Thursday, February 12, 2015

လွှတ်တော်ကိုကပ်ထည့်သွားတယ်



နှလုံးခုန်စက်တပ်ထားတယ်လို့ကိုမထင်ရပြန်ဖူး :D

BBC Burmese Female
ဝှိုက်ကတ် ပယ်ဖျက်ကြောင်း အစိုးရ ကြေညာ

ဝှိုက်ကတ်လို့ ခေါ်တဲ့ ယာယီ သက်သက်ခံ လက်မှတ်တွေကို ပယ်ဖျက်ကြောင်း အမိန့်ကြေညာချက် တစ်ရပ်ကို မြန်မာအစိုးရက ထုတ်ပြန်လိုက်ပါတယ်။
ဒါကြောင့် ဝှိုက်ကတ် ကိုင်ဆောင်သူတွေရဲ့ မဲပေးခွင့် အလိုအလျောက် ပယ်ဖျက်ပြီး ဖြစ်ကာ ကတ်ပြားတွေ ပြန်လည် အပ်နှံဖို့ မတ်လ ၃၁ ရက် ကနေ မေလ ၃၁ ရက် အထိ အချိန် ပေးထားတယ်လို့ ဆိုပါတယ်။

ဝှိုက်ကတ် အပေါ် ရဟန်းရှင်လူ အများအပြားက ဝေဖန်မှုတွေ ရှိနေလို့ ဖျက်သိမ်းတယ်လို့ ဖော်ပြပြီး ဝှိုက်ကက်နဲ့ ပတ်သက်တဲ့ ဥပဒေ၊ နည်းဥပဒေတွေနဲ့ ဆက်စပ် ကိစ္စရပ်တွေ လေ့လာသုံးသပ် အကြံပြုရေး ကော်မရှင်ကို ဖွဲ့စည်း တာဝန်ပေးသွားမယ်လို့လည်း ကြေညာထားပါတယ်။

ဝှိုက်ကတ် ကိုင်ဆောင်သူတွေကို မဲပေးခွင့်ပြုဖို့ မကြာခင်ကပဲ လွှတ်တော်က အတည်ပြုခဲ့ပြီး ဒီအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေလည်း ဒီကနေ့ ရန်ကုန်မှာ ပထမဆုံး အကြိမ်အဖြစ် ပြုလုပ်ခဲ့ကြပါတယ်။

၃ပွင့်ဈေးကွက်လဲ ပျက်ပြီ

r

စစ်အရာရှိငယ်တွေဟာအပေါ်ထပ်ကိုပြန်ပြီး
ဝေဖန်ပြောဆိုရဲလာကြပြီ၊
အခုအချိန်မှာသူဌေးသမီးနဲ့၃ပွင့်ဈေးကွက်လဲ
ပျက်ပြီ၊တကယ်ချစ်တဲ့သူလောက်ပဲသူတို့ကို
လက်ထပ်ကြတော့တယ်လေ......
အမှန်တော့ပြည်တွင်းစစ်ကညှိမယ်ဆိုလဲရဖြတ်
မယ်ဆိုလဲရနိုင်ခဲ့တာပါ၊
ပြည်သူတွေအမြင်မှာသူတို့ကကျေးဇူးရှင်ကြီး
တွေဖြစ်နေချင်လို့ကစားတာများလာတာနဲ့အမျှ
အရင်ကတပ်သား၊အခုအပွင့်တွေပါပြုတ်ပြုတ်ပြုန်း

လာပြီဆိုတော့အသံလေးတွေကြားလာရတာပါ။

ကိုးကန့်နဲ့ဝတပ်က ကရင်တို့ကချင်တပ် တွေလို CLEAR မဖြစ်ဖူး၊ကချင်လဲတရုတ် နယ်စပ်နေတာပါပဲ၊
တပ်သားထဲတရုတ်မပါဖူး ကိုးကန့်နဲ့ဝကနာမည်က အစပြောစရာဖြစ်လာတယ်
ဝအစစ်တွေကိုငယ်ငယ်ထဲက ခင်ဖူးပါတယ်အခုဝနယ်ထဲမှာ ကြီးစိုးနေသူတွေလိုရုပ်ရော နာမည်ရောပြောတာပါကွဲပါတယ်
ကိုးကန့်မှာလဲအဲ့လိုပဲ သောင်းဂဏန်းလောက်ပဲရှိတဲ့ ကိုးကန့်နာမည်ကိုသိန်းပေါင်းများ စွာကလုပ်စားခွင့်ခင်ညွန့်ပေးခဲ့တာ
သန်းရွှေကလွှတ်ပေးထားတာ ကြည့်မရတော့မှအိမ်ထဲပိတ်လိုက်တာ။ တရုတ်ရောစစ်အစိုးရရောနယ်စပ်မှာ
အဲ့လိုလေးခံထားချင်ပုံရခဲ့တယ်။
ဒါပေမယ့်အဲဒီအပေါက်လေးကနေ အင်မီဂရန့်တွေတိုးဝင်လာတာ မန်းလေးတခုလုံးပြည့်ရော....
အစိုးရလဲညက်လုံးပြူးနေပြီ ခင်ညွန့်လဲသွေးတက်၊အင်တာဗျူး သမားတွေအိမ်ရှေ့အုံနေလောက်ပြီ
ခင်ညွန့်လမ်းမပေါ်ဆွဲတင်လာလို့ထွန်းကြည်နဲ့
တောင်စိန်ခေါ်ပွဲတွေဖြစ်ချိန်ကကိုးကန့်အမည်ခံ
( ရန်ကုန်မြို့ထဲပြဿ နာဖြစ်ရင်ကင်ညွန့်ခေါ်ပေး
ဆိုပြီးပိုက်ဆံသိန်းချီဖြုန်းခဲ့ကြတာပေါ့ )
ခင်ညွန့်ကျဆုံးခန်းကအဲ့ထဲကစနေတာပဲ...
ငြိမ်းချမ်းရေးစကားလုံးရေလဲသုံးချင်လို့အလွယ်
ဆုံးအဖွဲ့ကစတာ၊လက်ရှိမှာလဲကေအိုင်အေလောက်
အင်အားမရှိပါဖူး...
ဦးသိန်းစိန်တပ်ကအငိုက်မိတာကိုပြန်တိုက်ရာမှာ
တရုတ်ကလက်ရှောင်မှာတော့အသေအချာပဲ...
သစ်သူခိုးကိစ္စလောက်နဲ့တော့မြန်မာအစိုးရကိုရင်
ဆိုင်မှာမဟုတ်လို့ပဲ...ဒီပမာဏကသေးသေးလေးပါ
ကြားကဖုန်ကြားရှင်ကနေဖွတ်ကြားရှင့်ဖြစ်ဖို့ပဲများတယ်....

ဘူးလက်ရေးတဲ့စာ

Hla Swe
ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ကိုမောင်မောင်အုန်းခင်ဗျား ရိုသေသတိရစွာဖြင့် စာရေးအပ်ပါတယ် ၊ စစ်တွေ ရေမြေဒေသနဲ့နေသားကျသွားပြီလား ၊ တင်ပြစရာလေးရှိလို့ပါ ၊ စစ်တွေကမိတ်ဆွေတယောက်က ချက်ဘောက်ကနေ ပုံတွေပို့လာလို့ ၊ ဆုထူးစံ ကုမ္ပဏီ ကခင်းတဲ့လမ်းတွေက မိုးဦးကျတာနဲ့ ရေထဲပါသွားမှာ ပါးပါးလေးဖြစ်သလိုလုပ်ထားပါတယ် တဲ့ ၊ ကမ်းနားလမ်းမှာလဲ စည်ပင်ကအမိုက်တွေမသိမ်းတော့ အနံ့အသက် လေကောင်းလေသန့် လဲမရူရ အတော်ကိုညစ်ပါတ်အရုပ်ဆိုးနေပါပြီ တဲ့ ၊ ဆိုပြီး အဲ့ ပုံတွေပို့လာတယ်ဗျာ ၊ ဟုတ်တယ်ဗျ ကျနော်က ရခိုင်မှာ ၉ နှစ်လောက်နေခဲ့တာဆိုတော့ အဲ့ မှာက မိုးရွာရင် heavy rain ရွာတာဗျ ၊ ကိုအုန်း လိုအပ်သည်များ စီစဉ်ညွှန်ကြားနိုင်ပါရန် လေးစားစွာတင်ပြအပ်ပါတယ်ဗျာ ။ လွှတ်တော်အပိုင်းမှာလိုအပ်တာရှိရင် ခိုင်းပါ ။ ဒီရောက်မှဆုံကြသေးတာပေါ့ ။

အချစ်ကအစိုးရလို.....

ဒေါ်အောင်ဆန်းစုကြည်နှင့်သပိတ်မှောက်ကျာင်းသား/သူ များတွေ့ ဆုံ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားပညာရေး
ဥပဒေမူကြမ်းကို သပိတ်မှောက်နေသော ကျောင်းသား၊ကျောင်သူများနှင့်တွေ့ဆုံ
ဆွေးနွေးခဲ့ ပါတယ်။ကျောင်းသား၊ ကျောင်းသူ များဘက်က သပိတ်မှောက်ခဲ့တဲ့
အခြေအနေတွေ အမျိုးသားပညာရေးဥပဒေမူကြမ်းပေါ်မှာ သပိတ်မှောက်ကျောင်းသား
များရဲ့သဘောထားတွေကိုတင်ပြဆွေးနွေးခဲ့ပါတယ် အဖွဲ့ချုပ်ဥက္ကဋ္ဌမှလည်း ကျောင်းသား
များတင်ပြလာတဲ့ လိုလားချက်များကို ထည့်သွင်းစဉ်းစားပြီး အမျိုးသားပညာရေး
ဥပဒေမူကြမ်း အကောင်း ဆုံးဖြစ်အောင် ဘယ်လိုဝိုင်းဝန်းကူညီဆောင်ရွက်ပေးရမလဲ ဆိုတာကို
ကျောင်းသားများရဲ့သဘောထားကို မေးမြန်းခဲ့ပြီး သပိတ်မှောက်ကျောင်းသား၊
ကျောင်းသူတွေအနေနဲ့က လိုအပ် နေတဲ့ အကူညီတွေရှိတယ် အဓိက ဥပဒေပိုင်းဆိုင်ရာ
ကိစ္စတွေနဲ့ပတ်သက်ပြီး အကူပေးဖို့အတွက် တင်ပြခဲ့ပါတယ် အဆိုပါတွေ့ဆုံမှုမှာ နံနက်
၉ နာရီ ၄၅ မိနစ်မှ စတင်တွေ့ဆုံပြီး မွန်းတည့် ၁၂နာရီ ၁၅ မိနစ်ထိကြာမြင့်ခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ သပိတ်မှောက်ကျောင်းသားများဘက်မှ ကိုကျော်သက် တတိယနှစ်
IT (ပုသိမ်နည်းပညာတက္ကသိုလ်)၊မအိမွန်ပိုပို စတ္ထုနှစ် English (ပုသိမ်)၊ ကိုဇေယာလွင်
တတိယနှစ် B.Dev.S ( Eco) ရန်ကုန်စီးပွါးရေးတက္ကသိုလ်၊ ကိုရဲဇာနည်ထွန်း ဒုတိယနှစ်
CT ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ကိုဝေမိုးနိုင် စတ္ထုနှစ် Eng မုံရွာတက္ကသိုလ်၊ ကိုပိုင်ရဲသူ တတိယနှစ်
သင်္ချာ ဒဂုံတက္ကသိုလ်၊ ကိုမင်းလွင်ဦး B.E Mechanical ထားဝယ်နည်းပညာ
တက္ကသိုလ်၊ ကိုနန်းလင်း ဒုတိယနှစ် Physics ဒဂုံတက္ကသိုလ်၊ ကိုပြည်ဖြိုဒကျော် တတိယ
နှစ် Chemistry ပခုက္ကူတက္ကသိုလ်၊ ကိုချစ်ဝင်းမောင် စတ္ထုနှစ် Civil မကွေးနည်းပညာ
တက္ကသိုလ်၊ ကိုသန့်ဇင်ထွန်း စတ္ထုနှစ် Civil ပြည်နည်းပညာတက္ကသိုလ် တို့တက်ရောက်
ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ဒေါ်စုစုလွင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ အမျိုးသားလွှတ်တော်
ကိုယ်စားလှယ် ဦးသိမ်းဆွေတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်။
သတင်းဓါတ်ပုံ-NLD Chairperson.

တရုပ်အစိုးရနောက်ကွယ်က ကြိုးကိုင်နေတဲ့ အရှေ.မြောက်ဒေသကျူးကျော်စစ်


ယခုလတ်တလော ကိုးကန်.ဖုန်ကြားရှင်ရဲ.တပ်တွေ မြန်မာ့မြေပေါ်တိုက်ခိုက်နေမှုဖြစ်စဉ်
အားလုံး၏ အရင်းခံမှာအိမ်နီးချင်းကောင်းပီသ သောပေါက်ဖော်ကြီး၏ စနက်ပင်ဖြစ်သည်။

မြန်မာပြည်၌ သစ်လာခိုးသောတရုတ်သူခိုးများအားထိန်းသိမ်းထားခြင်းမှ ပြန်လည်
လွှတ်ပေးရန်တောင်းဆိုမှုမ အောင်မြင်သောအခါတရုတ်တပ်မ တစ်ခုကိုဖုန်ကြားရှင်
အား ဦးစီးစေလျှက်MNDAA/TNLA/UWSA /KIAအဖွဲ့များနှင့်ပူးပေါင်း၍မြန်မာနိုင် ငံ
အ ရှေ့ မြောက် ဖျားရှိနယ်စပ်မြို့များအား တိုက်ခိုက်သိမ်းပိုက် ရန် စေလွှတ်ခဲ့ကြောင်း။
စစ်လက်နက်ပစ္စည်းများရိက္ခာနှင့်လူအင် အားများကိုလည်းတရုတ်မှ အဓိက ထောက်ပံ့
လျှကရှိကြောင်း။စစ်လက်နက်ဟုဆိုရာတွင်လေယာဉ်ပစ် ပဲ့ထိန်းဒုံးများပါပါဝင်ကြောင်း
သတင်းများရရှိခဲ့ပါသည်။

မြန်မာနိုင်ငံ လွှတ်တော်အတွင်းရှိတရုတ်သူလျှိုများမှ တဆင့်တပ်မ တော်၏ စစ်သတင်း
များပေါက်ကြားလျှက် ရှိကြောင်းလည်ူ သတင်းများထွက်ပေါ်နေလျက်ရှိပါသည်။

သတင်းဓါတ်ပုံ- ရာဇာဓိရာဇ်

ယခုလတ်တလော ကိုးကန်.ဖုန်ကြားရှင်ရဲ.တပ်တွေ မြန်မာ့မြေပေါ်တိုက်ခိုက်နေမှုဟာ
တရုပ်ကနောက်ကွယ်မှကြိုးကိုင်ပြီး မြန်မာနိုင်ငံကိုကျူးကျော်ဖို. ရန်စလာတဲ့အရေး
ဆိုတာ တိုင်းရင်းသားပြည်သူတွေ သိစေဖို.ပါ ။
==================================================
MNDAA က ဆိုင်းဘုတ်မှာ ရေးထားတဲ့စာတွေ ဖတ်ကြည့်ပါ။
ဒီကောင်တွေ တရုတ်တွေပါ ။
ကိုးကန့်ဒေသ ဖုန်ကြားရှင် စီချွမ်တရုတ်လူမျိုး မအုပ်ချုပ်မီက ကိုးကန့်တိုင်းရင်းသား
သောင်းဂဏန်းပဲ ရှိပါတယ်။ ဖုန်ကြားရှင် စီချွမ်တရုတ်လူမျိုးဟာ တစ်ချိန်က တရုတ်တပ်တွေ ဦးဆောင်ပြီး မြန်မာပြည်ကို ကျူးကျော်ခဲ့တဲ့ တပ်မှူးဟောင်းပါ။ အစိုးရက ကိုးကန့်ကို
တိုင်းရင်းသား သတ်မှတ်ပေးလိုက်တဲ့ အချိန် သောင်းဂဏန်းသာ ရှိတဲ့ကိုးကန့်က သိန်းဂဏန်းအထိ ရှိသွားပါတယ်။

ကိုးကန့်အစစ်တွေဟာ ပယ်စောက်ချိန်ကိုပဲ ချစ်ကြပါတယ်။ ၂၀၀၉ ကတည်းက ထွက်ပြေး
ခဲ့ပြီး အခု ပြဿနာရှာဖို့ ပြန်လာတဲ့ ဖုန်ကြားရှင်ကို ကိုးကန့်တွေက မကြိုဆိုပါဘူး။ တရုတ်
ကနေ ကိုးကန့်လုပ်ပြီး လောင်းကစား ဖာခန်း ဘိန်းလုပ်ငန်း မှောင်ခိုစီးပွားရေး တရုတ်
လုပ်ငန်းရှင်တွေ နဲ့ တရုတ်အပေါင်းအပါတွေကသာ ကြိုဆိုကြမှာပါ။ ဖုန်ကြားရှင်ရဲ့ အရင် ဘိန်းချက်စက်ရုံက ရရှိတဲ့ ငွေမည်းတွေကို တရုတ်ပြည်က ဘဏ်မှာ သန်းထောင်နဲ့ချီ
ထည့်ထားခဲ့တာပါ။ တရုတ်အစိုးရက ဖုန်ကြားရှင် ဘဏ် အကောင့်ကို ငွေထုတ်ခွင့်
မပြုခဲ့လို့ MNDAA ဟာ ငတ်ပြတ်မွဲတေနေခဲ့ ပါတယ်။ အခုချိန်မှာ တရုတ်အစိုးရက
ငွေထုတ်ခွင့်ပြုခဲ့တဲ့အတွက် ဖုန်ကြားရှင်ဟာ ဒီတိုက်ပွဲအတွက် စစ်စရိတ်ရခဲ့တာပါ။

အရှင်းဆုံးပြောရရင် တစ်ချိန်ကလို လောက်ကိုင်မှာ ဘိန်းစခန်းကြီးတွေ အကြီးအကျယ်
လုပ်ပြီး စီးပွားပြန်ရှာချင်တဲ့ ရည်မှန်းချက် ရှိပုံ ရပါတယ်။ တရုတ်လူမျိုးနဲ့ တရုတ်အစိုးရ
ကို လုပ်ကျွေးနေတဲ့ ဖုန်ကြားရှင် စီချွမ် တရုတ်လူမျိုးရဲ့ MNDAA တပ်ဟာ တရုတ်ကနေ ကိုးကန့်လုပ်ထားတဲ့၉၀ % သော တရုတ်တပ်တွေပါပဲ။

ကျူးကျော်တရုတ်တွေကို ခုခံတိုက်ခိုက် ခြင်း သာဖြစ်ပါတယ်။ ။ ရရှိခဲ့တဲ့ MNDAA
အလောင်းတွေ အတော်များများပေါ်က တရုတ်ကဒ်တွေနဲ့ စက်စကားမှာ ပြောတဲ့
တရုတ်ဘာသာ စကားတွေက သက်သေပါပဲ။ MNDAA တပ်ထဲက တရုတ်ဆိုင်းဘုတ်
တွေက တိုင်းရင်းသားလား တရုတ်လား ခွဲခြား ပေးနိုင်မှာပါ။

လောက်ကိုင်ကိုအရေးပေါ်သွားရလို့ ....


အလံဇောက်ထိုး