Tuesday, November 18, 2014

အလံအောက်တွင်ဟောပြောခွင့်ပိတ်

ရင်မှာ မချိတဲ့ ပုံရိပ် တစ်ခု




Kyar Thi U

နမ့်ဆန်-လားရှိုးကားပေါ် ကလင်လင်နဲ့ဖုံးဝင်လာတယ်
ကားဆရာဘယ်ရောက်နေလဲ..အရေးကြီးကိစ္စရှိလို့စောင့်ပါအုံးတဲ့

ကားရပ်ပြီးသွားမှမေးကြည့်တယ်....ခရီးသည်တွေထဲက ခလေးမရဲ့အမေ
ဖုံးဆက်တာတဲ့....သူမသိဘဲ သမီးတွေအိမ်ကထွက်သွားလို့စောင်ပါအုံးတဲ့ဗျာ
မေးကြည့်တော့ ညီအစ်မနှစ်ယောက် တရုတ်ပြည်သွားမလို့ဆိုပါလား
အမေကိုမပြောဘူးလားမေးတော့ ပြောတယ်မလွတ်ဘူး
ခိုးထွက်လာတာ....ဘာလို့အဲလိုလုပ်လဲမေးတော့
သူငယ်ချင်းတွေ အလုပ်အဆင်ပြေတော့လှမ်းခေါ်လို့အလုပ်သွားလုပ်မလို့တဲ့

ကျန်ခရီးသည်ကိုတောင်းပန်ပြီးမှ တော်တော်လေးကိုစောင့်လိုက်ပါတယ်.
အမေ မိုးအလင်းမှာသမီးတွေမတွေ့တော့ စုံစမ်း ..မြို့တက်တာသိတော့
ဆိုင်ကယ်အငှားနဲ့မြို့တက် ကားဂိတ်မှာစုံစမ်းသမီးပါမပါ
ဂိတ်ကကားဆရာကိုဖုံးဆက် လမ်းတစ်ဝက်မန်ကန်မှာရပ်စောင့်
အမေတစ်ယောက်ဆိုင်ကယ်နဲ့ပေါက်ချလာပါတယ်

အမေနဲ့ သမီးညီအစ်မနှစ်ယောက် သုံးယောက်သား မျက်ရည်တွေနဲ့
အမေကသမီးမိန်းခလေးမို့ စိတ်မချ အိမ်ပြန်လိုက်ဖို့ခေါ်
သမီးနှစ်ယောက်က လက်မခံ ခရီးဆက်ဖို့ ဘဲခေါင်းမာမာနဲ့ပြော
အားလုံးမျက်ရည်တွေနဲ့.စိတ်မကောင်းပါ
သင့်သာဆိုရင်---------------
ကြားလူတစ်ယောက်အနေနဲ့ဘာလုပ်သင့်သလဲ???
အဖြေဘယ်လိုထွက်ခဲ့လဲ????
ဒီလိုအဖြစ်ကိုဘယ်လိုရှင်းရမှာလဲ ???

တောင်သာက အမေရိကန် ပြည်ထောင်စု အောက် ရောက်




တောင်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်း အား ကန်ပိတ်ဆို့မှုကို
 ကန့်ကွဲဆန္ဒထုတ်ဖော်ပွဲတွင် လူအနည်းငယ် ပွန်းပဲ့ဒဏ်ရာရ
---------

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းအား အမေရိကန်၏ တားမြစ်ပိတ်ဆို့မှု ထုတ်ပြန်ကြေငြာချက် အား ကန့်ကွက်ကြောင်း တောင်သာမြို့နယ်မှ ဦးအောင်သောင်းအား ချစ်မြတ်နိုး ကြသော မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒဖော်ထုတ်ပွဲ တစ်ခုကို နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ် ခဲ့ကြောင်း သိရသည်။

တောင်သာနယ်မှ ပြည်သူလူထု ၂၀၀၀ ကျော်က ဆိုင်းဘုတ်များ ကိုင်ဆောင် ကာ ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ ငြိမ်းချမ်းစွာ ဆန္ဒ ထုတ်ဖော်အပြီး နေ့လည်စာ ဒံပေါက်ထုတ်များ ဝေရာ၊ အလုအယက် ရယူကြ သဖြင့် အနည်းငယ် ပွန်းပဲ့ဒဏ်ရာ ရရှိမှု ဖြစ်ပွားခဲ့သည်။

တောင်သာမြို့မှ စီးပွါးရေးလုပ်ငန်းရှင်တစ်ဦးက အဆိုပါ အခမ်းအနားအပြီး တက်ရောက်လာသူများကို သုံးယောက်တတွဲ ဒံပါက်ဘူးများ လာယူပါရန် အသံချဲ့ စက်ဖြင့် ပြောခဲ့အပြီး အစပိုင်းတွင် ၃ ယောက် တစ်တွဲ လာယူကြသော်လည်း ထရပ်ကားအတွင်းမှ ဒံပေါက်ထုတ်များ ကုန်တော့မည်ဟု အော်ပြောရာ လူအုပ် ကြီးမှ စုံပြုံလာပြီး ဒံပေါက်တင်ကားပေါ်သို့ ကိုယ်တိုင် တက်ယူကြခြင်း ဖြစ်သည်။

ဒံပေါက်လုပွဲ အပြီးတွင် လမ်းမပေါ်တွင် ဆန္ဒထုတ်ဖော်ပွဲမှ ဗီနိုင်း အများ အပြားနှင့် ကြေမွပေါက်ထွက်လူနင်းထားသည့် ဒံပေါက်များက လမ်း တလျောက် ပြန့်ကျဲလျက်ရှိရာ ဆိုင်ကယ်စီးလာသူတစ်ဦး ဆီချော်ပြီး ဆိုင်ကယ် လဲသွားခဲ့ရာ အနည်းငယ် ပွန်းပဲ့သွားကြောင်း သတင်းရရှိပါသည်။

"ဆန္ဒထုတ်ဖော်ပွဲက လူ ၂၀၀၀ ကျော်ပါတယ်။ ယူလာတဲ့ ဒံပေါက်အထုပ်က နည်းနေလို့လား အချို့ က နှစ်ပြန်ယူကြလို့လားတော့ မသိဘူး လူမကုန်ခင် ဒံပေါက်ကုန်တော့မယ်လို့ အချင်းချင်း ပြောရာကနေ မယူသေးပဲ စောင့်နေတဲ့ လူတွေက ကားနားကို အပြေးရောက်လာပြီး ကိုယ့်ရှယ်ယာ ကိုယ်ယူရာက ဒီလို ဖြစ်ရတာပါ" ဟု တောင်သာမြို့ ခံတစ်ဦးအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်း ရာ ပြန်လည်ဖြေကြားခဲ့သည်။

"ရွာတွေက လူတွေ များပါတယ်။ ကိုယ်က ခုခံကာကွယ်ဖို့ ရည်ရွယ်ပြီး ရေး သားထားတဲ့ ဗီနိုင်းတွေကို အခုလို လမ်းမှာ ပစ်သွားတာကတော့ အဘကို မလေးစားရာကြပါတယ်။ ဆန္ဒထုတ်ဖော်ပြီးရင် ကိုယ့်အမှိုက် ကိုယ်ကောက် တယ် ဆိုတာ ဖက်ရှင်တောင် ဖြစ်နေပါပြီဗျာ။ အဲသည်လို ဖြစ်တယ်ကြားတော့ ကျနော်တို့ နီးစပ်ရာ ပါတီဝင်လူငယ်တွေ ကိုယ်တိုင် သွားရောက် ရှင်းလင်း လိုက်တယ်" ဟု တောင်သာမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင် လူငယ်တစ်ဦးက The Ladies သို့ ပြောကြားခဲ့ပါသည်။

ဓါတ်ပုံ - Htwe Zaw & Zaw Aung Htet

The Ladies News Journal

သူရဦးရွှေမန်း လက်သည်းပြပြီ



 RFA Burmese
ပုဒ်မ ၄၃၆ ပြင်ဆင်ရေး သမ္မတနဲ့ ကာချုပ်ပေါ်မူတည်ကြောင်း၊ သမ္မတအဖြစ် ရည်မှန်းထားကြောင်း သူရဦးရွှေမန်း ပြောကြား

ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း အနေနဲ့ လာမယ့် ၂ဝ၁၅ မှာ သမ္မတအဖြစ် ရည်မှန်းထားကြောင်း၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးဟာ သမ္မတနဲ့ ကာချုပ် သဘောထားပေါ်မူတည်ကြောင်း ပြောခဲ့ပါတယ်။

ဒါ့အပြင် ၂ဝ၁၅ ရွေးကောက်ပွဲဟာ ဒီဖွဲ့စည်းပုံနဲ့သာ သွားမှာဖြစ်ကြောင်း၊ ဖွဲ့စည်းပုံပြင်ဆင်ရေး လက်ရှိလုပ်ဆောင်မှုတွေဟာ နောက်အစိုးရလက်ထက်မှာသာ အကောင်အထည်ဖော်မှာဖြစ်ကြောင်း ဒီနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ပြောကြားခဲ့ပါတယ်။

ကျောင်းသားတွေကန့်ကွက်နေတဲ့ အမျိုးသားပညာရေးဥပဒေကို လွှတ်တော်ကို တင်ပြလာမယ်ဆိုရင် လွှတ်တော်ဥက္ကဌအနေနဲ့ စဉ်းစားပေးမှာဖြစ်ကြောင်းလည်း ပြောခဲ့ပါတယ်။

Photo: Myo Thant Khaing/RFA

ဂန့်ဂေါစက်မှုလက်မှုသိပ္ပံအောင်စာ၇င်း