Saturday, February 28, 2015

လေးခါတိတိရဲရင့်ငယ်အကောင့် ရဖို့ ကြိုးစားကြရှာတယ်.. ကျမ်းမာကြပါစေ.....


ခင်ရေ....မောင်တောင်းပန်လိုက်ရပြီကွယ်......

သက်ရှိမြန်မာ့နိုင်ငံရေးသမိုင်း (ခ) သခင်တင်မြ ကွယ်လွန်ရှာပြီ


Nainglin Aung
 (Obituary)

==========================

မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုမှာ ကာလကြာမြင့်စွာ ပါဝင်ခဲ့ပြီး ကိုလိုနီခေတ်၊ ဂျပန်ခေတ်၊ လွတ်လပ်ရေးခေတ်ကနေ စစ်အာဏာရှင်ခေတ်၊ အရပ်သားတစ်ပိုင်း ဒီမိုကရေစီအစိုးရခေတ်အဆက်ဆက်ထိ ဖြတ်သန်းခဲ့တဲ့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်တင်မြဟာ ဖေဖော်ဝါရီ ၂၈ရက် အသက် ၉ဝအရွယ်မှာ ရန်ကုန်မြို့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သခင်တင်မြဟာ ဘယ်လိုလူစားမျိုးလဲ။

သခင်တင်မြဟာ ၁၉၂၄ခုနှစ် စက်တင်ဘာလ ၉ရက်နေ့က ဧရာဝတီတိုင်း ဓနုဖြူမြို့မှာ မွေးဖွားခဲ့ပြီး မူလတန်းအောင်မြင်တဲ့အထိ ပညာသင်ကြားခဲ့ပြီး အသက် ၁၃နှစ်မှာ တို့ဗမာအစည်းအရုံးကို ဝင်ရောက်ပြီး သခင်တင်မြအဖြစ် ခံယူခဲ့ပါတယ်။ ၁၉၄၁ ခုနှစ် အသက် ၁၇နှစ်အရွယ်မှာ သခင်စိုးဦးဆောင်တဲ့ ကွန်မြူနစ်ပါတီကို ဝင်ရောက်ခဲ့ပြီး မြေအောက်စည်းရုံးရေးသမားဘဝ၊ ၁၉၄၂ ပြည်တွင်းသူပုန်ခေါင်းဆောင်ဘဝ၊ ၁၉၄၄ ကွန်မြူနစ်ပါတီ ပထမအကြိမ်ကွန်ဂရက်ရဲ့ ဗဟိုကော်မတီဝင်ဘဝ၊ ၁၉၄၅ခုနှစ် ဖက်ဆစ်တော်လှန်ရေးမှာ တိုင်း၇တိုင်း နိုင်ငံရေးမှူး၊ ၁၉၄၆ခုနှစ်မှာ အလံနီပါတီ ပေါလစ်ဗြူရိုအဖွဲ့ဝင်၊ ၁၉၄၉မှာ အလံနီကနှုတ်ထွက်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီဝင် တောခို၊ ၁၉၅၈ ရန်ကုန်မြေအောက်စည်းရုံးရေး တာဝန်ခံ စတာတွေကို ထမ်းဆောင်ခဲ့ပြီး အစိုးရရဲ့ဖမ်းဆီးမှုကို ခံခဲ့ရပါတယ်။

ရန်ကုန်ဘောင်ဒရီစစ်အချုပ်ထဲမှာရှိနေချိန် ဗမာပြည်ကွန်မြူနစ်ပါတီဝင်အဖြစ်က နှုတ်ထွက်ခဲ့ပြီး ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကို ထောက်ခံပြီး ၁၉၆၂မှာ မဆလအမြုတေပါတီမှာ စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လမ်းစဉ်ပါတီရဲ့ ဗဟိုစည်းရုံးရေးကော်မတီ အကြံပေးအဖွဲ့မှာ ဗိုလ်ရဲထွဋ်၊ ကိုချစ်လှိုင် (ကိုကိုမောင်ကြီး)၊ ဗိုလ်သိန်းတန်၊ ဒေါက်တာမောင်မောင်၊ ဦးစောဦး၊ ဦးဘညိမ်၊ ဦးသီဟန်တို့နဲ့အတူ ပါဝင်ခဲ့ပါတယ်။

ပြည်သူပိုင်သိမ်းရေးအဖွဲ့ ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့ပြီး အမြုတေပါတီကနေ ပြည်သူ့ပါတီအဖြစ် မဆလ(မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ)ရဲ့ ပထမအကြိမ် ပါတီညီလာခံမှာ ဗဟိုကော်မတီဝင်အဖြစ် ၁၉၇၁မှာ ရွေးချယ်ခံခဲ့ရပါတယ်။ ၁၉၇၇မှာ ပါတီကနေ ထုတ်ပယ်ခံရပြီး နိုင်ငံ့ဂုဏ်ရည်ပထမဆင့် ချီးမြှင့်ခံခဲ့ရသူ သခင်တင်မြဟာ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်အောင်ရွှေတို့ကို ကူညီပေးခဲ့လို့ ရေကြည်အိုင်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။

၁၉၉၂မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီမှုနဲ့ ထောင်အနှစ် ၂ဝ ချမှတ်ခံခဲ့ရပြီး ဆီးကြိတ်ဝေဒနာကြောင့် ၁၉၉၃မှာ ထောင်ကနေ လွတ်မြောက်လာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ကွယ်လွန်ချိန်အထိ နိုင်ငံရေးမှာပါဝင်လှုပ်ရှားမှု မရှိတော့ဘဲ သမိုင်းမှတ်တမ်းတွေကို ရေးသားပြုစုခဲ့ပြီး ၁၉၄၅ခုနှစ်အထိ ကိုယ်တွေ့နိုင်ငံရေးမှတ်တမ်းတွေကို ရေးသားထားတဲ့ ဘုံဘဝမှာဖြင့် စာအုပ်အပြင်၊ ဘုံဘဝမှာဖြင့် အမှားနှင့်အမှန်၊ ဘုံဘဝမှာဖြင့် ထပ်ချပ်မကွာ၊ ဘုံဘဝကိုဖြင့် မျှော်တိုင်းဝေး၊ ဗမာပြည်ကွန်မြူနစ်ပါတီနှင့်ပတ်သက်သော မှတ်တမ်းများ၊ ဗိုလ်ချုပ်သာရှိနေသေးလျှင် စတဲ့မှတ်တမ်းတွေကိုလည်း ပြုစုခဲ့ပါတယ်။

သခင်တင်မြဟာ မကွယ်လွန်ခင်က ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိပြုစုရေးကော်မတီမှာ ပါဝင်ခဲ့ပြီး ကွယ်လွန်ချိန်အထိ ဗိုလ်ချုပ်ရဲ့ အတ္ထုပ္ပတ္တိစာအုပ်နဲ့ ဘုံဘဝကိုဖြင့်မျှော်တိုင်းဝေး (၁၉၈၈ခုနှစ်အထိ) မှတ်တမ်းတွေ အပြီးသတ်ပြုစုထားနိုင်ခဲ့တာတော့ မရှိခဲ့ပါဘူး။


မနေ့ကလှိုင်မြို့နယ်တရားရုံးတွင် MDCFခေါင်းဆောင်ကိုထင်ကျော် ၏ရဲရဲတောက်မိန့်ခွန်း

ကျောက်ဆည်မှာတန်ပြန်သပိတ်လုပ်တဲ့သူတွေ ငွေလေး ၃၀၀၀ ယူမိတာ မျက်နှာမပြ ခေါင်းမဖေါ်ရဲတဲ့ဘဝ ရောက်ရ

ကြက်ဖဆေးထိုးတဲ့အစိုးရ

ဒီပုံတွေကိုကြက်ဖဆိုသူကဆွဲပြီးဖေ့ဘွတ်မှာလူတွေရှယ်ယာနေတာနှစ်ဦးအစထဲကပါ
ကိုယ့်လမ်းကြောင်းနဲ့မကိုက်ညီလို့မရှယ်ယာခဲ့တာ...
ကိုအောင်နေမျိုးကရှယ်ယာမိယုံလေးနဲ့ဖမ်းတာကတော့များသွားပြီ၊
ဦးရဲထွဋ်မိန်းမဒေါ်ခင်စန္ဒာထွန်းရှယ်ယာတုံးကတော့မဖမ်းပဲအခုမှဖမ်းတာက
လက်ခံနိင်စရာမရှိပါဖူး၊

ကျောင်းသားစစ်ကြောင်း ရန်ကုန်ကို ဦးတည်ချီတက်မယ်ဆိုရင်အရေးယူမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်

ဟင်္သာတ အမေ့ဟောပြောပွဲသို့ ငါးမင်းဆွေ လာရောက်ပြီးစာစောင်ဖြန့်ဝေ

ဟင်္သာတ အမေ့ဟောပြောပွဲသို့ ငါးမင်းဆွေ လာရောက်ပြီးစာစောင်ဖြန့်ဝေ နေပါသဖြင့် တာဝန်ရှိသူများမှ သိမ်းဆည်း ပြီး ဆွဲထုတ်သွားရပါသည်

ကိုးကန့်ခေါင်းဆောင်အဖြစ်ရွှေးချယ်ထားရှိပြီးဖြစ်

Friday, February 27, 2015

ဖမ်းမယ်ဆိုလည်း.....ဖမ်း...နိုင်တယ်

နှစ်ပဲခြောက်ပြားဝဲစားကျောင်းသားလို့ဂျနီဖာလှဆွေကစွတ်စွဲတိုက်ခိုက်

ကိုအောင်နေမျိုး ကိုဖမ်းဆီးစဉ် သိမ်းဆည်းပစ္စည်းများစာရင်း။

သတင်းထောက်အောင်နေမျိုး ကို မုံရွာထောင်ကြီးသို့ ပို့ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံထားရ

ဒို့ကအကြည်ညိုပျက်ဖူး၊သတင်းအဖြစ်နယ်စည်းမခြားဖေါ်ပြတာ...ဖမ်းနဲ့နော်


မုံရွာမြို့မှာ အလွတ်တန်း ဓါတ်ပုံသတင်းထောက်အောင်နေမျိုးကို မုံရွာထောင်ကြီးသို့ ပို့ပုဒ်မ ၅၀၅ နဲ့ တရားစွဲခံထားရသည်ဟုအောင်နေမျိုး၏ မိသားစုဝင်တစ်ဦးမှ ပြော.....

အစိုးရမေတ္တာပျက်စေရန် ဖေ့စ်ဘွတ်ခ်ပေါ် ရေးတင်မှုဖြင့် ဓာတ်ပုံသတင်းထောက်ကို ဖမ်းဆီး

မုံရွာမြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးကို ဖေ့စ်ဘွတ်ပေါ် အစိုးရမေတ္တာ ပျက်အောင် ရေးတင်တာကြောင့် သက်ဆိုင်ရာက ဖမ်းဆီးအမှု ဖွင့်လိုက်ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်မှာ သတင်းရဲတပ်ဖွဲ့က ရဲမှူးမြင့်လွင်က တရားလိုလုပ်ပြီး မုံရွာရဲစခန်းမှာ အမှုဖွင့် ဖမ်းဆီးချုပ်နှောင်ထားပါတယ်။

အလွတ်တန်းသတင်းထောက် ကိုအောင်နေမျိုးကို ဖေဖော်ဝါရီ မနက်ပိုင်းက လာရောက်ဖမ်းဆီးသွားတာလို့ မုံရွာ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးနေမျိုးက ပြောပါတယ်။

“လာဆွဲတုန်းကတော့ မူးယစ်မှုလို့ ပြောတယ်ဗျ။ တကယ်တမ်း အခု ကျနော်တို့ မိသားစုနဲ့ လိုက်တဲ့အခါကျတော့ မူးယစ်မှု မဟုတ်တော့ဘူး၊ နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ပုဒ်မ တပ်ထားတယ်ပြောတယ်ဗျ။”

ဖေဖော်ဝါရီ ၂၇ ရက်ရက်စွဲနဲ့ အွန်လိုင်းပေါ်တက်လာတဲ့ အမှုဖွင့်တိုင်ကြားစာမှာတော့ ကိုအောင်နေမျိုးနဲ့ အပေါင်းပါတွေဟာ ဖေဖော်ဝါရီ ၀၁း၀၀ ချိန်ကနေ ၀၂း၄၅ ချိန်ထိ Aung Nay Myo facebook စာမျက်နှာမှာ စီစဉ်သူ ဦးသိန်းစိန်၊ ၀တ္ထုသန်းရွှေ၊ ဇာတ်ညွှန်းကြိုင်ကြိုင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စီစဉ်သည့် မိုးလုံးပြည့်ဝါဒမှိုင်းတိုက်သော ဇာတ်ကြမ်း ‘ကွန်ဒုံ ရက် ၄၀’ လို့ ဖော်ပြထားပါတယ်။

ဒီလို ရေးသားဖော်ပြထားတာဟာ အစိုးရကို မေတ္တာပျက်အောင်၊ အစိုးရရဲ့ ၀တ္တရားဆောင်ရွက်ချက်ကို ယုတ်လျော့အောင်၊ ပျက်စီးအောင် မဟုတ်မှန်းသိလျက်နဲ့ မမှန်သတင်းလွှင့်ရန်ကြံစည်ပြီး ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် တင်ခဲ့ကြောင်း တွေ့ရှိရတယ်လို့ ဖော်ပြထားပါတယ်။

ကိုအောင်နေမျိုးနဲ့ အပေါင်းပါတွေကို ၁၉၅၀ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(က) (င) တို့အရ အမှုဖွင့် အရေးယူဆောင်ရွက်ပေးဖို့ တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။

ကိုအောင်နေမျိုးဟာ အလွတ်တန်းသတင်းထောက်တယောက်ဖြစ်သလို နိုင်ငံရေးပါတီနဲ့ ၈၈ ငြိမ်းချမ်းပွင့်လင်းလူ့အဖွဲ့အစည်းတို့ရဲ့ လှုပ်ရှားမှုတွေမှာ အားတက်သရော ပူးပေါင်းကူညီလုပ်ဆောင်ပေးနေသူတယောက်လည်း ဖြစ်ပါတယ်။

ရန်ကုန်မြို့က လူ့အခွင့်အရေးရှေနေ့ ဦးရောဘတ်စန်းအောင်ကတော့ အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅(က)(င) တို့နဲ့ အမှုဖွင့်တာ ပြင်းထန်လွန်းတယ်၊ စွပ်စွဲခံရသူ လွတ်လမ်း မရှိဘူးလို့ သုံးသပ်ပြောကြားပါတယ်။

“ဖြေရှင်းရတဲ့လူအတွက် မသက်သာဘူး၊ ဒီဥစ္စာက နိုင်ငံရေးပုဒ်မ၊ အီလက်ထရောနစ်ဥပဒေနဲ့ဆိုရင်တော့ ဖြေရှင်းရတဲ့နေရာမှာ အခက်အခဲ မရှိနိုင်ဘူး။ နောက်ပြီး ၅ လောကမှာတော့ ဒါကို ဒိုင်စားပုဒ်မလို့ခေါ်တယ်။ ဒိုင်စားပုဒ်မဆိုတာ တရာစွဲတဲ့သူဘက်ကပဲ အမြဲ အသားစီးရပြီး အနိုင်ရတယ်။ ကျပြီဆိုရင်တော့ အနည်းဆုံး ၇ နှစ်ပဲ။”

ဖေဖော်ဝါရီ ၉ ရက်ကစလို့ ရှမ်းပြည်အရှေ့မြောက်ပိုင်း လောက်ကိုင်မှာ တပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ချိန်ကစပြီး ဖေ့စ်ဘွတ်အင်တာနက်စာမျက်နှာပေါ်မှာ တပ်မတော်ဘက်က ထောက်ခံသူတွေနဲ့ ကန့်ကွက်ရေးသားနေသူတွေ အပြန်အလှန် တင်ဆက်နေကြတာ ဖြစ်ပါတယ်။

ဖေ့စ်ဘွတ်ခ်ပေါ်ရေးတင်သူတယောက်ကို အစိုးရက အခုလို ဖမ်းဆီး အမှုဖွင့်လိုက်တာဟာ ပထမဆုံးဖြစ်ပြီး လွှတ်တော်ကို စော်ကားရေးသားတယ်ဆိုတဲ့ ဒေါက်တာဆိတ်ဖွား ရှာပုံတော်ဖွင့်ခဲ့တာတော့ ဖြစ်ပွားခဲ့ဖူးပါတယ်။

By ရွှေအောင်(ဒီဗွီဘီ)


မုံရွာမြို့က နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အလွတ်တန်း ဓာတ်ပုံသတင်းထောက် ကိုအောင်နေမျိုးကို ဖေ့စ်ဘွတ်ပေါ် အစိုးရမေတ္တာ ပျက်အောင် ရေးတင်တာကြောင့် သက်ဆိုင်ရာက ဖမ်းဆီးရင်လွှတ်တော်ကို စော်ကားရေးသားတယ်ဆိုတဲ့ ဒေါက်တာဆိတ်ဖွားရဲသွပ်ပါဖမ်းပါ။။။။ သမ္မတလုပ်ပြီးကျောသားရင်သားမခွဲပါနဲ့...လွှတ်တော်ဥက္ကဌကလည်း.... နကြောက်ကြီးပါ....

Thursday, February 26, 2015

ကနေဒါမှာအခြေချနေထိုင်ခွင့်လျောက်ရအောင်



As of January 2015, Citizenship and Immigration Canada (CIC) has a new electronic system called Express Entry to manage APPLICATIONS for permanent residence under certain economic immigration PROGRAMS.
The Express Entry system is the first step to immigrate to Canada under these programs. Potential candidates can complete an Express Entry PROFILE at any time. Note that there is no deadline to complete a profile and there are no caps on the number of candidates that will be accepted to the pool.
Anyone who is accepted into the Express Entry pool could get an Invitation to APPLY for permanent residence. Rounds of invitations to invite candidates to apply will take place regularly over the course of each year. We will only pick the top ranking candidates no matter when they were accepted into the pool.
If you are invited to apply, you will have 60 days to submit a complete APPLICATION for Permanent Residence online.

The first round of invitations took place on the last week of January 2015.
Complete your Express Entry profile
Learn about what you will need to complete your Express Entry profile, and the steps that follow.
How Express Entry works
Find out how the system works, how the Comprehensive Ranking System is used and how a candidate can be invited to apply for permanent residence.
Information for employers
With Express Entry, you can fill labour MARKETshortages permanently with skilled foreign nationals. Let us tell you how.
Choose Canada
Discover how you and your family can benefit from Canada’s strong and stable economy and high standard of living.
Additional resources:

Video - Express Entry for employers

Express Entry: Employers in Canada

Video - How Express Entry works

Express Entry: Canada potential candidates

ကြံ့ခိုင်ရေးကဒေါ်လာ သန်း ၃ဝဝ ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ချေးယူ

r
Video proof ပုလဲသက်သေ (သို့) ၃ ဆတိုးကြိုးပမ်းနေ

• မနေ့ကလွှတ်တော်မှာ တရုပ်ကနေ ဒေါ်လာ သန်း ၃ဝဝ ထပ်ချေးယူဘို့ သမဝန်ကြီးဦးကျော်ဆန်းရဲ့အဆိုကို ဒေါ်ခင်စန်းလှိုင်က ကန့်ကန်တယ်။ ဒါပေမဲ့ မဲအများနဲ့ အတည်ပြုသွားခဲ့တယ်။
• မဲအများစုမရရအောင် ဖန်တီးလုပ်ယူထားလို့ သက်သေတွေ လက်ဆုပ်လက်ကိုင်ရှိပေမဲ့ လွှတ်တော်ဟာ အများအတွက် အားကိုးစရာမဟုတ်ဘူးဆိုတဲ့ နောက်ထပ်သက်သေခံချက်ဖြစ်တယ်။
• ဦးကျော်ဆန်းက ပုလဲလွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး ဝန်ကြီးဖြစ်လို့လစ်လပ်သွားတဲ့နေရာကို ကြားဖြတ် ရွေးကောက်ပွဲလုပ်တော့ NLD က ဒေါ်ခင်စန်းလှိုင် အရွေးခံရတယ်။
• ကနေ့မနက်မှာ ပြည်ခိုင်ဖြိုးလှုပ်ရှားမှု - လက်တွေ့ငွေချေးမပေးပဲ မလိမ့်တပတ် ပါတီဝင်စုဆောင်းဆိုတဲ့ ဗီဒီယို ဖိုင်တခုကို ပုလဲက ၁၉၉ဝ အမတ်ဟောင်းဆီကို ပုလဲကနေပို့လာတယ်။
• ဦးကျော်ဆန်းဟာ ၂ဝ၁၂ ကြားဖြတ်မှာ သူ့အမျိုးကို အမတ်အရွေးခံဘို့ရာ တရုပ်ဆီက အရင်ချေးယူထားတဲ့ ဒေါ်လာ သန်း ၁ဝဝ ထဲကနေ ပုလဲသားတွေကို ငွေချေးပေးခဲ့တယ်။ အခု သန်း ၃ဝဝ ဟာလည်း လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲအတွက် ချေးယူတာဖြစ်တယ်။ ၃ ဆတိုးကြိုးပမ်းမဲ့သဘောဖြစ်တယ်။
• ကျွန်တော်တို့က ၅ ဆတိုးကြိုးပမ်းကြရပါလိမ့်မယ်။

ဒေါက်တာတင့်ဆွေ
၂၆-၂-၂ဝ၁၅

ဒေါ်လာသန်း၃၀၀ရဖို့ဖင်ကုတ်ပြတဲ့ဦးကျော်ဆန်းရုပ်သံ


သမ္မတဦးသိန်စိန်လက်ထက်၂၀၁၀ မှစ၍ တရုတ်အကြွေး
မြန်မာပြည်တွင် အမေရိကန်ဒေါ်လာ (၁၆ ဒသမ ၄) ဘီလီယံ ရှိ

မျက်စိမမြင်သည့် အဘိုးဦးကျော်သောင်းဆည်းဆာရိပ်မှ ခေါ်ယူစောင့်ရှောက်ရန် ဆုံးဖြတ်



မျက်စိမမြင်သည့် အဘိုးဦးကျော်သောင်း(၇၀ နှစ်)သည် မန္တလေးဗြဟ္မစိုရ်လူမှုကူညီရေးအသင်းရှေ့တွင် စွန့်ပစ်ခံခဲ့ရပါသည်။ ဗြဟ္မစိုရ်အသင်းမှ တာဝန်ရှိသူများက မျက်မမြင်ကျောင်း၊ ဘိုးဘွားရိပ်သာအစရှိသည့် နေရာများသို့ ပို့ဆောင်ပေးသော်လည်း လက်မခံကြသည့်အတွက် ရန်ကုန်မြို့ ရှိ ဆည်းဆာရိပ်သို့ အကူအညီတောင်းခံခဲ့ပါသည်။ ဆည်းဆာရိပ်မှ အဘိုးအား ခေါ်ယူစောင့်ရှောက်ရန် ဆုံးဖြတ်လိုက်သည့်အခါ အဘိုးမှာ ၀မ်းနည်းဝမ်းသာ ငိုကျွေးခဲ့ပါသည်။ အဘိုးဦးကျော်သောင်းသည် မျက်စိကွယ်သွားသည်မှာ ငါးလခန့်သာရှိသေးပြီး အိမ်ထောင်မပြုခဲ့မိသည့်အတွက် နောင်တရကြောင်းပြောခဲ့ပါသည်။ အဘိုးအား ဆည်းဆာရိပ်သို့အရောက် ပို့ဆောင်ပေးခဲ့သည့် မန္တလေးဗြဟ္မစိုရ်လူမှုကူညီရေးအသင်းအား အထူးကျေးဇူးတင်ရှိပါသည်။
ဆည်းဆာရိပ် ဂိလာနဘိုးဘွားများရိပ်သာ
အမှတ် ၈၀၃-၈၀၅၊ မဟောသဓလမ်း ၊ (၁၂) ရပ်ကွက်၊
အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

Phone: 09 73018007

မောင်မောင်တို့ဆိုလေထီးရိုးးရှည်အဖွဲ့


ဗိုလ်ချူပ်အောင်ဆန်းနှစ်တရာပြည့်သံချပ်ပြိုင်ပွဲ

မိကျောင်းကန် သပိတ်စခန်းကို လူအင်အား ၃၀၀ ကျော်နဲ့ ဝင်ရောက်ဖြိုခွဲ


The Voice Weekly
အစိုးရသစ်လက်ထက် အရှည်ကြာဆုံး သပိတ်စခန်း ဖြစ်တဲ့ မြို့တော်ခန်းမရှေ့က မိကျောင်းကန် သပိတ်စခန်းကို ဆန္ဒထုတ်ဖော်မှု ၃၄၀ ရက်မြောက်၊ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ နံနက် ၃ နာရီမှာ စည်ပင်ရဲ အပါအဝင် လူအင်အား ၃၀၀ ကျော်နဲ့ ဝင်ရောက်ဖြိုခွဲလိုက်ပြီ ဖြစ်ပါတယ်။

ဒေါ်လာ သန်း ၃၀၀ နဲ့ ဦး ကျော်ဆန်း ဘာလဲ ဘယ်လဲ

rတယုတ် ။။
---------------------------
ပြောရရင် မကောင်းဘူး ... အဲ လုပ်တာကလည်း

မကောင်းဘူး ...

အရင်တခါ လုပ်ပြီးပြီ ၂၀၁၂ တုန်းက ပါတီဝင် စုဆောင်းဖို့

အတွက် သမ၀ါယမ ဗန်းပြပြီး တရုတ်ဆီက ငွေချေးတယ် ...

ပြီးတော့ လယ်သမားကို ငွေပြန်ချေးတယ် ... ငွေချေးဖို့

လာတဲ့ လယ်သမားကို ခပ်တည်တည် ဓာတ်ပုံရိုက်တယ် ...

လက်မှတ်ထိုးခိုင်းတယ် ... လယ်သမားက ဘာသိမလဲ

ငွေချေးယူဖို့ ဓာတ်ပုံရိုက်ရတယ် လက်မှတ်ထိုးရတယ်

ထင်တာကိုး ... ဟော ငွေတကယ်ပေးမယ့် နေ့လည်း

ရောက်ရော ... ပါတီဝင်ကဒ်ကိုပါ ခပ်တည်တည် ထုတ်ပေး

လိုက်တယ် ... ရေလည်တဲ့ NLD ပါတီဝင်က ...

“ ဟာ ကျနော်တို့ ပါတီမ၀င်ပါဘူး ... ငွေပဲ ချေးချင်တာပါ ”

ဆိုတော့ ... “ ၀င်လိုက်တော့ အဆင်တခါတည်း ပြေတာပေါ့ ”

ဆိုပြီး ပြောတယ် ။ တခါ ဆက်ပြီး အဲဒီ လယ်သမားက

“ မဖြစ်ဘူး ခမျ ... ကျနော်တို့က တခြား ပါတီဝင် ပြီးပါပြီ ”

ဆိုတော့ ... ဘယ်လောက် အလွယ်စကား ပြောသလဲ ဆိုတော့

“ ဟာ ရပါတယ် ပါတီနှစ်ခု ၀င်ထားတော့ ပိုကောင်းတာပေါ့..

ခရီးလေးဘာလေးထွက်လည်း ဒါက ပိုအဆင်ပြေတယ် ဗျ ”

လို့ တရားလက်လွှက် စည်းလွတ်ဘောင်လွတ် ပြောပါတယ်။

ဒါတွေက လာတိုင်လို့ သိရတာပါ ... ကျနော် ဓာတ်ပုံ

မှတ်တမ်း ၊ လက်မှတ်ထိုး အခိုင်အမာနဲ့ တင်ခဲ့ဖူးပါတယ်။

ဗဟို ရုံးချုပ်အထိ တိုင်ကြားခဲ့လို့ သူတို့ အတော် အလုပ်ရှုပ်

သွားခဲ့ဖူးတယ် ...

ခုလည်းပဲ ဂျပုကျော်ဆန်းရဲ့ ခြေလှမ်းက အင်မတန် သိသာ

နေပါတယ် ... တရုတ်က ငွေချေးတယ် ... အဲဒီ ငွေကို

ပြည်သူဆပ် ၊ တိုင်းပြည်က ဆပ် ... သူတို့ အနေနဲ့တော့

၂၀၁၅ ရွေးကောက်ပွဲ မဲနိုင်ရေးအတွက် မဲဆွယ်မယ် ...

ဒါပဲ ... အင်မတန် အောက်တန်းကျပြီး သေးသိမ်တဲ့

ကောင်တွေ ... နောက်တချက်က ရွေးကောက်ပွဲ ကော်မရှင်

ဥပဒေနဲ့လည်း ငြိစွန်းနေတယ် ... တိုင်းပြည်ကသာ ကြွေး

လည်ပင်းနစ်မယ် ... ငါတို့ ပါတီ အတွက် ဆိုတာ ...

လုပ်သင့်သလား ... သမ၀ါယမက ငွေထုတ်ချေးတာတဲ့

လာငွေပေးတဲ့ လူတွေက အုပ်ချုပ်ရေးမှူး နဲ့ အဲဒီ

ပါတီက စည်းရုံးရေးမှူးတွေ ... ဒါဆို ပြည်သူတွေ

ရှင်းလောက်ပါရဲ့နော် ...။

ဘရန်ဆိုင်း ။

( နောက်ထပ်ဆိုးဝါးတာက ကဒ်ပြားပေါ်က လက်မှတ်တု )

အဲဒီလက်မှတ် သူမထိုးရကြောင်း လာတိုင်ထားတဲ့ မှတ်တမ်း ။

ဘာစည်းကမ်းမှ မရှိတဲ့ ကောင်တွေ ...။

Al Khon Bransai
===========================
တရုတ်ပြည်ကချေးထားတဲ့သန်းတရာကိစ္စအန်နယ်လ်ဒီကအမျိုးသမီးအမတ်၂
ယောက်နဲ့လွှတ်တော်ထဲနာမည်တွေတပ်ပြီးငြင်းကြရာမှာမနိုင်တဲ့အဆုံးသူ့ကို
အောက်လမ်းနည်းနဲ့တိုက်နေပါတယ်လို့သမ၀န်ဦးကျော်ဆန်းကစွပ်စွဲလိုက်ပါ
တယ်....။
အင်းလေ..အောက်လမ်းနည်းနဲ့တိုက်ခံရပေမပေါ့....
အရပ်ကပုတာကိုး.........။

ကနေဒါမှာအမြဲနေထိုင်ခွင့်ရအလုပ်သမားများခေါ်ယူ

Express Entry

As of January 2015, Citizenship and Immigration Canada (CIC) has a new electronic system called Express Entry to manage APPLICATIONS for permanent residence under certain economic immigration programs.
The Express Entry system is the first step to immigrate to Canada under these programs. Potential candidates can complete an Express Entry PROFILE at any time. Note that there is no deadline to complete a profile and there are no caps on the number of candidates that will be accepted to the pool.
Anyone who is accepted into the Express Entry pool could get an Invitation to APPLY for permanent residence. Rounds of invitations to invite candidates to apply will take place regularly over the course of each year. We will only pick the top ranking candidates no matter when they were accepted into the pool.
If you are invited to apply, you will have 60 days to submit a complete APPLICATION for Permanent Residence online.
The first round of invitations took place on the last week of January 2015.

Complete your Express Entry profile
Learn about what you will need to complete your Express Entry profile, and the steps that follow.
How Express Entry works
Find out how the system works, how the Comprehensive Ranking System is used and how a candidate can be invited to apply for permanent residence.
Information for employers
With Express Entry, you can fill labour MARKETshortages permanently with skilled foreign nationals. Let us tell you how.
Choose Canada
Discover how you and your family can benefit from Canada’s strong and stable economy and high standard of living.
Additional resources: