Friday, January 23, 2015

တရုတ်ပြည်က မဟာတံတိုင်း မဟုတ်ဘူး

ဦးဝီရသူ ပြောဆိုမှုကို ပြန်ကြားရေး အနေနဲ့ ကြားဝင် မဆောင်ရွက် နိုင်


ဥပဒေ ကြောင်း အရ အရေး ယူနိုင်ဖို့ ဆိုရင် အကျူးလွန် ခံရတဲ့ ကာယကံရှင် လူပုဂ္ဂိုလ် ဖြစ်စေ အဖွဲ့အစည်း ဖြစ်စေက စတင်ပြီး ဆောင်ရွက် ရမှာမျိုး ဖြစ်တယ်လို့ ဦးရဲထွဋ်က ဆိုပါတယ်။
ကုလသမဂ္ဂ သံတမန် တစ်ဦး ဖြစ်တဲ့ မစ္စ ယန်ဟီလီ ကို စင်ပေါ်မှာ ရုန့်ရင်း ကြမ်းတမ်းတဲ့ စကားလုံး တွေ သုံးစွဲပြီး လူအများကို ဟောပြော ခဲ့တဲ့ အရှင် ဝီရသူ နဲ့ ပတ်သက်လို့ ပြန်ကြားရေး ဝန်ကြီး ဌာန အနေနဲ့ တိုက်ရိုက် ပါဝင် ဆောင်ရွက် လို့ မရကြောင်း နဲ့ သာသနာရေး ဝန်ကြီး ဌာနကို တော့ အကြောင်းကြား ထားတယ် ဆိုပြီး ပြန်ကြားရေး ဝန်ကြီး ဦးရဲထွဋ် က ပြောပါတယ်။
ဦးဝီရသူ ရဲ့ ဟောပြောမှု အပေါ် ကုလ သမဂ္ဂ အပါအဝင် နိုင်ငံတကာ က ပြစ်တင် ဝေဖန်မှု တွေ ပြုလုပ် လာပြီး အရေးယူ ပေးဖို့ မြန်မာ အစိုးရ ကို တောင်းဆိုမှု တွေ ရှိလာ ပေမယ့် ဥပဒေ ကြောင်း အရ အရေး ယူနိုင်ဖို့ ဆိုရင် အကျူးလွန် ခံရတဲ့ ကာယကံရှင် လူပုဂ္ဂိုလ် ဖြစ်စေ အဖွဲ့အစည်း က ဖြစ်စေ စတင်ပြီး တရားစွဲဆို တာမျိုး လုပ်ဖို့ လိုအပ်တယ် လို့လည်း ဦးရဲထွဋ် က ဆိုပါတယ်။
မြန်မာ အစိုးရ အနေနဲ့ ဝေဖန်မှု တွေ ကို လက်ခံ ပေမယ့် ပုဂ္ဂိုလ်ရေး စော်ကားမှု နဲ့ ဘာသာရေး လူမျိုးရေး စော်ကား တိုက်ခိုက်မှု မျိုး ကိုတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရကို လက်မခံ ပါကြောင်း ဦးရဲထွဋ် က ပြောပါတယ်။
သာသနာ့ ဝန်ထမ်း ပုဂ္ဂိုလ်တွေ အနေနဲ့ ဝေဖန်စရာ တွေ ရှိရင်တောင် မှ ပိုပြီး ယဉ်ကျေး သိမ်မွေ့တဲ့ စကားလုံး တွေ နဲ့ ပြောသင့်တယ် လို့ သူ့ အနေနဲ့ ထင်မြင်ကြောင်း ဦးရဲထွဋ် က မှတ်ချက် ချခဲ့ပါတယ်။

သစ်ခိုးထုတ်သည့် တရုတ်နိုင်ငံသားများကို ပုဒ်မ ၆ (၁) ဖြင့် အမှုဖွင့်



Eleven Media Group

ကနဦး ဖမ်းဆီးရမိထားသည့် သစ်လုံးရေ ၄၅၀၀ ကျော်နှင့်အတူ ၀ိုင်းမော်တွင် သစ်ခိုးထုတ်နေသော တရုတ်နိုင်ငံသားများ ထပ်မံဖမ်းမိ
ဝိုင်းမော်တွင် တရားမ၀င် သစ်ခိုးထုတ်နေသော တရုတ်နိုင်ငံသားများ ထပ်မံဖမ်းဆီးရမိပြီး ကနဦး ခိုးထုတ်ရန် စီစဉ်ထားသည့် သစ်လုံးရေ ၄၅၂၉ လုံးအား စစ်ဆေးတွေ့ရှိထားပြီးဖြစ်ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
သစ်တောဦးစီးဌာန၊ စစ်ဆေးရေးဌာနမှ တာဝန်ရှိသူ တစ်ဦးက “ကျွန်တော်တို့ ဖမ်းဆီးရမိမှုတွေ တိုးလာတယ်။ တရုတ်ရှစ်ဦးနဲ့ သစ်လုံးရေက ၄၅၂၉ လုံး ရှိတယ်။ ယာဉ်မျိုးစုံ ၁၁ စီးလည်း ထပ်ဖမ်းဆီး ရမိထားတယ်” ဟု ပြောကြားသည်။
“သစ်အမျိုးအစားတွေကို ခွဲဖို့နဲ့ တန်ချိန်တိုင်းတာဖို့ မြစ်ကြီးနား သစ်တောစစ်ဆေးရေး ဌာနကို ပို့နေပါပြီ။ ရှာဖွေမှုတွေကို ဆက်လက်ပြုလုပ်နေပါတယ်။ သစ်အရေအတွက်ကလည်း ဇန်န၀ါရီ ၂၂ ရက်အထိ ရရှိထားတဲ့စာရင်း ဖြစ်ပါတယ်။ ရှာဖွေမှုတွေကိုတော့ ဆက်လက်ပြုလုပ်နေပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ ၆(၁) နဲ့ အမှုဖွင့်ထားတယ်လို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး (စစ်ဆေးရေး) ဦးပြည့်စုံမျိုးက ပြောပါတယ်။
သစ်တောဥပဒေနဲ့အမှုဖွင့်ရင် ပြစ်ဒဏ်လျော့မှာစိုးလို့ ၆(၁) နဲ့ အမှုဖွင့်ထားတာလို့လည်း သူက ပြောပါတယ်။
“အားလုံးကို ၆(၁)နဲ့ အရေးယူပါတယ်။ ကျနော်တို့ သစ်တောဥပဒေနဲ့ဆိုရင် နဲနဲ အရေးယူတာပျော့မှာစိုးလို့ ၆ (၁)နဲ့ အရေးယူခြင်း ဖြစ်ပါတယ်။ အကုန်လုံးကို အမှုဖွင့်ထားပြီးပါပြီ။ အားလုံးလည်း ရဲအချုပ်ထဲမှာရှိပါတယ်။ အုပ်စုလိုက်၊ အုပ်စုလိုက် အမှုဖွင့်ထားတာဆိုတော့ အမှုဖွင့်တဲ့ရက်တွေတော့ ကွာပါမယ်။”
သစ်ခိုးထုတ်တဲ့ တရုတ်နိုင်ငံသား ၁၀၀ ကျော်ကို ၀ိုင်းမော်နဲ့ မြစ်ကြီးနာမြို့နယ်တို့ရှိ လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဦးစီးဌာနတို့က စစ်ဆေးထားချက်ရှိပြီး လ၀က ဥပဒေနဲ့ အမှုဖွင့်ထားခြင်း ရှိ မရှိတော့ မသိရသေးပါဘူး၊
ရန်ကုန်ကတရားလွှတ်တ်ာရှေ့နေ ဦးရောဘတ်ဆန်းအောင်က တကယ်တမ်း အပက (၃) ပုဒ်မနဲ့ အမှုဖွင့်ရမှာလို့ သုံးသပ်ပြောပါတယ်။
“အမှန်မှာ ယူရမှာက အပက (၃) အများပြည်သူနဲ့ သက်ဆိုင်တဲ့ဥပဒေ ၁၉၆၃ခုနှစ်ဥပဒေနဲ့ယူရမှာ။ အပက (၃) နဲ့ အရေးယူရင် အနိမ့်ဆုံး ၁၀ နှစ်၊ အမြင့်ဆုံး တသက်တကျွန်း၊ ပြစ်ဒဏ်လျော့မှာ စိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဥပဒေပုဒ်မပြောင်းပြီး အရေးယူတာမျိုးက တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေတာကို ပြောတာပဲ၊ နည်းတာ၊ များတာ သူ့အလုပ် မဟုတ်ဘူး၊ တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားကို လွှမ်းမိုးချယ်လှယ်ပြီး စွက်ဖက်တဲ့သဘောမျိုး ဖြစ်နေတယ်။”
ပုဒ်မ၆ (၁) အရ အမြင့်ဆုံးပြစ်ဒဏ် ၇ နှစ်ချမှတ်နိုင်ပြီး ငွေဒဏ်လောက်နဲ့ပဲ ပြီးသွားနိုင်တယ်လို့လည်း ပြောပါတယ်။
ဒီလဆန်းပိုင်းက တရုတ်မြန်မာနယ်စပ် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝါရှောင်၊ မံဝိန်း၊ ဆီနီကူး၊ မံတောင်၊ လောခွန် ယန်၊ ဆဒုံးဒေသအတွင်း စစ်ဆင်ရေးမှာ တရုတ်နိုင်ငံသား (၁၃၀) ကျော်၊ မြန်မာ ၁၉ ယောက်တို့ကို သစ်လုံးပေါင်း ၁၆၀၀ ကျော်နဲ့ အတူ လုပ်ဒါ/ ဘက်ဟိုးယာဉ် ၅ စီး၊ ပါဂျဲရိုး ၄ စီး၊ ပီကင်းဂျစ် ၄ စီး၊ ဝန်ဆွဲယာဉ် ၄ စီး၊ နှစ်ခန်းတွဲယာဉ် ၂ စီး၊ သစ်တင်ယာဉ်(အမျိုးအစားမျိုးစုံ) ၄၅၅ စီး၊ တုန်ဖုန်း/ဒေါင်ဖန်း ယာဉ် ၄ စီး၊ ကရိန်း ၅ စီး စုစုပေါင်းယာဉ် ၄၈၃ စီးတို့ကို ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။
အတိတ်ကာလက အလားတူသစ်မှုနဲ့ တရုတ်နိုင်ငံသားတွေဖမ်းဆီးမိတဲ့အခါ သစ်တောဥပဒေ၊ လူဝင်မှုကြီးကြပ်ရေး လ၀က ဥပဒေတို့နဲ့ အရေးယူခဲ့ဖူးသလို တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးခဲ့တာမျိုးလဲ ရှိတယ်လို့ သက်ဆိုင်ရာက ထုတ်ပြန်ပြောဆိုထားပါတယ်။
တရုတ်နိုင်ငံသားတွေ မြန်မာပြည်ထဲဝင်ပြီး သစ်ခိုးထုတ်နေတာဟာ နှစ်တိုင်းလိုဖြစ်ပြီး နယ်မြေအေးချမ်းမှု မရှိတဲ့အတွက် တားဆီးဟန့်တားနိုင်ခြင်းမရှိဘဲ ဒီနှစ်မှာတော့ တပ်မတော်ကင်းထောက်လေယာဉ်တွေရဲ့ တွေ့ရှိမှုအပေါ် စစ်တပ်၊ ရဲနဲ့ သစ်တောတို့ပေါင်းပြီး အခုလို အမြောက်အမြား ဖမ်းဆီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဦးဝီရသူကို ခုလို ဆက်ခွင့်ပြုထားရင်ဘာဖြစ်လာနိုင်မလဲ

 စည်သူအောင်မြင့်
(22-1-2015)

အခု ရက်ပိုင်းအတွင်း ဗုဒ္ဓဘာသာအနွယ်ဝင် သူတော်စင်အပေါင်းကို စိတ်ညစ်ညူးသွားစေတဲ့ သတင်းတစ်ပုဒ်ကတော့ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ (မဘသ) ခေါင်းဆောင် မန္တလေး မစိုးရိမ်တိုက်သစ် ဆရာတော် အရှင်ဝီရသူက ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာရေးသူ မစ္စရန်ဟီလီ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်ဂျီအိုအဖွဲ့ဝင် အမျိုးသမီးတွေကို ရိုင်းပြတဲ့ အသုံးအနှုန်းတွေနဲ့ ဆဲဆိုလိုက်ခြင်းပါပဲ။န္ဒပြလူထု အစည်းအဝေးပွဲကြီးမှာ ခုလိုဆဲဆိုလိုက်တာ ဖြစ်ပြီး အဲလိုဆဲဆိုထားတဲ့ ရုပ်သံဖိုင်ဟာ အင်တာနက် စာမျက်နှာတွေမှာလည်း အလွန်ပျံ့နှံ့ခဲ့ပါတယ်။ ခုဆိုရင် နိုင်ငံတကာသတင်း စာမျက်နှာတွေမှာ ဦးဝီရသူက အဲလိုညစ်ညမ်းတဲ့ အသုံးအနှုန်းနဲ့ ဆဲဆိုလိုက်တယ်ဆိုတဲ့ သတင်းပျံ့နှံ့သွားပါပြီ။ ဦးဝီရသူ ပြောဆိုလိုက်လို့ ဗုဒ္ဓဘာသာ ပုံရိပ် ထိခိုက်သွားသလား၊ နိုင်ငံ့ပုံရိပ် ထိခိုက်သွားသလား၊ ဒီပြဿနာမရှင်းရင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဦးဝီရသူ ပြောဆိုခဲ့တဲ့ စကားအပြည့်အစုံကတော့ "အမျိုးစောင့် ဥပဒေ ဒီလောက်ချပြထားတာ ဒီကောင်မက တစ်ခုမှ မလေ့လာဘဲနဲ့ ဟိုစွာကျယ်မတွေ တင်ပြတာနဲ့တင် လူ့အခွင့်အရေးနဲ့ မညီဘူးဆိုပြီးတော့ လိုက်ကန့်ကွက်နေတဲ့ ကောင်မရော အမျိုးကောင်း သမီးဟုတ်ပါ့မလား။ ကုလသမဂ္ဂ ထိုင်ခုံပေါ်မှာ ရောက်တယ်ဆိုပြီး ကိုယ့်ကိုယ်ကိုယ်လူကြီးလူကောင်းလို့ အောက်မေ့မနေနဲ့။ခင်ဗျားဟာကျုပ်တို့နိုင်ငံအတွက် တော့သယ်မပဲဗျ။ ခင်ဗျား စိတ်ပါလို့ခင်ဗျား ကုလားကို ပေးပါ။ကျုပ်တို့ ရခိုင်ပြည်ကိုတော့ခင်ဗျား ရောင်းစားမယ် မလုပ်ပါနဲ့။ ရခိုင်ပြည်ဟာ ကျုပ်တို့ရဲ့ခံတပ်ကြီး။ ရခိုင်ပြည်ဟာ ကျုပ်တို့ရဲ့ အနောက်တံခါးဝ၊ီတံခါးကို ခင်ဗျားတို့ ဝင်ရောက်ချိုးဖျက်မယ် မကြံပါနဲ့။ ချိုးဖျက်ရင်တော့ထိုးနှက်ပစ်မှာ'' ဆိုပြီးဖြစ်ပါတယ်။

ပထမဦးဆုံး စဉ်းစားဖို့လိုတာက အေးချမ်းပါတယ်၊ မေတ္တာတရား လက်ကိုင်ထားပါတယ်ဆိုတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးတစ်ပါး ကခုလို ရုန့်ရင်းကြမ်းတမ်းတဲ့ စကားပြောဖို့ သင့်မသင့်ပါ။ အခုဆိုရင်ဒီသတင်း၊ သတင်းစာဂျာနယ်တွေမှာ အကျယ်တဝင့် ဖော်ပြနေကြပြီး ဗုဒ္ဓဘာသာ ရဟန်းတော်တွေကတော့ အဲဒီလိုရုန့်ရင်းကြမ်းတမ်းတာ မပြောသင့်တဲ့အကြောင်း၊ ရဟန်းဝိနည်းနဲ့ မညီတဲ့အကြောင်း၊ သံဃာတော်တွေ စောင့်ထိန်းရမယ့် သိက္ခာပုဒ်၂၂၇ သွယ်ထဲမှာပါတဲ့ ဒုက္ကဋ္ဌ အာပတ်သင့်တဲ့အကြောင်း စသဖြင့် ထုတ်ဖော်ပြောဆိုထားကြပြီလည်း ဖြစ်ပါတယ်။ဒါပေမဲ့ ဦးဝီရသူ ကိုယ်တိုင်ကတော့ သူ့အနေနဲ့ အဲဒီထက် ပြင်းထန်တဲ့စကားလုံး ရှိရင်တောင် ပြောချင်တဲ့အကြောင်း ဆိုလိုက်ပြီး သူပြောခဲ့တာ မှန်တယ်လို့ ကာကွယ်လိုက်ပါ သေးတယ်။

ဦးဝီရသူဟာ ရိုးရိုးရဟန်း တစ်ပါးမဟုတ်ဘဲ မဘသ ခေါင်းဆောင်သံဃာလည်း ဖြစ်တဲ့အတွက် ဒီပြောဆိုချက်တွေဟာ မဘသ အဖွဲ့ကြီးကိုလည်း ထိခိုက်မှာ အသေအချာပါပဲ။ အခုဆိုရင် အဲဒီသတင်း နိုင်ငံတကာသတင်း စာမျက်နှာတွေမှာ ပျံ့နှံ့နေပြီမို့ မဘသဆိုတဲ့ အဖွဲ့ကြီးရဲ့ပုံရိပ်၊ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာရဲ့ ပုံရိပ်၊ ရဟန်းသံဃာတွေရဲ့ ပုံရိပ်ကို စွန်းထင်းစေခဲ့ပါပြီ။ ကယ်တော့ အခုလို ရင့်သီးတဲ့ အသုံးအနှုန်းနဲ့ ဆဲရေးမှု မလုပ်ခင်ကတည်းက ဦးဝီရသူဟာအမုန်းတရား ဖြန့်ဖြူးနေသူပါ။ သူ့ကိုယ်ပိုင် Facebook စာမျက်နှာကနေ အစ္စလာမ်ဘာသာဝင်တွေ ကျူးလွန်တယ်ဆိုတဲ့၊ တချို့စွပ်စွဲခံရတဲ့ အမှုတွေကို လိုက်လံစုံစမ်းဖော်ပြပြီး မွတ်စလင်တွေကို မုန်းတီးစိတ် ဖြစ်ပေါ်စေအောင် ဝါဒဖြန့်နေသူ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မန္တလေးမြို့ အဓိကရုဏ်းဟာလည်း တမင်လုပ်ကြံဖန်တီးလို့ ဖြစ်ခဲ့ရတာဆိုပြီး မန္တလေးမြို့ခံတွေက ယုံကြည်ကြပါတယ်။ အဲဒီ ပဋိပက္ခရဲ့ အစဖြစ်တဲ့ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ညီအစ်ကိုနှစ်ယောက်က မုဒိန်းကျင့်ပါတယ်ဆိုပြီး ပျဉ်းမနားမှာ အမှုဖွင့်ထားတယ်ဆိုတဲ့ လူမသိသူမသိ ကိစ္စတစ်ခုကို အရှင်ဝီရသူက ပျဉ်းမနားမဘသအဖွဲ့ကိုစုံစမ်းခိုင်း၊အမှုနံပါတ်ရတဲ့အခါ Facebook ထဲကနေ ဖော်ပြပြီး၊ တကယ်ပဲ အဲဒီညီအစ်ကိုနှစ်ယောက်က မုဒိန်းမှု ကျူးလွန်ခဲ့ သယောင်ရေးသား၊ာသာရေး မုန်းတီးမှုတွေ ဖြစ်အောင်စနစ်တကျ လှုံ့ဆော်ခဲ့သူလည်း ဖြစ်ပါတယ်။ နောက်ပိုင်း တကယ်ပဲ မန္တလေးမှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုဖြစ်ပွားပြီးလူနှစ်ယောက် အသက်ဆုံးရှုံးခဲ့ရပါတယ်။

အရှင်ဝီရသူရဲ့အဲဒီအမုန်းတရား ဖြန့်ဖြူးမှုလုပ်တာ၊အကြမ်းဖက်ဖို့လှုံ့ဆော်တာတွေကို Facebook စာမျက်နှာတွေမှာ တင်မက သတင်းစာ ဂျာနယ်တွေရဲ့ တရားဝင် စာမျက်နှာတွေမှာလည်း ဖော်ပြခဲ့ပါတယ်။ ဒါပေမဲ့ အာဏာပိုင်တွေဟာ အခြားသူတွေကို ဖမ်းဆီးထောင်ချတာတွေ လုပ်ခဲ့ပေမယ့် ဦးဝီရသူကိုတော့ တစ်စုံတစ်ရာစုံစမ်းမေး မြန်းတာမျိုးတောင် မလုပ်ခဲ့ပါဘူး။ အခုဆိုရင် နောက်တစ်ဆင့်တက်ပြီး ကမ္ဘာ့ကုလသမဂ္ဂလို အဖွဲ့ကြီးရဲ့ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကိုတောင် ကမ္ဘာသိ ဆဲပြခဲ့ပါပြီ။

ဒါနဲ့ပတ်သက်ပြီး မေးစရာရှိတာက မြန်မာနိုင်ငံက သံဃအဖွဲ့အစည်းတွေဟာ ဒီလိုအပြုအမူမျိုးကို ခွင့်ပြုထားသလား ဆိုတာပါ။သာသနာရေး ဝန်ကြီးဌာန တာဝန်ရှိသူ တစ်ယောက်ကတော့ ဒါမျိုးလာတိုင်ရင် အရေးယူမယ်ဆိုတဲ့ သဘောနဲ့ ပြဿနာကို ရှောင်လွှဲသွားတာ တွေ့ရပါတယ်။ တကယ်တော့ ဦးဝီရသူရဲ့ ဟောပြောချက် ဗီဒီယိုဖိုင် အင်တာနက် စာမျက်နှာတွေထက်မှာ အလွန့်အလွန်ပျံ့နှံ့သွားပြီမို့ အာဏာပိုင် တွေသိရှိပြီးကြပါပြီ။

အမုန်းတရား ဖြန့်ဖြူးနေတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာန လိုမျိုးက အရေးမယူတာကိုလည်း စဉ်းစားဖို့ ကောင်းပါတယ်။ သာမန် ပြည်သူတွေ အနေနဲ့ကြည့်ရင်တောင် ဦးဝီရသူဟာ ဒေါ် အောင်ဆန်းစုကြည်ကို ဆန့်ကျင်သူ၊ အင်န်အယ်လ်ဒီအဖွဲ့ကို ဆန့်ကျင်သူဖြစ်ကြောင်း သိကြပါတယ်။ အခုဆန္ဒပြပွဲ ပြောဆိုချက်မှာလည်း ဒေါ်အောင်ဆန်းစုကြည်ကိုရည်ရွယ်ပြီးရုန့်ရင်းကြမ်းတမ်းစွာ ပြောထားတာမျိုး တွေ့နိုင်ပါတယ်။ ဦးဝီရသူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီကို ဆန့်ကျင်သူမို့လို့ ပြည်ထဲရေး ဝန်ကြီးဌာန အနေနဲ့ အမုန်းတရား ဖြန့်ဖြူးနေတာတွေကို ခုလိုပဲ လျစ်လျူရှုထားဦးမယ်ဆိုရင် နောင်ပိုပြီးဆိုးရွားတဲ့ ဘာသာရေး လူမျိုးရေးဆိုင်ရာ အကြမ်းဖက်မှုတွေ ပေါ်ပေါက်လာစရာရှိပါကြောင်း၊ဗုဒ္ဓဘာသာ ပုံရိပ်လည်း ဒီထက်ညှိုးနွမ်းဂုဏ်မဲ့စရာ ရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။