Sunday, February 8, 2015

အရေးကြီးသတင်း ပေးပို့ မှု



================

မန်း-ရန်ကုန်သပိတ် စစ်ကြောင်း ရှေ့ပြေးတပ်ဦး ထံမှ သတင်းဝင်လာပါတယ်။

ပြည်မြို့ အဝင်မှာ သပိတ်စစ်ကြောင်းအား အတားအဆီးများရှိနေ၍ စစ်ကြောင်းသို့ ပြန်လည် ပူးပေါင်းရန် မလွယ်ကူတော့ပါ။
နဗျင်း တောင်ကြား အခြေအနေမျိုးဖြစ်နေပါသည်။

ပိတ်ဆို့ခဲ့ လျင် ပိတ်ဆို့သည့်နေရာ တွင် သပိတ်စစ်ကြောင်းက ထိုင်သပိတ် ဆက်လက်ဆင်နွှဲပါမည်။

တောင်တွင်း၊ အောင်လံ နှင့် ပြည် မှ ပြည်သူလူထုက ကျောင်းသားများကို ဝန်းရံပေးကြဖို့ ရှေ့ပြေးတပ်ဦးက နှိုးဆော်ထားပါတယ်။

ပခုက္ကူ၊ မုံရွာ၊ ရေနံချောင်း၊ ချောက် စစ်ကြောင်းက မန်းရန်ကုန် စစ်ကြောင်းကို အမီ ပူးပေါင်းပေးဖို့ ထိုင်သပိတ် ဝိုင်းဝန်းဆင်နွှဲ ပေးဖို့ သတင်းပို့လာပါတယ်။

ပြည်သူတွေ ကျောင်းသားတွေကို စောင့်ရှောက်ပေးကြပါ။


မေပုပ္ပွါး



Werb Werb ရန်ကုန်မြို့ ရှိ ဒီမိုက ရေစီ ဘက်တော်သား များ အ နေနဲ့ ထိုသူအား သတိထါး၍ ရှောင် ကျင် နိုင်စေရန် အသိပေး အပ်ပါတယ်…
***၄င်း၏အမည် မှာ " စိုးတင့်အောင် " ဖြစ်ပြီး " ၃(ခ)ရပ်ကွက်-(၈)လမ်း မင်္ဂလာဒုံ မြို့ နယ်-ရန်ကုန်မြို့ " မှာနေထိုင် ပါတယ် ။
***သူဟာ ၂၀၁၀ ရွေးကောက်ပွဲ အချိန်က -တစည ပါတီဝင် တစ်ဦးဖြစ်ပြီး…တစည ပါတီရှုံး သောအခါ…၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲ တွင် " NLD " ပါတီသို့ ပြောင်းဝင် လာပြန်သည် -ခံယူချက် ခိုင် မာမှု မရှိဘဲ သူ၏ နေရာရလို မှုကြောင့် ပါတီ ဝင် တစ်ချို့ နှင့် အဆင် မ ပြေဖြစ် ကာ ………
……ယခု အချိန်၌ မဘသ အဖွဲ့ အစည်း နှင့် ပူးပေါင်းလိုက်ပြီး ထိုအဖွဲ့အစည်း မှ ထုတ်ဝေ သေါ " သာကီသွေး "စာစေါင် ၌ _ စိုးတင့်အောင် (မင်္ဂလာဒုံ ) က လေါင် အမည်ဖြင့် NLD ပါတီ ခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် နှင့် ၈၈ ကျောင်းသားအဖွဲ့ ကြီးတို့ အား သွယ်ဝိုက်သေါ နည်းဖြင့် စေါင်းမြောင်းပြစ်တင် ရေးသား လျက် ရှိပါတယ်…
……တပြိုင် နက်တည်းမှာပဲရန်ကုန် မြို့ တွင်း မှာ ဆန္ဒပြ ပွဲ များ တွင် လည်း သူ့လူ ကိုယ့်ဘက်သါး လုပ်၍ ဝင်ရောက် ဆန္ဒ ပြ လေ့ ရှိပါတယ်…
---ထို့ကြောင့် ဒီမိုက ရေစီ ဘက် တော်သားများ အ နေနဲ့ ၄င်းအား မိမိတို့ ၏ အဖွဲ့အစည်း အတွင်း သို့ ဝင်ရောက်၍ ဆန္ဒပြခြင်း အား တားမြစ်နိုင်စေရန် လေးစါးစွာ အသိပေးအပ်ပါသည် ။
***သူ၏ ခံယူချက် ကို သိလိုပါက မဘသ(၉၆၉) အဖွဲ့ကြီးမှ ထုတ်ဝေ သော ယခု နောက်ပိုင်းထွက် " သာကီသွေး " စါစေါင် များ၌ ဖက် ရှု နိုင် ပါတယ်… ( ကျေးဇူးတင် ပါတယ် )

အဓိကရုဏ်းနှိမ်နှင်းရေးယာဉ်များတရုတ်ကမြန်မာအစိုးရကိုလှုဒါန်း

ဖမ်းမှာလား၊ကမ်းမှာလားဦးသိန်းစိန်




ဗန္ဓုလပန်းခြံထဲက ခုနစ်နှစ်အရွယ် ပို့စကတ်အရောင်းသမလေး
=============================================

- သူသူထက်လွင်

အပြာရောင်ချည် လွယ်အိတ်သေးသေးလေးကို စလွယ်သိုင်းထားပြီး သနပ်ခါးပါးကွက်ကျား နဲ့ သွက်လက်ချက်ချာတဲ့ မိန်းကလေးငယ်လေးတစ်ဦး။ မြက်ခင်းစိမ်းစိမ်း၊ ရေပန်းများပန်းထွက်နေသည့် လွတ်လပ် ရေးကျောက်တိုင်ကြီးရှိရာ ရန်ကုန်မြို့လယ်ကောင် မဟာ ဗန္ဓုလပန်းခြံကြီးဟာ သူ့ရဲ့ပိုင်နက်ပါ။

အင်္ဂလိပ်စကားကိုလည်း လည်လည်ဝယ်ဝယ် ပြော တတ်သူဖြစ်ပါတယ်။ ''သမီးက How are you? လို့မေး၊ သူတို့က I am fine လို့ ပြန်ပြောတယ်။Where come from? လို့ ထပ်မေးလိုက်ရင် သူတို့က From Germany လို့ ပြန်ဖြေကြတယ်''လို့ အသက် ခုနစ်နှစ်အရွယ် သူဇာလင်း က ပြောပြပါတယ်။

သူမအသက် ခြောက်နှစ်အရွယ်ကတည်း က အင်္ဂလိပ်စကားကိုပြောတတ် နေတာလို့ ဆိုပါတယ်။

သူမနေထိုင်ရာ ဒလမြို့နယ်ကနေ မဟာဗန္ဓုလပန်း ခြံထဲမှာ ပို့စကတ်လေးတွေ လိုက်ရောင်းနိုင်ဖို့ အင်္ဂလိပ်လို ကျွမ်းကျင်တဲ့ သူမနဲ့ဘဝတူ ပို့စကတ်ရောင်းတဲ့ အစ်မကြီး တစ်ဦးထံမှ အင်္ဂလိပ်လိုပြောတာကို အတုယူပြောရင်းတတ် မြောက်လာတယ်လို့ သိရပါတယ်။

အဖေဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်း ဘဝနောင် ရေးအတွက် ပန်းခြံမှာ ပို့စကတ်ရောင်းကာ အသက်မွေး ဝမ်းကျောင်းပြုတယ်လို့ ဆိုပါတယ်။

''အမေက ဒေါ်စန်းစန်းဝင်း၊ အမေက သမီးတို့ ဒီဘက် ကမ်းကို ဈေးလာရောင်းရင် ထမင်းချိုင့်ထည့်ပေးတယ်။ ဒီပိုက်ဆံတွေက သမီးနောင်ရေးအတွက်ပါ''။
သူမဟာ သာမန်ကလေးငယ်လေးတစ်ယောက်ဖြစ် ပေမယ့် သူမရဲ့နေ့စဉ် ဘဝလေးကတော့ အခြားကလေး ငယ်များလို သက်သောင့်သက်သာမဟုတ်ဘဲ ခက်ခဲကြမ်း တမ်းမှုတွေ ရှိနေပါတယ်။

ကျောင်းပိတ်ရက် စနေ၊ တနင်္ဂနွေမှာ ပို့စကတ်ထွက် ရောင်းနိုင်ဖို့ အခြားကလေးငယ်တွေ နှစ်နှစ်ခြိုက်ခြိုက်အိပ် မောကျနေတဲ့ မနက်စောစော ၄ နာရီခန့်မှာ အိပ်ရာက ထရတယ်။

''၄ နာရီထ ရေချိုး၊ သနပ်ခါးလိမ်း၊ အဝတ်အစားလဲ ပြီးရင် ဒီ(ပန်းခြံ)ကို မနက် ၅ နာရီလောက် ရောက်တယ်။ ပို့စကတ်လိုက်ရောင်းတယ်။ ဧည့်သည်တွေကလဲ မဝယ်ကြ ဘူး...''ဟု ညှိုးငယ်ပြီး စိတ်ဓာတ်ကျသော မျက်နှာလေး နဲ့ပြောရင်း ခေါင်းငုံ့သွားတယ်။

မျက်ရည်အနည်းငယ်ဝဲလာပြီး စကားဆက်ပြောဖို့ ကြိုးစားပါတယ်။
''ညကျရင် ခြေထောက်တွေ တအားကိုက်တာပဲ။ ကိုယ့်ဘာသာ ကိုယ့်လက်နဲ့ ထုနေရတယ်။ အိပ်လို့မပျော် ဘူး။ တစ်နေကုန် လျှောက်သွားထားတော့ ညကျရင်သမီး ခြေထောက်တွေကဖောင်းပြီး ရောင်ကိုင်းနေတယ်''လို့ ဆက်ပြောပြပါတယ်။

သူမအရွယ်ကလေးငယ်လေးတွေ အိပ်ရေးဝဝအိပ် နေချိန်၊ မိဘတွေဆီက မုန့်ဖိုးတောင်းပြီး ကျောင်းသွား၊ ကျူ ရှင်တက်နေချိန်မှာ သူမကတော့ မိခင်သုံးစွဲဖို့၊ အ ဒေါ် အတွက် ဈေးဖိုးရင်းပေးဖို့၊ အဘွားဆီမှာ ငွေစုဖို့၊ ကိုယ်ပိုင် စုဘူးဖြင့် ငွေစုဖို့ ပို့စကတ်ကို ရောင်းနေရတာဖြစ်ပါတယ်။

''သမီးမရောင်းရင်လဲ ဖြစ်တော့ဖြစ်ပါတယ်။ ဒါပေမဲ့ အဒေါ်က သူ့ကိုပိုက်ဆံရင်း မပေးနိုင်ရင်ရိုက်တယ်။ သမီး ရဲ့နောင်ရေးကလဲ ရှိသေးတယ်လေ။ သမီးက တက္ကသိုလ်မှာ ဘွဲ့ယူပြီးတဲ့အထိ တက်ချင်တာ။ခုဆို သမီးစုထားတာ တစ် သိန်းလောက်ရပြီ''။

မသူဇာလင်းဟာ အသက်ငယ်ရွယ်ပေမယ့် ဘဝပေး အခြေအနေကြောင့် သူမကစီးပွားရေးနဲ့ပတ်သက်လို့ အသိ ဥာဏ်များ မြင့်မားနေပါတယ်။
''ဝယ်ချင်တဲ့ ဧည့်သည်ကျတော့ How much? ဘယ်လောက်လဲလို့ မေးတယ်။ သမီးက 10 to 2000 kyats, 20 to 4000 kyats, Discount for you 3000 Kyats လို့ ပြောလိုက်တယ်။ အဲဒီလိုပြောလိုက်လို့ တကယ် ဝယ်မယ်ဆိုရင်တော့ သူတို့က Yes လို့ ပြန်ပြောပါတယ်'' ဟု မသူဇာလင်းကဆက်ပြောတယ်။

ကလေးငယ်လေး တစ်ယောက်ဖြစ်ပေမယ့် ဈေးရောင်း ခြင်း၊ အင်္ဂလိပ်ဘာသာ စကားကျွမ်းကျင်ခြင်းအပြင် Discount ပေးခြင်းတွေကို သိနားလည်နေသည်မှာလည်း ထူးခြားလှတယ်။ ကောင်းရောင်းကောင်းဝယ် ပို့စကတ်ရောင်းနေသော သူမက ရဲတွေကိုအမြဲရှောင်တိမ်းနေရတယ်။ ရဲဖမ်းတာ လည်းခံရဖူးတယ်လို့ပြောတော့ ပိုပြီး စိတ်ဝင်စားမိပါတယ်။

အသက် ၁ဝ နှစ်တောင် မပြည့်သေးတဲ့ ဒီကလေးငယ် လေးက ရဲဖမ်းလို့ ကလေးထောင်သို့ရောက်ခဲ့ရတယ်လို့ သိခဲ့ရပါတယ်။

''ပို့စကတ်ရောင်းတာ အခက်အခဲကတော့ ရဲဖမ်းတာ ရှိတယ်။ သမီးရဲဖမ်းခံရဖူးတယ်။ တစ်ခါ ထောင်ထဲရောက် သွားဖူးတယ်။ ဧည့်သည်ကိုလိမ်တယ်ထင်လို့ ရဲကဖမ်းတာ ပါ။ ဝါးနက်ချောင်းကိုပို့တယ်။ သမီးအသိတွေနဲ့ တစ်သိန်း ပေးလိုက်ရတယ်။ လွတ်လာတယ်''ဟု သူမက ဆက်လက် ပြောတယ်။

နိုင်ငံခြားသား ခရီးသွားတွေကို ဒေါ်လာငွေလဲလှယ် ပေးပြီး လိမ်တယ်ဟုတိုင်တန်းခံရလို့ ရဲကဖမ်းဆီးခြင်းဖြစ် ပါတယ်။

''သူတို့တွေက ဒေါ်လာတွေကို ဧည့်သည်ကို လိမ် ပြီးလဲတယ်။ ပြီးရင် သမီးခေါင်းပေါ်ပုံချတယ်။ သမီးတို့ လုပ်တယ်ထင်ပြီး ရဲကဖမ်းတယ်။ ဧည့်သည်ကို လိမ်တဲ့သူ၊ ဧည့်သည်ကိုအနှောင့်အယှက်ပေးတဲ့ သူတွေ ကိုပဲ ရဲကဖမ်းတာပါ။

အခုပန်းခြံထဲမှာ ပို့စကတ်ရောင်းရင် ဧည့်သည်ကို အနှောင့်အယှက်ဖြစ်စေတယ်ဆိုပြီး လာဖမ်း မှာစိုးလို့ ပို့စကတ်တွေကို လွယ်အိတ်ထဲမှာထည့်ထားတာ ပါ''ဟု ပြောတယ်။

ရဲဖမ်းခံရမှာစိုးလို့ ပို့စကတ်တွေကို ပေါ်ပေါ်ထင်ထင် လက်ပေါ်မှာတင်ပြီး ထုတ်မရောင်းရဲတော့ဘဲ သာမန်က လေးငယ်တစ်ယောက်လိုပဲ ပန်းခြံသို့လာတဲ့သူအတိုင်း ဟန် ဆောင်ရင်း ရောင်းချနေတာဖြစ်ပါတယ်။

မဟာဗန္ဓုလပန်းခြံမှာ အပန်းဖြေနားနေရန် လာရောက် သူများစွာရှိပြီး နိုင်ငံခြားသားဧည့်သည်နဲ့ မြန်မာနိုင်ငံသား များကို ခွဲခြားရန်ခက်ခဲပါတယ်။
နိုင်ငံခြားသား ဧည့်သည် ဖြစ်မှန်းကလေးတစ်ယောက် အနေနဲ့ ဘယ်လိုသိလဲ ဆိုတာ ကိုထပ်မံမေးမြန်းဖြစ် ပါ တယ်။

''နိုင်ငံခြားသား ဧည့်သည်ဆိုရင် အသားက ဖြူဆွတ် တယ်။ အသားအရမ်းဖြူတယ်။ မြန်မာတွေကျတော့ အ သားဖြူပေမယ့် မြန်မာလိုပြောကြတယ်။ ဧည့်သည်ကျ တော့ သူတို့အချင်းချင်း အင်္ဂလိပ်လိုပြောတယ်''ဟု မသူ ဇာလင်းက ပြောပြတယ်။

ပန်းခြံကို ဂျာမနီ၊ ပြင်သစ်နဲ့ သြစတြေးလျနိုင်ငံသား တွေ အများဆုံး လာရောက်ကြပြီး ဧည့်သည်တွေကို ရန် ကုန်မြို့တွင်း သင်္ဘောဆိပ်ကမ်းသို့ ဧည့်သည်နဲ့ပါလာသော ခရီးသွားလမ်းညွှန်နဲ့တကွ သူမကလိုက်ပါပို့ဆောင်ပေးပါ တယ်။

အဲဒီလို သူတို့သွားလိုတဲ့နေရာတွေကို ပို့ဆောင်ပေး ပြီး အင်္ဂလိပ်လို ရှင်းလင်းပြောပြပေးရင် ကျပ် ၅ဝဝဝဝ မှ တစ်သိန်းအထိရရှိကြောင်းနဲ့ သူမတစ်ယောက်တည်း ဘယ် တော့မှ လိုက်မပို့ကြောင်း သိရတယ်။

''သူများတွေကို ကားနဲ့လာ ခေါ်တာရှိတယ်။ လိုက် သွားကြတာတွေရှိတယ်။ သမီးကတော့ မလိုက်ဘူး။ သမီး က မိန်းကလေးလေ။ သမီးတို့ဒလဘက်မှာ ကလေးတွေ ကိုဖမ်းတယ်။ အူကလီစာ တွေထုတ်ပြီး နိုင်ငံခြားကို ရောင်းစားတာမျိုးတွေ ရှိ တယ်။ သမီးကြောက်တယ် ဆရာမ။ ဆရာမလဲ ကားနဲ့ လာခေါ်ရင် မလိုက်သွားနဲ့ နော်''ဟု သူမလေးက စိုး ရိမ်စွာဖြင့် ပြောတယ်။

သူမက ကျွန်မကို ဆရာမလို့ခေါ်ပြီး ကျွန်မအ တွက်အလွန်စိုးရိမ်စွာဖြင့် ဘယ်သူခေါ်ခေါ် လိုက်မသွား ဖို့ အထပ်ထပ်မှာနေပါတယ်။

အသက်ခုနစ်နှစ်သာ ရှိ သေးပေမယ့် အသိပညာ၊ အ တတ်ပညာပြည့်စုံသောသူမ မှာ ကြီးမားသော ရည်ရွယ်ချက် ရှိပါတယ်။

''သမီးက ဈေးရောင်းချင် တဲ့စိတ်နဲ့ရောင်းတာပါ။ စာမ တတ်ရင် ကဲ့ရဲ့ခံရမှာစိုးလို့။ သမီး ကြီးလာရင် ဆရာမကြီးလုပ်မယ်။ သူများတွေကို အလကားပညာ သင်ပေးမယ်။ တက္ကသိုလ်က ဘွဲ့ယူပြီးရင် တိုက်အိမ်ဝယ် မယ်။ သမီးအိမ်အောက်မှာ ဟိုတယ်ကြီးဖွင့်မယ်။ သမီး ကျောင်းကပြန်လာရင် နိုင်ငံခြားသားတွေကို အင်္ဂလိပ်လို ပြန်ရှင်းပြပေးမှာပေါ့''ဟုပြောပါတယ်။

လက်ရှိအချိန်မှာတော့ သူမက ဒလမြို့နယ် အမက ကျောင်းမှာ ပထမတန်း ပညာကိုသင်ယူနေပြီး ဒလမြို့နယ် ရာဇသင်္ကြန်မှာ မိခင်ဒေါ်စန်းစန်းဝင်း၊ မောင်နှမအရင်း လေးယောက်၊ အဖေတူအမေကွဲ မောင်နှမများနဲ့ အတူ တကွနေထိုင်လျက်ရှိတယ်လို့ သိရပါတယ်။

ကလေးတစ်ယောက်ဖြစ်ပေမယ့် ရည်မှန်းချက်ပန်း တိုင် အခိုင်အမာရှိတဲ့ သူမ ဘဝတစ်လျှောက် စိုးရိမ်ပူပန် မှုများ ကင်းဝေးစွာဖြင့် ပညာရေးမှာ ထူးချွန်ပြီး နောင်အ နာဂတ်မှာ နိုင်ငံကအားထားရမယ့် ဧည့်လမ်းညွှန်ကောင်း ဖြစ်ပါစေကြောင်း ဆန္ဒပြုရေးသားလိုက်ခြင်းပင် ဖြစ်ပါ တယ်။ ။

#TheYangonTimes

ဗိုလ်ချုပ်ကို သတ်တဲ့ အစိုးရသတင်းစာများ

ကျောင်းသားသပိတ်အားကိုးရီးယားကျောင်းသားကျောင်းသူများပါဝင်

Khin Mg Win Ap့ ဗိုလ်စိန်မှန်ကွင်းရှေ်ကျောင်းသားသပိတ်အားထောက်ခံပွဲ၌ကိုးရီးယားနိုင်ငံကျောင်းသားကျောင်းသူများပါဝင်ထောက်ခံ

ရဲ မဟုတ်သူတွေ ဖော်ထုတ် အရေးယူပေးပါ

ပြည်ထဲရေး ၀န်ကြီးခင်ဗျား…….
ကျောင်းသားသပိတ် ထဲက ကျောင်းသား မဟုတ်သူတွေကို
ဖော်ထုတ် အရေးမယူခင်…

ဒီကနေ့ မြို့တော် ခန်းမရှေ့မှာ ကျောင်းသား သပိတ်အတွက်
နေရာယူထားကြတဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲက ရဲ မဟုတ်သူတွေ
ရဲယူနီဖောင်းအပြည့်ဝတ်ဆင်ထားခြင်းမရှိတဲ့ ရဲလို့မသတ်မှတ်နိုင်တဲ့သူတွေကို
အရင်ဆုံး ဖော်ထုတ် အရေးယူပေးပါလို့ နိုင်ငံသားတစ်ယောက်အနေဖြင့်
တိုင်ကြားအပ်ပါသည်။

Soe Moe Aye

အပြစ်ဒါဏ်ငရဲမှာကျခံစေရန်


2010 မှာမဲလိုချင်တော့ဓါတ်ပုံတောင်မရိုက်နိုင်ဖူး၊
White Card တွေလုပ်ပေးပုံများ.....
ပုံမပါတဲ့White Card ကနိုင်ငံသားဖြစ်နိုင်ခြေရှိသူ
လို့ပြောတာဘယ်သူလဲ....
ဘင်္ဂလီ၃ယောက်လောက်လွှတ်တော်ထဲရောက်ဖို့
လ၀ကဥပဒေကိုမြောင်းထဲပို့....
နိုင်ငံသားပြုခွင့်ဥပဒေကိုမစင်သုတ်ပစ်တဲ့...
အစိုးရ၊သမ္မတ၊လွှတ်တော်မှာထောက်ခံသူများ
၊ကြံ့ဖွတ်ဒုဥက္ကဌ၊ပြန်ဝံ......
သင်တို့သည်သမိုင်းတရားခံများဖြစ်သည်။
အပြစ်ဒါဏ်ငရဲမှာကျခံစေရန်အမိန့်ချမှတ်သည်။
ပြည်သူများ၏အမိန့်အရ......

ဧရာဝတီရဲ့သမီးပျို ချောစုစံ အိမ်ပြန်ပြီ


Kamayut Media
Photo News: Youngest Student Returns Home (12:57 pm)

ဧရာဝတီပညာရေးစစ်ကြောင်း သပိတ်ရဲ့ အလံကိုင်၊ အထက ၁ ပုသိမ်ရဲ့ ဆယ်တန်းကျောင်းသူ ချောစုစံတစ်ယောက် သပိတ်စစ်ကြောင်း ၆ရက်မြောက်တဲ့နေ့မှာတော့ မအူပင်မြို့နယ် ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးနဲ့ မိဘနှစ်ပါးရှေ့မှာ စာမေးပွဲနီးလာလို့ အိမ်ပြန်ဖို့ ဖေဖော်ဝါရီ ၈ရက်နေ့မှာ တရားဝင်ပြန်အပ်လိုက်ပါတယ်။

မိဘတွေက ဆယ်တန်းစာမေးပွဲဖြေစေချင်တာကြောင့် စာမေးပွဲပြီးမှ သပိတ်မှာပြန်ပါဝင်ဖို့နှစ်သိမ့်ခဲ့ပြီး မိဘနဲ့ဆရာတွေဆီ ကျောင်းသားသပိတ်က အပ်ခဲ့တာဖြစ်ပါတယ်။ ပုသိမ်ကနေ မအူပင်အထိ သပိတ်စစ်ကြောင်းမှာ ပါဝင်ဝန်းရံပေးတဲ့ ချောစုစံရဲ့ဖခင် ဦးအောင်ကျော်သူက သပိတ်က တောင်းဆိုတဲ့ အလယ်တန်းအခမဲ့ပညာရေးစနစ်ကို သဘောကျပြီး မြန်မာပြည်ပညာရေးစနစ်ကို မြင့်စေချင်တဲ့စိတ်နဲ့ သမီးဖြစ်သူ သပိတ်နောက်လိုက်ပါခဲ့တာကို သူနားလည်တဲ့အကြောင်း၊ ဒါ့ကြောင့် သမီးကိုစောင့်ရှောက်ဖို့ သပိတ်နဲ့အတူ လိုက်ပါခဲ့သူပါ။ ဆရာတွေကလည်း စာမေးပွဲနီးလာလို့ ကျောင်းကုန်းထိပဲ လိုက်စေခဲ့ရာက မအူပင်ထိ ပါလာတာပါလို့ ဆိုပါတယ်။

ကျောင်းသူတစ်ယောက်အဖြစ် ကျောင်းသားကျောင်းသူတွေရဲ့ ပညာရေးတောင်းဆိုချက်ကို ရပ်တည်တာ ကိုယ့်ကိုကိုယ် မှန်ကန်တယ်လို့ အခိုင်အမာယူဆတယ်လို့ ချောစုစံက ပြောပါတယ်။ ကျောင်းသားတွေဦးဆောင်တဲ့ သပိတ်ကိုထားပြီး လှည့်မပြန်ချင်ဘူးလို့ ဧရာဝတီစစ်ကြောင်းရဲ့ အသက်အငယ်ဆုံး ကျောင်းသူ ချောစုစံက ပြောပြပါတယ်။

(ဓာတ်ပုံ - ကောင်းခန့်/ကမာရွတ်မီဒီယာ)

နောက်တပါတ်တနင်္ဂနွေနေ့မှာ သမိုင်းလမ်းဆုံမှစထွက်မည်

Yangon (1:18 pm)

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုရဲ့ ကျောင်းသားသပိတ်အပေါ် သတိပေးပြောဆိုအပြီး တစ်ရက်အကြာမှာ ရန်ကုန်မြို့ပေါ်က ကျောင်းသားတွေ။ လှုပ်ရှားတက်ကြွသူတွေ၊ ပြည်သူတွေပါဝင်တဲ့ အင်အား ရာပေါင်းများစွာ ကျောင်းသားသပိတ်ကို ထောက်ခံတဲ့လှုပ်ရှားမှုကို မနက်ပိုင်းက စတင်လုပ်ဆောင်ခဲ့ပြီး ရန်ကုန်မြို့လယ်က ဆူးလေစေတီတော်ဆီကို ဦးတည်ချီတက်ပြီး လမ်းလျှောက်နေကြပါတယ်။

(ဓာတ်ပုံ - လပြည့်ကို/ကမာရွတ်မီဒီယာ)


့ဗိုလ်စိန်မှန်ကွင်းရှေ်ကျောင်းသားသပိတ်အားထောက်ခံပွဲ၌ကိုးရီးယားနိုင်ငံကျောင်းသားကျောင်းသူများပါဝင်ထောက်ခံ

Kyi Lwin
ယနေ့ကျင်းပတဲ့ကျောင်းသားများနဲ့ထောက်ခံအားပေးသူပြည်သူလူထု လမ်းလျှောက်ဆန္ဒထုတ်ဖေါ်ပွဲ အောင်မြင်အေးချမ်းစွာပြီးဆုံးသွားပါပြီ။ နောက်တပါတ်တနင်္ဂနွေနေ့မှာ သမိုင်းလမ်းဆုံမှစထွက်မည်ဖြစ်ကြောင်း ကြိုတင်အကြောင်းကြားအပ်ပါသည်။

ဂုဏ်သရေရှိအစိုးရအာဘော်

Myo Lwin

၁၉၉၈

ဒီလိုတွေ ပြောခဲ့ ပြောဖို့ တီဗီပေါ်မှာ တောက်လျောက်လွင့်ဖို့ သူတို့တွေ ၂၅နှစ် လုံးလုံး အခွင့်အရေး ရခဲ့တယ်။ သတင်းစာတိုင်းမှာ ၃၅၆ ရက်လုံး စာလုံးမည်းကြီးတွေ အပြည့်။ တီဗီမှာလဲ နေ့တိုင်းလာ။

မမြင်ဘူး မကြားဘူးတဲ့ လူငယ်တွေ ကျောင်းသားတွေ ကြည့်ကြပါ

White card ကိစ္စ ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက် လက်မခံ

Coral Arakan News
White card ကိစ္စ ပြည်ထောင်စုလွှတ်တော် ဆုံးဖြတ်ချက် လက်မခံ ဟူသော စာကို စစ်တွေမြို့ လမ်းမတော်တောင်ရပ်ကွက် နေအိမ်တစ်ခု အဂင်ဝတွင် ယနေ့ ဖေဖော်ဝါရီ ၅ ရက်နေ့ ညနေ ခြောက်နာရီက ကပ်ထား သည်ကို တွေ့ရစဉ်။ ယဗန့ မွန်းလွဲပိုင်း စစ်တွေ တက်ကြွလှုပ်ရှားသူများ အစည်းအဝေးက ဖေဖော်ဝါရီ (၁၅) ရက်နေ့တွင် ဆန္ဒပြကြရန် ဆုံးဖြတ်ခဲ့ကြသည်။


မြန်မာတိုင်းရင်းဘာသာလဲမတတ်၊နိုင်ငံတော်သီချင်းလဲမဆိုချင်
ယာယီနေထိုင်ခွင့်နဲ့နေထိုင်နေသူမှန်ရင်ဘင်္ဂလီ၊တရုတ်၊ကိုရီး
ယား၊ဂျပန်အကုန်မဲပေးခွင့်မရှိဖူး၊။ဒီကိစ္စအနာဂတ်မြန်မာနိုင်ငံ
အတွက်အလွန်အန္တရာယ်ကြီးတယ်၊အခုဆိုမြန်မာစကားလုံး
ဝမတတ်တဲ့တရုတ်တွေလဲအများကြီးတရားမ၀င်ဝင်ရောက်
ချယ်လှယ်နေတာအစိုးရကငြိမ်ခံနေတယ်၊ဦးခင်ရီတို့လဲ
ဘယ်ချောင်မှာသွားသေနေလဲမသိ၊လ၀ကတွေကောင်းစား
ချိန်လား..တယောက်ဘယ်လောက်နဲ့နိုင်ငံသားပေးနေလဲ။
လက်ပန်တောင်းတောင်ကိုတရုတ်လုပ်ခွင့်ပေးတာထက်
အဆပေါင်းများစွာဆိုးတဲ့ဒီကိစ္စကိုမြန်မာ့အရေးလှုပ်ရှားသူ
တွေအစိုးရကိုထိန်းကွပ်သင့်ပြီ၊
မြန်မာ့စကားပြောပြီးမြန်မာမြေကိုသစ္စာရှိတဲ့..နိုင်ငံသားဖြစ်ပြီး
တဲ့တရုတ်ကုလားများမဲပေးခွင့်ရှိပါတယ်.....
လူမျိုးရေးပြောဆိုနေခြင်းမဟုတ်ပါ....
လ၀ကနဲ့နိုင်ငံသားပြုမှုဥပဒေကိုထောက်ပြခြင်းသာရယ်.....

ဒေါ်လာ၂သိန်းတန် လာဘိုဂီနီးကား ဘယ်သူပိုင်ပါသလဲ


Aung Pan
"ချပ်ထရီရမ်ဟိုတယ်ရှေ့ရပ်ထားတဲ့ ဒေါ်လာ၂သိန်းတန် လာဘိုဂီနီးကား ဘယ်သူပိုင်ပါသလဲ"
ကနေဒါလင်မယား၂ယောက်ကို ရွှေတိဂုံသွားဖို့ ဟိုတယ်ထဲကနေ စကားပြောရင်းထွက်အလာ ဟိုတယ်ရှေ့အရောက်ကားမလာသေးခင်စောင့်နေရင်း ဧည့်သည်အဖွားကြီးက Oh my God ဆိုပြီး လှေကားထစ်တွေကိုကျော်ပြီးဆင်းချသွားတယ်။
အဖိုးကြီးကလဲ oh my god ရေရွတ်ပြီး လာဘိုဂီနီကား !!!! အာမေဋိတ်ရွတ်ပြန်တယ်။ ဒါမျိုးကားဘယ်သူပိုင်တာလဲတဲ့?
ဘာလို့လဲပြန်မေးရင်း ... ဒီကားမျိုးကဘယ်လောက်တန်လို့လဲ့ ပြန်မေးလိုက်တော့......
'ဒေါ်လာ ၂သိန်းလောက်တန်တဲ့ကားကွ' ဘယ်သူပိုင်တာလဲထပ်မေးတော့ .....
ငါမပိုင်တာတော့ သေချာတယ်လို့ပြန်ဖြေလိုက်တယ်........ အဲဒီအချိန်မှာဘဲ ဟိုတယ်ထဲကထွက်လာတဲ့ တခြားဧည့်သည်တွေကလာမေးပြန်တယ်...... ဘယ်သူ့ကားလဲတဲ့...... ပုခုံးဘဲတွန့်ပြလိုက်တော့ ဆက်မမေးတော့ဘဲအားလုံးက ဓာတ်ပုံတွေဘေးဘယ်ညာလှည့်ရိုက်ကြပါလေရော........ ဒါနဲ့ ဂိုက်လဲဝင်ရိုက်တော့တာပေါ့။

(ဒီလိုကားတွေပိုင်တဲ့အာဏာရှင်နိုင်ငံတွေရဲ့အကြောင်း ရွှေတိဂုံဘုရားသွားရင်းကားပေါ်မှာ အဖိုးကြီးပြောပြတာကို ဆက်တင်ပါဦးမယ်။)