Tuesday, April 7, 2015

တရုတ်သံရုံးဆန္ဒပြမှု ဘယ်သူတွေကို သက်သေအဖြစ် တင်သွင်းခဲ့သလဲ

တရုတ်ကဗမာပြည်ကိုအတုနဲ့သမ

rတရုတ်ပြည်နယ်စပ်

ပြိုင်သုံးနေကြတာ စောင့်ကြည့်ဖို့ကော်မတီဖွဲ့ဖို့ပြော တော့ အစီအစဉ် မရှိသေးပါတဲ့။

ရွှေညဝါဆရာတော်တရားဟောမည်


*************************
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့်ရက်အကန့်အသတ်မရှိတရားပွဲဟောခွင့်ပိတ်ပင်ထားခံရသောအရှင်ပညာသီဟ(ရွှေည
ဝါ)ဆရာတော်သည်။၁၂.၄.၂၀၁၅ရက်နေ့၌ရွှေပြည်သာမြို့နယ်အ
မှတ်(၁၀)ရပ်ကွက်အ.မ.က(၂၆)ကျောင်းဝင်းတွင်ပြုလုပ်သော
တရားပွဲတွင်၎င်းည၇း၃၀အချိန်မှစတင်၍တရားနာပရိတ်သတ်များအားတရားရေအေးတိုက်ကျွေးသွားမည်ဖြစ်ပါသည်။
သက်ဆိုင်ရာမှခွင့်ပြုချက်မယူခဲ့သော၎င်းတရားပွဲကိုဦးဆောင်ပြုလုပ်သည့်၈၈ငြိမ်း/ပွင့်
ရွှေပြည်သာတာဝန်ခံဦးမြင့်သိန်းက"ကျွန်တော်တို့ဘယ်လိုအခက်
ခဲအတားဆီးရှိပါစေဖြစ်အောင်ပြုလုပ်သွားမှာဖြစ်ပါတယ်။ဒီပွဲကို ကိုမင်းကိုနိုင်
တို့ကိုဂျင်မီတို့လဲတက်ရောက်ပြီးဆရာတော်ကိုသင်္ကန်းကပ်လှုမှာပါ။ဆရာတော်ကလည်းဘယ်ပုဂ္ဂိုလ်ဘယ်အဖွဲ့အစည်းကတားတားဟောဖြစ်အောင်ဟောမည်ဟုမိန့်ကြားထားကြောင်း"ပြောပြခဲ့သည်။
ထို့ကြောင့်စိတ်ပါဝင်စားသူတရားနာပရိတ်သတ်အပေါင်းသူတော်ကောင်းတို့အနေနှင့်သံတောင်လမ်းအ.မ.က(၂၆)
ကျောင်းဝင်းအမှတ်(၁၀)ရပ်ကွက်ရွှေပြည်သာသို့၁၂.၄.၂၀၁၅
ရက်နေ့ည၇း၃၀ထက်နောက်မကျစေဘဲအရောက်ကြွလှမ်းခဲ့ကြဖို့နိဗ္ဗာန်အကျိုးမျော်၍နိုးဆော်လိုက်ရပါသည်ခင်ဗျား။

မြန်မာသမ္မတသိန်းစိန်ပုံအောက်က မှတ်ချက်က ဒေါ်အောင်ဆန်းစုကြည်စကား ဖော်ပြ



U Ravika
ပညာရှိစကား

"ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံကို နိုင်နိုင်နင်းနင်း အုပ်ချုပ်နိုင်မှာမဟုတ်၊ အုပ်ချုပ်ပါက မြန်မာနိုင်ငံဟာ ဘော့စနီးယား-ဟာဇီဂိုဘိုင်းနားလို တစ်စစီ ပြိုကွဲသွားလိမ့်မယ်၊ ဒါကြောင့် သူမဟာ နိုင်ငံရေးသင်္ကေတတစ်ခုအနေနဲ့သာ နေသင့်တယ်" (လီကွမ်ယူ-၁၉၉၆)

"" စင်ကာပူက နိုင်ငံ ငယ်လေးဖြစ်ပေမယ့် လွတ်လပ်တဲ့ အမှီအခိုကင်းတဲ့နိုင်ငံ ဖြစ်အောင် လီကွမ်ယုက စွမ်းဆောင်ခဲ့တယ် ၊ ဘာသယံဇာတမှ ပြောပလောက်အောင်ကို မရှိသော်ငြားလည်း ၊ လီကွမ်ယု က ရိုးသားပြီး အရည်အချင်းပြည့်ဝတဲ့ ခေါင်းဆောင်တယောက် ဟာ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာ ကို မြင့်တင်နိုင်တယ် ဆိုတာ သက်သေပြခဲ့ပါတယ် ။" (ဒေါ်အောင်ဆန်းစုကြည် -၂၀၁၅)

အပေါ်က စကား(၂)ခုကို နှိုင်းကြည့်ပါ။ မစ္စလီစကားဟာ စစ်ခွေးတွေရဲ့ လက်သုံးစကားပါ။ မစ္စတာလီကလည်း တကယ်ပြောခဲ့တာပါ။ မစ္စတာလီက ဒေါ်စုကိုပဲ မှတ်ချက်စကားပြုခဲ့တာ မဟုတ်ပါဘူး။ စစ်တပ်အရာရှိတွေနဲ့ စကားပြောရတာဟာ လူသေတွေနဲ့ စကားပြောရသလိုပါပဲလို့ မှတ်ချက်ပြုဖူးသူလည်း ဖြစ်ပါတယ်။ မစ္စတာလီဆုံးတော့ ဟိုက အင်တာဗျူးလုပ်တယ်။ သမ္မတသိန်းစိန်ကို အင်တာဗျူးလုပ်ခဲ့လေသလား မသိရပါ။ ဒေါ်စုကိုတော့ အင်တာဗျူးလုပ်သွားခဲ့ပါတယ်။ ဒေါ်စုလက်တန်းပြောသွားတဲ့ စကားကို ဖတ်ကြည့်ပါ။ သူ့မှာ အဃာတဆိုတာ မရှိဘူး။ နာရေးတစ်ခုမှာ ဘာကို ပြောရမလဲ သိတယ်။ အကောင်းနဲ့အဆိုးမှာ အကောင်းကိုပဲ ရွေးပြောတယ်။ ဒေါ်စုမှတ်ချက်ကို မစ္စတာလီ ကြားစေချင်တယ်။ ဒါပေမဲ့ သူ ကြားဖို့ မထိုက်တန်တော့ပါဘူး။

ဟိုက နားရေးသွားတက်တဲ့ နိုင်ငံတကာခေါင်းဆောင်တွေကို ပုံနဲ့ ဖော်ပြပေးပါတယ်။ မြန်မာသမ္မတသိန်းစိန်လည်း မစ္စတာလီရဲ့ နာရေးကို တက်ရောက်ခဲ့တာမို့ သူ့ပုံကိုလည်း ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ သူ့ပုံအောက်က မှတ်ချက်က ဒေါ်အောင်ဆန်းစုကြည်စကား ဖြစ်နေတယ်။ quotation က မှားခဲ့ဟန်မတူပါ။ တမင်တကာ ထည့်ခဲ့တယ်လို့ ယူဆမိပါတယ်။ စင်ကာပူနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်စကားကို သမ္မတသိန်းစိန်ပုံအောက်မှာ ထည့်လိုက်ခြင်းဖြင့် "သမ္မတသိန်းစိန်ကို ရိုးသားပါ"လို့ ပြောသလို ဖြစ်နေပါတယ်။

အနည်းဆုံးတစ်ခုတော့ ရှိတယ်။ မြန်မာနိုင်ငံကို သံလက်သီးနဲ့ အုပ်ချုပ်မှ ရမယ်လို့ မစ္စတာလီ ယူဆခဲ့ပါတယ်။ မစ္စတာလီရည်ညွန်းတဲ့ စစ်တပ်ကနေ လူပျံတော်ဖြစ်လာတဲ့ သမ္မတသိန်းစိန်ပုံအောက်မှာ ဒေါ်စုစကားကို တည့်ဖို့ စင်ကာပူဝန်ကြီးချုပ်ရုံးက ဆုံးဖြတ်ခဲ့ခြင်းမှာ မစ္စတာလီစကားဟာ မှားယွင်းခဲ့ကြောင်း သက်သေတစ်ခု ဖြစ်တယ်။ ဒါပေမဲ့ မစ္စတာလီရဲ့ သုံးသပ်ချက်ဟာ ၁၉၉၆-ခုနှစ်က ဖြစ်တယ်။ အဲဒီအချိန်တုန်းက တိုင်းရင်းသားတွေအတော်များများက အစိုးရနဲ့ အပစ်ရပ်ပြီး ငြိမ်းအဖွဲ့တွေ ဖြစ်နေခဲ့ကြတာပါ။ တိုင်းရင်းသားအချင်းချင်းကလည်း ဘယ်တုန်းကမှ ညီညွတ်လှတယ်ရယ်လို့ မရှိပါဘူး။ အခုလည်း သိပ်ညီညွတ်လှတာ မဟုတ်ပါ။ ဒါကြောင့် မစ္စတာလီက ဒီတိုင်းရင်းသားတွေကို သံလက်သီးနဲ့ အုပ်ချုပ်မှ ဖြစ်မယ်၊ မြန်မာ့တပ်မတော်မရှိရင် တဗိုလ်တမင်း ထောင်လာမှာမုချပါပဲလို့ ရှုမြင်ခဲ့တာ ဖြစ်တယ်။ အခု UNFC အဖွဲ့ဝင်တွေ နဲ့ UNFC အဖွဲ့ဝင်မဟုတ်တဲ့ အဖွဲ့အစည်းတွေက အစိုးရကို ဖိအားပေးရမဲ့အစား အချင်းချင်းပဲ ဖိအားတွေ ပေးနေတာကိုလည်း လေ့လာတွေ့ရှိနိုင်ပါတယ်။ ဒီတိုင်းရင်းသားတွေနဲ့ အတိုက်အခံတွေအားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်နောက်မှာ မားမားမတ်မတ် ရပ်တည်ပေးကြမလားဆိုတာ သံသယဖြစ်စရာပါပဲ။

ဒါကြောင့် မစ္စတာလီရဲ့ စကားကို သတိပေးခေါင်းလောင်းသံအဖြစ် အသုံးချပြီး ဒေါ်စုစကားကို အလင်းတန်းတစ်ခုအဖြစ် မှတ်ယူရမှာ ဖြစ်တယ်။ တိုင်းရင်းသားအားလုံး စည်းလုံးညီညွတ်ကြဖို့ အချိန်တန်ပါပြီ။ အတိုက်အခံတွေအားလုံး စုစည်းညီညွတ်ကြဖို့လည်း အချိန်တန်ပါပြီ။ တိုင်းရင်းသားအားလုံးနဲ့ အတိုက်အခံတွေအားလုံး ဒေါ်အောင်ဆန်းစုကြည်နောက်မှာ ရပ်တည်ပေးကြဖို့ လိုပါပြီ။

ဓာတ်ပုံကိုတော့ ကိုလိုလွင် (ဗမာ့သားကောင်း)ကနေ ယူသုံးတယ်။

နို့သောက် နောက်သို့၊ ထီးပျောက် ထောက်ပြီး၊ အပစ်ရပ် အပြတ်ရစ်



U Ravika

လက်ရှိတဘောင်အရ အစိုးရက နောက်သို့ ထောက်ပြီး အပြတ်ရစ်ဖို့ ညစ်လေပြီ။ အချက်အလက်နဲ့တကွ ရှင်းပြပါ့မယ်။ နို့သောက်ပါလို့ သိန်းစိန်က နိမိတ်ပြကတည်းက နောက်သို့ ပြန်ရောက်သွားခဲ့ရတယ်။ ရှေ့မတိုးနိုင်တော့ပါ။ တစ်ဖန် ထီးပျောက်တဲ့ပုံကို တင်ပြီး သိန်းစိန်နဲ့ မင်းအောင်လှိုင်တို့က သွားလေသူကြီးရဲ့ မျက်နှာကို ပြန်ထောက်ခဲ့ရတယ်။ အခု အပစ်ရပ်ဖို့ကိစ္စ လုံးပမ်းနေကြတယ်။ KNU ဥက္ကဋ္ဌမူတူစေးဖိုးနဲ့ EBO ပဲ့ကိုင်ရှင် ဟန်ယောင်ဝေတောင် ဒေါ်အောင်ဆန်းစုကြည်နားရောက်ခဲ့ပြီ။ မိမိတို့ စောင့်ကြည့်ရမှာကတော့ RCSS, KNU, & NLD တို့ ပူးပေါင်းပြီး မင်းအောင်လှိုင်ကို ပျော့ပျောင်းအောင် လုပ်နိုင်မလားဆိုတာပဲဖြစ်တယ်။

(၁) မူမမှန်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ

သမ္မတသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့က အမေရိကန်ပြည်ထောင်စုကို အလည်အပတ်ရောက်လာတဲ့ ၂၀၁၂ ခုနှစ်မှာ မြန်မာပြည်သူများနဲ့ တကမ္ဘာလုံးက မျှော်လင့်ချက်ထားရှိခဲ့တယ်။ ဓာတ်ပြားဟောင်းကို ပြန်ဖွင့်ရရင် သမ္မတသိန်းစိန်ကိုတောင် Champion of reform လို့ ဘွဲ့တံဆိပ်ပေးခဲ့ကြတယ်။ အခု (၅)နှစ်အတွင်းမှာ ပြုပြင်ပြောင်းလဲရေးချိန်ပီယံဆိုတဲ့ စကားလုံးကို မကြးရတော့ပါ။ ဒါဟာ ဘာကြောင့်ပါလဲ။
အာဏာရှင်အတော်များများက စစ်မှန်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု genene political reform ကို အမှန်တကယ် မလုပ်ဘဲ နိုင်ငံရေးအရ ဖြေလျှော့မှုအချို့ (political liberalizations) ကို အသုံးချပြီး အာဏာရှင်စနစ်ကို ကယ်တင်လေ့ရှိတယ်။ ဒါကို regime survival kits လို့ မိမိအမည်ပေးမယ်။ အခု မြန်မာအစိုးရလုပ်ပုံကိုင်ပုံကို ကြည့်ရင် အရင်က စစ်တပ်အရာရှိဟောင်းတွေက ဘောင်းဘီချွတ်ပြီး အရပ်သားအစိုးရဟန်ဆောင်ကာ စစ်အာဏာရှင်ကယ်တင်ရေးမဟာဗျူဟာကို အကောင်အထည်ဖော်နေခြင်းမျှသာ ဖြစ်တယ်။ ဒါကို Regime-driven survival strategy လို့ မိမိပြောမယ်။

၂၀၀၇-ခုနှစ် ရွှေဝါရောင်ကိစ္စ ဖြစ်ပြီးတဲ့နောက်မှာ အာရပ်နွေဦးဒီမိုကရေစီအရေးတော်ပုံတွေ ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပါတယ်။ မြန်မာစစ်အာဏာရှင်တို့ဟာ ဒီအတိုင်း ဆက်သွားလို့ မရတော့ဘူးလို့ သိရှိလာကြတယ်။ ဒါကြောင့် စစ်အာဏာရှင်စနစ်ကယ်တင်ရေးစီမံကိန်းကို စတင်ခဲ့တယ်။ ၂၀၀၈-ခုနှစ်မှာ အမျိုးသားညီလာခံကို လက်စသတ်ခဲ့ပေးခဲ့တယ်။ ၂၀၁၀-ခုနှစ်မှာ မတရားတဲ့ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ကြတယ်။ NLD ပါတီကို မှတ်ပုံတင်စေခဲ့တယ်။ ကြားဖြတ်ရွေးကောက်ပွဲ ဝင်နိုင်အောင် လုပ်ထုံးလုပ်နည်းဥပဒေအချို့ကို ဖြေလျှော့ပေးခဲ့တယ်။ လွှတ်တော်ကို ဝင်ရောက်အောင် ဆွဲဆောင်နိုင်ခဲ့တယ်။ ဒါတွေဟာ နိုင်ငံရေးအရ ဖြေလျှော့ပေးခြင်း Political Liberalization လို့ ခေါ်ပါတယ်။ လာမဲ့ ၂၀၁၅-ခုနှစ်အထွေထွေရွေးကောက်ပွဲကိုလည်း လုပ်ပေးပါလိမ့်မယ်။

ဒါပေမဲ့ ရွေးကောက်ပွဲက လွတ်လပ်ရုံပဲဆိုရင် ဒါဟာ ဒီမိုကရေစီမဟုတ်သေးဘူး။ တရားမျှတဖို့လည်း လိုပါ့မယ်။ စစ်အာဏာရှင်တို့ဟာ ရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ် ကျင်းပပေးနိုင်ပါ့မယ်။ ဒါဟာ နိုင်ငံရေးအရ ဖြေလျှော့ပေးတဲ့အဆင့်ပဲ ရှိပြီး နိုင်ငံရေးပြုပြင်ပြောင်းလဲရေးမဟုတ်သေးလို့ ဖြစ်တယ်။ ဒါကို ခွင့်ပြုခြင်းဖြင့် သူတို့ရဲ့ အာဏာစက်ကို ခြိမ်းခြောက်မှု မရှိပါဘူး။ ဒါကို လွတ်လပ်တဲ့ ရွေးကောက်ပွဲကို ခွင့်ပြုခြင်းအားဖြင့် ပြည်သူလူထုကို ထုံဆေးထိုးထားနိုင်မယ်၊ အခြားနိုင်ငံရေးအကြပ်အတည်း၊ လူမှုရေးအကြပ်အတည်းတွေနဲ့ စီးပွားရေးအကြပ်အတည်းတွေကို အာရုံလွှဲရာရောက်စေနိုင်ပါတယ်။ အနည်းဆုံး အမှန်တကယ် အာဏာရှိတဲ့ စစ်တပ်ကို မေ့မေ့လျှော့လျှော့ ဖြစ်သွားစေမှာ ဖြစ်ပါတယ်။

(၂) နိုင်ငံရေးပြုပြင်ပြောင်းလဲရေးဆိုတာ ဘာလဲ

နိုင်ငံရေးပြုပြင်ပြောင်းလဲရေး (Political reform) ဆိုတာ နိုင်ငံရေးအကူးအပြောင်းကာလ (Political transition) မှာ အင်မတန် အရေးပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးကို လုပ်ကြမယ်ဆိုရင် ဒီမိုကရေစီနည်းကျအောင် ပြုပြင်ပြောင်းလဲရမယ်လို့ မိမိတို့ သိထားပါတယ်။ ဒီမိုကရေစီနည်းကျအောင် ပြောင်းလဲရမယ်လို့ ပြောရင်လည်း ဒီမိုကရေစီအနှစ်သာရ မရှိတဲ့ လက်ရှိ ၂၀၀၈ -ခုဖွဲ့စည်းပုံကို မဖြစ်မနေ ပြင်ရမယ်ဆိုတာ သေချာပါတယ်။ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးဆိုတာ အတိုက်အခံတွေက စစ်အာဏာရှင်စနစ်ကို ပြောင်းလဲလက်ခံလိုက်တာ မဟုတ်ဘူးဆိုတာ ပြောစရာမလိုပါဘူး။

အခု သမ္မတသိန်းစိန်နဲ့ မင်းအောင်လှိုင်တို့က ဖွဲ့စည်းပုံပြင်ဖို့ အလားအလာမရှိပုံကို ကိုယ်စီပြောသွားကြပါတယ်။ နောက်တစ်ခုဖြစ်တဲ့ သတင်းစာနယ်ဇင်းလွတ်လပ်ခွင့်ကို ပြန်ချုပ်ကိုင်ထားတာတို့၊ ဆန္ဒပြသူများကို အင်အားသုံးဖြိုခွဲတာတို့၊ လယ်သိမ်းမြေသိမ်းပြဿနာကို မဖြေရှင်းဘဲ ဆန္ဒပြသူများကို ပြန်ပြီးတော့ တရားစွဲတာတို့၊ ဥပဒေမဲ့လုပ်ရပ်များကို ဥပဒေကြောင်းနဲ့ ညီတယ်လို့ ပြောလာတာတို့ဟာ ပြုပြင်ပြောင်းလဲရေးအတွက် အလားအလာ မကောင်းလှပါဘူး။ စီးပွားရေးဖြေလျှော့ပေးတာတို့တောင် များများစားစား မရှိသေးပါဘူး။ နေရာတိုင်းမှာ အစိုးရ၊ စစ်တပ်နဲ့ ခရိုနီတို့ကပဲ လက်ဝါးကြီးအုပ်ထားတာ ဖြစ်တယ်။ ဒါဟာ နောက်တစ်ဆင့်ဖြစ်တဲ့ Democratization ဒီမိုကရေစီမှုပြုခြင်းကို အိပ်မက်တောင် မက်လို့ မရတဲ့အနေအထားပါ။ ဖွဲ့စည်းပုံတောင် မပြင်ရသေးဘဲ ဒီမိုကရေစီမှုပြုလို့ ဘယ်ဖြစ်မလဲ။

Democratization ဆိုရင် လူထုက အစိုးရအပေါ် သြဇာသက်ရောက်မှု ရှိတယ်။ အခုအစိုးရက အာဏာရှင်ဆန်တဲ့အစိုးရ (Autoritarians) အဆင့်ထက် ပိုပါတယ်။ အာဏာရှင်ဆန်တဲ့ ဝါဒမှာတောင် ဒီမိုကရေစီမှုကို ပြုလို့မရပါဘူး။ ဒီမိုကရေစီ ရှင်သန်လို့ မရပါဘူး။ ဒါကြောင့် ပြည်သူတွေကို နည်းနည်းလေးတောင် စုဝေးခွင့် မပေးနိုင်တာ ဖြစ်တယ်။ ပြည်သူတွေက အစိုးရကို နည်းနည်းလေး ဖိအားပေးလာတာနဲ့ စစ်တပ်၊ အစိုးရနဲ့ စစ်လော်ဘီ စာနယ်ဇင်းတို့က တရားဥပဒေစိုးမိုးရေးအကြောင်းကို တသွင်သွင်ပြောပြီး တာဝန်လက်ပတ်နဲ့ စွမ်းအားရှင်တွေကို ရိုက်ခိုင်းတော့တာပဲဖြစ်တယ်။ အဆိုးဆုံးက ရဲတပ်ဖွဲ့ဝင်တို့ဟာ ယာကူဇာဂိုဏ်းဝင်ဆန်ဆန် အကြမ်းဖက်နေကြခြင်းပဲ ဖြစ်တယ်။ ဒီအခြေအနေမှာ ဒီမိုကရေစီမှုကို ဘယ်လိုပြုနိုင်မှာလဲ။ စိတ်ကူးယဉ်နေတဲ့အဆင့်ထက် မကျော်ပါဘူး။

၃။ အာဏာရှင်စနစ်လည်း အနိစ္စတရားပဲ

၂၀၁၅-ခုနှစ်အထွေထွေရွေးကောက်ပွဲ နီးကပ်လာတာနဲ့အမျှ စစ်တပ်က ဘာကြောင့် ထိုးစစ်ကို အကြီးအကျယ် ဆင်နွှဲလာပါသလဲ။ ဒါက မေးခွန်းတစ်ခုပါ။ နောက်ပြီး ဘာကြောင့် ဆွေးနွေးပွဲတွေ စိပ်လာပါသလဲ။ ဒါလည်း မေးခွန်းတစ်ခုပါ။ ဘာကြောင့် ၆-ပွင့်ဆိုင်နဲ့ ဝမ်းချဖို့ စိတ်ကူးလာပါသလဲ။ ဒါလည်း မေးခွန်းတစ်ခုပါ။ နောက်ပြီး ပြည်နယ်နဲ့တိုင်းဆိုင်ရာဇယားကွက်တွေကို ဘာကြောင့် ဖြေလျော့ပေးပါသလဲ။ ဒါလည်း မေးခွန်းတစ်ခုပါ။ ဇယားကွက်အချို့ကို ဖြေလျှော့ပေးခြင်းမှာ တိုင်းရင်းသားများကို တံခါးဖွင့်ပေးတာမဟုတ်ဘဲ NLD ကို လွှတ်တော်ကျုံးသို့ သွင်းခဲ့သလို KNU/RCSS စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ကို ကျုံးသွင်းဖို့ ဖြစ်တယ်။

မိမိတို့တွေ့မြင်လိုတာကတော့ ဖွဲ့စည်းပုံကို မြန်မြန်ဆန်ဆန် ပြင်ပါ။ ဖွဲ့စည်းပုံကို ဒီမိုကရေစီနည်းကျကျ၊ ဖက်ဒရယ်နည်းကျကျ ပြင်ခဲ့ရင်တောင် ဒီမိုကရေစီမှုပြုဖို့ နှစ်ပေါင်းများစွာ ကြာပါအုံးမယ်။ အခုကျတော့ ဖွဲ့စည်းပုံပြင်ဖို့ကို ဆွေးနွေးပွဲနဲ့ အချိန်ဆွဲနေပါတယ်။ ဒါဟာ အစိုးရရဲ့ မရိုးသားမှု ဖြစ်တယ်။ ဒီလိုမရိုးသားမှုတွေကြောင့်ပဲ အစိုးရအပေါ်မှာ ဖိအားတွေ အများကြီး ဖြစ်စေပါတယ်။ အဲဒီဖိအားတွေကို လျှော့ပါးစေဖို့နဲ့ ပြည်သူတို့ကို အာရုံပြောင်းဖို့ ကြံမိကြံရာ ကြံနေကျအတိုင်း တိုင်းရင်းသားတွေကို ထိုးစစ်ဆင်တယ်၊ ကျောင်းသားတွေကို ဖိနှိပ်ပြတယ်၊ တောင်သူလယ်သမားတွေကို ဖမ်းပြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သမ္မတသိန်းစိန်ကို ရိုးသားဖို့ သွယ်ဝိုက်တဲ့နည်းနဲ့ ပြောသွားပါတယ်။ စင်ကာပူနဲ့ လုပ်တဲ့ အင်တာဗျူးတစ်ခုမှာပါ။ လီကွမ်ယုနဲ့ သူရဲ့ ရိုးသားမှုနဲ့ အရည်အချင်းရှိမှုတွေကြောင့်ပဲ စင်ကာပူကို ဂုဏ်ရောင်တောက်စေခဲ့တယ်လို့ ဆိုပါတယ်။ စင်ကာပူဝန်ကြီးချုပ်ရုံးမှတ်တမ်းစာအုပ်ရှိ သမ္မတသိန်းစိန်ပုံအောက်မှာ ဒေါ်အောင်ဆန်းစုကြည်စကားကို ဖော်ပြခြင်းဖြင့် အဓိပ္ပါယ်ပေါင်းမြောက်မြားစွာ ထွက်ရှိစေပါတယ်။

စစ်အုပ်စုတွေ မသိတာ တစ်ခု ရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်လို ခေါင်းဆောင်တစ်ယောက်ကို နှစ်ခါ မရနိုင်ဘူးဆိုတာပဲဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ကြောင့် ဒီပြည်ထောင်စုက ဘော့စနီးယား-ဟာဇီဂိုင်းဗီနား ဖြစ်လာမှာမဟုတ်ဘဲ ဒေါ်စုမရှိလို့ သိန်းစိန်လိုလူကြောင့်ပဲ ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသလို ပြိုကွဲစေမှာ မုချပါပဲ။ ဂေါဘာချော့(ပ်)ရဲ့ဖြစ်အင်ကို ပြန်ကြည့်ပါ။ Mikhail Gorbachev က အခုစစ်အုပ်စုလိုပဲ ကွန်မြူနစ်စနစ်ကို ပေါင်ဒါသပြီး ရုရှားပြည်သူတွေကို နိုင်ငံရေးဖြေလျှော့မှုတွေ လုပ်ဖူးပါတယ်။ သူရဲ့ Glasnot Reform ဟာ အခုမြန်မာအစိုးရလုပ်နေတဲ့ Political Liberalization နဲ့ အားလုံးနီးပါး ဆင်တူနေပါတယ်။ ဓားစာခံရှာလိုတဲ့အခါတိုင်း တိုင်းရင်းသားတွေနဲ့ ကျောင်းသားတွေကို သွားသွားပြီး ရန်သွားမစနဲ့ဗျ။ အခု ရခိုင်က ရခိုင်ပြည်မှာ စစ်မျက်နှာဖွင့်လာနိုင်သလို ဘက်ပေါင်းစုံနိုင်ငံရေးအံတုမှုနဲ့လည်း ရင်ဆိုင်ရနိုင်ပါတယ်။ အနိစ္စတရားထဲမှာ အာဏာရှင်စနစ်လည်း ပါဝင်ပါတယ်။ မမြဲပါဘူး။ နိုင်ငံရေးမျက်လှည့်ပြရမဲ့အချိန် မဟုတ်တော့ပါဘူး။ အလုံးစုံမပျက်သေးခင် ကောင်းကောင်းမွန်မွန်နဲ့ အာဏာလွှဲပေးဖို့ လိုပါ့မယ်။

တပ်မတော်မူ(၆)ချက်ဆိုတာ ဘာလဲ



U Ravika

၂၀၁၃ ခုမှာ မင်းအောင်လှိုင်က တပ်မတော်မူ(၆)ချက်ဆိုပြီး ပြောလာပါတယ်။ အခု အကြိမ်(၇၀)ပြည့်တပ်မတော်နေ့မှာလည်း ဒီမူ(၆)ချက်ကို ငြိမ်းချမ်းရေးလမ်းစဉ်ဖြစ်တယ်လို့ ဆိုလာပြန်ပါတယ်။

တပ်မတော်မူ (၆)ချက်ဟာ တိုင်းရင်းသားတို့အတွက် အထူးအဆန်းဟုတ်မဟုတ်ပါ။ ဖြတ်လေးဖြတ်ကနေ မြစ်ဖျားခံလာတဲ့ ဖိနှိပ်ရေးမူများသာ ဖြစ်ကြောင်း သိသင့်တယ်။ စိတ်ပါဝင်စားသူများ လေ့လာထားသင့်ပါတယ်။
စစ်အာဏာရှင်ဟောင်း ဦးနေဝင်းက ၁၉၆၂ - ခုနှစ်မှာ အာဏာသိမ်းပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို ချေမှုန်းဖို့ ပြင်ဆင်ခဲ့ပါတယ်။ အဲဒီတုန်းက အင်အားအကြီးဆုံးမှာ ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ပါပဲ။ ဒါပေမဲ့ ဒီနှစ်ဖွဲ့ကိုပဲ ချေမှုန်းချင်ခဲ့တာ မဟုတ်ပါဘူး။ အခြားအဖွဲ့တွေကိုလည်း နည်းတူ ချေမှုန်းရေးနည်းဗျူဟာများ ချမှတ်ခဲ့ပါတယ်။

ဖြတ်လေးဖြတ်နည်းဗျူဟာ (နေဝင်းမူ) (၁၉၆၅ - ၁၉၈၃)
တော်လှန်ရေးကောင်စီက ၁၉၆၅ - ခုနှစ်ကနေ ၁၉၈၃ - ခုနှစ်အထိ ဖြတ်လေးဖြတ်နည်းဗျူဟာကို အသုံးချပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများကို နယ်စပ်ဒေသအထိ မောင်းထုတ်နိုင်ခဲ့တယ်။ အဲဒီဖြတ်လေးဖြတ်နည်းဗျူဟာမှာ

၁။ ရိက္ခာဖြတ်ခြင်း၊
၂။ ဘဏ္ဍာငွေဖြတ်ခြင်း၊
၃။ သတင်းနဲ့ဆက်သွယ်ရေးဖြတ်ခြင်းနဲ့
၎။ လူထုနဲ့ အဆက်အသွယ်ဖြတ်ခြင်း တို့ ဖြစ်တယ်။
ဒီဖြတ်လေးဖြတ်ကြောင့် သောင်းကျန်းသူများနဲ့ ဆက်သွယ်တယ်ဆိုပြီး တိုင်းရင်းသားပြည်သူများကို ပေါ်တာဆွဲခြင်း၊ ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ မုဒိမ်းကျင့်ခြင်း၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သလို ရွာပေါင်းများစွာကိုလည်း ဖျက်ဆီးခဲ့ပါတယ်။ တိုင်းရင်းသားတော်လှန်ရေးသမားများက မိမိတို့ ပြည်သူများကို ညှာတာထောက်ထားရတာနဲ့ တိုက်ပွဲတွေမှာ အသာစီး မရနိုင်ခဲ့ကြပါဘူး။ ဒါကြောင့် ရပ်ရွာနဲ့ ဝေးတဲ့ တောစွန်တောင်ဖျားနယ်စပ်ဒေသများကို ရွှေ့သွားခဲ့ကြရပါတယ်။ ဒါပေမဲ့ ၁၉၈၀ ပြည့်နှစ်များမှာ ဆိုရှယ်လစ်စီးပွားရေးစနစ်ကြောင့် ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံဘွဲ့ကို ရရှိဖို့ နီးစပ်လာတာနဲ့အမျှ နယ်စပ်တွေမှာ မှောင်ခိုစီးပွားရေးက အားကောင်းလာခဲ့ပါတယ်။ ဒါကြောင့် နေဝင်း အသုံးပြုခဲ့တဲ့ ဖြတ်လေးဖြတ်နည်းဗျူဟာဟာ နေဝင်းရဲ့ ဆိုရှယ်လစ်မူဝါဒကြောင့်ပဲ မအောင်မမြင် ဖြစ်သွားခဲ့ရပါတယ်။

လိုက်နာရန်(၁၀)ချက်ခေတ် (စောမောင်မူ) (၁၉၈၉-၂၀၀၀)
ရှစ်လေးလုံးအရေးတော်ပုံကို ဖြိုခွဲပြီး အာဏာရလာတဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)ဟာ ရဲရင့်တဲ့ ချဉ်းကပ်နည်းတစ်မျိုးကို သုံးလာပါတယ်။ ဖြတ်လေးဖြတ်ကို အရောင်ဆိုးပြီး အနည်းငယ် လျှော့ပေးသလို လုပ်တယ်။ ပြီးတော့ ကွန်မြူနစ်ပါတီကို အပြုတ်တိုက်ဖို့ ဘာပဲပေးရပေးရ ပေးပြီး တစ်ဖွဲ့ချင်းဖြိုတဲ့နည်းကို ကျင့်သုံးလာတယ်။ အပစ်ရပ်ကို အချိန်ဆွဲထားနိုင်ခဲ့ရင် တော်လှန်ရေးစိတ်ဓာတ် ပျောက်ကုန်မယ်လို့ တွက်ထားကြပါတယ်။ ဖြတ်(၁၀)ဖြတ်ကို ဖြတ်လို့ မသုံးတော့ဘဲ လိုက်နာရန် တစ်ဖက်အဖွဲ့ လိုက်နာရန် အချက်(၁၀)ချက်လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့တယ်။

၁။ သတ်မှတ်နယ်မြေအတွင်းမှာပဲ တပ်ဖွဲ့တွေ နေထိုင်ရမယ်။
၂။ အင်အားတိုးချဲ့ခြင်းမပြုရ။
၃။ ဆက်ကြေး၊ အကောက်အခွန်များ မကောက်ခံရ။
၎။ ပြည်သူလူထုထံမှာ ရိက္ခာသီးနှံ ပစ္စည်းများ မကောက်ခံရ။
၅။ နိုင်ငံတော်အုပ်ချုပ်ရေးမှာ ဝင်ရောက်စွက်ဖက်ခြင်းမပြုရ။
၆။ မြို့ပေါ်နိုင်ငံရေးပါတီများနဲ့ မဆက်သွယ်ရ။
၇။ မတရားအသင်းအဖွဲ့များနဲ့ မဆက်သွယ်ရ။
၈။ ထောက်လှမ်းရေးခွင့်ပြုချက် မယူဘဲ အခြားငြိမ်းအဖွဲ့များနဲ့ မဆက်သွယ်ရ။
၉။ မြို့များကို သွားလာရာမှာ လက်နက်၊ ဆက်သွယ်ရေးစက် မယူရ။
၁၀။ မြို့များကို သွားလာရာမှာ ထောက်လှမ်းရေးကို ကြိုတင်အကြောင်းကြားရမယ်။
ဒီတော့ (၁၀)ချက်မှာ ဖြတ်လေးဖြတ်ပါဝင်နေသလို နဝတတို့ သဘောမကျတဲ့ ဒီမိုကရေစီအင်အားစုများနဲ့ အခြားပြည်တွင်းပြည်ပကျောင်းသားအင်အားစုများနဲ့ပါ အဆက်အသွယ်ဖြတ်ခိုင်းထားကြောင်း တွေ့ရမှာ ဖြစ်တယ်။ ၁၉၉၇ - ခုမှာ စစ်အာဏာရှင်တို့က နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)ကနေ နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွဲ့ဖြိုးရေးကောင်စီလို့ ပြောင်းလဲခေါ်ဝေါ်တဲ့အခါမှာလည်းပဲ ဒီအချက်(၁၀)ချက်ကိုပဲ ဆက်လက်ကြည့်သုံးပါတယ်။ ဒါပေမဲ့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းမှာ စစ်အာဏာရှင်စနစ် တရားဝင်ဖြစ်ရေးအတွက် လက်ရှိဖွဲ့စည်းပုံကို အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့ရာ လမ်းပြမြေပုံ(၇)ဆင့်ကို ဦးစားပေးနေရလို့ တိုင်းရင်းသားတို့အရေးမှာ နည်းနည်းလေး လစ်ဟာမှု ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံ အတည်ဖြစ်တာနဲ့ စစ်အစိုးရက ကတိဖျက်ပြီး အပစ်ရပ်ပျက်ပြားမယ်လို့ အဲဒီတုန်းက ဟောကိန်းထုတ်ခဲ့ပါတယ်။

သဘောတူညီချက် (၁၄)ချက်ခေတ် (သန်းရွှေမူ) (၂၀၀၄-၂၀၁၀)
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းပေါင်းများစွာကို အပစ်ရပ်အောင် စည်းရုံးနိုင်ခဲ့ပြီး အာဏာပါဝါနဲ့ ပြည့်စုံလှပါတယ်ဆိုတဲ့ ဝန်ကြီးချုပ်ခင်ညွန့်ဟာ ၂၀၀၃ ခုမှာ ပြုတ်ကျသွားခဲ့တယ်။ အပစ်ရပ်ရေးဗိသုကာ ခင်ညွန့် ပြုတ်သွားလို့ အရင်းက အချက်အလက်များကိုပဲ အနည်းငယ် ပြောင်းလဲစေပြီး လက်နာရန်ဆိုမဲ့အစား သဘောတူညီချက်ဆိုပြီး လုပ်လိုက်တယ်။

၁။ အစိုးရနဲ့ ဆန့်ကျင်တဲ့ အဖွဲ့များနဲ့ မဆက်သွယ်ရ။
၂။ လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ် စွန့်လွှတ်ရမယ်။
၃။ အင်းအားမတိုးချဲ့ရ၊ လူသစ်မစုရ။
၎။ စစ်သင်တန်းမပေးရ၊ စစ်လေ့ကျင့်မှု မလုပ်ရ။
၅။ လူ၊ လက်နက်၊ ဖွဲ့စည်းပုံစာရင်း အသေးစိတ်ပေးရမယ်။
၆။ ဆက်ကြေး၊ ဘိန်းခွန်မကောက်ရ။
၇။ အစိုးရကွပ်ကွဲမှုနဲ့ သွားလာရမယ်။
၈။ သတ်မှတ်နယ်မြေအပြင်ကို သွားရင် တပ်ကို သတင်းပို့ပြီး လက်နက်မဲ့သွားလာရမယ်။
၉။ နိုင်ငံရေးပါတီများနဲ့ ကင်းရှင်းစွာ နေရမယ်။
၁၀။ အစိုးရရဲ့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ တရားစီရင်ရေးအပိုင်းများမှာ ဝင်ရောက်စွက်ဖက်ခြင်းမပြုရ။
၁၁။ နယ်မြေဖြန့်ကျဲပြီး သတ်မှတ်ခြင်းမပြုဘဲ ဖွံ့ဖြိုးရေးလုပ်လိုတဲ့ နေရာများကို သတ်မှတ်ပေးရမယ်။
၁၂။ နေထိုင်စားသောက်ရေးအတွက် နိုင်ငံတော်က ကူညီပံ့ပိုးမယ်။
၁၃။ နိုင်ငံတော်ဦးဆောင်မှုအောက်မှာ ဒေသပြည်သူလူထုအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရမယ်။
၁၄။ နိုင်ငံတော်ရဲ့ မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ငန်းများကို ထောက်ကူရမယ်။
ဒီ(၁၄)ချက်ကို လိုက်နာရမယ်လို့ မပြောဘဲ သဘောတူညီချက်လို့ ပြောင်းသုံးထားတယ်။ ဒါပေမဲ့ ဒီသဘောတူညီချက်မှာ တော်လှန်ရေးဂုဏ်သိက္ခာကို ထိပါးစေတဲ့ အချက်တွေ ပါသလို တိုင်းရင်းသားတို့အင်အားကို လုံးပါးပါးအောင် လုပ်ရာလည်း ရောက်ပါတယ်။ ဒီလိုအပစ်ရပ်ရေးမူကြောင့်ပဲ အင်အား(၈၀၀၀)နီးပါး ရှိခဲ့တဲ့အဖွဲ့ဟာ အခုအခါ အင်အား(၁၀၀၀)တောင် မရှိတော့ပါ။

တပ်မတော်မူ(၆)ချက် (မင်းအောင်လှိုင်မူ) (၂၀၁၃-ယခုထိ)
၂၀၀၈ -ခုမှာ ဖွဲ့စည်းပုံကို အတည်ပြုပြီး ၂၀၁၀ ခုမှာ အတုအပ ရွေးကောက်ပွဲကို ကျင်းပခဲ့တယ်။ ဒီချုပ်ကို ရွေးကောက်ပွဲထဲ ဝင်လို့ မရအောင် ကန့်သတ်ခဲ့ပြီး မဲများကိုလည်း ခိုးယူခဲ့တယ်။ အခု မိမိတို့ ရင်ဆိုင်နေရတဲ့ အစိုးရဟာ အဲဒီအတုအပရွေးကောက်ပွဲကနေ တက်လာတဲ့အစိုးရတစ်ရပ်သာ ဖြစ်ကြောင်း မမေ့ကြဖို့ လိုတယ်။ ၂၀၀၀ ပြည့်နှစ်များက တွက်ထားတဲ့အတိုင်း ဒီအစိုးရက အပစ်ရပ်ကို ဖျက်ဆီးပစ်လိုက်တယ်။ ထိုးစစ်များကို လုပ်တယ်။ ပြီးတော့ အပစ်ရပ်ရေး ပြန်လုပ်တယ်။ ဒါဟာ အချိန်ဆွဲခြင်းတစ်မျိုးပါပဲ။
အပစ်ရပ်ဆွေးနွေးလို့ ကောင်းလာတာနဲ့ ကာချုပ်မင်းအောင်လှိုင်က တပ်မတော်မူ(၆)ချက်ဆိုပြီး ဆိုလာပါတယ်။ အခု အပစ်ရပ်ရေးအတွက် Single Text တစ်ခု ရခါနီးမှာ ငြိမ်နေတဲ့ကရင်နယ်မှာ တိုက်ပွဲသံ ပြန်ကြားရပါတယ်။ ရှမ်းနဲ့ ကချင်ဘက်မှာ ရာဇသံတွေ ပေးပြီး ထိုးစစ်ဆင်နွှဲပြန်ပါတယ်။ ဒါဟာ ဖိနှိပ်နေကျနည်းတစ်နည်းပါပဲ။ ဒီတော့ မင်းအောင်လှိုင်က တပ်မတော်မူ (၆)ချက်ကို ထုတ်ပြီး အပစ်ရပ်ချင်ရင် လိုက်နာရမယ်လို့ ဆိုလာခဲ့ပါတယ်။ အဲဒီမူ (၆)ချက်က ဘာများပါလဲ။

၁။ လူသစ်စုဆောင်းခြင်း၊ အင်အားတိုးချဲ့ခြင်းမပြုရ။
၂။ အခွန်ကောက်ခြင်းမပြုရ။
၃။ ခွင့်ပြုချက်မရဘဲ စခန်းအသစ်တည်ခြင်း၊ သွားလာခြင်းမပြုရ။
၎။ အစိုးရအုပ်ချုပ်ရေးကို ဝင်ရောက်စွက်ဖက်ခြင်းမပြုရ။
၅။ လူသတ်ခြင်းမပြုရ။
၆။ အစိုးရပြည်သူ့စစ်တပ်ဖွဲ့ကို ထိပါးခြင်းမပြုရ။
ဒီမူ(၆)ချက်က အထူးအဆန်းမဟုတ်ပါဘူး။ ခေတ်နဲ့ မညီတော့တဲ့ အရင်က အချက်များကို ဖြုတ်ပြီး တိုင်းရင်းသားများကို လုံးပါးပါးစေမဲ့ အချက်များကိုတော့ တိုင်းရင်းသားတွေ မကုန်မချင်း ဆက်ထားတဲ့ သဘောပါ။ ဒီတော့ တပ်မတော်က တိုင်းရင်းသားတို့အပေါ် ထားရှိတဲ့ သဘောထားမှာ အာဏာရှင်နေဝင်းခေတ်က စပြီး ဒီကနေ့အထိ မပြောင်းမလဲ တည်ရှိနေဆဲလို့ ပြောနိုင်ပါတယ်။ နည်းနည်း လေ့လာကြည့်ရအောင်ပါ။
နံပါတ်(၁)အချက်ဟာ ဖြတ်လေးဖြတ်ခေတ်က (၄)ချက်မြောက်၊ ၁၀-ချက်ခေတ်က (၂)ချက်မြောက်၊ (၁၄)ချက်ခေတ်က (၃) (၄) (၅)ချက်မြောက်နဲ့ အတူတူပဲ ဖြစ်တယ်။
နံပါတ်(၂)အချက်ဟာ ၄-ချက်ခေတ်က (၂)ချက်မြောက်၊ ၁၀-ချက်ခေတ်က (၃) (၄)ချက်မြောက်၊ ၁၄-ချက်ခေတ်က (၆) (၁၂)ချက်မြောက်နဲ့ အတူတူပဲ ဖြစ်တယ်။
နံပါတ် (၃)အချက်ဟာ ၄-ချက်ခေတ်က (၃)ချက်မြောက်၊ ၁၀-ချက်ခေတ်က (၁) (၉)ချက်မြောက်၊ ၁၄-ချက်ခေတ်က (၇) (၈) (၁၁)ချက်မြောက်နဲ့ အတူတူပဲ ဖြစ်တယ်။
နံပါတ် (၄)အချက်ဟာ ၁၀-ချက်ခေတ်က (၅)ချက်မြောက်၊ ၁၄-ချက်ခေတ်က (၁၀)ချက်မြောက်နဲ့ အတူတူပဲ ဖြစ်တယ်။
နံပါတ် (၅)အချက်ဟာ ၁၄-ချက်ခေတ်က (၂)ချက်မြောက်နဲ့ အတူတူပဲ ဖြစ်တယ်။
နံပါတ် (၆)အချက်ဟာ ၁၀-ချက်တုန်းက (၆) (၇) (၈)ချက်မြောက်၊ ၁၄-ချက်တုန်းက (၁) (၉) (၁၃) (၁၄)ချက်မြောက်နဲ့ အတူတူပဲ ဖြစ်တယ်။

တပ်မတော်မူ (၆)ချက်ကို ဘယ်သူက လက်မခံတာလဲ
တပ်မတော်မူ (၆)ချက်ကို တိုင်းရင်းသားတို့က လက်မခံတာ မဟုတ်ဘူး` တပ်မတော်ကိုယ်တိုင်က လိုက်နာဖို့ သဘောမတူခြင်းဖြစ်တယ်။ သဘောတူညီချက်ဆိုတာ နှစ်ဖက်စလုံး လိုက်နာရမှာ ဖြစ်တယ်။ တိုင်းရင်းသားတို့က နိုင်ငံရေးတွေ့ဆုံဆွေးနွေးနိုင်ရေး မျှော်လင့်ချက်နဲ့ ဒီမူတွေနဲ့ နှစ်ပေါင်း(၂၀)ကျော် လိုက်နာခဲ့တယ်။ ဒါပေမဲ့ မြန်မာ့တပ်မတော်ကဘက်က လိုက်နာခဲ့ခြင်းမရှိဘူး။ ဒါကြောင့် မြန်မာ့တပ်မတော်က စစ်ရေးအရ အင်အားသာခဲ့တယ်။ တိုင်းရင်းသားတို့ဘက်ကတော့ တန်းတူရေးကို မပြောနဲ့ဦး။ နိုင်ငံရေးဆွေးနွေးဖို့ အခုမှ အနံ့ရနိုင်ခဲ့တာပါ။ ဒီတစ်ခါမှာ နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့ အချိန်ဆွဲဖို့ အစီအစဉ် ရှိနေမှာပါ။ အပစ်ရပ်နိုင်တာ ကောင်းပါတယ်။ ဒါပေမဲ့ တပ်မတော်မူ (၆)ချက်ကိုတော့ သတိထားရပါ့မယ်။ အပစ်ရပ်သဘောတူညီချက်များကို မသိရမချင်းတော့ စိုးရိမ်မကင်းဖြစ်မှုတွေ ရှိနေမှာပါ။

အတိတ်က သင်ခန်းစာကို ရယူပြီး တပ်မတော်က ချမှတ်တဲ့မူကို တပ်မတော်ကိုယ်တိုင် လိုက်နာဖို့ လိုအပ်တယ်လို့ တိုင်းရင်းသားတို့က ယုံကြည်ကြပါတယ်။ တပ်မတော်က လိုက်နာဖို့ ဝန်လေးနေခဲ့ရင် အခြားအဖွဲ့အစည်းတစ်ခုခုကိုလည်း လိုက်နာစေလို့ မသင့်တော်ပါဘူး။ ဒီလောက်ဆို တပ်မတော်မူ (၆)ချက်နဲ့ တိုင်းရင်းသားတို့အပေါ် တပ်မတော်ရဲ့ သဘောထားအမှန်ကို ပြည်သူတို့ သိရှိနားလည်ကြလောက်ပါပြီ။ အခု ကာချုပ်မင်းအောင်လှိုင်က ပြည်သူ့စစ်နည်းဗျူဟာကိုပါ ထည့်ပြောလာတော့ နေဝင်းရဲ့ ဖြတ်လေးဖြတ်ခေတ်နဲ့ တစ်ပုံစံထဲ ဖြစ်နေတယ်ဆိုတာ သိထားကြရမှာ ဖြစ်တယ်။

မှတ်ချက်-ဒီဆောင်းပါးကို ၂၀၁၄ ခုနှစ်၊ အောက်တိုဘာလမှာ ဖော်ပြခဲ့ပြီဖြစ်တယ်။ အခု အပစ်ရပ်ကြတော့မဲ့အချိန်မှာ မင်းအောင်လှိုင်က တပ်မတော်မူ(၆)ချက်ကို ပြန်ပြောလာလို့ ဒီဆောင်းပါးကို ပြန်တင်ပြခြင်းဖြစ်တယ်။

စစ်တပ်က ဘယ်နည်းကို သုံးမလဲ မိမိတို့ ကြိုမြင်နေရပြီ



U Ravika

၁။ ပထမနည်း
၂၀၁၅ -ခုနှစ်မှာ ဒီချုပ်က ရွေးကောက်ပွဲ မဝင်ခဲ့ရင်၊ တိုင်းရင်းသားတွေ အပစ်ရပ်ကြရင် အခြေအနေက ဘာနဲ့ တူသွားသလဲဆိုရင် ၂၀၁၀ -ခုနှစ် အတုအယောင်ရွေးကောက်ပွဲကာလနဲ့ တူသွားတယ်။ ပြည်ခိုင်ဖြိုးနဲ့ စစ်တပ်ရဲ့ ဒုတိယ(၅)နှစ်စီမံကိန်းအောက်မှာ ပြည်သူတို့ ပြားပြားဝပ်နေရအုံးမှာပဲ။

၂။ ဒုတိယနည်း
ဒီချုပ်က ၂၀၁၅-ခုနှစ်ကို ဝင်မယ်။ အစိုးရဖွဲ့နိုင်လောက်အောင် ရွေးကောက်ပွဲကိုလည်း အောင်နိုင်မယ်။ ဒါပေမဲ့ ဖွဲ့စည်းပုံကို ပြင်ဖို့ စစ်တပ်က အကြောက်အကန် ငြင်းဆိုမယ်။ ဒါကြောင့် အစိုးရမဖွဲ့စည်းဘဲ ပါလီမာန်ကို သပိတ်မှောက်မယ်။ ဒီအချိန်မှာ ပြည်ခိုင်ဖြိုးတွေနဲ့ စစ်တပ်က တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်ကို လက်မှတ်ထိုးပြီဖြစ်လို့ အတုအယောင် နိုင်ငံရေးဆွေးနွေးပွဲတွေကို ကျင်းပရင်းနဲ့ ဒုတိယ (၅)နှစ်အုပ်ချုပ်ရေးကို ဆက်ထိန်းသွားလို့ ရတယ်။ ဒါဟာ ၁၉၉၀-ပြည့်နှစ်ရွေးကောက်ပွဲနောက်ပိုင်းအဖြစ်အပျက်များနဲ့ တစ်ပုံစံထဲ ဖြစ်ပြီး စစ်အာဏာရှင်စနစ်အောက်မှာ အားလုံးက ဘဝပျောက်နေကြအုံးမှာ ဖြစ်တယ်။

၃။ တတိယနည်း
ဒီချုပ်က ၂၀၁၅-ခုနှစ်ကို ဝင်မယ်။ ညွန့်ပေါင်းပဲလုပ်ရလုပ်ရ အစိုးရဖွဲ့စည်းမယ်။ တိုင်းရင်းသားတွေကလည်း အပစ်ကို ရပ်ပြီး နိုင်ငံရေးဆွေးနွေးပွဲတွေကို တက်လာတဲ့ အစိုးရနဲ့ ဆွေးနွေးမယ်။ ပျော့ပျောင်းတဲ့ ဒီချုပ်အစိုးရကို တိုင်းရင်းသားတွေက ဖိအားပေးမှာ ဖြစ်သလို တိုင်းရင်းသားများကို အခွင့်အရေးမပေးလိုလို့ မဘသလို အဖွဲ့အစည်းတွေကလည်း ဖိအားပေးလာမှာမုချပါပဲ။ ကြားမှာ တကယ့်အာဏာရှိတဲ့ စစ်တပ်က သူတို့အာဏာကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်လို့ ရသွားစေတယ်။ စစ်တပ် မရှိရင် မဖြစ်ဘူးဆိုတာ လူတွေ ခံစားမိလာမယ်။ ဒီအချိန်မှာ စစ်တပ်က နောက်ကွယ်ကနေ ဆူပူမှုတွေ၊ အဓိကရုဏ်းတွေကို ဖန်တီးလိုက်ရင် သူခိုးတွေက ကယ်တင်ရှင်ကြီး ဖြစ်လာအုံးမှာပါ။

၎။ စတုတ္ထနည်း
(က) ဒီချုပ်က ဖွဲ့စည်းပုံကို မပြင်ရင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲကို သပိတ်မှောက်မယ်။ လွှတ်တော်ကို အသိအမှတ်မပြုတော့ပါ။ ၈၈ မျိုးဆက်တွေနဲ့ ပူးပေါင်းလိုက်ပါ။ မင်းကိုနိုင်ကို ဆက်ခံသူအဖြစ် သတ်မှတ်ကြည့်ပါ။
(ခ) တိုင်းရင်းသားတွေကလည်း တိုင်းရင်းသားအားလုံး မပါဝင်ပါက တစ်နိုင်ငံလုံးအပစ်ရပ်ရေးကို ဆိုင်းငံ့ထားပြီး လက်ရှိ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံကို လက်ခံစေမဲ့ တပ်မတော်မူ(၆)ချက်နဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ(၆)ချက်ကို ပစ်ပယ်ရပါ့မယ်။
(ဂ) ဒါဟာ ဘာကို ပြနေသလဲဆိုခဲ့ရင် ၂၀၁၂ ခုနှစ်တုန်းက သမ္မတသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၈ ခုနှစ် နာဂစ်ဖွဲ့စည်းပုံကို လက်ခံစေခဲ့သလို အခု မင်းအောင်လှိုင်ကလည်း တပ်မတော်ရဲ့ ငြိမ်းချမ်းရေးမူ (၆)ချက်ကို လက်ခံစေခြင်းနဲ့အတူ ၂၀၀၈ ခုနှစ် နာဂစ်ဖွဲ့စည်းပုံကို သွယ်ဝိုက်ပြီး လက်ခံစေတာ ဖြစ်တယ်။
ဒါကြောင့် အတိုက်အခံတွေရော တိုင်းရင်းသားလူမျိုးများပါ ရွေးကောက်ပွဲနဲ့ ၂၀၀၈ ခုနှစ်နာဂစ်ဖွဲ့စည်းပုံကို သပိတ်မှောက်ကြခြင်းပဲ ဖြစ်ပါတယ်။ ဒီလိုဆိုရင် ဒီနိုင်ငံရေးရေစီးကြောင်းအတိုင်း NLD, UNA, UNFC တို့က သွားကြပြီး စစ်တပ်၊ USDP, NBF နဲ့ အခြားဒီမိုကရေစီအမည်ခံပါတီငယ်များက ဒုတိယ(၅)နှစ်ပါလီမာန်ကို ဦးဆောင်သွားကြပါလိမ့်မယ်။ ဒါပေမဲ့ ကမ္ဘာရဲ့ အသိအမှတ်ပြုခြင်းနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းကိုတော့ များများစားစား ရရှိနိုင်မယ်မထင်လို့ သူတို့ပြဿနာ သူတို့ဖန်တီးပြီး စစ်တပ်လက်ထဲကို လုံးလုံးလျားလျား အာဏာရောက်စေမှာ ဖြစ်ပါတယ်။ ဒါဟာ ဟို ၁၉၆၂ -ခုနှစ်ကအတိုင်းပဲ ဖြစ်တယ်။

၅။ ပဉ္စမနည်း
သိန်းစိန်အစိုးရဲ့ ပြုပြင်ပြောင်းလဲရေးဟာ မစစ်မှန်ကြောင်း နိုင်ငံတကာက သတိထားမိလာပြီဖြစ်တယ်။ အထွေထွေသပိတ်ကို ဆင်နွှဲပြီး ဖိအားပေးကြမယ်။ ဖွဲ့စည်းပုံကိုပဲ ပစ်မှတ်ထားပြီး သပိတ်မှောက်ကြမယ်။ ၂၀၀၄ ခုနှစ်မှာ ကုလသမဂ္ဂအဆိုပြုတဲ့ သုံးပွင့်ဆိုင်နိုင်ငံရေးဆွေးနွေးပွဲကို အသက်ပြန်သွင်းမယ်။ ဒီလိုဆိုရင် ကုလသမဂ္ဂက ကြားဝင်ဖြန်ဖြေပေးရပါလိမ့်မယ်။ တိုင်းရင်းသားတွေက ဖက်ဒရယ်တပ်မတော်ကို ဖွဲ့စည်းပြီး အသင့်အနေအထား ရှိနေရမယ်။ ဒီအနေအထားမှာ သိန်းစိန်က (၂)ခုပဲ လုပ်မှာ ဖြစ်တယ်။ ရွေးကောက်ပွဲကို ရွှေဆိုင်းပြီး တိုင်းပြည်အာဏာကို ဆက်ကိုင်သွားမယ်၊ ဒါမှမဟုတ် မင်းအောင်လှိုင်က သူ့လက်ထဲ အာဏာရောက်လာအောင် ဖွဲ့စည်းပုံပါအတိုင်း သူ့ကို အာဏာလွှဲစေမယ်။ ပြည်ခိုင်ဖြိုးနဲ့တပ်က ဘယ်နည်းကိုပဲသုံးသုံး လက်ရှိအစိုးရဟာ တရားဝင်တော့မှာ မဟုတ်ပါ။ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးဘွဲ့ကို စွန့်လွှတ်ရမှာဖြစ်သလို တစ်မတ်သားဒီမိုကရေစီနဲ့ တစ်မတ်သားပြည်ထောင်စုဖြစ်ကြောင်းကိုလည်း နိုင်ငံတကာက သိရှိသွားကြမှာ ဖြစ်တယ်။ ဘက်နှစ်ဖက်စလုံး အထိနာစေမဲ့နည်းပါပဲ။

အထက်ဖော်ပြပါနည်းလမ်းတွေက ဘာကို ပြနေသလဲဆိုရင် အတိုက်အခံတွေနဲ့ တိုင်းရင်းသားတို့က ဘယ်လိုနည်းနဲ့ပဲ လှည့်လှည့်ပါ။ စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးအစိုးရတို့က ချုပ်ကိုင်ထားပြီသားဖြစ်ကြောင်း တွေ့ရမှာ ဖြစ်တယ်။ အရှုံးမရှိအောင် ထိန်းထားပြီး ရန်သူကို အနိုင်ယူမဲ့နည်းပါပဲ။ ဒါဖြင့်ရင် စစ်တပ်နဲ့ ပြည်ခိုင်ဖြိုးတို့ကော ဘာအကွက်တွေ နင်းဖို့ စဉ်းစားနေပြီလဲ။

၁။ ပထမနည်း
အချိန်ဆွဲနည်းပါပဲ။ အမှန်မတော့ ၂၀၁၄-ခုနှစ်၊ စက်တင်ဘာလတုန်းက NCA ရလုနီးပါးအချိန်မှာ စစ်တပ်က နောက်ပြန်လှည့်သွားခြင်းမှာ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်အရေးကြောင့်သက်သက်မဟုတ်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေက အတိုက်အခံပါတီတွေ၊ တိုင်းရင်းသားနိုင်ငံရေးပါတီတွေ၊ လူမှုအဖွဲ့အစည်းတွေနဲ့ အလွန်အကျွံရင်းနှီးမိလို့ ဖြစ်ပါတယ်။ စစ်တပ်နဲ့အစိုးရက နိုင်ငံရေးဆွေးနွေးပွဲကို ရှောင်လွှဲလိုတဲ့အနေနဲ့ (၁) အပစ်ရပ်ကို ပျက်ပြားအောင် လုပ်ပြီး တစ်နိုင်ငံလုံးအပစ်ရပ်ကို သမ္မတသိန်းစိန်သက်တမ်းကုန်ဆုံးတဲ့အထိ အချိန်ဆွဲဆွေးနွေးနိုင်ခဲ့တယ်။ ဒါဟာ စစ်တပ်ရဲ့ နည်းဟောင်းပါပဲ။

၂။ ဒုတိယနည်း
တစ်ဖွဲ့ချင်းကို ဖြိုတဲ့နည်းပါပဲ။ အရင်တုန်းက KNU ကို ဖြိုတယ်။ အခု KIA ကို ဖြိုတယ်။ နောက်ပိုင်းမှာ MNDAA, UWSA, NDAA တို့ ဖြစ်လာဖွယ်ရှိတယ်။ UWSA က ဒါကို ရိပ်မိလို့လည်း NCCT နားကို ကပ်ပြီး အခု တစ်နိုင်ငံလုံးအပစ်ရပ်ရေးအတွက် ပန်းဆန်းမှာ ကျင်းပဖို့ သဘောတူညီခဲ့ခြင်းပါ။ အစည်းအဝေးတွေ တက်ဖို့ အကြောင်းပြချက်အမျိုးမျိုး ပြခဲ့တဲ့ ဝတွေဟာ အစိုးရသဘောထားကို တဖြည်းဖြည်း ရိပ်မိလာပြီဖြစ်တယ်လို့ ပြောရမှာ ဖြစ်တယ်။ အစိုးရအနေနဲ့လည်း ကိုးကန့်နဲ့ ရခိုင်ကို ပစ်ပယ်ထားခြင်းမှာ လက်ရှိအပစ်ရပ်ရေးရဲ့ မူမမှန်တဲ့ ပြယုဂ်တစ်ခု ဖြစ်တယ်။ တစ်ချိန်မှာ တစ်ဖွဲ့ကိုပဲ ဖြိုမယ်ဆိုတဲ့ နည်းစနစ်ကို ဆက်သုံးချင်လို့ ဖြစ်မယ်။

၃။ တတိယနည်း
နိုင်ငံရေးမုဒိမ်းကျင့်တဲ့နည်းပါ။ ၁၉၉၃ ခုနှစ် အမျိုးသားညီလာခံ၊ လက်ရှိနာဂစ်ဖွဲ့စည်းပုံ၊ ရှေ့လာမဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ နိုင်ငံရေးမုဒိမ်းကျင့်မှုတွေ အများကြီး ဖြစ်အုံးမှာ သေချာတယ်။ ဒီလိုပြောကြည့်မယ်။ နိုင်ငံရေးဆွေးနွေးပွဲကို လွှတ်တော်၊ အစိုးရ၊ စစ်တပ် (၃)ဖွဲ့ ခွဲတက်ပြီး တိုင်းရင်းသားတွေကို တစ်ဖွဲ့ထဲ တက်ခိုင်းရင် ဒါဟာ နိုင်ငံရေးမုဒိမ်းကျင့်မှုပါပဲ။ အခု တပ်မတော်က ငြိမ်းချမ်းရေးမှာ ပြည်သူတစ်ရပ်လုံး ပါဝင်ကြဖို့ အဆိုတင်သွင်းခဲ့တယ်။ အပေါ်ယံအရ ဒါ လှပါတယ်။ ဒါပေမဲ့ နိုင်ငံရေးဆွေးနွေးပွဲကို အမျိုးသားညီလာခံကျင်းပခဲ့သလိုမျိုး သူတို့လူတွေ များများတက်နိုင်အောင် စီမံခဲ့ရင် ဖက်ဒရယ်ပြည်ထောင်စု မပြောနဲ့၊ အသက်ကို ဖက်နဲ့ထုပ်ပြီး ပြန်လာရမှာ သေချာပါတယ်။

၎။ စတုတ္ထနည်း
ငါးကြင်ဆီနဲ့ ငါးကြင်ကြော်တဲ့နည်းပါ။ အပစ်ရပ်ပြီးဆိုရင် အစိုးရကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသားကိုယ်စားလှယ်တွေ ရောထွေးယှက်တင်နေကြရပါတယ်။ အဲဒီအချိန်ကျရင် အစိုးရဲ့ သွေးခွဲလုပ်ငန်း စတင်ပါပြီ။ မြန်မာနိုင်ငံမှာ ကွန်မြူနစ်ကနေ ခွဲထွက်ပြီး ပထမဆုံးအပစ်ရပ်ခဲ့တဲး ကိုးကန့်တွေရဲ့ အဖြစ်လိုမျိုးပေါ့။ နောက်ပြီး အပစ်မရပ်ဖြစ်ပေမဲ့ အပစ်ရပ်လိုသူတွေက ခွဲထွက်သွားတဲ့ KNU လိုမျိုးပေါ့။ နောက်ပြီး NLD ကနေ NDF ထွက်လာသလိုမျိုးပေါ့။ ဒီနည်းနဲ့လည်း အာဏာကို ဆုပ်ကိုင်ထားလို့ ရပါတယ်။

၅။ ပဉ္စမနည်း
တည်ဆဲဥပဒေနဲ့ ကိုင်ပေါက်တဲ့နည်း ဖြစ်တယ်။ တပ်မတော်မူ(၆)ချက်တို့၊ ငြိမ်းချမ်းရေးမူ(၆)ချက်တို့ဟာ တည်ဆဲဥပဒေကို လိုက်နာစေလိုတဲ့ မူများ ဖြစ်တယ်။ တရားဥပဒေစိုးမိုးရေးအကြောင်းပြချက်နဲ့ ဥပဒေကို လိုသလို လက်တလုံးခြား အလွဲသုံးစားလုပ်ပြီး ဆန့်ကျင်သူများကို ဖိနှိပ်ခြင်းဖြစ်တယ်။ ဒီလိုအရေးယူမှုမျိုးကို ဘယ်ခေါင်းဆောင်ကမှ ဝင်ပြောလို့ မရပါဘူး။ ဥပမာ-တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနေနဲ့ အစိုးရတပ်သားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို မုဒိမ်းကျင့်ရင် ဝင်ပြောလို့မရပါဘူး။ အစိုးရအုပ်ချုပ်ရေးယန္တရားကို ဝင်ရှုပ်လို့ မရဘူးလို့ ပြောထားပြီသားဖြစ်တယ်။ မွန်အမျိုးသားအလံကို ရဲက ဆုတ်ဖြဲပစ်တော့ သည်းမခံနိုင်တဲ့ မွန်လူငယ်တွေက ရဲကို ဝင်လုံးတော့ မွန်လူငယ်တွေကပဲ အချုပ်ခန်းရောက်ရပြီး ရဲက ရာထူးကနေ ပြုတ်သွားခြင်းမရှိပါ။ မွန်ပြည်သစ်ပါတီကလည်း ထိထိရောက်ရောက် အကူအညီ မပေးရဲပါ။ အခု ကိုပါကြီးအမှု၊ ဒေါ်ခင်းဝင်းအမှု၊ လက်ပံတောင်းနဲ့လက်ပံတန်းအမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်က ဝင်ပြောလို့ မရတော့ပါဘူး။ စစ်တပ်က လူ့အခွင့်အရေးဘယ်လောက်ပဲ ချိုးဖောက်ပါစေ ပြောရဲတော့မှာမဟုတ်ဘူး။ ပြောမိရင် စစ်တပ်ကို မုန်းတီးသူတစ်ယောက်အဖြစ် နာမည်ဖျက်ပြီး သမ္မတလုပ်ဖို့ အရည်အချင်းရှိသူမဟုတ်ကြောင်း အမဲဖျက်ကြမှာ မြင်ယောင်သေးတယ်။ ပြောရဲရင်လည်း ကျမ်းကျိန်ထားတဲ့ နာဂစ်ဖွဲ့စည်းပုံနဲ့ ငြိတော့မှာပဲ။ ဒါကြောင့် လွှတ်တော်ထဲ ဝင်မိတာနဲ့ နိုင်ငံရေးသေရသလို အပစ်ရပ်ပြီးသွားတာနဲ့ ငြိမ်းချမ်းရေးက ဂိတ်ဆုံးသွားနိုင်ပါတယ်။

ဒီတော့
၁။အပစ်ရပ်လည်း ပစ်လို့ ရအောင် ကိုးကန့်နဲ့ ရခိုင်ကို ချန်ထားချင်တယ်။ အချိန်မရွေး ပြဿနာ ရှာလို့ ရအောင်လို့။
၂။ ဖွဲ့စည်းပုံကို မပြင်လည်း ရွေးကောက်ပွဲကို လုပ်လို့ ရတယ်။ ရွေးကောက်ပွဲကို မလုပ်ဖြစ်ရင်လည်း ပိုတောင် လုံခြုံသေးလို့ ဝမ်းနည်းစရာ မရှိဘူး။
၃။ အတိုက်အခံတွေနဲ့ တိုင်းရင်းသားတို့ရဲ့ အားနာတတ်မှု၊ အစွဲကြီးမှု၊ ဥပဒေလေးစားမှုတို့ကို အသုံးချပြီး ရက်စက်ပြီး စည်းကမ်းမရှိတဲ့ တပ်က စုစုစည်းစည်းနဲ့ သူတို့ကို ဖြိုခွဲပါအုံးမယ်။
နိုင်ငံရေးအမှတ်မရှိလို့၊ နိုင်ငံရေးအသိညာဏ်မကြွယ်လို့၊ (အချို့က အာဏာကို မက်မောလို့) ဒီမိုကရေစီကို ပဲလှော်နဲ့ လဲစားရတော့မဲ့ဘဝ ရောက်နေပြီ။ ဖက်ဒရယ်ကို တစ်မတ်သားနဲ့ အရောင်းအဝယ် လုပ်ကြတော့မဲ့ ဘဝ ရောက်နေပြီ။ ဒီလိုအခြေအနေမျိုးကို မမြင်ဘဲ ....

၁။ ကျောင်းသားတွေက ပညာရေးဥပဒေကို ပြင်ဖို့ ကြိုးစားတော့ ပုဒ်မ ၄၃၆ ကို ပြင်ဖို့ တွန်းအားကို ထိခိုက်စေတယ်လို့ ဖောက်ဖောက်ပြန်ပြန် မြင်တယ်။ (အမှန်မတော့ နာဂစ်ဖွဲ့စည်းပုံထဲက မကောင်းတဲ့ပုဒ်မတွေကို ဘာပဲပြင်ပြင် အကောင်းပဲလို့ မြင်ရမယ်။ လွှတ်တော်မှာ မပြင်နိုင်လို့ အပြင်မှာ လှုပ်ရှားကြတာ ဖြစ်တယ်။ ကျောင်းသားတွေက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဒီလိုဆန္ဒပြခဲ့ရင်ကော သတ္တိရှိရှိနဲ့ လာပြီး ပူးပေါင်းကြမလား။ တစ်နိုင်ငံလုံးအတိုင်းအတာအရ လုပ်ပစ်မယ်။)

၂။ တိုင်းရင်းသားတွေက နိုင်ငံရေးဆွေးနွေးဖို့အကြောင်းဖန်လာတော့ ၂၀၁၅-ခုနှစ်ရွေးကောက်ပွဲကို ရွှေ့ပစ်မှာ ကြောက်နေပြန်တယ်။ အခြားတစ်ဖက်မှာ ရွေးကောက်ပွဲကို သပိတ်မှောက်ဖို့နည်းလမ်းကိုလည်း ပစ်ပယ်ထားတာ မရှိဘူးလို့ ပြောပြီး ရွေးကောက်ပွဲ မဖြစ်မှာကို စိုးရိမ်စကားဆိုလိုက်တော့ ရွေးကောက်ပွဲကို ဝင်ချင်တယ်ဆိုတာ very predictable ပါပဲ။ တနိုင်ငံလုံးအပစ်ရပ်ကို ထောက်ခံရင် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေးကိုလည်း ကြိုဆိုရမယ်။ နောက်နှစ်မှာ တကယ်လို့ အစိုးရဖွဲ့နိုင်ခဲ့ရင် စစ်တပ်ကြီးစိုးတဲ့ လက်ရှိနိုင်ငံရေးအခင်းအကျင်းအောက်မှာ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံပြင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ဘယ်လောက်လုပ်ပေးနိုင်မလဲ အခုကတည်းက စဉ်းစားထားရမယ်။ UNFC နဲ့ လှို့ဝှက်ဆက်သွယ်ထားရပါလိမ့်မယ်။

၃။ ကျောင်းသားတွေနဲ့ တိုင်းရင်းသားတွေကလည်း အလုပ်တစ်ခုလုပ်တိုင်း စစ်တပ်က ဘယ်လောက်လိုက်လျောပေးလဲ မကြည့်ဘဲ ဒီချုပ်က နောက်ကနေ ကပ်ပြီး ပါမလာရကောင်းလား နောက်ကိုပဲ လှည့်ကြည့်နေတယ်။ အလုပ်တစ်ခု လုပ်ဖို့ သူက ပါမလာရင် သူ့ကြောင့် မအောင်မြင်တာပါလို့ အပြစ်ဖို့ခြင်းဟာ မှန်ကန်တဲ့ စိတ်ထားတွေ မဟုတ်ပါဘူး။ အချို့ကျောင်းသားတွေက ဒီချုပ်ရဲ့ ကျောင်းသားသပိတ်အပေါ် ထားရှိတဲ့ သဘောထားကို အားမရတာတွေ ရှိနေတယ်။ အချို့တိုင်းရင်းသားတွေက နာဂစ်ဖွဲ့စည်းပုံကို မုန်းတယ်ပဲပြောတာပါ၊ သူတို့ပြည်နယ်မှာ ရွေးကောက်ပွဲ အောင်မြင်ဖို့ ဒီချုပ်နဲ့ ခပ်လှမ်းလှမ်းနေချင်လို့ မသိမသာ ပုတ်ခတ်နေကြတာလည်း ရှိပါတယ်။ ဒီချုပ်မှာလည်းပဲ အယူသည်းတဲ့ ရှေးရိုးစွဲတွေ ရှိနေသေးတယ်ဆိုတော့ တိုင်းရင်းသားပြည်နယ်တွေမှာ တိုင်းရင်းသားတွေနဲ့ အပေးအယူလုပ်ဖို့ လုံးဝစိတ်မဝင်စားပါဘူး။ ဒီချုပ်ထဲမှာ တိုင်းရင်းသားတွေ ပါဝင်နေပေမဲ့ တိုင်းရင်းသားတွေကို ကိုယ်စားပြုကြောင်း မသေချာပါဘူး။

၎။ လောလောဆယ် မိမိအမုန်းဆုံးစကားလုံးတွေကို ပြောပြပါဆိုရင် (၁) ကွန်မြူနစ်၊ (၂) တရုတ်၊ (၃) ကုလား၊ (၄) ဖက်ဒရယ်ပဲ။ ဒီစကားလုံး(၄)လုံးနဲ့ စစ်တပ်က လုပ်စားလာတာ အံတိုနေပါပြီ။ မိမိတို့က တစ်ယောက်ယောက်ကို မလိုလားရင် ကွန်မြူနစ်လို့ စွတ်စွဲကြတယ်။ တရုတ်အားပေးလို့ စွတ်စွဲကြတယ်။ ကုလားဘက်ပါတယ်လို့ စွတ်စွဲကြတယ်။ ခွဲထွက်ရေးသမားလို့ စွတ်စွဲကြတယ်။ ပြီးတော့ စုစည်းညီညွတ်မှုပြိုကွဲလို့ ဖက်ဆစ်တွေကပဲ အောင်ပွဲဆင်သွားလေ့ရှိပါတယ်။

၅။ ၁၉၆၂-ခုနှစ်က အဖြစ်တွေ၊ ၁၉၇၄-ခုနှစ်က အဖြစ်တွေ၊ ၁၉၈၈-ခုနှစ်က အဖြစ်တွေ၊ ၁၉၉၃-ခုနှစ်က အဖြစ်တွေ၊ ၂၀၀၇ ခုနှစ်က အဖြစ်တွေ၊ ၂၀၀၈ ခုနှစ်က အဖြစ်တွေ၊ ၂၀၁၀ ခုနှစ်က အဖြစ်တွေ ပြန်စဉ်းစားကြည့်ပါ။ စစ်တပ်က ဟိုလူကို ပြေးကပ်ပြီး ဒီလူကို ပါးရိုက်တယ်။ ဒီလူကို ပါးရိုက်ဖို့ ဟိုလူကို ပြေးကပ်ပြန်တယ်။ သုံးတဲ့နည်းက အင်မတန် ရိုးရှင်းပါတယ်။ ဒီနှစ်မှာလည်း ဘယ်နည်းကို သုံးမလဲ မိမိတို့ မြင်နေရပြီ။ သိချင်ရင် ကိုယ့်ဟာကိုယ် စဉ်းစားကြပေါ့။

စဉ်းစားပြီးရင်

သံဃာတွေ
ကျောင်းသားတွေ
ပြည်သူတွေ
တိုင်းရင်းသားတွေ
အတိုက်အခံတွေ
တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေ

စုစည်းညီညွတ်ကြပါ။ စုစည်းညီညွတ်မှု မရှိရင် နောက်ထပ်နှစ်ပေါင်းများစွာ စစ်တပ်ကို ဆက်ပြီး ကျွန်ခံကြ။ ဒါပဲ ရှိတယ်။

တာဝန်ပေးရင်သမ္မတအဖြစ် လူတိုင်းလုပ်နိုင်တယ်(ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး)

ကျွန်တော်တို့ဆီမှာ သမ္မတလုပ်နိုင်တာ တစ်ယောက်တည်းမဟုတ်ဘူး။ လူတိုင်း လုပ်နိုင်တဲ့လူ အများကြီးရှိတယ်။ လုပ်နိုင်တဲ့လူတွေ၊ တာဝန်တွေ ခွဲဝေနေကြလို့ သမ္မတအဖြစ် လူတိုင်းလုပ်နိုင်တယ်။ တော်တော်များများ လုပ်နိုင်တယ်။ ဝန်ကြီးတွေတော်တော်များများ လုပ်နိုင်တယ်။ လူရွေးစရာ သိပ်မလိုဘူး။ တာဝန်ပေးရင် အကုန်လုပ်နိုင်တဲ့လူတွေပဲ။ ဒုတိယလူမရှိဘူး၊ တတိယလူ မရှိဘူးလားဆိုရင် အကုန်ရှိတယ်။ ကျွန်တော်တို့ တာဝန်ခွဲယူနေကြတာပဲ။ ကျွန်တော်တို့ဆီမှာ လူရွေးချယ်ဖို့ မခက်ခဲပါဘူး....
(ကြံ့ခိုင်ရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး)

ကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွင်းမှုအပေါ် ကျော်သူ အမြင်

ကိုရွှေမန်းတို့ ဖားချက်က လက်လန်တယ်

လက်ပံတန်း တရားရုံးတွင် ယနေ. ( တတိယအကြိမ် ) ရုံးထုတ်စဉ် ( ရုပ်သံ )

ရိုက်နှက်ကာ အချုပ်ကားပေါ် တက်စေခဲ့သည်ဟု ဒေါ်ညိုညိုသင်းက ပြော


Mizzima - News in Burmese
ကျောင်းသားများ ရိုက်နှက် ရုံးထုတ်ခံရဟုဆို


ကျောင်းသားများကို မတ်လ ၁၀ က ရုံးထုတ်စစ်ဆေးရာတွင် ရဲတပ်ဖွဲ့ဝင်တို့က ရိုက်နှက်ကာ အချုပ်ကားပေါ် တက်စေခဲ့သည်ဟု NNER အဖွဲ့ဝင် ဒေါ်ညိုညိုသင်းက ပြောသည်။ (ရိုက်ကူး - မင်းမင်း)

ခင်ဝိုင်းရွှေ

ဝင်လာတဲ့လမ်းကတော့ မြစ်ဆုံဘက်ကပဲ။

ကြိုက်တဲ့အချိန်မှာ ကြိုက်တဲ့သူကို ဖြုတ်ပစ်နိုင်တဲ့အာဏာရှိသောမင်းအောင်လှိုင်

မှတ်မှတ်ရရ ဒုသမ္မတ စကား ပေါ့နော်


Myo Kyaw Khaing
--
မြန်မာပြည်ထဲမှာတော့
ကျူးကျော်ကို ဘူဒိုဇာနဲ့ဆော်ခဲ့တယ်

အသက်ရှစ်ဆယ်အဖွားကိုပါ
ထောင်ချဖမ်းဆီးခဲ့တယ်

ဘုန်းကြီးကျောင်းပါမချန် ဖျက်ဆီးခဲ့တယ်

ဒီလိုလုပ်ရတာဟာ
ပြည်ပမှ နာရွက်တံတွေးမဆွတ်ရဲသည့်
တပ်မတော်ဖြစ်စေရေးအတွက်တဲ့
သောက်ရှက်မရှိပြောခဲ့တဲ့ ဒုသမ္မတကြီး

ဒို့မြေကို တိုင်းတစ်ပါးက
တစ်လက္မမှ အကျူးကျော်မခံဆိုသူတွေ
ပါးစပ်တွေ ဘာဆို့ထားသလဲ

အခု ရှမ်းပြည်နမ်းခမ်းမှာ
တရုတ်ကမြန်မာပြည်ဘက် ကျူးကျော်အလံစိုက်ပြီး
ပိုင်နက်ကျူးကျော်နေပြီ
ဒီလုပ်ရပ်ဟာ နားရွက်တံတွေးဆွတ်တာမက
ဖင်ပါလာချနေတာလေ

လေကြီးလေကျယ်ပြောခဲ့သမျှ
သောက်ရှက်ရှိရင် ဘူဒိုဇာနဲ့ထိုးပြပါ
ကျူးလွန်သူကို ဖမ်းပြပါ
ပြည်ပနိုင်ငံမို့ ဥပဒေနဲ့ရှင်းမယ်ဆို
ကုလသမဂ္ဂကိုတိုင်ပါ

ခင်ဗျားတို့ ဒီအတိုင်းကြီး
ဖင်ကုန်းခံမနေပါနဲ့
ပြည်သူကို နိုပ်စက်သလိုချပြစမ်းပါ
လေကျယ်ခဲ့တာတွေ
တရုတ်ကြတော့ လေသံမပြောင်းနဲ့
သောက်ခွပ်ဖြတ်ရိုက်ချင်နေတာ

သမ္မတဦးသိန်းစိန် ဦးနှောက်မရှိဘူးလား

(၇.၄.၂၀၁၅) မဖြိုးဖြိုးအောင် ၏ ပြောစကား

ယနေ့(၇.၄.၂၀၁၅)
မဖြိုးဖြိုးအောင် ၏ ပြောစကား

Mizzima
7-4-2015

ဒီကားကြီးကို သူမောင်းခဲ့တယ်



Soe Naing
ဒီကားကြီးကို သူမောင်းခဲ့တယ်
ဖြိုးဟန် တဲ့
ဒီနေ့ သူ့ရဲ့အလှုပါ
သမီးလေး နားသခါနီး ဖအေကိုမျှော်ရှာမှာပေါ့
ဇာတ်လမ်းကတော့ မြစ်သားအကျော်မှာစတာပါ ဗကသ ပင်မစစ်ကြောင်းမှာပါတဲ့ လှုံ့ဆော်ရေးကား ကိုယူလာသူတွေက သူတို့ယူလာတဲ့ကား ပြန်ယူသွားတော့မယ် လမ်းဆက်မလျှောက်တော့ဘူးတဲ့ လမ်းဆက်လျှောက်မယ့် ဗကသ ကျောင်းသားတွေအခက်တွေ့ပါပြီ ကားမရှိတော့ဘူး အသံချဲ့စက် စောင်းဘောက်တွေမရှိတော့ဘူး လှုံ့ဆော်ရေးဗီနိုင်းချိတ်ဖို့ကားမရှိတော့ဘူး ပြင်စည်ရောက်တဲ့ည လမ်းမလျှောက်ချင်တဲ့အဖွဲ့ ကားပြန်ယူသွားတော့ မနက်ပြင်စည်ကပြန်ထွက်ဖို့ကားမရှိတော့ဘူး တကယ်တော့ အဲဒီကားက ကိုနေမျိုးဇင်ရဲ့ကားပါ မင်းသွေးသစ်ကတော့ ကျောင်းသားတွေနဲ့အတူ သရဏဂုံတင်နေပြီ
ကိုမြတ်သူတို့ ကြံရပြီပေါ့ ဆရာလုပ်ပါအုံးတဲ့
ကျနော်လဲ ဖြိုးဟန်လုပ်ပါအုံးပေါ့
ဦးလူပေါက ကားပေးမတဲ့ အိုကေ
ပြည့်ဖြိုးဝင်းကလဲ ကူမယ်တဲ့ အိုကေပေါ့ ငါကတော့ ငါ့ကားစုတ်ကလွဲလို့မမောင်တတ်ဘူး လှုံ့ဆော်ရေးကားမင်းမောင်းရမယ် ဆိုတော့ မောင်းမယ်တဲ့ ထပ်ပြီး အိုကေပြန်ပြီပေါ့ ညတွင်းချင်းမြင်းခြံပြန် ကားပေါ်ကိုစက်တွေဆင် ပြင်စည်ကို မနက်အရောက်ပြန်မောင်းသွားကြတယ် ပြင်စည်က စထွက်လာကြတယ် ညကတရားဟောတာ နားထောင်ရတာအားမရလို့ ထပ်ပြီးတရားဟောရတာ ပြင်စည်က တော်တော်နဲ့ထွက်မရဘူး အဲဒီကစလို့ပင်မစစ်ကြောင်းကိုအားပေးတာ ခြိမ့်ခြိမ့်သဲသဲပဲ ရလိုက်တဲ့ အလှုငွေ ကျွေးလိုက်တဲ့အစားအစာ မကုန်လို့ လမ်းလျှောက်ရင်း အားပေးနေတဲ့ ပြည်သူတွေကို ကျောင်းသားနှစ်ယောက်က လမ်းဘေးဝဲယာ လိုက်ဝေနေတယ်။
ပြောချင်တာက ဖြိုးဟန်အကြောင်းပါ သူဌေးသား မျိုးရိုးစဉ်ဆက်ချမ်းသာတယ် မန္တလေး မြင်းခြံ သွားနေတဲ့ကုန်ကားတော်တော်များများပိုင်တယ် မိသားစုကို ပြန်ကြည့်စရာမလိုလောက်အောင် ပြည့်စုံပါတယ် အိမ်မှာ အဲယားကွန်းခန်း မွေ့ယာနဲ့အိပ်တဲ့ကောင်က ဟောက်တတ်တော့ ကျောင်းသားတွေကိုအားနာလို့ဆိုပြီး ငှားလိုက်တဲ့ကားအသစ်ကြီးကိုလဲ စောင့်ရှောက်ဖို့ဆိုပြီး အဲဒီကားပေါ်တင်ထားတဲ့ကျောင်းသားတွေရဲ့ပစ္စည်းပျောက်မှာကြောက်လို့ဆိုပြီး သူ့အရပ်ကြီးဂလန့်ဂလားနဲ့ကားခေါင်းထဲမှာဖြစ်သလိုအိပ်ပါတယ် အဲဒီလိုလူတယောက်က သပိတ်စစ်ကြောင်းတလျှောက် အအိပ်ပျက် အစားပျက် ဒုက္ခခံပြီး ဒီကားကြီးကိုလိုက်မောင်းပေးတယ် သူ့ရဲ့စိတ်ဓါတ်ကို မလေးစားပဲမနေနိုင်ပါဘူး (ငရုတ်သီးနဲ့ပေါင်းမိတဲ့ကြက်သွန်လို ဒေါ်စု နွားထိုးကြီးလာတော့ ကျနော်နဲ့အတူ ဘုံကျွန်ဖြစ်ရတဲ့အကြောင်းနောက်မှထပ်ရေးပါ့မယ်)
ဒီနေ့သူ့သမီးလေး ရှင်ပြုနားသအလှုပါ
သူကတော့ မြင်းခြံကစစ်ခွေးတွေလိုက်ကိုက်လို့ ဝရမ်းပြေးဖြစ်နေရရှာပါတယ် ကျနော် သူ့ကိုယ်စား ဘယ်လိုမှ ဖြေမဆည်နိုင်လို့ ရင်ဖွင့်ရပါတယ်
ဒီမိုကရေစီ ရအောင်လုပ်ပြီး ဒီအကြွေးပြန်ဆပ်ကြတာပေါ့ ဖြိုးဟန် ရေ.......

သာယာဝတီထောင်တွင် ဖမ်းဆီးထားသော ကျောင်းသား ၇၀ ကို လက်ပံတန်းတရားရုံးသို့ ရုံးထုတ်

ဓာတ်ပုံ သော်ဇင်စိုး