Saturday, January 31, 2015

ဦးရွှေမန်းကဦးသိန်းစိန်ကိုသတိပေး

ခရိုနီ ဂရိတ်ဝေါဦးတင်မောင်အကြောင်း ထပ်မံတွေ့ရှိချက်များ

r


“ဗိုလ်ချုပ်ကြီးများကိုမွေး၍ အချိန်တိုအတွင်း သူဌေးဖြစ်လာသော မန္တလေးက တရုတ်ခရိုနီ ဂရိတ်ဝေါဦးတင်မောင်အကြောင်း ထပ်မံတွေ့ရှိချက်များ”
==============================================
သံဖနောင့် အသိတွေထဲမှာ မြန်မာလူမျိုး သူဌေးတွေ အများကြီး ရှိပါတယ်။ အရပ်အခေါ်
တော့ ခရိုနီပေါ့။ ဒါပေမယ့် အဲဒီမြန်မာ ခရိုနီတွေဟာ တရုတ်ခရိုနီ၊ ကုလားခရိုနီ (တရုတ်၊
ကုလားလို့ ရေးတာ မကြိုက်ရင်တော့ လဲသေကြပါ) တွေလောက် အခွင့်အရေးတွေ
မရပါဘူး။ အရင်ခေတ်က အဘ စစ်ဗိုလ်ချုပ်ကြီးတွေဟာ အာဏာရှင်အိမ်ကို ကန်တော့
ပန်း ဆင်နိုင်ဖို့ သူဌေးလို့ ထင်ရသူတွေကို အလုအယက် မွေးကြပါတယ်။ အဲဒီလို
မွေးရာမှာမြန်မာလူမျိုး သူဌေးတွေကို မွေးရင် သတင်း ပြန်ပေါက်ကြားတယ်ဆိုပြီး မြန်မာ
စကားမတတ်တဲ့ တရုတ်တွေ၊ ကုလားတွေကို အလုအယက် မွေးကြပါတော့တယ်။


စစ်ဗိုလ်ချုပ်ကြီးတွေသာ သူဌေးမွေးတယ် ပြောတာ။ သူဌေးတွေ ဘက်ကလည်း လူကြီး
မွေးတာ တိရိစ္ဆာန်မွေးတာ ထက်ပိုပြီး တွက်ခြေကိုက်တယ်ဆိုတဲ့ ပြောသံကို ကြား
သွားကြဟန် မတူဘူး။ ထူးခြားတာက မြန်မာ လူမျိုးတွေနဲ့ တစ်သားတည်း ကျနေတဲ့
ပြည်တွင်းပေါက် တရုတ်လူမျိုး သူဌေးတွေထက် မနေ့တစ်နေ့ကမှ နယ်စပ် ခွေးတိုး
ပေါက်က ၀င်လာတဲ့ တရုတ် သူဌေးတွေက ပိုပြီး အခွင့်အရေးတွေ ရခဲ့တာပါပဲ။

ဒီကြားထဲမှာ ငြိမ်းချမ်းရေးဆိုပြီး အထူးဒေသတွေ ဖွဲ့လိုက်ပြီး မှတ်ပုံတင်တွေ
လုပ်ပေးပြန်တော့ တစ်ဖက် နိုင်ငံက တရုတ်တွေဟာ လူမျိုးနေရာမှာ ၀တို့ ကိုးကန့်
တို့ပြပြီး ၀င်လာကြတော့တယ်။ ဒီဘက်က စစ်ဗိုလ်ချုပ်ကြီးတွေကလည်း သိသိကြီး
နဲ့ မျက်စိမှိတ် ပေးထားတာပေါ့။ ဒီလိုနဲ့ လီဆန်ရှင်းဆိုတဲ့ တရုတ်က ဦးတင်မောင်
ဆိုတဲ့ နာမည်နဲ့ အရေးပေါ် မြန်မာတိုင်းရင်းသား ဖြစ်သွားတယ်။ သူ့မှတ်ပုံတင်မှာ
လူမျိုးက ဗမာတဲ့။ သူက ဘယ်သူ့ကို ၀င်ပေါင်းသလဲဆိုရင် ရဲမြင့်ကြီးလို့ နာမည်ကြီး
ခဲ့တဲ့ မန္တလေးတိုင်းမှူး ဗိုလ်ချုပ်ရဲမြင့်ကို ၀င်ပေါင်းတယ်။ ဗိုလ်ချုပ် ရဲမြင့်ကလည်း
အာဏာရှင်ကြီး အိမ်အတွက် ကောင်းကောင်း ကန်တော့နိုင်မယ့် ဖားတစ် ကောင်
တော့မိပြီဆိုပြီး လီဆန်ရှင်း (ခေါ်) ဦးတင်မောင်ကို မန္တလေးဘက်မှာ လုပ်ကွက်တွေ စပေးတော့တယ်။ ဒါကိုအားကျမခံ စစ်ကိုင်းတိုင်းမှူး ဗိုလ်ချုပ်သာအေး ကလည်း
ဦးတင်မောင်ကို ပင့်ဖိတ်ပြီး စစ်ကိုင်းတိုင်းထဲက သစ်တောတွေကို ကြံစိုက်ခင်း
လုပ်ဖို့ စိုက်ခင်း အပြောင်ရှင်း စနစ်နဲ့ ဧက ၈၀၀၀ကို ပေးလိုက်တယ်။


အဲဒီသစ်တောဧက ၈၀၀၀က ထွက်တဲ့ သစ်တွေကနေ လီဆန်ရှင်းက စီးပွားဖြစ်
သွားပြန်သေးတယ်။ စစ်တပ်က နေရာတိုင်းမှာ ရာထူး ယူထားချိန်ဖြစ်လို့ မန္တလေး
မြို့တော်ဝန် ဗိုလ်မှူးချုပ် ရန်သိမ်းဆီက ရထားပိုင်မြေကို သိမ်းထားတဲ့ ၇၈ လမ်းမကြီး
ပေါ်က စည်ပင်မြေမှာ နှစ်ရှည် အဆောက်အဦ ဆောက်လုပ်ခွင့်တွေ ရခဲ့တယ်။
MIC ခွင့်ပြုချက်နဲ့ ဆောက်ခွင့်ပြုခဲ့တာက လူနေဆိုင်ခန်းတွေ ဖြစ်ပေမယ့် ဦးတင်မောင်
က တော်ဝင်နှင်းဆီ ဆေးရုံ၊ ဂရိတ်ဝေါ ဟိုတယ်နဲ့ သူ့ရဲ့စံနန်းတော်ပါ ထည့်ဆောက်
ခဲ့တယ်။ ဒါကိုလည်း ဘယ်သူမှ အရေးမယူရဲခဲ့ဘူး။ ပြောရရင် အထက်မြန်မာပြည်
မှာ ဦးတင်မောင်ကို ဘယ်သူမှ မတို့ရဲ မထိရဲခဲ့ဘူး။ ဒါပေမဲ့ အခုတော့ မန္တလေးတိုင်း
ဒေသကြီး အစိုးရ အဖွဲ့ကစပြီး အရေးယူပြီဖြစ်တယ်။ ဦးတင်မောင်နဲ့ သူ့ဇနီးက
လည်း ကျန်းမာရေးကို အကြောင်းပြပြီး စင်ကာပူကို ထွက်ခွာသွားပြီ ဖြစ်တယ်။
ပြစ်မှုပေါင်း များစွာနဲ့ ရဲစခန်းမှာ အမှုဖွင့်ခံထားရသူက နိုင်ငံခြားကို တရားဝင်
ထွက်ခွာလို့ ရမရ ဆိုတာကလည်း တရားစီရင်ရေး စနစ်က ဘယ်လိုမှန်း မသိတော့
သက်ဆိုင်ရာ တရားစီရင်ရေးက တာဝန်ရှိသူတွေ အနေနဲ့ ဖြေရှင်းဖို့ လိုပါလိမ့်မယ်။


ဦးတင်မောင် ဘယ်လောက် တန်ခိုးထွားသလဲဆိုရင် သူထိုင်နေရင် ခရိုင်
အုပ်ချုပ်ရေးမှူးလောက်က မတ်တပ်ရပ်ပြီး ခါးကိုင်း စကားပြောရတဲ့ အထိပါ။ လီဆန်ရှင်း(ခေါ်)ဦးတင်မောင်က အပေါ်အထိ ပေါက်ရောက်နေတာကိုး။ သူ့ကိုကြည့်
မရတဲ့သူ မရှိဘူးလားဆိုတော့ ရှိပါတယ်။ လက်ရှိ မန္တလေးတိုင်း ၀န်ကြီးချုပ် ဦးရဲမြင့်
နဲ့ အရင်မြို့တော်ဝန် ဦးဖုန်းဇော်ဟန်တို့ပဲ ဖြစ်တယ်။ မြို့တော်ဝန် ဦးဖုန်းဇော်ဟန်
က ဦးတင်မောင်ရဲ့ ဂရိတ်ဝေါဟိုတယ် အနောက်မှာ ငွေတစ်ချောင်း မြောင်းကို
ကွန်ကရစ်လောင်း ပိတ်ပြီး မြေနေရာချဲ့ ယူတာကို ဖျက်ဖို့ အမိန့်ထုတ်ခဲ့ပေမယ့် မြို့တော်ဝန်ပဲ ပြုတ်သွားတယ်။ အဲဒီပိတ်ထားတဲ့ မြောင်းကို ပြန်ဖွင့် မပေးခဲ့ပါဘူး။
ဒါတင်မကဘူး။ မန္တလေး မြို့တော်ဝန်ကို ပြုတ်အောင် လုပ်လိုက်ပြီဆိုတဲ့ စကား
ကိုလည်း ဦးတင်မောင်က သူ့အပေါင်းအသင်းတွေ ကြားမှာ ကြွားခဲ့ပါသေးတယ်။

ဒီလိုပဲ စစ်ကိုင်းတိုင်း ကသာ ခရိုင်ဘက်က မောင်းကုန်းကျေးရွာ အနီးမှာ ကြံ
စိုက်မယ်ဆိုပြီး သစ်တောတွေကို အပြောင်ရှင်းခဲ့ရုံမက သစ်အချောထည် စက်ရုံ
ကို သစ်တောထဲမှာ ဆောက်ပြီး ရဲတပ်ဖွဲ့က အကာအကွယ် ပေးထားပါတယ်။
အဲဒီစိုက်ခင်းထဲမှာ တရားမ၀င် ခေါ်ထားတဲ့ တရုတ်တွေ အများကြီး အလုပ်လုပ်
နေကြတယ်။ သုတေသန ဓာတ်ခွဲခန်းတွေ ဆောက်ပြီး ပညာရှင်ဆိုတဲ့ တရုတ်တွေ
ကို ခေါ်ခန့်ထားတယ်။ ကြံကနေ သကြားချက်ဖို့ သကြားစက် ထောင်ခဲ့ပြီး
ဘေးထွက်ပစ္စည်း အနေနဲ့ အီသနော စက်ရုံ ထောင်ခဲ့ပေမယ့် တွက်ချေ မကိုက်
တော့ အရက်ချက်စက်ရုံ ဖြစ်သွားပြန်တယ်။ ဘယ်လောက်တောင် ဒီတရုတ်က
ဆိုးသလဲ ဆိုရင် ကြံတောင်သူတွေကို သူ့စက်ရုံမှာပဲ ကြံသွင်းရမယ်ဆိုပြီး ဈေး
ကလည်း နှိမ်လိုက်သေးတယ်။ ကြံတောင်သူတွေကို ကြိုတင်ငွေ ထုတ်ပေးတယ်။
ကြံပေါ်ကာနီးမှာ သူ့လူတွေက ကြံစိုက်ခင်းတွေက မီးရှို့တယ်။ ဒီတော့ တောင်သူ
တွေက ကြံမသွင်းနိုင် ရုံမက သူ့အကြွေးတွေလည်း မဆပ်နိုင်တော့ဘူး။ အဲဒီနည်း
နဲ့ မြေတွေကို သိမ်းတာဖြစ်တယ်။ ပြောရရင် သမိုင်းတစ်ခေတ်က ချစ်တီး ကုလား
ထက် အများကြီးဆိုးတဲ့ တရုတ်ဖြစ်တယ်။ သူက ကြံလိုချင်တာ မဟုတ်ဘူး။
အဲဒီနေရာက မြေကိုပဲ လိုချင်တာ ဖြစ်တယ်။ အဲဒီအပြင် အကျဉ်းဦးစီးဌာနနဲ့ ပေါင်းပြီး
လားရှိုးဘက်မှာ အကျဉ်းသားတွေကို ယူကလစ် စိုက်ခိုင်း၊ အပင်ကြီးရင် သူဝယ်
ပါမယ်ဆိုပြီး အကျဉ်းသားတွေတောင် မနေရအောင် နှိပ်စက်တာကတော့
လီဆန်ရှင်း ခေါ် ဦးတင်မောင်ဖြစ်တယ်။

နောက်တစ်ဆင့် တက်လာတာကတော့ ကသာနဲ့ ထီးချိုင့်ကြားက နီကယ်စက်ရုံပါပဲ။
အဲဒီစက်ရုံ အတွက် နိုင်ငံတော်က မဟာဓာတ်အားလိုင်း တစ်ခု သွယ်ပေးရတဲ့
အထိ ဒီတရုတ်သူဌေးကို စစ်အစိုးရက လိုက်လျောခဲ့တယ်။ သူကလည်း
ဘယ်လောက်တောင် ပြန်ခွံ့ထား၊ ဆို့ထားသလဲမှ မသိတာ။ အဲဒီစက်ရုံမှာလည်း
ဝန်ထမ်းတွေက တရုတ်တွေချည်းပဲ ဖြစ်တယ်။ တရုတ် အထီးတွေ ခေါ်ခန့်ထားလို့ အဲဒီမှာ ပြည့်တန်ဆာ ဈေးကွက်တစ်ခု ပေါ်လာခဲ့တယ်။

မန္တလေး တော်ဝင်နှင်းဆီဆေးရုံ ကိစ္စမှာလည်း တိုင်းဒေသကြီး အစိုးရအဖွဲ့က အရေးယူခိုင်းတာ ဖြစ်ပေမယ့် တရားခံ တရုတ်ခြောက်ယောက်က ဘာလို့ လေဆိပ်
ကနေ လေယာဉ်နဲ့ တရားဝင် ပြန်ပြေးသွားနိုင်တာလဲ။ လေဆိပ် လူဝင်မှုကြီးကြပ်ရေး
ကောင်တာမှာ ပတ်စ်ပို့ကို စက်ပေါ်တင်ပြီး စကင်ဖတ်လိုက်နဲ့ ဒီလူတွေအကြောင်း အကုန်ပေါ်လာတာပဲ။ ဘာလို့ အဲဒီနေရာမှာ မဖမ်းလိုက် ရတာလဲ။ စက်ပျက်လို့ အကြောင်းပြရင်တော့ နိုင်ငံရဲ့ လုံခြုံရေး အတွက် ရင်လေးစရာပါပဲ။ တရုတ်တွေ
လွတ်အောင် ဦးတင်မောင်က ငွေပုံပြီး သုံးလိုက်တယ်လို့ သတင်းတွေ ထွက်
နေတာ ဖြစ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးတို့က ဘာကြောင့်
ဒီတရုတ်တွေ လွတ်သွားတယ်ဆိုတာကို ရှင်းဖို့ တာဝန်ရှိပါတယ်။

မန္တလေး ဒေသခံတွေ ဘာကြောင့် တရုတ်တွေကို မုန်းတာလဲဆိုတာ ဒီကိစ္စတွေ
ကြောင့်ပါ။ မန္တလေးက ဂျာနယ်လစ် တစ်ဦးက Tomorrow ဂျာနယ်ကို ဖုန်းဆက်
ပါတယ်။ အထက် မြန်မာပြည်မှာတော့ ဦးတင်မောင် (ခေါ်) လီဆန်ရှင်းကို ရေးရဲသူ
ထိရဲ တို့ရဲသူ မရှိဘူးတဲ့။ ဒါဆို ဥပဒေ ဆိုတာက မြန်မာနိုင်ငံသူ နိုင်ငံသားတွေကိုပဲ
အရေးယူဖို့ ထားတာလား။ တရုတ်ဆိုရင် မသိချင်ယောင် ဆောင်ပေးနေတာလား ဆိုတာ မေးစရာ ဖြစ်လာပြီ။ ပြီးတော့ သူ့စိုက်ခင်းထဲမှာ သူ့စက်ရုံတွေမှာ ရာနဲ့ချီတဲ့ တရုတ်တွေကို ခေါ်ခန့်ထားတာကရော မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ ညီရဲ့လား ဆိုတာ မေးခွန်းထုတ်ရတော့မယ်။

ဦးတင်မောင်က လူလည်ဆိုတော့ မန္တလေးတိုင်း အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး
ကောင်စီ အတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး ကြည်သိန်းကို ဂရိတ်ဝေါ ကုမ္ပဏီမှာ
ဒါရိုက်တာ ခန့်ထားတယ်။ နောက်ထပ် အတွင်းရေးမှူး လုပ်ခဲ့တဲ့ ဗိုလ်မှူးကြီး
စိုးမိုးနောင်ကလည်း ဂရိတ်ဝေါမှာပဲ ဒါရိုက်တာ ဖြစ်သွားပြန်တယ်။


ဦးတင်မောင်ရဲ့ စီးပွားရေး လုပ်ငန်းတွေကို စာရင်းကောက်ယူလို့ ရသလောက်
ချရေးပြရရင်
၁။ မန္တလေးဂရိတ်ဝေါရှော့ပင်းစင်တာ
၂။ မန္တလေးဂရိတ်ဝေါဟိုတယ်
၃။ မန္တလေးတော်ဝင်နှင်းဆီဆေးရုံ
၎။ ၇၈ လမ်းပေါ်က လူနေဆိုင်ခန်းများ
၅။ ကသာသစ်အချောထည်စက်ရုံ
၆။ နီကယ်စက်ရုံ
၇။ သကြားချက်စက်ရုံ
၈။ အီသနောစက်ရုံ
၉။ ကျွန်းစိုက်ခင်းဧက ၈၀၀၀
၁၀။ တစ်ရှူးသုတေသနဓာတ်ခွဲခန်း
၁၁။ အကြီးမြန် ယူကလစ်စိုက်ခင်းများ
၁၂။ မန္တလေးသိပံ္ပလမ်းပေါ်မှ ယူကလစ်နဲ့ငှက်ပျော စိုက်ခင်း
၁၃။ နန်းတော်ဆေးရုံ
၁၄။ ရန်ကုန်မြို့ ဦးဝိစာရလမ်းပေါ်က နေအိမ်နဲ့ ကုမ္ပဏီရုံး

သူပိုင်ဆိုင်တာတွေက ဒီထက်မက အများကြီး ရှိပါသေးတယ်။ ဒီတော့ စစ်ဗိုလ်ချုပ်
ကြီးတွေ တိုင်းပြည်ကို ချောက်ထဲကျမယ့် ဘေးက ကယ်တင်တာလား။ ကိုယ်ကျိုး
စီးပွား အတွက် ပြည်ပပေါက် တရုတ်တွေနဲ့ ပေါင်းစားချင်လို့ အာဏာ သိမ်းခဲ့
တာလားဆိုတာ ရှင်းနေပါပြီ။ လူတိုင်း ပြောနေကြတာကတော့ မကြာတဲ့ တစ်ချိန်မှာ
ဂရိတ်ဝေါ ဦးတင်မောင် (ခေါ်) လီဆန်ရှင်းဟာ မန္တလေးမှာ အရင်လိုပဲ မြို့မျက်နှာဖုံး
စီးပွားရေး လုပ်ငန်းရှင် အဖြစ်နဲ့ ပြန်လာလိမ့်ဦးမယ်။ သူလိုချင်တဲ့ မြေတွေကိုလည်း
လက်ညှိုးထိုးပြီး ဆက်သိမ်းနေဦးမယ် ဆိုတာပါပဲ။

Tomorrow သတင်းအဖွဲ့

ပုသိမ်အထက(၁)မှကျောင်းသူမချောစုစံကိုကျောင်းထုတ်

Zaw Yann
ဧရာဝတီကျောင်းသားသပိတ်စစ်ကျောင်းနှင့်ယနေ့ဝန်းရံချီတက်သောပုသိမ်အထက(၁)မှကျောင်းသူမချောစုစံကိုကျောင်းထုတ်လိုက်ပြီဖြစ်ကြောင်းဆရာတစ်ဦးဆရာမ(၃)ဦးကမချောစုစံ၏မိဘများကိုလာရောက်ပြောဆိုသွားပြီးယခု (၄)နာရီ တွင်မိဘများနှင့်မချောစုစံကိုအထက(၁)သိုခေါ်ထားသည်။



Khant Thu
ဝန်ထမ်းတွေကိုအတင်းအကျပ်ဖိအား
ပေးမှုတွေရှိနေတာလား
ပုသိမ်မြို့ အထက (၁)မှ
၁၀ တန်းကျောင်းသူလေး မချောစုစန္ဒီသည်
ယနေ့ ဧရာဝတီ ဒီမိုကရေစီကျောင်းသားသပိတ်စစ်ကြောင်း
တွင် ပါဝင်ချီတက်ခဲ့ပါသည်

နေ့လည် ၁ နာရီ ၃၀ တွင်
အ ထ က (၁) မှ ဆရာမသုံးဦးသည်
မချောစုစန္ဒီ၏ အိမ်သို့ရောက်ရှိလာပြီး
မချောစုစန္ဒီအားကျောင်းခေါ်ချီန်မပြည့်သည့်
အတွက်ကျောင်းမှထုတ်ပယ်လိုက်ကြောင်း
အကြောင်းကြားသည့်အသင့်ရိုက်နှိပ်ထား
သောစာရွက်တွင် သိရှိကြောင်း သဘောတူ
ပါကြောင်း လက်မှတ်ရေးထိုးရန် မချောစုစန္ဒီ
၏ဖခင်အားလက်မှတ်ရေးထိုးပေးရန်တောင်း
ဆိုခဲ့ပါသည်
မချောစုစန္ဓ္တီ၏ ဖခင်မှ သမီးကို
ကျောင်းထုတ်တာကိုလက်မခံနိုင်ကြောင်း
လက်မှတ်မထိုးနိုင်ကြောင်းပြန်လည်ပြော
သောအခါ ထိုဆရာမ ၃ ဥိးက ညနေ၄ နာရီ
တွင်ကျောင်းအုပ်ဆရာကြီးရုံးခမ်းသို့လာ
ရောက်တွေ့ဆုံရန်ပြောပါသည်
ထိုအချိန်၌ မချောစုစန္ဒီသည်
ဧရာဝတီသပိတ်စစ်ကြောင်း၌ချီတက်နေချိန်
ဖြစ်ပါသည်
ယနေပိုင်းတွင် မချောစုစန္ဒီ
၏မိဘများမှ သပိတ်မှောက်ကျောင်းသားများ
ဦးဆောင်ကော်မတီသို့လာရောက်အကြောင်းကြားအကူအညီတောင်းခံပါသည်
ညနေ ၄ နာရီတွင် အထက
(၁) ကျောင်းအုပ်ကြီးရုံ့းခမ်းတွင် မချောစုစန္ဒီ
နှင့်မီဘများ သပိတ်မှောက်ကျောင်းသား
များဦးဆောင်ကော်မတီတို့တွေ့ဆုံခဲ့ကြပါ
သည်။
အထက (၁) ကျောင်းအုပ်ဆရာ
ကြီး မှ မချောစုစန္ဒီကို ကျောင်းထုတ်ဖို့ခေါ်
တာမဟုတ်ပါကြောင်း
စာမေးပွဲနီးလာ၍ အိမ်တွင်စာ
ကျက်ရန်ခိုင်းရန်မှာကြားဖို့ဖြစ်ပါကြောင်း
စာမေးပွဲဖြေဆိုခွင့်ဖေါင်တင်
သွင်းပြီးပါသဖြင့် စာမေးပွဲဖြေဆိုခွင့်ရရှိပါ
ကြောင်း
ပြန်လည်ရှင်းလင်းပြောဆို
ပါသည်


ကျောင်းတွင်ယခုအချိန်၌
၁၀ တန်းကျောင်းသူ ကျောင်းသားအားလုံး
ကျောင်းတက်နေသည်မဟုတ်ပါကြောင်း
အိမ်တွင် မိဘအုပ်ထိမ်းသူများမှ မိမိတို့
သားသမီးများကို အနီးကပ်ဆရာများနှင့်
စာကြည့်နေသည့်အချိန်ဖြစ်သည်ကိုလည်း
သိပါကြောင်းကျောင်းအုပ်ဆရာကြီးမှ
ပြောပါသည်

ထိုသို့ဆိုပါလျှင်
အခြားကျောင်းမတက်သောကျောင်းသား
ကျောင်းသူများထံသို့
ယနေ့ကဲ့သို့ကျောင်းပိတ်
ရက်ဖြစ်သော စနေနေ့တွင် မည်သည့်အထကဆရာ ဆရာမ များမှ
''ကျောင်းပျက်သည့်အတွက်
ကျောင်းထုတ်လိုက်ကြောင်း''
အကြောင်းကြားစာကို ဆရာမ များကိုယ်
တိုင် လာရောက်ပြီး မိဘများကိုလက်မှတ်
ထိုးခိုင်းခြင်းမရှိပါဘဲ
ဧရာဝတီ ဒီမိုကရေစီပညာရေးသပိတ်
မှောက်စစ်ကြောင်းတွင်ပါဝင်သပိတ်မှောက်
နေသောကျောင်းသူမချောစုစန္ဒီတစ်ဦးထဲကို
သာ ကျောင်းထုတ်ရန်ကြိုးစားခြင်းသည်

သပိတ်မှောက်ကျောင်းသားများ
အပေါ် ဟန့်တား ပိတ်ပင်ရန်

အုပ်ချုပ်ရေးအာဏာပိုင်များမှ
သက်ဆိုင်ရာ တာဝန်ရှိဝန်ထမ်းများအပေါ်

ဖိအားပေးမှုများရှိနေသည်ဆိုသည်မှာ
အထင်အရှားဖြစ်ပေသည်

လွှတ်တော်ဖက်ကို ပျံနေတဲ့ သိန်းနဲ့ချီတဲ့ လင်းနို့တွေ

Wednesday, January 28, 2015

အီးမေးလ်သုံးတော့ပါပု

Tuesday, January 27, 2015

တကယ်ဖြတ်သဟ.......

ဖတ်သာကြည့်ကြပါတော့ ပရိသတ်ရေ
ယနေ. ဒဂုံ တက္ကသိုလ်ပါမောက္ခရဲ. ကလေးဆန်သော လုပ်ရပ်
========================================
သင်္ချာ ပထမနှစ်ကျောင်းသားများ ကောင်းညွန့်ခန်းမ သို့ ဦးတည်လာနေကြသည် ။
အခြားသော အတန်းကြီးကျောင်းသား အနည်းငယ်နှင့် အခြားမေဂျာကျောင်းသား
အချို့လည်း ကောင်းညွန့်ခန်းမသို့ လာနေကြသည် ။ Frist Year Fresher Welcome
ဖြစ်သည် ။

တိုင်းပြည်၏ နေရာအနှံ့အပြားတွင်ဖြစ်ပွားနေသော စတုတ္ထကျောင်းသားသပိတ်နှင့်
ပက်သက်၍ ဟောပြောမည်ဟူသော သတင်းမှာ ကျောင်းသားများအကြား ပျံ့နှံ့
နေသည် ။

ပါမောက္ခချုပ် ဒေါက်တာလှဌေး ရောက်သည့်အချိန်တွင် အခမ်းအနားစသည် ။ ဦးစွာ
ပါချုပ် အဖွင့်စကားပြောသည် ။ ပုံမှန်အားဖြင့် အခမ်းအနားများတွင် ပြီးဆုံးသည်
အထိနေလေ့ရှိသည့် ပါချုပ်သည် အဖွင့်စကားပြောပြီးသည်နှင့် ခန်းမမှ ထွက်ခွာ
သွားသည် ။ ယင်းနောက် သင်္ချာငှာနမှူး ၊ အားကစားမေဂျာ ပါမောက္ခ နှင့် ဆရာမ
တစ်ဦး အမှာစကားပြောသည် ။

ထို့နောက် အခမ်းအနားအစီအစဉ်မှာ ကျောင်းသားကိုယ်စားလှယ် မှ စကားပြော
ပေးရမည့် အစီအစဉ် ။ ကျောင်းသားများမဲပေးရွေးချယ်ထားသော ကျောင်းသား
ကိုယ်စားလှယ် စကာပြောရမည့်အလှည့်တွင် ကိုမင်းသုခ (သင်္ချာ ကျောင်းသား
ကိုယ်စားလှယ်) စင်ပေါ်တက်လာသည် ။ စတင်ပြောကြားရာ

"မင်္ဂလာပါ လို့ မနှုတ်ဆက်ခင် မေတ္တာရပ်ခံစရာရှိပါတယ် ။ ဒါက ကျနော် စကားပြော
နေစဉ် မိုက်ကရိုဖုန်း ကြိုးဖြုတ်လိုက်တာ တို့ ၊ မီးဖြတ်လိုက်တာ တို့ မလုပ်ဖို့  ကျောင်း
အာဏာပိုင်များကို ကြိုတင် မေတ္တာရပ်ခံပါတယ် "

ပထမနှစ်ကျောင်းသားများကို ကြိုဆိုကြောင်းပြောဆိုပြီး

"ဒီနေ့ ဒီချိန် ကျနော်တို့ ကျောင်းသားထုတစ်ရပ်လုံးအတွက် အရေးအကြီးဆုံး
ရောက်နေပြီ ။ ဒါဘာကြောင့်လဲဆိုရင် .___

ထိုစဉ် ကောင်းညွန့်ခန်းမ၏ အနောက်ဖက်အခန်းရှိ လျပ်စစ်မိန်းကို လုံခြုံရေးတစ်ဦး
မှ ဖြုတ်လိုက်သည် ။ပါမောက္ခမှ "ကဲကဲ မီးပျက်သွားပြီ ။ ကိုယ်စားလှယ်စကားပြောတဲ့
အစီအစဉ် ဖျက်လိုက်ပါပြီ " ဟု အခမ်းအနားမှူးကို အမိန့်ပေးလိုက်သည် ။

သတင်းဓါတ်ပုံ-Dagon University Students' Union.

အကြော်ဗန်းချကျွေးခဲ့တဲ့အဒေါ်ကို သွားရောက်ကန်တော့

Ti Ti Yadanar
ကျောင်းသားအဖွဲ့များ ပုလိပ်မြို့ကိုရောက်စဉ်က.....

အကြော်ဗန်းကို...ချကျွေးခဲ့တဲ့....အဒေါ်ကို.....

ဦးဦး နဲ့ အန်တီ Thi Win Kyaw မှ........

ငွေ ၅၀၀၀၀ ကျပ် သွားရောက်ကန်တော့ ခဲ့ပါတယ်။

မေတ္တာရောင်ပြန်ဟပ်ကြတယ်ဆိုတာကို...ကြည်နူးမိလို့....

မျှဝေပေးပါတယ်။

စေတနာ သဒ္ဒါတရားထက်သန်ကြတဲ့ဦးဦး နဲ့ အန်တီကိုလည်း
လေးစားလျက်ပါ။



ဘိုရူးရောဂါ

တောင်သာသမိုင်းရဲ့ တစ်ရက်တာ မှတ်တမ်းဓာတ်ပုံများ (ဇန်နဝါရီ ၂၇၊ ၂ဝ၁၅)


အေပေး..အောင်သောင်း... တောင်သာပြည်သူတွေထိပ်လန့် မှာ စိုးလို့ လမ်းပိတ်တာတဲ့... ပြည်သူတွေကြိုတာမှဝက်ဝက်ကွဲ.. အမှန်ကဒီပဲယင်းဖို့ ပြင်ထားတာ.. အစိုးရကတားတာမဟုတ်ပဲသူသ ဘောနဲ့ တားပြီးလုပ်ချင်တာလုပ်တာ အစိုးရထက်အာဏာရှိတယ်လို့ ပြ လိုက်တာပဲ....

ဓာတ်ပုံ - နိုင်လင်း/ကမာရွတ်မီဒီယာ

သွပ်သွပ်စကားမေစုတုံ့ပြန်

Sunday, January 25, 2015

အော့ဖစ်စ်၂၀၁၃လိုချင်ရင်

ရှာဖွေလေတွေ့ရှိလေလုပ်ထားတဲ့အော့ဖစ်စ်၂၀၁၃
၉၀၀မက်..လိုချင်ရင်အလကားယူနိုင်ပါတယ်၊
ခရက်ထားပြီးသားပါ၊ရရ ကိုယ်တိုင်တင်တာ
မို့လို့စိတ်ချရပါတယ်၊လက်ရှိလဲဒါပဲသုံးနေပါတယ်၊
ရွှေပြည်ကနေတော့ဘယ်နှစ်ရက်ဒေါင်းရမလဲမသိ၊
32Bit ပါ 64 bit ကဖိုင်ဆိုဒ် 2GBလောက်ရှိပြီးတချို့
သုံးမရလို့မတင်ပေးထားပါဖူး၊
သိသွားရင်တော့အဖျက်ခံရမယ်ထင်ပါတယ်

https://www.dropbox.com/sh/cij2f5w01q0r9cu/AAAAKeInIkwqJ6BiDCJFLi_Da?dl=0


အမျိုးသားပညာရေးဥပဒေ၁၄စာမျက်နှာ

အမျိုးသားပညာရေးဥပဒေpdfဖိုင် ကျောင်းသားသပိတ်‌‌ခေါင်း‌ဆောင်‌ မဖြိုးဖြိုး‌အောင်‌ တို.ဦး‌ဆောင်
ပြီးဆန္ဒပြတိုက်ပွဲဝင်ပြီးပယ်ဖျက်/ပြင်ဆင်ဖို့တောင်းဆိုနေတဲ့
အမျိုးသားပညာရေးဥပဒေ........၁၄စာမျက်နှာ......

၅၉(စ)နှင့် ၄၃၆ ပြင်ဆင်ရန် အခြေခံဥပဒေပြင်ဆင်ရေးဥပဒေကြမ်းတွင် ပါရှိ


===================================================
Byအိဖြူလွင် 7Days (25-1-2015)
ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်သည့်ဥပဒေမူကြမ်း တွင် ပုဒ်မ ၅၉(စ)နှင့် ပုဒ်မ ၄၃၆ တို့အား အတိုက်အခံအင်အားစု များ လိုလားသည့်အတိုင်း ပြင် ဆင်ပေးထားကြောင်း သတင်းရရှိ သည်။
၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင်ပါရှိသော မိဘ နှစ်ပါးနှင့် ကိုယ်တိုင်က နိုင်ငံသား ဖြစ်လျှင် သမ္မတအဖြစ် ရွေးချယ် ခံနိုင်သည်ဆိုသည့် သတ်မှတ် ချက်အတိုင်းသာ ပြင်ဆင်ထား ကြောင်း သိရသည်။
ထို့အပြင် မဖြစ်မနေပြင်ဆင် ရမည်ဟု အများကတောင်းဆို ထား သည့် ပုဒ်မ ၄၃၆ ကိုလည်း ၇၅ ရာခိုင်နှုန်းကျော်ဟူသော သတ် မှတ်ချက်အစား သုံးပုံနှစ်ပုံဆန္ဒမဲ ဖြင့်ဆိုသည့် သတ်မှတ်ချက်ဖြင့် ပြင်ဆင်ထားသည်ဟု သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်သည့် ဥပဒေမူ ကြမ်းအား ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များလေ့လာဆန်းစစ်ရေးကော် မရှင်က ရေးဆွဲခြင်းဖြစ်ပြီး ဥပဒေမူကြမ်း တစ်ခုလုံး ရေးဆွဲပြီးစီးပြီဖြစ်ကြောင်း သိရသည်။
‘‘ဒီအထဲမှာ အများစိတ်ဝင်စားတဲ့ နှစ်ချက်စလုံးကိုပြင်ထား တယ်။ တကယ်မဲခွဲတဲ့အခါမှာ ပြင်နိုင်တာ၊မပြင်နိုင်တာတစ် ကဏ္ဍ၊ ဒီအထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတအဖြစ် ဝင်ရောက်ရွေးချယ်နိုင်ခွင့်ရှိအောင် ဥက္ကဋ္ဌက ပြင်ပေးထားတယ်လို့ပြောနိုင်တယ်’’ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
သို့သော် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပါက အနိုင်ရမည်၊ မရမည် မခန့်မှန်းနိုင်သေးကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
‘‘ဦးရွှေမန်းက ပြင်ပေးထား တယ်ဆိုပေမယ့် တကယ်တမ်းမဲခွဲ ရင် နိုင်၊ မနိုင်ကြိုတင်ခန့်မှန်းလို့ မရပါဘူး။ တပ်ကလည်း ကန့် ကွက်နိုင်တာပါပဲ။ ပြည်ခိုင်ဖြိုး တချို့လည်း ကန့်ကွက်နိုင်တာပဲ။ နောက်ဆုံး နာမည်ကောင်းဝင်ယူ တာမျိုးတောင်ဖြစ်နိုင်တယ်’’ ဟု အမည်မဖော်လိုသူ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆို သည်။
လွှတ်တော်တွင် ဆုံး ဖြတ်ပေးနိုင်သည့် အဓိကအင်အားစုပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အဆိုပါပုဒ်မ ၅၉(စ)ကို အခြေအနေ၊ အချိန်အခါအရ စဉ်းစားဆောင်ရွက်သင့်သည့် ပုဒ်မအဖြစ်သာ တင်ပြထားခြင်းဖြစ်သည်။
မကြာမီ ရက်ပိုင်းတွင် အဆိုပါဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက လွှတ်တော်သို့တင်သွင်းတော့မည်ဖြစ်ကြောင်း သိရသည်။
____________________________________________
Ref: >> http://7daydaily.com/story/30245#.VMSpFv7kcjx

ဆေးဗူးတွေအကျီ င်္ထဲထည့်၊နားကြပ်မချွတ်ပဲ အသင့်ဖြစ်နေတဲ့ဆရာဝန်

ဆေးဗူးတွေအကျီ င်္ထဲထည့်၊အိမ်နေရင်းတောင်နားကြပ်မချွတ်ပဲ ဆေးကုသရန်အသင့်ဖြစ်နေတဲ့ဆရာဝန်

ကမ္ဘာစံချိန်တင်လောက်တယ်၊ ဓါတ်ပုံထဲကသူတွေကသူ့မိသားစုဝင်ပုံတွေပါ.
ရန်ကုန်စည်ပင်မှာလဲဝင်ပြိုင်ဖူးပါတယ်။
ဒေါက်တာတင်ထွန်း(စည်ပင်အနောက်ပိုင်းခရိုင်အနိုင်ရသူ)

ဆရာတော် ဦးဝီရသူ ကို ဘုန်းကြီးအဖြစ် မသတ်မှတ်ကြောင်း အမျိုးသားလွှတ်တော် အမတ် ဦးလှဆွေ ပြောကြား

Naing lin aung (23-1-2015)

မြန်မာနိုင်ငံဆိုင်ရာ ယူအင်လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ ကို " -ာသည်မ " ဟု မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ မှ ခေါ်ဝေါ်ခဲ့ခြင်း အပေါ် တုန့်ပြန်မှုများအား The Ladies မှ ဆက်သွယ်မေးမြန်းရာ

ဦးလှဆွေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

ကျနော်ကတော့ ဥူးဝီရသူပြောတာနဲ့ပတ်သက်ပြီးတော့ လူတစ်ယောက်ရဲ့ သူက ပုထုဇဉ်လေ ပုထုဇဉ်တစ်ယောက်ရဲ့ပြောစကားနဲ့ ပတ်သက်ပြီး ဝေဖန် ပိုင်းခြား လိုခြင်း မရှိဘူး။ သူရဲ့ထင်မြင်ယူဆချက် သူပြောခြင်းရာမှာ သူ့နဂို ဇရိုက်ပါ ပါသွားတာပါ။ သို့သော် သူကို ဘုန်းကြီးအနေနဲ့တော မကိုးကိုယ်ဘူး။ သူကို ပုထုဇဉ် တစ်ယောက်အနေနဲ့ သူဟာ Freedom of Expression အနေနဲ့ သူပြောခွင့်ရှိတယ်။ ဒါပေမယ့် သူကို ဘုန်းကြီးတပါး အနေနဲ့ မသတ်မှတ် ထားပါဘူး။ ဒါ ကျနော် တစ်ယောက်ထဲရဲ့ ဝေဖန်သုံးသပ်ချက်ဖြစ်ပါတယ်။
ကျနော် တစ်ဦးတည်းရဲ့ အမြင်ပါ။ ပြည်ခိုင်ဖြိုးပါတီနဲ့ မဆိုင်ပါဘူး။

ဒေါ်ခင်ဝိုင်းကြည် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

အန်တီအနေနဲ့က ဂိုဏ်းသင့်မှာကြောက်တယ်။ ဂိုဏ်းသင့်တယ်ဆိုတာက အန္တတော အန္တ၅ပါး ဂိုဏ်းပေါ့ ရဟန်းသံဃာနဲ့ပတ်သက်ပြီးဝေဖန့်တဲ့အခါ အန်တီဝိုင်း အနေနဲ့ သာမန်လူတွေဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ရံဖန်ရံခါကျတော့ အားနည်းချက်တွေ အားသာချက်တွေ ရှိတာပေါ့။ ငရဲကြီးမှာကြောက်တဲ့အတွက် အန်တီဝိုင်းမဝေဖန်ရဲဖြစ်တယ်။ မဝေဖန်ချင်ဘူး။ ဘာသာရေးအရ ရဟန်း သံဃာတွေပြောတဲ့အခါ အန်တီဝိုင်းတို့ လူတစ်ယောက် အနေနဲ့ ပြောဖို့တော့ မသင့်ဘူးလေ။ တစ်ခုတော့ရှိတယ်။ အန်တီဝိုင်း စိတ်မကောင်းဘူးလေ။ ရဟန်းသံဃာနဲ့ ပတ်သက်ပြီး ဘာမှ မဝေဖန်လိုပါဘူး။

အရှင် ဦးဇန၀ (ရွှေဝါရောင်)

“ဦးဇင်းတို့ ဗုဒ္ဓဘာသာ ဆိုတာကလည်း တဘက်ကပြောလာတိုင်းလည်း လက်ခံမှာ မဟုတ်ဘူးပေါ့နော်။ ဝေဖန်ပိုင်းခြားပြီးတော့မှ အကျိုးနဲ့အကြောင်းနဲ့ လက်ခံရင်လည်း ဘယ်အကြောင်းကြောင့် လက်ခံတယ်၊ လက်မခံရင်လည်း ဘယ်လိုအကြောင်းကြောင့် လက်မခံဘူးဆိုတာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ လမ်းကြောင်းပေါ့။ အဲ့ဒီမှာ ဗုဒ္ဓဘာသာ ရဟန်းတော်တပါးအနေနဲ့ ကိုယ့် သိက္ခာပုဒ်တွေ တားမြစ်ထားတဲ့ ဥစ္စာကို ချိုးဖောက်ပြီးတော့ လူတွေ အချင်းချင်းတောင်မှ မပြောဆိုသင့်တဲ့ စကားမျိုးကို ရဟန်းတော်တပါး က ပြောလိုက်တဲ့ အခါကျတော့ ဘာတွေဖြစ်သွားသလဲဆိုရင် ဦးဇင်းတို့ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ရော၊ ရဟန်းတော်တွေရဲ့ပုံရိပ်ရော အားလုံး ပျက်စီး သွားတယ် လို့ ဦးဇင်းထင်တယ်။”

ကိုကျော်မင်းဆွေ ( အယ်ဒီတာချုပ် ၊ The Voice )

ဘာမှ ထွေထွေထူးထူး မပြောချင်တော့ဘူး။ ကျနော် ဒီကိစ္စနဲ့ ပတ်သက်ပြီး မကြာခဏ ရေးခဲ့၊ ပြောခဲ့ပြီးပြီ။ တစ်နေ့က အွန်လိုင်းပေါ်မှာ မြင်ရတဲ့ ဗီဒီယိုဖိုင် ကို ကြည့်ပြီး အတော်စိတ်မကောင်းဖြစ်သွားမိတယ်။ စိတ်လည်း အတော် ပျက်သွားတယ်။ ဒီပုံအတိုင်းဆို ရှေ့ဘာဖြစ်လာနိုင်တယ် ဆိုတာ လည်း တွေးကြည့် မိတယ်။ တွေးရင်း စိတ်ပူလာမိတယ်။ ကုန်ခဲ့တဲ့ နှစ်တွေက လိုများ ဖြစ်လာရင် ဒုက္ခ ပါလား.. လို့ (၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့သည်။)

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး

“မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သတ်ပြီး သွားရောက်လေ့လာနေတဲ့ ကုလ အဆင့်မြင့် သံတမန်တဦးကို အခုလိုမျိုး လိင်ကိစ္စနဲ့ နှိုင်းယှဉ်ပြီး စော်ကားမှုအပေါ် လုံးဝ လက်ခံနိုင်စရာမရှိပါဘူး။ မစ္စရန်ဟီလီ ဟာ သူလုပ်ရမယ့် အလုပ်တွေကိုပဲ လုပ်ခဲ့တာပါ။ ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအနေနဲ့ တာဝန်ပေးခဲ့တာကိုပဲ သူ လုပ်တာပါ။ ဘာသာရေးနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့လည်း မစ္စရန် ဟီလီ တွေ့ရှိခဲ့တဲ့ လူမှု အသိုင်းအ၀န်းတွင်းက ကိစ္စရပ်တွေကို ဖြေရှင်းဖို့ ကျနော်တို့ ပြောလိုပါတယ်။” ဟု တရားဝင် သတင်းထုတ်ပြန်ထားကြောင်းလည်း သတင်းရရှိပါသည်။
______________________________
The Ladies News Journal (23-1-2015)

Saturday, January 24, 2015

ပိုက်ဆံချေးလို့ ဦးထုပ်ယူလာတာ

ကျောင်းအုပ်ကြီးက ပြေးလိုက်ပြီး ကျောင်းဝင်းထဲမဝင်ဖို့တား

ထားဝယ်သပိတ်စစ်ကြောင်းက ကျောင်းသားတွေ ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းဝင်းထဲ သပိတ်မှောက်ဆန္ဒပြတော့ ကျောင်းအုပ်ကြီးက အနောက်ကနေ ပြေးလိုက်ပြီး ကျောင်းဝင်းထဲမဝင်ဖို့တားတယ်…

ဒါပေမဲ့ ကျောင်းသားတွေဟာ ကျောင်းအုပ်ကြီးကို လုံးဝမမှု!
တားဆီးတာကို လုံးဝမတွန့်သွားဘဲ ရှေ့ကို ဆက်ပြီး သွားကြတယ်!

ကျောင်းအုပ်ကြီးရဲ့ တားဆီးမှုကို ဘာမှမတုန့်ပြန်ဘဲ ရအောင်ဖောက်ထွက်သွားတာ ကျောင်းသားတွေရဲ့ သတ္တိကို အရမ်းလေးစားလွန်းလို့ အလေးပြုပါတယ်!!!
video- Myo Myint
သက်နှင်းသုန္ဒရီ

Friday, January 23, 2015

တရုတ်ပြည်က မဟာတံတိုင်း မဟုတ်ဘူး

ဦးဝီရသူ ပြောဆိုမှုကို ပြန်ကြားရေး အနေနဲ့ ကြားဝင် မဆောင်ရွက် နိုင်


ဥပဒေ ကြောင်း အရ အရေး ယူနိုင်ဖို့ ဆိုရင် အကျူးလွန် ခံရတဲ့ ကာယကံရှင် လူပုဂ္ဂိုလ် ဖြစ်စေ အဖွဲ့အစည်း ဖြစ်စေက စတင်ပြီး ဆောင်ရွက် ရမှာမျိုး ဖြစ်တယ်လို့ ဦးရဲထွဋ်က ဆိုပါတယ်။
ကုလသမဂ္ဂ သံတမန် တစ်ဦး ဖြစ်တဲ့ မစ္စ ယန်ဟီလီ ကို စင်ပေါ်မှာ ရုန့်ရင်း ကြမ်းတမ်းတဲ့ စကားလုံး တွေ သုံးစွဲပြီး လူအများကို ဟောပြော ခဲ့တဲ့ အရှင် ဝီရသူ နဲ့ ပတ်သက်လို့ ပြန်ကြားရေး ဝန်ကြီး ဌာန အနေနဲ့ တိုက်ရိုက် ပါဝင် ဆောင်ရွက် လို့ မရကြောင်း နဲ့ သာသနာရေး ဝန်ကြီး ဌာနကို တော့ အကြောင်းကြား ထားတယ် ဆိုပြီး ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။
ဦးဝီရသူ ရဲ့ ဟောပြောမှု အပေါ် ကုလ သမဂ္ဂ အပါအဝင် နိုင်ငံတကာ က ပြစ်တင် ဝေဖန်မှု တွေ ပြုလုပ် လာပြီး အရေးယူ ပေးဖို့ မြန်မာ အစိုးရ ကို တောင်းဆိုမှု တွေ ရှိလာ ပေမယ့် ဥပဒေ ကြောင်း အရ အရေး ယူနိုင်ဖို့ ဆိုရင် အကျူးလွန် ခံရတဲ့ ကာယကံရှင် လူပုဂ္ဂိုလ် ဖြစ်စေ အဖွဲ့အစည်း က ဖြစ်စေ စတင်ပြီး တရားစွဲဆို တာမျိုး လုပ်ဖို့ လိုအပ်တယ် လို့လည်း ဦးရဲထွဋ် က ဆိုပါတယ်။
မြန်မာ အစိုးရ အနေနဲ့ ဝေဖန်မှု တွေ ကို လက်ခံ ပေမယ့် ပုဂ္ဂိုလ်ရေး စော်ကားမှု နဲ့ ဘာသာရေး လူမျိုးရေး စော်ကား တိုက်ခိုက်မှု မျိုး ကိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရကို လက်မခံ ပါကြောင်း ဦးရဲထွဋ် က ပြောပါတယ်။
သာသနာ့ ဝန်ထမ်း ပုဂ္ဂိုလ်တွေ အနေနဲ့ ဝေဖန်စရာ တွေ ရှိရင်တောင် မှ ပိုပြီး ယဉ်ကျေး သိမ်မွေ့တဲ့ စကားလုံး တွေ နဲ့ ပြောသင့်တယ် လို့ သူ့ အနေနဲ့ ထင်မြင်ကြောင်း ဦးရဲထွဋ် က မှတ်ချက် ချခဲ့ပါတယ်။

သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသားများကို ပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်



Eleven Media Group

ကနဦး ဖမ်းဆီးရမိထားသည့် သစ်လုံးရေ ၄၅၀၀ ကျော်နှင့်အတူ ၀ိုင်းမော်တွင် သစ်ခိုးထုတ်နေသော တရုတ်နိုင်ငံသားများ ထပ်မံဖမ်းမိ
ဝိုင်းမော်တွင် တရားမ၀င် သစ်ခိုးထုတ်နေသော တရုတ်နိုင်ငံသားများ ထပ်မံဖမ်းဆီးရမိပြီး ကနဦး ခိုးထုတ်ရန် စီစဉ်ထားသည့် သစ်လုံးရေ ၄၅၂၉ လုံးအား စစ်ဆေးတွေ့ရှိထားပြီးဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သစ်တောဦးစီးဌာန၊ စစ်ဆေးရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက “ကျွန်တော်တို့ ဖမ်းဆီးရမိမှုတွေ တိုးလာတယ်။ တရုတ်ရှစ်ဦးနဲ့ သစ်လုံးရေက ၄၅၂၉ လုံး ရှိတယ်။ ယာဉ်မျိုးစုံ ၁၁ စီးလည်း ထပ်ဖမ်းဆီး ရမိထားတယ်” ဟု ပြောကြားသည်။
“သစ်အမျိုးအစားတွေကို ခွဲဖို့နဲ့ တန်ချိန်တိုင်းတာဖို့ မြစ်ကြီးနား သစ်တောစစ်ဆေးရေး ဌာနကို ပို့နေပါပြီ။ ရှာဖွေမှုတွေကို ဆက်လက်ပြုလုပ်နေပါတယ်။ သစ်အရေအတွက်ကလည်း ဇန်န၀ါရီ ၂၂ ရက်အထိ ရရှိထားတဲ့စာရင်း ဖြစ်ပါတယ်။ ရှာဖွေမှုတွေကိုတော့ ဆက်လက်ပြုလုပ်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) နဲ့ အမှုဖွင့်ထားတယ်လို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဦးပြည့်စုံမျိုးက ပြောပါတယ်။
သစ်တောဥပဒေနဲ့အမှုဖွင့်ရင် ပြစ်ဒဏ်လျော့မှာစိုးလို့ ၆(၁) နဲ့ အမှုဖွင့်ထားတာလို့လည်း သူက ပြောပါတယ်။
“အားလုံးကို ၆(၁)နဲ့ အရေးယူပါတယ်။ ကျနော်တို့ သစ်တောဥပဒေနဲ့ဆိုရင် နဲနဲ အရေးယူတာပျော့မှာစိုးလို့ ၆ (၁)နဲ့ အရေးယူခြင်း ဖြစ်ပါတယ်။ အကုန်လုံးကို အမှုဖွင့်ထားပြီးပါပြီ။ အားလုံးလည်း ရဲအချုပ်ထဲမှာရှိပါတယ်။ အုပ်စုလိုက်၊ အုပ်စုလိုက် အမှုဖွင့်ထားတာဆိုတော့ အမှုဖွင့်တဲ့ရက်တွေတော့ ကွာပါမယ်။”
သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ၀ိုင်းမော်နဲ့ မြစ်ကြီးနာမြို့နယ်တို့ရှိ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနတို့က စစ်ဆေးထားချက်ရှိပြီး လ၀က ဥပဒေနဲ့ အမှုဖွင့်ထားခြင်း ရှိ မရှိတော့ မသိရသေးပါဘူး၊
ရန်ကုန်ကတရားလွှတ်တ်ာရှေ့နေ ဦးရောဘတ်ဆန်းအောင်က တကယ်တမ်း အပက (၃) ပုဒ်မနဲ့ အမှုဖွင့်ရမှာလို့ သုံးသပ်ပြောပါတယ်။
“အမှန်မှာ ယူရမှာက အပက (၃) အများပြည်သူနဲ့ သက်ဆိုင်တဲ့ဥပဒေ ၁၉၆၃ခုနှစ်ဥပဒေနဲ့ယူရမှာ။ အပက (၃) နဲ့ အရေးယူရင် အနိမ့်ဆုံး ၁၀ နှစ်၊ အမြင့်ဆုံး တသက်တကျွန်း၊ ပြစ်ဒဏ်လျော့မှာ စိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဥပဒေပုဒ်မပြောင်းပြီး အရေးယူတာမျိုးက တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတာကို ပြောတာပဲ၊ နည်းတာ၊ များတာ သူ့အလုပ် မဟုတ်ဘူး၊ တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားကို လွှမ်းမိုးချယ်လှယ်ပြီး စွက်ဖက်တဲ့သဘောမျိုး ဖြစ်နေတယ်။”
ပုဒ်မ၆ (၁) အရ အမြင့်ဆုံးပြစ်ဒဏ် ၇ နှစ်ချမှတ်နိုင်ပြီး ငွေဒဏ်လောက်နဲ့ပဲ ပြီးသွားနိုင်တယ်လို့လည်း ပြောပါတယ်။
ဒီလဆန်းပိုင်းက တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန် ယန်၊ ဆဒုံးဒေသအတွင်း စစ်ဆင်ရေးမှာ တရုတ်နိုင်ငံသား (၁၃၀) ကျော်၊ မြန်မာ ၁၉ ယောက်တို့ကို သစ်လုံးပေါင်း ၁၆၀၀ ကျော်နဲ့ အတူ လုပ်ဒါ/ ဘက်ဟိုးယာဉ် ၅ စီး၊ ပါဂျဲရိုး ၄ စီး၊ ပီကင်းဂျစ် ၄ စီး၊ ဝန်ဆွဲယာဉ် ၄ စီး၊ နှစ်ခန်းတွဲယာဉ် ၂ စီး၊ သစ်တင်ယာဉ်(အမျိုးအစားမျိုးစုံ) ၄၅၅ စီး၊ တုန်ဖုန်း/ဒေါင်ဖန်း ယာဉ် ၄ စီး၊ ကရိန်း ၅ စီး စုစုပေါင်းယာဉ် ၄၈၃ စီးတို့ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အတိတ်ကာလက အလားတူသစ်မှုနဲ့ တရုတ်နိုင်ငံသားတွေဖမ်းဆီးမိတဲ့အခါ သစ်တောဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး လ၀က ဥပဒေတို့နဲ့ အရေးယူခဲ့ဖူးသလို တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးခဲ့တာမျိုးလဲ ရှိတယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ပြောဆိုထားပါတယ်။
တရုတ်နိုင်ငံသားတွေ မြန်မာပြည်ထဲဝင်ပြီး သစ်ခိုးထုတ်နေတာဟာ နှစ်တိုင်းလိုဖြစ်ပြီး နယ်မြေအေးချမ်းမှု မရှိတဲ့အတွက် တားဆီးဟန့်တားနိုင်ခြင်းမရှိဘဲ ဒီနှစ်မှာတော့ တပ်မတော်ကင်းထောက်လေယာဉ်တွေရဲ့ တွေ့ရှိမှုအပေါ် စစ်တပ်၊ ရဲနဲ့ သစ်တောတို့ပေါင်းပြီး အခုလို အမြောက်အမြား ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။