Wednesday, April 1, 2015

မြဝတီမြို့တွင် တရားမဝင် တည်းခိုနေသည့် အီရတ်နိုင်ငံသား တစ်ဦးကို ဖမ်းမိ


ကရင်ပြည်နယ်၊ မြဝတီ၊ အမှတ် (၄) ရပ်ကွက်ရှိ ရွှေစံအိမ်တည်းခိုခန်းတွင် မတ်လ ၂၉ ရက်နေ့၊ ည ၁၁ နာရီက ပြည်ဝင်ခွင့်ဗီဇာမပါဘဲ တရားမဝင် လာရောက်တည်းခိုနေသည့် အီရတ်နိုင်ငံသား တစ်ဦးကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန (လဝက) နှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ကြောင်း ယင်းအဖွဲ့အစည်းများ ထံမှ သိရသည်။
ရွှေစံအိမ်တည်းခိုခန်းတွင် နိုင်ငံခြားသားတစ်ဦး ပြည်ဝင်ခွင့်ဗီဇာမပါဘဲ လာရောက် တည်းခိုနေကြောင်း တည်းခိုခန်းပိုင်ရှင်က သက်ဆိုင်ရာသို့ သတင်းပေးပို့မှုကြောင့် မြဝတီခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန (လဝက) မှ ခေါ်ယူစစ်ဆေးမေးမြန်းရာမှ တရားမဝင် လာရောက်နေခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ယင်းတို့က ဆိုသည်။
အဆိုပါ အီရတ်နိုင်ငံသား MR.AMER UASIM YAHY (၄၁ နှစ်) သည် အိန္ဒိယနိုင်ငံ မှတစ်ဆင့် တရုတ်ပြည်တွင်းသို့ ဝင်ရောက်ခဲ့ပြီး၊ တရုတ်ပြည် မှတစ်ဆင့် မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လာခြင်း ဖြစ်ကြောင်း ထွက်ဆိုခဲ့သော်လည်း ခိုင်မာသည့် အထောက်အထားကို မပြသနိုင်ခဲ့ ကြောင်းနှင့် ၎င်းထံမှ ထိုင်းနိုင်ငံအသုံးအဆောင် ပစ္စည်းများကို စစ်ဆေးတွေ့ရှိရသဖြင့် ထိုင်း-မြန်မာ နယ်စပ်ဖြစ်သည့် သောင်ရင်းမြစ်မှ တရားမဝင် ဖြတ်ကျော်၍ ဝင်ရောက်ခဲ့သည်ဟု ယူဆရကြောင်း မြဝတီမြို့မ ရဲစခန်းမှ စခန်းမှူး အောင်နိုင်ရွှေက ပြောကြားသည်။
“သူဟာ အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့က ဖြစ်တယ်၊ တရားမဝင် Passport ပါတယ်၊ မလေးရှားနိုင်ငံ UNHCR ရုံးမှာ refugee ကဒ်၊ ယာယီကဒ်ပုံစံမျိုး လုပ်ထားတာရှိတယ်။ ထိုင်းနိုင်ငံက တစ်ဆင့် မလေးရှားအောက်မှာ ရှိတဲ့ UNHCR ရုံးကို ဆက်သွယ်မေးမြန်းတဲ့အခါ Register သွင်းထားခြင်းသာဖြစ်တယ်၊ တရားဝင် ဒုက္ခသည်တော့ မဟုတ်သေးဘူးလို့ သိရတယ်" ဟု မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးညိုက ရှင်းပြသည်။
မြန်မာနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်လာသည့် MR.AMER UASIM YAHY ကို မြဝတီမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန (လဝက) မှ ဦးစီးအရာရှိ ဦးထွန်းအောင်ကျော်က တရားလိုပြု၍ မြဝတီမြို့မ ရဲစခန်းတွင် (ပ)၃၇/၂၀၁၅ (လဝက)-၁၃(၁) ဖြင့် အမှုဖွင့် အရေးယူထားကြောင်း မြဝတီခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မိုးညိုက ပြောသည်။
မြတ်ကို (ဒေါနမြေ)
The Voice Weekly

လီကွမ်ယုကို ဝေဖန် တိုက်ခိုက် ခဲ့တဲ့ ၁၆ နှစ်အရွယ်ဆယ်ကျော်သက် စင်ကာပူနိုင်ငံသားတဦးကို စွဲချက်တင်

BBC Burmese
ကွယ်လွန်သူ စင်ကာပူ နိုင်ငံ ဗိသုကာ လီကွမ်ယုကို ဝေဖန် တိုက်ခိုက် ခဲ့တဲ့ ဆယ်ကျော်သက် စင်ကာပူနိုင်ငံသားတဦးကို စွဲချက်တင်လိုက်ပြီ ဖြစ်ပါတယ်။

အေးမော့စ် ရီ ဆိုသူ အသက် ၁၆ နှစ်အရွယ် ယောက်ျားလေးက မစ္စတာလီဟာ အာဏာရှင် ဖြစ်တယ်၊ နောက်ပြီး ယေရှုနဲ့ နှိုင်းယှဉ်ပြီး ချိုးချိုးနှိမ်နှိမ် ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီလို သူ့ဘာသာ ပြောကြားထားတာကို ဗီဒီယိုရိုက်ကူးပြီး အွန်လိုင်းမှာ တင်လိုက်တာ ဖြစပါတယ်။

အေးမော့စ် ရီ ကို အခုတော့ ဘာသာရေး ခံစားချက်တွေ အတွက် ထိခိုက်စေမှု စော်ကားတဲ့ ပြောဆိုမှု နောက်ပြီး အဲဒီလို ပြောဆိုတာတွေကို ဖြန့်ချိမှုတွေ နဲ့ စွဲချက် တင်လိုက်တာ ဖြစ်ပါတယ်။

မစ္စတာ လီကွမ်ယု ဈာပနကိုတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျင်းပပြီးစီးခဲ့တာဖြစ်ပါတယ်။

မစ္စတာ လီကွမ်ယုဟာ စင်္ကာပူကို ခေတ်မီ နိုင်ငံတော်ကြီး တခု ဖြစ်လာအောင် ပြောင်းလဲ စေခဲ့သူ ဖြစ်ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ အာဏာရှင်ဆန်တဲ့ အုပ်ချုပ်မှုတွေ အတွက်လည်း ဝေဖန်ခံရသူ ဖြစ်ပါတယ်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲ၏ သဘောတူညီချက်များနှင့် ကွဲလွဲနေကြောင်း NNER ထုတ်ပြန်

rအမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်သည် လေးပွင့်ဆိုင်ဆွေးနွေးပွဲ၏ သဘောတူညီချက်များနှင့် ကွဲလွဲနေကြောင်း NNER ထုတ်ပြန်

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်သည် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ၏ တောင်းဆိုချက်များ၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်များနှင့် ကွဲလွဲနေသည်ကို ဝမ်းနည်းဖွယ် တွေ့ရှိရသည်ဟု ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်က ဧပြီ ၁ ရက်က သဘောထား ထုတ်ပြန်ခဲ့သည်။

လေးပွင့်ဆိုင်ဆွေးနွေးပွဲမှ သဘောတူထားသည့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီက ပြန်လည်ပြင်ဆင်ရေးသားပြီး အမျိုးသားလွှတ်တော်မှ မတ် ၂၆ ရက်က အတည်ပြုလိုက်သည့်အပေါ် NNER ၏သဘောထား ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လေးပွင့်ဆိုင်ဆွေးနွေးပွဲ၏ သဘောတူညီချက်များနှင့် ကွဲလွဲနေသည့် အချက်များကို အသေးစိတ်ဖော်ပြခဲ့သည်။

ကွဲလွဲချက်များနှင့် ပတ်သက်ပြီး ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်ကို တက္ကသိုလ်ပဋိဥာဉ်၊ ပညာရေးဆိုင်ရာ အခြားဥပဒေများနှင့် ပြန်လည်ချုပ်ကိုင်ထားသဖြင့် ကျောင်းသားများနှင့် ဆရာများ၏ လွတ်လပ်ခွင့်ကို ချုပ်ကိုင်ရာရောက်ကြောင်း၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် သဘောတူခဲ့သည့် “ဒီမိုကရေစီ ပညာရေး လွတ်လပ်ခွင့်ကို အာမခံခြင်း” အခန်းအား အမျိုးသားလွှတ်တော်က ပယ်ဖျက်ပြီး “အမျိုးသားပညာရေး မူဝါဒကော်မရှင်” နှင့် အစားထိုးလိုက်ခြင်းသည် ဒီမိုကရေစီပညာရေးစနစ်ကို ငြင်းပယ်ပြီး ဗဟိုချုပ်ကိုင်သည့် ပညာရေးစနစ်ကိုသာ ကျင့်သုံးခြင်းဖြစ်ကြောင်း၊ ထို့ပြင် လေးပွင့်ဆိုင်ဆွေးနွေးပွဲက ပယ်ဖျက်ပြီးဖြစ်သည့် အဆင့်မြင့်ပညာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီကိုလည်း အမျိုးသားလွှတ်တော်က ပြန်လည်ထည့်သွင်းထားသဖြင့် တက္ကသိုလ်များ၏ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို ချုပ်ကိုင်ရာရောက်သည်ဟု NNER ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီက တောင်းဆိုပြီး လေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် သဘောတူခဲ့သည့် “ဒေသအလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” ကို ပယ်ဖျက်ပြီး ဗဟိုချုပ်ကိုင်မှုစနစ်ကိုသာ ပြန်လည်အတည်ပြုထားကြောင်း၊ ဒေသအလိုက် ကျောင်းအလိုက် သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့်ကိုလည်း ပယ်ဖျက်ပြီး ဗဟိုမှချမှတ်သည့် သက်ရိုးညွှန်းတမ်းစနစ်ကိုသာ ကျင့်သုံးထားကြောင်း၊ စာမေးပွဲစနစ်များနှင့် ပတ်သက်၍ ကျောင်းသားများ၏ သင်ယူမှုကို အားပေးသော စစ်ဆေးနည်းကို အမျိုးသားလွှတ်တော်က ပယ်ဖျက်ထားကြောင်း၊ လေးပွင့်ဆိုင်ဆွေးနွေးပွဲ သဘောတူညီချက်ဖြစ်သည့် “လွတ်လပ်စွာ တွေးခေါ်စဉ်းစားနိုင်ပြီး ကိုယ်ပိုင်လေ့လာ သင်ယူနိုင်သည့် သင်ကြားနည်းစနစ်များ” မရရှိတော့ဘဲ အသင့်ရေးထားသည့် ဖတ်စာများကိုသာ အလွတ်ကျက်၊ အလွတ်ဖြေရသည့် စာမေးပွဲစနစ်များသာ ပြန်လည်ကျင့်သုံးခြင်းဖြစ်၍ အမျိုးသားလွှတ်တော်သည် အရည်အသွေးမရှိသည့် ပညာရေးကိုပေးရန် ဆုံးဖြတ်ခြင်းသာ ဖြစ်နေသည်ဟု NNER ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပညာရေး အသုံးစရိတ်ကို ငါးနှစ်အတွင်း တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၂ဝ ရာခိုင်နှုန်း အနည်းဆုံး သုံးစွဲမည်ဟု လေးပွင့်ဆိုင် အစည်းအဝေးတွင် သဘောတူညီခဲ့ကြသော်လည်း အမျိုးသားလွှတ်တော်က “ ... ငါးနှစ်အတွင်း သင့်လျော်သည့် ရာခိုင်နှုန်းအထိ နှစ်စဉ်တိုးမြှင့် သုံးစွဲရန် ရည်မှန်းဆောင်ရွက်ရမည်” ဟု ပြောင်းလဲလိုက်ကြောင်း၊ အမျိုးသားလွှတ်တော်သည် ပညာရေးအသုံးစရိတ် တိုးမြှင့်လိုစိတ် မရှိကြောင်း ဝမ်းနည်းဖွယ် တွေ့ရကြောင်း၊ ထို့ပြင် အမျိုးသားလွှတ်တော်သည် ပညာရေးအသုံးစရိတ်နှင့် ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့တွင် သဘောတူညီခဲ့သည်ကိုလည်း ချိုးဖောက်ရာရောက်ကြောင်း၊ UNESCO က ဦးဆောင်ခဲ့သည့် The Muscat Agreement (2014) တွင် ပညာရေးအသုံးစရိတ်ကို တစ်နိုင်ငံလုံး အသုံးစရိတ်၏ ၁၅ ရာခိုင်နှုန်းမှ ၂ဝ ရာခိုင်နှုန်းအထိ သုံးစွဲရန် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာနက သဘောတူညီခဲ့ပြီးဖြစ်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

လွန်ခဲ့တဲ့၈နှစ်စစ်အစိုးရလက်ထက်ကအမှုဦးသိန်းစိန်လက်ထက်မှာတရားစွဲ

၂၀၀၇ ခုနှစ် ရွှေတိဂုံဘုရားပေါ်တွင်ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးအကျဉ်းသား
အားလုံးလွတ်မြောက်ရေး အင်္ဂါံဝတ်ပြုဆုတောင်းမှု့ဖြင့် အန်တီနော်အုံးလှကို တရားစွဲဆို
ထားမှု့အား ယနေ့ (၁.၄.၂၀၁၅) ရက်နေဒဂုံမြို့နယ်တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ပါ
သည်။ မနက်ဖြန် (၂.၄.၂၀၁၅) ရက်နေ့တွင်လက်ပံတောင်းတောင်မီးလောင်ဗုံးအကြမ်း
ဖက်မှု့ ၂ နှစ်ပြည့် နှင့် မဖြူနှင်းထွေးလွတ်မြောက်ရေး ဆန္ဒပြမှု့ဖြင့် တရားစွဲဆိုထားမှု့အား
ဗပာန်းမြို့နယ် တရားရုံးတွင် ရုံးထုတ်ဆက်လက် စစ်ဆေးမည်ဖြစ်ပါသည်။
သတင်းဓါတ်ပုံ- Min Nay Htoo.

ဗိုလ်ချုပ်အောင်ဆန်းဓါတ်ပုံကို ကြံ့ ဖွတ်ပါတီ ဆိုင်းဘုတ်နဲ့  တွဲမလို့ တဲ့

ရာဇ၀င်တွင်မည့်သက်သေများ

ရွှေညဝါဆရာတော် သတင်းစာရှင်းလင်းပွဲ ကျင်းပ

ဒေါ်အောင်ဆန်ုးစုကြည်နဲ့ နယ်သာလန် ဘုရင်မ မက်စီမာတို့ တွေ့ဆုံ

မြင်းခြံတွင် ကျောင်းသားများအား အမှုဖွင့်