Friday, March 13, 2015

မဖြိုးဖြိုးအောင်ရဲ့ အမေဒေါ်သန္တာ၊ ဘီဘီစီကို ပြောပြတဲ့ သူ့သဘောထား



...............................

ဒေါ်သန္တာ။ ။ ဒီအစိုးရဥပဒေကိုက အမျိုးမျိုးဖြစ်နေတာလေ။ ကျမတို့က မျှော်လင့်ချက်ကို အဲ့ဒီမှာ ထားလို့ မရဘူး။ ဒီအစိုးရအပေါ်မှာ ကျမတို့က ဘာယုံကြည်ချက်၊ ဘာမျှော်လင့်ချက်မှ ထားလို့မရတာက ဘာဖြစ်လာမယ်ဆိုတာ ကျမတို့ မသိနိုင်ဘူး။

ဘီဘီစီ။ ။ မိဘတွေဖက်ကရော သူတို့ ပြန်လွတ်မြောက်ရေးအတွက် တင်ပြ တောင်းဆိုမှု လုပ်ဖို့ရှိပါသလား။

ဒေါ်သန္တာ။ ။ ကျမတို့ကတော့ သူတို့ကို တင်ပြမှာလည်း မဟုတ်ဘူး။ အသနားခံမှာလည်း မဟုတ်ဘူး။ ဘာဖြစ်လို့လည်းဆိုတော့ ကျမတို့သားသမီးတွေက မကောင်းတာလုပ်တာတခုမှမရှိဘူး။ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လုပ်ခဲ့တာ။ ကျောချင်းကပ် ရင်ချင်းကပ်ပြီးတော့ သူတို့ နေပြည်တော်မှာတောင် ခေါ်ပြီး ဆွေးနွေးတာပဲ ဦးအောင်မင်းတို့နဲ့။ ဟုတ်တယ်မှတ်လား။ အဲ့ဒီတော့ သူတို့ အဲ့ဒီဆွေးနွေးတဲ့ ကလေးတွေကို ရိုက်ပြီးထောင်ထဲထည့်ထားတဲ့ အစိုးရကို ကျမတို့က အသနားခံစရာ ဘာမှမရှိနိုင်ဘူး။ ကျမတို့မှားတာ တခုမှမရှိဘူး။ ဒါကမြန်မာနိုင်ငံမှာရှိတဲ့ အောက်တန်းကျနေတဲ့ ပညာရေးကို အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပြင်တာလေ။ အဲ့ဒါကို သူတို့က စားပွဲဝိုင်းမှာ ပြင်တာကို လက်မခံပဲနဲ့ အခုက ရိုက်ပြီး နှိပ်စက်ပြီး ထောင်ထဲကို ပို့ထားတာ။ အဲ့ဒီတော့ ကျမတို့က သူတို့ကို ပြောစရာစကားလည်း မရှိဘူး။ အသနားခံမှာလည်း မဟုတ်ဘူး။ တင်ပြတောင်းဆိုမှာလည်း မဟုတ်ဘူး။ အဲ့ဒါကတော့ ကျမတို့ဖက်က ကြိမ်းသေတယ်။

ဘီဘီစီ။ ။ ဒီလိုမျိုး မဖြိုးဖြိုးအောင်က အရင်တုန်းကလည်း ပညာသင်တုန်းမှာ ထောင်ကျတာတွေဖြစ်ခဲ့တယ်။ အဲ့ဒီတော့ သူ့ကို အရင်တုန်းက ပြောမိလား ပညာရေးကိုပဲ အာရုံစိုက်ဖို့တို့၊ နိုင်ငံရေးကို မပတ်သက်ဖို့တို့ အဲ့ဒါမျိုးတွေ ပြောမိတာ ရှိခဲ့ပါလား။

ဒေါ်သန္တာ။ ။ ဖြိုးဖြိုးအောင်က တလျှောက်လုံးပေါ့နော်၊ ကျမအမျိုးသားထောင်ထဲဝင်တုန်းက သူက ၉လပဲ ရှိသေးတယ်။ ကျမက လမ်းဘေးမှာ ဈေးရောင်းရတယ် ဘ၀ကိုရင်းရတယ်ဆိုတဲ့အခါ သူက သူ့ဘ၀အတိုင်း တည်ဆောက်သွားရတာပေါ့။ သမီးက၊ ငယ်ငယ်ကတည်း ဖြိုးဖြိုးအောင်က ဘယ်တုန်းကမှ ဘာကိုလိုချင်ပါတယ်ဆိုပြီး ငိုယိုပြီး မတောင်းဆိုဘူး။ ဘာလုပ်ပါ ဆိုပြီးတော့လည်း ငိုယိုပြီးတော့ ဘာပေးပါ အမေ ဘာညာနဲ့ မရှိဘူး။ ကျမတို့ဘ၀တွေ သင်ခန်းစာနဲ့ သူကတတ်ခဲ့ရတာလေ။ အဲ့ဒါကြောင့် ကျမကလည်း သူ့ကို ဒီဟာလုပ်ပါ ဟိုဟာလုပ်ပါလို့ ဘယ်တော့မှ မပြောခဲ့ဘူး။ ဘာဖြစ်လို့ မပြောလည်းဆိုတော့ ကျမတို့ ဒီလိုရပ်တည်နေတဲ့ မိသားစုတခုအနေနဲ့ သူ့ရဲ့ ဆင်ခြင်တုံတရား၊ သူ့ရဲ့ ဆုံးဖြတ်ပိုင်ခွင့်၊ သူ့ရဲ့အခွင့်အရေး၊ သူယုံကြည်ရာကို ကျမတို့က လက်ခံခဲ့တယ် ဖွင့်ပေးခဲ့တယ်။ ကျမတို့က အဲ့ဒါမျိုး မိသားစုဆက်ဆံရေးက။ ကျမတို့က အတင်းအကြပ် ဟာနင်ကျောင်းတက်ပါ နင်ဘာရအောင်လုပ်ပါ ဟိုဟာရအောင်လုပ်ပါလို့ မပြောခဲ့ဘူး။ ပြောစရာလည်း မလိုဘူးပေါ့။

ဘီဘီစီ။ ။ သူ တောက်လျှောက်သပိတ်မှာ ချီတက်တဲ့အခါ တားဆီးမှုတွေ ပိတ်ပင်ခံရမှုတွေ ကြုံရတဲ့အခါမှာရော စိုးရိမ်စိတ်နဲ့ ပြောဆိုမိတာတွေ ရှိပါလား။


ဒေါ်သန္တာ။ ။ ဟာ မရှိပါဘူး။ မရှိပါဘူး။ ပြောဆိုတာကလည်း အမေတယောက်အနေနဲ့ မေတ္တာတရားနဲ့ပေါ့ သမီး နေပူတယ် ထီးဆောင်းသွား၊ ဘာကာဗာလုပ်သွား ဘာဆေးသောက်သွားလို့ အဲ့လိုမျိုး ပြောတာကလွဲလို့ ကျန်တာကတော့ ကျမတို့ ဘာမှ မပြောခဲ့ပါဘူး။ ဒါက တားဆီးပိတ်ပင်ခွင့်မရှိဘူး။ ဒါက သူ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက် သူ့အခွင့်အရေးအတိုင်းသွားတာပါပဲ။ ကျမတို့ သူ့ကို တားဆီးတာတွေ ပိတ်ပင်တာတွေ ဘာမလုပ်နဲ့ ညာမလုပ်နဲ့လို့ မပြောခဲ့ပါဘူး။ သူတို့ ကျောင်းသားတွေရဲ့ သဘောဆန္ဒကလည်း ဘယ်သူ့ ဦးဆောင်မှုအောက်မှာမှ နေခဲ့တာမဟုတ်ပါဘူး။ စုပေါင်းဦးဆောင်မှုနဲ့ စုပေါင်းအလုပ်လုပ်နေကြတာပါပဲ။ သူတို့ဆုံးဖြတ်ချက်နဲ့သူတို့ သွားနေကြတာပါပဲ။ သူဖုန်းလာတဲ့အခါကျရင်လည်း တိုတိုပဲ။ ကျမကပြောတယ် သမီးနေကောင်းလား၊ မေမေနေကောင်းတယ် ဘိုင်းဘိုင် ဒါလောက်ပဲ ပြောဖြစ်တယ်။ သူ့ပါပါကလည်း ကျန်းမာရေးကို ဂရုစိုက်ဖို့ ဘာညာ၊ ချောင်းဆိုးနေလား နေကောင်းလား ပြောတော့လည်း ရတယ်ပါပါ သမီးမှာလုပ်စရာတွေရှိသေးတယ် ဘာညာဆိုပြီး ဖြတ်ချသွားတာပါပဲ။

မဖြိုးဖြိုးအောင် အမြန်ပြန်လည်လွှတ်ပေးရန် အမေရိကန်သမ္မတဟောင်း George W. Bushတောင်းဆို

မဖြိုးဖြိုးအောင် ဖမ်းဆီးခံရမှုနဲ့ ပတ်သက်လို့ အမေရိကန်သမ္မတဟောင်း
George W. Bush ရဲ့ အမြန်ပြန်လည်လွှတ်ပေးရန် ကြေငြာချက်။

Statement by President and Mrs. George W. Bush
Thursday, March 12, 2015
========================================
“We are deeply concerned about the recent arrests of peaceful demonstrators in Burma by local authorities. Among those arrested is Phyoe Phyoe Aung, General Secretary of the All-Burma Federation of Student Unions and a participant in the Bush Institute’s Liberty and Leadership Forum. She is a passionate advocate for education in Burma. Like Phyoe Phyoe Aung, many of the demonstrators are students working to support Burma’s transition by advocating for a transparent and accountable education system. Education is vital to the political, economic, and social well-being of every nation and people. We hope that those arrested will soon be released.”



မတ်လ ၅နဲ့ ၁ဝရဲ့မြန်မာပြည်အဖြစ်အပျက် အမေရိကန်စိတ်မကောင်းဖြစ်
မြန်မာနိုင်ငံမှာ မတ်လ ၅ရက်နေ့က မြို့တော်ခမ်းမရှေ့ အကြမ်းဖက်မှုနဲ့ မတ်လ ၁ဝရက်နေ့ လက်ပံတန်းအကြမ်းဖက်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်သံရုံးအနေနဲ့ စိတ်မကောင်းဖြစ်တဲ့အကြောင်းနဲ့ ဒီဖြစ်ရပ်တွေဟာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ထိခိုက်စေတယ်လို့ မတ်လ ၁၃ရက်နေ့မှာ ကြေညာချက်ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ဒီလိုဖြစ်ခဲ့တဲ့အကြောင်းအရာတွေဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် နောက်ပြန်လှည့်သွားတာ ရှိမရှိ မြန်မာအစိုးရနဲ့ ပြည်သူတွေကပဲ ဆုံးဖြတ်မှာဖြစ်ပြီး မတ်လ ၅ရက်နဲ့ ၁ဝရက်နေ့တွေက အဖြစ်အပျက်တွေနဲ့ပတ်သက်လို့ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ အစိုးရပူးပေါင်းပြီး ပွင့်လင်းမြင်သာတဲ့ ယုံကြည်စိတ်ချရတဲ့ စုံစမ်းစစ်ဆေးမှု၊ မှတ်တမ်းတင်မှုကနေ အဖြေရှာနိုင်မှာဖြစ်တဲ့အကြောင်း ရန်ကုန်မြို့ အမေရိကန်သံရုံးရဲ့ ကြေညာချက်က ဆိုပါတယ်။
ဒီအဖြစ်အပျက်တွေဟာ မြန်မာပြည်နောက်ကြောင်းပြန်လှည့်သွားစေမယ့်အစား အပြောင်းအလဲဖြစ်စေဖို့ အဖက်ဖက်က ဆုံးရှုံးသွားတယ်လို့ မယူဆဘဲ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးအတွက် အခွင့်အရေးတစ်ရပ်လို့ သဘောထားနိုင်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

အဓိကရုဏ်းနှိမ်နင်းရေးမှာကော ဒါမျိုးသင်ပေးလိုက်လား.

ကျောင်းသားတစ်ယောက်ကို မျက်နှာဖုံးအုပ်ပြီးရိုက်နှက်

လက်ပတ်ဖြူလှုပ်ရှားမှုစပြီ

rအကြမ်းဖက်ဖြိုခွင်းမှုကို ဆန့်ကျင် သည့်အနေဖြင့် လက်ပတ်ဖြူလှုပ်ရှားမှုသာမက အနက်ရောင်အဝတ်စား သို့မဟုတ် အနက်ရောင်ပိတ်စကို ရင်ဘတ်၌ ချိတ်ဆွဲထားမှုနှင့် ရင်ဘတ်တွင်နှင်းဆီအဖြူရင်ထိုးအား တပ်ဆင်သည့် နှင်းဆီဖြူလှုပ်ရှားမှုကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ပတ်ဖြူလှုပ်ရှားမှုတွင် ပါဝင်ပူးပေါင်းခဲ့သည့် လူငယ်တစ်ဦးက“ကျွန်တော်တို့ကို ဘယ်သူကမှ အတင်းလိုက်လံ မတိုက်တွန်းဘူး။ဒီအကြောင်းကို ဖေ့ဘွတ်ပေါ်မှာတွေ့လို့ လာပြီးပူးပေါင်းလှုပ်ရှားတာပါ။အကြမ်းဖက်မှုမှန်သမျှကို ရှုတ်ချပါတယ်။လက်နက်ရှိတဲ့လူတွေက လက်နက်မဲ့ကျောင်းသား ပြည်သူတွေကို ရိုက်နှက်တာဟာ အကြမ်းဖက်မှုတစ်ရပ်လို့ပဲ ရှုမြင်တယ်” ဟု ပြောကြားသည်။
Eleven Media Group



ပြန်လွတ်လာတဲ့ ရဟန်းတော်တပါးရဲ့  မျက်မြင်တွေ့ ရှိခြင်း

သူတို့တောင်းဆိုထားတယ်ဆိုတဲ့အတိုင်း လိုက်လျောတယ်ဆိုတဲ့အချိန် ကလေး


Suwai Tun
မတ်လ ၁၀ရက်နေ့တုန်းက ပထမပိုင်း သူတို့တောင်းဆိုထားတယ်ဆိုတဲ့အတိုင်း လိုက်လျောတယ်ဆိုတဲ့အချိန် ကလေးတွေပျော်နေတဲ့ပုံလေးပါ။ သူတို့မျက်နှာလေးတွေမှာ တကယ်ကို အပြစ်ကင်းတဲ့ အပြုံးတွေ တွေ့ရမှာပါ။
လိုချင်တာပူဆာတာကို မိဘက လုပ်ပေးမယ်ဆိုလို့ပျော်နေတဲ့ပုံစံလေးတွေပါ။ ခုတော့ သွေးမြေကျ မျက်ရည်တွေပဲ သူတို့ရလိုက်တယ်။ ဒါပေမယ့် စိတ်ဓါတ်ပိုင်းအရပြောရရင် ''ကျောင်းသားတွေနိုင်တယ်''

ဘုန်းကြီးလူထွက်နဲ့ အာဏာရှင်လူထွက်

rဆရာတော်အရှင်ဆန္ဒာဓိက

လက်ပံတန်းသွေးမြေ ကျောင်းသားတွေနိုင်တယ်

ကျောင်းသားနဲ့ ပြည်သူတွေကို ပြန်တောင်းပန်ရမယ်



စည်သူအောင်မြင့်
မဇ္ဈိမ ဒီဂျစ်တယ် သတင်းစာ၊ ၁၂-၃-၁၅။

ခုဆိုရင် အစိုးရ ရဲတပ်ဖွဲ့က လက်နက်မဲ့ ဆန္ဒပြနေတဲ့ ကျောင်းသား ကျောင်းသူတွေကို အကြမ်းဖက် ရိုက်နှက် ဖမ်းဆီး လိုက်တဲ့ကိစ္စ မြန်မာ တစ်နိုင်ငံလုံးတင် မက ကမ္ဘာကပါ သိရှိသွားခဲ့ပါပြီ။ ရဲတပ်ဖွဲ့တွေရဲ့ လုပ်ရပ်နဲ့ ပါတ်သက်ပြီး ဗီဒီယို ဖိုင် နဲ့ ဓာတ်ပုံ အထောက်အထားတွေ ကိုယ်တွေ့ကြုံခဲ့ရသူတွေရဲ့ ပြောစကားတွေ ဘယ်လိုပဲ ခိုင်ခိုင်လုံလုံ ရှိပေမယ့် သမ္မတ ပြောခွင့်ရ ၀န်ကြီး ဦးရဲထွဋ် အပါအ၀င် အစိုးရ တာဝန်ရှိသူတွေကတော့ ရဲတပ်ဖွဲ့ဟာ ဥပဒေ လုပ်ထုံးလုပ်နည်း အတိုင်း လုပ်တာပါ ဆိုပြီး မျက်စေ့မှိတ် ဖာထေး ပြောဆိုနေကြဆဲ ဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာ ကတော့ အစိုးရ အဖွဲ့ တာဝန်ရှိသူတွေလို မျက်စေ့ ကန်းမနေကြပါဘူး။ ဒါကြောင့်လည်း လက်ပံတန်းမှာ ကျောင်းသားတွေကို အကြမ်းဖက် ရိုက်နှက် ဖမ်းဆီးခဲ့တဲ့ ကိစ္စကို ပြစ်တင်ရှုံ့ချကြသလို၊ ခုံရုံးဖွဲ့ပြီး ပြန်လည် စစ်ဆေးဖို့ တောင်းဆိုမှုတွေလည်း ရှိလာပါတယ်။ လက်ပံတန်း ဇာတ်လမ်း ဘာတွေ ဖြစ်ခဲ့ပြီး ဘယ်လို နိဂုံးချုပ်သွားပါသလဲ၊ ဒီ ဖြစ်ရပ်ကနေ ဘာတွေ သင်ခန်းစာ ယူနိုင်မလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။
ဇာတ်လမ်းကတော့ အစိုးရဘက်ကနေ လွှတ်တော်တင်ပြီး အတည်ပြုပြဌာန်းလိုက်တဲ့ အမျိုးသား ပညာရေး ဥပဒေ က စပါတယ်။ အဲဒီ ဥပဒေ ပြဌာန်းနိုင်ရေး တက်တက်ကြွကြွ လှုပ်ရှား အကြံပေးကြသူတွေကတော့ ကျောင်းသားအဖွဲ့အစည်းတွေ၊ ပညာရှင်တွေ ပါဝင်စုဖွဲ့ထားတဲ့ NNER လို့ခေါ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာ ကွန်ယက်ပဲ ဖြစ်ပါတယ်။ အစိုးရဟာ ဥပဒေကြမ်း ပြုစုစဉ်တုန်းက NNER ရဲ့ ပါဝင်မှုကို ရှောင်ဖယ် ရှောင်ဖယ် လုပ်ခဲ့သလို၊ အကြံပြုချက်တွေကိုလည်း လက်မခံ ဘေးဖယ်ထားခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံး ဥပဒေကြမ်းဟာ ဥပဒေအဖြစ် ထွက်ပေါ်လာပါတယ်။ အဲဒီ ထွက်ပေါ်လာတဲ့ အမျိုးသား ပညာရေး ဥပဒေ ကို ပြန်ပြင်ဆင်ပေးဖို့ ကျောင်းသားတွေ တောင်းဆိုရာကနေ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်လာရတာပါ။ ပြောရရင် အရင် စစ်အာဏာရှင်တွေ အဆက်ဆက် ပညာရေး စနစ် ဖျက်ဆီးတာကို ခံထားရတဲ့ ကျောင်းသားတွေက ပညာရေးစနစ် ကောင်းဖို့ ဆန္ဒပြကြရတယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။ အခြား ဘာနိုင်ငံရေး ပရောဂ၊ ဘာ ရည်ရွယ်ချက်တွေမှ မပါပါဘူး။
ကျောင်းသားတွေဟာ ပညာရေး ဥပဒေ ပြုပြင်ပေးဖို့ ရက်တစ်ချို့ ဆန္ဒပြပြီးနောက် နောက်ထပ် ရက်ပေါင်း ၆၀ အချိန်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီ ရက်ပေါင်း ၆၀ ကာလ အတွင်း အစိုးရဘက်ကရော၊ လွှတ်တော်ဘက်ကရော ကျောင်းသားတွေရဲ့ တောင်းဆိုချက်ကို အလေးဂရု မပြုခဲ့ပါဘူး။ ဒီလိုနဲ့ မန္တလေးကနေ ရန်ကုန်ကို ချီတက် လမ်းလျောက် မယ်ဆိုတဲ့ ဆန္ဒပြပွဲ အစပြုလာခဲ့တာပါ။ နောက်ပိုင်း သပိတ်မှောက် ဆန္ဒပြတဲ့ ပင်မ ကျောင်းသား သပိတ်စစ်ကြောင်းကို ထောက်ခံတဲ့ အုပ်စုတွေ ဟိုမြို့ ဒီမြို့၊ ဟိုတိုင်း ဒီပြည်နယ်တွေကနေ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။
ဒီအခါကျမှ အစိုးရနဲ့ လွှတ်တော်ဟာ ထိတ်ထိတ်ပြာပြာ ဖြစ်ပြီး ကျောင်းသားတွေ တောင်းဆိုတဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲ လုပ်ဖို့ လက်ခံလိုက်ရပါတယ်။ အစိုးရ၊ လွှတ်တော်၊ NNER နဲ့ ကျောင်းသား ကိုယ်စားလှယ်တွေပါ။ ဆွေးနွေးပွဲ နှစ်ကြိမ်လုပ်ပြီးနောက် လေးပွင့်ဆိုင် သဘောတူညီထားတဲ့ ပြင်ဆင်ချက် ဥပဒေကြမ်းတစ်ခု၊ ဥပဒေကြမ်းကို ဥပဒေ ဖြစ်လာအောင် ပါဝင်သူတွေက ကူညီ ပံ့ပိုးကြမယ် ဆိုတဲ့ ကတိတစ်ခု၊ ပညာရေး ဥပဒေ ပြင်ဆင်ဖို့ ဆန္ဒပြတဲ့ ကျောင်းသားတွေကို အစိုးရက အရေးယူခြင်း မပြုပါဘူး ဆိုတဲ့ ကတိတစ်ခု ရရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဒီ ကတိက၀တ်တွေနဲ့ ပတ်သက်ပြီး ကျောင်းသားတွေ ဘက်က အပြည့်အ၀ ယုံကြည်မှု မရှိပါဘူး။ ဒါကြောင့် သပိတ်လှန်တာမျိုး မလုပ်သေးပဲ စောင့်ကြည့်ဦးမယ် ဆိုတဲ့ အနေအထားမျိုး ပြင်ဆင်လာကြပါတယ်။
ကျောင်းသားတွေ ထင်တဲ့အတိုင်းပါပဲ။ အစိုးရရော၊ လွှတ်တော်ကပါ ကတိက၀တ် ကိုဖေါက်ဖျက်ပါတယ်။ အစိုးရဟာ အရင် ဥပဒေတွေတုန်းက တစ်ကြိမ်တစ်ခါမှ မလုပ်ဖူးပါပဲ အခု ဥပဒေကြမ်းကျမှ ကိုအောင်မှိုင်းဆန်း၊ ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်း တို့ရေးထားတဲ့ ဥပဒေကြမ်းသဖွယ် ပုံဖော်၊ ဘုန်းတော်ကြီးတွေနဲ့ ဘာသာရေးဆိုင်ရာ အဖွဲ့အစည်းတွေကို သွေးထိုးလှုံ့ဆော်ပြီး ကြေငြာချက်တွေ ထုတ် ကန့်ကွက်ခိုင်း၊ ဆောင်းပါး ပေါင်းစုံ အစိုးရပိုင် သတင်းစာတွေမှာထည့် စသဖြင့် ညစ်ပတ်တာမျိုး လုပ်လာပါတယ်။ အလားတူ အမျိုးသား လွှတ်တော်ဘက်ကလည်း ဟန်ချက်ညီညီ ဥပဒေကြမ်း ကြားနာပွဲတွေ စ လုပ်ပြီး အချိန်ဆွဲ ပညာပြဖို့ လုပ်လာပါတယ်။ အလွန် အောက်တန်းကျတဲ့ ပါတီခေါင်းဆောင် ဆိုသူ တစ်ချို့ကို သူတို့ရဲ့ ခန်းနားလှတဲ့ လွှတ်တော် အဆောက်အဦထဲ ပင့်ဖိတ်ပြီး ပြင်ဆင်ချက် ဥပဒေကြမ်း မကောင်းကြောင်း ပြောဆိုစေပါတယ်။ တကယ်တော့ ဒီ လုပ်ရပ်တွေဟာ အရင် စစ်အာဏာရှင်ခေတ်က လုပ်ခဲ့ ကိုင်ခဲ့တဲ့ ညစ်ပတ်တဲ့ လုပ်ရပ်မျိုးတွေ အတိုင်းပါပဲ။ တည်ကြည်လေးနက်မှုမရှိတဲ့၊ ပေးပြီးသား ကတိမတည်တဲ့ လုပ်ရပ်မျိုးတွေပဲ ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေကြောင့် ကျောင်းသားတွေ ရန်ကုန်ချီတက်ရေး ဆက် ကြိုးစားလာပြီး လက်ပံတန်း ပိတ်ဆို့မှုကြီး ဖြစ်ပေါ်လာတာပါ။
တကယ်တော့ ကျောင်းသားတွေဘက်က တောင်းဆိုတဲ့ ကားနဲ့ ရန်ကုန်သွားမယ်၊ ရွှေတိဂုံစေတီတော် ဒါမှမဟုတ် သမဂ္ဂ အဆောက်အဦရှိရာ ရန်ကုန်တက္ကသိုလ် တစ်နေရာရာ ရောက်ရင် အခန်းအနားလေး တစ်ခု ကျင်းပပြီး လူစုခွဲ၊ နေအိမ်ပြန် လွှတ်တော်ကို စောင့်ကြည့်ကြမယ် ဆိုတဲ့ တောင်းဆိုချက်ဟာ အစိုးရဘက်က ညှိနှိုင်းပေးမယ် ဆို ညှိနှိုင်း လိုက်လျောပေးလို့ ရနိုင်တဲ့ အနေအထားမျိုးပါ။ ဒါပေမယ့် စောစောက ပြောခဲ့သလိုပါပဲ။ အစိုးရ အာဏာပိုင်တွေဟာ ငါတို့ကို အံမတုနဲ့ တစ်သက်လုံး အလျော့မပေးလာတာ အခုလည်း အလျော့မပေးနိုင်ဘူး ဆိုတဲ့ မူကို ဆုတ်ကိုင်ထားပြီး အဲဒီအတိုင်း ပြုမူခဲ့ပါတယ်။
တကယ်တော့ လက်ပံတန်း ကျောင်းသားသပိတ် နောက်ဆုံး အခြေအနေကိုကြည့်ရင် ဆန္ဒပြ ကျောင်းသားကျောင်းသူက အယောက် ၆၀-၇၀ ၀န်းကျင်လောက်ရှိပါတယ်။ ခရီးဝေးကနေ လမ်းလျောက်လာကြရတာ၊ နေ့စဉ် နေပူထဲ ထိုင်နေရတာ ညဘက် လမ်းပေါ်မှာ အိပ်နေရတာ စတဲ့ အကြောင်းကြောင်းကြောင့် အလွန်အားနည်းနေတဲ့ အုပ်စု တစ်စုပါ။ လက်နက်ဆိုလို့ အပ်တို တစ်ချောင်းမှ ကိုင်မထားသလို အင်ပြည့်အားပြည့် ရဲတပ်ဖွဲ့ကို တိုက်ခိုက်ဖို့ အကြံရှိတဲ့ ရူးမိုက်တဲ့သူလည်း တစ်ယောက်မှ မပါပါဘူး။ ရန်ကုန်သွားဖို့ ကြိုးစားမယ်၊ မရရင် အဖမ်းခံရမယ် ဆိုတာ အားလုံးသိထားကြပြီးသားပါ။ ရဲတပ်ဖွဲ့ဘက်မှာတော့ အယောက် ၃၀၀ ကျော်အင်အားရှိတယ်လို့ တာဝန်ရှိ ရဲမှူး တစ်ယောက်က ပြောပါတယ်။ တကယ့် အဖြစ်မှန် ဒီထက်လည်း များနိုင်ပါတယ်။ ရေအမြှောက်ကားတွေ၊ အချုပ်ကားတွေ၊ တုတ်တွေ၊ ဒိုင်းတွေ၊ မီးခိုးဗုံးသေနတ်တွေ၊ သေနတ်တွေ အပြည့်အစုံ ရှိပါတယ်။
ပြောရရင် အဲဒီ ကျောင်းသားအုပ် ပြိုကွဲသွားအောင် လွယ်လွယ်ကူကူ လုပ်နိုင်ပါတယ်။ လူတွေကို ဖမ်းချင်သပ ဆိုရင်လည်း တုတ်မကိုင်ပဲ တစ်ယောက်ကို ရဲ ဆယ်ယောက်လောက် ဖမ်းချုပ်ရင်လည်း ရပါတယ်။ ဘာမဆို လုပ်လို့ ရနိုင်ပါလျက်နဲ့ ကျောင်းသားတစ်ယောက်စီကို ရဲ ၁၀ ယောက်လောက်က ရက်ရက်စက်စက် ၀ိုင်းရိုက်တာမျိုး လုပ်ခဲ့ကြပါတယ်။ မဆီမဆိုင် ကားမှန်တွေ ရိုက်ခွဲ၊ သူနာပြု ကားကိုတောင် ဖျက်ဆီးတာမျိုး လုပ်ခဲ့ကြပါတယ်။ ဆိုးတာကတော့ မြေပေါ်ကျနေတဲ့ ကျောင်းသား သမဂ အလံကို ခြေထောက်နဲ့ အကြိမ်ကြိမ် နင်းချေပြတာပါ။ နောက်ထပ် ဆိုးတာက သတင်းရယူနေတဲ့ သတင်းသမားတွေကို လိုက်လံ ရိုက်နှက် ဖမ်းဆီးတာမျိုးပါ။ ရဲတွေဟာ ယူနီဖေါင်းဝတ်ထားတဲ့တိုင် ဒီ လုပ်ရပ်တွေဟာ ဥပဒေနဲ့ အညီ လုပ်ရတာပါလို့ ဘယ်လိုမှ မသတ်မှတ်နိုင်ပါဘူး။ ဒါကြောင့် ဖမ်းဆီးထားသူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးသင့်ပါတယ်။ ဒီ ဖြစ်စဉ်ကြီး တစ်ခုလုံးအပေါ်မှာရော ရဲတွေရဲ့ လက်ပံတန်းမှာ လုပ်ကိုင်ခဲ့တာကိုပါ လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့ပြီး စုံစမ်းခိုင်းဖို့ လိုတဲ့အပြင် အစိုးရအနေနဲ့ ကျောင်းသားနဲ့ ပြည်သူတွေကိုလည်း ပြန်တောင်းပန် သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

လူနာတင် ကားကို ရဲတပ်ဖွဲ့ကဖျက်စီး

ပင်မသပိတ် စစ်ကြောင်းကနောက်ဆုံးလွတ်လာတဲ့ အိပုံ




ရုပ်သံ-ဖိုက် တာ

မြန်မာနိုင်ငံရဲတပ်ဖွဲ့ကအရိုင်းစိုင်းဆုံးဘဲ ...(ကိုနိုင်ရဲဝေ)

အကြမ်းဖက် အနိုင်ကျင့်ဖမ်းဆည်းခံရသော အလုပ်သမား၁၃ယောက် ၄ နာရီတွင်ခံဝန်နှင့်ပြန်လွတ်


!!!အလုပ်သမားသပိတ်!!!

လက်ပံပွင့်နီပွင့်ချိန်မှာစစ်ခွေးရူးကိုက်တာ ဆန်းတယ်..လက်ပံတန်း.

လက်ပံပွင့်နီတွေ ပွင့်ချိန်မှာ လက်ပတ်နီ ၊လည်ပတ်နီတွေနဲ့စစ်ခွေးရူးကိုက်တာ ဆန်းတယ်..လက်ပံတန်း..။

လက်ပံတန်း
လက်ပံပွင့်နီတွေ ပွင့်ချိန်မှာ လက်ပတ်နီ ၊လည်ပတ်နီတွေ
့ဆက်ခံခဲ့ အမိုက်အမွေနဲ့  အသိဥာဏ်မဲ့ စစ်ခွေးရူးကိုက်တာ ဆန်းတယ်..။
ဆက်ရန်ရှိသေးတဲ့ မနက်ဖြန် အနာဂတ် နေ့ ရက်များဟာ
အဖျက်ရန်များကို ယူနီဖောင်းလိုတစ်မျိုး ခေါင်းပေါင်းလို တစ်ဖုံဝတ်ဆင်ရင်း
လက်ကျန်အရက်ကို သောက်သလိုမျိုး အာဏာမှာ သိသိသာသာ ယစ်မူးနေတယ်..။

မန္တလေး
ဝမ်းရေးထက် ပြည်ရေးခက်
အလှမ်းဝေးခဲ့ ခေတ်ဟောင်းရတနာပုံဟာ လူမျိုးခြားတွေ နဲ့ ဖုန်တက်နေတဲ့ မြို့ 
ကမ်းနဘေးက ဆင်းရဲမွဲတေမှုတွေ ဘိုဒိုဇာနဲ့ တိုက်ဖျက်လို့ ခေတ်သစ်ကမ္ဘာကျော်ခဲ့
ဘာသာရေး ပဋိပက္ခနဲ့ မြို့ ကို မီးတင်ရှို့ သူများလက်က သီသီလေး လွတ်မြောက်
အမျိုးသားရေး စိတ်ဓာတ်များ နှလုံးသားမှာ ချီတက်နေတဲ့ မြို့ ..။

ဧရာဝတီ
ဘာမထီတဲ့ စိတ်ဓာတ်များ မြစ်ဖျားခံ
နာဇီလို ဖောက်ပြန် ဖိနှိပ်သူတွေကို တောထုတ်ဖို့ 
နာရီလို အနာဂတ် ယုံကြည်ချက်နဲ့ ရှေ့ တည့်တည့် ခရီးဆက်
မကြာမီ ငိုကြွေးသံတွေနေရာမှာ အပြုံများ မျက်နှာပေါ် အစားထိုးဖို့ 
ဧရာဝတီသားများ မဟုတ်မခံ ခံယူချက်၊ ခေတ်နံရံမှာ မြစ်လို နောက်ပြန်မစီးဆင်းဘူး..။

မြေလတ်
လေဖြတ်နေတဲ့ ပညာရေးကို ကုသဖို့ 
အမွေပြတ် စွန့် လွှတ်ခံလိုက်ရတဲ့ လယ်ယာမြေလို ဘ၀များပတ်ကြားအက်
နေတတ်သလို မနေနိုင်ခဲ့ေ၇ွှဝါရောင် အစ ပခုက္ကူဒေသမှသည်
ရေငတ်သလို လွတ်လပ်ခြင်းငတ်တဲ့ သခင်ဖိုးလှကြီးရဲ့ ချောက် ရေနံချောင်း မြင်းခြံအဆုံး
လေသေနတ်နဲ့ ပိတ်ဆို့ တဲ့ တောင်သာကို ကျော်ပြီးခါမှ
အဖေမှတ်ပြီး ပထွေးအာဏာရှင်ကို ကိုးကွယ်သူတွေ ကြောင့် ပညာအလင်းပျောက်ခဲ့ပြီ..။

ထားဝယ်
ဓားလွယ်သလို မျှော်လင့်ချက်များ ကျောမှာ လွယ်ပြီး
နားလည်ရခက်အောင် မောင်းမကန်ကမ်းခြေမှာ အေးအေးလူလူ အနားမယူပဲ
ခါးမယ်မှန်းသိတဲ့ ခေတ်အပူတွေ မျှဝေခံစား ချီတက်
သွားတယ် လာတယ် မော်လမြိုင်တက္ကသိုလ်မှာ ရက်ရှည် အခက်ပွေ
ကြားနေ၇တဲ့ စကားလေသံက ၀ဲပေမဲ့ အသည်းထဲ မျိုးချစ်စိတ်က မ၀ဲဘူး..။

ရန်ကုန်
ပြန်ဆုံမယ်လို့ လက်ရေချိုး ရက်ရှည် မျှော်လင့် ပြီးကာမှ
ရန်မကုန်တဲ့ အဖြစ်ဆိုးနဲ ပက်ပင်း ချက်ခြင်း ခွပ်ဒေါင်း အလံများတိုးခဲ့
ဆန်ကုန် မြေလေးများ အာဏာ ပါဝါ အသပြာကို မြွေပွေးလို ခါးပိုက်ပိုက် ထားတယ်..။

မတ်လ
မင်းမျက်ရည်ကျ နေတာ ငါမြင်တယ်
အားရအောင် ငိုချလိုက်စမ်းပါ
တော်လှန်ရေးလမှာ သူရဲကောင်းတွေ အသက် သွေး ချွေး မြေကျခဲ့လ
ခေတ်အဆက်ဆက် ရက်စက်ခြင်းများ အမွှာပူးမွေးတဲ့ လ
မြီု့ ပြများအားလုံး ၀မ်းနည်းခြင်း အထိမ်းအမှတ် အနက်ရောင် ၀တ်စုံကို ဆင်တူဝတ်ဆင်ရင်း
အတွေးအခေါ် မီးကျိုးမောင်းပျက် သေနတ်လို လူတွေကြောင့်
ဘ၀မှာ အရေးပေါ် ကြေကွဲခြင်းတွေ သိပ်များနေလို့ 
ပညာအလင်းဆောင် သူရဲကောင်းများအားလုံးကို အလေးနီပြုရင်း
အမှောင်ထဲက နိုင်ငံမှာ တစ်သက်လုံး အလံတစ်ဝက်ချ ထားလိုက်တယ်..။

အောင်ခိုင်မြင့်

၁၃ မတ်လ ၂၀၁၅

မတရား ဖမ်းဆီး ထိမ်းသိမ်းခံ နေရသော ကျောင်းသား ကျောင်းသူများအား ချက်ခြင်း လွှတ်ပေးပါ..။

ငြိမ်းချမ်းရေး လိုလားသူများကို စူဆိုက်ဗုံးသမားဖြစ်အောင် ခေတ်အခြေအနေက တွန်းမပို့ သင့်ပါ..။

( တိုင်းပြည်ကို ပညာအလင်းနဲ့ အမှောင်တွင်း မှ ကယ်တင်ဖို့ ကြိုးစားရင်း ငြိမ်းချမ်းစွာ ဆန္ဒပြသော ကျောင်းသူ ကျောင်းသားများ၏ အမှန်တရား မြတ်နိုးသော ခွပ်ဒေါင်းစိတ်ဓာတ်ကို အလေးနီပြုရင်း တိုက်ပွဲဝင် ခွပ်ဒေါင်းများ အတွက် ဂုဏ်ပြု ကဗျာ )

လက်ပံတန်း ကျောင်းသားအရေး အမေရိကန်သံရုံး ကြေညာချက် ထုတ်ပြန်


ဧရာဝတီ၊ မတ် ၁၃၊ ၂၀၁၅

လက်ပံတန်းမြို့နယ်၌ ကျောင်းသားများ အကြမ်းဖက်ဖြိုခွင်းခံရမှုနှင့် ပတ်သက်ပြီး တွေ့မြင်ရသည့် ဓာတ်ပုံနှင့် သတင်းများအတွက် အလွန် စိတ်မကောင်းဖြစ်မိကြောင်း ရန်ကုန်မြို့ အခြေစိုက် အမေရိကန် သံရုံးက သတင်း ထုတ်ပြန်လိုက်သည်။ ယခု ဖြစ်ရပ်ကြောင့် ပြန်လည် ရင်ကြားစေ့ရေးကို နောက်ပြန်ဆွဲစေပြီး အပြန်အလှန် ယုံကြည်မှု ထိခိုက် ပျက်ပြားစေနိုင်ကြောင်း၊ နောက်ပြန်ဆွဲသွားစေမည့်အစား အပြောင်းအလဲတခုဖြစ်ပြီး ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြန်လည်ရင်ကြားစေ့ရေး အစ ရှိသည့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် အဘက်ဘက်က ဆုံးရှုံးသွားသည်ဟု မယူဆဘဲ အခွင့်အရေးတရပ်ဟု သဘောထားလက်ခံနိုင်ပြီး တိုးတက်သွားပါစေရန် ဆန္ဒပြုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုကျော်ကိုကို၏ အစိုးရကြေညာချက်နှင့်ပတ်သက်ပြီး


သပိတ်မှောက်ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကို၏ အစိုးရကြေညာချက်နှင့်ပတ်သက်ပြီး မီဒီယာများကိုပြောကြားချက်

ရိုက်ကူး - ဂျေပိုင် / ဧရာဝတီ

စားတဲ့သူနဲ့ရိုက်တဲ့သူဘယ်နှစ်ယောက်တူလဲရှာပါ

နာရေးကူညီမှုအ သင်း(ရန်ကုန်) ရုံးချုပ်မှာရှုတ်ချခြင်းနှင့် တောင်းဆိုပွဲအခမ်းအနားအား ကျင်းပ

r
၁၂.၃.၂ဝ၁၅ ရက်နေ့ နံနက် (၁ဝးဝဝ) နာရီအချိန်တွင် နာရေးကူညီမှုအ သင်း(ရန်ကုန်) ရုံးချုပ်ရှိ သုခခန်းမကြီးတွင် ပညာရေးပြု ပြင်ပြောင်းလဲမှုအတွက် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် တောင်းဆိုနေသော ကျောင်းသား/သူများနှင့် ပြည်သူလူထုတို့ကို ရက်စက်စွာ အကြမ်းဖက် နှိပ်နင်းမှုအား ကန့်ကွက် ဖမ်းဆီးထိန်းသိမ်းထားသော ကျောင်းသားများ အမြန်ဆုံး

ပြန်လည်လွှတ်ပေးရေး တောင်းဆိုပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါ သည်။ ယင်းအခမ်းအနားသို့ နယ်ပယ်/အလွှာအသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူလူထုအပေါင်းတို့ တက်ရောက်ခဲ့ကြသည်။

လက်ပတ်ဖြူ လှုပ်ရှားမှု စတင်မည်



လက်ပတ်ဖြူ လှုပ်ရှားမှုတခုကို ရန်ကုန်မြို့ရှိ လူငယ်များက စုပေါင်း၍လုပ်ဆောင် မည် ကျောင်းသားများအပေါ် အစိုးရ၏အကြမ်းဖက်မှု များကို ကန့်ကွက်ရှုတ်ချသည်ဆိုပါက We are Students. Respect our Rights. ဆိုသည့် စာသားများပါသည့်အစိမ်းရောင်နှင့်ရေးသားထားသော လက်ပတ်အဖြူကို ဝေငှပေးသွားမည်

ဒီနေ့လွှတ်မည့်၂၇ယောက်စာရင်း

မင်းတို့ကို ရိုက်ချင်လို့ ရဲထဲဝင်တာ


ကျော်ဇင်သန့် (သန်လျင်နည်းပညာ တက္ကသိုလ်) က

“ကျွန်တော်တို့ကိုဖမ်းပြီး အချုပ်ကားထဲ မထည့်ခင်

ရဲတပ်ရင်း ၁၊ ၁ဝ၊ ၁၁ ရဲတပ်ဖွဲ့ဝင်တွေက ကျောင်းသားတွေ သပိတ်မှောက်စဉ်က ဟစ်ကြွေးပြီး ကြွေးကြော်သံ ပုံစံအတိုင်း

' ခွပ်ဒေါင်းသွေးတွေ နီသေးလား။ နီသေးရင် ရိုက်တယ်ကွာ။ တပ်မ ၁၁ က ရဲ ဘော်တွေ ညီရဲ့လားဟေ့။ ညီတယ်ဟေ့။ ညီတယ်ဟေ့။ သပိတ်မှောက်ချင်တဲ့ကောင်တွေ မှောက်ဦးမလား။ မှောက်ရဲရင် မှောက်လေကွာ။ မင်းတို့ကို ရိုက်ချင်လို့ ရဲထဲဝင်တာကွ။'...လို့ ဆိုပြီး

ဆဲဆိုကြိမ်းဆဲကာ ကျောင်းသားတစ်ယောက်ကို ရဲအယောက် ၂ဝ လောက်က ဝိုင်းရိုက်တယ်။


ဘုန်းကြီးကျောင်းထဲမှာတင် ကျွန်တော်တို့တစ်တွေ လူ့အခွင့်ရေး ချိုးဖောက်ခံရတာပါ” ဟုဆိုသည်။

သာယာဝတီခရိုင်ဥက္ကဋ္ဌ နဲ့အရပ်ဝတ် လက်နက်ကိုင် လူအချို့(စွမ်းအားရှင်များ)

ကိုယ်ကိုကိုယ်တောင်သနားမိသေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုလူငယ် လုပ်ငန်းအဖွဲ့ ကြေညာချက်..

ဗကသကျောင်းသားခေါင်းဆောင် ၄ယောက် ဖမ်းဆီးခံထားရတယ်



ပြီးခဲ့တဲ့ ညသန်းခေါင်ကျော်က အလုံမြို့နယ်က နေအိမ်တစ်ခုမှာ ရဲတပ်ဖွဲ့က
 ဧည့်စာရင်း စစ်မယ်ဆိုပြီး ဝင်ဖမ်းသွားတာ…
ဖမ်းဆီးခံရသူတွေက ဗကသ ဒုဥက္ကဋ္ဌ ကိုမိုးထက်နေ
ဗကသ ဗဟိုလုပ်ငန်းကော်မတီဝင် ကိုသီဟ၀င်းတင်
မဟန်နီဦး
ကိုဇန်ဇန်နဲ့ အေအက်ဖ်ပီ သတင်းဌာနက သတင်းထောက်တဦး…
သတင်းထောက်ကိုတော့ ဒီကနေ့မနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီး
ဗကသခေါင်းဆောင်တွေကိုတော့ အလုံရဲစခန်းမှာ စစ်ဆေးနေတယ်လို့သိရတယ်

(သက်နှင်း သုန္ဒရီ )


အမျိုးသားပညာရေးဥပဒေကိုကန့်ကွက်သပိတ်မှောက်ခဲ့ကြတဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု  ဦးဆောင်ကော်မတီထဲက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က (ဗကသ) ခေါင်းဆောင် ၄ ဦးကို  ရန်ကုန်မြို့ အလုံရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေပါတယ်။

ပြီးခဲ့တဲ့ ညသန်းခေါင်ကျော်က  အလုံမြို့နယ်က နေအိမ်တစ်ခုမှာ ရဲတပ်ဖွဲ့က ဧည့်စာရင်း စစ်မယ်ဆိုပြီး ၀င်ရောက်ဖမ်းဆီး ထိန်းသိမ်းသွားခဲ့တာလို့ မိသားစုက ပြောပါတယ်။

အလုံမြို့နယ် ရဲစခန်း တာဝန်ကျရဲတပ်ဖွဲ့ဝင်တဦးက  ယောက်ျားလေး ၄ ယောက်၊ မိန်းခလေး ၁ ယောက်၊ အားလုံးပေါင်း ၅ ယောက်ကို ဖမ်းဆီးစစ်ဆေးမေးမြန်းနေတယ်လို့  ဒီဗွီဘီကို ပြောပါတယ်။ ဒါပေမယ့် စစ်ဆေးနေဆဲဖြစ်လို့  အသေးစိတ်ပြောပြလို့ မရသေးဘူးလို့ လည်းပြောပါတယ်။

ညကဖမ်းဆီးခံခဲ့ရသူ ၅ ဦးကတော့  ဗကသ ဒုဥက္ကဋ္ဌ ကိုမိုးထက်နေ၊ ဗကသ ဗဟိုလုပ်ငန်းကော်မတီဝင်  ကိုသီဟ၀င်းတင်၊ မဟန်နီဦး၊ ကိုဇန်ဇန်နဲ့ အေအက်ဖ်ပီ သတင်းဌာနက  သတင်းထောက်တဦးတို့ ဖြစ်ပါတယ်။

သတင်းထောက်ကိုတော့ ဒီကနေ့မနက်ပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပြီး ကျောင်းသားတွေကိုတော့ ဆက်လက် စစ်ဆေးနေဆဲဖြစ်ပါတယ်။


ပဲခူးတိုင်း လက်ပံတန်းမှာ  ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်းက ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ရိုက်နှက်ဖြိုခွင်းဖမ်းဆီးခဲ့ပြီး မနေ့ကတော့ ကျောင်းသား ကျောင်းသူ ၁၇  ဦးကို ပြန်လွှတ်ပေးခဲ့ပါတယ်။
http://burmese.dvb.no/archives/85445

မအိဖြူဖြူထွန်း

ထားဝယ်မှာဘုရားဝန်းမှာတောင်မရှောင် ဖမ်းဆီးရိုက်နက်နေတယ်


သြော်
သာသနာရောင်ဝါထွန်းလင်းတဲ့
မြန်မာပြည်မှာတဲ့

ထားဝယ်မှာ ကျောင်းသားတွေ ၁၀တန်းစာမေးပွဲ အေးအေးဆေးဆေးဖြေနိုင်ပါစေ
ဖမ်းဆီးခံကျောင်းသားတွေကို အမြန်ပြန်လွတ်ပါစေ လို့
ဘုရားမှာ ဆုတောင်းနေတာကိုတောင်
အဟိတိရိစ္ဆာန်အစိုးရရဲတွေက
ဘုရားဝန်းမှာတောင်မရှောင်
ဖမ်းဆီးရိုက်နက်နေတယ်

မြန်မာသိန်းစိန်အစိုးရဟာ

IS ထက်တောင် ဆိုးနေပါပေါ့