဆောင်ညွှန်ကြားရေးမှူး၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း) တို့မှ လာရောက်ဖြေရှင်းပေးရန်အတွက် နိုဝင်ဘာ ၇ ရက်က စာနယ်ဇင်းကောင်စီ (ယာယီ) ထံသို့ Eleven Media Group မှတိုင်ကြားစာ ပေးပို့ထားပါသည်။ အဆိုပါတိုင်ကြားစာအား ဖော်ပြအပ်ပါသည်။

ရှောင်နဲ့  ဖီးမွန် တယောက်ကို တယောက် လွှဲချ



U Htay Tint
၆ ရက် အောက်တိုဘာလ ၂၀၁၄ တင်တဲ့ ဗီဒီယို
( ထိုင်းလို တတ်ရင် သေသေချာချာ နားထောင်ကြည့်
ရှောင်နဲ့  ဖီးမွန် တယောက်ကို တယောက် လွှဲချနေကြတာ)

လိပ်ကျွန်း လူသတ်မှုဖြစ်တာနဲ့  DNA စစ်တာဘဲ ။
ဖီးမွန်လူတွေ တယောက်မှ မတူပါဖူး ။
ဖီးမွန် အုပ်စုက လူသေထားတဲ့ နေရာနဲ့  အနီးဆုံးလေ ။

ဖီးမွန်တို့ လူတွေ သတ်တာမှ မဟုတ်ဘဲ ။
လူသတ်သမားက စောင့်ပြီး အခြားလမ်းကလဲ
ပြေးနိုင်တာဘဲလေ ။

(မီဒီယာက မာဖီးယားလို့ ရေးတာ ဘာဖြစ်လို့ လဲ)
နယ်မြေ ၈ က ပုလိပ် နဲ့  လိပ်ကျွန်းပုလိပ် က ငယ်သူငယ်ချင်း
အတူတူ စာသင်လာကြတာ ။
ဖီးမွန် နဲ့  ပုလိပ်တွေ အတူတူထိုင်နေတုံး
ရှောင်ဝင်လာတာနဲ့  မေးလိုက်သေးတယ် ။
ဟိုနေ့  ည ၁၄ စက်တင်ဘာလက ဘာဖြစ်ကြတာလဲ ။
သွေးတွေ ပေကျံလို့ ဆို ။ တပည့်တွေ ပြန်ပြောကြတယ် ။

အချင်းဖြစ်ပွားတဲ့ ၁၄ ရက်ည မှာ ဆိုင်ထဲကို ဝင်လာတဲ့
ဗြိတိန် နိုင်ငံသား ဒေးဗစ်မီလာ၏ သူငယ်ချင်း ဖြစ်သူ
အသက် ၂၅ နှစ်အရွယ် မစ္စတာ ရှောင် မက်အန်နာ
မျက်နှာမှာ သွေးတွေ နဲ့  တကိုယ်လုံးလဲ သွေးတွေ ပေကျံနေပါတယ် ။
ဖီးမွန် တပည့်တွေက သုတ်ပေးလိုက်ရတယ် ။

တံတား နားက Lutos ဆိုင်က လူကို သက်သေအဖြစ် မေးနိုင်ပါတယ် ။
ရှောင် ကို မေးတော့ အပြင်မထွက်ဖူး ။
စက်ဘီး လဲတာ လို့ ပေါ့ပေါ့ ဘဲဖြေခဲ့တယ် ။
ပြီးတာနဲ့  ရှောင် ထွက်ပြေးတာဘဲ ။

ပြေးနေတဲ့ ပုံက ဖီးမွန် မဟုတ်ဖူးလား ။

နောက်တရက်မှာဘဲ ဖီးမွန် နဲ့  ပုလိပ်တွေ မာဖီးယား ဆိုပြီး
အင်တာနက် မီဒီယာတွေက အသံထွက်လာတယ် ။

ရှောင်က ဒီတခေါက် ထိုင်းကို လာတာ
အူတူတူ ဖြစ်နေတယ် ။
မြန်မာပြည်သားတွေက ပုလိပ်မြင်ရင် ပြေးတာဘဲ ။

လိပ်ကျွန်းမှာ ဆိုင်ဖွင့်လာတာ နှစ် ၂၀ ရှိနေပြီ ။
အင်္ဂလိပ်တွေ ဖက်တာ နမ်းတာ ကတော့ ရိုးနေကြပါပြီ ။

ရှောင် ရဲ့  ဘောင်းဘီက တွေ့ တဲ့ သွေးစတွေကို
DNA စစ်တော့ သေဆုံးသူ မဟုတ်လို့ 
ထိုင်းပုလိပ်က လွှတ်ပေးပြီး
ထိုင်းနိုင်ငံက ဘန်ကောက်ကတဆင့်
အမြန်ဆုံး အင်္ဂလန်ကို ပြေးပါတော့တယ် ။

ရှောက်ရဲ့ အင်တာဗျူးမှာ ကျတော့
ရှောင်မက်အန်နာဟာ အခင်းဖြစ်ပြီးနောက် မနက် ၄ နာရီလောက်က လိပ်ကျွန်းပေါ်က ထိုင်းမာဖီးယား ဂိုဏ်းက လူ ၂ ဦးက သူ့နောက်လိုက်လာကြောင်း၊ ဒါကြောင့် သူက ထွက်ပြေးပြီး ၂၄ နာရီ ဖွင့်တဲ့ စတိုးဆိုင် ထဲ ၀င်ပုန်းပြီး ဆိုင်က အရောင်းစာရေးမလေးဆီက ဖုန်းငှားကာ သူ့နောက်လိုက်လာသူ ၂ ဦးကို အဲဒီဖုန်းနဲ့ ဓာတ်ပုံရိုက်ပြီး သူ့ဖေ့စ်ဘုတ် ဖွင့်ကာ ဓာတ်ပုံတွေကို အွန်လိုင်းတင်ခဲ့ပါတယ်။
“ထိုင်းမာဖီးယားတွေက ကျနော့်ကို သတ်ဖို့ ကြိုးစားနေပါတယ်။ ကျနော့်ကို ကယ်ကြပါအုံး” လို့လည်း သူက ဖေ့စ်ဘုတ် မှာ ရေးခဲ့ပါတယ်။
ပြီးတော့ သူက ကျွန်းပေါ်က သူ့သူငယ်ချင်းတွေဆီ ဖုန်းဆက်တိုက်ခေါ် ခဲ့သလို ရဲနဲ့ စကောတလန်က သူ့ဆွေမျိုးတွေ ဆီ လည်း သူ အန္တရာယ် ရင်ဆိုင်နေရကြောင်း ဖုန်းဆက်ပြောခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီမှာ ရဲက သူ့ကို ကယ်ခဲ့ပြီး သူတည်းခိုးတဲ့ ဟိုတယ်ဆီ လုံခြုံရေးနဲ့ ခေါ်သွားခဲ့တယ်လို့ သူက ပြောထား ပါတယ်။
ဒါပေမယ့် သူဟာ မလုံခြုံသလို ခံစားရတာကြောင့် တောင်ကုန်တွေဘက်ကို ထွက်သွားပြီး တောထဲမှာပဲ ညအိပ်ခဲ့ ကြောင်း၊ နောက်နေ့ ညနေ ၃ နာရီလောက်မှာ မတော်တဆမှုနဲ့ သွေးတွေပေကြံနေတယ် ဆိုတဲ့ ရှောင်ဟာ သူ့ ဂစ်တာ ကောက်ယူပြီး သူ့ပစ္စည်းတွေ သိမ်း၊ ကျောပိုး အိတ်ထဲ ထည့်ပြီး ကျွန်းကနေ ထွက်သွားခဲ့တာပါ။
လိပ်ကျွန်းကနေ ကော့စမွေအရပ်ကို ဖယ်ရီ မော်တော်ဘုတ်စီးပြီး ထွက်ခွာခဲ့တာလို့ သူက ဆက်ပြော ထားပါတယ်။
လိပ်ကျွန်းပေါ်က ထိုင်းရဲက သူ့လက်မှာ ရခဲ့တဲ့ ဒဏ်ရာနဲ့ သူ့ဂျင်းဘောင်းဘီနဲ့ ခန္ဓာကိုယ်မှာ သွေးစွန်းနေ မှုတွေအပေါ် သူက အသက်အန္တရာယ်စိုးရိမ်ပြီး စက်ဘီးစီးရင်း မတော်တဆဖြစ်ခဲ့တာလို့ ထွက်ဆို ချက်
ပေးခဲ့ပြီး ထိုင်းရဲကလည်း သံသယကင်းရှင်းလို့ ကျွန်းက ထွက်ခွာခွင့်ရသွားခဲ့ပါတယ်။
သတင်းဌာနနဲ့ အင်တာဗျူးမှာ သူ ပြန်ပြောပြခဲ့တာတွေထဲမှာ စိတ်ဝင်စားစရာတွေ အများအပြား ပါဝင်ပါ တယ်။
သူ့နောက်လိုက်လာတယ်ဆိုတဲ့ ထိုင်း မာဖီးယား ၂ ဦးလို့ ဆိုသူတွေက သူ့ကို “ မင်း ဒီည သေရမယ်၊ သူတို့ ( ဒေးဗစ်နဲ့ ဟန်နာ) ကို သတ်ခဲ့တာ မင်းပဲ၊ မင်းကိုယ်တိုင် မင်းလက်နဲ့ အဲဒီ ၂ ယောက်ကို သတ်ခဲ့တာ၊ မင်းလုပ်တယ်ဆိုတာ ငါတို့ သိတယ်။ မင်းကိုယ်မင်း ဒီည ကြိုးဆွဲချ သေပါ၊ ငါတို့ မင်း ကြိုးဆွဲချ သတ်သေ တာကို ကြည့်မယ်”လို့ ပြောခဲ့တယ်တဲ့။

ဒါကြောင့် ထိုင်း မာဖီယား ၂ ယောက်က သူ့ကို တောထဲ ခေါ်သွားပြီး ကိုယ့်ကိုယ်ကို ကြိုးဆွဲချ သတ်သေ ခိုင်းမှာကို စိုးရိမ်ပြီး သူ ထွက်ပြေးခဲ့တယ်လို့ ရှောင်မက်အန်နာက ပြောထားတယ်။

“ သူတို့ ( ထိုင်း မာဖီးယားများ) က အစားထိုး တရားခံအဖြစ် ဓားစားခံ တဦး လိုအပ်နေခဲ့တယ်လို့ ထင် တယ်။ (လူ သတ်မှုကို ) ဘယ် သူ လုပ်ခဲ့တယ်ဆိုတာ သူတို့ သိမယ်လို့ ကျနော် ထင်တယ်” လို့လည်း ရှောင် က ပြောထားတယ်။

ဒီအပြင် ရှောင်က ဆက်ပြောထားမှာ “ သူတို့က ဒီကိစ္စနဲ့ပတ်သက်ပြီး အနောက်နိုင်ငံသား တယောက်က လုပ်တယ် ဆိုတဲ့ ပုံစံလည်း လိုချင်နေပုံရတယ်” လို့ ဆိုတယ်။

“ဒါကြောင့် ကျနော်သာ ကိုယ့်ကိုယ်ကို သတ်သေခဲ့မယ်ဆိုရင်၊ ကိုယ့်ကိုယ်ကို ကြိုးဆွဲချခဲ့မယ်ဆိုရင်တော့ ဒီလူသတ်မှု ဟာ သူပဲ လို့ ပြဖို့ သူတို့ လွယ်ကူသွားပြီလေ” လို့ ရှောင်က ပြောတယ်။
ရှောင်ဟာ လိပ်ကျွန်းကို စက်တင်ဘာ လ ၉ ရက်နေ့ကတည်းက ရောက်နေခဲ့သူပါ။ သူဟာ သေဆုံးသွား ခဲ့တဲ့ ဒေးဗစ် နဲ့လည်း လွန်ခဲ့တဲ့ နှစ်က Leeds မှာတွေ့ခဲ့ပြီး သူငယ်ချင်းတွေဖြစ်နေကြ တာပါ။ ဒေးဗစ်က လည်း Leeds တက္ကသိုလ်မှာ စာသင်ကြားနေပြီး သူတို့ဟာ ဖေ့စ်ဘုတ်မှာလည်း သူငယ်ချင်း ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်တဲ့ ညက ဒေးဗစ်နဲ့ ရှောင်ဟာ တွေ့ဖို့ ချိန်းဆိုထားခဲ့ကြပေမယ့် ရှောင်က အရက်မူးလွန်နေလို့ အိပ်ရာထဲက မထနိုင်ဖြစ်ခဲ့တာပါတဲ့။