Friday, March 6, 2015

ကျောင်းသားတွေကိုရိုက်ဖို့ရဲကိုအအေးလှုတဲ့နေမျိုးဝေ

ကျောင်းသားတွေကိုတိုက်ခိုက်နေတဲ့ဆန်ကုန်မြေလေး





ကျောင်းသားတွေကိုရိုက်ဖို့ရဲကိုလှုတဲ့အအေးတွေ
အလကားမဖြစ်ဖူးဆိုပြီးဖေ့ဘွတ်ပေါ်တင်ရေးတဲ့နေမျိုးဝေ
ငါလဲတင်ရေးမယ်ပြန်ရောက်ရင်တွေ့တဲ့နေရာပါးရိုက်မယ်
လွတ်အောင်သာရှောင်....
ငါ့ကိုဘန်းထားလို့သူများကူးတင်မှ
တွေ့ရတယ်လက်နဲ့မရိုက်တော့ဖူးဖိနပ်ချွတ်ရိုက်မယ်
ဘယ်တုံးကမှစစ်သားတွေရဲတွေနာကျင်သေဆုံးတာ
ဝမ်းမသာခဲ့ဖူးကျောင်းသားတွေနာကျင်မှာလဲမလိုလားဖူး
၊ဒါအဖြေမဟုတ်ဖူးအကုန်လုံးငါ့နိုင်ငံသားချည်းပဲ...
စစ်အစိုးရကလမ်းပြမြေပုံအတိုင်းသွားနေတာ...
အသေးအမွှားကလွဲလို့ဘာတွေပြင်ပေးခဲ့လဲ..
အခုလိုအချိန်မှာဆန်ကုန်မြေလေးတွေစင်ပေါ်တင်ရဲ
တဲ့စစ်အစိုးရရဲ့သတ္တိချီးကျူးတယ်...
ရွေးကောက်ပွဲခွေးကျကျမှာ...စိတ်သာချ...
နေမျိုးဝေဆိုတဲ့ကောင်...
၉၆မှာကျောင်းသားတွေထောင်ထဲရောက်အောင်
စာရင်းပေးပြီးဘောစယှက်ခဲ့တာ...
၂၀၁၀မှာ၂ယောက်လောက်နဲ့ပါတီဖွဲ့ပြီးဒေါ်စုတို့
ကို...အေးလွင်တို့နဲ့ပေါင်းပြီးမုန်းတယ်...
၂၀၁၀နောက်ပိုင်းခရိုနီမုန်းသလိုလိုနဲ့
အခုတော့ခင်ရွှေ့ဘောယှက်နေပြီ...
၂၀၁၄မှာတော့ မုန်းလိုက်တဲ့ကုလား....
ပိုးစိုးပက်စက်တွေဖြစ်လာတော့မှ
ဦးသိန်းစိန်ပြန်သိမ်းထားတာ...
အခု၂၀၁၅လဲရောက်ရောလွှတ်တော်ထဲဝင်ထိုင်ခိုင်း...
သူ့ပါတီကသူတယောက်ထဲပဲရှိတော့တာ..
ကော်မရှင်ကဖျက်လိုက်လို့တောင်ရတယ်...
အခုကျောင်းသားမုန်းနေပြန်ပြီ...
နောက်မုန်းစရာမရှိတော့ရင်ပြော...
ငါ့ဟာပေးမုန်းမယ်...
ဆန်ကုန်မြေလေး....


ဒီနေ့ကာတွန်း

မနီလာသိန်းအရိုက်ခံနေရစဉ်

အကြမ်းဖက် ဖမ်းဆီးခံခဲ့ရသူ ၈ ဦးမှ သတင်းစာရှင်းလင်းပွဲ ပြုလုပ်

အသေဝနာစ ဗာလာနံ



Thorn Nay Soe

________________

အံ့သြလို့ပါ။

* ဒလ က ကလေကချေကို
'တာဝန်' လက်ပတ် ပတ်ပေးပြီး
မြို့မိမြို့ဖလို့ နာမည်တပ်
မြို့တော်ခန်းမထဲ သွင်းတော့
နေ့ခင်းကြောင်တောင် ကျောင်းသူတစ်ဦးကို
ကာယအိနြေ္ဒ ပျက်ပြားစေတယ်။

* တော်တော် လူဝေဖန်ခံနေရတဲ့
တော်တော်စည်းလွတ်ဘောင်လွတ်တွေပြောတတ်တဲ့
ပါတီလို့ မည်ကာမတ္တ
လူထုထောက်ခံမှု စိုးစိမျှမရှိ။
ပါတီဝင် နှစ်ယောက်နဲ့တစ်ပိုင်း
ဆိုင်းဘုတ်ထောင်ထားရုံပါတီ တစ်ခုက
အဆင်ခြင် လုံးဝမရှိသူကို
လွှတ်တော်ထဲခေါ် လူရာသွင်းပြောခိုင်းတော့
"ကျောင်းသားတွေကို ပြတ်ပြတ်သားသား
'ချေမှုန်း' ပစ်ပါ" လို့ အင်မတန်ရုပ်ဆိုးစေမယ့်
အန္ဓစကား ပြောတယ်။

ဒီလိုလူတွေနဲ့များ ဘာလို့ …
ပေါင်းဖော်ယှဉ်တွဲ မှီဝဲဆည်းကပ်နေရတာလဲ?
ဘာလို့ အဖက်လုပ်လူရာသွင်းနေရသလဲ?

မင်္ဂလာတရားတော်မှာ ပထမဆုံးလာတဲ့တရားဟာ
'အသေဝနာစ ဗာလာနံ' ဆိုတာလေး
သတိပြုကြပါဦး ခင်ဗျာ။

လက်ပံတန်းဈေးအနီးတွင် ကျောင်းသား/သူများအား အတင်းအဓမ္မဖမ်းဆီး