Saturday, March 7, 2015

တရုတ်အတိုးနှုန်း ၄.၅ % ကများလွန်းတယ်

ဦးသိန်းစိန်ပုံဘုရားစင်အထက်ရောက်နေတယ်

စွမ်းအားရှင်အကြပ်အမျိုးသမီး




အမျိုးသမီးစွမ်းအားရှင်တဲ့!

နာမည်က မဋ္ဌေး!
၃၅ လမ်း အပေါ်ဘလောက်မှာနေပြီး
ကျောက်တံတား မြို့နယ် အမှတ် ၃ရပ်ကွက်မှ အမျိုးသမီးအုပ်ချုပ်ရေးမှူးဖြစ်ပါတယ်...

မနေ့က အကြမ်းဖက်ဖြိုခွင်းမှုမှာ စွမ်းအားရှင် ၅ဦးနဲ့ ယောက်လာပြီး "အမြန်ဝင်ရိုက်ပါ".ဆိုပြီး အမိန့်ပေးခဲ့တာဖြစ်ပါတယ်…

Credit - သက်နှင်းသုန္ဒရီ

.ဘာထင်လဲ.....



Zin Wyne
ဘယ်ကောင့်မှ လူမထင်ဘူး
===================

ရဟန်းသော..သံဃာသော
အသက်ကြီးသော...ငယ်သော
ယောက်ျားသော..မိန်းမသော
ခလေးသော..လူကြီးသော...
ဘယ်ကောင့်မှလူမထင်ဘူး....
ပါးဆွဲရိုက်ပြစ်လိုက်မယ်..
ဆောင့်ကန်ချိုးပြစ်လိုက်မယ်...
စောက်ခွက်ဆွဲထိုးပြစ်လိုက်မယ်...
နရင်းဖြတ်ရိုက်ပြစ်လိုက်မယ်..
အဘတို့ပေးထားတဲ့...
(တာဝန်)ကွ..ဘာထင်လဲ.....။
-------------------------
တောက်...ကိုယ့်ရုပ်ကိုယ်ကြည့်ရတာတောင်
ကျက်သရေတုန်းပါ့ကွာ...။

လက်ပတ်အနီ အကြမ်းဖက်ဖြိုခွင်းမှု ကို ဘယ်သူကြိုးကိုင်လဲ?

မအိသဉ္ဇာမောင် နှင့် အင်တာဗျူး ။



မအိသဉ္ဇာမောင်(မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်၊ PGDE)
မန္တလေးခရိုင်(ဗကသ)အဖွဲ့ဝင် နှင့် အင်တာဗျူး ။
===============================================
ရန်ကုန်မြို့တွင် ဆန္ဒပြသူများအားဖမ်းဆီးမှုနှင့် လက်ပံတန်းတွင် သပိတ်မှောက်
ကျောင်းသားများအား ပိတ်ဆို့ထားမှုအပေါ် ကန့်ကွက်သည့်အနေဖြင့် သပိတ်စခန်းနှင့် တစ်မိုင်ခန့်ဝေးသော လက်ပံတန်းမြိုလယ်၊ မြို့မဈေးရှေ့တွင် ဆန္ဒထုတ်ဖော်သည့် သပိတ်စခန်းမှကျောင်းသား ၄ဦးနှင့် ကျောင်းသူ ၁ဦးကို မတ်လ ၆ရက်၊ မနက် ၉နာရီ
တွင် မြို့နယ်ရဲတပ်ဖွဲ့က ကားပေါ်ဆွဲတင်ကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
၎င်းတို့ကို မတ်လ ၇ရက်၊ နေ့လည်ပိုင်းတွင် အာဏာပိုင်များက ပြန်လွတ်ပေးခဲ့သည့်
အတွက် ၎င်းတို့အားလုံး ပင်မသသပိတ်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ ဖမ်းဆီးခံရသူများအနက် မန္တလေးနိုင်ငံခြားဘာသာတက္က သိုလ်မှ မအိသဉ္ဇာမောင်ကို
ထိုနေရာတွင် သွားရောက်သတင်းယူနေသည့် မဇ္ဈိမသတင်းထောက် မင်းမင်းက
တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ မအိဉ္ဇာမောင်တို့ ဘယ်လိုပြန်လွတ်လာတာလဲ။
ဖြေ။ ။ ဖြစ်စဉ်ကနေ ပြန်ပြောရရင် မနေ့က ရဲတွေကနေ ဖမ်းခေါ်သွားပြီးတော့
လက်ပံတန်းရဲစခန်းကို ပို့လိုက်တယ်။ အဲ့ဒီကနေတစ်ဆင့် သာယာဝတီ ရဲစခန်းကို
ပို့တယ်။ ည၁၀နာရီလောက်ကျတော့ လက်ပံတန်းရဲစခန်းကို ပြန်လွှဲတယ်။
ဒီနေ့မနက် ကိုးနာရီလောက်မှ ထွေ/အုပ်ရုံးကို ပြန်လွှဲတယ်။ အဲ့ဒီကနေပြီးတော့
လွတ်လာတာ။
မေး။ ။ အခု ပြန်လွတ်လာတာက ဝန်ခံကတိလက်မှတ်ထိုးပြီးတော့ ပြန်လွတ်လိုက်
တာလား။ ဘယ်လိုပြောပြီး ပြန်လွတ်တာလဲ။
ဖြေ။ ။ ကျောင်းသားတွေမို့လို့ အရေးမယူဘူးပေါ့။ အကယ်၍ တစ်ခြားအရပ်သားသာ
လုပ်မယ်ဆိုရင် အရေးယူဆောင်ရွက်မယ်။ ညီမတို့ကို နောက်နောင် ဒီလိုမျိုးကိစ္စ
မလုပ်တော့ပါဘူးဆိုတဲ့ ခံဝန်ကတိထိုးခိုင်းတယ် ။ ညီမတို့ ပြန်ပြောတာက ခံဝန်
ကတိကို မထိုးနိုင်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ညီမတို့ ဒီမှာပိတ်မိနေတာ သုံးလေးရက်လောက်ရှိနေပြီ။ ကျောင်းသူ၊ ကျောင်းသားတွေ ချို့တဲ့တဲ့သူတွေလည်း
အများကြီးပဲ။ ပြီးတော့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေးမှာ သပိတ်စစ်ကြောင်းက
လူတွေနဲ့ ထောက်ခံအားပေးတဲ့သူတွေကို အရေးမယူဘူးလို့ ပြောထားတယ်။
အဲ့ဒါကြောင့် ခံဝန်ကတိမထိုးနိုင်ဘူးလို့ ပြောခဲ့တယ်။
မေး။ ။ ညတုန်းက ဘယ်မှာအိပ်ရလဲ။ နေရေး၊ စားရေးရော အဆင်ပြေလား။
ဘယ်လိုအခြေအနေရှိလဲ။
ဖြေ။ ။ ညတုန်းက လက်ပံတန်းရဲစခန်းမှာ အိပ်တာပါ။
မေး။ ။ လက်ပံတန်းမှာ ဖမ်းပြီးတော့ သာယာဝတီကိုခေါ်သွားတာက ဘာကြောင့်လို့
သူတို့ပြောလဲ။
ဖြေ။ ။ ဘာကြောင့်ခေါ်သွားလဲလို့တော့ ရှင်းရှင်းလင်းလင်းမပြောဘူး။ လက်ပံတန်း
ရဲစခန်းကိုရောက်တော့ ကိုယ်ရေးရာဇဝင် အချက်အလက်တွေတောင်းတယ်။ ညီမတို့
ဘက်ကလည်း နာမည်ကလွှဲရင် ကျန်တာမပေးနိုင်ဘူးလို့ ပြောလိုက်တယ်။ အဲ့ဒီမှာ သူတို့ဘာမှဆက်မေးလို့လည်းမရရော သာယာဝတီရဲစခန်း ကို ပို့လိုက်တယ်။ ကားပေါ်တက်လို့ပဲပြောပြီး ဘာမှမပြောဘူး။
မေး။ ။ ဖမ်းသွားတဲ့အချိန်ကနေ ပြန်လွတ်ပေးတဲ့အထိ ထိခိုက်နာကျင်အောင်
တစ်ခုခုလုပ်တာရှိလား။
ဖြေ။ ။ ကားပေါ်ပစ်တင်တာကလွှဲပြီး ကျန်တာမရှိပါဘူး။
မေး။ ။ မအိသဉ္ဇာမောင်တို့ ငါးယောက်က မြို့ထဲကိုသွားပြီးဆန္ဒပြကြတာ ဘယ်သူ့ကို
မှအသိမပေးဘဲ ထွက်သွားကြတာလို့ကြားတယ်။ ဘယ်လိုဖြစ်ပြီး ထွက်သွားဖြစ်ကြ
တာလဲ။
ဖြေ။ ။ ညီမတို့က အကြီးပိုင်းတွေနဲ့ တိုင်ပင်ပြီးမှ ထွက်သွားတာရှင့်။ ဘာဖြစ်လို့လည်း
ဆိုတော့ လမ်းမှာ ပိတ်မိနေတာက သုံးလေးရက်ရှိပြီ။ အကယ်၍ ကျောင်းသူတွေ၊
ကျောင်းသားတွေ တစ်ခုခုဖြစ်သွားရင် ထောက်ခံအားပေးတဲ့သူတွေတစ်ခုခုဖြစ်သွားရင် ဘယ်သူတာဝန်ယူမှာတုန်း။ ဘယ်အစိုးရက တာဝန်ခံမှာတုန်း။ တားတဲ့သူတွေက
တာဝန်ခံမှာလား။ လမ်းကိုပိတ်တာကကော ဘယ်သူ့ခွင့်ပြုချက်နဲ့လဲ။ ညီမတို့က သည်းမခံနိုင် တော့ဘူး။ ဘာလို့ ကျောင်းသားတွေနဲ့ ပြည်သူတွေကို အဆက်အသွယ်
ဖြတ်ထားတာတုန်း။ ပြီးတော့ ရန်ကုန်က ထောက်ခံအားပေးတဲ့သူတွေကို တုတ်နဲ့
ရိုက်တာတုန်း။ အဲ့ဒါကြောင့် လူကြီးပိုင်းနဲ့တိုင်ပင်ပြီးမှ လုပ်စရာရှိတာကို ထွက်
လုပ်တာ။
မေး။ ။ အရေးမယူဘဲ အိမ်ပြန်ပို့မယ်ဆိုပြီး မနေ့ကညှိတာကို မအိသဉ္ဇာမောင်တို့
ဘက်က လက်မခံခဲ့တာ ဘာကြောင့်ပါလဲ။
ဖြေ။ ။ ညီမတို့ဘက်က တောင်းဆိုထားတာတွေရရင် ရန်ကုန်ကိုအောင်ပွဲခံပြီး
သွားမယ်။ တောင်းဆိုတာမရရင် ရန်ကုန်ကိုသိပတ်အနေနဲ့ချီတက်ပြီး သွားမယ်။ ရန်ကုန်ကိုရောက်ရင် ကိုယ့်နေရာကို ပြန်ကြမယ်။ တောင်းဆိုချက်(၈)ချက်ထဲမှာ
လည်း ပါပြီးပြီ။ အဲ့တော့ ရန်ကုန်မရောက်မချင်း အိမ်ပြန်ပို့မယ်ဆိုတာမျိုးကို
လက်မခံဘူး။
မေး။ ။ ဖမ်းသွားတဲ့အချိန်ကနေ ပြန်လွတ်တဲ့အထိ မိသားစုနဲ့အဆက်အသွယ်ရလား။ လက်ကိုင်ဖုန်းရော သုံးလို့ရလား။
ဖြေ။ ။ မနေ့တုန်းကအထိတော့ ဖုန်းပေးကိုင်တယ်။ ည၁၀နာရီလောက်ကျတော့ ဖုန်းတွေအကုန် ပြန်သိမ်းတယ်။ မနက်ကတောင်းတဲ့အထိ မပေးဘူး။ သူတို့ပြောတာ
ကတော့ အကယ်၍ ညီမတို့ရှိတဲ့နေရာကို သိသွားရင် တစ်ခုခုဖြစ်လာမှာစိုးလို့ဆိုပြီး အကြောင်းပြချက်နဲ့ ဖုန်းမပေးဘူး။ လွတ်ခါနီးမှပြန်ပေးတာ။
မေး။ ။ အခု အဖမ်းခံရတာကို မိသားစုတွေ သိလား။
ဖြေ။ ။ အမေ သိပါတယ်။ ညီမပုံတွေ အင်တာနက်ထဲကနေ တက်လာတယ်တဲ့။
အခု ဘာမှမဖြစ်တော့ဘူးလို့ ပြောထားတယ်။ အိမ်ကိုရောက်အောင် ပြန်လာမယ်လို့
အမေ့ကို ကတိပေးထားတယ်။

Minzzima

ဒီနေ့ကာတွန်း

သတင်းမီဒီယာသမားတွေ ပစ်မှတ်ထား တိုက်ခိုက်ခံနေရပြီလား



Kamayut Media

လက်ပံတန်းက ညောင်ပင်လေးဈေးရှေ့မှာ ဆန္ဒပြတဲ့ ကျောင်းသားကျောင်းသူတွေကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းရာမှာ ဧရာဝတီသတင်းထောက် စိုင်းဇ်ာကို ရဲတွေက ဝင်ရောက်ဖမ်းချုပ်ခဲ့လို့ သတင်းသမားတွေက ပြန်လည်ဆွဲထုတ်ခဲ့ရတယ်လို့ ဧရာဝတီသတင်းဌာနက ဆိုပါတယ်။

ဆန္ဒပြကျောင်းသားတွေကို အရပ်ဝတ်နဲ့လူတစ်ယောက်က မင်းတို့ကဘာဖြစ်ချင်တာလဲဆိုပြီး ခြိမ်းခြောက်မေးမြန်းခဲ့ပြီး ကျောင်းသားတွေက တာဝန်ရှိတဲ့သူလားလို့မေးတော့ ပြည်သူတစ်ယောက်ဖြစ်တယ်လို့ ပြောပြီးမကြာခင်မှာပဲ အဲဒီအရပ်ဝတ်လူက အမိန့်ပေးပြီး အကုန်ဆွဲတင်၊ အကုန်ဖမ်းလို့ ပြောတာနဲ့ ရဲတွေက ဝင်ရိုက်နှက်ပြီး ဖမ်းဆီးခဲ့တဲ့အကြောင်း၊ ဓာတ်ပုံရိုက်နေတဲ့သူ့ကိုပါ ဖမ်းခိုင်းပြီး ကင်မရာကိုလုယူတဲ့အကြောင်း၊ ရဲတွေဟာ အရပ်ဝတ်နဲ့ပြည်သူဆိုတဲ့သူ ခိုင်းစေသမျှ လုပ်ကိုင်နေတဲ့အကြောင်း ဓာတ်ပုံသတင်းထောက် စိုင်းဇော်ရဲ့ ပြောဆိုချက်ကို ဧရာဝတီသတင်းဌာနက ကိုးကားဖော်ပြခဲ့ပါတယ်။

ရွှေပြည်သာ အလုပ်သမားသပိတ်ကို အရပ်ဝတ်စွမ်းအားရှင်တွေနဲ့ ဖြိုခွဲစဉ်က 7 Day နဲ့ DVB သတင်းထောက်နှစ်ယောက်ကို ရဲတွေက ကင်မရာတွေလုပြီး ဖမ်းဆီးခဲ့ပြီး ပြန်လွှတ်ခဲ့သလို မနေ့က မြို့တော်ခမ်းမရှေ့ဆန္ဒပြပွဲ ဖြိုခွင်းစဉ်မှာ အရပ်ဝတ်နဲ့ အကြမ်းဖက်လူရမ်းကားတွေ၊ ရဲတပ်ဖွဲ့တွေက ဆန္ဒပြသူတွေအပြင် သတင်းမီဒီယာသမားတွေကိုပါ ပစ်မှတ်ထားပြီး ရိုက်နှက်ဖို့လုပ်ဆောင်ခဲ့ပါတယ်။

ဒီလိုသတင်းသမားတွေ ခြိမ်းခြောက်တိုက်ခိုက်ခံနေရတဲ့ကိစ္စ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)အနေနဲ့ ကြေညာချက်ထုတ်ပြန် ဆောင်ရွက်တာမျိုး မရှိသေးသလို သတင်းမီဒီယာတွေကို ကာကွယ်ပေးဖို့ အစိုးရဘက်ကလည်း သတိပေးပြောဆိုထားတာတွေ မရှိပါဘူး။


လက်ပံတန်းမှာ တာဝန်ကျတဲ့ ရဲမှုး က အရပ်ဝတ်နဲ့ လက်ပံတန်းပြည်သူကြားမှာ ရောက်နေ 

စိုးသိန်းဦးဆောင်သည်

သမီးမဟုတ်လို့မစာနာသူနဲ့ထောက်ခံသူ

အောင်စိန်ပြောတာကိုကြံဖွတ်လွှတ်တော်ကိုယ်စားလှယ်ဦးလှဆွေကအခုလိုထောက်ခံပါတယ်




ပေါသွပ်ကဘူးလက်ကိုတလုံးထည့်လိုက်ပါတယ် 
ဦးHla Sweပြန်ထည့်ပေါသွပ်ကို 


ညစ်ပတ် ကြမ်းတမ်းတဲ့ အတိတ်ဆိုးဘ၀ ပိုင်ရှင်များ



လင်း ယုန် မာန်
ခင်ဗျား တို့ မသိသေးတဲ့ စွမ်းအားရှင် နောက်ကြောင်း (သို့မဟုတ်)
ညစ်ပတ် ကြမ်းတမ်းတဲ့ အတိတ်ဆိုးဘ၀ ပိုင်ရှင်များ။
=================================
( စိတ်ဝင်စား စရာ ဖြစ်၍ အဆုံးထိ ဖတ်စေလိုပါသည်။)

လူသား တယောက်ကို လူမဆန်တဲ့ လုပ်ရပ်ခိုင်းဘို့ဆိုတာ မလွယ်လှပါ။
အထူး သဖြင့် သံဃာတွေကို ကိုယ်ထိ လက်ရောက်စော်ကား ခြင်းလုပ်ရပ်မျိုးက ပို မလွယ်လှပါဘူး။
ရှေ့ တန်းမှ သွေးသံရဲရဲ စစ်တိုက်ဘူး တဲ့ စစ်သားတွေတောင် ပြည်သူတွေကို ပစ်ဖို့ လက်တွန့်ခဲ့ဘူးတဲ့ သာဓက တွေ ရှိပါတယ်။

မွတ်စလင်အကြမ်းဖက်သမားတယောက် ဖြစ်ဘို့ဆိုတာလည်း လွယ်လွယ်လေး သာမန်လူထဲက ဖြစ် လာ လို့မ၇ပါဘူး။ သူတို့တွေကို ငယ်ငယ်လေး ကတည်းက စိုက်ကို နည်း အမျိုး မျိုး နဲ့ လေ့ကျင့်ပျိုး ထောင် ခဲ့ရတာပါ။ အထူးသဖြင့် စိတ်ဓာတ်ကို အရင် ဖျက်ဆီးပစ်ရပါတယ်။

ကျနော် ပြော ချင်တဲ့စွမ်းအားရှင် နောက်ကြောင်း က ဒီလိုပါ။
သူတို့ကိုတော့ မြန်မာ အာဏာရှင်တွေက အချိန်ကုန်ခံ ငွေကြေးကုန်ခံပြီး သူတို့ ငယ်ဘ၀တွေက စပြီး လေ့ကျင့် ပေးစရာမလိုပါဘူး။ အကြောင်းကတော့ သူတို့ဟာ ငယ်ဘ၀တွေမှာ ပြင်းထန်စွာ ရထားတဲ့စိတ်ဒါဏ်ရာတွေ ကိုယ်စီရှိကြပါတယ်။

ခင်ဗျားတို့ ကြားဖူးမှာပါ။ မြန်မာပြည်မှာ လူနေအိမ်ခြေနဲ့ဝေး တဲ့ အိမ်တွေ မှာ ဖြစ်ဖြစ်၊
အကျင့် ပျက်တဲ့ မိသားစု မှာ ဖြစ်ဖြစ်၊ သမီးနဲ့ အဖေ ဖောက်ပြားပြီး မွေးလာတဲ့ ကလေး၊ မောင်နှမ အရင်းခြင်း ဖောက်ပြားပြီး မွေးလာတဲ့ ကလေးတွေ မြန်မာပြည်လူမသိ သူမသိတွေ အများအပြား ရှိပါတယ်။ အထူးသဖြင့် ရွာတွေ အိမ်တွေ နဲ့ အနေများတဲ့ လယ်ယာလုပ်ငန်တွေရှိတဲ့ တိုင်းဒေသတွေမှာ ပိုများ ပါတယ်။
ဒီလို အားဖြင့် မွေးလာတဲ့ကလေးတွေဟာ သနား စ၇ာ ကောင်းလောက်အောင် လူတောထဲ မတိုးကြပါဘူး။ သန်းကောင်းစာရင်းလည်း မရှိ မှတ်ပုံတင်လည်း မရှိ ပဲ သေမထူး နေ မထူး ဘ၀တွေနဲ့ လူ့အသိုင်းအ၀ိုင်းကို စက်ဆုတ် ရွံရှာကြသူတွေ အဖြစ်ရှိကြပါတယ်။

Prison Break ဇတ်လမ်းရှည် ရုပ်ရှင်ထဲမှာ ထောင်ဖောက်ပြေးသူ ထော့ကျိုး မင်းသား တယောက်ပါတယ်။ ရုပ်ရှင်ထဲမှာ သူ့အမေ့ ကို သူ့ဦးလေးက မုဒိန်းကျင့်ပြီး သူ့ကို မွေးလာတာ။
ကြီးလာတော့ သူလည်း မုဒိန်းကောင်ဖြစ်တယ် လူသတ်ကောင် ဖြစ်လာတယ်။ သူ့နောက်ကြောင်း
သိတဲ့သူတွေက သူ့ကို ဒေါသဆွ ချင် ရင် မကောင်းတဲ့အတိတ်ကို မြေလှန် ပြော တတ်လေ့ရှိတယ်။

ဒိလို သနား စ၇ာ ကလေး လူငယ်တွေကို စစ်အစိုးရ အာဏာရှင်တွေက သေချာ လက်သပ်မွေးပြီး
ရဲ တို့ စစ်သားတို့ မလုပ်ရဲကိစ္စ တွေကို ခိုင်းလေ့ရှိတယ်။ သူတို့ဘ၀ဟာ နေမထူး သေမထူး ဖြစ်နေတဲ့အတွက် ဘာ ခိုင်းခိုင်း လုပ်မှာ ဖြစ်တယ်။တချို့က တော့ ထောင်ကို အိမ်လိုနေလာသူတွေ ဖြစ်တယ်။ ဒေါ်စုကို ဒီပဲရင်းမှာ စစ်တပ်က လူတွေတောင် မနှိမ်နှင်းရဲ ချိန်မှာ
အမျိုး မစစ် စွမ်းအားရှင်တွေကိုပဲ အသုံးချခဲ့ရဘူးတယ်။

ဒါကြောင့် ငရဲ တောင် မကြောက်တော့ တဲ့ ဒီလို လူတွေကို ကျနော်တို့ အတိုက်ခံတွေက ဘယ်လို ရင်ဆိုင်မလဲ။ နောက်ပြီး ဒီလို ကလေး တွေရဲ့ စိတ်ဒါဏ်ရာတွေကို ငယ်ငယ်လေးကတည်းက
ကျနော် တို့ ဘယ်လို counseling လုပ်ပြီး ကူညီကြမလဲ။ မဟုတ်ရင် ဒီကလေး ငယ်တွေဟာ အာဏာရှင် လက်ကိုင်ဒုတ် တွေပဲ ဖြစ်ကုန်ပြီး လူ့အသိုင်းအ၀ိုင်းတွက် စိုးရိမ်စရာတွေ ဖြစ်နိုင်ပါတယ်။ တဖက်မှာလည်း ဒီလို အကျင့်ပျက်တဲ့ ဖြစ်ရပ်မျိုး ၊ကိစ္စ မျိုး တွေ မပေါ်ပေါက်ဘို့ NGO တွေ အနေနဲ့ ဘယ်လို ကူညီနိုင်ကြမလဲ လို့ ဆွေးနွေး အကြံပြု လိုက်ပါတယ်။

( တာဝန်ယူ လက်မောင်းပတ်ထားပြီး ရဲများကို ကူညီနေသော သူများမှာသနားစရာ အတိတ်ဆိုးကို ပိုင်ထားကြသော မျိုး ရိုးပျက် စွမ်းအားရှင်များသာ ဖြစ်ပါသည်။)

ဘာကြောင့် ဦးသိန်းစိန်အစိုးရ ခေါင်းစားသွားခဲ့ရတာလဲ

(၁)
လူငယ်ကျောင်းသားတွေ ဇ မရှိခဲ့ရင်
ဘာကြောင့် ဦးသိန်းစိန်အစိုးရ
ခေါင်းစားသွားခဲ့ရတာလဲ။

ဦးသိန်းစိန်အစိုးရ ခေါင်းရှိခဲ့ရင်
ဘာကြောင့် ကျောင်းသားလူငယ်တွေရဲ့
ငြိမ်းချမ်းတဲ့တောင်းဆိုမှုကို
ကောင်းမွန်စွာ မဖြေရှင်းနိုင်တာလဲ။

(၂)
လူငယ်ကျောင်းသားတွေ စေတနာ မရှိခဲ့ရင်
ဘာကြောင့် သူတို့တောင်းဆိုချက်တွေ
တိုင်းပြည်အတွက် အဖိုးတန်နေရတာလဲ။

ဦးသိန်းစိန်အစိုးရ စေတနာရှိခဲ့ရင်
ဘာကြောင့် တိုင်းပြည်အတွက် အဖိုးတန်တဲ့
တောင်းဆိုမှုတွေကို လိုက်လျော မပေးချင်တာလဲ။

(၃)
လူငယ်ကျောင်းသားတွေ အတ္တပရ မရှိခဲ့ရင်
ဘာကြောင့် အများအကျိုးအတွက်
ကိုယ့်အသက် မငဲ့တော့ဘဲ
လမ်းမထက် ထွက်ရဲတာလဲ။

ဦးသိန်းစိန်အစိုးရ အများအကျိုးအတွက်
တိုင်းပြည်ခေါင်းဆောင်လုပ်နေတယ်ဆိုရင်
ဘာကြောင့်လက်နက်ကိုင် အဖွဲ့တွေအားကိုးနဲ့
ကိုယ့်ကျိုးအတွက် ကာကွယ်နေရတာလဲ။

(၄)
မြန်မာနိုင်ငံလွတ်လပ်ရေးသမိုင်းမှာ
ကျောင်းသားလူငယ်တွေ ဘယ်လောက်က်အရေးပါခဲ့တယ်ဆိုတာ
ဦးသိန်းစိန်စိုးရ မေ့နေတာလား၊မသိခဲ့တာလား။

(၅)
မြန်မာနိုင်ငံအမျိုးသားနေ့သမိုင်းကို
ကျောင်းသားလူငယ်တွေရဲ့အသက်တွေနဲ့ရေးခဲ့တယ်ဆိုတာ
ဦးသိန်းစိန်အစိုးရ မဖတ်ဖူးတာလား၊ မသင်ခဲ့ဖူးတာလား။

(၆)
မြန်မာနိုင်ငံရဲ့ အသက်သွေးကြောနဲ့ အနာဂတ်ဟာ
ကောင်းမွန်တဲ့ပညာရေးစနစ်နဲ့ ကျောင်းသားလူငယ်တွေဆိုတာ
ဦးသိန်းစိန်အစိုးရ မသိဘူးဆိုရင်တော့
လမ်းဘေးမှာ မုန့်ဟင်းခါးပဲ သွားရောင်းစားသင့်တယ်။

-ဘုန်းနိုင်ထွန်း

အလုံသားတဦးထံမှရရှိသောသတင်းအရ



A Lin Kar Kyal

စစ်တပ်+ရဲ+စွမ်းအားရှင် = ပြည်ခိုင်ဖြိုးအစိုးရ ။

ပြည်ခိုင်ဖြိုး+မင်းဆရာဘုန်းကြီး+မဘသ=အစစအရာရာဂုဏ်သိက္ခာမဲ့နေသောတိုင်းပြည် ။

အလင်္ကာကြယ်

ရန်ကုန်က ရပ်မိ ရပ်ဖ တွေလို့ အစိုးရက သတင်းမှာ ကြေငြာ...



စွမ်းအါးရှင် ခေါင်ဆေါင်မောင်မောင်အေး ဒုမြို့ နယ်အုပ်ချုပ်ရေးမှူး လမ်းမတော်မြို့နယ် ကွမ်းခြံကုန်းသါး




Bala Minhtin

အောက်ဖော်ပြပါပုံပါ
ခွေးသူတောင်းစားသုံးကောင်မှာ

၁။ လှမိုး အရံမီးသတ် သုံးပွင့်
အရံရဲ
ဆင်မင်းရပ်ကွက်
၂။ မောင်သက် လွတ်လပ်ရေးရပ်ကွက်
အုပ်ချုပ်ရေးမှုး
၃။ သန်းထွဋ် ဆင်မင်းရပ်ကွက်
အုပ်ချုပ်ရေးမှုး
တို့ ဖြစ်ကြောင်းသိရပြီး၎င်းတို့ သုံးဦးစလုံးသည်
ကြက်ဖွတ်တိုင်းဒေသကြီးကိုယ်စားလှယ်
ကျော်သူရ၏ အမာခံဘောမများဖြစ်ကြောင်း
မြို့ နယ်အုပ်ချုပ်ရေးမှုးကိုယ်တိုင်ပါဝင်၍
အနီးကပ်ကြီးကြပ်ကွပ်ကဲခဲ့ကြောင်းသိရပါသည်
အလုံမြို့ နယ်မြို့ မိမြို့ ဘများနှင့်ပြည်သူများ
အနေဖြင့် မြို့ နယ်ဂုဏ်သိက္ခာကျဆင်းစေသည့်
ခွေးသူတောင်းစားအရိုးကိုက်သုံးကောင်အား
မြို့ နယ်အတွင်းမှသံပုံးတီးတောထုတ်သင့်ကြောင်း
တိုက်တွန်းနှိုးဆော်အပ်ပါသည်

ဘေးလွယ်အိတ် နဲ့ နောက်တကောင် ၂၃လမ်း အပေါ်လမ်းက ရပ်ကွက်ရုံးကစာရေးပါ!


ကြည့်မြင်တိုင်ဈေးကြီးလမ်းစိမ်းလဲ့ဝါစားသောက်ဆိုင်မှ စားသောက်ပြီးကြည့်မြင်တိုင်တဖက်ကမ်းသို့ ဦးတည်သွားနေသော အကြမ်းဖက် ခေါင်းဆောင် ၂ ဦး

ဗိုလ်တထောင်ဘုရားမှာ ကျောင်းသားသပိတ်အပေါ် အကြမ်းဖက်မှုလုပ်ရပ်ကို ရှုံချတဲ့ ဆန္ဒပြဆုတောင်းပွဲကို