Sunday, March 8, 2015

နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပရဟိတအဖွဲ့များ၏ သဘောထားထုတ် ပြန်ကြေငြာချက်

အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရန် ဆန္ဒထုတ်ဖော် တောင်းဆိုနေကြ သော ကျောင်းသား/သူများကို အကြမ်းဖက်နှိမ်နင်း ဖမ်းဆီးခြင်းအပေါ် နာရေးကူညီမှုအသင်း(ရန်ကုန်)နှင့် ပရဟိတအဖွဲ့များ၏ သဘောထားထုတ် ပြန်ကြေငြာချက်
==============================================
၂ဝ၁၅ ခုနှစ်၊ မတ်လ (၈) ရက်နေ့။

၁။ မြန်မာနိုင်ငံအမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးရန် ဆန္ဒထုတ်ဖော် တောင်းဆိုနေသော ကျောင်းသား/ သူများသည် ၄င်းတို့၏ အကျိုးစီးပွား (အတ္တ) အတွက် တောင်းဆိုနေခြင်း မဟုတ်ပါပဲ။ အနာဂတ်မြန်မာနိုင်ငံ ပညာရေးစနစ်နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်ရန် (အများအကျိုး)အတွက် စေတနာ၊ အနစ်နာခံ၊ အပင် ပန်းခံ၍ တောင်းဆိုနေကြသော ပရဟိတ ကျောင်းသား/သူများဖြစ်ကြသည်ဟု မိမိတို့ ယုံကြည်ကြသည်။

၂။ ယခုအခါ ထိုကဲ့သို့ အများအကျိုးအတွက် အပင်ပန်းခံ၊ အနစ်နာခံ၊ အဆင်း ရဲခံ၍ အနာဂတ်မြန်မာနိုင်ငံ အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်ပေးရန် အတွက် ဆန္ဒထုတ်ဖော်နေသော ကျောင်းသား/သူများအား ပဲခူးတိုင်းဒေသ ကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့လယ် လမ်းမပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များ၊ အရပ်ဝတ် ဝန်ထမ်းများတို့ဖြင့် ပိုမိုတိုးမြှင့်ပြီး သံဆူးကြိုးအထပ်ထပ် အကာအရံများတို့ဖြင့် ပိတ်ဆို့ဝိုင်းရံ ခံထားခဲ့ရသည်မှာ ကြာမြင့်လှပြီဖြစ် သည်။ အပ်တိုတစ်ချောင်းမျှပင် မပါရှိသော အများအကျိုးအတွက် အနစ်နာခံ ပေးဆပ်နေကြသော အပြစ်မဲ့ ကျောင်းသား/သူများအား နေပူပြင်းပြင်း လွင် တီးခေါင်လမ်းမပေါ်တွင် အကျဉ်းချထားသကဲ့သို့ ဖြစ်နေသည်ကို ကျွန်တော် တို့ ပရဟိတအဖွဲ့များအပြင် ပြည်သူလူထုတို့မှလည်း မကြည့်ရက်၊ မရှုရက် ဖြစ်နေရပါသည်။ ထို့ကြောင့် သူတို့လေးတွေ၏ ဘဝပေါင်းများစွာတို့သည် လမ်းမပေါ်တွင် အချုပ်ခံ ထားရသည့် အနာဂတ်ကင်းမဲ့သော ကလေးများ ဘဝသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သား/သမီးချင်း ကိုယ်ချင်းစာနာစိတ်ဖြင့် ကျွန်တော်တို့သည်လည်း ထပ်တူထပ်မျှ ခံစားနေရပြီဖြစ်သည်။

၃။ ထို့အပြင် ပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေမူကြမ်းအား (၄) ပွင့်ဆိုင် တွေ့ဆုံ သဘောတူညီချက်တွင် ကျောင်းသား/သူတို့အား ဖမ်းဆီးခြင်းမပြုဟု ပါရှိခဲ့သောကြောင့် မိမိတို့ စိတ်ချမ်းသာမှုတစ်ခုကို ရရှိသော် ငြားလည်း ထို သဘောတူညီချက်အားချိုးဖောက်ပြီး ၅.၃.၂ဝ၁၅(ကြာသပတေးနေ့) ညနေ ပိုင်းတွင် ဆူးလေဘုရား (မြို့တော်ခန်းမအရှေ့)၌ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ပေးရန် တောင်းဆိုနေကြသော ကျောင်းသား/သူများတို့အား ထောက် ခံကြောင်း ဆန္ဒထုတ်ဖော်မှုတွင် ကျောင်းသား၊ ပြည်သူများကို ရဲတပ်ဖွဲ့ဝင်များ နှင့်အတူ မည်သူမည်ဝါမသိသော “တာဝန်” စာသားပါ လက်ပါတ်အနီ အရပ် သားများ၏ မင်းမဲ့စရိုက်ဆန်စွာ အကြမ်းဖက် ရိုက်နှက်ဖြိုခွင်း ဖမ်းဆီးမှုများ သည် ကမ္ဘာ့အလယ်တွင် ဗုဒ္ဓဘာသာတိုင်းပြည်တစ်ခုအနေဖြင့် အရှက်ရ ဖွယ်ရာ ဖြစ်ခဲ့သည်။

၎။ ၆.၃.၂ဝ၁၅ (သောကြာနေ့) နံနက်ပိုင်း၌ လက်ပံတန်းမြို့လည်တွင် ပင်မ ကျောင်းသားသပိတ် ဆန္ဒပြအဖွဲ့မှ ကျောင်းသား/သူတစ်ချို့အား ခြိမ်းခြောက် ဟန့်တားပြီး လူသားချင်းစာနာစိတ် ကင်းမဲ့စွာဖြင့် ဖမ်းဆီးခေါ် ဆောင်မှုများ အား ထပ်မံတွေ့မြင်ခဲ့ရပြန်သည်။

၅။ ထို့ကြောင့် မြတ်စွာဘုရား၏ ဗြဟ္မစိုရ်တရားလေးပါးအား လက်ကိုင်ပြုကျင့် သုံးနေကြသော မိမိတို့ လူမှုရေး အသင်းအဖွဲ့များအနေဖြင့် ဤကဲ့သို့သော လူသားချင်းစာနာစိတ်ကင်းမဲ့မှုများ၊ အကြမ်းဖက်နှိမ်နင်း ရိုက်နှက် ဖမ်းဆီး ချုပ်နှောင်မှုများ၊ ကိုယ်ချင်းစာနာစိတ်ကင်းမဲ့သည့် လုပ်ရပ်များအား ပြင်းထန် စွာ ရှုတ်ချပါကြောင်း သတင်းထုတ်ပြန်လိုက်ရပါသည်။

(ဗြဟ္မစိုရ်တရား ကမ္ဘာလွှမ်းစေရမည်။)

(၁) နာရေးကူညီမှုအသင်း (ရန်ကုန်)
(၂) သုခကုသိုလ်ဖြစ်ဆေးခန်း (ရန်ကုန်)
(၃) သုခအလင်းပညာဒါန (ရန်ကုန်)
(၄) မိုးမေတ္တာ သွေးလှူရှင်များအသင်း (ပြည်)
(၅) မိုးမေတ္တာ နာရေးကူညီမှုအသင်း (ပြည်)
(၆) သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်)
(၇) သုခအလင်းပညာဒါန (ပြည်)
(၈) သုခကုသိုလ်ဖြစ်ဆေးခန်း (ပဲခူး)
(၉) သုခကုသိုလ်ဖြစ်ဆေးခန်း (ကြို့ပင်ကောက်)
(၁ဝ) မြင့်မြတ်ကြယ်စင် နာရေးကူညီမှုအသင်း (မင်းလှ)
(၁၁) မိတ်ဆွေကောင်း နာရေးကူညီမှုအသင်း (ရေနံချောင်း)
(၁၂) ကလျာဏမိတ္တ လူမှုကူညီရေးအသင်း (မန္တလေး)
(၁၃) သာသနာ့ပါလ လူမှုကူညီရေးအသင်း (မန္တလေး)
(၁၄) ကရုဏာရှင် အခမဲ့ဆေးကုခန်းနှင့် နာရေးကူညီမှုအသင်း (ညောင်ဦး)
(၁၅) မြင့်မြတ်သူ လူနာတင်ယာဉ်ကူညီမှုနှင့် သွေးကူညီမှုအသင်း (ညောင်ဦး)
(၁၆) မြတ်ဒါန အောက်ဆီဂျင်အခမဲ့လှူဒါန်းမှုအသင်း (ညောင်ဦး)
(၁၇) သံလျှက်ချောင်း ဘုန်းတော်ကြီးသင် အခမဲ့ပညာဒါနကျောင်း (ညောင်ဦး)
(၁၈) ကရုဏာရှင် လူမှုကူညီရေးအသင်း (ညောင်ဦး)
(၁၉) ဓမ္မပါရမီအသင်း (ညောင်ဦး)
(၂ဝ) ဇီဝိတအာဟာရလှူဒါန်းမှုအသင်း (ညောင်ဦး)
(၂၁) SEED လူမှုကူညီရေးအသင်း (ညောင်ဦး)
(၂၂) ဖြူစင်မေတ္တာ လူမှုကူညီရေးအသင်း (ညောင်ဦး)
(၂၃) ပညာဒါန ပညာရေးဖောင်ဒေးရှင်း (ညောင်ဦး)
(၂၄) မြတ်ပါရမီ လူမှုကူညီရေးအသင်း (ညောင်ဦး)
(၂၅) SYNERGY လူငယ်စွမ်းရည်မြှင့်တင်ရေးအသင်း (ညောင်ဦး)
(၂၆) ဗြဟ္မဝိဟာရအသင်း (အင်းစိန်)
(၂၇) အေးသုခ နာရေးကူညီမှုအသင်း (ဥသျှစ်ပင်)
(၂၈) သုဂတိရှင် နာရေးကူညီမှုအသင်း (ကျောက်ပန်းတောင်း)
(၂၉) ပရဟိတ စေတနာနှင့်လူငယ်များ နာရေးကူညီမှုအသင်း (ပျဉ်ပုံကြီး)
(၃ဝ) Hundred Power လူမှုကူညီရေးအသင်း (ပဲနွယ်ကုန်း)
(၃၁) သုခဒါယီ လူမှုနှင့် နာမှုကူညီရေးအသင်း (ပဲခူး)
(၃၂) စေတနာ့အလင်းအိမ် ပညာဒါနသင်တန်းကျောင်း (ပဲခူး)
(၃၃) မာတလိ လူမှုကူညီရေးအသင်း (ပဲခူး)
(၃၄) စိတ္တသုခ လူမှုကူညီမှုအသင်း (တောင်တွင်းကြီး)
(၃၅) မြို့မ လူမှုကူညီရေးအသင်း (ထန်းတပင်)
(၃၆) အာယုဒါန အခမဲ့ဆေးခန်း (ပြွှန်တန်ဆာ)
(၃၇) မာဃလူငယ်သွေးလှူရှင်အသင်း (ပြွှန်တန်ဆာ)
(၃၈) မာဃဝါပဆွမ်းလောင်းအသင်း (ပြွှန်တန်ဆာ)
(၃၉) ထုံးဘို နာရေးကူညီမှုအသင်း (ထုံးဘို)
(၄ဝ) အေးငြိမ်းရာ ပရဟိတအသင်း (အောင်လံ)
(၄၁) ပညာဒီပ ပရဟိတအသင်း (အောင်လံ)
(၄၂) ကရုဏာ လူမှုကူညီရေးအသင်း (မအူပင်)
(၄၃) ရွှေမေတ္တာ နာရေးကူညီမှုအသင်း (ညောင်ရွှေ)
(၄၄) မေတ္တာရှင် လူမှုကူညီရေးအသင်း (တောကျွဲအင်း)
(၄၅) အမေ့မေတ္တာ ကုသိုလ်ဖြစ်ဆေးခန်း (ကညွှတ်ကွင်း)

လက်နက်ကိုင်ဆောင်ထားသူ လူရမ်းကားများ


ဓါတ်ပုံ-BoBo Htoon.

သူတို့လဲနားထောင်ပါစေ ဂီတကလူကိုယဉ်ကျေးစေတယ်

ဦးရဲထွဋ်ရဲ့ အစိုးရသတင်းစာတွေအကြောင်း



".... ကျွန်မတို့ ပြီးခဲ့တဲ့ အပတ်ကပဲ အမျိုးသားစီမံကိန်းနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့တယ်။ ဆွေးနွေးချက်က လယ်ယာနဲ့ပတ်သက်ပြီးပါတယ်။ အလုပ်သမားနဲ့ ပတ်သက်ပြီးပါတယ်။ အလုပ်သမားတွေနဲ့ ပတ်သက်ပြီး နိုင်ငံပိုင်စက်ရုံတွေကို ပုဂ္ဂလိကလွဲတာကိုလက်ခံတယ်။ ဒါပေမဲ့ ဘယ်လိုဘယ်လိုအချက်တွေကို လုပ်ပေးရမယ် ဆိုတာကို ကျွန်မတို့ကဆွေးနွေးတာ။ ဒါကို နိုင်ငံပိုင်သတင်းစာမှာဖော်ပြတာက နိုင်ငံပိုင်စက်ရုံတွေကို ပုဂ္ဂလိကကိုလွဲတာကို (NLD က) ကြိုဆိုပါ တယ်၊ လက်ခံပါတယ်ဆိုတဲ့ အပိုဒ်တွေကိုပဲ ရွေးပြီးတော့ ဖော်ပြပေးတယ်။နောက်က တာဝန်ယူရမဲ့ အချက်တွေကို မဖော်ပြပေးတော့ဘူး။ ဒါက ကျွန်မအတွက် အန္တရာယ်တောင်ရှိတယ်။ အလုပ်သမားတွေက ကျွန်မဆီကို ဖုန်းဆက်ပြီး ဒေါ်ခင်သန္တာက ထောက် ခံပြီးဆွေးနွေးတာဟုတ်သလားလို့ မေးကြတယ်။ ကျွန်မရဲ့ဆွေးနွေးချက်အပြည့်အစုံကို ပေးလိုက်တော့မှသူတို့ရဲ့ စိုးရိမ်မှုတွေ ပျောက်သွားတယ်။”
ဒေါ်ခင်သန္တာ
NLD ချောင်းဦးအမတ်

ပဲ့တင်သံဂျာနယ်

လက်ပတ်နီ ဝတ် အရပ်သားအချို့ ကပြည်သူကိုတောင်းပန် လိုပါတယ်လို့ ပြော

လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်း လက်ပံတန်းသို့ လာရောက်အားပေး

ဗကသအရေးပေါ်ကြေငြာချက်

ကျောင်းသားပင်မသပိတ်စစ်ကြောင်းနဲ့ ရဲ တားဆီးနေရာများ ပြမြေပုံ

r
အပြာရောင်ကပင်မသပိတ်စစ်ကြောင်းဖြစ်ပြီး

အနီရောင်လေးတွေကပိတ်ဆို့ထားတဲ့ရဲများနဲ့ဂိတ်တွေပါ။

ဇတ်လမ်းကြီး ပေါ်လာ

ဒီနိုင်ငံကထွက်သွားပါပြီ


October Zawwin
သခင့်အပေါ် သစ္စာရှိလွန်းသောကြောင့် ကမ္ဘာတွင်

ခွေးရုပ်ဘူတာ စသည်ဖြင့် ဂုဏ်ပြုမှတ်တမ်းတင်ခံရသော်လည်း

ကျွန်ုပ်တို့တိုင်းပြည်က လူများကြောင့် ခွေးတွေခမျာ


သူ့ဖာသူနေရင်း နာမည်ပျက်ရရှာလေတော့သတည်း။

သန့်ရှင်းရေးတောင်မှ ဘွဲ့ရတဲ့

လည်ကတုံးအဖြူနဲ့က ကြည်မြင်တိုင် ထွေ/အုပ်


ဗိုလ်ကြီးတင်ကျော်ဝင်း(09458022642)သူ
ဒီမှာထွေအုပ်မဖြစ်ခင်ကချင်လွှတ်တော်ရုံးမှာလုပ်ခဲ့တယ်။


အကြမ်းဖက် ခံခဲ့ရသော ရွေပြည်သာ အလုပ်သမားများက ကြေညာချက် ထုတ်ပြန်


Eleven Media Group

အာဏာပိုင်များ၏ အကြမ်းဖက်ဖြိုခွင်းခြင်း ခံခဲ့ရသော ရွေပြည်သာ စုပေါင်းသပိတ်အလုပ်သမားများက အချက်ခုနှစ်ချက်ပါ ကြေညာချက်ကို မတ်လ ၈ ရက် ညနေ ၄:၂၀ ခန့်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအတွင်း လွတ်လပ်ရေးကျောက်တိုင်အနီးတွင် ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းအစိုးရနဲ့ ပွင့်လင်းလူ့အဖွဲ့ တွေ့ဆုံဆွေးနွေး






မတ်လ ၅ရက်နေ့က မြို့တော်ခမ်းမရှေ့ ကျောင်းသားဆန္ဒပြပွဲကို လက်ပတ်နီပတ်ထားတဲ့ အရပ်သားတွေနဲ့ ရဲတွေရဲ့ အကြမ်းဖက်ဖြိုခွဲပြီး ဖမ်းဆီးခဲ့တဲ့ကိစ္စကို ဝန်ကြီးချုပ်ဦးမြင့်ဆွေဦးဆောင်တဲ့ ရန်ကုန်တိုင်းအစိုးရနဲ့ ဦးကိုကိုကြီးဦးဆောင်တဲ့ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့က ၆ယောက်တို့ ဒီကနေ့မနက်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ၈၈မျိုးဆက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
“၄င်းနေ့ဖြစ်စဉ်တွင်တာဝန်ရှိသူများမှ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၂၇၊ ၁၂၈
နှင့်အညီ ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းဖြစ်ကြောင်း ”

( ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေ)

“ကိုလိုနီခေတ်ကပြဌာန်းခဲ့သော ဥပဒေဖြစ်သည့် ထိုပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ
၁၂၇၊ ၁၂၈ တို့အား ယခုကဲ့သို့ လိုရာဆွဲပြီး ကိုင်တွယ်ဖြေရှင်းမှုအပေါ်လက်မခံကြောင်း၊
ထိုသို့ အကြမ်းဖက်ဖြေရှင်းခဲ့သည့်အတွက်မိန်းကလေးများ ကာယိနြေ္ဒပျက်စေခဲ့ကြောင်း ”

( ကိုကိုကြီး၊၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)
=======================================================
ယနေ့ မတ်လ ၈ ရက်၊ ၂၀၁၅ ခုနှစ် နံနက် (၁၀း၃၀) နာရီမှ(၁၂း၃၀) နာရီအထိ
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ရန်ကုန်တိုင်းဒေသကြီး
အစိုးရအဖွဲ့မှ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေ ဦးဆောင်သော တိုင်းအစိုးရအဖွဲ့
တာဝန်ရှိသူများနှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှကိုကိုကြီး၊
ကိုမြအေး၊ ကိုပြုံးချို၊ ကိုထွန်းမြင့်အောင် ၊ ကိုဇော်မင်းနှင့်မမီးမီးတို့ တွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် မတ်လ(၅)ရက်နေ့ ညနေ(၄း၀၀) နာရီအချိန်မြို့တော်ခန်းမရှေ့၌
ဖြစ်ပွားခဲ့သော ပညာရေးဥပဒေပြုပြင်ပြောင်းလဲရေးထောက်ခံဆန္ဒပြသူများအား ရဲများနှင့်
တာဝန်လက်ပတ် ၀တ်ဆင်ထားသော အရပ်သားများမှ အကြမ်းဖက်ရိုက်နှက်ဖြိုခွဲ
ဖမ်းဆီးခြင်းနှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြင့်ဆွေမှ “၄င်းနေ့ဖြစ်စဉ်တွင်တာဝန်ရှိသူများမှ ပြစ်မှု
ဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၂၇၊ ၁၂၈နှင့်အညီ ကိုင်တွယ်ဖြေရှင်းခဲ့ခြင်းဖြစ်ကြောင်း ” ပြောကြားခဲ့သည်။

၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်းအဖွဲ့အစည်း)မှ “ကိုလိုနီခေတ်ကပြဌာန်းခဲ့သော
ဥပဒေဖြစ်သည့် ထိုပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ၁၂၇၊ ၁၂၈ တို့အား ယခုကဲ့သို့ လိုရာ
ဆွဲပြီး ကိုင်တွယ်ဖြေရှင်းမှုအပေါ်လက်မခံကြောင်း၊ ထိုသို့ အကြမ်းဖက်ဖြေရှင်းခဲ့သည့်
အတွက်မိန်းကလေးများ ကာယိနြေ္ဒပျက်စေခဲ့ကြောင်း ” မိမိတို့၏သဘောထားကို
ပြန်လည်ပြောကြားခဲ့သည်။

သတင်းဓါတ်ပုံ-The 88 Generation Peace and Open Society.

NNER အဖွဲ့ဝင် ၁၈ယောက်မနက် ၁နာရီခွဲကျမှ ကျောင်းသားတွေနဲ့ တွေ့ခွင့်ရ



 ညသန်းခေါင်ဟာ ဧည့်တွေ့ချိန်မဟုတ်လို့ ကျောင်းသားတွေနဲ့ မတွေ့ဖို့ NNER ကိုတားကြသေးတယ်

လက်ပံတန်းက ပင်မသပိတ်စစ်ကြောင်းရှိရာကို မတ်လ ၇ရက်နေ့ ညသန်းခေါင်မှာ ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်း၊ ဒေါ်သူသူမာ၊ ကိုစိုးထွန်းနဲ့ ပန်းရဲ့လမ်းက ကိုရဲလွင်အပါအဝင် NNER အဖွဲ့ဝင် ၁၈ယောက် လာရောက်တွေ့ဆုံတာကို အာဏာပိုင်တွေက ဧည့်တွေ့ချိန်မဟုတ်လို့ဆိုပြီး သပိတ်ရှိရာကို သွားခွင့်ပိတ်ခဲ့ပါတယ်။
နယ်လုံဝန်ကြီးနဲ့ ဒေါက်တာသိန်းလွင်တို့ ဆွေးနွေးအပြီး မနက် ၁နာရီခွဲကျမှ ကျောင်းသားတွေနဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ NNER အဖွဲ့ဝင်တွေနဲ့ သပိတ်မှောက်ကျောင်းသားတွေဟာ ပညာရေးဥပဒေကြမ်းအခြေအနေ၊ သမ္မတထံ မေတ္တာရပ်ခံချက်နဲ့ ပြဿနာတွေကို ဆွေးနွေးဖြေရှင်းကြဖို့ တိုင်ပင်ခဲ့ပြီး ညတွင်းချင်းပဲ ပြန်ထွက်သွားခဲ့ကြပါတယ်။

(ဓာတ်ပုံ -မျိုးမင်းအောင်/ကမာရွတ်မီဒီယာ)



ကိုရဲလွင်ပင်မသပိတ်စစ်ကြောင်းကို ဖျော်ဖြေ



လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်းကွန်ရက်အဖွဲ့ဝင် ကိုရဲလွင်ဟာ နေပူပူအောက် ပင်ပန်းနွမ်းနယ်နေတဲ့ ပင်မသပိတ်စစ်ကြောင်းက သပိတ်မှောက်ကျောင်းသားတွေကို စိတ်ခွန်အားတက်ကြွစေဖို့အတွက် နဒီမင်္ဂလာ၊ ပန်းရဲ့လမ်း၊ ခွန်အားဖြည့်မိငယ် သီချင်းတွေကို ဖျော်ဖြေခဲ့ပါတယ်။

(ဓာတ်ပုံ - မျိုးမင်းအောင်/ကမာရွတ်မီဒီယာ)

ကြက်ဖကြီး...ပညာပေး

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ရေးသားချက်အရ ဒီပဲယင်းအရေးအခင်း လုပ်ကြံခဲ့သူများ






Tint Swe
March 6

Dapayin guilty party ဒီပဲယင်းအရေးအခင်း လုပ်ကြံခဲ့သူများ

ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် ရေးသားချက်အရ ၂ဝဝ၃ မေလ ၃ဝ ရက် ဒီပဲယင်းလုပ်ကြံမှု အဓိကတရားခံ သုံးယောက်
(၁) ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
(၂) ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း
(၃) ဒုတိယဗိုလ်ချုပ်ကြီး ရဲမြင့်

(၁) ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)
ဇနီး = ဒေါ်ကြိုင်ကြိုင်
၂-၂-၁၉၃၃ မွေး။
နဝတ ဥက္ကဋ္ဌ = ၁၉၉၂ မှ ၂ဝ၁၁ အထိ။ OTS ကျောင်းဆင်း။ ၁၁-၇-၁၉၅၃ မှစပြီးအမှုထမ်း။ ၄-၁၁-၁၉၈၆ ဒုဗိုလ်ချုပ်။ ၄-၁၁-၁၉၈ ဗိုလ်ချုပ်။ ၂၇-၇-၁၉၈၈ ကာကွယ်ရေးဒုဝန်ကြီး။ ၁၈-၉-၁၉၈၈ စစ်အာဏာသိမ်း ဒုခေါင်းဆောင်။ ၂၃-၄-၁၉၉၂ ဗခမကစောမောင်ကို ဖယ်ရှားပြီး ဥက္ကဋ္ဌလုပ်။ သမီး ၅ ယောက်ရှိ။ အေးအေးသစ်ရွှေ၊ ထားဝယ်ရွှေ၊ ခင်ပြုံးရွှေ၊ ကြည်ကြည်ရွှေ၊ သန္တာရွှေ၊ သား ၃ ယောက်ရှိ။ ကြိုင်စန်းရွှေ၊ သန့်ဇော်ရွှေ၊ ထွန်းနိုင်ရွှေ။ ကျန်းမာရေး= ဆီးချိုရောဂါ၊ လူကြီးရောဂါ။ ၂၇-၉-၂ဝဝ၇ သံဃအရေးအခင်းကာလ ဒေါ်ကြိုင်ကြိုင်နဲ့အဖွဲ့ လာအိုနိုင်ငံကို ရှောင်ထွက်ခဲ့။ လက်ရှိ ဟယ်လီကော့်ပတာ ၂ စီးဝယ်ထား။ ရုရှားပိုင်းလော့ ၂ ယောက်ထားရှိ။ နေပြည်တော်မှာ အဆင်သင့်လုပ်ထား။

(၂) ဗိုလ်ချုပ်ရဲမြင့်
ဒီပဲယင်းရဲမြင့်ကို ရဲမြင့်ကြီးလို့ ခေါ်ကြတယ်။ သူ့ကတော်က ဒေါက်တာတင်လင်းမြင့်။ ဒီပဲယင်းဖြစ်တုန်းက ရဲမြင့်ကြီးက ဒုတိယဗိုလ်ချုပ်ကြီး၊ ၉ ကစထမှူး (ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့မှူး)။
မှတ်ချက်။ စရဖရဲမြင့် (ခ) ရဲမြင့်လေးက လက်ရှိ မန္တလေးတိုင်းဝန်ကြီးချုပ်ဖြစ်ပါတယ်။

(၃) ဗိုလ်ချုပ်ကြီးစိုးဝင်း (သေဆုံး)
ဇနီး = ဒေါ်သန်းသန်းနွဲ့
ယခင်ဝန်ကြီးချုပ် ၁၉-၁ဝ-၂ဝဝ၄ မှ ၁၂-၁ဝ-၂ဝဝ၇ အထိ။
၁၉၆၅ မှာ DSA ကိုတက်ခဲ့။ ဗခမကသန်းရွှေရဲ့လူယုံလို့ယူဆကြ။ ၁၉၉၇ မှာ နဝတ တွင်း (၂) ဖြစ်လာ။ ၂ဝဝ၃ ဖေဖေါ်ဝါရီလမှာ တွင်း (၁) ဖြစ်လာ။ ၂ဝဝ၄ ဗခကခင်ညွန့်ကို ဖြုတ်လိုက်တော့ သူ့ကို ဝန်ကြီးချုပ်ခန့်။ အရင်က အနောက်မြာက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး။ စစ်ကိုင်း တဝတ ဥက္ကဋ္ဌ။ ၁၉၈၈ အရေးအခင်းကို နှိမ်နင်းစဉ်က ခြေလျင်တပ်ရင်းကို ကွပ်ကဲခဲ့။ ရန်ကုန်ဆေးရုံကြီးမှာ ပစ်ခတ်မှုကို အမိန့်ပေးခဲ့။ ၁၂-၁ဝ-၂ဝဝ၇ မှာ လူကီးမီးယား သွေးကင်ဆာနဲ့ သေဆုံး။ သူစင်္ကာပူဆေးရုံတက်နေစဉ် ၂ဝဝ၇ ဇန္နဝါရီလထဲ ဗခမကသန်းရွှေလာကြည့်။ သူသေတော့ အဆင့် (၅) နေရာမှာသာရှိတဲ့ လက်ရှိသမတ ဗခကသိန်းစိန်က ဝန်ကြီးချုပ်အဖြစ်ဆက်ခံ။

မှတ်ချက်။
၁၉၆၂ ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဒိုင်းနမိုက်နဲ့ခွဲတဲ့တရားခံကို ဗခကနေဝင်းနဲ့ ဗမခအောင်ကြီးတို့က တယောက်အပေါ်တယောက် လွှဲချခဲ့ကြတယ်။
ဒီပဲယင်းလုပ်ကြံမှုမှာ မုံရွာ-ချောင်းဦးနားကနေ အမိန့်ပေးခဲ့တဲ့ စွမ်းအားရှင် (ကနေ့လက်ပတ်နီ) အဖွဲ့ကို မွေးထုတ်ခဲ့သူ ဦးအောင်သောင်းနာမည် ထည့်ထားတာမတွေ့ရပါ။

ဒေါက်တာတင့်ဆွေ
၆-၃-၂ဝ၁၅

Thaung Yin Nagar ကို ရဲမြင့်အကြောင်းပြောပြပေးလို့ ကျေးဇူးတင်ပါတယ်။