Tuesday, February 3, 2015

မကွေးတက္ကသိုလ်ပါမောက္ခချုပ်ကဗိုလ်ချုပ်အောင်ဆန်းဟာ''ဘွဲ့''မရခဲ့ဘူးလို့ဆန္ဒပြကျောင်းသားများကိုပြော

တောင်းရမ်းစားသောက်သူ ထံမှ တစ်ရက်တစ်ထောင် ကမာရွတ်စည်ပင်မှ ကောက်ခံ

Yangon Media Group
တောင်းရမ်းစားသောက်သူ သက်ကြီး ရွယ်အိုများထံမှ
တစ်ရက်တစ်ထောင် ကမာရွတ်စည်ပင်မှဆိုကာ ကောက်ခံနေ
============================================

ဇွဲမာန်

ရန်ကုန်၊ ဇန်နဝါရီ ၃ဝ

ကမာရွတ်မြို့နယ် အတွင်း တောင်းရမ်းစားသောက်လျက်ရှိသော အိမ်ခြေမဲ့ အဘိုးအဘွားများထံမှ တောင်းရမ်းခအဖြစ် တစ် ရက်လျှင် ကျပ်တစ်ထောင် သတ်မှတ်ကာ မြို့နယ် စည်ပင်က ကောက်ယူလျက်ရှိကြောင်း ဒေသခံ များက ဖလားဝါးနယူးစ်ဂျာနယ်သို့ ပြောသည်။

ကမာရွတ်မြို့နယ်အတွင်း စောင့်ရှောက် မှု ခံယူရန်လိုအပ်နေသည့် အဘိုးအဘွားများ အ နေဖြင့် မိမိဘဝရပ်တည်ရန် လိုအပ်ချက်အရ ငွေ ကြေးများ တောင်းရမ်း စားသောက်လျက် ရှိသော် လည်း မြို့နယ်တွင်း ဝင်ရောက်တောင်းရမ်းခ ဟုဆို ကာ တစ်ရက်လျှင် အခွန်အဖြစ် ကျပ်တစ်ထောင် အား မြို့နယ်စည်ပင်သို့ ပေးဆောင်နေရကြောင်း သိရသည်။

အဆိုပါ ငွေကျပ်တစ်ထောင် တောင်း သည့်ကိစ္စနှင့်ပတ်သက်၍ တောင်းရမ်း စားသောက် နေသော အဘိုးအဘွားများထံသို့ စည်ပင်သာယာ ရေးကော်မတီက ဆိုကာ လာရောက်ကောက်ခံခြင်း ဖြစ်ပြီး မည်သူမည်ဝါမှန်း အတိအကျ မသိရှိကြောင်း၊ သိရှိပါက လုပ်ထုံးလုပ်နည်းဖြင့် အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်း ကမာရွတ်မြို့နယ် စည် ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါပတ်ဝန်းကျင်တွင် ဈေးရောင်း ချလျက်ရှိသော သူများကမူ စည်ပင်မှဟု ဆိုကာ အမျိုးသမီးတစ်ဦး ပုံမှန်လာရောက် ကောက်ခံနေ ကြောင်း ပြောကြားသည်ဟု သိရသည်။

''တကယ်ဆို သူတို့ကတောင် လှူရမယ့် ဟာ။ အဲဒီလိုလုပ်တာ မကောင်းပါဘူး''ဟု ရန်ကုန် တက္ကသိုလ်မှ ကျောင်းသူတစ်ဦးက ပြောသည်။

လက်ရှိတွင် ကမာရွတ်မြို့နယ်တွင်းရှိ ရပ်ကွက်ပေါင်း ၁ဝ ရပ်ကွက်တွင် တောင်းရမ်းစား သောက်သူဦးရေ ၂ဝ ခန့်ရှိကာ အများစုမှာ အသက် အရွယ်ကြီးရင့်၍ စောင့်ရှောက်မှု ခံယူရန် လိုအပ်နေ သော အဘွားအဘွားများဖြစ်ကြောင်း သိရသည်။

‪#‎TheFlowerNews‬

ဦးဝီ..... အဆင်ပြေရင်အသံလေးကြားချင်ပါတယ်...



အချုပ်အခြာအာဏာကို ထိခိုက်နိုင်သလား ဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ဆန္ဒခံယူပွဲမှာ မဲပေးပိုင်ခွင့် ရှိသူ အရေအတွက်နဲ့ ယှဉ်ရင် ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူ အရေအတွက်ဟာ အလွန် နည်းပါးတဲ့အတွက် ဆန္ဒခံယူပွဲ ရလဒ်များကို ပြောင်းလဲအောင် မစွမ်းဆောင်နိုင်ဘူး လို့ မြင်ပါတယ်။ အချုပ်အခြာအတွက် အရေးကြီးတာက လွှတ်တော်ကိုယ်စားလှယ် များနဲ့ ဒုတိယသမ္မတ အရည်အချင်းများလို အရေးကြီးတဲ့ ရွေးချယ်ခန့်အပ်မှုများမှာ ယာယီ သက်သေခံလက်မှတ် ကိုင်ဆောင်ထားသူများ၊ အခြားနိုင်ငံ တစ်ခုရဲ့ သစ္စာခံ ထားသူများနဲ့ ပတ်သက် ဆက်နွယ်သူများ
မပါရှိရေး ဖြစ်ပါတယ်။
ဦးရဲထွဋ် (သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ)


White Card ကိုင်ဆောင်ထားတဲ့၊ နိုင်ငံသားမဟုတ်သူ ဘင်္ဂါလီများကိုပါ မဲပေးခွင့်ပြုသူများကိုရော ဂေါင်းများလို့ မမြင်ဘူးလား ဆြာတော်ဖျာ့။

တိတ်လှချည်လား ဖျာ့။

နန္ဒာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကြေညာချက်အမှတ် ၂/၀၂/၂၀၁၅ ထုတ်ပြန်

သံရုံးရှေ့ဆန္ဒပြတာအာမခံမပေးလို့

ဒေါ်လာ၃ရာနဲ့ ဆရာဝန်ကိုလူနာစောင့်ဖို့ခေါ်ပြီ

စားဝတ်နေရေးနဲ့သုံးစွဲနိုင်မှုကွာဟချက်ကို
ကိုင်ပြီးသမားဂုဏ်ကိုစော်ကားတာများလာရင်
တိုင်းပြည်ရဲ့ လူငယ်ပညာရေးနဲ့
လူငယ်ရဲ့တန်ဖိုးတာတမံကျိုးပျက်တာဟာ
တိုင်းပြည်ပျက်တာပဲ....
PSW(Personal support worker)သင်တန်းတက်
ထားသူတွေသာသက်ကြီး(သို့)နာမကျမ်းချို့တဲ့သူတွေ
ကိုစောင့်ရှောက်ရပါတယ်၊ဒေါ်လာ၃ရာလောက်နဲ့
ဆရာဝန်ကိုလူနာစောင့်ဖို့ခေါ်တာကတော့ရိုင်းတယ်.
တိုင်းပြည်ရဲ့ပုံရိပ်တခုယုတ်လျော့တယ်လို့ပဲပြောရမှာပဲ
ဆေးကုသဖို့နေရာဆိုရင်တောင်၃သိန်းကနဲလွန်းပါတယ်
ကြော်ငြာအသုံးအနုံးကိုသာဝေဖန်ခြင်းဖြစ်ပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့ဆရာဝန်သမားဂုဏ်ကဘယ်နေရာ
မှာရှိနေလဲ၊ဘယ်နေရာမှာရှိသင့်လဲဆိုတာစစ်တမ်းထုတ်
ဆွေးနွေးသင့်ပါတယ်....၊၊။

ကျောင်းသားများနှင့် NNER အဖွဲ့ဝင်များ နေပြည်တော်တည်းခိုရေးတွင် အခက်အခဲတွေ့



(၃-၂-၂၀၁၅) တွင် လေးပွင့်ဆိုင်တွေ.ဆုံပွဲ ဒုတိယအကြိမ် ပညာရေးဝန်ကြီးဌာန တွင် ပြုလုပ်ရန်ရှိရာ နေပြည်တော်ပညာရေးဝန်ကြီးဌာနရုံးရှေ.တွင် ကျောင်းသား ကိုယ်စားလှယ်များ၊ NNER မှ ဆရာဆရာမများ၊ သတင်းမီဒီယာများ၊ တက်ရောက် လေ့လာကြမယ့် ကျောင်းသားကျောင်းသူများအား အမည်စာရင်းဆိုတာနှင့် ကန်.သတ် တားဆီးထားသဖြင့် ကိုယ်စားလှယ်များမှ အကုန်လုံးပေးဝင်မှပဲ ဝင်ကြတော့မည်ဆိုကာ ရပ်တန်.နေကြစဉ်။

သတင်းဓါတ်ပုံ-နှင်းနှင်းဇွေ;


Ko Myo Thet Swe

=========================
၃.၂.၂၀၁၅ ရက်နေ့တွင် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ဒုတိယအကြိမ် ၄ပွင့်ဆိုင်တွေ့ဆုံပွဲအတွက် ကျောင်းသားကိုယ်စားလှယ်များနှင့် NNER အဖွဲ့ဝင်များ တည်းခိုနိုင်ရန် နေပြည်တော်စည်ပင်ရိပ်သာသို့ ၂.၂.၂၀၁၅၊ မနက်ကတည်းက ရန်ကုန်မှနေ၍ အခန်းများကြိုတင်မှာကြားခဲ့ပါသည်။ စည်ပင်ရိပ်သာမှ အဆင်ပြေကြောင်း ရောက်သောအခါမှ စာရင်းပေးနိုင်ကြောင်း ပြန်ကြားခဲ့ပါသည်။ သို့သော် ကျောင်းသားကိုယ်စားလှယ်များနှင့် NNER အဖွဲ့ဝင်များ နေပြည်တော်သို့ သွားနေချိန် ည ၁၀း၃၀ ခန့်တွင် စည်ပင်ရိပ်သာတွင် တည်းခို၍ မရနိုင်တော့ကြောင်း ကြိုတင်ရောက်ရှိနေသည့် NNERအဖွဲ့ဝင် ဆရာမဒေါ်တင်နွဲ့ရီမှ လှမ်းပြောလာခဲ့ပါသည်။ ဖြစ်စဉ်မှာ အမိန့် ကြိုတင်ရရှိထားသည်ဟု ယူဆရ၍ ဆရာမမှ မှတ်ပုံတင်ပြလိုက်သည့်အခါ စည်ပင်ရိပ်သာမန်နေဂျာမှ တည်းခိုရန် သူ မဆုံးဖြတ်နိုင်၍ "အဘ"ကို ခေါ်ပေးမည် ပြောပြီး "အဘ"ရောက်လာသောအခါ စည်းကမ်းချက် ၂၈ ချက်ကို ပြသ၍ အပြစ်ကင်းသည်ထင်လျှင် တည်းပါ လို့ ပြောကြားခဲ့ပါသည်။ ဆရာမအား ခြိမ်းခြောက်သောအခါ တခြားသူများမှ ၀ိုင်း၍ ကြည့်ကြပါသည်။ ထို့နောက် တည်းခိုရေး အဆင်မပြေတော့ပါ။ တက္ကသိုလ်ဆရာမတစ်ယောက်အား ယခုကဲ့သို့ မခြိမ်းခြောက်သင့်ပေ။ ဆရာကျော်သူတို့ ရောက်သွားသည့်အခါ လူကြီး ညွှန်ကြားချက်ကြောင့် အခန်းတွေ အကုန်ပိတ်လိုက်ကြောင်း ပြောလာပါသည်။ ထပ်မံရောက်နှင့်နေသူများ ပြောကြားချက်အရ အခန်းများ ရှိသေးကြောင်းနှင့် အမိန့်တစုံတရာအရ ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း ကြားသိရပါသည်။ နံနက်(၂)နာရီခန့်တွင် ကျောင်းသားကိုယ်စားလှယ်များနှင့် NNER အဖွဲ့ဝင်များ စည်ပင်ရိပ်သာရှေ့သို့ ရောက်ရှိသည့်အခါ သံတံခါးများ အတင်းဆွဲပိတ်ကြ၍ လုံခြုံရေးများ ချထားသည်ကို တွေ့မြင်ရပါသည်။ ယခုအဖြစ်အပျက်မှာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးလမ်းစဉ်ကို အစိုးရဘက်မှ အခက်ကြုံအောင် ပြုလုပ်နေခြင်းဖြစ်သည်ဟု NNER အဖွဲ့ဝင်များမှ ကောက်ချက်ချမိပါသည်။
ကျောင်းသားကိုယ်စားလှယ်များနှင့် NNER အဖွဲ့ဝင်အချို့သည် ကားပေါ်တွင် တစ်ညတာ အိပ်စက်ခဲ့ရပါသည်။

နံနက် (၃း၃၀)နာရီ၊ (၃.၂.၂၀၁၅)
Ref; NNER Page


RPhoto News: Student Representatives Leave NPD

နေပြည်တော်မှာ ကျင်းပဖို့ရှိတဲ့ လေးပွင့်ဆိုင်ဆွေးနွေးပွဲ ရွှေ့ဆိုင်းသွားပြီးတဲ့နောက် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက ကျောင်းသားတွေနဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက် NNER တို့က ကိုယ်စားလှယ်တွေဟာ နေပြည်တော်ကနေ ရန်ကုန်ကို ပြန်လည် ထွက်ခွာခဲ့ကြပြီး ရဲလုံခြုံရေးကားတွေကလည်း အနောက်နေ တောက်လျှောက် လိုက်နေခဲ့ပါတယ်။

(ဓာတ်ပုံ - လပြည့်ကို/ကမာရွတ်မီဒီယာ)