Wednesday, March 18, 2015

အမျိုးအရင်းကြီးတွေဘဲနော်

rMelvin Moe
ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ကိုကို ရဲ့ ဇနီး က ကိုးကန့်
-လောက်ကိုင် အုပ်ချုပ်ရေးမှူး ဘိန်းဘုရင် ခွန်ထွန်းလူ (ခ) ပန်ဆုရှိန် ရဲ့ ညီမ ဆိုပါလားဗျ

မြန်မာအစိုးရ ဒေါ်လာတစ်သောင်းကျော်စီ ပေးဖို့ကမ်းလှမ်း

Kamayut Media
တရုတ်မြေပေါ် ဗုံးကျခဲ့လို့ နစ်နာသူတစ်ဦးချင်းအတွက် မြန်မာအစိုးရ ဒေါ်လာတစ်သောင်းကျော်စီ ပေးဖို့ကမ်းလှမ်း

တရုတ်နယ်စပ် စင်ကျန်းမြို့ ကြံခင်းပေါ် မြန်မာဘက်ခြမ်းကပစ်လိုက်တဲ့ဗုံး ကျရောက်ခဲ့လို့ သေဆုံးခဲ့တဲ့ တရုတ်နိုင်ငံသား ၅ယောက်နဲ့ ဒဏ်ရာရသူ ၈ယောက်အတွက် နစ်နာကြေးအဖြစ် တစ်ဦးကို ယွမ် ၇သောင်း (အမေရိကန်ဒေါ်လာ ၁၁၂ဝ၁) ပေးအပ်ဖို့ မြန်မာဘက်က ကမ်းလှမ်းခဲ့ပါတယ်။ ဒီလျော်ကြေးကို တရုတ်နိုင်ငံက လက်ခံ၊ လက်မခံအကြောင်းမပြန်သေးဘူးလို့ တရုတ်အစိုးရအာဘော် Global Times သတင်းစာက ပြောပါတယ်။

ပြီးခဲ့တဲ့သောကြာနေ့ (မတ် ၁၃)ရက်နေ့ညက မြန်မာဘက်ကပစ်ခတ်ခဲ့လို့ နယ်စပ်ဖြတ်ကျော်ပြီး ကျရောက်ပေါက်ကွဲမှုကြောင့် စိတ်မကောင်းဖြစ်ရတယ်လို့ မြန်မာအစိုးရဘက်က မတ်လ ၁၅ရက်နေ့မှာ တရားဝင်ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ဟာ ယူနန်ပြည်နယ်ကို အင်္ဂါနေ့က ရောက်ရှိလာပြီး တရုတ်ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့နဲ့ နှစ်နိုင်ငံနယ်စပ် တည်ငြိမ်ရေးအတွက် ရောက်ရှိလာခဲ့တယ်လို့ Yunnan Daily သတင်းစာက ရေးသားခဲ့ပါတယ်။

မြန်မာအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်ကတော့ ဒီပစ်ခတ်မှုကို မြန်မာ့တပ်မတော်က လုပ်ခဲ့တာမဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ပစ်ခတ်ခဲ့တာဖြစ်မယ်လို့ စွပ်စွဲခဲ့ပါတယ်။ ဗုံးကြောင့် ကနဦးမှာ လူ ၄ယောက်သေပြီး ၉ယောက်ဒဏ်ရာရခဲ့ပေမယ့် ဒဏ်ရာရသူတွေထဲကတစ်ယောက် ထပ်မံသေဆုံးခဲ့တာမို့ စုစုပေါင်း ၅ယောက်ရှိသွားပြီလို့ ဆိုပါတယ်။

မြန်မာအစိုးရအနေနဲ့ ပစ်ခတ်သူတွေကို အရေးယူအပြစ်ပေးဖို့၊ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး တောင်းပန်ဖို့၊ နစ်နာသူတွေကို လျော်ကြေးပေးဖို့ တရုတ်စစ်ကောင်စီ ဒုတိယဥက္ကဌက တင်းတင်းမာမာပြောဆိုခဲ့ပြီး နောက်ထပ်အလားတူ ဖြစ်ရပ်တွေဖြစ်မယ်ဆိုရင် စစ်ရေးအရ တိတိကျကျ တုံ့ပြန်သွားမယ်လို့ ဆိုပါတယ်။

မြန်မာအစိုးရကတော့ အခြေအနေတွေ ရှုတ်ထွေးမှာစိုးတာကြောင့် ကိုးကန့်ဒေသမှာဖြစ်နေတဲ့ ပြည်တွင်းစစ်မှာ လေကြောင်းကူပစ်မှုတွေကို ယာယီရပ်ဆိုင်းထားတယ်လို့ ဆိုပါတယ်။

ရဲဘော်တယောက်သေတာငွေဆယ်သိန်း

ကိုထင်ကျော်
ဖေဖဝါရီ၁၈ရက်လှိုင်မြို့နယ်တရားရုံးအပြန်
(ကျော်လွင်)


ဆိတ်ဖွားဆိုတာ....

rနာရေးကူညီမှုအသင်း-ရန်ကုန်
၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာလ ကတည်းက ရုပ်ရှင်/ ဗီဒီယိုဇာတ်ကား ရိုက်ကူး
ခြင်းများ ရပ်နားခဲ့သည့် ဦးကျော်သူသည် ရှစ်နှစ်အကြာ ယနေ့ ၁၈.၃.၂ဝ၁၅ ရက်နေ့တွင် ရန်ကုန်မြို့၊ မြရိပ်ညိုဟိုတယ်၌ စာရေးဆရာကြီး မင်းသိင်္ခ၏ နာ မည်ကျော် "ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွား" ဝတ္ထုဇာတ်ကြောင်းအား ရုပ် ရှင်ဇာတ်ကားကြီးအဖြစ် ဒါရိုက်တာ ခင်စောမျိုးမှ ပုံဖော်ရိုက်ကူးရာတွင်
ဒေါက်တာဆိတ်ဖွားအဖြစ် ပါဝင်သရုပ်ဆောင်၍ စတင်ရိုက်ကူးခဲ့ပါသည်။ ယင်းရုပ်ရှင်ဇာတ်ကားအား လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေးမှစီစဉ်၍
ဒေါက်တာဆိတ်ဖွားအဖြစ် အကယ်ဒမီ ကျော်သူ၊ သူတောင်းစား(ဟန်ဆောင်)
အင်စပတ်တာအရာရှိအဖြစ် အကယ်ဒမီ ရန်အောင်၊ လူမိုက်မိုးသီးအဖြစ် အကယ်ဒမီ ရဲအောင်၊ သူခိုးကြီးသေတ္တာအဖြစ် အကယ်ဒမီ မင်းဦး တို့နှင့် အတူ သရုပ် ဆာင် မင်းသမီးများအဖြစ် စံရတီမိုးမြင့်၊ မေမြတ်နိုးနှင့် ရွှေပန်းချီ တို့ဖြစ်ကြပြီး ဆားပုလင်းနှင်းမောင် အဖြစ် ထွန်းလွင်အောင် ပါဝင်သရုပ်
ဆောင်ကြမည် ဖြစ်ပါသည်။


၃ရက်က နည်းလွန်းတယ်

ပြည်ထောင်စု ဒုတိယ၀န်ကြီးဒေါ်စုစုလှိုင်ကိုထီးမိုးမခံတဲ့အစိုးရ

မဖြိုးဖြိုးအောင်ရဲ့ အဖမ်းမခံရခင်အချိန် မှာကြားချက်

YoYam Hnine
=========
ကျနော်တို့ အတူတူ အဖမ်းမခံရမှီ နောက်ဆုံးမိနစ်အထိ ကျနော့် ညီမ ဖြိုးဖြိုးအောင်က တည်တည်ငြိမ်ငြိမ်နဲ့ ဖုန်းပြောနေတယ်.... သူထွက်အဖမ်းခံဖို့ သွားနေတုန်း၊ ဖုန်းပြောနေရာကနေ ပြန်လှည့်လာပြီး သူ့ညီတွေ၊ ညီမတွေကို လှမ်းမှာတယ် "နင်တို့နော်.... တည်တည်ငြိမ်ငြိမ် အဖမ်းခံ၊ ဘာမှ ပြန်မလုပ်နဲ့၊ ဘယ်သူ့ကို လုပ်လုပ်၊ ဘာမှပြန်ထ မလုပ်ကြနဲ့" တည်ငြိမ်အေးဆေးစွာ မှာပြီးမှ အဖမ်းခံသွားတယ်။ ထောင်ဖြတ်သန်းမှုရှိတဲ့ မဖြိုးဖြိုးအောင်က နောင်ဘာဖြစ်လာမယ်ဆိုတာ သိပြီး ညီငယ်၊ ညီမငယ်တွေကို နောက်ဆုံးအချိန်ထိ တည်ငြိမ်စွာ အဖမ်းခံအောင် ထိန်းသိမ်းပေးသွားခြင်းပါပဲ.....
လေးစားပါတယ်.... ညီမလေးဖြိုးဖြိုးအောင်..... ကျန်းမာပါစေ........။

ဆရာထင်လင်းဦးရှေ့နေမှ တရားလိုနှင့် လိုပြသက်သေများကိုစစ်ရန် ပြန်ခေါ်

တရားရုံးမှစွဲချက်တင်လိုက်တဲ့အတွက်
ဆရာထင်လင်းဦးရှေ့နေမှ
တရားလိုနှင့် လိုပြသက်သေများကိုစစ်ရန်
ပြန်ခေါ်ထားပါသည်
၂၄.၃.၂၀၁၅ သို့  ရုံးချိန်းထပ်မံချိန်းဆိုလိုက်ပါသည်

Ko Zaw Aung

အယ်ဒီတာချုပ် ကိုသန်းထိုက်သူအလုပ်ကြမ်း၊ထောင်ဒဏ် နှစ်လ ချမှတ်

Kumudra
မြန်မာပို့စ် ဂျာနယ် အယ်ဒီတာချုပ် ကိုသန်းထိုက်သူကို မော်လမြိုင်တရားရုံးကနိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၀ နဲ့ အလုပ်ကြမ်း၊ထောင်ဒဏ် နှစ်လ ဒီကနေ့နေ့လည်မှာချမှတ် လိုက်ပါတယ်။
လွန်ခဲ့တဲ့ တစ်နှစ်ခန့်က မြန်မာပို့စ်ဂျာနယ်မှာ ပညာရေးစနစ် နိမ့်ပါးမှုကြောင့် လွတ်တော်တွင် တပ်မတော်သား ကိုယ်စားလှယ်များပါဝင်နေကြ ဆိုတဲ့ သတင်းကြောင့် တရားလိုအဖြစ် ဗိုလ်မှူးသိန်းဇော်က တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။
Author- အေးအေးအောင်

ပင်မ သပိတ်စစ်ကြောင်း ဟာ သပိတ်မလှန်သေးဘူး ဆက်လက် ချီတက်နေတုန်းပါ