Sunday, November 23, 2014

ပန်းပိတောက် ကြွေရာမြေအမေ့အိမ်

ဦးသိန်းစိန်ကလဲရှင်ဇို အဘေးလိုပဲ



အလျှော်မတတ်ပဲအစားတခုနဲ့စင်ပေါ်တက်မလာနဲ့
ဦးသိန်းစိန်၊အားမတန်လို့မာန်ခဏလျော့ရပေမယ့်
အခွင့်သာရင်မြောင်းထဲဆွဲချချင်တဲ့သူကမရှိဖူးဆို
၅၆သန်း၊ဘယ်သူကပဲလမ်းပိတ်ပိတ်၊ဘယ်
စစ်သားကပဲပြည်သူကိုသတ်သတ်၊ဘယ်ခရိုနီက
ပင်းပြီးတိုင်းပြည်ကိုရောင်းစားစား၊ဘယ်ရွှေ့လျားတပ်
မတော်ကကုလားတွေကိုဒုက္ခလိုက်ပေးပေး၊
သင်တို့အထက်ကစီးမျောမလာပဲဘယ်ူမှမလုပ်ရဲဖူး
ဦးပိုင်ဆိုတာခရိုနီတွေရဲ့အပေါ်စီးမှာထိုင်နေ
နိုင်တာလဲသင်နဲ့ပဲဆိုင်တယ်၊
လက်ရှိမှာသင်တို့သွားနေတဲ့
(Beat today attack) စနစ်နောက်ကောက်ကောက်ပါ
နေသ၍တိုင်းပြည်ဖွံ့ဖြိုးမှုကအနောက်ဆီသို့ဦးလှည့်နေ
မှာပဲ၊၂၀၁၅ရွေးကောက်ပွဲမှာရိုးရိုးသားသားပြိုင်ရှုံး
ရင်ထွက်ပေးတာကသင့်ရာဇဝင်စာတင်စေ
မည့်မော်ကွန်းပဲဖြစ်တယ်၊
အခြားပါတီအစိုးရနဲ့စစ်တပ်ကြားဆက်ဆံရေးက
သူဟာသူအဆင်ပြေသွားမှာပါ။
ဒီဟာကိုသင်မလုပ်နိုင်ရင်ပြည်သူဖက်ကလည်း
 ''သမ္မတကြီးခံဗျား" လို့လစဉ်ပြန်အော်နေကြမှာပဲ၊

ဦးပိုင်ကသမ္မတမနိုင်လွှတ်တော်မနိုင်၊
မနိုင်ဆိုသမ္မတကလဲဦးပိုင်ဆီက
ရှယ်ယာရနေတာဆိုတော့လဲဦးပိုင်ရဲ့
စပယ်ယာတောင်လန့်နေရတဲ့မြန်မာပြည်၊
မိုးကောင်းတုံးတော့ရွာထားပေါ့
အရှိန်သုညဖြစ်တဲ့အချိန်အမြင့်ဆုံး
ကနေကြမ်းပြင်လှမ်းနမ်းတဲ့
အခါပြုံးပြုံးလေးသာခံနိုင်အောင်ကြိုးစားထားကြ။


လွှတ်တော်တွင်းဟိုဟာပြင်ဒီဟာဖြုတ်က
သိအောင်အသိပေးတဲ့အဆင့်လောက်ပဲ
ရမှာ၊ပြင်လောက်တဲ့အင်အားမှာမရှိသေးတာ
(အင်အားနဲ့ဖြစ်ချင်တာ)...ဆုံးဖြတ်ဖို့ကလည်း
အမေစုအတွက်စိန်ခေါ်မှုတရပ်ပဲ၊
စကားမစပ်...
ဦးသိန်းစိန်ကလဲရှင်ဇို အဘေးလိုပဲ
ပါလီမန်သာမကအများပြည်သူအကျိုးး
မျှော်ကိုးပြီးကာ/လုံကိုပါဖျက်လိုက်ပြီတဲ့...
××××××
+++++++
----------
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
တော်တော်နောက်တဲ့အိမ်မက်ဗျာ.....

ဦးအောင်သောင်းရဲ့သား မဟာသန္တိသုခကျောင်းထဲသို့ တရားမဝင်ဝင်ရောက်

F21 မဟာဗန္ဓုလ ဖရီးဂိတ်



U Htay Tint
ထိုင်းကို ရောက်နေတဲ့
ပြည်တွင်းထုတ်လုပ်တဲ့
F21 မဟာဗန္ဓုလ ဖရီးဂိတ် အကြောင်း
ထိုင်းရုပ်သံ ထုတ်လွှင့်ချက်

မြန်မာ့တပ်မတော်က နောက်ဆုံးပေါ်
လက်နက်တွေ တပ်ဆင်ထားပါတယ်။
ထိုင်းနိုင်ငံ ကျောက်ဖုရားမြစ်ထဲက
ထိုင်းဘုရင့်ရေတပ်က သဘောင်္မျိုးဖြစ်ပါတယ်တဲ့ ။
စင်္ကာပူကို ဆက်လက်ထွက်ခွာမှာ ဖြစ်ပါတယ် ။

ကျင့်ဝတ်အတိုင်းဖြစ်ရဲ့လားလို့



ယင်းနှင့်ပတ်သက်၍ “ကျွန်တော်တို့ တရားစွဲခံရတဲ့အမှုက ကျင့်ဝတ်ကိစ္စနဲ့ လုံးဝမဆိုင်ဘူး။ လာဘ်ပေးလာဘ်ယူဆိုင်ရာ ပြဿ နာပါ။ ကျင့်ဝတ်ကိစ္စမဟုတ်ဘူး။ သူတို့ စွဲထားတာပုံနှိပ်စက်ကိစ္စနဲ့ ကျွန်တော်တို့အဓိကရေးတာ လာဘ်ပေးလာဘ်ယူပြဿနာကိုပါ။ တကယ်မှန်တယ်ဆိုရင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဆီ တိုင်ထားတဲ့စာကို အစိုးရက အရေးယူပေါ့ဗျာ။ On ground အချက်အလက်တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်စစ်ဆေးပေါ့။ ဒီကိစ္စကို ကျယ်ကျယ်ပြန့်ပြန့်စုံစမ်းစစ်ဆေးဖို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ထားတယ်။ မစစ်ဘူး။ စစ်တယ်လို့လည်း မကြားရသေးဘူး။ အခုဖြစ်တဲ့အမှုက ပြန်ကြားရေးနဲ့ဖြစ်တဲ့ Personal ပြဿနာမဟုတ်ဘူး။ ကျင့်ဝတ်ပြဿနာလည်း မဟုတ်ဘူး။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနဲ့ဆိုင်တဲ့ ပြဿနာပါ။ ဦးရဲထွဋ် ပြောတာ မှားနေပြီ ” ဟု The Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောကြားသည်။ “ကျွန်တော်တို့က မေးစရာရှိတယ်။ ကျင့်ဝတ်ဆိုတာ ဘယ်လိုဟာမျိုးကို ပြောချင်တာလဲ။ စာနယ်ဇင်းကျင့်ဝတ်အရ ကျွန်တော်တို့ကို တရားစွဲတယ်၊ အားနည်းချက်ရှိတယ်၊ ကျင့်ဝတ်ချိုးဖောက်တယ်ဆိုပြီး တရားစွဲတယ်ဆိုရင် အစိုးရရဲ့ ကျင့်ဝတ်ကရောလို့ မေးခွန်းထုတ်စရာ ရှိတယ်။ ဘာဖြစ်လို့လဲဆိုရင် ကြည့်လိုက်ပါ။ အုပ်ချုပ်ရေးပိုင်းပဲကြည့်ကြည့်၊ စစ်တပ်ပိုင်းပဲ ကြည့်ကြည့် ဘယ်လောက်ထိများ သူတို့ပွင့်လင်းမှုရှိသလဲ။ ကျွန်တော်တို့ စာနယ်ဇင်းသမားတွေကို ကျင့်ဝတ်ဆိုပြီးလုပ်နေရင် သူတို့ကရော ကျင့်ဝတ်အတိုင်းဖြစ်ရဲ့လားလို့ မေးခွန်းထုတ်ချင်တယ်။ သူတို့ဘက်ကသာ ကျင့်ဝတ်အနေနဲ့ တာဝန်ကျေတယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ပြောစရာလည်းမရှိဘူး။ ရေးစရာလည်း မရှိဘူး”ဟု မြန်မာ့သံတော်ဆင့်ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ဦးအောင်ထွန်းလင်းက ပြောကြားသည်။
Eleven Media Group

မြန်မာလူငယ် ၂ ဦးအရေး ဦးခင်အောင်မြင့်နှင့်အဖွဲ့ ဘန်ကောက်ရောက်ရှိ



မြန်မာလူငယ် ၂ ဦး ဖမ်းဆီးခံ ထားရတဲ့ကိစ္စနဲ့ ပတ်သက်လို့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ခေါင်းဆောင်တဲ့ ၁၂ ဦးပါ ကိုယ်စားလှယ်အဖွဲ့ ဒီနေ့ညနေပိုင်း ဘန်ကောက် ရောက်ပါတယ်။
ဦးခင်အောင်မြင့်တို့ အဖွဲ့ဟာ မြန်မာလူငယ် ၂ ဦးကိစ္စ လိုက်ပါ လုပ်ဆောင် ပေးနေတဲ့ အထူးအဖွဲ့နဲ့ တွေ့ ဆုံဆွေးနွေးကြမှာဖြစ်ပြီး အဖွဲ့မှာ ဥပဒေပညာ ကျွမ်းကျင်သူတွေနဲ့ မှုခင်းဆေး ပညာရှင်တွေ လိုက်ပါလာတယ်လို့ သိရပါတယ်။
မြန်မာလူငယ် ၂ ဦးအရေးနဲ့ ပတ်သက်ပြီး တရားမျှတ စွာ ဆောင်ရွက်ပေး ဖို့ ပြည်ထောင်စုလွှတ်တော်က ထိုင်းနိုင်ငံ အမျိုးသား ဥပဒေပြု ညီလာခံဥက္ကဋ္ဌထံ သ၀ဏ်လွှာပေးပို့ တောင်းဆိုထားပါတယ်။
ခိုတောင်ကျွန်း လူသတ်မှုနဲ့ စွပ်စွဲဖမ်းဆီး ချုပ်နှောင်ခံထားရတဲ့ မြန်မာလူငယ် ၂ ဦး အာမခံရရှိရေးအတွက် ဘန်ကောက်မြန်မာသံရုံးက ငွေကြေးစိုက်ထုတ်ပေးမှာဖြစ်ပြီး အခုအပတ်အတွင်း လုပ်ဆောင်သွားမယ်လို့ အမှုကိစ္စ လိုက်ပါလုပ်ဆောင်ပေးနေတဲ့ ရှေ့နေ ဦးအောင်မျိုးသန့်က ပြောပါတယ်။
By ဒီဗွီဘီ

Miss World 2014 သို့ ၀င်ရောက်ယှဉ်ပြိုင်မယ့် ၀ိုင်းလေး




ဒီဇင်ဘာလတွင် ကျင်းပမယ့် Miss World 2014 သို့
ဝင်ရောက်ယှဉ်ပြိုင်မယ့် ၀ိုင်းလေး လန်ဒန်သို့ ခရီးစတင်
Photos-myanmarcelebrity.com