Sunday, January 25, 2015

အော့ဖစ်စ်၂၀၁၃လိုချင်ရင်

ရှာဖွေလေတွေ့ရှိလေလုပ်ထားတဲ့အော့ဖစ်စ်၂၀၁၃
၉၀၀မက်..လိုချင်ရင်အလကားယူနိုင်ပါတယ်၊
ခရက်ထားပြီးသားပါ၊ရရ ကိုယ်တိုင်တင်တာ
မို့လို့စိတ်ချရပါတယ်၊လက်ရှိလဲဒါပဲသုံးနေပါတယ်၊
ရွှေပြည်ကနေတော့ဘယ်နှစ်ရက်ဒေါင်းရမလဲမသိ၊
32Bit ပါ 64 bit ကဖိုင်ဆိုဒ် 2GBလောက်ရှိပြီးတချို့
သုံးမရလို့မတင်ပေးထားပါဖူး၊
သိသွားရင်တော့အဖျက်ခံရမယ်ထင်ပါတယ်

https://www.dropbox.com/sh/cij2f5w01q0r9cu/AAAAKeInIkwqJ6BiDCJFLi_Da?dl=0


အမျိုးသားပညာရေးဥပဒေ၁၄စာမျက်နှာ

အမျိုးသားပညာရေးဥပဒေpdfဖိုင် ကျောင်းသားသပိတ်‌‌ခေါင်း‌ဆောင်‌ မဖြိုးဖြိုး‌အောင်‌ တို.ဦး‌ဆောင်
ပြီးဆန္ဒပြတိုက်ပွဲဝင်ပြီးပယ်ဖျက်/ပြင်ဆင်ဖို့တောင်းဆိုနေတဲ့
အမျိုးသားပညာရေးဥပဒေ........၁၄စာမျက်နှာ......

၅၉(စ)နှင့် ၄၃၆ ပြင်ဆင်ရန် အခြေခံဥပဒေပြင်ဆင်ရေးဥပဒေကြမ်းတွင် ပါရှိ


===================================================
Byအိဖြူလွင် 7Days (25-1-2015)
ဖွဲ့စည်းပုံအခြေခံဥပဒေ ကို ပြင်ဆင်သည့်ဥပဒေမူကြမ်း တွင် ပုဒ်မ ၅၉(စ)နှင့် ပုဒ်မ ၄၃၆ တို့အား အတိုက်အခံအင်အားစု များ လိုလားသည့်အတိုင်း ပြင် ဆင်ပေးထားကြောင်း သတင်းရရှိ သည်။
၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၅၉(စ)ကို ၁၉၄၇ ခုနှစ် အခြေခံဥပဒေတွင်ပါရှိသော မိဘ နှစ်ပါးနှင့် ကိုယ်တိုင်က နိုင်ငံသား ဖြစ်လျှင် သမ္မတအဖြစ် ရွေးချယ် ခံနိုင်သည်ဆိုသည့် သတ်မှတ် ချက်အတိုင်းသာ ပြင်ဆင်ထား ကြောင်း သိရသည်။
ထို့အပြင် မဖြစ်မနေပြင်ဆင် ရမည်ဟု အများကတောင်းဆို ထား သည့် ပုဒ်မ ၄၃၆ ကိုလည်း ၇၅ ရာခိုင်နှုန်းကျော်ဟူသော သတ် မှတ်ချက်အစား သုံးပုံနှစ်ပုံဆန္ဒမဲ ဖြင့်ဆိုသည့် သတ်မှတ်ချက်ဖြင့် ပြင်ဆင်ထားသည်ဟု သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုပြင်ဆင်သည့် ဥပဒေမူ ကြမ်းအား ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များလေ့လာဆန်းစစ်ရေးကော် မရှင်က ရေးဆွဲခြင်းဖြစ်ပြီး ဥပဒေမူကြမ်း တစ်ခုလုံး ရေးဆွဲပြီးစီးပြီဖြစ်ကြောင်း သိရသည်။
‘‘ဒီအထဲမှာ အများစိတ်ဝင်စားတဲ့ နှစ်ချက်စလုံးကိုပြင်ထား တယ်။ တကယ်မဲခွဲတဲ့အခါမှာ ပြင်နိုင်တာ၊မပြင်နိုင်တာတစ် ကဏ္ဍ၊ ဒီအထဲမှာတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတအဖြစ် ဝင်ရောက်ရွေးချယ်နိုင်ခွင့်ရှိအောင် ဥက္ကဋ္ဌက ပြင်ပေးထားတယ်လို့ပြောနိုင်တယ်’’ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
သို့သော် လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ပါက အနိုင်ရမည်၊ မရမည် မခန့်မှန်းနိုင်သေးကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
‘‘ဦးရွှေမန်းက ပြင်ပေးထား တယ်ဆိုပေမယ့် တကယ်တမ်းမဲခွဲ ရင် နိုင်၊ မနိုင်ကြိုတင်ခန့်မှန်းလို့ မရပါဘူး။ တပ်ကလည်း ကန့် ကွက်နိုင်တာပါပဲ။ ပြည်ခိုင်ဖြိုး တချို့လည်း ကန့်ကွက်နိုင်တာပဲ။ နောက်ဆုံး နာမည်ကောင်းဝင်ယူ တာမျိုးတောင်ဖြစ်နိုင်တယ်’’ ဟု အမည်မဖော်လိုသူ လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆို သည်။
လွှတ်တော်တွင် ဆုံး ဖြတ်ပေးနိုင်သည့် အဓိကအင်အားစုပါတီဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အဆိုပါပုဒ်မ ၅၉(စ)ကို အခြေအနေ၊ အချိန်အခါအရ စဉ်းစားဆောင်ရွက်သင့်သည့် ပုဒ်မအဖြစ်သာ တင်ပြထားခြင်းဖြစ်သည်။
မကြာမီ ရက်ပိုင်းတွင် အဆိုပါဥပဒေမူကြမ်းကို ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရေး အကောင်အထည်ဖော်မှု ကော်မတီက လွှတ်တော်သို့တင်သွင်းတော့မည်ဖြစ်ကြောင်း သိရသည်။
____________________________________________
Ref: >> http://7daydaily.com/story/30245#.VMSpFv7kcjx

ဆေးဗူးတွေအကျီ င်္ထဲထည့်၊နားကြပ်မချွတ်ပဲ အသင့်ဖြစ်နေတဲ့ဆရာဝန်

ဆေးဗူးတွေအကျီ င်္ထဲထည့်၊အိမ်နေရင်းတောင်နားကြပ်မချွတ်ပဲ ဆေးကုသရန်အသင့်ဖြစ်နေတဲ့ဆရာဝန်

ကမ္ဘာစံချိန်တင်လောက်တယ်၊ ဓါတ်ပုံထဲကသူတွေကသူ့မိသားစုဝင်ပုံတွေပါ.
ရန်ကုန်စည်ပင်မှာလဲဝင်ပြိုင်ဖူးပါတယ်။
ဒေါက်တာတင်ထွန်း(စည်ပင်အနောက်ပိုင်းခရိုင်အနိုင်ရသူ)

ဆရာတော် ဦးဝီရသူ ကို ဘုန်းကြီးအဖြစ် မသတ်မှတ်ကြောင်း အမျိုးသားလွှတ်တော် အမတ် ဦးလှဆွေ ပြောကြား

Naing lin aung (23-1-2015)

မြန်မာနိုင်ငံဆိုင်ရာ ယူအင်လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီ ကို " -ာသည်မ " ဟု မစိုးရိမ်တိုက်သစ်ဆရာတော် ဦးဝီရသူ မှ ခေါ်ဝေါ်ခဲ့ခြင်း အပေါ် တုန့်ပြန်မှုများအား The Ladies မှ ဆက်သွယ်မေးမြန်းရာ

ဦးလှဆွေ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

ကျနော်ကတော့ ဥူးဝီရသူပြောတာနဲ့ပတ်သက်ပြီးတော့ လူတစ်ယောက်ရဲ့ သူက ပုထုဇဉ်လေ ပုထုဇဉ်တစ်ယောက်ရဲ့ပြောစကားနဲ့ ပတ်သက်ပြီး ဝေဖန် ပိုင်းခြား လိုခြင်း မရှိဘူး။ သူရဲ့ထင်မြင်ယူဆချက် သူပြောခြင်းရာမှာ သူ့နဂို ဇရိုက်ပါ ပါသွားတာပါ။ သို့သော် သူကို ဘုန်းကြီးအနေနဲ့တော မကိုးကိုယ်ဘူး။ သူကို ပုထုဇဉ် တစ်ယောက်အနေနဲ့ သူဟာ Freedom of Expression အနေနဲ့ သူပြောခွင့်ရှိတယ်။ ဒါပေမယ့် သူကို ဘုန်းကြီးတပါး အနေနဲ့ မသတ်မှတ် ထားပါဘူး။ ဒါ ကျနော် တစ်ယောက်ထဲရဲ့ ဝေဖန်သုံးသပ်ချက်ဖြစ်ပါတယ်။
ကျနော် တစ်ဦးတည်းရဲ့ အမြင်ပါ။ ပြည်ခိုင်ဖြိုးပါတီနဲ့ မဆိုင်ပါဘူး။

ဒေါ်ခင်ဝိုင်းကြည် (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်)

အန်တီအနေနဲ့က ဂိုဏ်းသင့်မှာကြောက်တယ်။ ဂိုဏ်းသင့်တယ်ဆိုတာက အန္တတော အန္တ၅ပါး ဂိုဏ်းပေါ့ ရဟန်းသံဃာနဲ့ပတ်သက်ပြီးဝေဖန့်တဲ့အခါ အန်တီဝိုင်း အနေနဲ့ သာမန်လူတွေဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ရံဖန်ရံခါကျတော့ အားနည်းချက်တွေ အားသာချက်တွေ ရှိတာပေါ့။ ငရဲကြီးမှာကြောက်တဲ့အတွက် အန်တီဝိုင်းမဝေဖန်ရဲဖြစ်တယ်။ မဝေဖန်ချင်ဘူး။ ဘာသာရေးအရ ရဟန်း သံဃာတွေပြောတဲ့အခါ အန်တီဝိုင်းတို့ လူတစ်ယောက် အနေနဲ့ ပြောဖို့တော့ မသင့်ဘူးလေ။ တစ်ခုတော့ရှိတယ်။ အန်တီဝိုင်း စိတ်မကောင်းဘူးလေ။ ရဟန်းသံဃာနဲ့ ပတ်သက်ပြီး ဘာမှ မဝေဖန်လိုပါဘူး။

အရှင် ဦးဇန၀ (ရွှေဝါရောင်)

“ဦးဇင်းတို့ ဗုဒ္ဓဘာသာ ဆိုတာကလည်း တဘက်ကပြောလာတိုင်းလည်း လက်ခံမှာ မဟုတ်ဘူးပေါ့နော်။ ဝေဖန်ပိုင်းခြားပြီးတော့မှ အကျိုးနဲ့အကြောင်းနဲ့ လက်ခံရင်လည်း ဘယ်အကြောင်းကြောင့် လက်ခံတယ်၊ လက်မခံရင်လည်း ဘယ်လိုအကြောင်းကြောင့် လက်မခံဘူးဆိုတာက ဖြစ်သင့်ဖြစ်ထိုက်တဲ့ လမ်းကြောင်းပေါ့။ အဲ့ဒီမှာ ဗုဒ္ဓဘာသာ ရဟန်းတော်တပါးအနေနဲ့ ကိုယ့် သိက္ခာပုဒ်တွေ တားမြစ်ထားတဲ့ ဥစ္စာကို ချိုးဖောက်ပြီးတော့ လူတွေ အချင်းချင်းတောင်မှ မပြောဆိုသင့်တဲ့ စကားမျိုးကို ရဟန်းတော်တပါး က ပြောလိုက်တဲ့ အခါကျတော့ ဘာတွေဖြစ်သွားသလဲဆိုရင် ဦးဇင်းတို့ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ရော၊ ရဟန်းတော်တွေရဲ့ပုံရိပ်ရော အားလုံး ပျက်စီး သွားတယ် လို့ ဦးဇင်းထင်တယ်။”

ကိုကျော်မင်းဆွေ ( အယ်ဒီတာချုပ် ၊ The Voice )

ဘာမှ ထွေထွေထူးထူး မပြောချင်တော့ဘူး။ ကျနော် ဒီကိစ္စနဲ့ ပတ်သက်ပြီး မကြာခဏ ရေးခဲ့၊ ပြောခဲ့ပြီးပြီ။ တစ်နေ့က အွန်လိုင်းပေါ်မှာ မြင်ရတဲ့ ဗီဒီယိုဖိုင် ကို ကြည့်ပြီး အတော်စိတ်မကောင်းဖြစ်သွားမိတယ်။ စိတ်လည်း အတော် ပျက်သွားတယ်။ ဒီပုံအတိုင်းဆို ရှေ့ဘာဖြစ်လာနိုင်တယ် ဆိုတာ လည်း တွေးကြည့် မိတယ်။ တွေးရင်း စိတ်ပူလာမိတယ်။ ကုန်ခဲ့တဲ့ နှစ်တွေက လိုများ ဖြစ်လာရင် ဒုက္ခ ပါလား.. လို့ (၄င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားခဲ့သည်။)

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး

“မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ပတ်သတ်ပြီး သွားရောက်လေ့လာနေတဲ့ ကုလ အဆင့်မြင့် သံတမန်တဦးကို အခုလိုမျိုး လိင်ကိစ္စနဲ့ နှိုင်းယှဉ်ပြီး စော်ကားမှုအပေါ် လုံးဝ လက်ခံနိုင်စရာမရှိပါဘူး။ မစ္စရန်ဟီလီ ဟာ သူလုပ်ရမယ့် အလုပ်တွေကိုပဲ လုပ်ခဲ့တာပါ။ ကုလ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးအနေနဲ့ တာဝန်ပေးခဲ့တာကိုပဲ သူ လုပ်တာပါ။ ဘာသာရေးနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေအနေနဲ့လည်း မစ္စရန် ဟီလီ တွေ့ရှိခဲ့တဲ့ လူမှု အသိုင်းအ၀န်းတွင်းက ကိစ္စရပ်တွေကို ဖြေရှင်းဖို့ ကျနော်တို့ ပြောလိုပါတယ်။” ဟု တရားဝင် သတင်းထုတ်ပြန်ထားကြောင်းလည်း သတင်းရရှိပါသည်။
______________________________
The Ladies News Journal (23-1-2015)