Saturday, March 14, 2015

ဖွဲ့စည်းပုံ မပြင်နိုင်ခဲ့ရင်တောင် NLD ရွေးကောက်ပွဲဝင်မယ်


Kamayut Media

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်မလာအောင် တားဆီးပိတ်ပင်ထားတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ခြင်းမရှိရင်တောင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့အနေနဲ့ ဒီနှစ်မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီထိပ်တန်းခေါင်းဆောင် ဦးဉာဏ်ဝင်းက ရိုက်တာသတင်းဌာနကို ပြောလိုက်ပါတယ်။

စစ်တပ်က ဗီတိုပါဝါကိုင်ထားတဲ့ ဒီဖွဲ့စည်းပုံကို NLD အနေနဲ့ ပြင်ဆင်ဖို့ ပိုပြီးတွန်းအားပေးသွားမှာဖြစ်သလို ရွေးကောက်ပွဲမှာ NLD ပါတီနိုင်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး တားမြစ်ထားတာတွေကို ဖယ်ရှားသွားမယ်လို့ ဆိုပါတယ်။


ပထမဆုံးအနေနဲ့ NLD ဟာ ရွေးကောက်ပွဲအနိုင်ရပြီး လွှတ်တော်ထဲမှာ အများစုနေရာရဖို့နဲ့ အားကောင်းတဲ့အနေအထားကနေ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ မျှော်လင့်တဲ့အကြောင်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒါက မိတ်ဆွေ ရဲမှူးတယောက်က VIBERမှာလာပြောထားတာ

r
Thame Taw 


ဒါရိုက်တာ မိုက်တီး [ S A T U R D A Y Special ]


*********************************************
ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါတောင် ရှိသွားပြီလဲ မသိတော့ပါဘူးဗျာ ၊
ဟိုး . . . တော်တော်ကြာကြာကတည်းကိုက
ကျွန်တော် အထပ်ထပ်အခါခါ စဉ်းစားလာတာ -
အဲဒါ ဘယ်လိုစဉ်းစားစဉ်းစား ဘယ်တော့စဉ်းစားစဉ်စား
သေသေချာချာ့ ကို အပြန်ပြန်အလှန်လှန်ပြန်စဉ်းစားလည်း
အဖြေက ပြောင်းပြန်ချည်းပဲ ထွက်နေလွန်းလို့ဗျာ -
အဲဒါ ဝိုင်းပြီး ခေါင်းစားပေးကြပါ .. လို့ !
ပေါ့ပေါ့ပါးပါးလေးပါပဲဗျာ - အေးအေးဆေးဆေး စား ပါ ၊
ဒီလို - ကျွန်တော်တို့အားလုံးသိပြီးသားပါပဲ -
" နိုင်ငံတော်အကြည်ညိုပျက်စေမှူ့" ဆိုတဲ့ ပုဒ်မဗျာ -
အဲ့ဒါကို ကျွန်တော်က ဒီလိုစဉ်းစားမိတာ ၊
နိုင်ငံတော် ဆိုတာ အမှန်တကယ်ကတော့ အစိုးရပါပဲဗျာ - ဟုတ်တယ်ဟလား !
အစိုးရအဖွဲ့ဝင်လူကြီးများကို ဘာညာဘာညာ . . . လျှောက်ပြောတယ် လျှောက်ရေးတယ်ဆိုရင် ဆွဲစိတာလေဗျာ - ဒါပဲဟာ ၊
အဲ့တော့ - နိုင်ငံတော် ဆိုတာ အစိုးရ ပေါ့ - OK နော်
အဲ - အဲဒီအစိုးရကိုခန့်တာကကျတော့ ဘယ်သူလဲ . . . .
. . . ပြ ည် သူ
ဟုတ်တယ်လေ - ပြည်သူဆိုတာ ဒီတိုင်းပြည်ကြီးရဲ့ပိုင်ရှင်ပဲဟာ
အဲ့ဒီပိုင်ရှင်သူဌေးကြီးက မှ - ဟို အစိုးရ ဆိုတဲ့ လူတွေကို ငါတို့အလုပ်တွေ
ခဏလာလုပ်ပေးစမ်းကွာ ဆို လခပေးပြီး ခေါ် ခိုင်း ထားတာလေ !
အဲတော့ . . . .
ပြည်သူ ဆိုတာ ပိုင်ရှင်သူဌေး
အစိုးရ ဆိုတာ သူခေါ်ခိုင်းထားတဲ့ လခစား အလုပ်သမားတွေပေါ့ -
ဆိုတော့ ....
ကြိုက်သလိုစဉ်းစားတော့ -
ဒီ အကြည်ညို ဆိုတဲ့ဟာကြီးက ပျက်ခြင်းပျက် ဘယ်သူပဲပျက်စရာရှိမလဲဗျာ !
ပိုင်ရှင်သူဌေး နဲ့ အလုပ်သမား လေ -
အလုပ်သမားက သောက်တလွဲတွေလုပ်လို့ပဲ သူဌေးခမြာ သိက္ခာတွေကျ အရှက်တွေရပြီး အကြည်ညိုပျက်စေတာပဲ ဖြစ်တော့မပေါ့ ဗျ !
အဲ့တော့ အဖြေကထွက်ပြီလေ -
နို င် ငံေ တာ် အ ကြ ည် ညို ပျ က်ေ စ မှူ့ အစား
ပြ ည် သူ ကို အ ကြ ည် ညို ပျ က်ေ စ မှူ့ သာ ဖြစ်ရမှာပေါ့ဗျ လို့ ။

 ဒါရိုက်တာ မိုက်တီး


ကျောင်းသားသပိတ်ဖြိုခွင်းခံရမှု ရဲများကို အမှုဖွင့်ပါက သက်သေလိုက်ပေးမည်ဟု မျက်မြင်သက်သေများဆို
Written by အောင်ကိုဦး

မန္တလေး မတ် ၁၂
လက်ပံတန်းအကြမ်းဖက်ဖြိုခွဲခံရမှုနှင့် ပတ်သက်ပြီး မျက်မြင်ကိုယ်တွေ့ကြုံခံရသူများက ရဲများကို အမှုဖွင့်မည်ဆိုပါက သက်သေလိုက်ပေးမည်ဟု မတ်လ ၁၂ ရက် မွန်းလွဲ ၁၂နာရီတွင် ၈၄ လမ်း၊၃၄လမ်း နှင့် ၃၅ လမ်းကြားရှိ ဗိုလ်ချုပ်ရာပြည့်ခန်းမတွင် သတင်းစာရှင်းလင်းပွဲပြုလုပ်ပြောကြား ခဲ့သည်။ အစိုးရမှ ထုတ်ပြန်ထားသော သတင်းများနှင့် ပတ်သက်ပြီး အမှန်တရားနှင့် လွဲနေသည်ဟု ဆိုကာ အဖြစ်အပျက်အမှန်ကို ပြည်သူများ သိရှိစေရန် ကျောင်းသားသပိတ်ဖြိုခွဲခံနေရစဉ် အနီးကပ် ဝန်းရံကူညီပေးခဲ့သူ ဦးအုံးငွေ(လူနှင့်လူ)က ဆိုသည်။

" အဲဒီနေ့က မြင်ရတဲ့ မြင်ကွင်းက ဒီနေ့ထိ မျက်စိထဲကမထွက်ဘူး။ ဒါကို သံသယရှိတယ်။တ ချို့ရဲအရာရှိတွေကမလုပ်ဖို့ တားတယ်။တစ်ချို့ရဲတွေက ကလေးတွေကို ဒိုင်းတွေနဲ့ ကာကွယ်ပေးတာ တွေရှိတယ်။ ရဲမှာကိုပဲ နှစ်ဖွဲ့ဖြစ်နေတယ်။လည်စီးအနီနဲ့ရဲတွေကိုပိုပြီးသံယဖြစ်တယ်။ အရပ်သားတွေ လို့ တောင်ထင်မိတယ်။ရိုက်နှက်ဖမ်းဆီးတာတွေနဲ့ပတ်သက်ပြီး အမှုပြန်ဖွင့်မယ်ဆို ကျွန်တော်ရဲရဲကြီး သက်သေခံပေးသွားမယ်"ဟု ၄င်းက ပြောသည်။
၎င်းတို့သည် ကျောင်းသားသပိတ်ကို စားသောက်စရာများနှင့် ဖုန်းဘေလ်များ လှူဒါန်းရန် မတ်လ ၈ ရက်က လက်ပံတန်းမြို့သို့ ရောက်ရှိခြေင်းဖြစ်ပြီး မတ်လ ၁၀ ရက် ကျောင်းသားသပိတ်နှင့် လုံခြုံရေးရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခဖြစ်ပွားရာတွင် ၄င်းတို့က ထိုနေရာတွင် ရှိနေသူများ ဖြစ်သည်ဟု ဆိုသည်။
အကြမ်းဖက်ဖြိုခွဲခံနေရသည့်ကြားမှာ ကျောင်းသားတချို့ကို ကယ်ထုတ်ခဲ့သူ ဒေါ်အမာနီ မှ "ကလေးတွေကို ရိုင်းရိုင်းစိုင်းစိုင်း လူစိတ်ပျောက်ပြီး ရဲတွေက ရိုက်တယ်။ဒီလိုနုနယ်တဲ့ ကလေးတွေကို ရိုက်တာဖမ်းတာ ရှုတ်ချတယ်။ပိတ်မိတဲ့ ကျောင်းသားတစ်ချို့ကို ကျွန်မကားနဲ့ကယ်ခဲ့တယ်။ အဲဒီက လေးတွေက ကြောက်လို့ ထွက်ပြေးတာမဟုတ်ဘူး။ကျွန်မခေါ်ခဲ့လိုသာ သူတို့ လွှတ်လာတာပါ"ဟု ပြောသည်။
မီဒီယာသမားများ ရိုက်နှက်ဖမ်းဆီးခံရခြင်းနှင့်ပက်သတ်၍ DVB သတင်းထောက် ကိုစူပါ က လည်း မီဒီယာသမားများကို ရိုက်နှက်သည့် မှတ်တမ်းပုံများရှိပြီး အရိုက်ခံရသူများနှင့် အဖမ်းခံရသူ များ အမှုဖွင့်မည်ဆိုပါက သက်သေအဖြစ်လိုက်ပါဆောင်ရွက်ပေးမည်ဟုလည်း ရှင်းလင်းပြောကြားခဲ့ သည်။
သပိတ်စစ်ကြောင်းတွင် ပါဝင်သည့် ကျောင်းသူကျောင်းသားများနှင့် မိသားစုဝင်များအဆက်အ သွယ်မရရှိပါက မိသားစုဝင်များအနေဖြင့် ဗိုလ်ချုပ်ရာပြည့်ရုံးခန်းသို့ လာရောက်ဆက်သွယ်နိုင်ပြီး ကူ ညီပေးသွားမည်ဖြစ်ကြောင်းလည်း ၄င်းတို့က ပြောကြားခဲ့သည်။ ကျောင်းသားသပိတ်ကို ဝန်းရံခဲ့သော အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများဖမ်းဆီးခံနေ ရသူများကိုလည်း ကျောင်းသားများကဲ့သို့ ပြန်လည်လွှတ်ပေးရန် တောင်းဆိုမှုများ ဆက်လက်လုပ် ပေးသွားမည်ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ကြသည်။ ထိုသို့ သတင်းစာရှင်လင်းပွဲကို သပိတ်စစ်ကြောင်းတွင် ပါဝင်ခဲ့သော ဆရာတော်များမှလည်း နံနက် ၉ နာရီက မစိုးရိမ်(ကံတက်ကုန်း)ကျောင်းတိုက်တွင် ပြုလုပ်ခဲ့သေးသည်။

MIZZIMABURMESE.COM

ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်(ငြိမ်းပွင့်)တို့ တွေ့ဆုံဆွေးနွေး


The 88 Generation - Public Relation
နေပြည်တော်ရှိ နှင်းဆီစံအိမ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈မျိုးဆက်(ငြိမ်းချမ်းရေးနှင့်ပွင့်လင်း
လူ့အဖွဲ့အစည်း)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးခဲ့သည့် လက်ရှိနိုင်ငံရေးအခြေအနေများ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
(၁) ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲနိုင်ရေးကိစ္စများ၊
(၂) အမျိုးသားပညာရေးဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက်
ဆန္ဒဖော်ထုတ်မှုများကို အကြမ်းဖက်ဖြိုခွဲခဲ့သည့်ဖြစ်ရပ်၊
(၃)၂ဝ၁၅ခုနှစ်အတွင်း တွေ့ကြုံလာရနိုင်သည့် အရေးကြီး
အချိုးအကွေ့များအတွက်ကြိုတင်ပြင်ဆင်ကြရမည့် အခြေအနေ
(၄) ဒီမိုကရေစီအင်အားစုများအကြားယခုထက်ပိုမိုသော
သွေးစည်းညီညွတ်ကြရန်လိုအပ်သည့် အခြေအနေ၊
(၅) တိုင်းရင်းသားများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး စသည်တို့ကို
ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ပူးပေါင်းအဖြေရှာကြရန် ဆွေးနွေး
ခဲ့ကြသည်။

- နေပြည်တော် ၊ မတ်လ-၁၄-၂၀၁၅ ။

ဖမ်းဆီးခံကျောင်းသူတွေကို ကိုယ်ဝန်စစ်ခဲ့




လက်ပံတန်းမှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူ ဆန္ဒပြကျောင်းသူများ။

မအေးအေးမာ
14.03.2015
burmese.voanews
လက်ပံတန်းကျောင်းသားသပိတ်ကျောင်းသူတွေကို သာယာဝတီအကျဉ်းထောင်ထဲမှာ ကိုယ်ဝန်ရှိမရှိ ဆီးစစ်ခြင်းခံရတာဟာ အမျိုးသမီးအခွင့်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မတ်လ ၁၀ ရက်နေ့က လက်ပံတန်းမြို့မှာ ရိုက်နှက်ဖမ်းဆီးခံရပြီး ထိန်းသိမ်းခံခဲ့ရတဲ့ ကျောင်းသူတွေအပါအဝင် အမျိုးသမီး ၂၀ ဝန်းကျင်ကို သာယာဝတီအကျဉ်းထောင်ထဲမှာ ဆီးစစ်ပြီး ကိုယ်ဝန်ရှိမရှိစစ်ဆေးခံရတယ်လို့ ပြန်လည်လွတ်မြောက်လာတဲ့ ကျောင်းသူ မရည်မွန်က ပြောပါတယ်။

“မိန်းကလေး အယောက် ၂၀ ပေါ့နော်၊ အဲဒါက ညနေပိုင်း ရေချိုးပြီးတော့မှ စစ်တာ။ ညီမတို့ကို ခွက်ကလေးတွေပေးပြီး ဆီးသွားယူ-တဲ့၊ အဲလိုမျိုးပြောတာ။ အမှန်အတိုင်းဆိုရင် တခါမှလည်း..အဲလိုမျိုး မသိဘူးပေါ့။ ဘာလုပ်ဖို့လဲဆိုတာ။ ပြီးတော့ အဲဒီခွက်ကလေးတွေ ပေးပြီးတော့ သူတို့တိုင်းတယ်။ ညီမတို့မှာ မရှိဘူးဆိုတော့ မိုင်းနပ်စ် ပေါ့။ အဲဒါလေး ပြလိုက်တယ်။ အကုန်လုံးကိုစစ်တယ် သူတို့က။ သမီးတို့က အပျိုတွေပဲ..ဆိုတော့၊ ပြီးတော့ လယ်သူမကြီးတွေပဲဆိုတော့ လုပ်နည်းလုပ်ဟန်အတိုင်း၊ ဆေးစစ်တယ်ဆိုတာ ဆီးစစ်တယ်ဆိုတာ အဖျား-ဟို ရောဂါတွေ ဘာတွေ စစ်တယ်ထင်တာ။ စစ်ပြီးတော့မှ အမတယောက်ကပြောတာ အဲဒါ ကိုယ်ဝန်စစ်တာ-တဲ့၊ မကျေနပ်ဘူး ပြောတော့မှ သမီးတို့လည်း စစ်ပြီးတော့မှ သိတာရှင့်။”

ဒါဟာ အမျိုးသမီးအခွင့်အရေးကို ချိုးဖောက်တာအပြင် ကျောင်းသားသပိတ်က ကျောင်းသူတွေကို ဂုဏ်သိက္ခာပိုင်းကို ထိခိုက်အောင်လုပ်ဆောင်ခြင်းဖြစ်တယ်လို့လည်း မရည်မွန်က ဆိုပါတယ်။

“ဒါက ပုံဖျက်ချင်လို့ပေါ့။ ညီမတို့ထဲမှာ အိမ်ထောင်ရှိတဲ့ အမျိုးသမီးတွေ ပါချင်ပါလိမ့်မယ်။ သူတို့က တကယ်လို့ ကိုယ်ဝန်တွေ ဘာတွေရှိခဲ့ရင် သူတို့က ကျမတို့ ကျောင်းသူတွေပါပဲဆိုပြီး ပြန်ဖွမှာရှင့်။ သပိတ်ထဲမှာ ယောက်ကျားလေးတွေလည်းပါတယ်။ မိန်းကလေးတွေလည်းပါတယ်။ အတူတူ မောင်နှမစိတ်နဲ့နေကြတာကို သူတို့က အဖမ်းခံရတဲ့ကားပေါ်မှာ နင်တို့က ဗိုက်ကြီးကမယ့်ဟာတွေဆိုပြီး ကားပေါ်မှာ ၊ အဲလိုမျိုး ပုံဖျက်ချင်လို့ပေါ့ ကိုယ်ဝန်စစ်တယ်။ အဲလိုမျိုးထင်တယ်ရှင့်”

ဥပဒေကြောင်းအရဆိုရင်တော့ ဒီလို စစ်ဆေးခွင့်ရှိတယ်လို့ ပြဌာန်းထားတာမရှိကြောင်း ရည်ရွယ်ချက်ရှိရှိဆောင်ရွက်တာဆိုရင် ဒါဟာ လူ့အခွင့်အရေးချိုးဖောက်မှုအဖြစ် ရှုမြင်ကြောင်း လူ့အခွင့်အရေးလှုပ်ရှားသူ ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောပါတယ်။

“ဒါက ဥပဒေကြောင်းအရ စစ်ဆေးခွင့်ရှိတယ်လို့ ပြဌာန်းမထားပါဘူး။ ကျန်းမာရေးအခြေအနေအရ စစ်ဆေးတယ်ဆိုရင်တော့ အကျဉ်းထောင်လက်စွဲဥပဒေအရ လုပ်ခွင့်ရှိပါတယ်။ ဒီလိုမဟုတ်ဘဲနဲ့ ရည်ရွယ်ချက်တမျိုးမျိုးနဲ့ အကြောင်းတခုခုပြပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့လုပ်တာ ဒါက ဘယ်လိုမှ တရားမျှတမှု မရှိပါဘူး။ ဥပဒေက လုပ်ပိုင်ခွင့်ပေးမထားတဲ့လုပ်ရပ်ကို ရည်ရွယ်ချက်ရှိရှိနဲ့ အကြောင်းတခုခုပြဖို့ လုပ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါ လူ့အခွင့်အရေး ချိုးဖောက်ခံရတာလို့ ပြောလို့ရပါတယ်ဗျ။”

အကျဉ်းထောင်တွေမှာ ကျန်းမာရေးစစ်ဆေးခွင့်ဆိုတာကို တကယ်လိုအပ်နေတဲ့ အကျဉ်းသားတွေကိုတောင် ဆောင်ရွက်ပေးမှုတွေအားနည်းကြောင်း ရှေ့နေ ဦးအောင်သူရိန်ထွန်းက ပြောပါတယ်။

“တကယ့်တကယ် နေမကောင်းဖြစ်တဲ့လူတွေကိုတောင်မှ တော်ရုံတန်ရုံအကျဉ်းထောင်အတော်များများမှာ အကျဉ်းသားကို အခုလို ဂရုစိုက်တဲ့အလေ့အထမရှိဘူးဗျ။ တကယ်လို့ နေမကောင်းဖြစ်တယ်ဆိုရင်တောင်မှ နေမကောင်းဘူးဆိုတဲ့အကြောင်းကို ထောင်မှာရှိတဲ့ ထောင်အာဏာပိုင်တွေကို အကြောင်းကြားရတယ်ဗျ။ အဲဒီလို အကြောင်းကြားမှသာလျှင် စစ်ဆေးပေးတာ။ အဲဒီလို အကြောင်းကြားတာတောင်မှ တော်ရုံတန်ရုံစစ်ဆေးခွင့် ကျန်းမာရေးကုသခွင့်ရတာမျိုးတောင် သိပ်မရှိဘူး ကျနော်တို့ ပြောလို့ရပါတယ်ဗျ။”

အဖမ်းခံရတဲ့ အမျိုးသမီးတွေထဲမှာ ကျောင်းသူတွေများပြီး သပိတ်မှောက်ကာလမှာကတည်းက လူမှုကွန်ယက်တွေကနေ ကျောင်းသား ကျောင်းသူတွေရဲ့ ဂုဏ်သိက္ခာထိခိုက်စေနိုင်တဲ့အရေးအသားတွေကို ရေးသားနေကြတာတွေလည်း ရှိပါတယ်။ ဒါ့အပြင် ဖမ်းဆီးထားတဲ့အချိန်မှာလည်း ယူနီဖောင်းဝတ်ဆင်ထားသူတွေက ကျောင်းသူတွေကို ရာဇဝတ်သားတွေလို ဆက်ဆံခဲ့ပြီး လူ့ဂုဏ်သိက္ခာထိခိုက်စေတဲ့ အပြောအဆိုတွေနဲ့ မျက်နှာကို ရိုက်နှက်မှုတွေရှိခဲ့ကြောင်း ပြန်လည်လွတ်မြောက်လာတဲ့ ကျောင်းသူတွေက ပြောပါတယ်ရှင်။

မင်းအောင်လှိုင်က လေပြေထိုး

ပြည်သူလူထုကို ချီးခွေးနိုင်သလိုနိုင်ခဲ့ကြသူများဖတ်ဖို့။ ။

သမ္မတရုံးကဖွတ်တွေက တရုတ်ပြည်ဘက်ခြမ်းမှာ ရွာသား ၄ ယောက်သေတဲ့ကိစ္စကို ဗမာစစ်လေယာဉ်ကြောင့် မဟုတ်ဘူးလို့ ဗြောင်ငြင်းလိုက်လို့ တရုတ်တွေတင်းပြီး အဆင့်မြင့်လေယာဉ်ပစ်ဒုံးတွေ၊ အဝေးပစ်လက်နက်ကြီးတွေ နယ်စပ်ကို ဒီနေ့ ထပ်ပို့လိုက်တယ်။
တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး ဖန်ကျန်းလုံက မင်းအောင်လှိုင်ကို တိုက်ရိုက် ဖုံးဆက်ပြီးဆဲ၊ အချက် ၃ ချက် တောင်းဆို။

၁။ ဖြစ်စဉ်အမှန်ဖော်ထုတ်ပေးရမယ်။ တောင်းပန်ရမယ်။ တာဝန်ရှိသူတွေ အရေးယူရမယ်။

၂။ ထိခိုက်တဲ့ရွာသားတွေအတွက် လျော်ကြေးအပါဝင် ထိုက်သင့်တာလုပ်ပေးရမယ်။

၃။ ဒါမျိုး နောက်မဖြစ်အောင် တာဝန်ယူရမယ်။

မင်းအောင်လှိုင်က အဲဒါတွေလုပ်ပေးဖို့ အဖွဲ့တဖွဲ့လွှတ်ပြီး စီစဉ်ပါ့မယ်လို့ လေပြေထိုး။
အဆဲခံလိုက်ရပြီးနောက် ဗမာစစ်တပ်တွေ ကိုးကန့်မှာ ဒီနေ့တနေ့လုံး အမြောက်လဲမပစ်၊ လေယာဉ်လဲမပျံဘဲ ငြိမ်ကုပ်နေ။ မနေ့တနေ့ကတက်လာတဲ့ တပ်မ ၆၆ တွေလဲ ဘယ်မှ မထွက်ဘဲ ငြိမ်နေ။

ခွန်ဂါမဏိ၏စတေးတပ်။

မန္တလေးက ဒိန်းဒေါင်အဖမ်းဆီးခံထားရာကဘာသတင်းမှ မကြားရတော့


Aye Thitsar Aung
ဒီမိုကရေစီပညာရေးပင်မသပိတ်စစ်ကြောင်းကို ဝန်းရံပေးရင်း လက်ပံတန်းအကြမ်းဖက်မှုမှာ ဖမ်းဆီးခံရတဲ့ ကိုဒိန်းဒေါင် ခေါ် ကိုစိုးမိုးနိုင် ကိုလည်း ကျမတို့ မေ့ထားလို့ မဖြစ်ပါဘူး။ ကိုဒိန်းဒေါင်ဟာ ခါတော်မှီနိုင်ငံရေးသမားတဦး မဟုတ်ဘူး။ ၈၈၈၈ ပြည်သူ့အရေးတော်ပုံကြီးမှာကတည်းက စစ်အစိုးရနဲ့ ဖောက်ပြန်သူအပေါင်းကို တော်လှန်ဆန့်ကျင်လာတဲ့သူ ဖြစ်တယ်။ ကျောင်းသားထုကို ဝန်းရံပေးရင်း အဖမ်းဆီးခံထားရာက ဘာသတင်းမှ မကြားရတော့တဲ့အတွက် စိတ်ပူရပါတယ်။ ဖေ့ဘုတ်အသုံးပြုသူတဦးလည်း မဟုတ်တဲ့အတွက် ကိုဒိန်းဒေါင်းပုံကို မိတ်ဆွေတို့ မြင်တွေ့နိုင်ဖို့ တင်ပေးလိုက်ပါတယ်။

အစွန်ဆုံးမှာ ကျောင်းသားတွေနဲ့ ထိုင်သပိတ်မှောက်နေတဲ့ ကိုဒိန်းဒေါင်

သံဆူးခါးပန်းတွေနားက ကိုဒိန်းဒေါင်

ကျောင်းသားရဲ့သွေး အများစုပါ

နာမှု ကူညီရေး (ရန်ကုန်) ကားပေါ်မှာ ဒါဏ်ရာ ရတဲ့သူ မပါ ပါဘူးလို့ ဖြေထားတာ တွေ့လို့ ကျွန်တော့် အင်္ကျီ တင်ပေးလိုက်ပါတယ်။ ဒီသွေးတွေဟာ ကျွန်တော် တွဲခေါ်ခဲ့တဲ့ကျောင်းသားရဲ့သွေး အများစုပါ။ ကျွန်တော့်လက်ကတော့ အနည်းငယ်ပါ။

လက်ပံတန်းက မြေမှုန်တွေ ၊ သမိုင်းကြွေးသွေးတွေ မလျှော်မဖွတ် ဒီအတိုင်း သိမ်းထားမယ်။

ရဲရင့်ကျော်
ဗကသ
၁၄. ၃. ၁၅

ကျောင်းသားခေါင်းဆောင်များအား အစိုးရက ပိုက်စိပ်တိုက် ဆက်လက်ဖမ်းဆီး။




မတ် ၁၃ ရက် နံနက် ၁ နာရီ ဝန်းကျင်က ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ
အဖွဲ့ဝင်လေးဦးအား ဧည့်စာရင်းစစ်မည်ဟုဆိုကာ အလုံရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်
သွားခဲ့ပြီး နေ့လယ်ပိုင်းတွင် ယင်းလေးဦးစလုံးကို အခြားနေရာသို့ ထပ်မံခေါ်ဆောင်
သွားခဲ့သည်ဟု ဖမ်းဆီးခံရသည့် ဗကသအဖွဲ့ဝင် ကိုသီဟဝင်းတင်၏ မိခင်ထံမှ
သိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားသော ဗကသအဖွဲ့ဝင်များမှာ ကိုသီဟဝင်းတင်၊ မဟန်နီဦး၊
ကိုအောင်မိုးထွန်း (ခ) ကိုမိုးထက်နေ၊ ကိုထက်ညီညီအောင်တြို့ဖစ်ပြီး အလုံမြို့နယ်၊ လွတ်လပ်ရေးရပ်ကွက်၊ အောင်ဇေယျလမ်းရှိ နေအိမ်မှ ဧည့်စာရင်းစစ်ရန် ရှိသည်ဟု
သောအကြောင်းပြချက်ဖြင့် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

“ဟုတ်ပါတယ်။ ဧည့်စာရင်းစစ်စရာရှိတဲ့ကိစ္စနဲ့ ဖမ်းဆီးခေါ်ဆောင်သွားတာပါ။ အခု
စခန်းမှာ စစ်ဆေးနေပါတယ်။ ဆက်ပြီးတော့ စစ်ဆေးစရာတွေ ရှိနေပါသေးတယ်”ဟု အလုံမြို့မရဲစခန်းမှ ရဲမှူးထွန်းရွှေက The Daily Eleven သို့ နံနက် ၁ဝ နာရီဝန်းကျင်
က ပြောကြားသည်။

သို့သော်လည်း နံနက် ၁၁ နာရီခန့်တွင် အလုံမြို့မရဲစခန်း နောက်ပေါက်မှ ဗကသအဖွဲ့ဝင်
လေးဦးကို 3D/2403 (NPW) တိုယိုတာ၊ ဟိုင်းအေ့စ်ကားဖြင့် ခေါ်ဆောင်သွားခဲ့သည်
ဟု မျက်မြင်တွေ့ခဲ့သူ ကိုသီဟဝင်းတင်၏ ညီဖြစ်သူက ပြောကြားသည်။“၁၂ နာရီ ကျော်
ကျော်လောက်က ဆွဲသွားတာ။ ဧည့်စာရင်းစစ်မယ်ဆိုပြီး ဆွဲသွားတာ။ အမှန်တကယ်က ဧည့်စာရင်းစစ်မယ်ဆို အခုလောက်ဆို ပြန်လွှတ်ပေးရတော့မယ်။အလုံရဲမှူးကို မေးကြည့်
တော့လည်း သူက မသိဘူး။ ဘယ်ခေါ်သွားတာလဲ ဆိုတော့လည်း မသိဘူးတဲ့။ သူတို့
မသိရင် ဘယ်သူသိမှာလဲ။ ကျွန်မသားက မျိုးချစ်စိတ်ရှိလို့ အခုလို ပညာရေးပြုပြင်
ပြောင်းလဲဖို့ လုပ်နေတာပါ။ အခုပညာရေးစနစ် ဘာကောင်းလို့လဲ။ကျွန်မလည်း ကျောင်း
ဆရာမ တစ်ယောက်ပဲ။ ဒါပေမဲ့ ဒီပညာရေးစနစ် မကောင်းတာကို သိတယ်။ ကျွန်မသား
က လူဆိုး၊ သူခိုး မဟုတ်ဘူး။ ဒီလို လက်လွတ်စပယ် ခေါ်လို့မရဘူး”ဟု ဖမ်းဆီး
ခေါ်ဆောင်သွားခြင်းခံရသည့် ကိုသီဟဝင်းတင်၏ မိခင်ဒေါ်လီလီထွေးက ပြောကြား
သည်။

ယခု ဖမ်းဆီးခံရသည့် ဗကသအဖွဲ့ဝင်များသည် ဒီမိုကရေစီပညာရေး ပင်မသပိတ်
စစ်ကြောင်းတွင် ပါဝင်ခဲ့ဖူးသူများဖြစ်ပြီး ဗကသများအဖွဲ့ချုပ်၏ ဗဟိုလုပ်ငန်းကော်မတီဝင်
များ ဖြစ်ကြသည်။မတ် ၁၃ ရက် နံနက်ပိုင်း စတင်ဖမ်းဆီးစဉ်က ငါးဦးဖြစ်သော်လည်း
ကျန်တစ်ဦးမှာ AFP သတင်းဌာနမှကင်မရာရိုက်ကူးသူ ဖြစ်သောကြောင့် မေးမြန်း
စစ်ဆေးမှုများ ပြုလုပ်ပြီး ပြန်လည်လွှတ်ပေးခဲ့သည်။

ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသည့် မဟန်နီဦး၏ဖခင် ဦးထွန်းဦးကလည်း“ကျွန်တော့်
သမီးဆိုရင် အဲဒီမှာလည်း (လက်ပံတန်း)မှာလည်း ရှိခဲ့တာမဟုတ်ဘူး။ အဲဒါကို
ဖမ်းတယ်ဆိုတာ အရင်လို အစိုးရပုံစံအတိုင်း ပြန်ဖြစ်နေပြီလို့ ခံစားရတယ်။ ပြီးတော့
ကျွန်တော့်သမီးက ကျန်းမာရေးလည်း ကောင်းတာမဟုတ်ဘူး။ မနက် ၉နာရီလောက်
အထိ စခန်းထဲမှာ မြင်ရပြီးတော့မှ ဗြုန်းဆို မတွေ့ရတော့တာ။ ဒီလို လူမသိ၊
သူမသိတွေ လျှောက်လုပ်နေတာဟာ လူကောင်းတွေရဲ့စိတ်ဓာတ် မဟုတ်ဘူး”ဟု
ပြောကြားသည်။

အဆိုပါ ဗကသအဖွဲ့ဝင် လေးဦးအား မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်
ဆိုသည်ကို အလုံမြို့မရဲစခန်း၊ ပဲခူးတိုင်းဒေသကြီး ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းစိန်
တို့ကို မေးမြန်းသော်လည်း အဆက်အသွယ် မရသေးပေ။ယင်းသတင်းကို မတ်
၁၃ ရက်၊ မွန်းလွဲ ၂ နာရီ ဝန်းကျင်က ဧရာဝတီသတင်းဌာန ဝက်ဘ်ဆိုက်တွင်
ဖော်ပြခဲ့ရာတွင် အလုံမြို့မရဲစခန်းမှ မြို့နယ်မှူးရဲမှူး ထွန်းရွှေက ဗကသ ကျောင်းသား
လေးဦးထဲမှ ကိုထက်ညီညီအောင်ကို လွှတ်ပေးခဲ့ပြီး ကျန်သုံးဦးကို ပဲခူးတိုင်းအစိုးရ
အဖွဲ့သို့ လွှဲပြောင်းပေးအပ်လိုက်သည်ဟု ဖြေကြားသည်။

သို့သော် အလုံမြို့မရဲစခန်းမှူး ဒုရဲမှူးတင်လှ ကို The Daily Eleven မှမေးမြန်းရာတွင်မူ ဗကသကျောင်းသားများကို ရန်ကုန်တိုင်းဒေသကြီး ဦးစီး(၁)သို့ လွှဲပြောင်းခဲ့ပြီး ပဲခူးတိုင်း
အစိုးရအဖွဲ့သို့ လွှဲပေးခဲ့သည်ကိုမူ မသိရှိကြောင်း ပြန်လည်ဖြေကြားသည်။

လက်ရှိတွင် ဗကသ အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်၊ ဗကသဒုတိယဥက္ကဋ္ဌ ကိုမိုးထက်နေတို့ကို ဖမ်းဆီးထားပြီး ဗကသဥက္ကဋ္ဌ ကိုကျော်ကိုကိုအား လိုက်လံရှာဖွေ ဖမ်းဆီးနေသော်လည်း ဆွေးနွေးပွဲသို့ တက်ရောက်မည်ဟုဆိုသည့် တကသမှ
ကျောင်းသားများကိုမူ ဖမ်းဆီးခြင်း မရှိသေးကြောင်း သိရသည်။ ယခုကဲ့သို့ ဗကသ
ကျောင်းသားများအား နောက်ကွယ်က ကြိုးကိုင်သူများအဖြစ် လိုက်လံဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းသည် အာဏာရှင် ဦးနေဝင်း၊ ဦးသန်းရွှေတို့နှင့် ဦးသိန်းစိန်အား
နှိုင်းယှဉ်စရာ ဖြစ်လာခဲ့ကြောင်း သုံးသပ်မှုများ ရှိနေသည်။

သတင်းဓါတ်ပုံ- သက်မင်း(EMG)

နောက်စေ့ကွဲသွားတယ်။ မျက်နှာကို ဖိနပ်နဲ့ အကန်ခံ ရ တယ်

‘‘ရဲတွေက အလုံးအရင်းနဲ့ ၀င်ရိုက်တဲ့အချိန်မှာ ကျွန်တော်က အလံကိုင်ထားတယ်။
ကျွန်တော့် ကို ဆယ့်လေး၊ ငါးယောက် လောက် နံပါတ်တုတ်နဲ့ ၀င်ရိုက် တယ်။
ခြေထောက်တွေနဲ့ ကန် တယ်။ နောက်စေ့ကွဲသွားတယ်။ မျက်နှာကို ဖိနပ်နဲ့ အကန်ခံ
ရ တယ်။ ကျွန်တော်တို့ သူတို့ကို အေးအေးဆေးဆေး အဖမ်းခံ မယ်။ ဒီလိုမလုပ်ပါနဲ့
ပြောထား တာကို လုပ်တာ။ သူတို့ကို အီးယူ က သင်ပေးတာ ဒါမျိုးတွေ လုပ်ဖို့
မဟုတ်ဘူး’’
''ရဲတွေကို ပြောချင်တာက EU က သင်တန်းပေးထားတာ ပြည်သူကို ရိုက်ဖို့ မဟုတ်ဘူး''
---------------------------------------------------------------------------------------
မန္တလေး ရတနာပုံတက္ကသိုလ် IC ဒုတိယနှစ်ကျောင်းသား ရှိုင်းလင်းထက်ဇော်
---------------------------------------------------------------------------------------

ကျွန်တော်က သပိတ်မှောက်စဉ်က တပ်ဦးမှာ အလံကိုင်တဲ့သူဆိုတော့ ရဲတွေဘက်က ခဲတွေကို စပစ်တာပါ။ အဲဒီလိုပစ်တော့ ကျွန်တော့်တို့ဘက်က ကျောင်းသားတချို့လည်း မခံနိုင်လို့ ပြန်ပစ်တယ်။ ပြီးတော့ ရဲတွေက နံပါတ်တုတ်တွေနဲ့ ရိုက်တာပဲ။ ကျွန်တော့်က ရှေ့ဆုံးမှာဆိုတော့ ပြေးချိန်မရဘူး။ ကျွန်တော့်ကို ရဲ ၁ဝ ယောက် လောက်က ဝိုင်းရိုက်တယ်။ နံရိုးတွေကို ကန်တယ်။ မျက်နှာတွေကို ခြေထောက်တွေနဲ့ ကန်တယ်။ ဖိတယ်။ အဲဒီလိုကြောင့် မျက်လုံးနဲ့ ပါးတွေမှာ ဒဏ်ရာတွေရထားတယ်။ နံပါတ်တုတ်တွေနဲ့ ခေါင်းကို ရိုက်တယ်။ နောက်စေ့ကွဲသွားတယ်။ ရဲတွေကို ပြောချင်တာက EU က သင်တန်းပေးထားတာ ပြည်သူကို ရိုက်ဖို့ မဟုတ်ဘူး။

ရှိုင်းမင်းထက်ဇော်
ရတနာပုံတက္ကသိုလ် ဒုတိယနှစ် ကျောင်းသား
ဖမ်းဆီးခံရပြီး နောက် ထောင်ဆေးရုံသို့ တက် ရောက်ကုသခဲ့ရကာ
ပြန်လည် လွတ်မြောက်လာခဲ့သူ.

သတင်းဓါတ်ပုံ-7 Day.

အစိုးရပြောင်းမယ်ဆိုတော့ ဝန်ကြီးတွေကအစ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ပဲ



Yan Aung

မနေ့က စားသောက်ဆိုင်တစ်ခုမှာ
တပ်ဖက်က ပြောင်းလာတဲ့
မိုးကျရွှေကိုအစိုးရအရာရှိဝန်ထမ်းသူငယ်ချင်းတစ်ယောက်နဲ့တွေ့တယ်
နည်းနည်းမူးနေတော့ အားမနာတမ်းပြောဖြစ်ကြတယ်
သူငယ်ချင်းက
ဟျောင့်ရေ စာစောင်တွေနဲ့
Facebook ပေါ်မှာ
အစိုးရမကောင်းကြောင်းတွေ ပွထနေတာပဲ တဲ့
=
=
=
ကျွန်တော်က
မင်းတို့အစိုးရ ကောင်းတာဘာများလုပ်ခဲ့လို့လဲ
အစိုးရတာကောင်းရင် ငါတို့မပြောနဲ့
မင်းတို့တောင် လစာငွေနဲ့လုံလောက်ပြီး
အခုလို စီးပွားရေးသမားနဲ့ပေါင်ပြီး
ဂွင်ရိုက်ရ ဘတ်ရ ခိုးရ စာရင်းပိုတင်ရနဲ့
ရပေါက်ရလမ်းပေါင်းစုံ လုပ်စရာကို မလိုဘူး။
မင်းတို့ဘဝ မင်းတို့အသိဆုံး
မင်းတို့ကို ဘယ်သူမှမလေးစားဘူး
ပိုက်ဆံရှိတဲ့ကောင်တွေက မင်းတို့ကို
ရှေ့ကျရင် ဗိုလ်ကြီး ဗိုလ်ကြီးနဲ့
ခိုင်းဖတ်လို့ပဲသဘောထားတာ
အဲဒါကို မင်းလိုက်မဖာနဲ့ ဆိုတော့.....
=
=
သူငယ်ချင်းက
အေးပါကွာ
အခု ဘတ်ဂျက်နီးပြီကွ
ဗန်းထဲက မှောက်ကျတဲ့ဇီးသီးတွေ သူများကောက်သွားမှာစိုးလို့
အသည်းအသန်လုပ်နေရတယ်
ဒီနှစ်က အစိုးရပြောင်းမယ်ဆိုတော့
ဝန်ကြီးတွေကအစ နောက်ဆုံးပိတ် အိတ်နဲ့လွယ်ပဲ
အကုန် သဲ့ယူကြမှာ..,
တဲ့..,
ကဲ ...ကောင်းကြသေးရဲ့လား ...,

ကဗျာဆရာသစ္စာနီနှင်ဆရာထက်မြက် sky net အစီအစဉ်မှနုတ်ထွက်

လက်ပံတန်းအကြမ်းဖက်ပွဲမှာရဲတွေသုံးတဲ့လက်နက်ဆန်း

ကျောင်းလခမသွင်းနိုင်လို့ ၄တန်းကျောင်းသားစာမေးပွဲ ဖြေခွင့်မရ

ကျောင်းသားကို ဘယ်သူရိုက်သလဲ

Eleven Media Group
ဆောင်းပါးရှင် - မောင်တင်ဦး (မြောင်းမြ)

အမျိုးသားပညာရေးဥပဒေကို လွှတ်တော်မှ အတည်ပြုပြီး ရက်ပေါင်း ၆ဝ အတွင်း အစိုးရထံမှ တစ်ခုခုတုံ့ပြန်မှုကို တိုက်ရိုက်သက်ဆိုင်တဲ့ ကျောင်းသား၊ သွယ်ဝိုက်သက်ဆိုင်တဲ့ ပြည်သူနဲ့ အနာဂတ်နိုင်ငံတော် ကောင်းစားစေလိုသူတို့က မျှောင်လင့်တကြီး စောင့်စားခဲ့ကြတယ်။
ဒါပေမဲ့ ကျောင်းသားတွေ မျှော်လင့်သလို၊ ပြည်သူတွေမျှော်လင့်သလို အစိုးရပိုင်းက ဘာမှမတုံ့ပြန် တုဏှိဘာဝေ မသိချင်ယောင် ဆောင်နေခဲ့တယ်။ ဒီလိုနဲ့ပြ ဿနာကို ငြိမ်းချမ်းစွာဖြေရှင်းလိုတဲ့ ကျောင်းသားတွေဟာ ဖေဖော်ဝါရီ ၂၈ ရက်မှာ ပင်မသပိတ်စစ်ကြောင်းကို မန္တလေးမှ စတင်ခဲ့တယ်။ စင်စစ် ပင်မသပိတ်စစ်ကြောင်းဆိုတာ ပေါ်လာစရာအကြောင်း မရှိဘူး။ ရက်ပေါင်း ၆ဝ အတွင်း အစိုးရဘက်ကပြင်ဆင်ပြီး တွေ့ဆုံခဲ့ရမှာ။ အကျိုးအကြောင်း တုံ့ပြန်ခဲ့ရမှာ။ ခုတော့ မသိကျိုးကျွန်ပြုထားတာက ခွေးဟောင်တိုင်း ထမကြည့်နိုင်ဘူးဆိုတဲ့သဘောမျိုး သက်ရောက်နေတယ်။ ဒါဟာ ကျောင်းသားတွေကို ခံပြင်းစေတယ်။ စိတ်အနာပေါက်စေတယ်။ ဒါပေမဲ့ ငြိမ်းချမ်းစွာပဲ ဆန္ဒပြခဲ့ကြတယ်။

ဒီလိုနဲ့ ပင်မသပိတ်စစ်ကြောင်းဟာ ရန်ကုန်ကို ဦးတည်ချီတက်ခဲ့တယ်။ လက်ပံတန်းမြို့ကိုရောက်တယ်။

ဒီအချိန်ကျမှ လေးပွင့်ဆိုင်ဆွေးနွေးတယ်။ ဆွေးနွေးရာမှာလည်း ဟိုနေရာရွှေ့လိုက်၊ ဒီနေရာရွှေ့လိုက် ရက်တွေ ရွှေ့လိုက်၊ နောက်ဆုံး လွှတ်တော်ထဲရောက်တော့လည်း မလုပ်စဖူး ကြားနာပွဲတွေကို ရက်ရှည်စွဲလူစုံခေါ်ထည့် (၁၉၉၃ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အထိ အမျိုးသားညီလာခံကျင်းပသလိုမျိုး) ပြဿ နာပေါင်းစုံဖြစ်အောင် လုပ်တယ်။ မတ် ၁၁ ရက်မှာ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ တက္ကသိုလ်ဝင်တန်း(ဆယ်တန်း)စာမေးပွဲ ကျင်းပတော့မယ်။ ဒါကြောင့် မတ် ၁ဝ ရက်မှာ ကျောင်းသားတွေက သပိတ်ကို အဆုံးသတ်ဖို့ ဆုံးဖြတ်ထားတယ်။

မတ်လ ၁ဝ ရက်၊ လက်ပံတန်း

မနက် နေထွက်ကတည်းက အပူရှိန်က ပါလာတယ်။ အကာအရံမဲ့နေရောင်က သပိတ်မှောက်ကျောင်းသားတွေဆီ အတားအဆီးမဲ့ ကျရောက်လာတယ်။ ပူပေမယ့် အပူခံနိုင်တယ်။ သဘောထားကြီးတဲ့ လူကြီးတွေရဲ့သဘောကို စောင့်နေရတဲ့အတွက် နေဒဏ်ကို အာရုံမရောက်ဘူး။ ပူပါစေဆယ်နေကဲ။

နောက်တော့ ဘယ်လိုကဘယ်လို ဖြစ်ကုန်မှန်းမသိဘူး။ ကျောင်းသားတွေစီးတဲ့ကားတွေကို ရဲတွေက ရိုက်နှက်ဖျက်ဆီးတယ်။

နောက်တော့ ကျောင်းသားတွေ၊ အရပ်သားတွေ၊ ဘုန်းတော်ကြီးတွေ၊ သတင်းမီဒီယာသမားတွေ၊ တွေ့သမျှအားလုံးကို ရိုက်တယ်။ ရိုက်ပုံက တာဝန်တစ်ခု၊ လူစုကွဲစေသော တာဝန်အနေနဲ့ ရိုက်တာမဟုတ်ဘူး။ မုန်းတီးစိတ်၊ ရန်လိုစိတ်၊ ဒေါသစိတ်တွေ အပြည့်နဲ့ ရိုက်တာ။ ဘာကြောင့် ဒီလိုရေးရသလဲ။ ရဲတို့ရဲ့ရိုက်အား၊ အရိုက်ခံရသူရဲ့လူ ကိုယ်ခန္ဓာကိုယ်ရွေးပြီး ရိုက်ချက်တို့ကို ကြည့်ရင် သိသာတယ်။

ဒီလိုဖြစ်မယ်လို့ အစဉ်အလာဖြေရှင်းနည်းများမှ သင်ခန်းစာရပြီးသား၊ သိပြီးသား။ ဒါပေမဲ့ ဒီမိုကရေစီအစိုးရလို့ ကြွေးကြော်နေတဲ့အစိုးရမှာ ပြုပြင်ပြောင်းလဲလာမလားဆိုတဲ့ မျှော်လင့်ချက်ရောင်ခြည် ရေးရေးလေးတော့ ထားမိတယ်။ ငြိမ်းငြိမ်းချမ်းချမ်းလေးများ ဖြေရှင်းမလားလို့။ ဒါပေမဲ့ နေပူရှိန်အောက်မှာ မျှော်လင့်ချက်ရေးရေးကို တွေးတောငေးမောနေစဉ် ကျောကုန်းပေါ် ကျလာတဲ့ နံပါတ်တုတ်ရဲ့ရိုက်ချက်ကြောင့် နာကျင်မှုကအရှိန်က မျှော်လင့်ချက်ကို ဖျက်ဆီးလိုက်တယ်။ ထပြေးတယ်။ ပြေးတဲ့ရှေ့မှာ ရဲသုံးယောက်ဝိုင်းထားတယ်။
အနီးဆုံးရဲက မျက်နှာကိုဖြတ်ရိုက်တယ်။ ရှောင်ပေမယ့် မလွတ်ဘူး။ နောက်တစ်ယောက်က ပုခုံးပေါ်ကို အပေါ်စီးမှ စီးမိုးပြီးရိုက်ချတယ်။ ကျောင်းသား လဲကျသွားတယ်။ ခြေသလုံးကို ရိုက်တယ်။ ဖိနပ်နဲ့ကျောကုန်းကို ကန်တယ်။ နာကြင်မှုတွေက တစ်ကိုယ်လုံးပဲ။ ထပြေးလို့ မရတော့ဘူး။ မျက်စိတွေပြာဝေနေပြီ။ ဘာကိုမှမမြင်ရဘူး။ ကျောင်းသားကို တရွတ်တိုက်ဆွဲသွားတယ်။

ဆွဲသွားတုန်း လက်ယားနေတဲ့ရဲက တုတ်နဲ့ တစ်ချက်တစ်ချက် ထပ်ရိုက် လိုက်သေးတယ်။ နောက်တော့ ကားတစ်စီးပေါ် ရောက်သွားတယ်။

ဘောပင်ကိုပိုင်ပေမယ့် ဘောပင်တစ်ချောင်းတောင် ကိုင်မလာတဲ့ လက်နက်မဲ့ ကျောင်းသား။ ကရာတေး၊ သိုင်း၊ လက်ဝှေ့ ဘာမှ တတ်မြောက်မထားတဲ့ ကျောင်းသား။ အုပ်စုဖွဲ့မိုက်ဖို့၊ ရမ်းကားဖို့ မကြိုးစားတဲ့ ကျောင်းသား။ တိုင်းပြည်ကောင်းဖို့ ကြိုးစားတဲ့ ကျောင်းသား။ ပညာရေးကောင်းဖို့ ကြိုးစားတဲ့ကျောင်းသား။ ဒါတွေလုပ်တာ အရိုက်ခံစရာလား။ ကျောင်းသားခမျာ ခေါင်းမှာ ချာချာလည်မူးနေတယ်။ မူးနေရင်း အတွေးတွေ၊ ခံစားချက်တွေ ဗလောင်ဆူလာတယ်။

ကျောင်းသားကို ဘယ်သူရိုက်သလဲ

ကျောင်းသားကို ဘယ်သူရိုက်သလဲလို့ တစ်ကိုယ်လုံး စစ်စစ်နာတဲ့ကြားက အသံမထွက်ဘဲ မေးနေမိတယ်။ နံပါတ်တုတ်လား။ နံပါတ်တုတ်က အသက်မရှိဘူး။ သူ့ဘာသာသူ ထရိုက်လို့ရမှာမဟုတ်ဘူး။ တစ်ယောက်ယောက်က ကိုင်ရိုက်မှ နံပါတ်တုတ်က ရိုက်နိုင်မှာ။ ဒါဆို နံပါတ်တုတ်ကို ကိုင်ဆောင်ထားသူတွေက ဘယ်သူတွေလဲ။ ရဲတွေ။ ရဲ ဆိုတာ ကျောင်းသားရဲ့ရန်သူ မဟုတ်ဘူး။ ကျောင်းသားကလည်း ရဲရဲ့ရန်သူ မဟုတ်ဘူး။ ရဲနဲ့ ဖက်ရန်ဖြစ်ရအောင်လည်း ကိုယ်ခန္ဓာက ထွားထွားကျိုင်းကျိုင်းမဟုတ်ဘူး။ နောက်ရဲဆိုတာ အထက်ကအမိန့်ပေးမှ ဥပဒေကိုအကောင်အထည် ဖော်ရတာ။ ဒါဆိုသူတို့ကို ဘယ်သူက အရိုက်ခိုင်းသလဲ။ ခိုင်းတဲ့အထက်လူကြီးက မညှာနဲ့ ပြင်းပြင်းထန်ထန်ရိုက်လို့များ ဖြည့်စွက်ညွှန်ကြားချက်တွေ ပေးထားသလား။ အဲဒီအထက်လူကြီးမှာလည်း ဒီလောက်လုပ်ပိုင်ခွင့် မရှိတန်ဘူး။ အဲဒီအထက်ရဲ့အထက်မှာ သူ့ထက်ကြီးတဲ့ အထက်လူကြီး ရှိဦးမှာ။ သူကလည်း။ တွေးသာတွေးရ ခေါင်းမူးလာပြီ။ သူ့ထက်ကြီးတဲ့ နောက်ထပ် အထက်လူကြီးရှိဦးမှာ။ ဆင့်ကဲဆင့်ကဲ အထက်လူကြီးတွေပြောသမျှ မှန်မှန်မှားမှား အကောင်အထည်ဖော်လာတာ။
ကြာခဲ့ပြီ။ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်ကလည်း ကျောင်း သားသမဂ္ဂအဆောက်အအုံကို ဖြိုခွဲပြီး ကျောင်းသားတွေကိုသတ်တာ၊ ရိုက်တာ ဘယ်သူလဲ။ ရှစ်လေးလုံးအရေးတော်ပုံမှာ ကျောင်းသားတွေကို စစ်တပ်က ပစ်သတ်တာလား။ ရဲကရိုက်တာလား။ ခေတ်အဆက်ဆက် ကျောင်းသားတွေကို စစ်တပ်က ရိုက်တာလား။ ရဲက ရိုက်တာလား။

စစ်တပ်တို့၊ ရဲတို့ဆိုတာ အမိန့်နာခံရတဲ့ ဝန်ထမ်းအဖွဲ့အစည်းတွေသာ ဖြစ်တယ်။ သူတို့ကို ဘယ်သူက အမိန့်ပေးနေတာလဲ။ အမိန့်ပေးနေသူဟာ အထက်ကပဲ။ အဲဒီအထက်ရဲ့အထက်မှာ။ တစ်နည်းပြောရရင် ဥပဒေရဲ့အထက်မှာ ရှိနေတဲ့သူက အထက်လူကြီးပေါင်း များစွာရဲ့ထိပ်ဆုံးက အာဏာရှင်စနစ်ကို တောက်လျှောက်အသက်သွင်းလာတဲ့ အာဏာရှင်ဆိုတာ နည်းနည်းသဘောပေါက်လာတယ်။

အဲဒီအာဏာရှင် စနစ်ဆိုးကြီးက ကျောင်းသားကိုရိုက်မှာပဲ။ အလုပ်သမားကိုလည်း ရိုက်မှာပဲ။ လယ်သမားကိုလည်း ရိုက်မှာပဲ။ မီဒီယာသမားကိုလည်း ရိုက်မှာပဲ။ ဘယ်သူ့ကိုမဆို (အာဏာရှင်) သူ့ကို ဆန့်ကျင်တဲ့လူတိုင်းကို ရိုက်မှာပဲ။

အာဏာရှင်စနစ်ဆိုး သက်ဆိုးရှည်နေ သရွေ့၊ အာဏာရှင်စနစ်ဆိုး အာဏာရနေသရွေ့၊ ဥပဒေအထက်မှာ အာဏာရှင်ရှိနေသရွေ့ နံပါတ်တုတ်တွေဟာ သက်မဲ့ဘဝမှ သက်ရှိဘဝကို ရောက်ကုန်ပြီး အာဏာရှင်ရဲ့ လက်ကိုင်တုတ်တွေ ဖြစ်နေဦးမှာ အသေအချာ။ ဆိုတော့ အာဏာရှင်ဖြေရှင်းနည်းတွေဟာ အာဏာရှင်အကျင့်စရိုက်၊ အာဏာရှင်လုပ်နည်းလုပ်ဟန် ထိန်းမနိုင်သိမ်းမရ ဖော်ပြနေတာဖြစ်လို့ ဒီမိုကရေစီနိုင်ငံတော်ကြီး တည်ဆောက်နေပါတယ်လို့ ဘယ်လိုပဲ အသံကောင်းဟစ်ဟစ် နောက်ဆုံး သရုပ်သကန်အမှန်ပေါ်လာတာပါပဲ။
ဒါကြောင့် အာဏာရှင်အမူအကျင့်တွေကို ရုပ်သိမ်းပြီး ကျောင်းသား၊ ပြည်သူတွေကို တုတ်နဲ့မရိုက်၊ သေနတ်နဲ့မပစ်တဲ့ ဒီမိုကရေစီယဉ်ကျေးမှုနဲ့ တိုင်းပြည်ကို တည်ဆောက်ကြပါစို့လို့ တိုက်တွန်းအပ်ပါကြောင်း။

Lincang မြို့ပေါ်ကို မြန်မာအစိုးရရဲ့အမြှောက်ဆန်တွေ ကျတရုတ်နိုင်ငံသား ၄ယောက်သေဆုံးခဲ့ပြီး ၉ယောက် ဒဏ်ရာရ

Kamayut Media
တရုတ်နိုင်ငံသား ၄ယောက်သေဆုံးခဲ့ပြီး ၉ယောက် ဒဏ်ရာရခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ နယ်စပ်ဖြတ်ကျော် ဗုံးကျခဲ့မှုကြောင့် တရုတ်စစ်တပ်ဟာ မြန်မာ-တရုတ်နယ်စပ်ကို ကင်းလှည့်ဖို့အတွက် နောက်ထပ်တပ်ဖွဲ့တွေ စေလွှတ်ခဲ့ပါတယ်။

တရုတ် ဒုတိယနိုင်ငံခြားရေးဝန်ကြီး Liu Zhenmin က မြန်မာသံအမတ်ကြီး ဦးသစ်လင်းအုန်းကို သောကြာနေ့က ခေါ်ယူတွေ့ဆုံခဲ့အပြီး ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကန့်ကွက်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရတပ်တွေဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် နယ်စပ်နဲ့ ထိစပ်နေတဲ့ ကိုးကန့်ဒေသမှာ ဖုန်ကြားရှင်ဦးဆောင်တဲ့အဖွဲ့တွေနဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေဖြစ်ခဲ့ရာက နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တရုတ်အစိုးရက သတိပေးခဲ့ပါတယ်။

ကိုးကန့်တိုက်ပွဲတွေဟာ မတ်လ ဒုတိယပတ်မှာ ပြန်လည်ပြင်းထန်လာခဲ့ရာက မတ်လ ၁၃ရက်နေ့ညမှာ တရုတ်နိုင်ငံက Lincang မြို့ပေါ်ကို မြန်မာအစိုးရရဲ့ စစ်လေယာဉ်က အမြှောက်ဆန်တွေ ကျရောက်ခဲ့တယ်လို့ နိုင်ငံတကာသတင်းတွေမှာ ထိပ်တန်းအရေးကြီးသတင်းအဖြစ် ဖော်ပြနေပါတယ်။

ကာကွယ်ရေးဦးစီး ချုပ်ကို ဘယ်သူ ခန့်မှန်း မသိတဲ့ တိုင်းပြည်

ဒီ အစိုးရကို အလုပ်သမားတွေ ကလည်း မကျေနပ်ဘူး။ ကျောင်းသားကလည်း မကျေနပ်ဘူး။ လယ်သမားတွေကလည်း မကျေနပ်ဘူး။ ပြည်သူအားလုံးကလည်း မကျေနပ်ဘူး။

ဒါကို တချို့ တချို့က အတ္တတွေ များပြီး ....
ဆူပူမှုကို မလိုလားဘူး ဘာညာ အော်နေသေးတယ်။
ဆူပူ အုံကြွတာနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို ခွဲမသိ လောက်အောင် အမှောင်ဖုန်းနေတဲ့ လူတချို့ကို ပြောချင်တာ က

-စာများများဖတ်ပါ။

-အများအတွက် ထည့်သွင်း စဉ်းစားတတ်တဲ့ စိတ်မွေးပါ။

-ဟိုဘက်အိမ်မီး လောင်တာ ငါနဲ့ မ ဆိုင်ဘူးလို့ မထင်ပါနဲ့။ မီးဆိုတာ ကူးဆက်လာမှာပါ။

-ဒီမိုကရေစီ ဆိုတာ ဘာမှန်း မသိပဲနဲ့ အခု အစိုးရကို ဒီမိုကရေစီ အစိုးရလို့ မထင်ပါနဲ့။ သမ္မတရဲ့ အထက်မှာ ကာလုံရှိတယ် ဆိုတာသိပါ။

-အရပ်သား အုပ်ချုပ်ရေးလို့ မထင်ပါနဲ့။ ကာကွယ်ရေးဦးစီး ချုပ်ကို ဘယ်သူ ခန့်မှန်း မသိတဲ့ တိုင်းပြည်ပါ။

-ကာကွယ်ရေးဦးစီးချုပ် အပါအဝင် စစ်ဖက်က ရာခိုင်နှုန်းများစွာပါဝင်တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ဆိုတာက မြန်မာ နိုင်ငံကို အုပ်ချုပ်နေတာပါ။

-စစ်အာဏာရှင် လက်အောက်ပြန်ရောက်သွားလိမ့်မယ်လို့ အူကြောင်ကြောင် မပြောပါနဲ့။ ဖွဲ့စည်းပုံကို ဖတ်ကြည့်ပါ။ အခုလည်း စစ်အာဏာရှင် လက်အောက်မှာပဲ ဆိုတာ မမေ့ပါနဲ့။

-ရွေးကောက်ပွဲနီးမှ ဆူဆူပူပူ မလုပ်ကြပါနဲ့လို့ အသံကောင်း မဟစ်ပါနဲ့။ တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ မဖြစ်နိုင်ပါ။

-ရွေးကောက်ပွဲ တရားမျှတတယ်ထားဦး ဖွဲ့စည်းပုံ မပြင် မချင်း ကာလုံက သမ္မတ အထက်မှာ ရှိပါတယ်။

-နောက်မှ ဥပဒေ ပြင်ကြပေါ့။ ၂၀၁၅မှာ လွှတ်တော်မှာ ပြည်သူရွေးချယ်သူတွေ များလာတော့ အောင်မြင်မှာပါလို့ ဆရာကြီး မလုပ်ပါနဲ့။ လွှတ်တော်ထဲက အစိတ်သား ရှိနေသ၍ ကောင်းမွန်တဲ့ ဘာဥပဒေမှ ပြုမရပါ။

-ဒီလိုပဲ နေသားကျနေပါပြီ ဘယ် အစိုးရတက်တက် လို့ သံယောင်မလိုက်ပါနဲ့။

** သင့်အိမ်မီးမှန်သလား။
** မီးအားမှန်သလား။
** ရေက tap က ဖွင့်လိုက်တာနဲ့ သောက်သုံးရေ အဆင့်မှီပြီလား။
** သင့်အိမ်ရှေ့ လမ်းကောင်းပြီလား။
** သင့် အသက်အိုးအိမ်စည်းစိမ် လုံခြုံပြီလား။
** ရေဆိုးစနစ်ကောင်းကောင်း သင့်ပတ်ဝန်းကျင်မှာ ရှိပြီလား။
** သင့်သားသမီး အဆင့်မှီ ပညာ သင်ကြားနိုင်ပြီလား။
** သင် နေမကောင်းရင် ဆေးကုသ စရိတ် စုဆောင်းထားနိုင်ပြီလား။
** ပိုက်ဆံရှိရင် တောင် နိုင်ငံတွင်းမှာ အဆင့်မှီ ဆေးကုသနိုင်ပြီလား။
** အိမ်ပိုင် ရာပိုင် ရှိပြီလား။
** လမ်းတွေ ကောင်းမွန်ပြီး သွားလိုရာကို အန္တရယ်ကင်းကင်းသွားနိုင်ပြီလား။

ငါတို့ အားလုံး အဆင်ပြေတယ် ဆိုရင်တော့ သင်ဟာ မတရားရယူထားသော မိဘ (စစ်တပ် ခေါင်းကြီးပိုင်း) ကသော်လည်းကောင်း
မတရားရယူထားသော (စစ်ခေါင်းဆောင်ပိုင်းနဲ့ ပေါင်းစားနေသော) ခရိုနီ သော်လည်းကောင်း ဖြစ်ပေမည်။

သာမာန် သူလို ... ကိုယ်လို ... ကတော့ ဒုက္ခကြီးတာနဲ့ သေးတာပဲကွာ မယ်။

ဒါကို ဘာလို့ ဘာလို့ ဘာလို့ .........
*** ပညာရေး ဥပဒေ ကောင်းရာ ကောင်းကြောင်း တောင်းဆို ကြိုးစားနေတဲ့ ကျောင်းသားတွေ
*** လယ်သိမ်းခံရလို့ ဆန္ဒပြနေတဲ့ လယ်သမားတွေ
*** လုပ်ခ လစာ နဲ့ မ စားလောက်လို့ အခြေခံ လစာတိုးတောင်းတဲ့ အလုပ်သမားတွေ
ကို ဆူပူသူတွေ လို့ စွတ်စွဲနေသလဲ။

- အမှန်တရားကို မြင်နိုင်တဲ့ အသိညဏ်
- တွေးခေါ်စဉ်းစားတတ်တဲ့ အသိညဏ်
- ကိုယ်ချင်းစာတရား
- အားနည်းသူကို ငဲ့ညှာတက်တဲ့ စိတ်ထား
- ဒုက္ခရောက်သူကို ကူညီချင်တဲ့ စိတ်ထားတွေ
သင့်မှာ ပြောက်ဆုံးနေရင် .....
သင်လူရော ဟုတ်ရဲ့လား .....လို့ မှန်ထဲမှာသေချာကြည့်ပြီး ... ပြန်မေးကြည့်ပါ။

 Chaw Yupar

့ ၆ ဦးရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးဖို့ ခွင့်ပြုချက်လျှောက်ထားတာကို ပယ်ချ

rပဲခူးတိုင်းဒေသကြီး သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ မဖြိုးဖြိုးအောင်၊ ကိုမင်းသွေးသစ်၊ ကိုအောင်မှိုင်းဆန်း၊ ကိုချမ်းသာ၊ ကိုရဲဝင်းအောင်နဲ့ ကိုသာဒွန်းဇော်တို့ ၆ ဦးရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးဖို့ တရား လွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က လိုက်ပါတယ်။
ပဲခူးတိုင်းဒေသကြီး လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသက်ထွန်းက အမှုစစ်ဆေးနေတဲ့ ကာလဖြစ်တာကြောင့် ခွင့်မပြုတာဖြစ်ကြောင်းပြောပြီး ပယ်ချလိုက်တာဖြစ်တယ်လို့ ရှေ့နေကိုယ်စားလှယ် အဖြစ် သွားရောက်လျှောက်ထားခဲ့တဲ့ ဦးရောဘတ် စန်းအောင်က ပြောပါတယ်။
''အမှုညွှန်ကြားချက်ကိုလည်းတောင်းမယ်၊ ရှေ့နေ ကိုယ်စားလှယ်တွေ လွှဲစာလည်းယူမယ်ဆိုပြီးတော့ သာယာဝတီထောင်မှာ လျှောက်လွှာသွားတင်ပါတယ်၊ လျှောက်တော့ နယ်လုံဝန်ကြီးက အမှုစစ်ဆေးနေ ဆဲကာလဖြစ်နေလို့ပါတဲ့ ခွင့်မပြုဘူးလို့ ပြန်ကြားပါတယ်၊ ပြန်ပေးပြီးပြီဆိုရင်လည်းသူတို့ရဲ့ ဥပဒေကြောင်းဆိုင်ရာ ဆောင်ရွက်ရမယ့်ကိစ္စတွေကို ဆက်လက်ဆောင်ရွက်ဖို့အတွက် ရှေ့နေရှေ့ရပ်နဲ့ လုပ်ခွင့်ရှိတယ်၊ မပေးတာတော့ ဥပဒေနဲ့မညီဘူးလေ၊ ရုံးတင်တဲ့နေ့ကျတော့ ကျနော်တို့ဆက်လက် ပြီးတော့ ကြိုးစားမှာပါ''
အဲ့ဒီကျောင်းသား ကျောင်းသူတွေကို ဒီလ ၂၅ ရက်နေ့မှာ ရုံးထုတ်မှာဖြစ်တယ်လို့ သိရပါတယ်။



မြန်မာသမ္မတ၊ ပြည်ထဲရေးနဲ့ ပြန်ကြားရေးသတင်းတွေ မဖော်ပြဖို့ MJN ဆုံးဖြတ်

Kamayut Media
မြန်မာသတင်းထောက်တွေကို သတင်းသမားမှန်းသိသိဖြင့် ရိုက်နှက်ဖမ်းဆီးခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ မြန်မာသမ္မတ၊ ပြန်ကြားရေးနဲ့ ပြည်ထဲရေးဝန်ကြီးဆိုင်ရာ သတင်းတွေကို ရက်အကန့်အသတ်တစ်ခုသတ်မှတ်ပြီး လုံးဝမဖော်ပြဖို့ မြန်မာဂျာနယ်လစ်ကွန်ရက်က မတ်လ ၁၃ရက်နေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

ဒါ့အပြင် မြန်မာသမ္မတနဲ့ ပြန်ကြားရေးဝန်ကြီးတို့ တက်ရောက်မယ့် မတ်လ ၂၇ကနေ ၂၉အထိ ရန်ကုန်မှာကျင်းပမယ့် မီဒီယာကွန်ဖရင့်ကို မြန်မာသတင်းသမားတွေ သပိတ်မှောက်ပြီး မတက်ရောက်ဖို့ ဆုံးဖြတ်လိုက်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလိုတုံ့ပြန်ရတာဟာ သတင်းသမားတွေကို မတ်လ ၅ရက်နေ့ မြို့တော်ခမ်းမရှေ့ စွမ်းအားရှင်နဲ့ရဲတွေ အကြမ်းဖက် တိုက်ခိုက်မှု၊ အလုပ်သမားဆန္ဒပြမှုကို အကြမ်းဖက်ဖြိုခွင်းမှုနဲ့ လက်ပံတန်း ကျောင်းသားသပိတ်ကို အကြမ်းဖက်ဖြိုခွဲရာမှာ သတင်းသမားတွေကို ဖမ်းဆီးရိုက်နှက်ခဲ့တာကြောင့် တာဝန်ရှိတဲ့ မြန်မာသမ္မတ၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့အတူ မုသားသတင်းတွေဖော်ပြခဲ့တဲ့ ပြန်ကြားရေးဝန်ကြီးဌာနတွေရဲ့ လုပ်ရပ်ကို ရှုတ်ချတဲ့အနေနဲ့ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။