Monday, March 16, 2015

ဘွဲ့ပေးမယ်ဆိုလို့ရိုက်တာ

NLD ပါတီမှ white card ကိုင်သူ ၂၀,၀၀၀ ထုတ်ပယ်

2015-03-16
rfa.org/burmese/news
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားတဲ့ ပါတီဝင် ၂ သောင်းကျော် ကို ပါတီကနေထုတ်ပယ်လိုက်ပြီး ထုတ်ပယ်လိုက်တဲ့ စာရင်းကို ရွေးကောက်ပွဲကော်မရှင်ထံ ပေးပို့လိုက် ပါတယ်။
ရွေးကောက်ပွဲကော်မရှင်ကချမှတ်တဲ့ စည်းမျဉ်းဥပဒေ အတိုင်းလိုက်နာတာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း က ပြောပါတယ်။
"ကျနော်တို့ တိုင်းနဲ့ပြည်နယ် ၁ဝ ခုလောက်က ရတဲ့ စာရင်းတွေကို တင်ထားပြီးပြီ၊ နောက်ထပ် လာနေသေးတော့ မစုံသေးဘူး၊ နှစ်သောင်းလောက် ရှိတယ်ထင်တယ် ပါတီဝင်အဖြစ်ကနေ ပယ်ဖျက်လိုက် တာ၊ ဒါကဥပဒေအရ ပြင်သွားတဲ့ကိစ္စပဲ၊ ဝှိုက်ကတ် မပါရဘူး၊ မဲမပေးရဘူးလို့ ဥပဒေပြဌာန်းရင် ကျနော်တို့ ဒီဥပဒေကိုလိုက်နာရမယ်"
အဲဒီ အဖွဲ့ဝင်ဟောင်းတွေဟာ ပြည်နယ်နဲ့တိုင်းဒေသကြီး ၁၀ ခုက အဖွဲ့ဝင်တွေဖြစ်တယ်လို့ သိရပြီးစစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကို ဆက်လက်စစ်ဆေးဖို့ရှိသေးတယ်လို့ ပြောပါတယ်။
ယာယီသက်သေခံလက်မှတ်ကိုင်ဆောင်ထားသူတွေကို နိုင်ငံရေးပါတီဝင်အဖြစ်ကနေ ထုတ်ပယ်ဖို့နဲ့ ညွှန်ကြားချက် ကိုလိုက်နာမှုမရှိရင် ပါတီဖျက်သိမ်းတဲ့အထိ အရေးယူသွားမှာဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့တဲ့နှစ်က ကြေညာထားတာဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှာ ပါတီဝင်အင်အား ၃ သန်းနီးပါးရှိတယ် လို့ သိရပါတယ်။
White Card ကိုင်ဆောင်ထားသူတစ်ဦးကို မြင်ရစဉ်
Photo: Min Thein Aung/RFA

ပညာရေး ကြားနာပွဲမှာ အချက် (၄၀) မူအားဖြင့် သဘောတူ

2015-03-16
rfa.org/burmese
အမျိုးသားလွှတ်တော်မှာ မနေ့က ကျင်းပတဲ့ ပညာရေး ဥပဒေကြမ်းပြင်ဆင်ရေး ကြားနာပွဲမှာ အချက် (၄၀) သဘောတူညီချက်ရရှိခဲ့တယ်လို့ သိရပါတယ်။
ကြားနာပွဲမှာ ညနေ ၅ နာရီအထိ ဆွေးနွေးခဲ့ကြ ပြီး၊ ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ရရှိရေး၊ တိုင်းရင်းသား မိခင်ဘာသာစကားနဲ့ ပညာသင်ကြားခွင့်ရရှိရေး၊ မိမိ ကြိုက်နှစ်သက်ရာ တက္ကသိုလ်ကို ရမှတ်မလိုဘဲ ၀င်ခွင့် စာမေးပွဲ ဖြေဆိုတက်ရောက်နိုင် ရေး စတဲ့အချက်တွေ အပါအ၀င် အချက် (၄၀) ကို မူအားဖြင့် သဘောတူ ထားကြောင်းသတင်းရရှိပါတယ်။
ဒါ့ပြင် အမျိုးသားပညာရေးကော်မရှင်ကို ကျောင်းသား ကိုယ်စားလှယ်၊ ဆရာဆရာမ ကိုယ်စားလှယ်၊ တိုင်းရင်း သားကိုယ်စားလှယ်တွေ၊ ပညာရှင်တွေနဲ့ဖွဲ့စည်းဖို့ သဘောတူညီချက်ရခဲ့ကြောင်းလည်းသိရပါတယ်။
အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုး က ဆွေးနွေးပြီးချိန် အထိတော့ သဘောတူပါတယ်။ ကျောင်းသားတွေ ဘက်ကလည်း လျှော့ပေးထားတာရှိတယ်။ အဆင်ပြေမှာပါ လို့ ပြော ဆိုကြောင်း ပြည်တွင်းထုတ် 7 Days သတင်း က ဖေါ်ပြပါတယ်။
မနေ့က ကြားနားပွဲကို တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ) အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဗကသ အဖွဲ့ဝင်တွေကတော့ မဖြိုးဖြိုးအောင်၊ ကိုအောင်မှိုင်းဆန်း၊ ကိုမင်းသွေးသစ် စတဲ့ ဗကသ ခေါင်းဆောင်တွေ ဖမ်းဆီးခံ ထားရတဲ့အတွက် ကြားနာပွဲကို မတက်ရောက်ခဲ့ကြပါဘူး။
ကြားနာပွဲ မစခင်မှာ တက်ရောက်လာတဲ့ ကျောင်းသားတွေက လက်ပံတန်းသပိတ် အကြမ်းဖက်ဖြိုခွဲခဲ့တဲ့အပေါ် ၀မ်းနည်းခြင်း အထိမ်းအမှတ်နဲ့ ခွပ်ဒေါင်းအလံ လွှင့်ထူပြီး တစ်မိနစ်ငြိမ်သက်ခဲ့ကြပါတယ်။
ကြားနာပွဲ ခေတ္တရပ်နားချိန်မှာ ရန်ကုန်စီးပွားရေးတက္ကသိုလ်ကျောင်းသား ကိုဇေယျာလွင် က ဗကသ နဲ့တကသ ကို စိတ်ဝမ်းကွဲအောင် အစိုးရကလုပ်နေသလို ဖြစ်နေကြောင်း သတင်းမီဒီယာကို ပြောကြားခဲ့ပါတယ်။
"ဖမ်းဆီးရမယ်ဆိုရင် ကျနော်တို့ဒီကျောင်းသားတွေအားလုံး ဖမ်းဖို့လိုအပ်တယ်၊ မလိုအပ်ဘူးဆိုရင် ဒီကျောင်းသားတွေအားလုံးပြန်လွှတ်ပေးပါ၊ ကျနော်တို့လက်ရှိတက်နေတာ တကသကျောင်းသားတွေ များပါတယ်၊ ဗကသ ရဲဘော်တွေ အကြောင်းအရင်းတစ်စုံတစ်ရာကြောင့် ကျောင်းတက်ဖို့အတွက် အခက် အခဲရှိလာပါတယ်၊ ပြန်တက်ရောက်ခွင့်တွက် ကြိုးစားနေတဲ့ အကို၊ အမတွေဖြစ်တယ်၊ ဒီနှစ်ခုကို အစိုးရ အနေနဲ့ ကောင်းကောင်းကိုင်ကစားနိုင်တဲ့ အနေအထားဖြစ်နေတယ်၊ ကျနော်တို့ကို လောလောဆယ်မှာ ဖမ်းဆီးမှုမရှိသေးဘူး၊ တစ်ဖက်ကို ဖမ်းဆီးထားတယ်၊ တစ်ဖက်ကို ကျတော့ ပုံစံတစ်မျိုးနဲ့ ကစားတယ်၊ တစ်ဖက်ကိုကျတော့ မျက်နှာသာပေးတဲ့ပုံနဲ့ ကစားတယ်၊ ကျောင်းသားအချင်းချင်း အမြင်ကွဲအောင်၊ ဝေဝါး မှုတွေဖြစ်အောင် အချင်းချင်းကို ရန်တိုက်တဲ့ ပုံစံမျိုးနဲ့ သွားနေတာ အစိုးရရဲ့နဂိုရှိပြီးသား လမ်းဟောင်း တစ်ခုကို အသုံးချခြင်းဖြစ်တယ်၊ ကျနော်တို့ ကျောင်းသားရဲဘော်တွေလည်း အဲ့အတွက်ကြောင့် စိတ်ဝမ်းကွဲ မှုမဖြစ်ပါဘူး၊ အားလုံးစည်းစည်းလုံးလုံးနဲ့ ဆက်ပြီးတော့သွားဖို့ရှိပါတယ်"
ဒါ့ပြင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ပြောဆိုခဲ့တဲ့ ၄ ပွင့်ဆိုင် ရလဒ်တွေပျက်သွားပြီ ဆိုတဲ့အပေါ် ကျောင်းသားတွေ က ငြင်းဆိုလိုက်ပြီး အစိုးရ၊ လွှတ်တော်၊ NNER နဲ့ ကျောင်းသား ကိုယ်စားလှယ်တွေ လေးပွင့်ဆိုင်ဆွေးနွေးပွဲတုန်းက ရလဒ်တွေ ဆက်ရှိနေမှာဖြစ်ကြောင်း၊ ဆွေးနွေးပွဲရလဒ်တွေကို ကျောင်းသားဘက် က မချိုးဖေါက်ဘဲ၊ အစိုးရဘက်က သာ ချိုးဖေါက်ခဲ့တာဖြစ်ကြောင်း ပြောဆိုပါတယ်။
အမျိုးသားလွှတ်တော်မှာ မတ်လ ၁၆ ရက်နေ့ကပြုလုပ်တဲ့ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး ကြားနာပွဲကို ကျောင်း သားကိုယ်စားလှယ်တချို့ တက်ရောက်စဉ်
Photo: Myo Thant Khaing, WIN Naung Toe/RFA

အရှက်ကွဲစရာကျန်သေးလား

TIME Magazine, March 23, 2015

အစိုးရကို တိုက်ခိုက်ရန် ပြန်ဝန်ကြီးမှ တိုက်တွန်း

လက်ပံတန်း အဓိကရုဏ်း တမင်ဖန်တီး ရိုက်နှက်တာလား



မေစစ်ပိုင်| March 16, 2015 |
“လူပုံစံကသာ ပါးလှပ်လှပ်လေး။ ဒါပေမယ့် စိတ်ဓာတ်က အရမ်းမာတဲ့ ကလေး” လို့ ဒေါ်ခင်ခင်ယုက ပြောပြတယ်။ ဒေါ်ခင်ခင်ယု က လက်ပံတန်းဆန္ဒပြမှုမှာ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေထဲက တဦးဖြစ်တဲ့ ကိုမင်းသွေးသစ်ရဲ့ မိခင်ဖြစ်ပါတယ်။ သူ့သား အဖမ်းခံရတော့ ကျန်းမာရေးကို စိတ်ပူလို့ဆိုပြီး ကိုမင်းသွေးသစ်ကို ဖမ်းချုပ်ထားရာ သာယာဝတီထောင် ကို လိုက်လာတယ်လို့ သိရတယ်။

“ညှိနှိုင်းလို့ အဆင်ပြေသွားပြီ ကြားတုန်းကတော့ အန်တီက သမ္မတကြီး ကျန်းမာ၊ ချမ်းသာပါစေလို့ ဆုတောင်းပေးမိသေးတယ်။ နေ့လယ် ၁၁ နာရီနောက်ပိုင်း ဖုန်းတွေဆက်လို့မရတော့ဘဲ သတင်းတွေမှာ ပါလာတော့မှ သိတော့တယ်။ သူတို့ အဓိကရုဏ်း ဖန်တီး ပြီးတော့ ရိုက်နှက်တာတွေလေ၊ လူမဆန်ဘူး။ သားသမီးချင်း၊ ညီအစ်ကို မောင်နှမချင်း မစာနာ တိရစ္ဆာန်တွေ ဖမ်းသလို ကျောင်း သားတွေကို လက်တွေလိမ်ချိုး၊ ဂုတ်တွေကိုရိုက်နှက်နဲ့ လုပ်သွားတာ တွေ့ရတယ်”လို့ ဒေါ်ခင်ခင်ယုက ပြောပြတယ်။

အသား ညိုညို၊ ဆံပင်အရှည်နဲ့ စကားကို ခပ်အေးအေး ပြောတတ်လေ့ရှိတဲ့ ကိုမင်းသွေးသစ်က ရန်ကုန် အနောက်ပိုင်းခရိုင် တက္ကသိုလ် ဒုတိယနှစ် ရုက္ခဗေဒဘာသာရပ်နဲ့ ပညာသင်နေတဲ့ ကျောင်းသားတဦးဖြစ်ပါတယ်။ သူက ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား များအဖွဲ့ချုပ် (ဗကသ) အဖွဲ့ဝင် တဦးဖြစ်ပြီး လယ်သမား၊ အလုပ်သမားစတဲ့ ကိစ္စတွေမှာ ပြည်သူတွေဘက်က ကူညီဆောင်ရွက်မှုတွေ လုပ်ခဲ့သလို ပရဟိတ စာသင်ကြားတာကိုလည်း လုပ်နေတဲ့သူတဦး ဖြစ်ပါတယ်။

လတ်တလောမှာတော့  အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုကြောင့် သာယာဝတီ အကျဉ်းထောင်မှာ ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ် ၅ ခု နဲ့ တရားစွဲ ဖမ်းဆီးခံထား ရပါတယ်။

မတ်လ ၁၁ ရက် ည ၈ နာရီကျော်မှာ ဖမ်းထားတဲ့ ကျောင်းသားတွေကို လက်ပံတန်းတရားရုံးမှာ ရုံးထုတ်ပြီး ရမန်ယူခြင်းနဲ့ ပုဒ်မ တပ် တရားစွဲဆိုတာလုပ်တော့ ဖမ်းဆီးခံကျောင်းသားတွေရဲ့ မိဘတွေက ကျောင်းသားတွေနဲ့ တွေ့ဖို့ ကြိုးစားတယ်။ ဒါပေမယ့် တရားရုံးရှေ့မှာ ရဲအင်အား အများအပြားနဲ့ လုံခြုံရေးယူထားတာကြောင့် မိဘတွေအားလုံး ကျောင်းသားတွေကို တွေ့ခွင့်မရကြ ဘူး။

ကိုမင်းသွေးသစ်ရဲ့ မိခင် ဒေါ်ခင်ခင်ယု၊ မဖြိုးဖြိုးအောင်ရဲ့ မိဘ ၂ ဦး နဲ့ မရည်မိုမိုအောင်ရဲ့ မိခင် ဒေါ်အေးအေးမော် တို့ကလည်း လက်ပံတန်းတရားရုံးရှေ့ ရဲလုံခြုံရေးတွေကြားထဲကနေ သူတို့သားသမီးတွေ ရုံးထုတ်မှာ ပါလာသလား ဆိုတာကို ရှာဖွေ ကြည့်ခဲ့ကြတယ်။

မတ်လ ၁၁ ရက်ညပိုင်းက ဖမ်းဆီးခံကျောင်းသားတွေကို လက်ပံတန်းတရားရုံးမှာ ရုံးထုတ်အပြီး အချုပ်ကား ပြန်ထွက်လာတော့မှ မိဘတွေနဲ့ အုပ်ထိန်းသူတချို့က နာမည်တွေကို အော်ခေါ်ပြီး အချုပ်ကားတွေဆီ လက်တွေ လှမ်းပြကြတယ်။ အချုပ်ကားထဲက ဖမ်းဆီးခံကျောင်းသားတွေလည်း လက်တွေပြန်ပြကြတယ်။ စိတ်မပူဖို့ ပြန်အော်ပြောနေတာတွေ ကြားရတယ်။

လက်ပံတန်းမှာ ရဲတွေရဲ့ ဖမ်းဆီးရိုက်နှက်မှုတွေကို မိဘတွေမြင်ပြီး သူတို့သားသမီးတွေရဲ့ ကျန်းမာရေးနဲ့ ထောင်တွင်းမှာ နေထိုင် စားသောက်ရမယ့်ပုံစံ စိတ်ပူနေကြတယ်။ ဒါပေမယ့် ယနေ့အချိန်ထိ အာဏာပိုင်တွေက ဘယ်သူနဲ့မှ တွေ့ခွင့်မပေးသေးဘူး။

“ဒီနိုင်ငံမှာ ပညာသင်ရတာ ကျူရှင်လခတွေ အများကြီးအကုန်ခံပြီး ပညာသင်ရတယ်။ စာတခုတည်း ဘွဲ့ရလည်း ဘာမှလုပ်လို့ မရဘူး။ အဲဒီလို စုတ်ပြတ်နေတဲ့ ပညာရေးစနစ်ကို ပြင်နိုင်အောင် ကျောင်းသားတွေက ကြိုးစားကြတယ်။ အဲဒါကိုအစိုးရက ကူညီ ရမှာလေ။ အခုက ကူညီချင်ယောင်ဆောင်ပြီး ဖြိုခွင်းတယ်။ ရဲတွေက ဘာသာရေး အဓိကရုဏ်းတွေမှာ လူနည်းစုလူမျိုးတွေ အသတ်ခံရတာတွေကိုတော့ လက်ပိုက်ကြည့်နေတယ်။ ရဲအင်အား မလုံလောက်သလို လုပ်တယ်။ ကျောင်းသားတွေက ပညာရေး စနစ်အတွက် ဆန္ဒပြတော့ ရဲအင်အား အကြီးအကျယ်သုံးပြီး ချတယ်။ ရဲတွေရဲ့ လုပ်ပုံလုပ်နည်းက ပြောင်းပြန်ဖြစ်နေတယ်” လို့ လက်ရှိ ဖမ်းဆီးခံထားရတဲ့ ကျောင်သားသပိတ် ခေါင်းဆောင်တဦးဖြစ်တဲ့ မဖြိုးဖြိုးအောင်ရဲ့ ဖခင် ဦးနေဝင်းက ဧရာဝတီကို ပြော တယ်။

မတ်လ ၁၂ ရက်မှာတော့ ပြည်ထဲရေးဝန်ကြီးဌာနက လက်ရှိ အမှန်တကယ် ကျောင်းတက်နေကြတဲ့ ကျောင်းသား ကျောင်းသူ ၂၇ ဦးကို ငြိမ်းချမ်းစွာ စုဝေးခွင်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ ၁၈ အရ ခံဝန်ချက် လက်မှတ်ထိုးခိုင်းပြီး ပြန်လွှတ်ပေးလိုက် တယ်။ မိဘအုပ်ထိန်းသူလက်ထဲ ပြန်ထည့်ပေးတယ်။

လွတ်လာတဲ့ ကျောင်းသားကျောင်းသူတချို့ရဲ့ မိဘ၊ အုပ်ထိန်းသူတွေကတော့ သူတို့သားသမီးတွေက နောက်ထပ် လှုပ်ရှားမှုတွေလုပ်မှာ စိုးရိမ်တဲ့ပုံစံမျိုးတွေ တွေ့ရတယ်။ တချို့ မိဘတွေကတော့ သူတို့သားသမီးက အမျိုးသား ပညာရေးပြုပြင်ပြောင်းလဲဖို့ လုပ် တာဖြစ်တဲ့အတွက် ဂုဏ်ယူကြတယ်။

“ကျနော့်သားက ခိုးယူတာ၊ ဆိုးသွမ်းနေတာ မဟုတ်ဘူး။ မြန်မာ့ပညာရေး ကောင်းမွန်ဖို့အတွက် လုပ်တာဖြစ်တာကြောင့် သူ့လုပ် ရပ်အပေါ် ဂုဏ်ယူတယ်။ အားပေးထောက်ခံတယ်” လို့ မတ်လ ၁၂ ရက်က လွတ်လာတဲ့ ကျောင်းသားတဦးရဲ့ ဖခင်က မျက်ရည် အဝဲသားနဲ့ လက်ပံတန်းမြို့နယ် ခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံးရှေ့မှာ ဧရာဝတီကို ပြောပြတယ်။

လက်ပံတန်းမှာ ဖြစ်ပွားခဲ့တဲ့ အမျိုးသားပညာရေး ဥပဒေပြင်ဆင်ရေး ဆန္ဒထုတ်ဖော်မှုမှာ ကျောင်းသားကျောင်းသူ ၁၂၇ ဦး၊ သံဃာ ၁၀ ပါးနဲ့ သတင်းသမားတချို့ကို အစိုးရအာဏာပိုင်တွေက အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့တယ်။ အဲဒီမှာ လက်ပံတန်း ဒေသခံ တချို့လည်း ဖမ်းဆီးခံရတဲ့အထဲ ပါသွားလို့ မိဘဆွေမျိုးတွေက သာယာဝတီထောင်အထိ လိုက်လံ စုံစမ်းနေတာ တွေ့ခဲ့ရတယ်။

“ကျမတို့ကို ဖမ်းဆီးပြီးတော့ အမျိုးသမီးရဲမေတွေကလည်း ရုန့်ရင်းကြမ်းတမ်းတဲ့ စကားတွေ ပြောတယ်။ တယောက်ချင်းစီရဲ့ မျက်နှာတွေကို ဓာတ်ပုံလိုက်ရိုက်ပြီး ဒီလိုကောင်မတွေကို ဖမ်းလို့ရပြီဆိုတာ ဖေ့စ်ဘုတ်ပေါ်တင်ပြီး အောင်ပွဲခံမယ် ပြောတယ်။ ညီမတို့ အချိန်အတိုင်းအတာတခုကို စောင့်နေတာ၊ ကိုယ်ထိလက်ရောက် ကျုးလွန်မှု၊ ရုန့်ရင်းကြမ်းတမ်းစွာ ပြောဆိုဆက်ဆံမှုတွေအပေါ် ပြန်ပြီးတရားစွဲဖို့ အစီအစဉ်ရှိတယ်” လို့ ပြန်ပြီးလွတ်လာတဲ့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ မသိမ့်သိမ့်ခိုင်က ဧရာဝတီကို ပြောပြတယ်။

ဆန္ဒပြမှုနဲ့ ဖမ်းဆီးခံရပြီး လွတ်မြောက်လာခဲ့တဲ့ ကုန်ထုတ်ဓာတုမေဂျာ ကျောင်းသူ မရည်မိုမိုအောင်ကလည်း “ကျမတို့ရဲ့ ဒေါင်း အလံကို ဖျက်ဆီးတာကို မကျေနပ်ဘူး။ တရားမျှတမှု ရှိရှိနဲ့ ဖြေရှင်းလို့ရတဲ့ကိစ္စကို မဖြေရှင်းလို့ မကျေနပ်ဘူး။ မိန်းကလေးတွေကို မတရားရိုက်နှက် နှိပ်စက်စရာ မလိုဘူး။ ကျောင်းဝင်းထဲမှာ ဖမ်းဆီး ခံထားရတဲ့ ကျောင်းသားတွေကို ရဲတွေက တန်းစီရိုက်နှက် တယ်။ ပြည်သူ့ရဲတပ်ဖွဲ့၊ ပြည်သူကို အကာအကွယ် ပေးမယ်ဆိုပြီး အခုလိုလုပ်တာကို မကျေနပ်ဘူး။ အမျိုးသားပညာရေး ဥပဒေကို ပြင်ပေးပါလို့ အစိုးရကို တောင်းဆိုချင်တယ်။ ပြည်သူ့ရဲတပ်ဖွဲ့ ကူညီပါရစေဆိုပြီး အကြမ်းဖက်လုပ်ရပ်ကို နောက်မလုပ်ပါနဲ့လို့ ပြော ချင်တယ်”လို့ ဆိုပါတယ်။

အဲဒီလိုဖမ်းဆီးမှုကြောင့် ကျောင်းသားကျောင်းသူ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံတင်ထားရတယ်လို့ ပြန်လည် လွတ်မြောက်လာတဲ့ ကျောင်းသားတွေက ဆိုတယ်။

လွတ်မြောက်လာတဲ့ ကျောင်းသားကျောင်းသူတွေက သူတို့ဖမ်းဆီးခံခဲ့ရတဲ့နေ့က ဖြစ်ရပ်တွေကို ပြန်ပြောပြချိန်တိုင်းမှာ မျက်ရည် တွေဝဲလာသလို အသံတွေပါ တုန်ရီလာတာ တွေ့ခဲ့ရတယ်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ကိုင်ပုံကို သူတို့ ခံပြင်းကြတယ်။ အစိုးရက ကတိပေးထားတဲ့အတိုင်း မလုပ်တဲ့အပေါ် သူတို့ စိတ်နာကြတယ်လို့ ပြောပြကြတယ်။

“နှစ်ဖက် ခဲတွေနဲ့ ပစ်နေချိန် ကျနော်က ၀င်တားတယ်။ တားတာ မရတော့ဘူး။ မရတော့ဘဲ ရဲဘက်က အရင်အကြမ်းဖက်တာ။ ကျနော့်လက်မောင်းကို နံပါတ်တုတ်နဲ့ ရိုက်တယ်။ လက်မောင်းထိပြီး သူတို့ ၀င်စီးတော့ ကျနော်တို့ ပြေးတယ်။ ပြေးတော့ ဘုန်းကြီး ကျောင်းထဲမှာ ကျနော်တို့ အသာတကြည်ပဲ အဖမ်းခံတယ်” လို့ သထုံ စိုက်ပျိုးရေးသိပ္ပံကျောင်းသား ကိုစိုးလွင်ကျော်က ဆိုပါတယ်။

သူက ဆက်လက်ပြီး “တဖက်ကို ၁၀ ယောက်စီ အချုပ်ကားပေါ်မတင်ခင် ကျနော်တို့ကို ရိုက်တယ်၊ အားလုံးကို။ ကျနော်က လက် မောင်းမှာ တချက်ထိတယ်။ ကျောကုန်းက ၇ ချက် လောက်ထိတယ်။ တဖက်ကို ၁၀ ယောက်စီ လမ်းလုပ်ပြီးတော့ လမ်းကြားထဲကို သွားခိုင်းပြီးတော့ ရိုက်တာ။ အချုပ်ကားပေါ် တက်ရင်းနဲ့ ရိုက်တာ”လို့ ပြန်လွတ်လာတဲ့ ကိုစိုးလွင်ကျော်က ရှင်းပြတယ်။

လက်ပံတန်းဆန္ဒပြမှုမှာ ဖမ်းထားတဲ့ ကျောင်းသားကျောင်းသူတွေ အားလုံးကို မတ်လ ၁၁ ရက်က လက်ပံတန်းမြို့နယ် တရားရုံးမှာ ရုံးထုတ်ခဲ့ပြီး ရမန်ကြီး ၁၄ ရက် ယူထားခဲ့တယ်။ သူတို့ကို ဥပဒေ နဲ့ ဆန့်ကျင်တဲ့ အစုအဝေးမှာ ပါဝင်မှု ပုဒ်မ ၁၄၃၊ လူစုခွဲရန် အမိန့်ပေးပြီးနောက် ဆက်လက်ပါဝင်နေမှု ပုဒ်မ ၁၄၅၊ ရုန်းရင်းဆန်ခတ် ဖြစ်စေမှု ပုဒ်မ ၁၄၇၊ တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းကို နာကျင်စေမှု ပုဒ်မ ၃၃၂ နှင့် နိုင်ငံတော် ငြိမ်ဝမ်ပိပြားရေးကို ထိခိုက်စေမှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲထားပြီး ဖြစ်ကြောင်း သာယာဝတီ ခရိုင်ရဲမှူး အုန်းစိန်က ဧရာဝတီကို ပြောပြတယ်။ ဒါပေမယ့် ဖမ်းထားသူတွေရဲ့ အမည်စာရင်းကိုတော့ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်သူ ဦးစိုးထွန်းက “အကြမ်းမဖက်ပါနဲ့လို့ ပြောထားလျက်သားနဲ့ နောက်ဆုံး ၀င်ချလာပြီးတော့ ခဲတွေကလည်း ပလူပျံပြီးတော့ ထွက်လာတယ်။ ကျနော်တို့ လက်မခံနိုင်တာကတော့ ရိုက်နှက် ဖြိုခွင်းတဲ့ ကိစ္စပဲ။ ကျောင်းသားတွေက လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်အရ ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြနေကြတာ။ အဲဒါကို အခုလို အကြမ်းဖက် ဖမ်းဆီး တာမျိုး လုပ်တဲ့အတွက် ဖမ်းဆီးထားတဲ့ ကျောင်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးပါ။ အစိုးရရဲ့ အခုလို လုပ်ရပ်ကို လုံးဝကန့်ကွက် ရှုတ်ချပါတယ်” လို့ ဆိုတယ်။

ကျောင်းသားများကို အကြမ်းဖက်ဖြိုခွင်းခြင်းက လူ့အခွင့်အရေး ချိုးဖောက်ရာရောက်ပြီး ဆန္ဒပြ ကျောင်းသားများကို မည့်သည့် အခြေအနေတွင်မဆို ဖမ်းဆီးအရေးယူခြင်း မပြုလုပ်ဟု အစိုးရပေးထားတဲ့ ကတိမှာလည်း မတည်တော့ကြောင်း မြန်မာနိုင်ငံ ပညာရေး စနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) က ဒေါက်တာသိန်းလွင်က ပြောဆိုတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပြုပြင် ပြောင်းလဲရေးအတွက် သင်တန်းများ ပို့ချနေတဲ့ ဥရောပသမဂ္ဂကလည်း လက်ပံတန်း အဖြစ်အပျက်မှာ ရဲတပ်ဖွဲ့ရဲ့လုပ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားတယ်လို့ သိရတယ်။

၂၀၁၅ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့ ဆန္ဒပြကျောင်းသားတွေကို ရဲတပ်ဖွဲ့ဝင်များရဲ့ အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးခဲ့တဲ့ မြန်မာအစိုးရရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ၊ အမေရိကန် အစိုးရ၊ အမေရိကန် လွှတ်တော် အမတ်များ၊ ဥရောပ သမဂ္ဂ၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပြင်းပြင်း ထန်ထန် ရှုတ်ချကြောင်း ကြေညာချက်တွေ အသီးသီးထုတ်ပြန်ခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး Jen Psaki က “လွတ်လပ်စွာ စုရုံးခွင့်ဆိုတာ ဘယ် ဒီမိုကရေစီ လူ့အဖွဲ့အစည်းမှာမဆို ရှိရတဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းပါ။ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အင်အားသုံး နှိမ်နင်းတာ ကျမတို့ ရှုတ်ချပါတယ်” လို့ ပြောဆိုခဲ့တယ်။

အမေရိကန် ကွန်ဂရက်လွှတ်တော် အမတ်တွေ ဖြစ်တဲ့ ဂျိုးစ် ခရော်လီ နဲ့ စတိဗ် ချာဘို့ တို့ကလည်း “မြန်မာ အာဏာပိုင်များနှင့် ၎င်းတို့ ငှားရမ်းထားသော လူဆိုးလူမိုက်များက ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား အကြမ်းဖက် ကိုင်တွယ်မှု အပေါ် ရွံရှာမိကြောင်း၊ ကျောင်းသားများသည် ပညာရေး မူဝါဒအပြောင်းအလဲကို တောင်းဆိုနေခြင်းသာဖြစ်ပြီး သူတို့ကို ရန်သူဟု မသတ်မှတ်သင့်ကြောင်း” ဟု မတ်လ ၁၀ ရက်နေ့က ကြေညာချက်တရပ် ထုတ်ပြန်ခဲ့ပါတယ်။


နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပြည်တွင်းအဖွဲ့အစည်းတွေက ကြေညာချက်တွေထုတ်ပြန် ရှုတ်ချခဲ့ပေမယ့် အစိုးရကတော့ လက်ပံ တန်းဖြစ်ရပ်မှာ ကျောင်းသားတွေကို ဥပဒေနဲ့အညီ ဖြေရှင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ အစိုးရသတင်းစာတွေနဲ့ ရုပ်သံတွေမှာ ကြေညာနေတာ ဒီနေ့အထိ ဖြစ်ပါတယ်။     ။
http://burma.irrawaddy.org/article/2015/03/16/72644.html

တရားဝင်သတင်းမထုတ်သေးပါ




Thet Oo
ဓာတ်ခွဲစစ်ဆေးချက်အရ
အဆိုပါတရုပ်နိုင်ငံထဲ ကျရောက်ပေါက်ကွဲခဲ့တယ်ဆိုတဲ့
ဗုန်းအမျိုးအစားဟာ
မြန်မာ့တပ်မတော်မှ ပစ်ခတ်လိုက်သော
လက်နက်ကြီးကျည်နှင့်အခြား
လေယဉ်ဒုံးကျည်အမျိုးအစားမဟုတ်ဘဲ
ပုခုံးထမ်းလောင်ချာအုပ်စုဝင်

RPJ တရုပ်ထုတ် တိုက်-69'
နှင့်5း7ဟုခေါ်သော ဒုံးပစ်လောင်ချာအုပ်စုမှ

ဗုံးအမျိုးအစားဖြစ်ကြောင်း
စစ်ဆေးတွေ့ရှိရပါတယ် တဲ့

အဲ့လက်နက်အမျိုးအစား ကတော့
သူပုန်အုပ်စုတွေဖြစ်တဲ့
MNDAAသောင်းကျန်းသူကိုင်လက်နက်အမျိုးအစားဖြစ်ပြီး
ဖုတ်ကြားရှင်မှ ရည်ရွက်ချက်ရှိရှိ
မီဒီညာ များနဲ့လက်ဝါးရိုက် သတင်းဖြန့်ချိခဲ့တာဖြစ် ကြောင်း

အဖြေထွက်လာပါပြီ.....

လွှတ်တော်ကြားနာပွဲ မစခင်မှာ၁ မိနစ် ငြိမ်သက်



လွှတ်တော်ကြားနာပွဲ မစခင်မှာ တက်ရောက်လာတဲ့ ကျောင်းသားတွေကတော့ လက်ပံတန်းသပိတ်ကို အကြမ်းဖက်ဖြိုခွဲတာကို ၀မ်းနည်းတဲ့ အထိမ်းအမှတ်အနေ နဲ့ ၁ မိနစ် ငြိမ်သက်ခဲ့ပါတယ်- DVB

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ကျောင်းသူ ကျောင်းသားတွေကို မိသားစုဝင်တွေနဲ့ တွေ့ခွင့်မပေး

ဥက္ကဌများသိရင်ဘယ်လိုများထောက်ပြလေမလဲ

Daw Khin Thandar
အံ့သြလို့ပါ တခါတခါဒီမိုကရေစီအကူးအပြောင်းကိုဦဆောင်သွားရတဲ့
လွှတ်တော်တွင်းမှာပဲမမျှတတာတွေ ရှိနေတုန်းပါပဲ။
ကျမတို့ကော်မတီဆိုရင် လွှတ်တော်ဥက္ကဌ ကိုယ်တိုင်ရွေးချယ်ပေးထားအမြဲတမ်းကော်မတီတခုပါ။အစိုးရကိုကောင်းကောင်းတည့်မတ်လို့ထိန်းညှိလို့ရတဲ့ကော်မတီကြီးပါ။ အခုအစိုးရလက်ထက် အကြွေးတွေ၊ လုပ်ပေးပါမယ်ပြောပြီး လုံးဝမလုပ်ပဲထားထားတာတွေ၊ ဘယ်လိုမှပြီးမှာမဟုတ်တောတဲ့ ကတိပျက်ကွက်မှုတွေပါ ဒါဟာဝန်ကြီးဌာနများရဲ့တာဝန်မကျေမှုဖြစ်ပြီး အစိုးရက ပြည်သူကို မထေမဲ့မြင်ပြုကြောင်း လွတ်တော်မှာတရားဝင်စိန်ခေါ်ကြေညာလိုက်သလိုပါပဲ၊
ကျမတို့ကော်မတီကလဲ စိစစ်မယ်ပေါ့၊ လွှတ်တော်ဥက္ကဌက ပြောလို့ ၀န်ကြီးဌာနများနဲ့ တိုက်တိုက်တွန်းတွန်းလုပ်ပီးပြည်သူ့ဆန္ဒတွေကိုအပီးအပြင်ဖော်ဆောင်တော့မယ်ပေါ့။အစည်းအဝေးဆွေးနွေးပွှဲတွေကို ၅ရက်ကြီးတောင် ဆက်တိုက်လုပ်တော့မယ်ပေါ့။ ဒီနေ့ပဲပထမရက်စလုပ်တယ်။နောက်ရက်တွေပါတော့ဘူးတဲ့။ကျမတို့ကော်မ တီဝင်တွေအကုန်လာစရာမလိုဘူးတဲ့။သူတာဝန်ပေးတဲ့သူပဲလာကြရမယ်တဲ့။
မကြေနပ်ရင်အခုပြောတဲ့။နောက်မှာ မပြောနဲ့တဲ့၊ပွင့်ပွင့်လင်းလင်းပဲကြိုက်တယ်တဲ့၊ဥက္ကဌကပြောတာပါ။
သူတာဝန်ပေးထားတဲ့သူတွေကြည့်လိုက် တော့ ကြံ့ခိုင်ရေးကချည်းပဲ ကျမတို့ကော်မတီမှာ ပါတီ၆ပါတီနဲ့တပ်မတော်သားတယောက်ပါတယ်။ ဘယ်ပါတီမှမပါဝင်ပဲ သူ့ပါတီနဲ့တပ်မတော်သားကိုပဲ ညှိနှိုင်းစိစစ်ခိုင်းတာဟာ အတော် စိတ်ပျက်စရာကောင်းပါတယ်။.
စဉ်းစားမိတာကတော့ဥက္ကဌများသိရင်ဘယ်လိုများထောက်ပြလေမလဲလို့ပါ။


( ၂၀၁၃ -ခုနှစ်စာရင်း )တရုတ်ပြည်၏ စစ်အင်အား


==========================
လူဦးရေ - သန်းပေါင်း ( ၁၃၅၀ ) - ၁၃၄၉၅၈၅၈၃၈၀ ဦး
(မြန်မာမှာ လူဦးရေ သန်း ၅၀ ကျော် - အစွန်းထွက် သန်း ၃၅၀ တောင် ၇ ဆများနေသေးတယ်)
စစ်တိုက် နိုင်တဲ့လူအင်အား - သန်း (၇၅၀ )
(မြန်မာမှာ အများဆုံး ၅ သိန်း - အစွန်းထွက် သန်း ၅၀ က ၁၀၀ ဆ ပိုများနေပါလား)
-ရှေ့တန်းတွင် တပ်စွဲထားသော အသင့်အင်အား ( ၂-၂ ) သန်း
(ရှေ့တန်းမှာလည်း ၂ သိန်း ရှိမှ အစွန်းထွက်လောက်ရှိမယ်)
အရံ တပ်ဖွဲ့ပေါင်း - ( ၂ - ၃ ) သန်း
(အစွန်းထွက် ၃ သိန်း ကို ဘယ်လိုမှ မမှီ)
တင့်ကား - ၉၁၅၀
(တင့်ကား ၁၅၀ ရှိနိုင်လောက်တယ်)
အမြှောက် တင့်ကား - ၄၇၈၈
(အစွန်းထွက် ၇၈၈ ကို မမှီပြန်)
အမြှောက်ကြီး ( SPG ) - ၁၇၁၀
(၇၁၀ ကို မမှီနိုင်)
-ရွှေ့ပြောင်းနှိုင်သော တာဝေးပစ် အမြှောက်ကြီး - ၆၂၄၆
(တာဝေးပစ် အမြောက်ကြီးများ ၂၄၆ မပြောနဲ့)
စစ်လေယာဉ် - ၂၇၈၈
(စစ်လေယာဉ် - ၇၈၈ no မမှီပါ)
တိုက်ခိုက်ရေး လေယာဉ် - ၁၁၇၀
(ကိုသာဆိုး)
သယ်ယူရေး လေယာဉ် - ၇၆၂
(ဘိုမှ မရှိ)
လေ့ကျင့်ရေး လေယာဉ် - ၃၈၀
(no no)
ရဟတ်ယာဉ် - ၈၅၆
(အစွန်းထွက် ရှိနိုင်တယ်)
စစ်ရေယာဉ် စုစုပေါင်း - ၅၂၀ -စီး
(ဒါလဲ ၂၀ စီး ရှိနိုင်လောက်တယ်)
-ေလယာဥ္တင္သေဘာၤ - ၃ စီး
(ကလေးကစားစရာတော့ တွေ့ဘူးတယ်)
-ေရငုတ္သေဘာၤ - ၆၉ စီး
(အားရှိအောင် အနံ့လေး ရှုစရာတောင်မရှိ)
ဘယ်ဟာ ယှဉ်ယှဉ် တရုတ်စစ်အင်အား အစွန်းထွက်တောင် မရှိ။ ဒီကြားထဲ စစ်လက်နက်
အပိုပစ္စည်းတွေ မရောင်းပေးရင် ဒုက္ခများရချည်သေး။
ဆန်မရှိဘဲ အစားမကြီးချင်ပါနဲ့။ မျိုးချစ်တွေရေ ပုဆိုးခြုံထဲကနေ မြှောက်ပေးမနေကြနဲ့။ ကိုယ့်အကြောင်းကိုယ်သိကြ။
ဒီခေတ်က ဘုရင်တွေ စီးချင်းထိုးတဲ့ခေတ်လဲ မဟုတ်။ စီးချင်းထိုးမယ်ဆိုရင်တောင် ငါတို့ သမ္မတကြီးက နှလုံးခုန်စက်ကြီးနဲ့။
ဘယ်ဘက်ကလှည့်တွေးတွေး ကောင်းကွက်လေး တစ်ကွက်မှ မရှိပါလား ဟရို့။Copied



ကျောင်းသားများရဲ့ငွေနှင့် တန်ဖိုးရှိပစ္စည်းများအပြင် ဘုန်းကြီး၏ ၀တ္တုငွေနှင့် ဖုန်းကို ရဲများယူ

ဘုန်းကြီးကျောင်းအတွင်းမှ ကျောင်းသားများရဲ့ငွေနှင့် တန်ဖိုးရှိပစ္စည်းများအပြင် ဘုန်းကြီး၏ ၀တ္တုငွေနှင့် ဖုန်းကို ရဲများယူသွာ့း

Written by မင်းမင်း

ဆရာတော် ဦးအဂ္ဂဝံသ(ဓမ္မာစရိယ) နှင့် မဇ္ဈိမ မေးမြန်းခြင်း

လက်ပံတန်းမြို့၊ ကျွန်းကလေး အနောက်ဘက် ကမ်းလမ်းထိပ်တွင် ရန်ကုန်သို့ ချီတက်ရန် ပိတ်ဆို့ထားသော လုံခြုံရေးရဲများ ကိုဖောက်ထွက် ရန်ကြိုးပမ်းသည့် သပိတ်မှောက်ကျောင်း သားများကို လုံခြုံရေး ရဲများက နံပါတ်တုတ် များဖြင့် ရိုက်နှက် ဖမ်းဆီးခဲ့သည့် မတ်လ ၁၀ ရက်နေ့ လယ်ပိုင်း ကဖြစ်စဉ်တွင် လုံခြုံရေးရဲ များက အောင်မြေဗိမာန် ဘုန်းတော်ကြီးကျောင်းကိုပါ ဝင်ရောက်စီးနင်း ပြီးကျောင်းသား၊ ကျောင်းသူများကို ရိုက်နှက်၍ အသုံး အဆောင် ပစ္စည်းများ အပါအ ဝင်ကျောင်းထိုင် ဆရာတော်၏ လက်ကိုင်ဖုန်းနှင့် ဝတ္ထုငွေ များကိုပါ ရဲတပ်ဖွဲ့က သိမ်းယူသွား ခဲ့သည်ဟု မိန့်ကြား ခဲ့သည့် ယင်းကျောင်းတိုက် ၏ကျောင်းထိုင် ဆရာတော် ဦးအဂ္ဂဝံသ(ဓမ္မာစရိယ)ကို မဇ္ဈိမ သတင်းထောက် မင်းမင်းက ဆက်သွယ်မေးမြန်း ထားသည်။

မေး။ ။ ၁၀ရက်နေ့ ဖြစ်စဉ်မှာ ဘုန်းကြီးကျောင်းထဲကို ရဲတွေပြေးဝင်သွား တာတွေ့ခဲ့တယ်။ အဲ့ဒီအခြေ အနေကို အကျဉ်းချုပ် ပြီးပြောပြပေး ပါလား။

ဖြေ။ ။ ကလေး(ကျောင်းသား)တွေ ကပြေးလာတယ်။ များသောအားဖြင့်ကျောင်း ထဲပြန်ဝင်လာ ကြတယ်။ သူတို့ အဖမ်းခံမယ် ဆိုပြီးတော့ပေါ့။ အဲ့မှာ ရဲတွေက အုပ်လိုက်ကြီး ဝင်လာတယ်။ ဝင်လာပြီးတော့ သူတို့ပြောတာက ထွက်မလာရင် သတ်မယ် ၊ဖြတ်မယ်၊ အဲ့လောက် အထိပြောတယ်။ ကလေးတွေ ကလည်းပြော တယ်။ အေးအေးဆေးဆေး အဖမ်းခံမယ်။ ဘုန်းကြီး လည်းကျောင်းပေါ် ကဆင်းပြီးတော့မေတ္တာရပ်ခံတယ်။ခေါင်းဆောင် ဒကာကြီးတွေ ကိုပေါ့။အေးအေးချမ်း ချမ်းလုပ်ပါ၊ သူတို့ လည်းအေးအေးဆေးဆေး အဖမ်းခံမှာ ပါဆိုတော့ တင်ပါ၊ တင်ပါလို့တော့ပြော တယ်။ခေါင်းဆောင် ရဲမှူးလား၊ ဘာလားတော့ မသိဘူး။ အဲ့ဒါ နဲ့အကုန်အဖမ်းခံလိုက်တယ်။ ပုံစံထိုင်ခိုင်းပြီး ရိုက်ဟယ်၊နှက်ဟယ်တော့ ဖြစ်ကုန်တာပေါ့။ အချုပ်ကားပေါ်တက်ခါနီးအထိရိုက်တာ၊ ပုတ်တာတွေတော်တော်မြင် ရတယ်။ စိတ်တော့ မကောင်း စရာပဲ။ သာသနာ့နယ်မြေမှာ ဒါတော့ မဖြစ်သင့် ဘူးပေါ့ကွာ။

မေး။ ။ ဒီလို သာသနာ့ နယ်မြေထဲမှာ ရိုက်တာ၊ နှက်တာ တွေ့လိုက်ရတော့ ဆရာတော် ရဲ့စိတ်ထဲမှာ ဘယ်လိုဖြစ်သွားလဲ။

ဖြေ။ ။ သာသနာ့နယ်မြေဆို တာအေးချမ်းတဲ့ နယ်မြေလေ။အေးအေး ချမ်းချမ်းလေးဖြေရှင်း ပြီးခေါ်သွားရင် သူ့ဟာနဲ့သူ အဆင်ပြေတယ်လေ။ ဘုရား ၊ကျောင်း၊ ကန်ထဲမှာ ရိုက်လား၊ ပုတ်လားဖြစ်တော့လည်း စိတ်ထဲတော့ အဆင်မပြေဘူး ဒကာလေးရဲ့။

မေး။ ။ ကျောင်းထဲကို ဝင်လာတဲ့ ရဲအင်အား ဘယ်လောက်ရှိလဲ။

ဖြေ။ ။ ၅၀ ကျော်ကျော်လောက် ရှိမယ်။ကျောင်း သားတွေ အချုပ်ကားပေါ် မတက်ခင် ဟိုဘက်၊ဒီဘက်မှာ တစ်ဖက်ကို ၁၅ယောက်စီ ဝိုင်းထားတာ။ ၅၀နဲ့ ၁၀၀ ကြားလောက်တော့ ရှိမယ်။

မေး။ ။ ဆရာတော်က အေးအေးချမ်းချမ်းဖြစ်ဖို့ မေတ္တာရပ်ခံတဲ့အချိန်မှာ ရဲတွေဘက်က ဘယ်လို အမူအယာ ရှိနေလဲ။

ဖြေ။ ။ ခေါင်းကြီးပိုင်း (ခေါင်းဆောင်ပိုင်း)ကတော့ သူတို့ ပုံမှန် အတိုင်း ပါပဲ။ တင်ပါ၊ တင်ပါလို့ ပဲလျှောက်တယ်။

မေး။ ။ ရိုက်တာ ၊နှက်တာတွေအပြင် ကျောင်းသားတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေကို ဖျက်ဆီးတာ၊ သိမ်းဆည်း တာမျိုးရော ရှိပါသလား။

ဖြေ။ ။ ဖုန်းတွေရော၊ ဝတ္ထုငွေတွေရော အကုန်သိမ်းသွားတယ်။ တန်ဖိုးရှိတဲ့ အရာမှန်သမျှ ဘာမှမကျန်ခဲ့ဘူး၊ အကုန်သိမ်းတာ။ ဘုန်းကြီး အခန်းထဲက ဖုန်းရယ်၊ ဝတ္ထုငွေရယ်ပါ ပါသွား တယ်။တွေ့ရာ အကုန်ယူတာ။ ဖုန်းတို့၊ ဝတ္ထုငွေတို့ဆို ဘာမှမထားဘူး။ အကုန်ယူတာ။

မေး။ ။ ဆရာတော်ဖုန်းကို ဆက်တာ ဖုန်းပိတ် ထားတယ် လို့ပြောနေတယ်။ အခုအချိန် ထိပြန်မပေးသေး တာလား။

ဖြေ။ ။ မရဘူးညီလေး။ တိုင်းက ဒကာကြီးတွေ ကိုတော့ပြော ထားတယ်။ အခုထက်ထိပြန် မရသေးဘူး။

မေး။ ။ ရဲတွေယူသွားတဲ့ ဆရာတော်ရဲ့ ဝတ္ထငွေက ပါသလဲ။

ဖြေ။ ။ ဝတ္ထုငွေက ခန့်မှန်းခြေ လေးသောင်းဝန်းကျင်လောက်ရှိမယ်။ အတွင်းခန်းထဲက ဖျာအောက်မှာ ထားတာ လေ။

မေး။ ။ ကျောင်းသားတွေကို တည်းခိုခွင့်ပေးခဲ့တဲ့ ဆရာတော်အနေနဲ့ အခုကျောင်းသားတွေ ရိုက်နှက်ပြီး အဖမ်းခံရတဲ့အပေါ် ဘာများမိန့်ကြားလိုပါသလဲ။

ဖြေ။ ။ မဖြစ်သင့်တဲ့အရာ ဖြစ်သွားတယ် ညီလေးရာ။

မေး။ ။ အခုဖြစ်စဉ်မှာ အစိုးရဘက်ကတော့ ဥပဒေနဲ့အညီ လုပ်တာလို့ ပြောတယ်။ ဆရာတော်ကရော ဒီအပေါ် ဘာများ မိန့်ကြားချင်ပါသလဲ။

ဖြေ။ ။ အဲ့ဒါတော့ မဖြေချင်ဘူး ညီလေးရာ။ မသိတဲ့အခါကျတော့ ဖြေလိုက်ရင် တစ်မျိုးဖြစ်သွားမယ်လေ။ ဥပဒေကြောင်းအရ နားမလည်ဘူးလေ။

မေး။ ။ ဒီဖြစ်စဉ်အပေါ်မှာ ဆရာတော်အနေနဲ့ ဖြည့်စွက်ပြီး ဘာများမိန့်ကြားလိုပါသလဲ။

ဖြေ။ ။ ဒါမျိုးဖြစ်သွားတာတော့ ဘယ်ဘက်မှ မကောင်းဘူးပေါ့။ နိုင်ငံအတွက်လည်း ဆုတ်ယုတ်တာပေါ့နော်။

မင်းမင်းတွေ့ ဆုံမေးမြန်း သည်

Mizzima