Sunday, March 29, 2015

မလေးရှားနိုင်ငံသို့ အခုလက်ရှိ လူကုန်ကူးနေသော သတင်း

သက်ဆိုင်ရာ လူကြီးမင်းများကူညီပေးစေလိုပါသည်
သဘောင်္သားများကို မလေးရှားနိုင်ငံမှ seatime ရမည်ဆိုပြီး
မလေးရှားနိုင်ငံ သို့စေလွှတ်လျှင် လုံးဝမလာကြပါနဲ့.............
သဘောင်္သားတွေ ကို ဝန်ဆောင်မှု့ပေးမယ်ဆိုပြီး အေးဂျင့်ခ
အလုံအလောက်တောင်းပြီး မလေးရှားနိုင်ငံ ဆာရာဝပ် စီဘူး
Sibu မှာ ဆောက်လုပ်ရေး ဆီအုံးနဲ အခြားအလုပ်ကြမ်းများကို
စေခိုင်းနေသည်မှာ သေချာခိုင်လုံနေပါသည်
အေးဂျင့်ကတော့ မြန်မာဘက်ခြမ်းမှ ဧကရီစတား ဖြစ်ပြီး
37 လမ်း အလယ်ဘလောက်မှာဖြစ်ပါတယ်.....စည်သူ
လို့ သူ့နာမည်ကိုသိရပါတယ်...............................
မလေးဘက်ခြမ်းကတော့ လူနာမည်သာသိရပြီး အူးဒင်း ပါ
အခုလက်ရှိ မြန်မာ ၂၀၀ လောက် မလေးဘက်ခြမ်းမှာ
ဒုက္ခရောက်နေကြပြီး နောက်ထပ် လာမည့်သူများသိရှိ
နိုင်ငံရန် နဲ့ အခု မလေးရှားမှာ လူကုန်ကူးခြင်းခံထားရသူ
များမှ အကြောင်းကြားလာပါပြီ
သူတို့လိုမျိုးနောက်လူငယ်တွေ ခလေးတွေ ကို လူကုန်ကူးခြင်း
မခံရစေရန်အတွက် အများသူငှာ ကိုသိစေရန်အကြောင်းကြား
ပေးလိုက်ပါသည်။
အေးဂျင့်ခ သိန်း (၃၀ )ပေးရပြီး အထွေထွေ လုပ်သားဘဝနဲ့
ကုန်တင်တုန်ချသင်္ဘောဆိပ်မှာ လုပ်နေကြရပြီး အရမ်း ပင်ပန်း
ပါတယ်....Sibu , Sound, Kabit မှာလုပ်နေရတာပါ
မနက် 6 နာရီထ နေ့လယ် ထမင်းစားချိန် 12 နာရီကနေ
12:45 ထိနား 6 နာရီထိုးမှနားရတယ်
သောက်ရတာချောင်းရေ ချိုးရတာချောင်းရေ တွေဖြစ်ပြီး
တစ်လကို ဒေါ်လာ ၅၀၀ ရမယ်ဆိုပြီး ဒေါ်လာ ၂၀၀
တောင် မပြည့်ကြပါဘူး.......
အခုလက်ရှိ သင်္ဘောပေါ်မှာ လုပ်လို့မရကြလို့ ဆောက်
လုပ်ရေးမှာ တနေ့ကို ၄၂ ရင်းဂစ်နဲ့ လုပ်နေကြရပါတယ်
မှတ်ချက် ။ ။ မလေးရှားကိုလာမည်ဆိုရင် သတိရှိကြပါ
အခုသတင်းမှာ သေချာပြီး တဖက်သားကို အပုတ်ချခြင်း
မဟုတ်ရပဲ အခုလက်ရှိ မလေးရှားကို လိမ်ပြီး အပို့ခံ
ထားရသူတွေမှ နောက်လာမည့် သူတွေကို ဒုက္ခမရောက်
စေရန်ရည်ရွယ်ပါသည်။
ရှယ်ပေးကြပါ
ဓါတ်ပုံ...............
ကုန်တင်ကုန်ချ လုပ်နေရသော သင်္ဘောများနဲ့
အခု အလုပ်လုပ်နေကြရသော လက်ရှိ ဆောက်လုပ်ရေး

‘‘မြန်မာနဲ့ အင်ဒိုနီးရှားက MoU ရေးထိုးထားရသေးခြင်း မရှိ တော့ တိုက်ရိုက်သွားဝင်ကယ်လို့ မရ

အင်ဒို ၌ ကျွန်လုပ်သားေ ရလုပ်သားများကို မြန်မာ ဘက်က အာဏာပိုင်များကလည်း ကယ်တင်ရန် ပြင်ဆင်
===================================================
အင်ဒိုနီးရှားနိုင်ငံ ဘန် ဂျီးနားရွာရောက် ကျွန်လုပ်သား အဖြစ် ခိုင်းစေခြင်းခံနေရသော မြန်မာနိုင်ငံသား ရေလုပ်သားများ ကို ကယ်တင်ရန် ပြင်ဆင် ဆောင်ရွက်နေကြောင်း
မြန်မာ နိုင်ငံ ရဲတပ်ဖွဲ့လူကုန်ကူးမှု တား ဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ခင်မောင်လှက ပြောသည်။‘‘မြန်မာသံရုံးကို ရေလုပ် သားတွေရဲ့ အချက်အလက် ပို့ နိုင်ဖို့ လုပ်နေပါတယ်။
ဒီဖြစ်စဉ် အတွက် ရဲချုပ်ကိုလည်း တင်ပြ ထားတယ်။
ပြန်ကယ်ထုတ်နိုင်ဖို့ ကို အားလုံးက အလေးထား ဆောင်ရွက်နေပါတယ်’’ ဟု ၎င်းက ပြောကြားသည်။
အဆိုပါ ရေလုပ်သားများ ကို ကယ်တင်ရန် ၎င်းတို့၌ မြန်မာနိုင်ငံသားဖြစ်ကြောင်း အချက်အလက် အထောက်အထားရှိရန် လိုအပ်ပြီး ယင်းအချက်အလက် ရရှိပါက အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာသံရုံးထံ ပေးပို့ကာ သံရုံးမှတစ်ဆင့် ကယ်ထုတ်ပေးရန် အင်ဒိုနီးရှား အစိုးရသို့ တောင်းဆိုရမည်ဖြစ်သည်။ လက်ရှိတွင် ရေလုပ်သားများ၏ အမည်၊ လိပ်စာရရှိရန် စုံစမ်းဖော်ထုတ်မှုများပြုလုပ်နေကြောင်း သတင်းရရှိ သည်။
‘‘မြန်မာနဲ့ အင်ဒိုနီးရှားက MoU ရေးထိုးထားရသေးခြင်း မရှိ တော့ တိုက်ရိုက်သွားဝင်ကယ်လို့ မရဘူး။ ဒါကြောင့် သံတမန် နည်း လမ်းအရပဲ ကယ်ထုတ်နိုင်ဖို့ အ ကူအညီ တောင်းခံသွားရမှာပါ’’ ဟု ဒုရဲမှူးကြီး ခင်မောင်လှက ဆို သည်။
အဆိုပါ ရေလုပ်သားများ မှာ ၎င်းတို့ထံတွင် မြန်မာနိုင်ငံ သားဖြစ်ကြောင်း သက်သေခံအ ထောက်အထား မရှိကြတော့ဘဲ ထိုင်းငါးဖမ်းလှေ ပိုင်ရှင်များက ထိုင်းအမည်များ ပေးထားကြပြီး အထောက်အထားများ ဖျောက်ဖျက်ပစ်လိုက်ကြကြောင်း သတင်းရရှိသည်။
‘‘ငါးဖမ်းလုပ်ငန်းမှာ ရောင်း စားခံရတဲ့ မြန်မာနိုင်ငံသားတွေ ကို ကယ်ထုတ်ဖို့အတွက် ရေ လုပ်သားစာရင်း ကြည့်တဲ့အခါ မြန်မာနာမည်တွေ မဟုတ်တော့ဘဲထိုင်းနာမည်တွေ ပေးထားတော့ ကယ်ဖို့ အဆင်မပြေတာမျိုးတွေ ကြုံတွေ့နေရလို့ ဒီဖြစ်စဉ်တွေအ တွက် ထိုင်းအစိုးရဘက်ကို သူတို့ နိုင်ငံသားလုပ်ငန်းရှင်တွေ ထိထိ ရောက်ရောက် အရေးယူပေးဖို့ ပြောထားတာတွေ ရှိတယ်’’ ဟု အလုပ်သမားညွှန်ကြားမှု ဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုး အောင်က မတ်လ ၂၃ ရက်၌ ပြုလုပ်သည့် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားရေးရာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
‘‘အင်ဒိုနီးရှား အမ်ဘွန်ကျွန်း မှာ မြန်မာတွေ ထောင်နဲ့ချီပြီး ရှိ တယ်။ အဲဒါကို အင်ဒိုမှာရှိတဲ့ မြန်မာသံရုံးကလည်း သိသလို ကျွန်တော်တို့လည်း အလွတ် သဘောပြောဖူးတယ်။ မြန်မာအ စိုးရက ဘာမှထိရောက်တဲ့ အက်ရှင်မယူဘူး။ ဒါတွေက အစိုးရပဲ လုပ်နိုင်မှာ။ အခုလည်း မီဒီယာမှာ ပါလို့သာ လူတွေသိတာဆိုတော့ အခုချိန်မှာ အင်ဒိုမှာရှိတဲ့ မြန်မာ သံရုံးအနေနဲ့ရော အစိုးရအနေနဲ့ ပါ အဲဒီကို ကွင်းဆင်းစုံစမ်းပြီး ကူညီဖို့သင့်ပါပြီ’’ ဟု ထိုင်းနိုင်ငံ အခြေစိုက် ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောသည်။
Credit>> 7day Daily

လူမိုက်ကသိန်းစိန် အဖေါ်ကဥူးဝီ



ထောင်ထွက် လူဆိုးနဲ့
စစ်ထွက်လူမိုက်
တပ်ထွက်မိန့်ခွန်းခြွေပြီးကာမှ
ဒီမိုကရေစီဆိုတာ အသာထား
ကမ္ဘာမှာ မြန်မာမပျောက်စေဖို့
ကမ္ဘာမှာ ဘာသာမပျောက်စေဖို့
ကမ္ဘာမှာ သာသနာမပျောက်စေဖို့
လူမိုက်တွေနှင့် ရင်ချင်းအပ်
လက်ချင်းဆွဲလို့ တိုက်ပွဲဝင်....
(ဥူးဝီ)

လူ ငယ်များ၊ လူကြည်ညိုသော အမတ်လောင်းများဖြင့် ယှဉ်ပြိုင် သွားမည်ဟု ဦးအောင်သောင်း က ဆို

ယခု ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုး ပါတီသည် လူမှုရေး ကိစ္စနှင့် အသက်အရွယ်ကြီး သော အမတ်လောင်းများကို ရပ်နားကာ လူ ငယ်များ၊ လူကြည်ညိုသော အမတ်လောင်းများဖြင့် ယှဉ်ပြိုင် သွားမည်ဟု ဦးအောင်သောင်း က ဆိုသည်။

ဖေါရှောမြင့်ဆွေ

ဖုန်ကြားရှင်တပ်ဖွဲ့မှ တရုတ်နိုင်ငံသား ကြေးစားစစ်သည် ခုနစ်ဦးကို တစ်သက်တစ်ကျွန်း အမိန့်ချ


ရန်ကုန်၊ မတ် ၂၈
လူသတ်မှု၊ ဓားပြမှုများ ကျူးလွန်ခဲ့သည့် ဖုန်ကြားရှင်တပ်ဖွဲ့မှ ကြေးစားစစ်သည်များ ဖြစ်သော တရုတ်နိုင်ငံသား ခုနစ်ဦးကို မတ်လ ၂၆ ရက်နေ့က လားရှိုးခရိုင် တရားရုံးက ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။
“လူသတ်လုယက်မှု ကျူးလွန်ခဲ့သူက ရှစ်ဦး၊ ဒီအထဲမှာ တစ်ယောက်က အသက်က ၁၇ နှစ်ပဲ ရှိသေးတာကြောင့် ထောင်ဒဏ်နှစ်ကြီးတွေပဲ အမိန့်ချခံရတယ်။ ကျန်ခုနစ်ယောက်က တစ်သက်တစ်ကျွန်း ပြစ်ဒဏ်တွေ၊ သာမန်ပြစ်မှုကျူးလွန်ခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်ရာ ရောက်ခဲ့တာကြောင့် ဒီလိုပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချခဲ့တာ” ဟု လားရှိုးခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက ပြောကြားသည်။
အဆိုပါ ထောင်ဒဏ်များ ချမှတ်ခံရသည့် တရုတ်နိုင်ငံသား ရှစ်ဦးသည် ဖေဖော်ဝါရီလဆန်းပိုင်းက မိုင်းလားမြို့သို့ တရားမဝင်ဝ၀င်ရောက်ခဲ့ပြီး ဖုန်ကြားရှင်၏ MNDAA တပ်ဖွဲ့တွင် ကြေးစားစစ်သည် အဖြစ် စစ်သင်တန်း တက်ရောက်ခဲ့ကြောင်း၊ ယင်းနောက် ၎င်းတို့မှာ လစာရိက္ခာ မရရှိသောကြောင့် တပ်ဖွဲ့မှ လက်နက်ခဲယမ်းများကို ခိုးယူကာ အိန္ဒိယနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်စဉ် တနိုင်းမြို့အဝင်၌ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“သူတို့က သေနတ်၊ ကျည်ဆန်၊ လက်ပစ်ဗုံးနဲ့ မိုင်းတွေ ခိုးယူခဲ့ပြီး လားရှိုးမြို့ထဲကို တောလမ်းကနေ ဝင်ခဲ့တာ။ ပြီးတော့မြို့ထဲက ကားတစ်စီးကို လုယူပြီး မန္တလေးဘက် ထွက်ပြေးချိန် လမ်းမှာ ကားတိုက်မှု ဖြစ်ခဲ့တယ်။ ကားပျက်စီးသွားလို့ နောက်ထပ် ကားတစ်စီးကို လုယက်ပြီး ယာဉ်ပိုင်ရှင်ကို သတ်ခဲ့တယ်လို့ ထွက်ဆိုချက်တွေအရ သိရတယ်” ဟု လားရှိုးခရိုင် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
ဓားပြတိုက်၊ လူသတ်မှု ကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသား အသက် ၂၅ နှစ်အရွယ်ရှိ ဟန်လုလု အပါအဝင် ရှစ်ဦးကို တနိုင်းမြို့တွင် ဖမ်းဆီးရမိခဲ့ပြီးနောက် မုံရွာခရိုင် တရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ရာ ၎င်းတို့ရှစ်ဦးကို လဝကအက် ဥပဒေ ပုဒ်မ ၁၃ (၁)၊ လက်နက် ဥပဒေ ၁၉ (က)၊ ဆက်သွယ်ရေးဥပဒေ ၆၇ တို့ဖြင့် ထောင်ဒဏ် ၁၂ နှစ်စီ အသီးသီး အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံက ထုတ်ပြန်ထားသည်။
ယင်းနောက် ၎င်းတို့ရှစ်ဦးကို လားရှိုးခရိုင် တရားရုံးတွင် ဆက်လက်စစ်ဆေးခဲ့ရာမှ မတ်လ ၂၆ ရက်နေ့က မော်တော်ယာဉ် လုယက်မှု၊ ယာဉ်မောင်းဖြစ်သူကို သတ်ဖြတ်မှုတို့ဖြင့် ခုနှစ်ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခဲ့ပြီး ယင်းအဖွဲ့တွင် ပါဝင်ခဲ့သူ အသက် ၁၇ နှစ် အရွယ်ရှိ တရုတ်နိုင်ငံသား ကျန်းလိန်ကို ထောင်ဒဏ် နှစ် ၃၀ အမိန့်ချခဲ့ကြောင်း ယင်းခရိုင် တရားရုံးထံမှ သိရှိရသည်။
တပ်မတော်နှင့် ဖုန်ကြားရှင်တပ်ဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွားနေသည့် လောက်ကိုင်နယ်မြေအတွင်း နယ်မြေရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ရာမှ မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် တရုတ်နိုင်ငံသားများကို စစ်ခုံရုံး၌ စစ်ဆေးကာ နှစ်ရှည်ထောင်ဒဏ်များ အမိန့်ချလျက်ရှိပြီး လက်ရှိအချိန်၌ လောက်ကိုင်ဒေသမှ မူးယစ်ကုန်သည် တရုတ်နိုင်ငံသားအချို့ လားရှိုးမြို့အတွင်း ခိုအောင်းနေထိုင်မှုများ ရှိနေကြောင်း သတင်းများ ထွက်ပေါ်နေသောကြောင့် မြို့ဝင်မြို့ထွက် ဂိတ်များကို ပိတ်ဆို့ကာ စစ်ဆေးရေး လုပ်နေကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရသည်။
The Voice Weekly

ဒေါ်အောင်ဆန်းစုကြည် နေပြည်တော်တွင် အနားယူနေရ



"ကျန်းမာရေးက ကောင်းတယ်။ ရေဓာတ်နဲ့ ဆား ဓာတ်ခန်းတာရှိတယ်။ သတိထား ရတယ်။ အဲဒါကြောင့် အပူထဲ မထွက်ခိုင်းဘူး။ ရန်ကုန်တောင် မဆင်းခိုင်းထားဘူး။ လွှတ်တော် တော့ပြန်တက်မယ်’’ ( ဒေါက်တာတင်မျိုးဝင်း)
အသက်(၇၀)ရှိပြီဖြစ် သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိကျန်းမာရေး အခြေအနေအရ နားနေရန်လို အပ်သဖြင့် ရန်ကုန်မြို့သို့ ပြန် မလာဘဲ နေပြည်တော်၌သာ နားနေရန် မှာကြားထားကြောင်း ၎င်း၏ မိသားစုဆရာဝန်က ပြောသည်။‘‘ဟိုရက်က နည်းနည်းလေး ဖျားတာရှိတယ်။
ကျန်းမာရေးက ကောင်းတယ်။ ရေဓာတ်နဲ့ ဆား ဓာတ်ခန်းတာရှိတယ်။ သတိထား ရတယ်။ အဲဒါကြောင့် အပူထဲ မထွက်ခိုင်းဘူး။ ရန်ကုန်တောင် မဆင်းခိုင်းထားဘူး။ လွှတ်တော် တော့ပြန်တက်မယ်’’ ဟု ဒေါ်အောင်ဆန်းစုကြည်၏ မိသားစုဆရာဝန်၊ ရင်ခေါင်းနှင့် ခွဲစိတ် အထူးကုဆရာဝန်ကြီး ဒေါက်တာ တင်မျိုးဝင်းက ပြောသည်။
‘‘အန်တီက ခရီးသွားရင် လမ်းမှာ လူတွေကနှုတ်ဆက်တဲ့ အခါ ကားထဲကနေ ကိုယ်တစ် ပိုင်းအပြင်ထွက်ပြီး ပြန်နှုတ်ဆက်တယ်။ အပြင်တစ်ပိုင်းက ပူတယ်။ အောက်တစ်ပိုင်းက အေးတယ်။ လက်ရှိ ရာသီဥတုက အရမ်းပူတယ်။ ခရမ်းလွန်ရောင်ခြည်တွေ များနေတယ်’’ဟု ဒေါက်တာတင် မျိုးဝင်းက ပြောသည်။
လက်ရှိ ဖြစ်ပေါ်နေသော ခရမ်းလွန်ရောင်ခြည် အညွှန်း ကိန်းများ၏ အခြေအနေမှာ ကချင်၊ရှမ်းပြည်နယ် (တောင်ပိုင်း)၊ စစ်ကိုင်းတိုင်း ဒေသကြီး (အထက် ပိုင်း)နှင့် မန္တလေးတိုင်းတွင် လွန် ကဲသောအခြေအနေနှင့် ကျန် တိုင်းဒေသကြီးများနှင့် ပြည်နယ် ဒေသများ၌ အလွန်မြင့်မားသောအခြေအနေတွင် ရှိနေကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ၌ ရေးသားထားသည်။
ထို့ကြောင့် ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် မတ်လနှင့် ဧပြီ လဆန်းတို့တွင် မွန်၊ ကရင်ပြည် နယ်၊ ပဲခူးတိုင်းနှင့် မန္တလေး တိုင်းဒေသကြီးများသို့သွားရောက်မည့် ခရီးစဉ်အားလုံး ဖျက်သိမ်းထားကြောင်း သတင်းရရှိသည်။
.
Credit : 7Day Daily

ပုဒ်မ ၅၉(စ)သည် ဗိုလ်ချုပ်ရေးဆွဲခဲ့ခြင်း မဟုတ်ကြောင်း ဦးဉာဏ်ဝင်း ဆို



တေဇာဘုန်းမြင့်
Messenger (29-3-2015)..
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သမ္မတ အရည်အချင်းနှင့် ပတ်သက်သော ပုဒ်မ ၅၉ (စ)သည် ၁၉၄၇ ခုနှစ် အခြေခံ ဥပဒေတွင် ဗိုလ်ချုပ်အောင်ဆန်း ထည့်သွင်း ရေးဆွဲခဲ့ခြင်း မဟုတ်ဘဲ ယင်းပုဒ်မသည် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ကိုသာ ရည်ညွှန်း ထားခြင်း ဖြစ်သည်ဟု NLD ပါတီက ယူဆကြောင်း ယင်းပါတီ ပြောခွင့်ရ ပုဂ်္ဂိုလ် ဦးဉဏ်ဝင်းက The Messenger Media သို့ ပြောသည်။ ၄၇ အခြေခံဥပဒေမှာ ဗိုလ်ချုပ်တို့ ပြောသွား တာက နိုင်ငံခြားသား မဖြစ်ရဘူး။ နိုင်ငံခြား သြဇာမခံ ရဘူး။ မိသားစု၊ အိမ်ထောင် ကိစ္စတွေ မပါဘူး။ ဒါပဲပါတာ။ ဒီပုဒ်မမျိုး ကတော့ မြန်မာနိုင်ငံမှာ ဘယ်တုန်းက မှ မရှိဘူး။ နိုင်ငံတကာ မှာလည်း မရှိဘူး။ ဒီဥပဒေကျမှ ပြဋ္ဌာန်းတဲ့ အတွက် ကျွန်တော်တို့ NLD ဥက္ကဋ္ဌကို ရည်ညွှန်း ပြဋ္ဌာန်းတာလို့ ကျွန်တော်တို့ ပါတီက မှတ်ယူတယ် ဟု ဦးဉဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား KNU မှ အဖွဲ့ဝင် (၁၁) ဦးလာရောက်တွေ့ဆုံ

နေပြည်တော် နှင်းဆီစံအိမ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချု ပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ဦးစောမူတူးစေးဖော ဦးဆောင်သော KNU မှ အဖွဲ့ဝင် (၁၁) ဦးသည် မတ်လ ၂၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅၀ မိနစ်ကလာရောက်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ (၂ ) နာရီကျော်ကြာတွေ့ဆုံခဲ့သော ၎င်းဆွေးနွေးမှုတွင် Ceasefire ကိစ္စများ၊ Peace Process ကိစ္စများ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးကိစ္စများ၊ ရွေးကောက်ပွဲ အစဉ်ပြေချောမွေ့ရေးကိစ္စများကို ပွင့်လင်းစွာဆွေးနွေး၍ နားလည်မှုရရှိခဲ့ကြသည်ဟု သိရှိခဲ့ရပြီး ဆက်လက်ပြီး ပုံမှန်ဆက်သွယ်မှု တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်သွားမည်ဟုသိရှိရသည်။
__________________
NLD Chairperson Office
29-3-2015

အသစ်ပြောင်းလဲလိုက်သော စည်ပင်သာယာအမှိုက်သိမ်းဝန်ထမ်းဝတ်စုံ