Thursday, March 5, 2015

မြို့တော် ခန်းမရှေ့ ဆန္ဒပြပွဲမှာ အကြမ်းဖက်ဖမ်းဆီးခံရသူ (၈)ယောက်ဟာ ဒီနေ့မနက် ၆နာရီခွဲလောက်က ပြန်လည် လွတ်မြောက်

မတ်လ ၅ရက် ပြန်လည် လွတ်မြောက်လာပါတယ်။
သူတို့တွေကတော့ မတင်မေကျော်၊ ကိုဇင်မင်းဖြိုး (ဒဂုံ)ပထမနှစ်၊ ဟိန်ထက်အောင်(ဒဂုံ)၊ ဇော်လင်းထွဋ်(ခ)ဖိုးသား၊ ဒေါ်နီလာသိန်း (88)၊ ဒေါ်နုနုအောင်(88)၊ ကိုမျိုးသန့်(88) နဲ့ ကိုပြည်သော်တို့ ဖြစ်ကြပါတယ်။

ကြိုတင်မဲနေရာအစားထိုးမယ့်မဲပေးပြီးစာရင်း...

လည်ပင်းညှစ်ခံရတဲ့ကျောင်းသူလေး မတင်မေကျော်ပါ

r
ဒီဖက်က မနီလာက ကလေး တွေ ကို သူ ကိုယ်

နဲ့ အုပ်ပြီးအရိုတ် ခံ တယ်


ကိုရာ ဇာ
စွမ်းအားရှင်ဟုတ်တာမဟုတ်တာအသာထားရန်ကုန်မြို့လယ်ခေါင်မှာမင်းရဲ့သမီးကိုအောက်တန်းစားကလေကချေတွေက
လည်ပင်းဝင်ညှစ်မယ်၊လက်လိမ်ချိုးခံရမယ်ဆိုရင်ကောမင်းဘယ်လိုနေမလဲ.........


ဘသောင်း ဟိန်း
အခုအချိန်မှာ တီဗီထဲက မဟုတ်ပဲ အပြင်မှာထွက်ပြီးမိဘပြည်သူများ ဆိုပြီးထွက်လုပ်ရင်
ဘယ်လောက်တောင် အကျွေးခံရမလဲ မသိဘူး


အမျိုးကောင်းသမီးလေးအား ကာယအိနြေ္ဒပျက်ပြားအောင် လည်ပင်းညှစ်ဖမ်းဆီးသူ၏ ကိုယ်ရေးအကျဉ်း
================
အမည် = အရုပ်သည် (ခေါ်) ခွေးပု (ခေါ်) သက်မောင်
ပညာအရည်ချင်း = ၄တန်း
အလုပ်အကိုင် = ကျပန်း
နေရပ်လိပ်စာ = ဒလ

ယခင်က လှိုင်သာယာမီးခွက်ဈေးတွင် အထမ်းသမားလုပ်သည်။ ရန်ပွဲတစ်ပွဲတွင်ပါဝင်ပြီးနောက် အပြင်းအထန်ထိခိုက်နာကျင်စေမှုဖြင့် ထောင်ကျသည်။
ထောင်မှလွတ်ပြီး ၆လခန့်အကြာတွင် ခါးပိုက်နှိုက်မှုဖြင့် ထောင်ကျပြန်သည်။
ယခု ထောင်မှလွတ်သည်မှာ မကြာသေး။ နှစ်လခန့်သာရှိသေးသည်။
Credit: သိန်းဇော်

လက်ပံတန်းမြို့ထဲမှာ အင်အားသုံးကာခုပဲဖမ်းဆီး


San Nyein Oo
ခုနံနက်မှာပဲဗကသများအဖွဲ့ချုပ်မှညီငယ်ရဲရင့်ပိုင်မှူးး
ညီမငယ်အိသဉ္ဇာမောင်တို့ညီငယ်သာအေး အောင်မင်းခန့် ရဲမျိုးဆွေတို့
လက်ပံတန်းမြို့ထဲ ကြိုးစားခါလူထုကိုကို စည်းရုံး သပိတ်မှောက်ပါတယ်
ရဲများက အင်အားသုံးကာခုပဲဖမ်းဆီးသွားကြောင်းသိရပါတယ်
အဲ့ဒီမှာ ရှိတဲ့မီဒီယာသမားတွေကိုလည်း
မှတ်တမ်းတင်လို့မရအောင်နှောက်ယှက်ခဲ့ပါတယ်
လူထုကြီးခင်ဗျားတရားမဲ့ ခွေးတွေကို
ဒီအတိုင်းကြည့်မနေကြပါနဲ့ဗျာ
၆ ၃ ၂၀၁၅
လက်ပံတန်း
၉: ၁၀

Ko Pyay
လက်ပံတန်း မှာ ကျောင်းသားတွေနဲ့  သတင်သမားတွေကို ဆွဲပြီ။
ကိုစိုင်းဇော် ဧရာဝတီ ကိပြန်လည်ဆွဲထုတ်ခဲ့ရ
ဓါတ်ပုံ ပြည်ကျော်


Eleven Media Group


မတ်လ ၆ ရက် ယနေ့နံနက် ၉ နာရီခန့်က လက်ပံတန်းမြို့ ဈေးအနီးတွင် ဒီမိုကရေစီပညာရေး ပင်မသပိတ်စခန်းမှ ကျောင်းသား ၄ ဦးနှင့် ကျောင်းသူ ၁ ဦးတို့ သည် ၄င်းတို့ ပိတ်ဆို့ခံထားရသည့် အခြေအနေနှင့် ရန်ကုန်မြို့တွင် ကျောင်းသားများအား အကြမ်းဖက် ဖမ်းဆီးသည့် ဖြစ်စဉ်များကို ရှင်းလင်းပြောကြား ဆန္ဒပြမှုတစ်ရပ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါဆန္ဒပြသည့်နေရာသို့ ရဲတပ်ဖွဲ့၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အရပ်ဝတ်အချို့ ရောက်ရှိလာပြီး ယင်းသို့ မပြုလုပ်ရန် ပြောဆိုခဲ့ပြီးနောက် ကျောင်းသား၊ ကျောင်းသူများကို ကားပေါ်သို့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

Hmuu Zaw မင်းပြောတဲ့အက်ဥပဒေကအဲ့လိုလား


Go fuck yourself 

Myanmar is still governed by mob rule

မှူးဇော်က ပြစ်မှုဆိုင်ရာ ကျင့်ထုံး ၁၂၇၊ ၁၂၈ နဲ့ ကိုင်ပြီးဖာတယ်


Ko Ko Gyi (The 88 Generation Students)

နိုင်ငံတော်သမ္မတပြောရေးဆိုခွင့်ရှိသူ ၊ ပြန်ကြားရေးဝန်ကြီးဦးရဲထွတ် က ' အရပ်ဝတ်နဲ့ပါနေတဲ့သူတွေဟာဘယ်အဖွဲ့အစည်းလဲ ၊ ဘယ်လိုမူဝါဒလဲဆိုတာကတိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရတို့ကိုမေးမှရမယ် 'လို့ ပြန်လည်ရှင်းလင်းနေချိန်မှာ သမ္မတရုံးညွှန်ကြားရေးမှုး မှုးဇော် က ဥပဒေနဲ့ညီညွတ်ကြောင်း အကိုးအကားနဲ့ရေးတင်လာလို့ နှိုင်းယှဉ်တင်ပြလိုက်တာပါ။
"လူစုလူဝေးကိုမုချမဖျက်မည့်အကြောင်းထင်ရှားသည့်အမူအရာကိုပြုလုပ်လျှင် " လို့ဖေါ်ပြထားပါတယ်။
ယခုဆန္ဒဖေါ်ထုတ်မှုဟာ အစီအစဉ်ပြီးဆူုံးလူစုခွဲတဲ့လူစုလူဝေးဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးညွှန်းဆိုသော အရပ်ဝတ်နဲ့ပါရေတဲ့သူတွေ ဆိုသည်မှာကြိုတင်ကြံစည်စုဆောင်းထားသူများဖြစ်ကြောင်းထင်ရှားပေါ်လွင်နေပါတယ် ။
လက်နက်ကိုင်မဟုတ်သူမည်သည့်အမျိုးသားကိုမဆိုအကူအညီတောင်းနိုင်သည် ဆိုရာမှာလည်း ဓါတိပုံအထောက်အထားကိုကြည့်ရှုနိုင်ပါတယ် ။
တရားသောဥပဒေများစိုမိုးနိုင်ပါစေ။





မည်သည့်ရာဇဝတ်တရားသူကြီး သို့မဟုတ် ဒုရဲအုပ်အဆင့်ထက်မနိမ့်သောရဲအရာရှိက ဥပဒေ နဲ့ မညီသော စုဝေးသည်ဟု ယူဆလျှင် စစ်သား ရဲ ဒါမှမဟုတ် အမျိုးသားတယောက်ကို အကူအညီတောင်းပြီးဖြိုခွဲနိုင်သည်လို့ ဆိုတယ်ဗျ ။

အဲဒီတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပြန်ချေပရတော့မှာပေါ့ ။

နိုင်ငံသားအခွင့်အရေး အရ နိုင်ငံသားတိုင်း လွတ်လပ်စွာ စုဝေးခွင့် စီတန်း ဆန္ဒပြခွင့် ဆန္ဒထုတ်ဖော်ခွင့်ရှိတယ် ။ မင်းတို့ စည်ပင်ဝန်းထဲမှာနေ့လည် ၂နာရီထဲကစုနေတယ် ။ ဒီဘက်က ထိုင်သပိတ် လုပ်နေတဲ့ ကိစ္စကို ကားလမ်းကူးပြီးလာတယ် ။ မင်းတို့လူအုပ်ဘက်က ရန်စတယ် ၊ အလံလာလုတယ် ။ ပြီးတော့ရဲက ဝင်ရိုက်တယ် ။ ဘယ်သူရန်စသလဲ ဘယ်သူစကျူးလွန်တာလဲ ။ ဥပဒေ ဆိုတာ တရားသူကြီး က ယူဆတယ်ဆိုရုံနဲ့လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး Logically ကျိုးကြောင်းဆီလျော်မှုရှိရလိမ့်မယ် ။ ဟေ့ ဘုရားပွဲမှာ လူစည်နေတယ် ရိုက်ကွာ ဆို မခက်ဘူးလား ။

ဥပဒေမှာက လက်နက်ကိုင် မဟုတ်သူ အမျိုးသားလို့ဆိုတယ် ။ မင်းတို့ကောင်တွေက တုတ် ကိုင်ထားတာ ဓါတ်ပုံသက်သေရှိတယ် ။

အခု မင်းတို့က ကလေကချေတွေ ဆိုက်ကားသမားတွေကို ကြံ့ဖွတ်တွေကတဆင့်တနေ့ ၅ထောင်ပေးခေါ်ပြီးရိုက်ခိုင်းတာ ....

မနက်ဖြန် နိုင်ငံတကာမီဒီယာတွေမှာပါလာမယ် ။ သိန်းစိန် ခွက်ကိုင်ပြီး ဘယ်မျက်နှာနဲ့ တောင်းမလဲ ကြည့်ချင်သေးတယ်..
Credit. Ko Ko Lwin

ပေါသွပ်သိအောင်

မှုးဇော်.... မင်းပြောတာဒါမျိုးလား

ပင်မသပိတ်စစ်ကြောင်းအားလုံခြုံရေးရဲတပ်ဖွဲ့မှခြိမ်းခြောက်




ကျောင်းသားသပိတ်ပင်မစစ်ကြောင်းအားပတ်ဆို့တားဆီးထားသော
လုံခြုံရေးအင်အားစုရဲတပ်ဖွဲ့မှလူစုမခွဲလျှင်အရေးယူမည်ဟုအသံချဲ့ စက်
ဖြင့်နေလည်၂း၃၀မှယခုသတင်းတင်နေသည့်၃း၀၀နာရီထိတဆက်
တည်းမနားတမ်းခြိမ်းခြောက်နေပါသည်
4/3/15 နေ့လည် ၃း၀၀ နာရီ

***ကျောင်းသားသပိတ်တိုက်ပွဲဗမာတပြည်လုံးပါဝင်ဆင်နွှဲကြ***
ဒီနေ့ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်းလုံခြုံရေးရဲတပ်ဖွဲ့
များမှမတရားပိတ်ဆို့တားဆီးထားသည့်အရေးကိုဗမာတပြည်လုံး
ရဟန်းရှင်လူပြည်သူအားလုံးဦးသိန်းစိန်ကြံ့ဖွံ့စစ်တပိုင်းအစိုးရကို
လမ်းပေါ်ထွက်ဆန္ဒပြကြဘို့အရေးကျောင်းသားသပိတ်များနှင့်ပူး
်ပေါင်းကြဘို့အရေးတကြီးတောင်းဆိုတိုက်တွန်းအပ်ပါသည်
5/3/15......နံနက်----၁၁း၀၀ နာရီ


ကျောင်းသားသပိတ်ပင်မစစ်ကြောင်းအားလုံခြုံရေးရဲတပ်ဖွဲ့
အာဏာပိုင်တို့မှအစားအသောက်များနှင့်ညအခါမီးစက်
များမောင်းနှင်ရန်အတွက်ဒီဇယ်၊ဓာတ်ဆီတို့အပါဝင်ယင်း
ပစ္စည်းများသယ်ယူခွင့်သွင်းယူခွင့်မပြုတော့ကြောင်းကို
ပင်မသပိတ်မှကျောင်းသားခေါင်းဆောင်များကိုသတိပေး
တားမြစ်ကြောင်းကိုမင်းသွေးသစ်မှပြောဆိုပါသည်
Aungmyint Bogalay

လက်ပံတန်းမှာ ဒီညဒီပဲရင်းလိုလုပ်မယ်တဲ့ နေပြည်တော် ကာလုံအစည်းအဝေး ဆုံးဖြတ်ချက်
======================================================
မိတ်ဆွေတစ်ဦးမှပေးပို့လာသောသတင်းဖြစ်ပါတယ် ၊
ဒီကနေ့ ညနေ ၁၆း၀၀ နာရီက လုပ်တဲ့ နေပြည်တော် ကာလုံ အစည်းအဝေးက ဆုံးဖြတ်လိုက်တာလို့ ပြောပါတယ် ၊
ဒီည လက်ပံတန်းမှာ ဒီပဲရင်းပုံစံလုပ်မယ်လို့ သိရပါတယ် ၊
လက်ပံတန်းမှာ ညနေ ၄ နာရီကျော်ကတည်းက မီးဖျက်ထားပါတယ် ၊
မြောက်ဖက်က လက်ပန်းတန်းမြို့အဝင်လမ်းကိုလည်း ရဲများက ပိတ်ဆို့ထားလိုက်ပါပြီ ၊
နံပါတ်မပါတဲ့ ဘော်ဒီ ပေ ၂၀ အရှည် ကားအသစ်တွေလည်း လက်ပံတန်း အဝင်လမ်းဆုံမှာ ရောက်နေပါတယ် ၊
လက်ရှိလက်ပံတန်းမှာ ရဲသားအသစ် အငယ်လေးတွေချည်းပဲ လွှတ်ထားပါတယ် ၊
ညမှောင်လာတဲ့အခါကျမှ ရဲတွေကို နေရာပြန်ဆုတ်ခိုင်းပြီး အမည်မသိလူအုပ်ကြီးနဲ့ အစားထိုးမယ်လို့ ပြောပါတယ် ၊
နီးစပ်ရာမြို့တွေက ပြည်သူတွေ အဝေးက စိတ်ပူနေမယ့်အစား လက်ပံတန်းကို သွားစေချင်တယ်လို့ ပြောပါတယ် ၊
သတင်းထူးရင် ထပ်ပို့ပေးမယ်လို့ပြောပါတယ် ၊
ဒီသတင်းကို မိတ်ဆွေများအားလုံး စုံစမ်းအတည်ပြုပေးကြပါအုံး ၊


Pyawpyawshwinshwin Myittar
18 hrs ·
ကျောင်းသားတွေကိုကြည့်ပြီးကျုပ်တို့လည်းစိတ်ညစ်တယ် ၊ ပြည်သူတွေအုံနဲ့ကျင်းနဲ့လာဝိုင်းလိုက်စေချင်တယ် လို့ ရဲအရာရှိတစ်ဦးမှပြောကြား
==========================================================================================
ရဲအရာရှိတစ်ဦးမှ လက်ပံတန်းတာဇုံသို့ အအေးဗူးများထွက်ဝယ်ရာတွင် ဖုန်းဖြင့် အဆိုပါစကားများပြောနေခြင်းကို ကြားခဲ့ရသည်ဟု လွယ်အိတ်စားလွယ်သိုင်းထားသော စားပွဲထိုးကောင်မလေးကပြောပြသည် ၊
အေးဗျာ ကျောင်းသားတွေက နေပူထဲမှာ ဘုန်းကြီးတွေလဲနေပူထဲမျာပဲဗျ
ကျောင်းသားတွေကိုကြည့်ပြီး ကျုပ်တို့လည်း စိတ်ညစ်တယ်ဗျာ စိတ်လည်းမကောင်းဘူး
ဒီမှာသေခံပြည်သူက အားနည်းတယ်ဗျ
ပြည်သူတွေအုံနဲ့ကျင်းနဲ့ လာဝိုင်းလိုက်စေချင်တယ် ဗျာ
ပြည်သူတွေလာဝိုင်းလိုက်လို့ လွှတ်ပေးလိုက်ရတယ်ဆိုရင် ကျုပ်တို့လည်း အပြောလွတ်သေးတယ်
ခုဟာက အပေါ်က အဘတွေလေ သူတို့လည်းလုပ်ရဲတာမဟုတ်ဘူး ကျုပ်တို့ကို ခေါင်းရင်းခိုင်းနေတာဗျ
ကျုပ်လည်း စိတ်ညစ်ပါတယ်
မတော်တဆ ကျောင်းသားတ်ယောက်ယောက် နေပူထဲလဲလို့ သေများသွားရင် ကျုပ်တို့လည်း ပြေးပေါက်အမှားပဲ
ကဲကဲ ဒါပဲဗျို့
ရဲ အရာရှိမှ စိတ်ရှုပ်နေဟန်ဖြင့် အအေးဗူးများတင်ကာ ကားပြန်မောင်းထွက်သွားကြောင်း စားပွဲထိုးကောင်မလေးမှပြောပါသည်
(ဆိုင်အမည် မဖေါ်ပြတော့ပါ ၊ မေးမြန်းချက်ကို ခပ်သွက်သွက်ဖြေကြားပေးသော စားပွဲထိုးချာတိတ်လေးအား ကျေးဇူးတင်ပါသည် )

ပဲခူးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ
ပင်မ စစ်ကြောင်းဆီသို့ ပေါက်တည်/ပြည် စစ်ကြောင်းကျောင်းသားပေါင်း(၁၀၀၀)ကျော်ချီတတ်လာပြည်သူများက လည်းဝန်းရံ ချီတတ်လာကြောင်း....

"အသိပေး နှိုးဆော်ပါသည် " ယနေ့ညနေ ၃နာရီခန့်တွင် ရန်ကုန်ရှိတက္ကသိုလ် အသီးသီးမှ ကျောင်းသားကျောင်းသူများစုစည်း၍ လက်ပံတန်းတွင် ပိတ်ဆို့ခံသပိတ်မှောက်ကျောင်းသားများအား အကြမ်းဖက်မဖြိုခွင်းပဲ ညှိနှိုင်းဆွေးနွေးအဖြေရှာရန် ဆန္ဒပြမည်ဖြစ်ပါသည်။သို့ပါ၍ အကြမ်းဖက်မှုကိုမလိုလားသူမည်သူမဆိုလာရောက်ပူးပေါင်းနိုင်ပါကြောင်းနှင့် ကျောင်းသားဟောင်းများ|သပိတ်မှောက်ကျောင်းသားမျာမှ ဟောပြောမှုများပြုလုပ်မည်ဖြစ်ပါသည်။

အချိန်……3:00 နာရီ
နေရာ……မြို့တော်ခန်းမ
နေ့ရက်……5.3.2015



သပိတ်စစ်ကြောင်းတပ်ဦးကအလံကိုင်ရဲဘော်တစ်ဦးဖြစ်တဲ့မြင်းခြံခရိုင်ဗကသကျောင်းသားကိုကောင်းဝဏ္ဏမင်းကိုလဲကျသတိလစ်သွားခဲ့ပါတယ်။တာဝန်ကျေတဲ့ကျောင်းသားရဲဘော်ကောင်းဝဏ္ဏမင်းကိုဟာသူလဲကျတော့မယ့်အခြေအနေကိုသူ့ကိုယ်သူသတိပြုမိလို့လူလဲကျခဲ့ရင်အလံမလဲအောင်သူ့လက်နဲ့အလံကိုခွပ်ဒေါင်းလက်ပတ်လေးနဲ့တွဲချီထားခဲ့တာကြောင့်သူသတိလစ်လဲကျတဲ့အခါလက်နဲ့ချီထားတဲ့အလံဟာချက်ချင်းမလဲခဲ့တဲ့အတွက်ဘေးကကျောင်းသားကအချိန်မီဝင်ကိုင်ခဲ့ပါတယ်။သူသတိလစ်လဲကျသွားလို့ကျွန်တော်တို့ပြေးပွေ့လိုက်တော့မှအလံကိုသူ့လက်နဲ့တွဲချီထားတာကိုစိတ်မကောင်းစွာတွေ့လိုက်ရပါတယ်။လေးစားပါတယ်ရဲဘော်ကောင်းဝဏ္ဏရေ.......

မင်းသွေးသစ်
ဗကသများအဖွဲ့ချုပ်