Tuesday, March 10, 2015

အီးယူကများသင်ပေးခဲ့လေသလား ပေါက်ကွဲဖျက်စီးနေသောရဲအုပ်ကြီး

လက်ပံတန်းကလူမဆန်မှုရုပ်သံ၂

ကျော်ကိုကိုနဲ့ နန္ဒာစစ်အောင် အပါအဝင်တခြားကျောင်းသားတွေ ဒီနေ့ညနေက လှည်းတန်းကနေ ချီတက်ဆန္ဒပြခဲ

လက်ပံတန်းတွင် ကျောင်းသားခေါင်းဆောင် မင်းသွေးသစ် ဖမ်းဆီးခံရပုံ



ဥပဒေနဲ့အညီဝိုင်းရိုက်နေကြတာ၊စက္ကန့်၃၀စာလေးပါ၊

r

လှည်းတန်းမှာ စွမ်းအားရှင်တွေကို ပြည်သူက ဘယ်လိုကာကွယ်ခဲ့လဲ(ရုပ်သံမှတ်တမ်း)

လက်နောက်ပြန်တုပ်ခံရတဲ့သူကိုဝိုင်းရိုက်ဖို့ အီးယူသင်ပေးခဲ့လား(ရုပ်သံမှတ်တမ်း)

လက်ပံတန်းကလူမဆန်မှုရုပ်သံ

https://www.youtube.com/watch?v=eCEw1vguMGM&feature=youtu.be

ဥပဒေနှင့်အညီ ရှင်းလင်းလူစုခွဲခဲ့ပြီး ၁၂၇ ယောက်ကို ထိန်းသိမ်းခဲ့ကြောင်း

r

ရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ ရှင်းလင်းလူစုခွဲခဲ့ပြီး ၁၂၇ယောက်ကို ထိန်းသိမ်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ထုတ်ပြန်

လက်ပံတန်းမြို့ အောင်မြေဗိမ္မာန်ကျောင်းအနီးရှိ ဓာတ်အားပေးစက်ရုံ လမ်းဆုံတွင် ထိုင်သပိတ်ပြုလုပ်နေသော ဒီမိုကရေစီပညာရေး ပင်မကျောင်းသားသပိတ်စစ်ကြောင်းမှ ကျောင်းသား ကျောင်းသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဥပဒေနှင့်အညီ ရှင်းလင်းလူစုခွဲခဲ့ပြီး ၁၂၇ ယောက်ကို ထိန်းသိမ်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန Facebook စာမျက်နှာ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အိမ်ရှင် အမျိုးသမီးတွေက ဓါးကိုင်ပြီး ရဲ ဝင်လာရင် ခုတ်မယ်ဆိုကာ အိမ်ရှေ့ ကနေ စောင့်နေ



ကျေးဇူးပါ လက်ပံတန်းပြည်သူများ။
သေလုမျောပါး ပြေးနေရတဲ့အချိန် ခြေလှမ်းနှေးတယ် သတင်းထောက်တွေကို လှမ်းခေါ်ရသေးတယ်။ ( ဦးထုတ်နဲ့ လက်လှမ်းခေါ်နေတာ ကျနော်ပါ) ဒီထွက်ပေါက် မရှိရင် ကျနော်တို့ သတင်း ထောက်တွေလဲ မလွယ်ပါဘူး။ အဲဒီအချိန်မှာ လမ်းပေါ်က လူတွေက ဒီဘက်ကို ထွက်ခဲ့ဆိုပြီးလှမ်းအော်ပါတယ်။ ဒါပေမယ့် တကယ်ပြည်သူလား စွမ်းအားရှင်လား မသိတော့ လမ်းပေါ် မတက်ပြေးရဲပါဘူး။ လမ်းပေါ်က လူတွေက " ပြည်သူတွေပါ တက်ခဲ့ပါ ။ ကျမတို့ကို ယုံပါ " လှမ်းအော်တယ်။ ဒါပေမယ့် လမ်းနဲ့ ကွင်းကြားမှာ သံဇကာ ခြံစည်းရိုးခတ်ထားတော့ ပြေးလို့မရဘူး။ သတင်းထောက် အချို့က ဘုန်းကြီးကျောင်းဘက် ပြေးဖို့ပြင်တဲ့ အခါမှာ ဘုန်းကြီးကျောင်းထဲ ဝင်ရိုက်နေပြီဆိုတော့ လမ်းပေါ်ကိုဘဲ ပြေးဖို့ ဦးတည်လိုက်ပါတယ်။ လက်ပံတန်းပြည်သူတွေက ခြံစည်းရိုးကို ဖျက်ပြီး သတင်းထောက်တွေကို လာဆွဲခေါ် ပါတယ်။ ကလေးမလေးတယောက်ဆို ကျနော် CNA သတင်းထောက် May ကိုလက် မောင်းက ဆွဲပြီး ဘေးကင်းတဲ့နေရာပို့ပေး ပါတယ်။ ရဲတွေက အိမ်ထဲ လိုက်ဖမ်းနေတဲ့အချိန်မှာ ကျနော်နဲ့ May ကို အိမ်တအိမ်က ဝှက်ထားပြီး အိမ်ရှင် အမျိုးသမီးတွေက ဓါးကိုင်ပြီး ရဲ ဝင်လာရင် ခုတ်မယ်ဆိုကာ အိမ်ရှေ့ ကနေ စောင့်နေပါတယ်။ အခြေအနေ ကောင်းမှ အပြင်ထွက်ပါတယ်။ သတင်းထောက်တွေ ပြေးလွှားနေကြတော့ လက်ပံတန်းပြည်သူ ဆိုက်ကားဆရာတွေ။ ဆိုင်ကယ် ကယ်ရီတွေက လိုက်ပို့ပေးမယ်ဆိုပြီး ကူညီကြပါတယ်။ လက်ပံတန်း ပြည်သူတွေ သတင်းထောက်တွေကို ဝှက်ထားပေး။ ကူညီကြတာ ကျေးဇူးပါ။
Ref: Watchdog Watchdog Zor

မတ်လ ၁၀ ရက် နေ့လည် ၂ နာရီ ၄၅ မိနစ်က လှည်းတန်းဈေးအနီး ဆန္ဒပြမှု မြင်ကွင်း

‘ကျောင်းသားထုကို ထိုက်တန်တဲ့အကြွေး ပြန်ပေးရမယ်’ ဒေါက်တာ ညိုညိုသင်း

အခြေအနေတွေက ကျနော်တို့ ထင်ထားတာထက် ပိုဆိုးသွားပြီ။


ဖြိုးဖြိုးအောင်

 စောစောပိုင်းကပဲ လက်ပံတန်းမှာရှိတဲ့ သပိတ်မှောက်ကျောင်းသားတွေကို ရဲက စပြီး အကြမ်းဖက် ဖြိုခွဲတယ်။ ဘုန်းကြီးကျောင်းတွေ၊ အရပ်သားအိမ်တွေထဲအထိ ဝင်ပြီး ရိုက်နှက်ဖမ်းနေပြီ။ သတင်းထောင် သုံးယောက် အဖမ်းခံရတဲ့အထဲမှာ ပါသွားတယ် လို့ အဲဒီနေရာရောက်နေတဲ့ The Voice သတင်းထောက်ဆီက သိရတယ်။

တကယ်တော့ ပဲခူးတိုင်း နယ်/လုံဝန်ကြီးနဲ့ သပိတ်မှောက် ကျောင်းသားတွေနဲ့ မနက်စောစောပိုင်းက သဘောတူထားတဲ့ အချက်တွေကို ထွက်ခါနီးကျမှ နယ်/လုံဝန်ကြီးဖက်က ပြန်ပြောင်းသွားတဲ့အတွက် အခြေအနေက ပိုတင်းမာသွားခဲ့တာပါ။ သပိတ်မှောက်ကျောင်းသားတွေက လက်ပံတန်းကနေ တာဆုံအထိ လမ်းလျှောက်ချီတက်မယ်၊ အဲဒီကနေမှ ရန်ကုန်ကို ကားနဲ့ လာမယ်လို့ စောစောက ပြောဆိုချက်ကို သဘောတူထားတာ။ အဲဒါကို ထွက်ခါနီးကျမှ အလံမထောင်ရဘူး၊ ကားတွေ စီတန်းမသွားရဘူးလို့ နယ်/လုံဝန်ကြီးက စည်းကမ်းချက် အသစ်ထုတ်ပြီး တားတယ်။ အဲတော့ သပိတ်မှောက် ကျောင်းသားတွေက အတားအဆီးတွေကို ချိုးဖျက်ပြီး စထွက်ဖို့လည်းလုပ်ရော ရဲတပ်ဖွဲ့က နှိမ်နင်းတော့တာပဲ။

အရပ်သားတွေရော၊ ကျောင်းသားတွေရော၊ သတင်းထောက်တွေရော တွေ့ကရာ အကုန်ဖမ်းနေတာမျိုးက ဥရောပသမဂ္ဂ(အီးယူ)က ပေးထားတဲ့ အထိကရုဏ်း နှိမ်နင်းနည်းသင်တန်းမှာ ပါသလား။ သတင်းထောက်ဆိုတာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို အချိန်မဆိုင်းပဲ အရင်းအတိုင်း ပြည်သူကို သတင်းတင်ပြပေးဖို့ တာဝန်ထမ်းနေတဲ့သူတွေ။ ဘေးနားက ဒေသခံ ပြည်သူတွေကလည်း ကျောင်းသားတွေကို မေတ္တာနဲ့ စောင့်ရှောက် အားပေးနေကြတာ။ ကျောင်းသားတွေကလည်း အကြမ်းဖက် ဆူပူနေကြတာမဟုတ်ဘူး။ ဒါဖြင့် ဘာလို့ ဒီလို အကြမ်းနည်းနဲ့ နှိမ်နင်းတာလဲ။

အစောကြီးကတည်းက အားလုံးကပြောနေကြတယ်၊ အေးအေးချမ်းချမ်း ညှိနှိုင်းဖြေရှင်းလို့ ရနေတဲ့ တောင်းဆိုချက်တွေဖြစ်နေရဲ့သားနဲ့ ဘာလို့ ဒီလောက်အထိ ဖြစ်သွားအောင် တမင်လွှတ်ပေးသလို လုပ်ခဲ့တာလဲလို့။ ကျောင်းသားတွေတောင်းဆိုချက်ထဲမှာ ဘယ်အချက်ကများ တိုင်းပြည်ဆူပူအောင်လှုံ့ဆော်နေသလဲ၊ ဘယ်အချက်ကများ အချုပ်အခြာ အာဏာကို ထိပါးနေသလဲ၊ ဘယ်အချက်ကများ မဖြစ်နိုင်တာကို အလွန်အကျွံ တောင်းဆိုနေသလား မေးစမ်းပါရစေ။ ကျောင်းသားလူငယ်တွေ မသိနားမလည်တို့ ရပြီးသား ကိစ္စတွေ တောင်းနေရင်တောင် သူတို့တွေ နားလည်အောင် စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြရမှာ မဟုတ်ဘူးလား။ အခုဟာက ဒီလိုတွေ ဖြစ်လာအောင် တမင်အကွက်ဆင်ထားသလိုကြီး ဖြစ်မနေဘူးလား။

သပိတ်မှောက် ကျောင်းသားတွေနဲ့ အစိုးရကို ဘယ်ဖက်က မှန်တယ်၊ မှားတယ်ထား။ ဖြစ်နေတာကို ဖြစ်နေတဲ့အတိုင်း သတင်းတင်ပြပေးနေတဲ့ သတင်းသမားတွေကိုပါ မကြာခဏ ဖမ်းနေတာတော့ တစ်ဆိတ် လွန်သွားပြီလို့ ပြောချင်တယ်။ ဖမ်းတာမှ ရိုးရိုးဖမ်းတာမဟုတ်ဘူး။ သပိတ်မှောက်ကျောင်းသားတွေရဲ့ စည်းဝိုင်းအပြင်ဖက်ကနေ သတင်းဓာတ်ပုံရိုက်နေတဲ့ သတင်းထောက်တွေကို ရဲတွေက နောက်ကနေ ဝင်ရိုက်ပြီးတော့ကို ဖမ်းတာ။ သတင်းထောက်အများစုကတော့ ရိုက်နေတုန်း ထွက်ပြေးလို့ လွတ်သွားကြပေမယ့် တချို့ ဖမ်းခံလိုက်ရတယ်။ ဒါကျတော့ ဥပဒေနဲ့အညီ တာဝန်ယူထိန်းသိမ်းရမယ့် ပြည်သူ့ဝန်ထမ်းဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဥပဒေချိုးဖောက်တာ မဟုတ်ဘူးလား။

သတင်းသိခွင့်ရှိတဲ့ နိုင်ငံသားတွေကို ဒီနိုင်ငံမှာ ဘာတွေဖြစ်နေတယ်ဆိုတာ သတင်းတင်ပြပေးနေတဲ့ သတင်းသမားတွေကို ဖမ်းတာ တကယ်တော့ နိုင်ငံတကာမှာ ပြဋ္ဌာန်းထားတဲ့ သတင်းသမားတွေကို အကာအကွယ်ပေးတဲ့ ဥပဒေတွေ၊ မြန်မာနိုင်ငံမှာ ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းထားတဲ့ သတင်းမီဒီယာဥပဒေပါ သတင်းသမားအခွင့်အရေးတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားအားလုံးရဲ့အခြေခံရပိုင်ခွင့်တွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တဲ့သဘော သက်ရောက်တယ်။

ဖြစ်ပျက်သမျှကို ပြည်သူဆီ သတင်းတင်ပြပေးနေတဲ့ သတင်းသမားတွေကို ရိုက်နှက်ပြီး ဖမ်းတာက သူတို့လုပ်ရပ်တွေ ပေါ်အောင်လုပ်တဲ့အတွက် တမင်နှိပ်ကွပ်တယ်လို့ ယူဆစရာဖြစ်နေတယ်။ ရဲတွေရဲ့ လက်ရှိလုပ်ရပ်က ကျောင်းသားတွေနဲ့ သတင်းသမားတွေကို ကမ္ဘာမကြေဖြစ်အောင်၊ မကြေနပ်ချက်တွေ၊ အညှိုးအတေးတွေ၊ မုန်းတီးမှုတွေ၊ နာကျည်းမှုတွေ တနင့်တပိုးရသွားအောင် တမင်လုပ်လိုက်သလိုပဲ။ ဒီကိစ္စအပေါ် အေးအေးချမ်းချမ်း ကိုင်တွယ် ဖြေရှင်းကြဖို့ မေတ္တာရပ်ခံနေကြတဲ့ လူကြီးသူမတွေ၊ ပြည်သူတွေရဲ့ မျက်နှာကိုလည်း တံတွေးနဲ့ ထွေးလိုက်သလိုပဲ။

နံပါတ်တစ်က သက်ဆိုင်ရာ တိုင်းဒေသကြီး ရဲတပ်ဖွဲ့နဲ့ နယ်/လုံဝန်ကြီးမှာ တာဝန်ရှိတယ်။ နံပါတ် နှစ်က ပဲခူးတိုင်း ဒေသကြီးအစိုးရမှာ တာဝန်ရှိတယ်။ နံပါတ်သုံးက ဒီလိုကိစ္စမျိုးတွေဆို အထက်က တိုက်ရိုက်အမိန့်ပေးတတ်တဲ့အတွက် ပြည်ထဲရေးဝန်ကြီးဌာနမှာ တာဝန်ရှိတယ်။ နံပါတ် လေးကတော့ အစိုးရအဖွဲ့ထဲက ဘယ်ဝန်ကြီးဌာနကပဲ လုပ်လုပ် ဝန်ကြီးဌာနအားလုံးရဲ့ ကိုယ်စား ပြည်ထောင်စု အစိုးရအဖွဲ့မှာ တာဝန်ရှိတယ်။ နံပါတ်ငါးကတော့ ပြည်ထောင်စုအစိုးရတစ်ဖွဲ့လုံး ကိုယ်စား အဓိကတာဝန်ခံရသူ နိုင်ငံတော်သမ္မတမှာ တာဝန်ရှိတယ်။


နှစ်ပေါင်းမနည်းကြီး ပျက်ယွင်းထားတဲ့ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု၊ လေးစားမှုကို ကြိုးစားပမ်းစား တည်ဆောက်နေတာ ဘာမှ မကြာသေးဘူး။ အဲဒါတွေ အားလုံးကို မတ်လ ၅ ရက် အကြမ်းဖက်မှုနဲ့ ဒီနေ့ ဖြစ်ရပ်နှစ်ခုက အမြစ်ကနေ လှန်ပြီး နှုတ်ပစ်လိုက်သလိုပဲ။ ဒီအတွက် ဖြစ်ပေါ်လာမယ့် အကျိုးဆက်အားလုံးကို တာဝန်ရှိတဲ့နေရာမှာ တာဝန်ယူထားတဲ့သူတွေ တာဝန်သိစိတ်နဲ့ ဖြေရှင်းနိုင်မလားပဲ စောင့်ကြည့်ရတော့မယ်။ ဒီလိုမှမဟုတ်ရင်တော့ သန်းခြောက်ဆယ်သော ပြည်သူလူထုရဲ့ ကံကြမ္မာကိုပဲ ယိုးမယ်ဖွဲ့ရမယ်။

Kyaw Min Swe

အချုပ်ကားနှစ်စီးဖြင့်ရိုက်နှက် တင်ဆောင်သွား


ပင်မကျောင်းသားသပိတ်အား အားဖြည့်နေသည့် အရပ်သားများအား ရဲတပ်ဖွဲ့က ယနေ့ နေ့လည် ဆယ့်နှစ်နာရီ ငါးဆယ့်ငါးမိနစ် အချိန်ခန့်က စတင်၍ ရိုက်နှက်နေပြီဖြစ်ကြောင်း 7DAY သတင်းထောက်က သတင်းပေးပို့သည်။
ယနေ့ နံနက်ပိုင်းမှစ၍ ပိတ်ဆို့ထားသည့် လုံခြုံရေးရဲတပ်ဖွဲ့များအား ကျောင်းသားများက ထိုးဖောက်ထွက်နိုင်ရန် ကြိုးစားရာ အရပ်သားများက ၀ိုင်းဝန်းကူညီခဲ့ခြင်းဖြစ်သည်။
ရဲတပ်ဖွဲ့ဝင်များသည် အရပ်သားများအား ရိုက်နှက်၍ အချုပ်ကားပေါ်သို့ ဆွဲတင်နေခြင်းဖြစ်သည်ဟု အဆိုပါနေရာသို့ ရောက်ရှိနေသည့် 7DAY သတင်းထောက်က သတင်းပေးပို့သည်။ အရပ်သားများအား ရဲတပ်ဖွဲ့က အချုပ်ကားနှစ်စီးဖြင့် တင်ဆောင်သွားသည်ကို တွေ့ရကြောင်း 7DAYသတင်းထောက်က သတင်းပေးပို့သည်။