Thursday, March 26, 2015

ကာချုပ်ကြီးပြောမယ့် တပ်မတော်နေ့ မိန့်ခွန်းကောက်နှုတ်ချက်



Yan Aung

မိမိတို့ တပ်မတော်သည် ..
-
-
တိုင်းပြည် ချောက်ထဲကျဖို့ လက်နှစ်လုံး အလိုတွင် ချေးတွင်းထဲသို့ ထပ်မံဆွဲချခဲ့ကြောင်း..။
ပြည်သူမျာ၏ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးအတွက် မြေဧက သိန်းပေါင်းများစွာကို ခေါင်းစဉ်အမျိုးမျိုးပြပြီး စောင့်ရှောက် ကာကွယ်ခဲ့ကြောင်း ..
တို့တာဝန်အရေးသုံးပါးအရ ပြည်ထောင်စုမပြိုကွဲရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်များကို Upper Hand အပေါ်စီးယူ ကြည်း၊ လေ အင်အားသုံးကာ တိုက်ခိုက်နှိပ်ကွပ်ပြီး ငြိမ်းချမ်းရေးကို တည်ဆောက်ရန် ဆောက်ရွက်နေကြောင်း .။
ကမ္ဘာ့အလယ်တွင် နာမည်ကြီးခဲ့သည့် ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကြီး စတင်ဖြစ်ပွားစေခဲ့သော ဘုန်းကြီးအား ဓါတ်တိုင်တွင် ကြိုးတုပ်ရိုက်နှက်ခြင်းကို ပြုလုပ်ခဲ့ပြီး သံဃာ့အရေးအခင်းတွင်လည်း သေနတ်ဖြင့် ပစ်ခတ်နှိမ်နင်းခဲ့ကြောင်း ..။
အချုပ်အခြာ အာဏာ တည်တန့်ခိုင်မြဲရေးအတွက် ၂၀၁၀ ရွေးကောက်ပွဲကာလတွင် ယခင် နိုင်ငံတော်အာဏာရယူထားသူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကြီး၏ အမိန့်ဖြင့် ဘင်္ဂလီ ခုနှစ်သိန်းမှ ရှစ်သိန်းခန့်အား white card များပေးပြီး မဲပေးစေခဲ့ကြောင်း ..။
နိုင်ငံတော်လုံခြုံရေးနှင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ရခိုင်ဒေသတွင် ရခိုင်စစ်တိုင်းမှူးအဆက်ဆက်အား ကုလားခရိုနီများဖြင့် ပူးပေါင်းစေကာ ဗမက အောင်ကြီးဆိုသူအား နစက ကွပ်ကဲရေးမှူး တာဝန်ပေးအပ်ပြီး မောင်တော ဘင်္ဂလီများအား ၄င်း၏ခွင့်ပြုချက်ဖြင့် ပလီထဲမှ လူစုအကြမ်းဖက်ခြင်း ဖြစ်ပေါ်လာသည်အထိ ကြိုးပမ်းခဲ့ကြောင်း..။
တပ်မတော်ခေါင်းဆောင်များ အာဏာယူစဉ်ကာလ နှစ်သုံးဆယ်ခန့်အတွင်း နိုင်ငံတော်အား ကမ္ဘာ့ အဆင်းရဲဆုံး ဆယ်နိုင်ငံ စာရင်းသို့ ရောက်ရှိသည်အထိ တိုးတက်အောင် စီမံဆောင်ရွက်ခဲ့ကြောင်း ..။
တပ်မတော်သား မိသားစုများ၏ စားဝတ်နေရေး သက်သာချောင်ချိရေးအတွက ဦးပိုင်အမည်ရှိ
မြန်မာနိုင်ငံ၏ အကြီးဆုံး အကျီုးအမြတ်အများဆုံး ပြည်တွင်းစီးပွားရေးလုပ်ငန်းကြီးအား ထူထောင်ကာ အခွန်ရှောင်စီးပွားရေးလုပ်ကိုင်စေခဲ့ပြီး ရရှိသော အကျိုးအမြတ်များအား တပ်မတော်သားများနှင့် ၄င်းတို့၏မိသားစုများ၊ စစ်မှုထမ်းဟောင်းများ၏ ဘ၀အား လိုလေသေးမရှိအောင် အိပ်မက်ထဲတွင် အပြည့်အ၀ ထောက်ပံ့ကူညီစေခဲ့ကြောင်း..။
ထိုသို့ ကူညီခဲ့သဖြင့် စစ်သားဟောင်းများ စာအုပ်ရောင်းခြင်း တောင်းရမ်းစားသောက်ခြင်းနှင့် ကျပန်းအလုပ်လုပ်ခြင်းများ အိပ်မက်ထဲတွင် ပျောက်ကွယ်သွားကြောင်း..။
ခေတ်မီတပ်မတော် ဖြစ်လာစေရန် ရည်ရွယ်ပြီး စစ်လက်နက် ပစ္စည်းများအား ပြည်ပမှ အဆင့်ဆင့် ကော်မရှင်ယူကာ တစ်သောင်းတန်အား တစ်သန်းတန်အဖြစ် မှာယူတင်သွင်း ဖြည့်ဆည်းစေခဲ့ကြောင်း ..။ တစ်ခါတလေ .. အစုတ်ပြတ်များပင် ပါလာကြောင်း ..။
ကကထောက်၊ ကက၀ယ်၊ အစရှိသော ဌာနများ၏ ထိပ်ပိုင်းအရာရှိများအနေဖြင့် ၄င်းတို၏ မိသားစုများမှာ ခေတ်မီတိုက်တာများ နောက်ဆုံးပေါ် ကားများနှင့် ဇိမ်ခံပစ္စည်းများ update အမြဲတမ်း အသုံးပြုကြသည်ကို ကြည့်လျှင် ..
ခေတ်မီတပ်မတော်ကြီးအဖြစ် ရပ်တည်နိုင်သည်မှာ သေချာနေပြီဖြစ်ကြောင်း ...။
ထိုသို့ ခေတ်မီတပ်မတော်ကြီးဖြစ်သည့်အတွက်
လောက်ကိုင်တိုက်ပွဲတွင် အင်အားတစ်ထောင်ခန့်သော
ကိုးကန့်တိန်းရှောင်အဖွဲအား တပ်မလေးခုဖြင့်
အမြောက်နှင့် လေကြောင်းပစ်ကူသုံးကာ အင်အားသုံးနှိမ်နင်းခဲ့ကြောင်း။
လွန်ခဲ့သည့်နှစ်လခန့်က ဖုန်ကြားရှင်မှတိုက်ခိုက်လာမည်ဟု
ကြေညာထားသည်ကို ခေတ်မီနည်းပညာများပြည့်စုံပြီး
အရာရှိစစ်သည်များအသက် အလကားရထားသည့်
မိမိတို့တပ်မတော်မှ ဂရုစိုက်စရာမလိုသဖြင့်
စိတ်မဝင်စားခဲ့ကြောင်း။
ထို့ကြောင့် တိုက်ပွဲဖြစ်ခဲ့သောအခါ
မိမိစစ်သည်တို့၏ အသက်များကို ပိုမိုပေးဆပ်စေခဲ့ကြောင်း။
ရှေ့တန်းနှင့် နောက်တန်းရှိတပ်ရင်းတပ်ဖွဲ့များတွင်
ရာထူးအဆင့်ဆင့်အလိုက် ဇာတ်တူသားစားရန်
ခေါင်းပုံဖြတ်ရန် လေ့ကျင့်သင်ကြားပေးထားသဖြင့်
နောက်တန်းရှိ ဂွင်ကောင်းသောဒေသများတွင်
စစ်ဗိုလ်များအနေဖြင့် တပ်ထဲတွင် ပျော်မွေ့နေကြကြောင်း...။
တပ်ထဲတွင် ရဲဘော်များနည်းပါးသွားသဖြင့်
တပ်ပြေးဦးရေးလည်း နည်းပါးသွားကြောင်း။
တပ်တွင်းသက်သာချောင်ချိရေးပြည့်စုံသဖြင့် အရာရှိများပင် ဒမြတိုက်ခြင်း၊ အနုကြမ်းစီးခြင်းနှင့် မုဒိန်းကျင့်ခြင်း အစရှီသော ဒုစရိုက်မှုများ ခဏခဏ ဖြစ်ပွားသည်မှလွဲပြီး အမြဲဖြစ်ပွားလေ့မရှိကြောင်း..။ ဖြစ်ပွားလျှင်လည်း မိမိတို့၏ ရဲဘော်ရဲဖက်မျာဖြစ်သည့်အတွက် အမှုကို ကွင်းလုံးကျွတ်လွတ်စေခြင်း။ တပ်တွင်း တရားစီရင်မှုဖြင့် ပြင်ပကမသိအာင် အမှုကို အစဖျောက်စေခြင်းခြင့် အကာအကွယ်များစွာ ပေးထားကြောင်း ..။
နိုင်ငံအတွက် အသက်ပေးလှူသွားသော စစ်သည်များ၏ မိသားစုများအတွက် ဘ၀အာမခံချက်ရရှိစေရန်အတွက် .. စစ်ဗိုလ်ချုပ်အငြိမ်းစားများဖြစ်သော နိုင်ငံတော်အကြီးအကဲများ၏ မိသားစုဝင်များနှင့် မိတ်ဆွေခရိုနီများအနေဖြင့် ကေတီဗီ၊ မာဆတ်များ day club, night club များကို နိုင်ငံအနှံ့တွင် ဖွင့်လှစ်ထားပြီး စစ်သည်များ၏ သမီးပျိုများအလုပ်အကိုင် အဆင်ပြေနေကြောင်း ..။
စသဖြင့်...။
ပြောကြားသွားခဲ့ပါသည်..။.

ပဲခူးတက္ကသိုလ်ပါချုပ်ကြီး ဒေါက်တာကြည်စိုး လက်ပတ်ဖြူဖြုတ်မှ ကျောင်းထဲပေးဝင်

ဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများလွတ်မြောက်ရေး ၁၀-၁၀ လှုပ်ရှားမှု




မတ်လ၁၀ရက်နေ့တွင် လက်ပံတန်းမြို့ ၌ စစ်တပိုင်းဦးသိန်းစိန်အစိုးရ၏ မတရားရိုက်နှက်အကြမ်းဖက်ဖမ်းဆီးခြင်းကို ခံခဲ့ရသော ပင်မသပိတ်စစ်ကြောင်းမှ ဒီမိုကရေစီပညာရေးတိုက်ပွဲဝင် ဗကသကျောင်းသား/သူများနှင့် ဝန်းရံပြည်သူများ ပြန်လည်လွတ်မြောက်ရေး ၊ ဒီမိုကရေစီပညာရေး ၊ အကြမ်းဖက်ရိုက်နှက်ဖမ်းဆီးမှုများကို ရှုတ်ချရေးတို့အတွက် လူထုချီတက်ပွဲများ ၊ ဝတ်ပြုဆုတောင်းပွဲများ ၊ နိုင်ငံတော်အကြမ်းဖက်မှု ရှုတ်ချပွဲများကို မတ်လ ၂၇ရက် (ဖက်ဆစ်တော်လှန်ရေးနေ့) ဆယ်နာရီ ဆယ်မိနစ်တွင် မြန်မာတစ်နိုင်လုံးရှိ မြို့များတွင် ပြုလုပ်ကြရန်နှင့် ဒီမိုကရေစီရေး ၊ ဒီမိုကရေစီပညာရေးကို လိုလားသူ ပြည်သူအားလုံး ပူးပေါင်းပါဝင်ကြပါရန် ကျွန်ုပ်တို့ ဗကသများအဖွဲ့ချုပ်မှ မေတ္တာရပ်ခံတောင်းဆိုလိုက်သည် ။


At ပန်းဘဲတန်း.

ရှေ့နေအယောက် ၂၀ ခန့် ပါဝါပေးဘို့ တရားရုံးထဲမှာ အဆင်သင့်


Stella Lwin
ဒီကနေ့ လက်ပတန်း မှာ ၁၀ ရက်နေ့က အကြမ်းဖက်ခံ ကျောင်းသားများကို လက်ပတန်း တရားရုံးရုံးထုတ်ပွဲကို ရှေ့နေကြီး ဦးရောဘတ်စန်းအောင် နဲ့အတူ မြန်မာနိုင်ငံရှေ့နေများကွန်ယက် Freelance ရှေ့နေများ ရှေ့နေအယောက် ၂၀ ခန့် ပါဝါပေးဘို့ တရားရုံးထဲမှာ အဆင်သင့်ရှိနေပါတယ်

သမီးပါလား၊မြင်လိုက်ရလား


Ashin Issariya
ဒီနေ့လက်ပံတန်းတရားရုံးရဲ့အ၀င်တံခါးပေါက်ရှေ့မှာရင်နင့်စွာခံစားလိုက်ရတဲ့အဖြစ်လေး
ပါ။ရဲတပ်ရင်းအစောင့်အရှောက်နဲ့ရောက်လာတဲ့အချုပ်ကားကြီးသုံးစီးဟာတရားရုံးထဲကို
အရှိန်ပြင်းပြင်မောင်းနှင်ဝင်ရောက်လာပါတယ်။အဲဒီအချုပ်ကားနောက်မှာသားရေ၊သမီးရေ
နဲ့အော်သံများတွေနဲ့အတူလူအုပ်ကနောက်ကပြေးလိုက်လာပါတယ်။ရှေ့ဆုံးကအင်္ကျီအ၀ါ
နဲ့ပြေးလိုက်လာသူကဖြိုးဖြိုးအောင်ရဲ့မိခင်ဒေါ်သန္တာဘဲဖြစ်ပါတယ်။သူနောက်ကသူ့အိမ်
သားဒေါက်တာနေ၀င်းပါ။ " သမီးပါလား၊မြင်လိုက်ရလား " ဆိုတဲ့အမေးကိုခွေးတွေက
သမီးတို့ကိုထိုင်ခိုင်းထားတာမမြင်လိုက်ရဘူးလို့ပေါက်ကွဲသံစဉ်နဲ့အ၀င်တံခါးရှေ့ကိုရောက်
အလာမှာတော့ရဲများကဆီးကာလိုက်ပါတယ်။မိဘဖြစ်သူများကိုပင်တရားရုံးထဲဝင်
ခွင့်မပေးပဲတားမြစ်နေပါတယ်။အခြားသူတို့ရဲ့မိသားစုဝင်များရဲ့ငိုကြွေးအော်ဟစ်သံဟာ
လက်ပံတန်းတရားရုံးမှဘ၀ဂ်တိုင်ညံနေပါတယ်။လူအုပ်ကြီးရဲ့ဒေါသနဲ့တုန့်ပြန်မှုကြောင့်
သုံးစေ့နဲ့ပုလိပ်တစ်ကောင်ကသူအကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးပါ့မယ်လို့
လာပြောပါတယ်။နောက်တော့မိဘထဲကတစ်ယောက်သာဝင်ခွင့်ပြုပါတယ်။နောက်နိုင်ငံ
ခြားသားမီဒီယာအပါအ၀င်မီဒီယာများနဲ့ပြည်တွင်းသတင်းသမားတွေကိုဝင်ခွင့်ပြုခဲ့ပါ
တယ်။နောက်နိုင်ကျဉ်းအဖွဲ့လည်းဝင်ခွင့်ရသွားပါတယ်။အခြားဝင်ခွင့်မရတဲ့မိသားစု
ဝင်တွေကတော့မျက်ရည်စက်လက်နဲ့ကိုယ်တောင်ကြားကနေခံစားရလို့နောက်ဆုပ်
နေရပါတော့တယ်။

လိုတာထက်ပိုမိုအင်အားသုံးပြတာဟာနောက်ထပ်အလားသဏ္ဍန်တူဖြစ်ရပ်မျိုးများများ
ဖြစ်အောင်တမင်လုပ်နေတာလားလို့တောင်ထင်ရပါတယ်။နောက်တစ်ခုပိုဆိုးတာက
နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့။ကျောင်းသားတွေကိုရက်ရက်စက်ရိုက်နှက်အကြမ်းဖက်
တဲ့လုံထိန်းတပ်(၁)တပ်ရင်းကိုစေလွှတ်တာပါဘဲ။

ဘာဘဲပြောပြောအချုပ်ကားသံတိုင်ကြားကထောင်ပြသွားတဲ့ကျောင်းသားလေးတွေ
ရဲ့လက်မလေးတွေဟာအာဏာရှင်ရဲ့လက်နက်အားကိုးအကြမ်းဖက်မှုကိုရဲရဲကြီး
အံတုနိုင်တယ်ဆိုတဲ့မြင်ကွင်းကနှလုံးသားထဲကိုစူးဝင်ခဲ့ရပါတော့တယ်။

မောင်သန်းဆွေမျက်လုံးအိမ်နီရဲနေပြီး လုံးဝကြည့်၍မမြင်ရတော့

မတ်လ ( ၁၀ ) ရက်နေ့က လက်ပံတန်းရှိ ပင်မကျောင်းသားသပိတ်အား
အစိုးရရဲတပ်ဖွဲ့မှ တရားဥပဒေမဲ့ အကြမ်းဖက်ထိုးကြိတ်ရိုက်နှက် ဖမ်းဆီးခံခဲ့ရသောကြောင့်
ကျောင်းသားကျောင်းသူများနှင့်ဝန်းရံကူညီကြသူများ အားလုံး ထိခိုက်ဒဏ်ရာပြင်းထန်စွာ
ရရှိခဲ့ကြသော်လည်း သာယာဝတီထောင်ထဲ၌ထိခိုက်ဒဏ်ရာများအတွက်
လုံလောက်သောဆေးကုသမှု ယနေ့တိုင် မရရှိကြသေးပါ။
အချို့မှာ ခေါင်းပေါက် ထိပ်ကွဲ ၊မျက်လုံးရောင်ကိုင်း၊နံရိုးအောင့်၊လက်ကျိုးခဲ့ကြရာ
ဓာတ်မှန်ရိုက်ခွင့်မရသည့်အပြင် ထိရောက်သော လုံလောက်သည့် ဆေးကုသပေးမှုမရသေးပါ။ထိုဒဏ်ရာ ရရှိခဲ့ကြသူများထဲတွင်နတ်တလင်းမြို့မှ ပြည်တက္ကသိုလ် အဝေးသင် မြန်မာစာ ဒုတိယနှစ်ကျောင်းသားဖြစ်သူမောင်သန်းဆွေ မှာ ရဲတပ်ဖွဲ့ဝင်များစွာ၏ချုပ်နှောင်ဖမ်းဆီးပြီး လက်သီးဖြင့်ဝိုင်းထိုးခံခဲ့ရခြင်းနှင့် နံပါတ်တုတ်များဖြင့် ကျောကုန်းနှင့် ဦးခေါင်းတို့ကိုပါ အချက်ပေါင်းများစွာ ထိုးကြိတ်ရိုက်နှက်ခံခဲ့ရသဖြင့် ယခုအခါ ၁၅ ရက်ကြာခဲ့ပြီဖြစ်သော်လည်း လက်ဝဲဖက်မျက်လုံးကိုထိခိုက်မိသောဒဏ်ရာမှာ ယနေ့တိုင် မပျောက်ကင်းသေးပါ။မျက်လုံးအိမ်နီရဲနေပြီး လုံးဝကြည့်၍မမြင်ရတော့ဟု ရုံးထုတ်ချိန်၌ တွေ့ခွင့်ရခဲ့သော မောင်သန်းဆွေ၏ဖခင်ဦးခင်မောင်ကြည်မှ ပြောပြ၍သိရှိရပါသည်။
ထို့ကြောင့်လိုအပ်သောထိရောက်မည့်လုံလောက်သောဆေးကုသခွင့်နှင့်ဆေးကုသမှုပေးရန် မောင်သန်းဆွေ အပါအဝင် အခြားသောထိခိုက်ဒဏ်ရာရနေသောသူများအားလုံးအတွက်
အရေးကြီးနေပါသည်။ထို့အပြင် ယခုဖြစ်ပေါ်နေသော ဖမ်းဆီးခံအားလုံးအတွက်မိဘပြည်သူအားလုံးကလည်းစိတ်ပူစိုးရိမ်လျှက်ရှိနေကြပါသည်။
ဝဲဖက်မျက်လုံးမမြင်ရတော့သော မောင်သန်းဆွေ၏ ပုံကို
အားလုံးသိမြင်နိုင်စေရန် ဖော်ပြပေးလိုက်ပါသည်။

ဝမ်း ဈာန်

ညာဖက်လက်ချောင်း ၃ချောင်းရဲ့အဓိပ္ပာယ်



ညာဖက်လက်ချောင်း ၃ချောင်းရဲ့အဓိပ္ပာယ် -

ဗယ်ဖက်လက်သုံးချောင်းရဲ့အဓိပ္ပာယ်ဖြစ်တဲ့ ကျေးဇူးတင်တာ၊ အားကျဂုဏ်ယူတာနဲ့ ကိုယ်ချစ်တဲ့သူကို နှုတ်ဆက်ရတာဆိုတဲ့ အဓိပ္ပာယ်သုံးမျိုးပေါင်းထားတဲ့ Sign ကို The Hunger Games ထဲမှာဖော်ညွှန်းခဲ့ပါတယ်။ District 12 ဇာတ်ကားထဲမှာတော့ ကိုယ်ရဲဘော်အချင်းချင်းကို ဗယ်ဖက်လက်သုံးချောင်းထောင် နှုတ်ခမ်းမှာကပ်ပြီး ထောင်ပြတဲ့ လက်သုံးချောင်းကို ညာဖက်လက်နဲ့ပြောင်းပြီး အများပြည်သူကို ထောင်ပြလိုက်တဲ့အခါမှာတော့ Rebellion ဆိုတဲ့ သူပုန်ထမှုအဓိပ္ပာယ်ကို စတင်ပေါ်ပေါက်လာစေခဲ့ပါတယ်။

ညာဖက်လက်ကိုသုံးစွဲပြီး လက်သုံးချောင်းထောင်တဲ့ အလေးပြုမှုဟာ အုပ်ချုပ်မှုနဲ့ အာဏာကိုချုပ်ကိုင်ထားသူတွေကို ဆန့်ကျင်တဲ့ လက္ခဏာအဖြစ် ပီပီပြင်ပြင်ပေါ်ပေါက်လာတဲ့နောက်မှာတော့ အတုအယောင်ဖန်တီးထားတဲ့ကမ္ဘာထဲကနေ ရုန်းထွက်ပြီး အစစ်အမှန်ကမ္ဘာကြီးအတွက် ရုန်းကန်တိုက်ပွဲဝင်ကြမယ်ဆိုတဲ့ အဓိပ္ပာယ်အထိ ရောက်ရှိလာပါတယ်။ ဒီကနေ့ကမ္ဘာမှာတော့ လူငယ်ကျောင်းသား လှုပ်ရှားမှုတွေကြားမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာပါတယ်။

ညာဖက်လက်ညှိုးအလယ် ၃ချောင်းထောင်ပြီး လက်ထိပ်တွေကြား သံတိုင်တွေကြားကနေ မတ်လ ၂၅ရက်နေ့မှာ အကျဉ်းစံ သပိတ်မှောက်ကျောင်းသားတွေဟာ သူတို့ရဲ့မိသားစုဝင်တွေ၊ ထောက်ခံအားပေးသူတွေကို ပြပြီး အလေးပြုခဲ့ပါတယ်။ ဒီအဓိပ္ပာယ်ဟာ အာဏာရှင်စနစ်အလိုမရှိ၊ အကြမ်းဖက်ဝါဒ ကျဆုံးပါစေဆိုတဲ့ မြန်မာကျောင်းသားတွေရဲ့ ရုန်းကန်မှုတိုက်ပွဲရဲ့အဓိပ္ပာယ်ကို ဆောင်နေပါတယ်။

Kamayut Media

မြန်မာလူမျိုး တထောင်လောက်ကိုထိုင်းငါးဖမ်းကုမ္ပဏီကကျွန်အဖြစ်ဖမ်း


အင်ဒိုနီးရှားBenjina ကျွန်းမှာ မြန်မာလူမျိုး တထောင်လောက်ကို ထိုင်း ငါးဖမ်းကုမ္ပဏီတွေကဖမ်းထားပြီး ငါးဖမ်းလုပ်ငန်းမှာခိုင်း


BBC Burmese
မြန်မာ နိုင်ငံသားများ အဓမ္မ စေခိုင်း နှိပ်စက်ခံနေရ

အင်ဒိုနီးရှားနိုင်ငံ ကျွန်းရွာတခုဖြစ်တဲ့ Benjina ရွာမှာ မြန်မာ နိုင်ငံသားတွေဟာ အတင်းအဓမ္မ ငါးဖမ်းလုပ်ငန်းမှာ စေခိုင်းခံနေရပြီး နှိပ်စက် ညှဉ်းပန်းခံနေကြရပါတယ်။

မြန်မာ အမျိုးသားတွေဟာ ငါးဖမ်းအလုပ်သမားအဖြစ် လုပ်ကိုင်ဖို့ အင်ဒိုနီးရှား နိုင်ငံ ဘန်ဂျီနာကျွန်းကို အပို့ခံရပြီး အဆိပ်ရှိတဲ့ လိပ်ကျောက်မြီးနဲ့ အရိုက်ခံရတာ၊ ကန်ကျောက်ခံရတာ၊ လှောင်အိမ်တွေထဲမှာ လှောင်ထားခံရတာ စတဲ့ ညှဉ်းပန်းမှုတွေ ခံနေရတာကို အေပီသတင်းဌာ နဲ့ ယူကေအွန်လိုင်း သတင်းစာ MailOnline ရဲ့ သတင်းထောက် ဂျူလီယန် ရောဘင်ဆန်တို့က စုံစမ်းစစ်ဆေး တွေ့ရှိခဲ့ပါတယ်။

ထိုင်းနိုင်ငံကတဆင့် Benjina ရွာကို ငါးဖမ်းဖို့ အဓမ္မ ပို့ဆောင် စေခိုင်းခံရတဲ့ ငါးဖမ်းအလုပ်သမား ၄၀ ကျော်ကို တနှစ်တာကာလအတွင်း တွေ့ဆုံမေးမြန်းထားတာ ဖြစ်ပါတယ်။

ငါးဖမ်းအလုပ်သမားတွေဟာ သောက်ရေသန့်မရှိဘဲ လှေပေါ်မှာ နာရီ ၂၀ ကနေ ၂၂ နာရီအထိ အလုပ်လုပ်ရပြီး လုပ်ခအနေနဲ့ မရသူတွေ ရှိသလို ရတဲ့သူတွေကလည်း အနည်းအကျဉ်းသာ ရကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် လုပ်ငန်းခွင်မှာ ခဏတဖြုတ် အနားယူရင် လိပ်ကျောက်မြီးနဲ့ အရိုက်ခံရတာတွေ၊ ပင်လယ်ပြင်မှာ သေဆုံးသူတွေ ရှိတယ်လို့ ထွက်ပြေး လွတ်မြောက်လာသူတဦးဖြစ်တဲ့ ငါးဖမ်းလုပ်သား ကိုလှိုင်မင်းက ပြောပါတယ်။

အမေရိကန်တွေနဲ့ ဥရောပနိုင်ငံသားတွေ ငါးစားမယ်ဆိုရင် ကျနော်တို့ကို သတိရသင့်ပါတယ်။ ပင်လယ်ကြမ်းပြင်မှာ အရိုးတွေ တောင်လို ပုံနေလိမ့်မယ်၊ လူအရိုးတွေ တောင်လိုပုံနေမှာပါ လို့ ကိုလှိုင်မင်းက ဆိုပါတယ်။

Benjina က ဖမ်းဆီးရရှိတဲ့ ငါးနဲ့ ပင်လယ်စာတွေကို ထိုင်းနိုင်ငံ ဆိပ်ကမ်းက တဆင့် ကုန်တိုက်ကြီးတွေ စားသောက်ဆိုင်တွေနဲ့ စည်သွတ်ဗူးအဖြစ် ပြုပြင်ပြောင်းလဲပြီး အမေရိကန်နိုင်ငံက တိရစ္ဆာန်အစာ ရောင်းတဲ့ဆိုင်တွေကို နိုင်ငံတကာ ကုန်သွယ်မှုလမ်းကြောင်းကနေ တင်ပို့နေတာ ဖြစ်ပါတယ်။

အမေရိကန်ရှိ ကုန်စုံဆိုင်တချို့နဲ့ Kroger ၊ Albertsons ၊ Safeway ၊ Wal-Mart၊ Sysco စတဲ့ ကုန်တိုက်တွေအပြင် ဥရောပနဲ့ အာရှနိုင်ငံတွေကိုလည်း တင်ပို့နေတာ ဖြစ်ပါတယ်။

ငါးဖမ်းအလုပ်သမားဟောင်း တဦးဖြစ်တဲ့ ကိုလှဖြိုးကတော့ ယခင်က လှေပေါ်မှာ သေတဲ့အလုပ်သမားဆိုရင် လှေကြီးကြပ်သူက အလောင်းကို ရေထဲပစ်ချလိုက်တာပဲလို့ ပြောပါတယ်။

နောက်ပိုင်းမှာတော့ အာဏာပိုင်တွေနဲ့ ကုမ္မဏီတွေရဲ့ တောင်းဆိုချက်အရ လှေပေါ်မှာ သေဆုံးသူရှိပါက ငါးဖမ်းလုပ်သားတွေရဲ့ တာဝန်ကျစာရင်းနဲ့အညီ အလောင်းကို Benjina ကျွန်းအထိ ပြန်သယ်လာတယ်လို့ ဆိုပါတယ်။

မြန်မာ နိုင်ငံသားတွေ နေထိုင်ရာ Benjina ကျွန်းပေါ်က တောထဲမှာတော့ သချိုင်းမြေပုံ ၆၀ ကျော်လောက် ရှိနေပါတယ်။

အသက်အန္တရာယ်ကြားက လုပ်ကိုင်နေရတဲ့ ငါးဖမ်းသမားအချို့က မိမိတို့ အိမ်ပြန်လိုကြောင်း သတင်းထောက်တွေကို ပြောဆိုခဲ့ကြတယ်လို့ မတ်လ၂၅ရက်နေ့ MailOnline သတင်းမှာ ဖော်ပြထားပါတယ်။


အောက်ဖော်ပြပါဓါတ်ပုံများက မေးအွန်လိုင်းမှ ဖြစ်ပါတယ်။

လက်ပံတန်းတရားရုံးမှာ အာမခံဖြင့် ၁၁ဦးလွတ်မြောက်

တိုးပြန်ပြီလစာ

တရားရုံးမှာတွေ့ရတဲ့ကျောင်းသားခေါင်းဆောင်များ

အချူပ်ကားထဲကအဆုံးမသတ်တဲ့တော်လှန်ရေးသီချင်း

r

ရန်ကုန်သား ရန်ကုန်သူတွေ အကုန် သာထွက်ခဲ့ကြပါ