Tuesday, January 27, 2015

တကယ်ဖြတ်သဟ.......

ဖတ်သာကြည့်ကြပါတော့ ပရိသတ်ရေ
ယနေ. ဒဂုံ တက္ကသိုလ်ပါမောက္ခရဲ. ကလေးဆန်သော လုပ်ရပ်
========================================
သင်္ချာ ပထမနှစ်ကျောင်းသားများ ကောင်းညွန့်ခန်းမ သို့ ဦးတည်လာနေကြသည် ။
အခြားသော အတန်းကြီးကျောင်းသား အနည်းငယ်နှင့် အခြားမေဂျာကျောင်းသား
အချို့လည်း ကောင်းညွန့်ခန်းမသို့ လာနေကြသည် ။ Frist Year Fresher Welcome
ဖြစ်သည် ။

တိုင်းပြည်၏ နေရာအနှံ့အပြားတွင်ဖြစ်ပွားနေသော စတုတ္ထကျောင်းသားသပိတ်နှင့်
ပက်သက်၍ ဟောပြောမည်ဟူသော သတင်းမှာ ကျောင်းသားများအကြား ပျံ့နှံ့
နေသည် ။

ပါမောက္ခချုပ် ဒေါက်တာလှဌေး ရောက်သည့်အချိန်တွင် အခမ်းအနားစသည် ။ ဦးစွာ
ပါချုပ် အဖွင့်စကားပြောသည် ။ ပုံမှန်အားဖြင့် အခမ်းအနားများတွင် ပြီးဆုံးသည်
အထိနေလေ့ရှိသည့် ပါချုပ်သည် အဖွင့်စကားပြောပြီးသည်နှင့် ခန်းမမှ ထွက်ခွာ
သွားသည် ။ ယင်းနောက် သင်္ချာငှာနမှူး ၊ အားကစားမေဂျာ ပါမောက္ခ နှင့် ဆရာမ
တစ်ဦး အမှာစကားပြောသည် ။

ထို့နောက် အခမ်းအနားအစီအစဉ်မှာ ကျောင်းသားကိုယ်စားလှယ် မှ စကားပြော
ပေးရမည့် အစီအစဉ် ။ ကျောင်းသားများမဲပေးရွေးချယ်ထားသော ကျောင်းသား
ကိုယ်စားလှယ် စကာပြောရမည့်အလှည့်တွင် ကိုမင်းသုခ (သင်္ချာ ကျောင်းသား
ကိုယ်စားလှယ်) စင်ပေါ်တက်လာသည် ။ စတင်ပြောကြားရာ

"မင်္ဂလာပါ လို့ မနှုတ်ဆက်ခင် မေတ္တာရပ်ခံစရာရှိပါတယ် ။ ဒါက ကျနော် စကားပြော
နေစဉ် မိုက်ကရိုဖုန်း ကြိုးဖြုတ်လိုက်တာ တို့ ၊ မီးဖြတ်လိုက်တာ တို့ မလုပ်ဖို့  ကျောင်း
အာဏာပိုင်များကို ကြိုတင် မေတ္တာရပ်ခံပါတယ် "

ပထမနှစ်ကျောင်းသားများကို ကြိုဆိုကြောင်းပြောဆိုပြီး

"ဒီနေ့ ဒီချိန် ကျနော်တို့ ကျောင်းသားထုတစ်ရပ်လုံးအတွက် အရေးအကြီးဆုံး
ရောက်နေပြီ ။ ဒါဘာကြောင့်လဲဆိုရင် .___

ထိုစဉ် ကောင်းညွန့်ခန်းမ၏ အနောက်ဖက်အခန်းရှိ လျပ်စစ်မိန်းကို လုံခြုံရေးတစ်ဦး
မှ ဖြုတ်လိုက်သည် ။ပါမောက္ခမှ "ကဲကဲ မီးပျက်သွားပြီ ။ ကိုယ်စားလှယ်စကားပြောတဲ့
အစီအစဉ် ဖျက်လိုက်ပါပြီ " ဟု အခမ်းအနားမှူးကို အမိန့်ပေးလိုက်သည် ။

သတင်းဓါတ်ပုံ-Dagon University Students' Union.

အကြော်ဗန်းချကျွေးခဲ့တဲ့အဒေါ်ကို သွားရောက်ကန်တော့

Ti Ti Yadanar
ကျောင်းသားအဖွဲ့များ ပုလိပ်မြို့ကိုရောက်စဉ်က.....

အကြော်ဗန်းကို...ချကျွေးခဲ့တဲ့....အဒေါ်ကို.....

ဦးဦး နဲ့ အန်တီ Thi Win Kyaw မှ........

ငွေ ၅၀၀၀၀ ကျပ် သွားရောက်ကန်တော့ ခဲ့ပါတယ်။

မေတ္တာရောင်ပြန်ဟပ်ကြတယ်ဆိုတာကို...ကြည်နူးမိလို့....

မျှဝေပေးပါတယ်။

စေတနာ သဒ္ဒါတရားထက်သန်ကြတဲ့ဦးဦး နဲ့ အန်တီကိုလည်း
လေးစားလျက်ပါ။



ဘိုရူးရောဂါ

တောင်သာသမိုင်းရဲ့ တစ်ရက်တာ မှတ်တမ်းဓာတ်ပုံများ (ဇန်နဝါရီ ၂၇၊ ၂ဝ၁၅)


အေပေး..အောင်သောင်း... တောင်သာပြည်သူတွေထိပ်လန့် မှာ စိုးလို့ လမ်းပိတ်တာတဲ့... ပြည်သူတွေကြိုတာမှဝက်ဝက်ကွဲ.. အမှန်ကဒီပဲယင်းဖို့ ပြင်ထားတာ.. အစိုးရကတားတာမဟုတ်ပဲသူသ ဘောနဲ့ တားပြီးလုပ်ချင်တာလုပ်တာ အစိုးရထက်အာဏာရှိတယ်လို့ ပြ လိုက်တာပဲ....

ဓာတ်ပုံ - နိုင်လင်း/ကမာရွတ်မီဒီယာ

သွပ်သွပ်စကားမေစုတုံ့ပြန်