Saturday, March 28, 2015

ဆန္ဒ ခံယူ ပွဲလေး လုပ်ကြည့် ချင်ပါတယ်

မထသကိုစိတ်ဝင်စားရင်လဲရာထူးကိုဒီလိုပြောင်းယူလိုက်

ယူထားတဲ့ထိုင်ခုံအရလက်ပံတောင်းတောင်ကိုသွားရမှာကသူမှအစစ်
မထသကိုစိတ်ဝင်စားရင်လဲရာထူးကိုဒီလိုပြောင်းယူလိုက်...
လိပ်စာ
ဦးလှဆွေ
ဥက္ကဌ
မထသ နှင့် ဆူးလေပါတ်ဝန်းကျင်နေ့ဆိုင်းညဆိုင်းညှိကွပ်ကော်မတီ
အိုင် ၁၇
ပြည်ထောင်စုလွှတ်တော်
နေပြည်တော်

လမ်းပေါ်မှာပဲဖမ်းဆီးခံရတဲ့ကိုနန္ဒစစ်အောင်ရဲ.မိန်.ခွန်း

မိခင်ဝမ်းဗိုက်ထဲမှ၃လခွဲက‌လေးလက်ခုပ်တီး


Jen Cardinal  Shared this message: "At our 14 week ultrasound our baby was clapping, so I sang a song with our doctor, while my husband filmed. Edit: the baby clapped three times, our doctor scrubbed it to the beat. It was amazing."
https://www.youtube.com/watch?v=mR6POuFfFNU

ကဗျာရွတ်သည့် လူငယ်ကို ဖမ်းဆီး

ယနေ့ နံနက် ၁၀ နာရီခန့် လှည်းတန်းမီးပွိုင့်အနီးတွင် ဖမ်းဆီးထားသူများပြန်လွှတ်ပေးရေးအတွက် လူငယ်တစုမှ သရုပ်ပြခြင်း ကဗျာရွတ်ခြင်း များပြုလုပ်ခဲ့ကြောင်း သရုပ်ပြရာတွင် ဆန္ဒပြသူများအား ရဲနှင့် လက်ပတ်နီများမှရိုက်နှက်ဖမ်းဆီးသည့်ပုံစံများကိုသရုပ်ပြသခဲ့ကြောင်း ထို့နောက် ဖမ်းဆီးခံထားရသူများရဲ့ အမည်များကိုရွတ်ကာ photo campaign ပြုလုပ်ခဲ့ကြောင်း ကမာရွတ်ရဲမှ ခွင့်ပြုချက်မရှိ ဆန္ဒထုတ်ဖော်သည်ဆိုကာ ခေါင်းဆောင်သည့် လူငယ်ကို ဖမ်းဆီးသွားကြောင်း သိရပါတယ်
 Eleven Media Group

တိုင်းပြည်အခြေအနေဘယ်လိုရှိနေလဲလို့ မေးပြီး ကျွန်းပေါ်မှာ စောင့်စား နေတဲ့ ကိုငွေသိန်း



လင်း ယုန် မာန်
ကျနော့်တိုင်းပြည်အခြေနေ ဘယ်လိုရှိနေလဲ လို့ မေးပြီး ကျွန်းပေါ်မှာ စောင့်စား နေတဲ့ ကိုငွေသိန်း
------------------------------------------------------------------------------------------------------
အသက် ၄၂ ရွယ်ကိုငွေသိန်းကတော့ အင်ဒိုက ဘန်ဂျီးနားကျွန်းလေးအနီးမှာ စောင့် နေဆဲပါ။
သူကငရဲခန်းထဲမှာ ခံစားနေရတဲ့ အလုပ်သမား ၄၀၀၀ ကျော်ထဲက တယောက်ဖြစ်ပါတယ်။
မြန်မာပြည် ကနေ စစ်အစိုးရလက်ထက်ကတည်းက ထွက်ခွာလာခဲ့သူဖြစ်ပါတယ်။
ဒေါ်အောင်ဆန်စုကြည်ကော အကျယ်ချုပ်နဲ့ ပဲလားဟု AP သတင်းထောက်တွေကို မေးခွန်းထုတ်ခဲ့သူပါ။
" ကျနော့်တိုင်းပြည်အနေထား ဆိုးလား ကောင်းလား ကျနော်မသိဘူး။ အရင်ကတော့ ဘယ်မှာပဲဖြစ်ဖြစ် ကျနော်တို့ အသက်ရှင်ရပ်တည်ဖို့ အမြဲ ပြသနာရှိပါတယ်။ " လို့လည်း AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အင်ဒိုက ၀န်ကြိး ကတော့ မိမိတိုင်းပြည်မှာ ဒါမျိုးတွေ လာဖြစ်တာ ကို အံ့သြမိကြောင်း နဲ့ အရင်က ဒါမျိုးတွေ ဖြစ်တာ သာမာန်လို့ ပြောနိုင်ပေမယ့် အခုချိန်မှာတော့ သူ့အနေနဲ့ လုံးဝ လက်မခံနိုင်ကြောင်းပြောသွားပါတယ်။
-----------------------------------
ကျနော်ထင်ပါတယ် ။ ဒီအမှုကို သေချာလိုက်ရင် ထိုင်းဝန်ကြိးထိ လာဘ်စားမှု ရှိတာ တွေ့နိုင်မှာပါ။
Ref: The world post and Daily News
http://www.nydailynews.com/…/4-000-fishermen-enslaved-stran…#
http://www.huffingtonpost.com/…/fishermen-stranded-indonesi…

ထိုင်းအစိုးရ စီစဉ်ပေးလို့ ပျော်၇ွင်စွာ ပြန်ဆုံကြသူများ။ ( မနေ့ညက ပြန်ရောက်လာသူများမှ)

ဦးရဲထွဋ်အသုံးပြုနေသော အင်တာနက် IP က Eleven media group website အားတိုက်ခိုက်

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်အသုံးပြုနေသော အင်တာနက်IP address နဲ့Eleven media group website အား ဆိုင်ဘာတိုက်ခိုက်မှုဖြစ်ပေါ်
.............................................................................


Eleven Media Group Website အား အသုံးပြုခွင့် ပိတ်ပင်ထားသည်ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ၄င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့မှုနှင့် ပတ်သက်၍ ပြန်ကြားချက်
၁။ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်မှ ၄င်း၏ Facebook တွင် Eleven Media Group ၏ Website ဖြစ်သော www.news-eleven.com မှ ၄င်းအား အသုံးပြုခွင့်ပိတ်ပင်ထားကြောင်း မတ်လ ၂၇ ရက်နေ့က ရေးသားဖေါ်ပြခဲ့ပါသည်။
၂။မြန်မာနိုင်ငံတွင် အင်တာနက် Website များအနေဖြင့် Facebook အကောင့်များကဲ့သို့ လူတစ်ဦးချင်းစီကို သီသန့်ပိတ်ပင်၍ မရနိုင်ပါ။ ထို့အတူ မြန်မာနိုင်ငံတွင် မည်သည့် IP ကို မည်သူက အသုံးပြုနေသည်ကို Eleven Media Group အနေဖြင့် မသိနိင်သလို သိခွင့်ရှိသည့် အခွင့်အရေးလည်းမရှိပါ။
၃။ သို့သော် Eleven Media Group ၏ IT Team အနေဖြင့် မည်သည့် IP များမှ Eleven Media Group ၏ Website များကို တိုက်ခိုက်နေသည် ဆိုသည်ကို အမေရိကန်နိုင်ငံအခြေစိုက် Cloudflare ကုမ္ပဏီ၏ လုံခြုံရေးဆိုင်ရာ နည်းပညာများ အကူအညီဖြင့် သိရှိနိုင်ပါသည်။ ထို့ကြောင့် Eleven Media Group ၏ Website များကို ကြိမ်ဖန်များစွာ တိုက်ခိုက်နေသည့် IP များကို ဆက်လက် တိုက်ခိုက်ခြင်း မပြုနိုင်ရန် Cloudflare မှ လုံခြုံရေးအရ ယာယီအသုံးပြုခွင့် ပိတ်ပင်လေ့ရှိပါသည်။
၎။ Eleven Media Gruop ၏ Website များသည် အာဏာရှင်တို့၏ အကျိုးစီးပွား ကာကွယ်လိုသည့် ၀ါဒဖြန့်ချိရေး ယန္တရားတွင် ပါဝင်သူတို့၏ ကြိမ်ဖန်များစွာ တိုက်ခိုက်မှုများကို ခံခဲ့ရပြီး Eleven Media Group ၏ Website အနေဖြင့် ဆုံးရှုံးမှုများ ရှိခဲ့ပါသည်။ ယနေ့အထိလည်း အဆိုပါ တိုက်ခိုက်မှုများ နေ့စဉ်ရှိနေပါသည်။ ထို့ကြောင့် Eleven Media Group ၏ Website အနေဖြင့် လုံခြုံရေးအရ လိုအပ်သော အစီအမံများကို ပြင်ဆင်ထားခဲ့ရခြင်းဖြစ်ပါသည်။
၅။ သို့ရာတွင် Eleven Media Group အား တိုက်ခိုက်နေသဖြင့် ပိတ်ပင်ခံရသော IP မှာ ဦးရဲထွဋ် အသုံးပြုနေသော IP ဖြစ်ကြောင်း ၄င်း၏ Facebook ဖေါ်ပြချက်မှတစ်ဆင့် သိရှိရပါသည်။ ၄င်းကဲ့သို့ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် အသုံးပြုသည့် IP ကိုပင် အသုံးပြုနေသော လူပုဂ္ဂိုလ်အချို့မှ တည်ဆဲဥပဒေကို ချိုးဖောက်ပြီး ဆိုက်ဘာတိုက်ခိုက်မှုများကို ပြုလုပ်ခဲ့၍သာ ဤကဲ့သို့ ယာယီအသုံးပြုခွင့်ကို နည်းပညာအရ ပိတ်ထားသကဲ့သို့ ဖြစ်ခဲ့ရခြင်း ဖြစ်ပါသည်။
၆။ ထို့ကြောင့် ဥပဒေကို ချိုးဖောက်သူများအား ဥပဒေနှင့်အညီ ဖော်ထုတ်အရေးယူပေးပါရန် ပြန်ကြားရေးဝန်ကြီးအား မေတ္တာရပ်ခံပြန်ကြားအပ်ပါသည်။
၇။ ၀န်ကြီးမှ ယာယီပိတ်ပင်ခံထားရသော IP အား ဖော်ပြ၍ တရားဝင်တောင်းဆိုလာပါက ပြန်လည်ပယ်ဖျက်ပေးမည်ဖြစ်ကြောင်း လေးစားစွာ ပြန်ကြားအပ်ပါသည်။
IT Department
(Eleven Media Group)

"မိုက်တဲ့ကောင် ထွက်ခဲ့" တဲ့ ( မြင်းခြံမြို့နယ် အုပ်ချုပ်ရေးမှုး ပြောတဲ့စကား)

ဒီနေ့ကျောင်းသားတွေနိင်တယ်


Ye Yint Naing
ဒီနေ့ကျောင်းသားတွေနိင်တယ်
ရဲတွေခွေးရူးဖြစ်သွားတယ်။အဟက်ဟက်

ရဲတွေ စွှမ်းအားရှင်တွေ အရူးဖြစ်
ကုန်တယ်။သူတို့ကကျောင်းသားတွေကအရင်
ပုံစံအတိုင်းသူတို့ပြောသလိုချီတက်လာမယ်မှတ်
နေပြီး မဟာဗန္ဓု လလမ်းမ ရွှေဘုံသာထိပ်ကနေ
ရဲကား၃စီးနဲ့ပိတ်စောင့်နေတာပါ။

ပြည်သူသတင်းထောက်တွေကလဲသိမ်ကြီးဈေး
မဟာဗန္ဓု ဒေါင့်ကစောင့်နေတာ၃၀၀၀ လောက်
ရှိမယ်။

ကျောင်းသားတစ်ဖွှဲ့က သိမ်ကြီးဈေး အနော်ရထာ လမ်းထိပ်ကနေ ဗီနိင်းထောင်ထွက်
လာတယ်။သိမ်ကြီးဈေးကပြည်သူကအဲဒိအဖွဲ့နဲ့
သွားပေါင်းလိုက်တယ်။သူတို့ကအနော်ရထာလမ်းအတိုင်းချီတက်သွားတယ်။

နောက်တဖွဲ့က အနော်ရထာ ရွှေဘုံသာဒေါင့်ကနေအလံထောင်ထွက်လာပြီး
ရွှေဘုံသာလမ်းအတိုင်း သွားပြီး မဟာဗန္ဓုလလဲ
ရောက်ရော သိမ်ကြီးဈေးနဂိုစုရပ်ကိုချီတက်သွား
တာပေါ့။သိမ်ကြီးဈေးလမ်းဆုံမှာဆန္ဒပြကြွေး
ကြော်ပြီးပွဲကိုအေးဆေးဘဲသိမ်းလိုက်တယ်။

ရဲတွေလဲဘာမှမလုပ်လိုက်နိင်ဘူး ဒီအတိုင်းဘဲရပ်ကြည့်နေလိုက်ရတယ်။
လမ်းတွေလွဲကုန်တာပေါ့

ကျောင်းသားတွေကလဲအပိတ်မခံရ့အောင်
ရှောင်လုပ်သွားတော့ လွတ်သွားတာပေါ့။

ခွေးတွေအရှက်ကွဲသွားတယ် ဟားးးဟားးး

နိုင်ငံတကာမီဒီယာဆွေးနွေးပွဲ ကျင်းပစဉ် မီဒီယာလွတ်လပ်ခွင့်အတွက် ဆန္ဒပြ

Yangon Media Group

စိုးမြင့်နိုင်
ရန်ကုန်မြို ချတ်ထရီယံဟိုတယ် တွင် ပြုလုပ်ကျင်းပနေသည့် International Press Institute (IPI) ကွန်ဖရင့် ပထမနေ့တွင် သတင်းမီဒီယာ လွတ်လပ်မှု ကို လိုလားသည့် သတင်းမီဒီယာ သမားအချို့မှ မီဒီယာဖိနှိပ်မှု ရပ်တန့်ပေး ရန်အတွက် တောင်းဆိုဆန္ဒပြခဲ့ကြောင်း သိရသည်.။

မတ်လ ၂၇ရက်နေ့ကစတင်ကျင်းပသော IPI ကကျင်းပသည့်မြန်မာနိုင်ငံ၏ သတင်း လွတ်လပ်ခွင့် ဆိုင်ရာဆွေးနွေးပွဲတွင် တက်ရောက်လာ မည့်ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီးသတင်းမီဒီယာများအပေါ် ဆက်ဆံ ပုံနှင့်ပြည် ထဲရေးဝန်ကြီးဌာနအားကန့်ကွက်ကြောင်းကို နံနက် ရှစ်နာရီခွဲ ခန့်ကချက်ထရီယံ ဟော်တယ်ရှေ့တွင်ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့သည်။
ယင်းဆန္ဒထုတ်ဖော်ပွဲဦးဆောင်သည့်အလွတ်တန်းသတင်းထောက်ကိုကျော်ဇေယျက “ အစိုးရအ နေနဲ့မီဒီယာတွေကိုရည်ရွယ်ချက်ရှိရှိနဲ့ ဖိနှိပ်နေတယ် လို့ပြောလို့ရတယ်။လက်ပံတန်းအကြမ်းဖက်မှုမှာ အဖမ်းခံရပြီးပြန် လွတ်လာတဲ့ သတင်းထောက်တစ်ဦးရဲ့ ပြောတာဆိုရင်ရဲတွေက မင်းတို့ မီဒီယာတွေ ကြောင့်ဒီလိုဖြစ်ရတာဆိုပြီး သိသိကြီးနဲ့ရိုက် တာတွေတောင်ရှိ လို့ပြောတယ်။နောက်လည်းဒါမျိုးကိစ္စ တွေလည်းရှိလာအုံးမှာဖြစ်တဲ့အတွက် ဒီလိုလှုပ်ရှားမှုလုပ်တာဖြစ်ပါတယ်။” ဟုပြောသည်။

ယင်းဆန္ဒထုတ်ဖော်မှုကိုမော်ကွန်းမဂ္ဂဇင်းမှအယ်ဒီတာတစ်ဦးနှင့်အလွတ်တန်းသတင်းထောက် တစ်ဦးတို့ကဦးဆောင်ပြုလုပ်ခြင်းဖြစ်ပြီး ယင်းလှုပ်ရှားမှု တွင်မီဒီယာဖိနှိပ်မှုရပ်ဆိုသည့်စတေကာများ ဝေခြင်း ဂျာနယ်စာမျက်နှာ တစ်ချို့တွင် သတင်းဖော်ပြထားခြင်းမရှိသည့် ဂျာနယ်များဝေခြင်း များ ပြုလုပ်ခဲ့သည်။

ယင်းအပြင် ဆွေးနွေးပွဲ ခန်းမအတွင်း ပြန်ကြားရေး ၀န်ကြီး ဦးရဲထွဋ် အဖွင့်အမှာစကားပြောနေချိန်တွင် လွတ်လပ်မှုကို လိုလားသည့် သတင်းထောက်အချို့မှ မီဒီယာဖိနှီပ်မှုရပ်တန့်ပေးဆိုသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန့်ကျင်ကန့်ကွက်ခဲ့ကြသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်တွင် သတင်းမီဒီယာလျွတ်လပ်ခွင့်မှာ အတန်သင့်ရရှိလာခဲ့သော်လည်း ၂၀၁၃ ခုနစ်နှောင်းပိုင်းမှ စတင်ဖြစ်ပေါ်လာ သည့် နိုင်ငံရေးအကျပ်တည်းများနှင့်အတူ မီဒီယာဖိနှိပ်မှု များ သတင်းမီဒီယာသမားများကို ထောင်ချမှုများမှာ မကြာခဏဆို သလို ဖြစ်ပေါ်လာခဲ့သည်.

မတ်လ ပထမပတ်အတွင်းနှင့် မတ်လ ၁၀ ရက်နေ့က ဖြစ်ပွားခဲ့သည့် အလုပ်သမားနှင့် ကျောင်းသား သပိတ်အကြမ်းဖက်ဖြိုခွင်းမှုများတွင် သတင်းထောက်အချို့မှာ လုံထိန်းများ၏ ရိုက်နှက်မှုကို ခံခဲ့ရပြီး ထိန်းသိမ်းခံရမှုများလည်း ရှိခဲ့သည်.။

လက်ရှိကျင်းပပြုလုပ်နေသည့် မီဒီယာဆွေးနွေးပွဲကို နိုင်ငံတကာမှာ အထင်ကရ ဂျာနယ်လစ်များ သတင်းမီဒီယာ ဖောင်ဒေးရှင်းနှင့် အဖွဲ့စည်းများမှ တာဝန်ရှိသူများ တက်ရောက်နေကြောင်းလည်း သိရသည်။

တော်လှန်ရေးနေ့ လှုပ်ရှားမှုအပြီး ဗကသကျောင်းသားများ ထပ်မံဖမ်းဆီးခံရ

ဖမ်းဆီးတရားစွဲခံ ကျောင်းသားများပြန်လွှတ်ရေးနဲ့ အကြမ်းဖက်ဖြိုခွင်းသူတွေကို ဖော်ထုတ်အရေးယူဖို့ တော်လှန်ရေးနေ့ ဆန္ဒပြလှုပ်ရှားမှုတွေအပြီး ရန်ကုန်နဲ့ မြင်းခြံမှာ အနည်းဆုံး ၇ ဦး ဖမ်းဆီးခဲ့ရပါတယ်။
ရန်ကုန်မှာ ဖမ်းဆီးခံရသူတွေကတော့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီ ဗကသ (ဗဟို) က ကိုနန္ဒာစစ်အောင်၊ ကိုရှိန်းရာဇာထွန်း၊ ကိုအောင်လေး (ခ) အောင်ထက်အောင်တို့ ၃ ဦး ထိန်းသိမ်းဖမ်းဆီးခံရတယ်လို့ ကျောင်းသား သပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။
ကိုနန္ဒစစ်အောင် ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌကိုဂျိမ်းစ်က “မြို့ထဲမှာ ဆန္ဒပြပွဲတွေပြီးတဲ့ အခါမှာ သက်ဆိုင်ရာ လုံခြုံတဲ့နေရာတွေ ပြန်သွားတဲ့အခါမှာ လမ်းမှာ လိုက်ဖမ်းတာ။ နောက်ဆုံးသိရသလောက် သိမ်ဖြူ မင်္ဂလာတောင်ညွန့် မဆလာစက်မှတ်တိုင်နား အဲဒီနားဝန်းကျင် လမ်းပေါ်မှာပဲ ဖမ်းဆီးခံရတယ်ကြားတယ်၊ အရပ်ဝတ်တွေနဲ့” လို့ ပြောပါတယ်။
အလားတူ မြင်းခြံမှာ လည်း ကျောင်းသား ၂ ဦးနဲ့ ဝန်းရံသူ ၂ ဦး ဖမ်းဆီခံခဲ့ပါတယ်။ မြင်းခြံဒီဂရီကောလိပ် သချာင်္ဒုတိယနှစ် ကျောင်းသား ကိုဉာဏ်မြင့်သန်း၊ ကိုစည်သူမြတ်နဲ့ သပိတ်ဝန်းရံသူ ဦးစိန်းဝင်း၊ မဖြူ (ခ) မခင်သန္တာအောင်တို့ ၄ ဦးဖမ်းဆီးခံခဲ့ရပါတယ်။
သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးတရားစွဲခံနေ ရတဲ့ ကျောင်းသားတွေနဲ့ ၀န်းရံသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ ဒီကနေ့ကျရောက်တဲ့ ဖက်ဆစ် တော်လှန်ရေးနေ့မှာ ရန်ကုန်၊ မန္တလေး၊ မြင်းခြံ၊ မြောင်းမြ၊ ဟင်္သာတ၊ ထားဝယ် စတဲ့ နိုင်ငံတ၀န်း မြို့တွေမှာ ကျောင်းသားတွေက ဆန္ဒပြခဲ့ကြတာပါ။
.
Credit : DVB