Friday, December 26, 2014

" ဇော်လင်း တမှု လွတ်ပြီ"



26.12.14
ကော့စမွေတရားရုံး
" ဇော်လင်း တမှု လွတ်ပြီ"
တရားရုံးမနက်ပိုင်းမှာ ရှေ့ နေ အပြောင်းအလဲ ကိစ္စ တွေ လုပ်ကြပါတယ်။
ထို့နောက်မှာတော့ ၀င်းနဲ့ဇော်တို့ရဲ့ ရှေ့ နေတွေ ရည်ရွူယ်ချက်ရှိရှိ သိမ်းထားတဲ့
ဇော်လင်း ရဲ့ ပက်စပို့စ်စာအုပ်ကို ထုတ်ပြလိုက်တဲ့အ ချက် အချိန်မှာတော့
တရားမ၀င် အလုပ်လုပ်မှု ဆိုတဲ့ ထင်ရာ မြင်ရာ စွဲချက်တင်တဲ့ ထိုင်းရဲ တွေ
 စွဲချက်ကို ကိုယ်စားပြုရတဲ့ အစိုးရရှေ့ နေ အဘို့ မအီမသာ ဖြစ်သွားခဲ့ရပါတယ်။

CSI MM
26.12.14 ( ကော့စမွေ တရားရုံး)

" ကျနော်တို့ နဲ့ အတူ သားလေးကိုပြန်ခေါ်သွားရမယ် လို့ ထင်ခဲ့တာပါ။
 ထိုင်းဘုရင်မင်းမြတ်ကြီးခင်ဗျာ အမှန်တရားကို ချစ်မြတ်နိုးတဲ့ ဘုရင်ကြီး ဖြစ်ပါစေ"
(ဦးထွန်းထွန်းထိုက် ( ဝေဖြိုး အဖေ)


" ဘုန်းဘုန်း ၃ ပါး ကြွရောက်ခြင်း နှင့် အာမခံကိစ္စ"

ဒီနေ့ ထိုင်းနှင့် မြန်မာဘက်ခြမ်းက ဘုန်းဘုန်း ၃ ပါးဟာ တရားရုံးမှာ
မိန့် မိန့်ကြီး ထိုင်နေပုံနဲ့ ခဏတာ အားလပ်ချိန်လေးမှာ ၀င်းနဲ့ဇော်တို့က ဘုန်းဘုန်းတပါး ကို ဦးချ ရှိခိုးကြပုံ တွေကတော့ တဖက် မှာ ရှိတဲ့ရှေ့ နေတွေနဲ့
တရားသူကြီးကို မင်သက်သွားစေမှာ အမှန်ပင်ဖြစ်တယ်။
အမှန်တရားအတွက် လုံးဝမကြောက်ပဲ ရင် ဆိုင်သွားဘို့ ဘုန်းဘုန်းက အားပေးစကားမြွက်ကြားတော်မူခဲ့တယ်။

အာမခံကိစ္စကို ၀င်းနဲ့ဇော်တွက် ကြီုး စားကြမှာဖြစ်ပေမယ်လည်း ရဘို့ မျှော်လင်ချက်နည်းတယ်လို့ သိရပါတယ်။

ရက်ရွှေ့ခြင်းဟာ ၀င်းနဲ့ဇော်တို့ အတွက် လုံလောက်တဲ့ သက်သေရှာဘို့ အင်မတန် ကောင်းတဲ့ အခွင့် ရေးလို့ ပြောကြပေမယ့် ၀င်းနဲ့ဇော်တို့ လည်း ဇွဲရှိကြဘို့ မျှော်လင့်မိပါတယ်။

အမှန်တရားကိုချစ်မြတ်နိုးသူ ဘန်ကောက်နှင့် ကော့ဖငန်မှ အနောက်နိုင်ငံသား ၃ဦး လည်း ယခု လို တက်ရောက်ခြင်းကြောင့် ပိုအားရှိစရာဖြစ်စေပါတယ်


၂၆.၁၂.၂၀၁၄ ကော့စမွေ တရားရုံး
( ဘာလို့ မဟုတ်ပဲ နဲ့ ၀န်ခံတာလဲ လို့ သိချင်သူတွေကို အောက်ပါ စာကိုဖတ်ရင်ရှင်းပါလိမ့်မယ်။ ပိုရှင်း ချင်ရင်တော့ ရေပတ်လည် ၀ိုင်းနေတဲ့ ကော့တောင် ကျွန်းက မာဖီယာ တွေ ရဲ့ လွှမ်းမိုးမှု အောက်မှာ ရှိနေတဲ့ ထိုင်းရဲ တွေကို ကျနော်တို့ ညီငယ် ၂ ယောက် အကြောက်လွန် ၀န်ခံခဲ့တာ မဆန်းပါဘူး။)
ဒီအမှုကို လိုက်ပါဆောင်ရွက်တဲ့ ထိုင်းရှေ့နေများကောင်စီရဲ့ အဖွဲ့ခေါင်းဆောင် နခွန်းချွန်ဖူး ချပ်က “ဒီကနေ့ ကျနော်တို့ နှစ်ဘက်သက်သေတွေ စာရင်းကို စစ်ဆေးပြီးပါပြီ။ သက်သေစာရင်းကတော့ တဖက်နဲ့တဖက် ယုံကြည်မှု နည်းကြပါတယ်။ နှစ်ဘက်သက်သေတွေ ယူလာပါတယ်။ သက်သေတွေကို နောက်နှစ် ဇူလိုင်လမှာ စတင်စစ်ဆေးမယ်။ တရားလိုဘက်က ၁၂ ရက် စစ်ဆေးမယ်။ တရားခံဘက်က ၆ ရက် စစ်မယ်။ တရားလိုဘက်က သက်သေ ၆၀ ကျော်ရှိတယ်။ ကျနော်တို့ဘက်က ၃၀ ကျော်ရှိတယ်။”
တရားသူကြီးက ဒီကနေ့ တရားခံလူငယ် ၂ ဦးကို ကျူးလွန်မှု ရှိမရှိ၊ မရှိဘူးဆိုရင် ကျူးလွန်သူကို သိက ဖြေကြားရန် နှစ်ကြိမ်ထပ်မေးတယ်လို့ဆိုပါတယ်။
နခွန်းချွန်ဖူးချပ်က “တရားသူကြီးက ဒီနေ့ထပ်မေးတယ် မင်းတို့ လုပ်သလားလို့ မေးတယ်။ ကျနော်တို့ မလုပ်ဘူးလို့ ဖြေတယ်။ ဒါဆိုရင် မင်းတို့သိလား ဘယ်သူလုပ်လဲလို့ မေးတယ်။ မင်းတို့သိရင်လည်း ပြောပြပါဦးလို့ ပြောတယ်။ ကလေးနှစ်ယောက်ကလည်း ကျနော်တို့လည်း ဘယ်သူလုပ်လဲဆိုတာ မသိဘူးပြောတယ်။ အဲဒီနေ့က ကျနော်တို့ အရက်သောက်တယ်၊ မူးတယ်။ အိမ်ပြန်အိပ်တယ်လို့ ပြောတယ်။ တရားသူကြီးက နောက်တခါမေးတယ်။ ဖြေဖို့ မကြောက်ပါနဲ့လို့ ဖြည့်ပြောပါတယ်။ ကလေးတွေကလည်း ခုနလိုပဲ ပြန်ဖြေကြတယ်။ အဲလောက်ပါပဲ” လို့ ပြောပါတယ်။
Credit >> DVB


Pyi Moe Aung

"ဇူလိုင် ၇ ရက် 2015 သို့ ထပ်မံရွှေ့ လိုက်တဲ့ လိပ်ကျွန်းလူသတ်မှု"
၁။ ဒီဇင်ဘာ ၂၆ ရက် ကော့စမွေ တရားရုံး တွင် မနက် ၁၀ နာရီ စခဲ့ပါတယ်။ မိဘများ နဲ့ သံရုံးအဖွဲ့တွေ ကတော့ အကြောင်း အမျိုး မျိုး ဖြင့် ၁၁နာရီမှာ ရောက်ရှိခဲ့ပါတယ်။
၂။ တရားရုံးထဲသို့ မိဘများ ရောက်သော အခါမှာ ၀င်းဇော်ထွန်း၏ ဖခင် နှင့် မိခင်တို့ ၏ ၀မ်းနည်း ကြေကွဲ စွာ ငိုကြွေးမှု သည် အားလုံး၏ အသည်း နှလုံးကို ဆုပ်ကိုင်ထားလိုက်သလြို ဖစ် သွားခဲ့ပါတယ်။
မိခင် ၂ဦး တရားရုံးထဲတွင်သား ငယ် ၂ ဦး ကို နောက်ကျောမှ တချိန်လုံးထွေးပိုက် ထား နေတဲ့ မြင်ကွင်းကတော့ တရားသူကြီးကိုပါ မင်သက်သွားစေပြီး ၀င်းနှင့်ဇော်ဟာ လျှစ်လျှူ ရှု ခံရတဲ့ လူငယ်၂ဦး မဟုတ်ဘူးဆိုတာ တက်ရောက်လာကြတဲ့ နိုင်ငံခြားသားများကိုပါ သတိထားမိသွားစေပါတယ်။ ထို့အပြင် မတရား စီရင်မယ့် တရားလို ရှေ့ နေ နဲ့ တရားသူကြီး တို့ကို စာနာစိတ် ဆိုတဲ့ သတိပေးခေါင်းလောင်း နှိုး ဆော် လိုက်သလိုလည်း ဖြစ်သွားနိုင်ပါတယ်။
၃။ ၂ဖက် သက်သေတွေနဲ့ သက်သေခံပစ္စည်း တွေကို တင်ပြကြသည့် အခါမှာတော့ ထူးခြားစွာပဲ မြန်မာ လူမျိုး ဖြစ်သူ အိုကြီး ကတော့ ပေါက်တူး နဲ့ပက်သက်တဲ့ ကိစ္စကို ထိုင်းရဲဘက်ကနေ သက်သေထွက်ဆိုပေးမယ်လို့ ၀မ်းနည်းစွာ သိလိုက်ရပါတယ်။
၎။ တရားလို ရှေ့ နေတွေဘက်က ရှည်လျှားတဲ့ CCTV ပရင့် ထုတ်ထားတဲ့ စာရွက်များနဲ့ CDအချပ် ၂၀ ကိုလည်း ရုံးတော်မှာ တင်ပြခဲ့တာ တွေ့ပါတယ်။
၅။ မနက် ၁၀ နာရီကတည်းက အစပြုခဲ့ပြီး နေ့လည့် ၁ နာရီ လောက်သာ နားခဲ့ပါတယ်။ ညနေ ၆ နာရီမှသာ အပြီးသတ်ခဲ့ပါတယ်။


မိဘပြည်သူကလေးငယ်များခံဗျား....

Demo Min
လှိုင်သာယာ(၃)ရပ်ကွက်အတွင်း ရောက်ရှိချိန်၌
တွေ့ခဲ့ရသော ကလေးငယ်လေးတို့ ဘဝ

ဒေါ်ခင်ဝင်း သေဆုံးခဲ့မှု သေမှုသေခင်းနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက် (ငြိမ်း/ပွင့်)မှ လိုက်ပါဆောင်ရွက်

r
====================================================
၈၈မျိုးဆက်( ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) မှ ကိုဥာဏ်လင်း၊ မနီလာသိန်း၊ မမီးမီး၊ မနုနုအောင်၊ မနန်းစော၊ မကြူကြူခိုင် မသဉ္ဇာခိုင်တို့သည် လက်ပံတောင်း တောင် အကြမ်းဖက်ဖြိုခွင်းခံရမှုတွင် ထိခိုက်ဒဏ်ရာ ရရှိသူများအား အကူအညီ ပေးရန်နှင့် ဒေသခံပြည်သူများအား အကူအညီပေးနိုင်ရန်အတွက် လက်ပံတောင်းသို့ သွားရောက်ခဲ့ကြပြီး လက်ပံတောင်း တောင်သူဒေါ်ခင်ဝင်း အသက် (၅၆)နှစ် သေဆုံးမှု ဆာလင်းကြီးရဲစခန်းမှာ အမှုဖွင့်ရာတွင် လိုက်ပါ ဆောင်ရွက်ခဲ့ကြသည်။
ပထမတွင် ဆားလင်းကြီး ရဲစခန်းမှ အမှုမဖွင့်ပေးသေးပဲ ၂း၀၀ ကျော်ကြာ အခြေအတင် ပြောဆို ဆွေးနွေးပြီးမှ ဆာလင်းကြီးရဲစခန်း စခန်းမှူး (ဒုရဲမှူး) သန်းနိုင်မှ သေမှုသေခင်း ၄/ ၂၀၁၄ ဖြင့် FIRဖွင့်ပေးခဲ့သည်။
စစ်ဆေးအမှုဖွင့်ရန် ပြန်လည်သည်ယူလာခဲ့သော ဒေါ်ခင်ဝင်း၏ ရုပ်အလောင်း ကို ဆာလင်းကြီး ရဲစခန်းမှ အမှုဖွင့်လက်ခံလိုက်ပြီးဖြစ်သည့်အတွက် ဒေါ်ခင်ဝင်း
၏ ရုပ်အလောင်းကို မှုခင်းဆရာဝန်များ စစ်ဆေးနိုင်ရန် မိုးကြိုးပြင်ရွာမှ ဆားလင်းကြီးမြို့နယ် ပြည်သူ့ ဆေးရုံကြီးသို့ ယမန်နေ့ည ၉ နာရီက ရွှေ့ပြောင်း
လိုက်ပါသည်။ ယနေ့ ဒီဇင်ဘာလ ၂၄ ရက်၊ ၂၀၁၄ ခုနှစ်၊ နံနက် ၁၀း၀၀ နာရီမှ
နေ့လည် ၁၂း၀၀ နာရီအထိ ဆားလင်းကြီးဆေးရုံရှိ ရင်ခွဲရုံတွင် မုံရွာဆေးရုံ အုပ်ကြီး ဒေါက်တာ ညွှန့်သန်း၊ မုံရွာ မှုခင်းဆရာဝန်ခံ ဒေါက်တာတင်နွယ်၊ ဆားလင်းကြီး ဆေးရုံအုပ် ဒေါက်တာတင့်လွင်၊ ဆားလင်းကြီးရဲစခန်းစခန်းမှူး ( ဒု-ရဲမှူး) သန်းနိုင်နှင့်( ဒု-ရဲအုပ်) ပြည့်ဖြိုးသူ တို့မှ ဆေးစစ်မှုများပြုလုပ်ခဲ့ပြီး
သေနတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း ဒေါက်တာတင်နွယ်မှ အတည်ပြုပြောကြားခဲ့သည်။
ယခုအခါ လက်ပံတောင်း တောင်သူဒေါ်ခင်ဝင်း အသက် (၅၆)နှစ်၏ ရုပ်အလောင်းကို ဆားလင်းကြီးဆေးရုံ ရင်ခွဲရုံမှ ပြန်လည်သည်ဆောင်ပြီး မိုးကြိုးပြင် (လယ်)ရွာ သချိုင်္င်းတွင် ဂူသွင်း သဂြိုင်္ဟ်မည်ဖြစ်သည်။
တုံရွာနေရာကိုလည်း ခြံစည်းရိုးဝင်းအပြည့် ခတ်လိုက်ပြီဖြစ်သည်။

ရွှေဝါရောင်သံဃာကွန်ယက်(အထက်ဗမာပြည်)ရဲ့ကြေညာချက် ၁/၂၀၁၄

ဒီဇင်ဘာ ၂၂ ရက်နေ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တပ်မတော် တက်ရောက်ခဲ့ခြင်းမရှိ



ဒီဇင်ဘာလ ၂၂ ရက်နေ့မှ ၂၃ ရက်နေ့ထိ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တပ်မတော်ဘက်မှ  မတက်ရောက်နိုင်ခဲ့ခြင်းမှာ MPC နှင့် ၀န်ကြီး ဦးအောင်မင်းတို့က ကြိုတင်ဖိတ်ကြားမှု မရှိခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သတင်းရရှိသည်။ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC)တွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့ တွေ့ဆုံပွဲကို ၂ ရက်တာ ကျင်းပခဲ့ခြင်းဖြစ်ပြီး တပ်မတော်မှ တက်ရောက်ခဲ့ခြင်းမရှိခဲ့ပေ။
အဆိုပါဆွေးနွေးပွဲသို့ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း တက်ရောက်ခဲ့သော်လည်း ၄င်းသည် လက်ရှိတပ်မတော်မှ အငြိမ်းစားယူထားပြီးဖြစ်ကြောင်း သိရသည်။ ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းမှာ တပ်မတော်ကိုယ်စားလှယ်အနေဖြင့်မဟုတ်ဘဲ နယ်စပ်ရေးရာလုံခြုံရေး ပြည်ထောင်စုဝန်ကြီး တစ်ဦး အနေဖြင့် သာ ဆွေးနွေးပွဲကို တက်ရောက်ခဲ့ခြင်း ဖြစ်ပြီး ဆွေးနွေးပွဲတွင် တပ်မတော်ဘက်မှ ကိုယ်စားလှယ် တစ်ဦးတစ်ယောက်မှ တက်ရောက်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ယခုကျင်းပခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်ပတ်သက်၍ တပ်မတော်ဘက်မှ တစ်စုံတစ်ရာ မှတ်ချက်ပြု ပြောကြားခြင်းမရှိသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆောင်ရွက်ရာတွင် တပ်မတော်၏ ပါဝင်မှုသည် အလွန်ပင်အရေးကြီးသဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တပ်မတော်အား ဖိတ်ကြားရန် လိုအပ်သည်ဟု တိုင်းရင်းသားခေါင်းဆောင်အချို့မှ ထောက်ပြမှုများရှိနေသည်။
 “MPC နဲ့ ဦးအောင်မင်းက တပ်မတော်ကို မဖိတ်ဘူးလို့ ကြားတယ်။ ဘာသဘောနဲ့ တပ်ကို မဖိတ်တာလဲတော့ မသိဘူးပေါ့၊ တကယ်ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ အဓိကကျတာ တပ်မတော်ဆိုတာ လူတိုင်းသိနေတာ ပဲလေ၊ အဓိကကျတဲ့ဆွေးနွေးမှုတွေက တပ်မတော်နဲ့ဆွေးနွေးမှ ပြေလည်နိုင်မယ်လို့ ကျွန်တော်ထင်တယ်၊ တပ်ကမပါဘဲနဲ့ ဒီဆွေးနွေးပွဲမှာ ဘာတွေ ဘယ်လို ဆွေးနွေးကြမလဲတောင်မသိဘူး။ ဒီလိုလုပ်လိုက်တော့ MPC အနေနဲ့ရော ဦးအောင်မင်းအနေနဲ့ကပါ ငြိမ်းချမ်းရေးကို မလိုလားတဲ့သဘော သက်ရောက်တဲ့အပြင် ငြိမ်းချမ်းရေးကို အချိန်ဆွဲတဲ့သဘောပါ သက်ရောက်နိုင်တာပေါ့” ဟု ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် တိုင်းရင်းသားခေါင်းဆောင်တစ်ဦး က ဆွေးနွေးပွဲနှင့်ပတ်သက်၍ သူ၏အမြင်ကိုလည်း သုံးသပ် ပြောကြားခဲ့သည်။
UPWC နှင့် NCCT တို့၏ဆွေးနွေးပွဲအား နှစ်ရက်ကြာပြုလုပ်ခဲ့ကြပြီး၊ ဆွေးနွေးပွဲမကျင်းပမီ နိုင်ငံတော်သမ္မထံသို့ ၀န်ကြီးဦးအောင်မင်းမှ ခွင့်ပြုချက်တောင်းခံခဲ့ကတည်းက တက်ရောက်စေမည့် အမည်စာရင်း၌ တပ်မတော် ကိုယ်စားလှယ်များအား ထည့်သွင်းဖော်ပြခဲ့ခြင်းမရှိခဲ့ကြောင်းနှင့် ထိုဆွေးနွေးပွဲသို့ UPWC မှ ဦးအောင်မင်း ခေါင်းဆောင်သော ကိုယ်စားလှယ်(၆) ဦးနှင့် NCCT မှ ဖဒိုကွယ်ထူးဝင်းခေါင်းဆောင်သော ကိုယ်စားလှယ် (၈) ဦးတက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
(နေလွင်)

အဘယ် ကြောင့် ထိုသို့လုပ်ဆောင်နေ သည် ကို ဖြေရှင်းပေးစေလိုပါသည်

အယ်ဒီတာမှ တဆင့်
ပြည်နယ်ဝန်ကြီးချုပ်
ပြည်နယ်စည်ပင်ဝန်ကြီး ၊အခြားသက်ဆိုင်ရာ အစိုးရ၀န်ထမ်းများ နှင့်
လွှတ်တော်အမတ်မင်းများသို့။

တာချီလိတ်စည်ပင် ညွှန်မှူးဦးကျော်ဇင် နှင့် စည်ပင်ဝန်ထမ်းများ သည် တာချီလိတ်ရှိ ရိုးသားသော ဥပဒေနားမလည်သော ပြည်သူလူထု ရှမ်း၊အာခါ၊လားဟူ၊ဗမာနှင့် အခြားတိုင်းရင်းသား များအပေါ်တွင် နိုင်ထက်စီးနင်း စည်ပင်ဘီးခွန် (စည်ပင်မှ တပ်ထားသော ခေါင်းစဉ်) ဟုခေါ်သော ဘီးခွန်တမျိုးကို ဆိုင် ကယ်တစီးတနှစ် စာ ဘတ် ၂၄၀ နှုန်းနှင့်ကောက်ခံလျက်ရှိသည် မှာ နှစ်ပေါင်းများစွာ ရှိပါပြီခင်ဗျား။ သို့သော်ထူးခြားသည်မှာ ၄ဘီးတပ် ကားများကိုမူ ကောက်ခံခြင်းမရှိပါ။ အဘယ် ကြောင့် ထိုသို့လုပ်ဆောင်နေ သည် ကို ဖြေရှင်းပေးစေလိုပါသည်။ သူတို့ကောက်ခံသောနေရာများမှာ-
(က)ဘုရင့်နောင်ရုပ်ထု ရှေ့
(ခ) စည်ပင်ရုံးရှေ့
(ဂ) ကျွန်းတောရှေ့
(ဃ) တာချီလိတ် မုတ်ခ်ဦး တို့တွင်ဖြစ်ပါသည်။
ထိုနေရာများမှာ မြို့တွင်းဖြစ်ပါ သဖြင့် wheel tax အ၀ိုင်းပါပြီး ဖြစ်သော ဆိုင်ကယ်များ၊ ကားများကို ကောက်ခံခွင့် မရှိပါ။ အကယ်၍ ကောက်လိုပါလျင် မြို့အ၀င် အထွက် သော်တာဝင်းဂိတ်၊ လွယ်တော်ခမ်းဂိတ် နှင့် ဝေလေလှံ ဂိတ်များတွင်ကောက်ရပါမည်။
အခြားမြို့များသို့ခရီးထွက်လျင်လည်း ထိုသို့သာကောက်ခံပါသည်။ အဘယ်ကြောင့် တာချီလိတ် တမြို့တည်း တွင် ဤသို့ကောက်ခံရသည် ကို အောက်ပါအချက် များအတိုင်းရှင်းလင်းပေး စေလိုပါသည်။
ထိုငွေများ တိုင်းပြည်အခွန်တော် ဖြစ်သည်ဆိုလျင်
(၁) မည်သူ့အမိန့်နှင့်ကောက်ခံသည်(ဗဟိုအစိုးရ သို့ ပြည်နယ်အစိုးရ)
(၂) မည်သည့်ဥပဒေနှင့်ကောက်ခံသည်
(၃) မည်သည့်ဌာန သို့တရားဝင်ပေးသွင်းရသည် (ဘဏ်မှတဆင့်)
(၄) မည်သည့် ခေါင်းစဉ် နှင့်ကောက်ခံသည်
(၅) အဘယ်ကြောင့် ၂ဘီးတပ် ဆိုင်ကယ်များသာ အခွန်စည်းကျပ်ခြင်းခံရပီး   ၄ဘီးတပ်ကားများအခွန် စည်းကျပ်ခြင်းမခံရ သည်
(၆)စည်ပင်ညွှန်မှုးမှ အဘယ်ကြောင့်ထိုသို့ပြုလုပ်နေသည်ကို လစ်လျူ ရှု ၍
ဂေါက်ရိုက်၊ အရက်သောက်၊ကေတီဗွီသွားခြင်း တို့နှင့်သာပျော်မွေ့နေသည် ကို တာချီလိတ် မြို့လူထုသိစေရန် ပွင့်လင်းမြင်သာစွာ ဖြေရှင်းပေးစေလို ပါသည်။
စိုင်းလိတ် (ဟောင်လိတ်ကျေးရွာ)