Sunday, December 28, 2014

သတ္တုတူးဖော်နေတဲ့နေရာတွေကို ၀င်ရောက်ကြည်ရှုခွင့် ငြင်းပယ်ခံ


လက်ပံတောင်းတောင် အဓိကရုဏ်းဟာ သမ္မတထံ တင်ပြခဲ့တဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို အကောင်ထည်မဖော်တဲ့ အတွက် ဖြစ်ပွားရတာ ဖြစ်တယ်လို့ ကွင်းဆင်းစစ်ဆေးပြီး အစီရင်ခံစာရေးသားခဲ့တဲ့ ပညာရှင်တွေက ပြောပါတယ်။ စုံစမ်းရေးကော်မရှင်က စံနှုန်းတွေနဲ့ အညီ အကြံပေးခဲ့ ပေမယ့် လက်တွေ့ အကောင်ထည်ဖော်တဲ့သူက ဆက်မလုပ်တဲ့ အတွက် မဖြစ်သင့်တာတွေ ဖြစ်ခဲ့ရတယ်လို့ မြန်မာ့ပတ်ဝန်းကျင်သိပံ္ပအဖွဲ့ရဲ့ အဖွဲ့ခေါင်းဆောင် ဦးစိုးသူရထွန်း က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ မြန်မာ့ပတ်ဝန်းကျင်သိပံ္ပအဖွဲ့ဟာ ကော်မရှင်တာဝန်ပေးချက်အရ ကြေးနီစီမံကိန်းကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဘက်က စနစ်တကျ ဆောင်ရွက်ထားခြင်း ရှိမရှိ စိစစ်အကြံပြုခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မတ်လမှာ သမ္မတထံ ဒီအစီရင်ခံစာ တင်သွင်းခဲ့ပြီး သမ္မတက အဲဒီနေ့မှာပဲ အစီရင်ခံစာ အကောင်အထည်ဖော်ရေးကော်မတီကို ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါတယ်။ ဒါကြောင့် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ မြန်မာ့သဘာဝပ၀တ်ဝန်းကျင်သိပ်ပံပညာရှင် သုံးဦးနဲ့ ပုလဲမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်တို့ဟာ ကြေးနီစီမံကိန်းနယ်မြေက မြန်မာ-၀မ်ပေါင်ကုမ္ပဏီရုံးရှိရာကိုသွားရော­က်ပြီး လက်ရှိသတ္တုတူးဖော်နေတဲ့နေရာတွေကို ၀င်ရောက်ကြည်ရှုခွင့် တောင်းဆိုခဲ့ကြရာမှာ ငြင်းပယ်ခံခဲ့ကြရပါတယ်။ ငြင်းပယ်ခံရသူ ပညာရှင်သုံးဦးကတော့ ဦးစိုးသူရထွန်း၊ ဦးငွေမိုးနဲ့ ဦးမင်းတင် သုံးယောက်ဖြစ်ပါတယ်။

Aung Nay Myo
ပုလဲပြည်သူ့ လွှတ်တော်အမတ် ဒေါ်ခင်စန်းလှိုင်
ကို ဝင်ခွင့် မပေးနိုင်ပါဘူး ကျွန်တော် လုံခြုံ ရေး အရာရှိချု ပ်ပါ ဆိုပြီး ဝမ်ပေါင်ကုမ္ပဏီ ဂိတ်ပေါက်

ကနေ ပြောဆိုသူသည် ယခင် မီးလောင်ဗုံး ပစ်စဥ် က မုံရွာခရိုင် ရဲတပ်ဖွဲ့မှူးတာဝန် ထမ်းဆောင် ခဲ့ သူ ဦးတင်ထွန်း ဖြစ်နေပါတယ်။

ဒေါ်ခင်ဝင်း သေမှု၊ သေခင်းအမှုဖွင့်ရန်ဆာလင်းကြီးရဲစခန်းသို့ သွားရောက်ရုပ်သံ

The 88 Generation Peace and Open Society
“ ၈၈မျိုးဆက်(ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)၊ မန္တလေး
ဘဝအလင်း ဆရာတော်ဦးသောဘိတ ဦးဆောင်သော ရွှေဝါရောင်
သံဃာတော်များ -
လက်ပံတောင်းတောင်ဒေသ မိုးကြိုးပြင်ရွာသူ ဒေါ်ခင်ဝင်းသေဆုံး
ခဲ့ရခြင်းအား မိသားစု၏ သဘောဆန္ဒဖြင့် သေမှု၊ သေခင်းအမှုဖွင့်ရန်
ဆာလင်းကြီးရဲစခန်းသို့ သွားရောက်၍ မိသားစုဝင်များအား ကူညီ
ဆောင်ရွက်ပေးခဲ့သည့် ရုပ်သံမှတ်တမ်း ”


အလယ်ရွှေဂုံတိုင်ရပ်ကွက်မှာ စည်ပင်ကိုယ်စားလှယ်မဲ ရင်ဂိုကို ထည့်ခွင့်မပေး


 ပေါ်ပြူလာနယူးစ်
ရန်ကုန်တိုင်းစည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲတွင် အလယ်ရွှေဂုံ တိုင်ရပ်ကွက် ဗဟန်း မြို့နယ်နေတွင်ထိုင်သူ အနုပညာရှင် ဂီတအဆိုတော် ရေဂိုက
ဆန္ဒမဲပေးရန် ယနေ့ညနေ ၂နာရီ၄၅ မိနစ်တွင်
သွားရောက်ပေး ဆောင် သော်လဲမဲပေးခွင့်မရရှိခဲ့ ကြောင်းသိရသည်။
အဆိုပါကိစ္စနဲပပတ်သက်ပြီး ရင်ဂိုကို ပေါ်ပြူလာနယူးမှ ဆက်သွယ်မေးမြန်းခဲ့သည်။
မေး- ဦးရင်ဂိုမဲပေးပိုင်ခွင့်မရဘူးဆိုတာ ဟုတ်ပါသလား။

ဖြေ- ဟုတ်တယ်။ ညနေ၂ နာရီ ၄၅မိနစ် မှာဦးနေထိုင်တဲ့ အလယ်ရွှေဂုံ
တိုင်ရပ်ကွက် ဗဟန်းမြို့နယ်က မဲရုံကိုရောက်သွားခဲ့ပါတယ်။ ခြံဝ ရောက်
ရောက်ခြင်းမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဦးရင်ဂိုကိုပြောတယ်။ မဲပေးဖို့
ခင်ဗျားမပါဘူးဆိုပြီးပြန်ခိုင်းတယ်။ အဲဒီအပြင် ဘေးကကလေး ကိုပြောသ
လိုလိုဘာလိုလိုနဲ့ မိုက်မိုက်ရိုင်းရိုင်းကိုပြောတယ်။ ရှင်းပြနေတာနားမ လည်
ဘူး လားပြာတယ် ။ဒါတွေထားပါ သူ့ဟာသူဘာပြောပြောပါ။
မေး- ဦးရင်ဂိုက မဲကိုဘာကြောင့်ပေးခွင့်မရတဲ့အကြောင်းကိုရော မေးခဲ့သ လား။

ဖြေ- ကျွန်တော်ဘက်က ဘာကြောင့်ပေးခွင့်မရတာလဲ ဖြေရှင်းခိုင်းတော့ ဦးတို့က
ရက်ကွက်ထဲမှာ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေဒီရပ်ကွက် ဒီနားက လူတွေ
စိတ်မ၀င်စားမှုမရှိလို့ပြောတယ်။ ကျွန်တော်က ပြည်သူတစ်ယောက်ပဲ။
ကျွန်တော်တိုင်းပြည်ကောင်းဖို့ လုပ်မယ့် လူတစ်ယောက်ကို ကြိုက်တဲ့လူကို
ရွှေးထည့်နိုင်တယ်။ ဘာလို့ပေးမထည့်တာလဲမေးတော့ သူကပြောတယ် “ကျွန်တော်က ၂
လလောက် ကတည်းက လုပ်နေရပါတယ် စည်ပင်သာယာက စာရွှက်ကိုရမှ” ဘာညာတွေ
မဟုတ်တာလျှောက်ပြောနေတယ်လေ။ဦးက မီဒီယာတွေ ကိုခေါ်လိုက်တော့ရောက်လာကြတယ် ။
အဲဒီရပ်ကွက်အုပ် ချုပ်ရေးမှူးကိုဖြေခိုင်းတော့လဲ
အလုံးလုံးအထွေးထွေးတွေပဲပြောတယ်။ သူ့နာမည်တော့ကျွန်တော်မသိဘူး ။ လူကတော့
၀၀တုပ်တုပ်ပုံစံပါ။ တစ်အိမ်မှာ တစ်ယောက်ဆိုလို့ ဦးတစ်ယောက်တည်းသွားတာပဲ။

မေး- ယခုကိစ္စနဲ့နိုင်းယှဉ်ပြီး ခုလိုဒီမိုကရေစီလမ်းကြောင်း
သွားနေတဲ့အခါမှာ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှု နည်းနေသေးတဲ့အပေါ်ကိုရော
ဘယ်လို သုံးသပ်မိပါသလဲ။
ဖြေ- တခြားရပ်ကွက်၊ တခြားလူတွေကို
ပြောတာမဟုတ်ပါဘူး။ ဦးနဲ့ထိပ် တိုက် တွေ့တဲ့ ဦးနေထိုင်တဲ့ အလယ်ရွှေဂုံ
တိုင်ရပ်ကွက် ဗဟန်းမြို့နယ်က ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုပဲပြောတာပါ။
ဒီလိုလူမျိုးတွေရှိလို့ရှင်ရင် တိုင်းပြည်က စုတ်ပြတ်သပ်နေအုံးမှာပဲ။
ဘယ်နည်းနဲ့မှကောင်း လာစရာ မရှိဘူးလို့ မြင်တယ်။ ဦးရင်ဂိုတို့က
ကိုယ့်လိပ်ပြာကိုယ်လုံတယ်။ ကိုယ့်သီချင်းကိုယ်ဆိုပြီး ထမင်းစားရတဲ့
လူတွေပါ။ ဘာမှ မကောင်းမှုမလုပ်ဘူး။ အဲဒါသွားပြောတော့ သူတို့ကိုယ်သူတို့
Volunteer လို့ပြောတယ်။ Volunteer လားရပ်ကွက်အုပ်ချုပ်နေတဲ့လူတွေ။
တစ်ကယ်လုပ်တယ်ဆိုရင် ထွက်ခဲ့စမ်းပါ။ ကျွန်တော်က
ဘယ်သူ့အကျိုးကျေးဇူးကြောင့်မှမဟုတ်ဘူး တိုင်းပြည်ကောင်းဖို့ မဲသွားထည့်တာ
ဒါကိုလက်မခံဘူး။

Air Asia ခရီးစဉ် QZ8501 အဆက်ပြတ်ပြီး ပျောက်ဆုံး


BBC Burmese
အင်ဒိုနီးရှားက စင်္ကာပူကို ပျံသန်းလာတဲ့ Air Asia ခရီးစဉ် QZ8501 ဟာ လေကြောင်းထိန်းသိမ်းရေးနဲ့ အဆက်ပြတ်ပြီး ပျောက်ဆုံးနေပါတယ်။ လေယာဉ်ပေါ်မှာ စုစုပေါင်း ၁၆၂ ဦး ပါသွားပြီူး အများစု က အင်ဒိုနီးရှားလူမျိုးတွေ ဖြစ်ပါတယ်။ တောင်ကိုရီးယား လူမျိုး သုံးဦး၊ ပြင်သစ်၊ မလေးရှားနဲ့ စင်္ကာပူလူမျိုး တစ်ဦးစီ ပါတယ်လို့ လေကြောင်းလိုင်းက သတင်းထုတ်ပြန်ပါတယ်။ အဆက်အသွယ် မပြတ်မီ လေယာဉ်ဆီက ရာသီဥတုဆိုးလို့ လမ်းကြောင်းပြောင်း ပျံသန်းခွင့်တောင်းခံတာလည်း လက်ခံရရှီခဲ့တယ်လို့ လေကြောင်း ထိန်းသိမ်းရေး အရာရှိတွေက ပြောပါတယ်။


မလေးရှားနိုင်ငံကလည်း ပျောက်နေတဲ့ AirAsia လေယာဉ်ရှာဖွေရေးမှာ လေယာဉ်တွေ၊ ပင်လယ်ပြင် ကင်းလှည့် သင်္ဘောတွေနဲ့ အကူအညီပေးနေပါတယ်။ AirAsia Indonesia က QZ8501 လေယာဉ်ပေါ်ပါသွားသူ လူ စာရင်းကို နောက်ဆုံးသိရသမျှ အခုလို ထုတ်ပြန်ပါတယ်။
ခရီးသည်များ:
1 Singapore
1 Malaysia
3 South Korea
1 United Kingdom
149 Indonesia

လေယာဉ်အမှုထမ်း -
1 France
6 Indonesia