Sunday, March 1, 2015

ကျောင်းသားသပိတ် မနက်ဖြန်စတင်ရင်အဲဒါလေးနဲ့ ( ရေအမြောက်ကား)ဟန့်တား ဆောင်ရွက်မှာပါတဲ့

ကျောင်းသားသပိတ် မနက်ဖြန်စတင်မယ်။
လက်ပံတန်းတွင် ရောက်ရှိရပ်နားထားတဲ့ ပင်မကျောင်းသား သပိတ်စစ်ကြောင်းဟာ မနက်ဖြန်ကျရင် ရန်ကုန်ကိုဦးတည်ပြီး စတင်လမ်းလျှောက်တော့မှာဖြစ်တယ်လို့ ကျောင်းသားသပိတ်က အခုပဲ ဆုံးဖြတ်လိုက်ပါတယ်။
အသေးစိတ် အချက်အလက်တွေကိုတော့ အစည်းအဝေးပြီးတဲ့အခါ ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။
ပြည်ထဲရေးဝန်ကြီးကတော့ သပိတ်မှောက်ကျောင်းသားတွေကို အရေးမယူဘူးဆိုတဲ့ အစိုးရနဲ့ နှစ်ဖက်သဘောတူညီမှု ရှိထားပေမယ့်လည်း ရန်ကုန်ကိုဝင်ရောက်လာရင် ဥပဒေအရ အရေးယူသွားမယ်လို့ မနေ့က ကြေညာချက်ထုတ်ပြီး သတိပေးထားပါတယ်။
မှော်ဘီမှာရှိတဲ့ ဆရာတော်အရှင်ဆေကိန္ဒ သီတင်းသုံးရာ ကျောင်းတိုက်မှာ သပိတ်မှောက်ကျောင်းသားတွေကို အချိန်ကြာမြင့်စွာထားပြီး ရန်ကုန်မဝင်အောင် လုပ်ဖို့ နောက်ကွယ်မှာ ကြိုးစားစီစဉ်နေတယ်ဆိုတဲ့ သတင်းတွေလည်းထွက်ပေါ်နေပါတယ်။
ရန်ကုန်ရဲတပ်ဖွဲ့ကတော့ ရန်ကုန်တိုင်းနဲ့ပဲခူးတိုင်းနယ်စပ် ဥက္ကံ ZTH ဆီဆိုင်အလွန်မှာ အဓိကရုဏ်းဖြိုခွင်းရေးကားတွေ၊ ရဲတပ်ဖွဲ့အင်အားတွေ၊ လုံခြုံရေးအတားအဆီးတွေကို တိုးချဲ့ချထားတာကြောင့် ဥက္ကံမှာ သပိတ်နဲ့ရဲတပ်ဖွဲ့ကြား ထိပ်တိုက်တိုးမှုတွေ ဖြစ်လာနိုင်တယ်လို့ ယူဆလို့ရနေပါတယ်။
Kamayut Media



ကျောင်းသားသပိတ်စစ်ကြောင်းကို ရေအမြောက်ကားသုံး လူစုခွဲမည်
============================================
သပိတ်မှောက်ကျောင်းသားတွေ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်း နယ်စပ် မီးနင်းချောင်း တံတား
ကို ဖြတ်ကျော်ချီတက် လာခဲ့မယ် ဆိုရင် တရုတ်နိုင်ငံက ကူညီပံ့ပိုးပေးထားတဲ့
အဓိကရုဏ်း နှိမ်နင်းရေး ရေအမြောက်ကားကို အသုံးပြုလူစုခွဲသွားမယ်လို့ ရဲတပ်ရင်း
၈ တပ်ရင်းမှူးက ဒီဗွီဘီကို ပြောဆိုခဲ့ပါတယ်။
ရဲတပ်ရင်း ၈ တပ်ရင်းမှူး ဒုရဲမှူးကြီးသန့်စင်ဦးက “ဒါဆူပူမှု သပိတ်စစ်ကြောင်း ၀င်ရောက်
လာတဲ့ အခါမှာ သူတို့ဝင်ရောက်နိုင်ခြင်း မပြုစေရေး အတွက်ပေါ့၊ အဲဒါလေးနဲ့ ဟန့်တား
ဆောင်ရွက်မှာပါ၊ အမိန့်ရမှ ဆောင်ရွက်မှာပါ” လို့ပြောပါတယ်။ဒီလုံခြုံရေး တပ်ဖွဲ့တွေကို
ရန်ကုန်တိုင်း ၀န်ကြီးချုပ်နဲ့ နယ်လုံဝန်ကြီးတို့က အဓိက ကွပ်ကဲဆောင်ရွက်နေတယ် လို့
ဆိုပါတယ်။
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်ဖို့ ငြိမ်းချမ်းစွာ ချီတက်နေတဲ့ ကျောင်းသားတွေ
ကို ရေအမြောက်ကား အသုံးပြုပြီး ဖြိုခွင်းဖို့ ကြိုးစားမယ့် လုပ်ရပ်အပေါ် ဗကသများအဖွဲ့ချုပ်
က မေးခွန်း ထုတ်ခဲ့ပါတယ်။ဗကသများအဖွဲ့ချုပ်ရဲ့ ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ
ကျော်ကိုကိုက “လက်နက်ဆန်းတွေပေါ့၊ နိုင်ငံခြားက ရောက်ရှိလာတဲ့ ရေသေနတ်
အမြှောက်တို့ ဘာတို့ဟာ ဖြိုခွဲမှုမှာ သုံးတယ်ဆိုတာ မှန်ပေမယ့် မြန်မာပြည်မှာ တခေါက်
မှ မသုံးဖူးသေးဘူး၊ ဆိုလိုတာက သမိုင်းတလျှောက်လုံးမှာ တခေါက်မှ မသုံးစွဲခဲ့တဲ့
လက်နက်တွေနဲ့ ကျောင်းသားထုကို ကန့်သတ်ဖြိုခွဲဖို့ဆိုတဲ့ သဘောထားကိုတွေ့ရတယ်၊
အမှတ် ၈ ရဲတပ်ရင်းဆိုတာကလည်း ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးအခင်းမှာ ဖြိုခွင်း
ခဲ့တဲ့ အတွေအကြုံရှိတဲ့သူတွေပါနေတယ်၊ သူတို့ရဲ့ တပ်ဖွဲ့ကို သေချာပြင်ဆင်ထား
ပြီးတော့ ဖြိုခွဲဖို့ အတွက် စည်း ၃ တန် တားထားတယ်ဆိုတာမျိုးတွေ၊ ဒီစည်းကို
ကျော်ရင် ပစ်မယ်ဆိုတဲ့ စာသားတွေ ရေးထားတာမျိုးကိုတွေ့ရတယ်၊
ဒါဟာ ကျနော်တို့ သပိတ်တောင်းဆိုမှုတွေကို လစ်လျူရှုရာကြတယ် ”လို့ ပြောပါတယ်။
၁၁ ရက်ကြာ ရပ်နားထားတဲ့ ဒီမိုကရေစီ ပညာရေး ပင်မ သပိတ်စစ်ကြောင်းဟာ
ရန်ကုန်မြို့ကို ဦးတည်ပြီး ဆက်လက် ချီတက်ဖို့ ဒီကနေ့မနက် လက်ပံတန်းက
ထွက်ခွက်ခွာဖို့ပြင်ဆင်နေချိန်မှာ လက်ပံတန်းမြို့ အောင်မြေဗိမာန်ကျောင်းတိုက်ေ၇ှ့
ကို ရဲလုံခြုံရေးတပ်ဖွဲ့ဝင်တွေရောက်လာပြီး ရဲကား ၇စီး၊ ရေကား၂စီးနဲ့ ပိတ်ဆို့
ဝိုင်းရံထား လိုက်ပါတယ်။
အခြေခံပညာ ကျောင်းသားတွေ စာမေးပွဲဖြေဆိုတာကို အနှောက်အယှက် မဖြစ်ဖို့နဲ့
ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက် အပေါ် လွှတ်တော်က
ဆုံးဖြတ်ချက်ချဖို့ စောင့်ဆိုင်းတဲ့အနေနဲ့ ဒီမိုကရေစီပညာရေး ပင်မသပိတ်စစ်ကြောင်း
ဟာ ဖေဖော်ဝါရီ ၁၉ ရက် စတင်ပြီး လက်ပံတန်းမြို့ အောင်မြေဗိမာန် ကျောင်းတိုက်
မှာ ရပ်နားနေခဲ့တာဖြစ်ပါတယ်။
၁၁ ရက်ကြာ ရပ်နားပြီး စောင့်ဆိုင်းခဲ့ပေမယ်လို့လဲ လွှတ်တော်တွင်း လုပ်ငန်းစဉ်တွေ
တိုးတက်မှု မရှိခဲ့တာကြောင့် သပိတ်စစ်ကြောင်းကို မတ် ၂ ရက် နံနက်ပိုင်းမှာ ပြန်လည်
စတင်ဖို့ တညီတညွတ်ထဲ ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။အမျိုးသားပညာရေး ဥပဒေ
နဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ အဖြစ်နိုင်ဆုံး လိုက်လျောပေးခဲ့သလို လုပ်ထုံးလုပ်နည်း
နဲ့အညီ လွှတ်တော်မှာ တင်ပြ ဆွေးနွေးနေတုန်းဖြစ်တာကြောင့် ကျောင်းသားတွေ
အနေနဲ့ ဆန္ဒပြတာကို ရပ်ဆိုင်းထားရမယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ
၂၈ ရက် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
ကျောင်းသားတွေဖက်ကတော့ ဒါဟာ ဖိအားပေးခြိမ်းခြောက်တဲ့ လုပ်ရပ် ဖြစ်လို့
လက်မခံနိုင်ဘူး လို့ ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။
သတင်းဓါတ်ပုံ-DVB

ရဲကားများအား ၁၀ မိနစ်အတွင်း ဖယ်ရှားပေးရန် ပြောသည့်ရုပ်သံ

ကျောင်းသားသပိတ် မနက်ဖြန်စတင်မယ်။





Eleven Media Group
ပင်မကျောင်းသားသပိတ်စစ်ကြောင်း စတင်ထွက်ခွာမည့် လက်ပံတန်းမြို့နယ် အောင်မြေဗိမာန်ကျောင်းတိုက်ရှေ့သို့ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ မတ် ၂ ရက်နေ့ နံနက် ၈ နာရီ ခွဲမှ စတင်ရောက်ရှိလာပြီး ပိတ်ဆို့တားဆီးမှုများ ပြုလုပ်ခဲ့သည်။ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များတွင် ရေကား ၂ စီး၊ ရဲတပ်သားများ ပါဝင်သည့် ကား ၄ စီး အပါအ၀င် စုစုပေါင်း ကား ၁၀ စီးခန့် ရှိကြောင်းသိရသည်။ ၉ နာရီခန့်တွင် ကျောင်းသားကိုယ်စားလှယ်အချို့က သက်ဆိုင်ရာ တာဝန်ရှိသူများကို ရဲကားများအား ၁၀ မိနစ်အတွင်း ဖယ်ရှားပေးရန် ပြောကြားခဲ့ပြီးနောက် ရဲကားများသည် ကျောင်းရှေ့ပရ၀ုဏ်အတွင်း မဟုတ်သော်လည်း အခြားနီးစပ်ရာနေရာများသို့ ရွှေ့ပြောင်းသွားခဲ့သည်။ယနေ့နံနက် ၉ နာရီ ၁၀ မိနစ်ခန့်တွင် ရဲတပ်ဖွဲ့ဝင်များက ကျောင်းသားများအနေဖြင့် ပဲခူးတိုင်းဒေသကြီး နယ်လုံဝန်ကြီးနှင့် တွေ့ဆုံရန် လာရောက်ခေါ်ဆောင်ခဲ့ပြီး ကျောင်းသားများက ရဲတပ်ဖွဲ့ဝင်များအားလုံး ဖယ်ရှားပေးမှ အတွေ့ခံမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။ ယင်းနောက် ရဲတပ်ဖွဲ့ဝင်များသည် လုံခြုံရေး နေရာယူထားသည့်နေရာများကို ရွှေ့ပြောင်းခဲ့ပြီး ယနေ့နံနက် ၁၀ နာရီ ၂၀ မိနစ်ခန့်တွင် ပဲခူးတိုင်းဒေသကြီး နယ်လုံဝန်ကြီးနှင့်တွေ့ရန်အတွက် ရဲတပ်ဖွဲ့ဝင်များက ကျောင်းသားကိုယ်စားလှယ်များကို ခေါ်ဆောင်သွားကြောင်း သိရသည်။ လိုက်ပါသွားသည့် ကျောင်းသားကိုယ်စားလှယ်များမှာ ကိုနန္ဒာစစ်အောင်၊ ကိုမင်းသွေးသစ်၊ ကိုမိုးထက်နေ၊ ကိုမြတ်သူတို့နှင့် အခြားကိုယ်စားလှယ်တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။


Hanhtet Zaw

အတားစီးများကျော်မယ်ဒါတို့ ကျောင်းသားတွေရဲဇွဲနဲ့တခတ်ပြောင်းမယ်
ရဲကား တွေ ဖယ် ပြီ
ပိတ်ဆို့မှုများထပ်ရှိမယ်လို့ သိရ





br /> ပြည် ၊ ပေါင်းတည် ၊ နတ္တလင်း ။ ဂြို့ပင်ကောက် ၊ ၈၈တွေ ကျောင်းသားသပိတ်စစ်ကြောင်းကို ဝန်းရံပူးပေါင်းဖို့ထွက်လာကြပြီ ။
( ဇော်နေမျိုး )

ကျောင်းသားသပိတ်ရှေ့ဆုံးမှတပ်ဦးကျောင်းသားတစ်ယောက်သရဏဂုံ လာတင်



ဦးရေ ဝတ
ကျောင်းသားသပိတ်ရှေ့ဆုံးမှတပ်ဦးကျောင်းသားတစ်ယောက်
မိမိထံ သရဏဂုံ လာတင်တာ မျက်ရည်မကျအောင် မနည်းထိမ်းထားရတယ်။



တည်းခိုခွင့်ပြုသော ဆရာတော်ကို ကန့်တော့ပြီး ကျောင်းသားတွေ ချီတက်တော့မယ် ကျောင်းရှေ့မှာတော့ အတားအဆီးက ပိတ်ဆို့ထားဆဲ...။

မိုးစက် (မြင်းခြံ)

2 March 2015

8:52AM

လက်ပံတန်းဘုန်းကြီးကျောင်းရှေ့သပိတ်ပင်မစစ်ကြောင်း ထွက်လို့မရအောင် ပိတ်ဆို့



အဲံဒီကျောင်းမှာကျောင်းသား၂၀၀ခန့်နားနေနေတယ်လို့သိရပါတယ်


Kamayut Media Happening Now: 8:42 am
ဒီကနေ့မနက် ရန်ကုန်ကို ဦးတည်စတင်ချီတက်မယ့် လက်ပံတန်းမှာရှိနေတဲ့ ပင်မသပိတ်စစ်ကြောင်း တည်းခိုရာ အောင်မြေဗိမ္မာန်ကျောင်းတိုက်ကို ရဲအင်အား ၁ဝဝကျော်၊ မီးသတ်ကားနဲ့ အဓိကရုဏ်ဖြိုခွဲရေးကား ၅စင်းတို့ အခုပဲ ရောက်လာပြီး သပိတ်ပင်မစစ်ကြောင်း ထွက်လို့မရအောင် ပိတ်ဆို့လိုက်ပါတယ်။
ကျောင်းသားတွေက ကြွေးကြော်သံတွေ စတင်အော်ဟစ်နေပြီး ဆက်လက်ပိတ်ဆို့နေပါက ဆွေးနွေးညှိနှိုင်းမှု ဆက်မလုပ်နိုင်ဘူးလို့ ပြောပါတယ်။
ရဲအင်အားဟာ တစ်ရာကျော်ကနေ အခုပဲ နောက်ထပ် အင်အား ၂ဝဝကျော် ထပ်ရောက်လာတာမို့ လုံခြုံရေးအင်အား ၃ဝဝကျော်နဲ့ ကျောင်းသားသပိတ်ရှိရာ ကျောင်းတိုက်ဝင်းကို ပိတ်ဆို့ထားလိုက်ပါတယ်။
ကျောင်းသားတွေကတော့ သီချင်းတွေ စတင်သီဆိုနေပြီး ၁ဝမိနစ်အတွင်း ရဲအင်အားတွေ ဖယ်ရှားပေးဖို့တောင်းဆိုထားပါတယ်

(ဓာတ်ပုံ - ဆန်းမင်းဦး/ကမာရွတ်မီဒီယာ)

ဟုတ်များဟုတ်နေသလားလို့.....


အမှန်ဆိုလောက်ကိုင်သွားရမှာ...
သူတို့ဖက်ကပြန်တွေးရင်ဗူးသီးနုနု
အမွှေးသပ်ခံရသလိုနေမှာ....
ဒုမှုးအဆင့်လောက်ဆိုအသံလေး
ရုပ်ကလေးနဲ့နည်းနည်းပါးပါးအပြင်
မှာလုပ်စားလို့ကောင်းတဲ့အချိန်လေ.....
ဟိုတယောက်ဆိုပြန်ဝန်တောင်ဖြစ်သွား
သေးတာ....
စိတ်နာနာနဲ့ညတိုင်းမာဆက်သွားတော့
အေကိုက်ကုန်ပါရောလား
နောက်တာနော်ငါ့အကောင့်လာမဖျက်ကြနဲ့
လူဆိုး......

အောင်နေမျိုးကိုဆွဲထားတာက SB က တိုက်ရိုက်ကိုင်တာ

မုံရွာ SB မှူး ဦမြင့်လွင်နဲ့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်ကို စုံစမ်းနေတာ မလိမ့်တပတ် ဖြေပြီး အခုထိမသိရသေးပါဘူး။ တစ်နာရီကျော်သွားပြီ။
အောင်နေမျိုးကိုဆွဲထားတာက SB က တိုက်ရိုက်ကိုင်တာပါလို့ မုံရွာ ၁ စခန်းမှူး ဦးပြုံးလွင်ကလည်း ဖြေထားပါတယ်။ ဒါကြောင်မို့ အောင်နေမျိုးအဖမ်းခံရတဲ့ကိစ္စဟာ မုံရွာ SB တပ်ဖွဲ့အပေါ် အထူးတာဝန်ရှိနေတာ ထပ်လောင်းပြောကြားလိုပါတယ်။
SB တပ်ဖွဲ့မှူး ဖြစ်နိုင်မယ်ဆို ဖုန်းဆက်ပေးပါ။

Aung Nay Myo account ကို အခုကိုင်နေသူသည် ထားရာနေ စေရာသွား သခင်အားရကျွန်ပါးဝစိတ်ဖြင့် သူရေးတင်ထားသော post က comment အချို့ကို ဖျက်ပြစ်ပါသည်။

နေသီဟ
09791317404

သာယာဝတီမြို့အတွင်းမှာပါ ရဲ ရောစစ်တပ်ပါ အင်အားအပြည့် တပ်ဖျောက်ထား



Nat Shin Naung
ဗကသ ကျောင်းသားသပိတ်ပင်မစစ်ကြောင်း ချီတက်ဝင်ရောက်မည့် ရန်ကုန်တိုင်းဒေသကြီးအ၀င် မှာ အကြမ်းဖက်ဖြိုခွင်းဖို့ရန်အတွက် အာဏာပိုင်များဘက်မမှကြိုင်တင် ပြင်ဆင်ထားသည့်အနေအထား..
၁။တရုတ်ပြည်မှ အသစ်သစ်စက်စက် ကူညီလှူဒါန်းပေးထားသည့် ဖြိုခွဲရေး ရေယဉ်
၂။စွမ်းအားရှင်များတင်ဆောင်လာသည့် ဘတ်စ်ကား
၃။လယ်တောဘေး ဘုန်းကြီးကျောင်းများအတွင်း လူမြင်ကွင်းမှ ဖျောက်ထားသညိ့ ရဲကားများ
၃။ ဘယ်ရီဂိတ်အတားအဆီးများ
၎။ သာယာဝတီမြို့အတွင်းမှာပါ ရဲ ရောစစ်တပ်ပါ အင်အားအပြည့် တပ်ဖျောက်ထားကြတယ်လို့ သတငိးအတိအကျ ရရှိ...



ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ၊ ကာချုပ်တို့ မနက်ဖြန်ညနေတွေ့မယ်




မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာသမ္မတ ဦးသိန်းစိန်
တို့နှစ်ယောက် မနက်ဖြန် ညနေ (မတ်လ ၂ရက်)ကျရင် နေပြည်တော်မှာ သီးသန့်ေ
တွေ့ဆုံဖို့ရှိပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာတော့ မြန်မာ့တပ်မတော်
ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့လည်း နိုဗယ်ငြိမ်းချမ်းရေးဆုရှင်
တို့ သီးခြားတွေ့ဆုံဖို့ရှိနေပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မတ်လ ၂ရက်နေ့ကျရင် အောင်လံ
မှာ လူထုနဲ့တွေ့ဆုံပြီး နေပြည်တော်မှာ သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့နဲ့ တွေ့ဆုံ
မှာမို့ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ၆ပွင့်ဆိုင်ကို ငြင်းပယ်ထားတဲ့ ထိပ်သီးပုဂ္ဂိုလ်
နှစ်ယောက်နဲ့ တွေ့ဆုံမှုဟာ ထူးခြားမှုရှိနိုင်ပါတယ်။

သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ပြီးခဲ့တဲ့နှစ် မတ်လတုန်းက
လည်း နောက်ဆုံးအကြိမ် တံခါးပိတ် တွေ့ဆုံခဲ့ပါတယ်။ ဦးသိန်းစိန်ဟာ ယုံကြည်
လို့ရတဲ့သူဖြစ်တယ်လို့ ၂ဝ၁၁ သြဂုတ်လ ပထမဆုံး တွေ့ဆုံမှုအပြီး နိုင်ငံတကာ
အသိုင်းအဝိုင်းကို ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့ပေမယ့် ၂ဝ၁၄နှစ်ကုန်ပိုင်း
မှာတော့ မြန်မာပြည် ပြုပြင်ပြောင်းလဲရေးဟာ ရပ်တန့်သွားခဲ့ပြီလို့ မှတ်ချက်ပေးခဲ့
ပါတယ်။

သတင်း-Kamayut Media.

နေတခါဝင်ပြန်ပြီ သက်စိုးရေ.. တရားခံ မသိသေးဘူး တဲ့။

r


လင်း ယုန် မာန်

လူသတ်သမားသည် မြန်မာဖြစ်စေ ထိုင်းဖြစ်စေ တရားဥပဒေ ကို ရင်ဆိုင်ရမည်။
ချောငယ်ငယ် အကိုဝမ်းကွဲ ဖြစ်သူ သက်စိုး၏ ဖခင်သည် ယနေ့ သားဖြစ်သူ၏ ဒါဏ်ရာများကို
မြင်လိုက်ပါသည်။ အချက်ပေါင်းများစွာ ထိုးထားသော ဒါဏ်ရာများနှင့် လှီးဖြတ်ထားသော
လည်ပင်းဒါဏ်ရာကို ကြည့်၍ လူသတ်သမားသည် ပစ္စည်း လုရုံကြောင့်မဟုတ်ပဲ အငြိုး ဖြင့်
လုပ်ထား ကြောင်းသိနိုင်ပါသည်။
ကြားသိသမျှမှာ သက်စိုးသည် အေးအေးဆေးဆေး နေတတ်သော လူအေး ဖြစ်ပါသည်။
ည သန်းကောင် ပြန်လာရ၍ လမ်းတွင်တွေ့ရတတ်သော ၀မ်လု ခေါ် ထိုင်းလမ်းသရဲများကို မပေးပဲ ဆိုင်ကယ်ကို မောင်းပြေးတတ်ပါသည်က လွဲ၍ သူ့မှာ ရန်သူမရှိပါ။
ချောငယ်ငယ် သေဆုံးမှု မှာ မြန်မာ တရားခံ များ နေခြင်း ဖမ်းမိသော်လည်း ယခု လူသတ်မှု ကိုဖြင့်
ထိုင်းရဲများ ဘာကို အခက်တွေ့ မဖမ်းမိသေးလည်း စဉ်းစား စရာ ဖြစ်ပါသည်။
ထူးခြားချက်မှာ အရေးကြီး သော ဖုန်း ခေါ် မှု ၂ခါ မှုာ စာ၇င်းတွင် ပျောက်ဆုံးနေပြီး ဒီလို ကိစ္စမျိုးကို မည့်သည် လူတန်းစား ကသာ စွမ်းဆောင် နိုင်ကြောင်း ပရိတ်သတ်ကြီးသိကြပေမည်။
လိုက်ပါကူညီမည့် ရှေ့ နေ ဦးအောင်မျိုး သန့်တို့ အဖွဲ့မှာလည်း မြန်မာသံရုံးမှ အချက် ပေးခေါင်းလောင်း စောင့် နေကြသည်ဟု သိရပါသည်။ တနလာင်္နေ့ ရုံးများ ပြန်ဖွင့်မည် ဖြစ်သောကြောင့်သံရုံးမှ လျှင်မြန်စွာ ကူညီ ပေးကြပါရန်လည်း တိုက်တွန်း လိုပါသည်။
ကျနော်တို့သည် လူသတ်မှု ကို ဖော်ကြမည့်စုံထောက်များ မဟုတ်ပါ။
ထိုင်းနိုင်ငံတွင် နင်းပြားဘ၀ဖြင့် နေကြကုန်သော မြန်မာ လူမျိုးများ လူမသိ သူမသိ အသတ်ခံခဲ့ကြမှု များကို တရားမျှတမှု နှင့် အမှန်တရား အတွက် လုပ်ဆောင်နေကြခြင်းသာ ဖြစ်ပါသည်။
သို့ပါ၍ ကော့စမွေမှ မြန်မာမိတ်ဆွေများ ကလည်း ကျနော်တို့နှင့် အတူ ၀ိုင်းဝန်းကူညီပေးကြပါရန်

တောင်းဆိုပါသည်။

ဇင်ချောင်း အမျိုးတိ... အမှန်ဘဲ မချောချောငယ် သေဆုံးမှူ မှာအခြောက်ပါတယ် သူတို့ရဲ့ နောက်ကွယ်က လူသတ်မှူ အခု ချောချောငယ် ဝမ်းကွဲအကို သက်နိုင်စိုး တပတ်မခြားဘူး

ပါတီတခုမဲရဖို့စစ်သားများပါအသက်ပေးနေရပါတယ်တဲ့..

ပြန်ကြည်ညိုမတဲ့လား


နိင်ငံတော်နဲ့အစိုးရတခြားစီ
===================
နိင်ငံတော်ကိုပြည်သူကကြည်ညိုတယ်
စစ်သားကနိုင်ငံတော်ကိုကာကွယ်တယ်
နိုင်ငံတော်ကိုအစိုးရကရောင်းစားတယ်
အစိုးရကပြည်သူကိုနှိပ်စက်တယ်
MPCအသုံးမကျလို့စစ်သားတွေကျဆုံးရတယ်
စစ်သားကဒီလိုအစိုးရကိုကိုးကွယ်စရာလား
ပြည်သူကရောဒီလိုအစိုးရကြည်ညိုရမတဲ့လား။
ပြောချင်ပု ပြောချင်ပု။

ရန်ကုန်တိုင်းရဲတွေ ပြင်ဆင်နေကြပြီ


Maw Maw
 ရဲကားအစီး၃၀ လောက် ရှိမယ်။
သာယာဝတီမြို့ဆရာစံ
ပန်းခြံဘေးကလမ်းထဲချိုးဝင်ပြီး
သာယာဝတီအထိမူလစည်းထက်ရှေ့
သို့တိုးပြီးနေရာယူထားနေကြတာ တွေ့ရှိရပါတယ်...။

ချီတက်လာမှာအတွက် ပြင်ဆင်တယ်လို့ ယူဆနိုင်ပါတယ်..

ကို Aung Nay Myo အကောင့်ကိုသိမ်းပြီး SB ကတင်ထားတာပါ။


ကာယကံရှင်မသိပဲနိုင်ငံတော်အဆင့်ယူသုံးတာဘာပုဒ်မလဲ
ဦး Ye Htut ၊ဦး Hmuu Zaw၊ဦး Hla Swe၊ခင်ဗျ....????
မတ်လ၁ရက်ညရနာရီမှာတင်ထားတာပါ၊
အဲ့အချိန်ကိုအောင်နေမျိုးမလွတ်သေးတာသေချာပါတယ်ခင်ဗျ၊