Sunday, March 22, 2015

(DKBA) နှင့်ပတ်သက်၍ ပြည်တွင်းပြည်ပရှိ ကရင်အမျိုးသားများ စိုးရိမ်မှုဖြစ်


ကရင်အမျိုးသား- မီဒီယာ
မတ် - ၂၂ - ၂၀၁၅

သတင်း - ကရင်အမျိုးသား(မီဒီယာ)
ဓာတ်ပုံ (မူပိုင်) ကရင်အမျိုးသား(မီဒီယာ)
လက်ရှိဖြစ်ပေါ်နေသည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) အနေအထားများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုဖြစ်မိသည်ဟု နိုင်ငံတကာရောက် ကရင်အမျိုးသားများက သုံးသပ်ပြောဆိုကြသည်။

အမေရိကန်နိုင်ငံမှ စောထိခေါင်က " အခုကြားသိနေရတဲ့အနေအထားတွေက သူတို့အထဲမှာ မကြေလည်မှုတွေ ဖြစ်ပေါ်နေတယ်လို့ယူဆရတယ် အဖွဲ့အတွင်းမှာ စည်းလုံးညီညွတ်မှုမရှိတော့ဘဲ ဖြစ်ချင်ရာတွေဖြစ်ကုန်မှာကိုဘဲ စိုးရိမ်မိတယ်"ဟု ပြောဆိုသည်။

ဒိန်းမတ်နိုင်ငံမှ စောကျော်က အကယ်၍ ဒီကေဘီအေ ကို ဦးဆောင်လုပ်နေသည့် ခေါင်းဆောင်များ ကိုင်တွယ်မှုချို့ ယွင်းချက်များ ရှိခဲ့မည်ဆိုပါက ကြားလူကသာ အကျိုးဖြစ်ထွန်းနိုင်သောကြောင့် ဦးဆောင်မှုကို မှန်မှန်ကန်ကန် ကိုင်တွယ်ရန်လိုအပ်သည် ဟုလည်း ပြောဆိုသည်။

ကရင်ပြည်နယ် ဘားအံအခြေစိုက် ကရင်အရေးဆောင်ရွက်နေသည့် ဘုန်တော်ကြီးတပါးက " လိုအပ်ချက်ဆိုတာမျိုးက အပြင်ကလူကြည့်ရင် ပိုပြီးထင်သာမြင်သာရှိတတ်တယ် ဘာဘဲဖြစ်ဖြစ် အခုကြားနေမြင်နေရတဲ့ အနေအထားတွေကိုတော့ အားမရတာတော့အမှန်ဘဲ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေ အရင်ကဖြစ်ခဲ့ကြတဲ့ အနေအထားတွေကို ပြန်လည်သတိမူကြဘို့ ဒီလိုကာလမျိုးမှာ အရေးကြီးတယ်"ဟု မိန့်ကြားသည်။

ကရင်အမျိုးသားအစည်းအရုံး KNU မှ အဆင့်မြင့်ခေါင်းဆောင်တဦးက ဗိုလ်ချုပ်မိုရှေးကို ယမန်နေ့က တာဝန်ပေးအပ်သည့်ဖြစ်စဉ်ကို အခြားဒီကေဘီအေ ခေါင်းဆောင်အချို့က ကျေနပ်မှုမရှိအကြောင်း သိရှိရသည်ဟုလည်း ပြောဆိုသည်။

ကရင်ပြည်နယ်မှ ပြည်သူလွတ်တော် ကိုယ်စားလှယ်တဦးက "သူတို့အဖွဲ့အစည်းအနေနဲ့ စည်းလုံးညီညွတ်မှုကို အပျက်ခံမယ်လို့တော့ မထင်ဘူး ဒါပေမဲ့ လက်ရှိအနေအထားတွေအပေါ်မှာတော့ ဘာဘဲဖြစ်ဖြစ် ညီညွတ်မှုကို ဦးစားပေးတည်ဆောက်ကြ ဘို့တော့ ပြောချင်ပါတယ်" ဟု ဆိုသည်။

မလေးရှားရောက် ကရင်လူငယ်တဦးက " ကိုယ့်ကိုဖြို ခွဲမယ့်လူတွေက အရံသင်ရှိနေတဲ့အတွက် ကရင်အဖွဲ့အစည်းတွေအနေနဲ့ ညီညွတ်မှုမပြို ကွဲအောင်တော့ အထူးသတိရှိရမယ် အဲလိုမဟုတ်လို့ကတော့ အားလုံးသိကြတဲံအတိုင်းဘဲ (KNU) လိုမျိုး အဖွဲ့ကြီးတောင် ကွဲထွက်သွားရသေးတာဘဲ ကရင်တွေအချင်းချင်း နားလည်မှုတွေပေးကြဘို့ ကရင်အမျိုးသားထုရဲ့ မျက်နှာကိုထောက်ရှုကြဘို့ ပြောချင်တယ် "ဟု ဆိုသည်။

ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့ မှ ဘုန်တော်ကြီးတပါးက " ကရင်အမျိုးသားအရေး ဆောင်ရွက်နေသူတွေအနေနဲ့ မိမိကိုယ်မိမိ ဆင်ဦးစီးလိုအမြဲ သတိရှိရမယ် ဆင်ဆိုတဲ့သတ္တ၀ါဆိုတာက ဆင်ဦးစီးကိုပြန်ပြီးလုပ်ကြံဘို့ တနေ့သုံးကြိမ် ကြံစည်တတ်တယ် ဆိုတော့ ကိုယ့်အမျိုးသားတွေ ကိုယ်ကျိုးနည်းရမဲ့ အဲပြု အမှုတွေကို မလုပ်ဆောင်မိကြဘို့ အရေးကြီးတယ် "ဟု မိန့်ကြးသည်။

ပြည်တွင်းပြည်ပရှိကရင်များက စိုးရိမ်ပူပန်သည့် အချက်များထဲတွင် ဗဟိုမှထုတ်ပယ်ထားသည့် ဗိုလ်ဆန်းအောင်ကို ကလို့ထူးဝါး အခြေချစစ်ဗျူ ဟာမှ ဗျူ ဟာမှူးဗိုလ်မှူးချုပ်ကျော်သက်က အဖွဲ့ဝင်အဖြစ် ပြန်ခန့်လိုက်သည့်ကိစ္စနှင့် ယမန်နေ့က ဒုစစ်ဦးစီးချုပ်ကို ဦးစီးချုပ်တာဝန် လွဲပြောင်းလိုက်သည့် ဖြစ်စဉ်များ ပါရှိသည်ဟုလည်း သုံးသပ်ပြောဆိုကြသည်။

(DKBA) ဌာနချုပ်မှ တပ်မှူးကြီးတဦးက " ကျနော်တို့အဖွဲ့အစည်းမှာတော့ စိုးရိမ်ပူပန်စရာဖြစ်လောက်တဲ့ အနေအထားတွေ မရှိပါဘူး " ဟု ကရင်အမျိုးသား(မီဒီယာ)ကို ပြောသည်။


ပုံစာ - လက်ရှိ (ဒီကေဘီအေ) ထိပ်တန်းတပ်မှူးများ ။



 ဗျူဟာမှူး ဗိုလ်မှူးချုပ်စောဘိ ကလို့ထူးလား အခြေချစစ်ဗျူဟာ

ဗျူဟာမှူးစောဆန်းအောင် (ယခင်) ကလို့ထူးဘော အခြေချစစ်ဗျူဟာ

 ဗိုလ်ချုပ်စောမိုရှေး ဒုတိယစစ်ဥိးစီးချုပ်



ဗိုလ်ချုပ်ကြီးစောလားပွယ်

 ဗျူဟာမှူး ဗိုလ်မှူးချုပ်ကျော်သက် ကလို့ထူးဝါး အခြေချစစ်ဗျူဟာ

ဗိုလ်ချုပ်အောင်ဆန်းနာမည်အပြည့်မသုံးရဲပဲ ဆွဲစားတဲ့ပါတီ

r

ကျောက်ကပ်၊ နှလုံး….. အစုံရမယ်၊ ဒေါ်လာ (၁) သိန်းခွဲ



Aung Moe Win
ရန်ကုန်မြို့ က ကလပ်တခုကို ရောက်သွားတိုင်း အသက်မပြည့်သေးတဲ့ လူငယ်တွေကို အများအပြားတွေ့ ရတယ်။ အနောက်နိုင်ငံတွေမှာတော့ အသက် (၁၈) ပြည့်မှ ကလပ်ထဲကို ဝင်ရတယ်။ အသက် (၂၁) နှစ်ပြည့်မှ ဘီယာ၊ အရက် သောက်လို့ ရတာကိုး။ ဒီမှာက အသက်ကန့်သတ်ချက်မှ မရှိတာ။
တကယ်တော့ မြန်မာနိုင်ငံက ဘာနဲ့ အလားသဏ္ဍန်တူသလဲ ဆိုတော့ အင်္ဂလိပ်က တရုတ်ပြည်ကို ဘိန်းစစ်ပွဲ ဆင်နွဲသလိုမျိုး။
ညနေဆိုရင် ဘီယာဆိုင်တွေမှာ လူတွေအပြည့်၊
ကလပ်တွေမှာ ကြားရက်တွေမှာလည်း အသက်မပြည့်တဲ့လူငယ်တွေက အများအပြား။
ကလပ်ထဲမှာ အဖြူတွေကို ကပ်ပြီး အဖေါ်ရဖို့ ကြိုးစားနေတဲ့ မိန်းကလေးငယ်တွေကို တွေ့ ရတယ်။ အဖြူတွေကလည် ဒေါ်လာ သုံးနိုင်တော့ လူတန်းစားတရပ်ပေါ့။
ဒါပေမယ့် တခုသတိထားရမှာက လူကုန်ကူးမှု ကိစ္စတွေပါ။
လူကုန်ကူးမှု ဆိုတာ မိန်းကလေးတွေကို လိမ်ခေါ်ပြီး ပြည့်တန်ဆာလုပ်ငန်းတွေမှာ ထည့်သွင်းလုပ်ခိုင်းတာ တင် မကဘူး။
မိန်းကလေးတွေကို ရေရှည်ရင်းနှီးမြှုပ်နှံတဲ့ ပြည့်တန်ဆာ လုပ်ငန်းထက်၊ မြန်မြန်ဆန်ဆန်ရမယ့် ငွေကို ရဖို့ လုပ်ကြတယ်။ ဥပမာ လူ့ ရဲ့ ကျောက်ကပ်၊ နှလုံးတွေကို ထုတ်ပြီး ရောင်းတာမျိုး။
ဥရောပ မှာ ဆိုရင် ကိုဆိုဗို နိုင်ငံဟာ လူကုန်ကူးမှု ရဲ့ ဗဟို ဖြစ်လာတယ်။
ဘာလိုချင်သလဲ။
ကျောက်ကပ်၊ နှလုံး….. အစုံရမယ်။
ဒေါ်လာ (၁) သိန်းခွဲ အထက်မှာ ရှိတယ်။
ဆိုတော့
ကလပ်မှာတွေ့ တဲ့ ကောင်မလေးတွေကို တည နှစ်ည ခေါ်အိပ်မယ်။
ပြီးရင် ဘန်ကောက် (သို့ မဟုတ် ) အိမ်နီးချင်း နိုင်ငံတခုခု ကို အလည်သဘော ခေါ်မယ်။
ပြီးရင် ကျောက်ကပ် နှလုံး ထုတ် ရောင်းတဲ့ စီးပွားရေးလုပ်ငန်းထဲမှာ ရုပ်ပျက်ဆင်းပျက် အဆုံးသတ်ခိုင်းမယ်။
ဒါကြောင့် အဖြူတွေ နဲ့ တွဲ ရလို့ ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်မနေစေချင်ဘူး။
ဆင်းရဲတဲ့ နိုင်ငံတွေမှာ ဒီလို ကလပ်တွေကို လာတဲ့ အဖြူတွေ ဆိုတာ လူလည် လူရှုပ်တွေများပါတယ်။
တကယ့် အဆင့်အတန်းရှိတဲ့ အဖြူတွေက အေးအေးဆေးဆေး ဘားတွေမှာပဲ ထိုင်စကားပြောတယ်။ ရိုးရာသီချင်းအကတွေကို ခံစားကြတယ်။
ဒီလို အနံ့ အသက်တွေ ကြားကို လာလေ့မရှိပါဘူး။
မျိုးချစ်စိတ်ဆိုတာ ဘာနဲ့ တိုင်းတာသလဲ။
အစိုးရ တရပ် (သို့မဟုတ် ) နိုင်ငံရေးသမားတွေ ဟာ လူငယ်မျိုးဆက်တွေကို အမျှော်အမြင်ရှိရှိ ဘယ်လိုပြုစုပျိုးထောင်မလဲ ဆိုတဲ့ အချက်က အဓိက ပါမယ်ထင်တယ်။ ခုတော့ ရည်ရွယ်ချက်ရှိရှိ လွှတ်ထားသလိုမျိုးပဲ။
တကယ်တော့ အခြေခံ ဥပဒေပြင်ဆင်ရေးကလည်း အရေးကြီးသလို၊
လူမှု ပြဿနာတွေကို အာရုံစိုက်ဖို့လည်း လိုတယ် ထင်တာပဲ။
Political Elite တွေက ကိုယ့်ဘာသာ မြူးပြီး အပေးအယူညှိနေကြချိန်မှာ
လူထုကြားမှာ လူမှုရေးပြဿနာတွေက ကြီးသထက် ကြီးလာ၊ ပေါက်ကွဲသထက် ပေါက်ကွဲလာတယ်။
တချို့လည်း တတ်နိုင်သလောက်တော့ ကန်ပိန်းလုပ်နေကြတယ် ထင်တယ်။

နံပါတ်တုတ်တွေနဲ့ အကြမ်းဖက် ရိုက်နှက်ခံခဲ့ရတဲ့ ကျောင်းသားလူငယ်တွေ မကြာခဏခေါင်းကိုက်


နံပါတ်တုတ် (Baton)
===============
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ လက်ပံတန်း ဖြစ်စဉ်မှာ နံပါတ်တုတ်တွေနဲ့ အကြမ်းဖက် ရိုက်နှက်ခံခဲ့ရတဲ့ ကျောင်းသားလူငယ်တွေ မကြာခဏခေါင်းကိုက်နေကြတယ် ဆိုတဲ့ စကားကို ကြားမိလို့
စိတ်မကောင်း ဖြစ်ခဲ့မိပါတယ်။

တစ်ချိန်တည်းမှာပဲ ပဲခူးတိုင်း ရဲမှုးကြီး ဝင်းစိန်ပြောသွားတဲ့ "တို့ကိုင်တဲ့ တုတ်တွေကလည်း ပျော့ပျော့လေးတွေပါ။ သစ်သားတုတ်တွေ၊ ဝါးတုတ်တွေ မဟုတ်ဘူး။ ပြောရမယ်ဆိုရင် ဥပမာအရ ငယ်ငယ်တုန်းက ကျောင်းဆရာတွေ ရိုက်တဲ့ ကြိမ်လုံးမျိုးတောင် မဟုတ်ပါဘူး။
ဘာမှမထိပါဘူး" ဆိုတဲ့ ဖာထေး ပြောဆိုခဲ့တဲ့စကားကို ဆက်စပ်လိုက်တော့ အလွန်ပဲ စိုးရိမ်ပူပန်စရာ ဖြစ်သွားပါတော့တယ်။

နံပါတ်တုတ်ကို ကမ္ဘာ့နိုင်ငံ အတော်များများက ရဲတပ်ဖွဲ့တွေဟာ အကြမ်းဖက်မှု အထိကရုဏ်း
နှိမ်နင်းကြတဲ့နေရာတွေမှာ သုံးကြပါတယ်။
နံပါတ်တုတ်ကို အင်္ဂလိပ်လို (baton, truncheon, cosh, billystick, billy club, nightstick, sap, blackjack, stick) လို့ခေါ်ပါတယ်။ နံပါတ်တုတ်တွေကို သစ်သား၊ ရာဘာ၊ ပလပ်စတစ်၊ သံ စတာတွေနဲ့ ထုတ်လုပ်ပါတယ်။ နိုင်ငံတကာက ရဲတပ်ဖွဲ့တွေအနေနဲ့ နှိမ်နင်းရတဲ့ အခြေအနေတွေပေါ်မှာ မူတည်ပြီး
အသုံးပြုတဲ့ အမျိုးအစားက ကွဲပြားပါတယ်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အသုံးပြုတဲ့ နံပါတ်တုတ်တွေဟာရာဘာနဲ့ ပြုလုပ်ထားတဲ့ အမျိုးအစားကို အသုံးပြု ကြတယ်ဆိုတာ ရဲမှုကြီး ဝင်းစိန်ကသူ့စကားမှာ သက်သေခံခဲ့ပြီးပါပြီ။ ရာဘာနဲ့ ပြုလုပ်ထားတဲ့အတွက် ရိုက်နှက်ခံရသူတွေဟာ ကျိုး၊ပဲ့၊ကွဲပြဲခြင်း စတဲ့ အပြင်ပန်း ဒဏ်ရာလက္ခဏာတွေ မဖြစ်ပေါ်ပါဘူး။
ဒါပေမဲ့ internal bleeding လို့ခေါ်တဲ့ ခန္ဓာကိုယ်တွင်းသွေးယိုခြင်း၊ bruise လို့ခေါ်တဲ့
အတွင်းကြေခြင်း၊ အညို အမဲစွဲခြင်း၊ blood clots လို့ခေါ်တဲ့ သွေးခဲခြင်း စတဲ့
နောက်ဆက်တွဲ ဒဏ်ရာတွေ ဖြစ်ပေါ်လာစေပါတယ်။

၎င်းနောက်ဆက်တွဲ ဒဏ်ရာကြောင့် ဖြစ်လာတဲ့ ရောဂါလက္ခဏာတွေဟာ ခန္ဓာကိုယ်အတွင်းပိုင်းမှာ
ဖြစ်တဲ့အတွက် ချက်ခြင်းမသိသာပဲ အချို့ဟာ နောက် ၄၊ ၅၊ ၆ လ နေမှ ရောဂါဝေဒနာ ခံစားရပါတယ်။
ဥပမာအနေနဲ့ နံပါတ်တုတ်နဲ့ ခေါင်းကို မသေမခြင်း အရိုက်ခံရတဲ့ သူတစ်ယောက်ဟာ သွက်သွက်ခါအောင်သာ ရူးသွားမယ်။ ခေါင်းမကွဲပါဘူး၊ သွေးတစ်စက် မထွက်ပါဘူး။

ယခု ခေါင်းမကြာခဏ ကိုက်တယ်လို့ ညည်းညူ နေရတဲ့ ကျောင်းသားလူငယ်တွေဟာ အမှန်တကယ် စိုးရိမ်စရာ အခြေအနေ ဖြစ်နေပါပြီ။ အရိုက်နှက်ခံရစဉ်က ကျွဲရိုက်၊ နွားရိုက် အရိုက်ခံခဲ့ရပေမဲ့ အပြင်ပန်း
ဆေးကုသမှု သာရရှိခဲ့ပြီး အတွင်းဒဏ်ရာတွေကို ဓါတ်မှန်ရိုက် စစ်ဆေးခြင်း မရှိတာဟာ တာဝန်ရှိသူတွေ
အနေနဲ့ တမင်ဖုံးကွယ် လိုတဲ့အတွက်ဆိုတာ သိသာစေပါတယ်။

ထို့ကြောင့် ကျောင်းသားမိဘတွေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ ကလေးငယ်တွေရဲ့
ဒဏ်ရာအခြေအနေကို လိုအပ်တဲ့ စစ်ဆေးကုသမှုတွေလုပ်ဆောင်နိုင်ရန် တောင်းဆို၍ လိုအပ်ပါက နိုင်ငံတကာ NGO များ၏ အကူအညီအား ရယူ၍ လူမဆန်စွာ အကြမ်းဖက် နှိပ်စက်မှုအား စေခိုင်းခဲ့ကြသော တာဝန်ရှိသူများအား ဆက်လက်အရေးယူနိုင်ရန် တင်ပြလိုက်ပါသည်။

စာကြွင်း .... နိုင်ငံတကာ စည်းမျည်းအရ လက်နက်ကိုင် တပ်ဖွဲ့အနေနဲ့ နောက်က ရိုက်ခွင့် မရှိပါ။ ဦးခေါင်းကို ရိုက်ခွင့် မရှိပါ။ အေးဆေးစွာ အဖမ်းခံသူအား ဆက်လက်ရိုက်နှက်ခွင့် မရှိပါ။ ဥရောပ သမဂ္ဂ EU အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့ အညီ ဆန္ဒပြလူစုလူဝေး ဖြိုခွဲခြင်းအား ကျင့်သုံးနိုင်စေရန် အတွက် ဒေါ်လာ ၁၀ သန်း အကုန်အကျခံပြီး ၂ နှစ်နီးပါး သင်ကြားလာခဲ့ပေမဲ့ အာဏာရှင်ဆန်ဆန် စည်းမျည်းဥပဒေများအား ချိုးဖောက်ပြီး လူမဆန်စွာ နှိမ်နင်းခဲ့တဲ့ အစိုးရ တာဝန်ရှိသူတွေအနေနဲ့ ဖြစ်ပေါ်လာမည့် အကျိုးဆက်အား လုံးဝတာဝန်ရှိကြောင်း အသိပေးလိုက်ပါသည်။

Zarni Htike

ကမ္ဘာ့ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီမှာ အကြမ်းဖက်ဖြိုခွင်းမှုနဲ့ ပါတ်သက်ပြီး စတင် ကြားနာ

စွမ်းအားရှင် မရှိဘူးဆိုတဲ့ဦးရဲထွဋ် ဒီ မှာတ ရား ဝင် သက် သေ .....

၂၀၁၅ သိကြားမင်း လူယောင်ဖန်ဆင်းပြီး ပြည်ခိုင်ဖြိုးက ၀င်ရွေးလည်း ရှုံးမှာပဲ



===================================================

ပြည် ထောင်စုမြန်မာပြည်နိုင်ငံတော်အစိုးရ၊ မြေအသုံးချမှုစီမံခန့်ခွဲမှုကော်မတီ နှင့် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်း ခံရမှုကြောင့် ပြည်သူများ နစ်နာမရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်တို့၏ မြေအသုံးမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် အစိုးရဘက်မှ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း၊ ပြည်ထဲ ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးတို့ တက်ရောက်ကြသလို လွှတ်တော်ဘက် က ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း အပါအ၀င် ကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသော ဦးအောင်သိန်းလင်းတို့ တက်ရောက်ခဲ့ကြသည်။

ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက လယ်ယာမြေများကို ဥပဒေအရ သိမ်းဆည်းခြင်းဖြစ်ကြောင်းပြောသလို ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြဿနာများဖြေရှင်းနိုင်ဖို့ တက်ရောက်ဆွေးနွေးခြင်းဖြစ် ကြောင်း ပြောဆိုနေစဉ်မှာပဲ ခန်းမအတွင်း ရောက်ရှိနေကြသော မီဒီယာအဖွဲ့ ကို ဘယ်သူ့ညွှန်ကြားချက်နဲ့မသိဘဲ အပြင်ကို ထွက်ခိုင်းပါတော့သည်။

ဤနေရာတွင် အစိုးရအဖွဲ့ ဘာကိုကြောက်နေတာလဲ မေးစရာဖြစ် လာပါသည်။ ကောင်းမွန်သော အစိုးရ၊ သန့်ရှင်းသောအုပ်ချုပ်ရေးနှုတ်က တဖွဖွပြောနေပြီး ပွင့်လင်းမြင်သာမှုမရှိသည်ကိုတော့ အံ့သြရပါသည်။ သက်တမ်းဘာမှမကြာတော့သည့်ကာလအတွင်း အစိုးရအတွက် နိုင်ငံရေး အကျပ်အတည်းများ ရင်ဆိုင်ဖြေရှင်းနေရပါသည်။ ကျောင်းသား၊ အလုပ် သမား၊ လယ်သမား၊ ဆန္ဒပြမှုများ ယင်းတို့ထက် ဆိုးဝါးသည်မှာ ၂၀၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေး ဖြစ်ပါသည်။

စာရေးသူတို့နိုင်ငံတွင် ၉၀ ရာခိုင်နှုန်းသည် အခြေခံလူတန်းစားဖြစ်ပါ သည်။ နိုင်ငံတွင် ဆင်းရဲသူနှင့် ချမ်းသာသူ လူတန်းစား ၂ မျိုးသာ လက်ရှိမှာ ရှိနေပါသည်။ ယင်းတို့အနက် ခေတ်အဆက်ဆက် ဦးကြီးများ လို့ သုံးနှုန်းခေါ်ဆိုခဲ့ကြသော လယ်သမား၊ ကိုင်းသမား၊ ယာသမားက အများစု ဖြစ်ပါသည်။ စစ်အုပ်ချုပ်ရေးကာလတွင် ဘာကြောင့်မှန်းမသိ၊ မြေလွတ်မြေရိုင်းတွေ များစွာရှိနေပါလျက်နှင့် လယ်ယာမြေ အမြောက်အများကို သိမ်းယူကြပါသည်။

လယ်သမားဦးကြီးများသည် မြေရိုင်းမှ မြေယဉ်ဖြစ်အောင် နှစ်ပေါင်းများစွာ ကြိုးပမ်းခဲ့ရပါသည်။ လယ် သမားများ လုပ်ကိုင်စားသောက်နေကြသည့် လယ်မြေများကို စီမံကိန်း အကြောင်းပြလျော်ကြေး မစို့မပို့ပေးပြီးသိမ်း၊ အာဏာပိုင်များက ခရိုနီများ ကို ပြန်ရောင်းစား၊ လယ်ယာမြေသိမ်းဆည်းခံ လယ်သမားများရှေ့တွင် မရှက်မကြောက် ဟိရိသြတ္တပ တရားကင်းမဲ့စွာ လုပ်ကြပါသည်။

၁၀-၃-၂၀၁၅ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော် အစည်း အဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က လယ်ယာမြေ ဆုံးရှုံးမှုကြောင့် နစ်နာသူ ပြည်သူများကို နစ်နာကြေးပေးဆောင်နိုင်ရန် အတွက် နိုင်ငံတော် ဘတ်ဂျက်တောင်းရာမှာ တိုးတောင်းသင့်ကြောင်း ပြောခဲ့ပါသည်။
ပြဿနာတခုဖြေရှင်းရာတွင် နိုင်ငံတော်နှင့် ပြည်သူအဆင်ပြေသွား အောင်ကြည့်ပြီး ဆောင်ရွက်ဖို့လိုကြောင်း၊ ဘတ်ဂျက်တောင်းလိုက်ပါ။ ပြီးရင်လျော်လိုက်စေလိုကြောင်းနှင့် ပြည်ထောင်စုလွှတ်တော်ကလည်း ယင်းကိစ္စကို ကန့်ကွက်မည်မဟုတ်ကြောင်း ဦးခင်အောင်မြင့်က ပြောကြား သည်။

တကယ်ဆိုလျှင် လျော်ပေးဖို့ ဘတ်ဂျက် တောင်းစရာမလိုပါ။ နေပြည်တော်လိုနေရာမျိုးတွင် နေပြည်တော်ကောင်စီက ဒက်္ခိဏသီရိ (လယ်ဝေး)ဘက်မှာ လယ်သမားများ နှစ်ပေါင်းများစွာ လုပ်ကိုင်စားသောက် နေသော လယ်မြေဧက ရာကျော်ကို သိမ်းပြီး အသိမ်းခံလယ်သမားတွေကို သီးနှံလျော်ကြေးသာသာပေးပြီး ခရိုနီများကို တဧက သိန်း ၁၂၀၀ ဖြင့် ရောင်းထားပါသည်။ ယင်းငွေများဖြင့် လယ်သမားများ ကျေနပ်လောက် သော နေစရာတခုနှင့် လျော်ကြေးပေး၍ ရပါသည်။ လယ်ယာမြေသိမ်း ပြီး ရောင်းစားသည့်ငွေများ ဘယ်ရောက်သွားသလဲ။ သေရင် ယူသွားဖို့ လား၊ အသိမ်းခံလယ်သမားတွေကိုတော့ နေစရာ အစားမပေးဘဲ ဖယ် မပေးတော့ ကျူးကျော်သူဆိုပြီး တရားစွဲ ထောင်ချ၊ အရပ်ဖက်တရားရုံး မဟုတ်ပါဘူး။ စည်ပင်ကဖွင့်ထားတဲ့ တရားရုံးမှာ ဖြစ်ပါသည်။ ကိုယ်လုပ် ကိုင်စားသောက်နေတဲ့ လယ်မြေလည်း အသိမ်းခံရတယ်။ ထောင်ချလဲ ခံနေရပါသည်။

သမ္မတကြီးက မိဘပြည်သူများလို့ခေါ်ဆို သုံးနှုန်းနေပါသည်။ သို့ရာ တွင် အောက်ခြေတွင် အသက် (၈၀)ကျော် အမေအိုကြီးများကို ထောင်ထဲပို့ နေသည်။ အဝေးကြီးမှာ မဟုတ်ပါ။ သမ္မတကြီး တိုက်ရိုက်အုပ်ချုပ်မှုရှိနေ သော နေပြည်တော်လို နေရာမျိုးမှာ ဖြစ်ပါသည်။ မိဘချင်း မစာနာ ထောင် ချသူများက ချနေပေမယ့် စာနာတတ်သူတွေက ငွေကြေးလှူဒါန်းမှုတွေ လုပ်နေတာ၊ နေ့စဉ်ထုတ်ဂျာနယ်၊ သတင်းစာများတွင် မျက်နှာဖုံးဓာတ်ပုံ များဖြင့် ပါနေပါပြီ။ မသိတာလား၊ မသိချင်ယောင်ဆောင်နေသလား။
မိဘပြည်သူတွေကို ဥပေက္ခာပြုထားလေသလား၊ မေးစရာတွေ ဖြစ်နေပါပြီ။ နေပြည်တော်မှာ အခုဖြစ်ပျက်နေတာ စစ်အုပ်ချုပ်ရေးခေတ် က မဟုတ်ပါ။ ပြည်သူတွေ ရွေးပေးလို့ အစိုးရဖွဲ့ခွင့်ရတဲ့ ပြည်ခိုင်ဖြိုးက အမတ်များ အာဏာပိုင်အဖွဲ့ထဲရောက်သွားပြီးမှ လယ်သိမ်းယာသိမ်းလုပ် နေတာ ဖြစ်ပါသည်။

ကြံ့ခိုင်ရေးအတွက် နောက်ဆုံးယူရမည့် အမှတ်က လယ်သမားများ ကြုံတွေ့နေရတဲ့ အခက်အခဲများကို ဖြေရှင်းပေးသည့် နည်းလမ်းသာရှိပါ တော့သည်။ နေပြည်တော်တွင် စည်ပင်တရားရုံး ဖျက်သိမ်းပေးလိုက်လျှင် ၂၀၁၅ တွင် ပြည်ခိုင်ဖြိုးအခြေအနေ ပြန်ကောင်းလာမည် ဖြစ်ပါသည်။
မပြောင်းဘူး၊ မပြင်ဘူးဆိုရင် သိကြားမင်းကြီးဆင်းပြီး ကြံ့ခိုင်ရေးက ၀င်ပြိုင်ရင်လည်း ရှုံးမှာဖြစ်ပါကြောင်း အသိပေးလိုက်ရပါသည်။

ထွန်း(နေပြည်တော်)


News Watch Journal

ပြည်ထောင်စု စာရင်းစစ်ချုပ်၏ အစီရင်ခံစာ မှ စစ်ဆေးတွေ့ရှိချက်များ

ဝန်ကြီးများရုံးသမိုင်းဝင် အဆောက်အဦးနေရာမှာမွေးနေ့ ပါတီပေး



ဗိုလ်ချုပ်ကြီးဟောင်းထွန်းကြည် ဒေါ်နီနီတို့ရဲ့ ဒုတိယသမီးသီသီထွန်းဆိုတဲ့ နေမျိုးဆေးကိုကော်ဖီဆိုင်အမ်းလိုက်တဲ့တယောက်နိုင်ငံရေးသမိုင်းမှာ အထင်ကရသြဇာအာဏာရှိခဲ့တဲ့ သမိုင်းဝင် အဆောက်အဦးနေရာမှာ မွေးနေ့ပါတီလုပ်ဝန်ကြီးများရုံးကို သူ့ယောက်ျား ရုံးမှူး အဆင့်နဲ့တုံးက ဦးစိုးသိမ်းနဲ့ပေါင်းရိုက်ယူထားတာဦနေ၀င်းမြေးတက်ရောက်ဆင်နွဲ...

Kyaw Zin

သာယာဝတီထောင်တွင်မျက်လုံးဒဏ်ရာရကျောင်းသားမောင်သန်းဆွေမျက်လုံးတစ်ဖက်မှာမမြင်ရတော့




လက်ပံတန်းအကြမ်းဖက်ရိုက်နက်မှုကြောင့်မျက်လုံးဒဏ်ရာရကျောင်းသားမောင်သန်းဆွေ
ယခုအခါ မျက်လုံးတစ်ဖက်မှာမမြင်ရတော့ဟုသိရှိရပြီး အချိန်မီ ဆေးကုသမှု ရရှိရန်လိုအပ်နေသည်။
မတ်လ ၁၀ရက်နေ့ လက်ပံတန်း ပင်မသပိတ်အားအကြမ်းဖက်ရိုက်နက်ဖြိုခွင်းခံရမှုကြောင့်
မျက်လုံးဒဏ်ရာရရှိခဲ့သောနတ်တလင်းမြို့မှ မြန်မာစာဒုတိယနှစ်အဝေးသင်ကျောင်းသား
မောင်သန်းဆွေမှာယခုအခါသာယာဝတီထောင်တွင်အခြားရဲဘော်များနှင့်အတူဖမ်းဆီးထိန်း
သိမ်းခံနေရဆဲပင်ဖြစ်ပါသည်။ ဒဏ်ရာရရှိခဲ့သောသူ၏ မျက်လုံးတစ်ဖက်မှာ ယခုအခါ မမြင်ရတော့ဟု
ထောင်ဝင်စာသွားတွေ့ခဲ့သော သူ၏ဖခင် ဦးခင်မောင်ကြည်၏ ပြောပြချက်အရ သိရှိရပါသည်။
ထို့ကြောင့် အချိန်မီ ဆေးကုသမှု ရရှိရန် နှင့်ဆေးကုသမှုခံယူရန် လိုအပ်နေပါသည်။
(Yin Hom)

၁၉၄၇ တုန်းက ဗိုလ်ချုပ်ရေးဆွဲထားတဲ့ အခြေခံဥပဒေ လို့ ဖြီးဖြန်းပြီးပြောတဲ့ သမ္မတ