Sunday, February 28, 2016

ခွင့်ပြုမိန့် မှာ ပါတဲ့ ဆိုင်းဘုတ် ပိုစတာပါ ရေးသားချက်တွေ မဟုတ်



ဦးပေါ်ဦးနဲ့ ၅၉(စ)

" ဟဲ့ပေါ်ဦး "

" ဘုရား "

" ခုတလော ခွေးတွေတယ်မြူးပါလားဟဲ့ "

" လက်ပံပွင့်ချိန်မို့ပါဘုရား " ။

" သူချည်းပဲလား "

" နေမြင့်လာတာလည်း ပါပါတယ်ဘုရား " ။

အိမ်း.......

" ဟဲ့ပေါ်ဦး ၅၉(စ)လုံးထောက်ခံပွဲတွေလုပ်ကြတယ်ဆို "

" မှန်လှပါဘုရား "

" ထောက်ခံသူတွေရာကျော်တယ်ဆိုပဲ "

" အထင်ကြီးစရာမရှိပါဘုရား "

" ဘာကြောင့်လဲကွဲ. လျှောက်တင်စမ်း"

" ချေးဆိုတာ လူအတွက်ရွံစရာပေမယ့် ၊ ခွေးအတွက် နတ်သုဒ္ဓါလိုပါပဲဘုရား "

" သူချည်းပဲလားဟဲ့ "

" ချေးပုံမှာ ယင်အုံတတ်သေးတာလည်း သတိပြုပါ ဘုရား "

အိမ်း....

" ၅၉ (စ)လုံးမထောက်ခံရင် ဒီနိုင်ငံကထွက်သွားဆိုပါလား ပေါ်ဦးရဲ့ "

" အခုချိန်ထိ သူ့တို့ပထွေးပိုင်တဲ့ တိုင်းပြည်
ထင်နေသေးလို့ပါဘုရား "

" သူချည်းပဲလားပေါ်ဦးရယ် "

" သူ့တို့အမေ လင်ငယ်ပိုင်တယ်လို့လည်း ထင်နေသေးကြောင်းပါဘုရား "

အိမ်း....

" ၅၉(စ)လုံး ထောက်ခံပွဲမှာ အမျိုးကောင်းသား/သမီးလေးတွေပါတယ်ဆိုသလား ပေါ်ဦးရဲ့"

"သူတို့ဘာသာတော့ ပါတယ်လို့ဆိုပါတယ်ဘုရား ၊ ဒါပေမယ့် "

" ဒါပေမယ့် ဘာဖြစ်တုန်းပေါ်ဦးရဲ့ "

" လူသာလာတာ ဦးနှောက်တွေပါမလာပါဘူးဘုရား "

"သူချည်းပဲလားဟဲ့"

" သောက်ရှက်တွေလည်း ပါလာတာမမြင်မိပါ ဘုရား"

အိမ်းကွယ်...

" ဟဲ့ပေါ်ဦး ၅၉(စ)လုံးထောက်ခံသူတွေက အမျိုးချစ်တွေဆိုပဲ "

"မဟုတ်ရပါဘုရား "

" ဒါဆိုဘာတုန်းပေါ်ဦးရဲ့ "

" တိုင်းပြည်ကိုအမြစ်ကနေချိုးဖို့ကြံနေသူတွေပါ ဘုရား "

" သူချည်းပဲလားကွယ် "

" မစားရတဲ့အမဲသဲနဲပက်ချင်တာလည်း ပါပါတယ်ဘုရား "

အိမ်း...

" ဟဲ့ပေါ်ဦး ဦးဆောင်သူက ဒေါ်ခင်ဝိုင်းကြည်ဆိုပဲ "
" သေခါနီး အရိုးတွန်တာပါဘုရား "

" သူချည်းပဲလားပေါ်ဦးရဲ့ "

" သေခါနီး ရိက္ခာယူတယ်ဆိုတာပါပါသေးတယ်ဘုရား "

အိမ်း...

" ဟဲ့ပေါ်ဦး အစိုးရမင်းများကရော ခွင့်ပြုသလားဟဲ့"

" ဒေဝဒတ်နဲ့ အဇာတသတ်လိုပါပဲဘုရား "

" ဟုတ်ရဲ့လားပေါ်ဦးရယ် "

" ဘုန်းကြီးရူးနဲ့လှေလူး မထူးဇာတ်ခင်းနေကြတာပါဘုရား "

အိမ်း......

" ဟဲ့ပေါ်ဦး ခုချိန်မှာဘာလို့ထလုပ်ကြတာလဲကွယ့် "

" ကြေးစည်ထုသံကြားရင် ခွေးဟောင်တတ်တာ
သဘာဝပါဘုရား "

" သူချည်းပဲလားပေါ်ဦးရယ်"

" ရှူးတိုက်ပေးရင်ပြေးကိုက်တတ်တာ အရှင်
မင်းကြီးမသိလေရော့လားဘုရား "

အိမ်းကွယ်......

" ထောက်ခံဖို့လာတဲ့သူတွေက အားတက်
သရောရှိရဲ့လားဟဲ့ "

" မရှိပါဘုရား"

" ဘာကြောင့်လဲမှန်မှန်လျောက်တင်စမ်း"

" နေ့စားခ ၅ထောင်ပေးတာနည်းလို့ပါတဲ့ဘုရား "

သူချည်းပဲလားဟဲ့

" ဒန်ပေါက်ထုပ် မဝေလို့လည်းပါပါတယ်ဘုရား "

အိမ်း .....ဘယ်မျိုးချစ်ကကြားကဖြတ်ခုတ်သွားလဲမသိကွယ် ။

" ဟဲပေါ်ဦး နင်ရောထောက်ခံပွဲသွားသေးတယ်ဆို "

" မျောက်ပွဲပြမယ်မှတ်လို့ပါဘုရား "

" ကြည့်မကောင်းဘူးလားဟဲ့ "

" မျောက်ကအိုနေလို့ ပျင်းစရာကောင်းလှပါတယ်ဘုရား "

သမ္မတကြီး ရဲ့အချစ်တော် မျောက်
မောင်းမအကြီးကြီးတော့မခေါ်ဘဲနဲ့ကွယ် ။

"ဟဲ့ပေါ်ဦး ငါ့တိုင်းနိုင်ငံအတွင်း ဆိုးရွားသောင်းကျန်းနေတဲ့ လူငယ်လူရွယ်တွေကို မောင်မင်းပြောဆို ဆုံးမနိုင်တယ် ၊ အခု သက်ကြီးရွတ်တွတွေကိုရော
မောင်မင်း မဆုံးမနိုင်တော့ဘူးလားကွယ့် "

" မဖြစ်နိုင်ပါဘုရား "

" ဘာကြောင့်လဲကွယ့် ပေါ်ဦးရယ် "

" ခွေးအိုကြီးလက်ပေးသင်ရင်တတ်တယ်လို. အရှင်ဘုရားကြားလို.လားဘုရား "

" သူချည်းပဲလားဟဲ့ "

" ခွေးမြီးကောက် ကျည်တောက်စွပ်တွေမို.ပါဘုရား "

အိမ်းဟုတ်သားကွယ် ........

" ဟဲ့ ပေါ်ဦး ပွဲကျင်းပတာကဘယ်မှာလဲဟဲ့ "

" ဗိုလ်စိန်မှန်ကွင်းမှာပါဘုရား"

" ဗလောင်းဗလဲတွေ အဲ့ကွင်းမှာပြောနေတာ ဗိုလ်စိန်မှန်ကြီးက ဘာမှမပြောဘူးလားဟဲ့ "

" ဘာမှမပြောပါဘူးဘုရား ၊ တခုပဲ"

" ဘာတခုပဲလဲပေါ်ဦးရဲ့မြန်မြန်လျှောက်တင်စမ်း "

" ဗလောင်းဗလဲပြောတဲ့ပါးစပ်တွေ၊ နားထောင်တဲ့နားတွေ၊လာကြည့်တဲ့မျက်လုံးတွေ နှီးနဲ့ထထိုးမယ်လုပ်လို့ အကုန်ထွက်ပြေးလာရပါတယ်ဘုရား "

" ဘယ်လိုမျိုးထပြေးကြလဲဟဲ့ "

" ဖာတန်းမီးလောင်သလို ဝရုန်းသုန်းကားနဲ့ပါဘုရား "

" သူချည်းပဲလားပေါ်ဦးရဲ့ "

" ဖာသည်မ ရဲလိုက်ခံရ သလို ကြောက်လည်းကြောက်ရပါတယ်ဘုရား "

အိမ်းကွယ်...ငါကိုယ်တော်လည်း အသွင်ယူခံရမှာတော့ကြောက်သကွယ် .....လွှတ်တော်ဒီမှာနားမယ်။

အလင်းရောင်

Gong Xi Fa Cai ဆိုလို့ ရှန်ဟိုင်းရောက်နေတယ်မှတ်တာ

မန်းလေးဘူတာကြီး

ဆိုင်ရာပိုင်ရာ ဖုန်းတွေဆက် အရေးယူခံနေရပုံ


လမ်းပိတ်ရပ်ထားလို့ ပိတ်နေတဲ့အထဲက ထိပ်ဆုံးက ပိတ်နေတဲ့ကားကို
စရှင်းရာမှာ ကားပိုင်ရှင်က တခြားကားဖမ်းပါလား သူ့ကားမှ ဖမ်းရသလား
ဆိုပြီး လက်ညိုးတငေါက်ငေါက်ထိုး မင်းမသွားနဲ့ ပြောပြီး၊ ၎င်းရဲ့ ရာထူး နာ
မည်တွေ မေး ဆိုင်ရာပိုင်ရာ ဖုန်းတွေဆက် အရေးယူခံနေရပုံပါ။

ရဲပေါက်စလေးမှာ အလုပ်ပျက်၊ လူတွေ ဝိုင်းကြည့် ရှက်၊ မျက်နှာငယ်။ ကား
တွေ ပိတ်ဆို့ လမ်းပိတ်ချက်၊ ဆေးရုံကြီး အရေးပေါ်ဝင်ပေါက်ရှေ့။

Lu Zein

ငပိန်းတွေစုတာ ဗိုလ်စိန်မှန်ကွင်းတစ်ကွင်းစာတောင် မပြည့်မှီ



Nyo Thet Lwin
မြန်မာအမျိုးသားရေး လှုပ်ရှားတက်ကြွသူ ဆိုသူများက ဦးဆောင်ပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်အားကစားကွင်းမှာ ကျင်းပပြုလုပ်ကြတဲ့ ပုဒ်မ ၅၉ (စ) ဆက်လက်တည်ရှိရေး ထောက်ခံဟောပြောပွဲရဲ့ အင်အားအခြေအနေကိုကြည့်ပြီး ကျနော့်အတွက်တော့ ဝမ်းသာရတဲ့ခံစားမှု အကျိုးရလာဒ်ကောင်းတခုကို မျက်ဝါးထင်ထင် ထပ်မံတွေ့ခဲ့ရပါတယ်ခင်ဗျား။

ဘာလဲဆိုတော့ ကျနော်တို့တိုင်းပြည်မှာ မျက်ကန်းအမျိုးသားရေးဝါဒီ ငပိန်းတွေစုတာ ဗိုလ်စိန်မှန်ကွင်းတစ်ကွင်းစာတောင် မပြည့်မှီတဲ့အတွက် တိုင်းပြည်အတွက်၊ ကျနော်အလွန် ဝမ်းသာရပါတယ်ခင်ဗျား

 " ဘကြီးရေ ၅၉ ထောက်ခံပွဲတွေလုပ်နေပြီဗျ၊ ပြင်ဖို့တော့ မလွယ်တော့ဘူး "

" ဟုတ်လား၊ ဘယ်သူတွေကလုပ်တာလဲ "

" NDFပါတီ က ဒေါ်ခင်ဝိုင်းကြည်ဗျာ၊ မတူကွဲပြားပါတီက ဦးနေမျိုးဝေဗျာ၊ မြန်မာ့အမျိုးသားရေးက ဦးဝင်းကိုကိုလတ်ဗျာ၊ ရှေ့နေကြီး ဦးအေးပိုင်ဗျာ၊ ဒိတ်ဒိတ်ကြဲတွေနော် ဘကြီး "

" ဟေ... ကြောက်တောင်လာပြီ၊ နေပါအုံးကွ.. မင်းပြောတဲ့ ဒိတ်ဒိတ်ကြဲတွေ ခေါင်းဆောင်တာဆိုတော့ လူဘယ်လောက်များများ တက်သတုန်း "

" သုံးရာတောင်ဗျ ဘကြီးရေ "

" လခွီး... ရန်ကုန်လိုနေရာမျိုးမှာ လူသုံးရာတက်တာကို စကားထဲထည့်ပြောနေတယ်၊ ငါ့အိမ်က ထူးလုံနဲ့ မိဖီ ခွေးနှစ်ကောင် ပူးတုန်းကတောင် အဲဒီထက်လူစည်သေးတယ် "

" တိန် ... ဟုတ်လို့လားဘကြီးရယ် "

" ဟိုဘက်တောင် လွန်သေးတယ်၊ ခုနက မင်းပြောတော့ ပါတီ သုံးခုတောင်ပါတာနော် "

" ဟုတ်တယ်လေ ဘကြီးရဲ့၊ အာ့ကြောင့်ပြောတာ "

" ပိုဆိုးသွားပြီ ဟကောင်ရေ၊ သုံးဖွဲ့ပေါင်းပြီး လုပ်တာတောင် လူက ဒီလောက်ပဲလာတာဆိုတာနဲ့တင် အတော်ရှက်စရာကောင်းနေပြီ၊ ငါ့အိမ်ကခွေးတွေ ထွက်အူလိုက်ရင်တောင် ရွာနီးချုပ်စပ်ကခွေးတွေထွက်ပြီးလိုက်အူကြတာနဲ့တင် အကောင် သုံးရာကျော်သေးတယ်ဟ "

" ဘကြီး.. အာ့တော့ နဲနဲများသွားပြီ၊ ဘယ်လိုခွေးက အဲလောက်များမှာလဲဗျ "

" ဟ.. များတယ်ကွ၊ မသိပဲ လျှောက်ပြောပြန်ပြီ၊ အိမ်က မိဖီတောင် လင်သုံးလေးကောင်ရှိတယ်၊ တနှစ်တနှစ် မွေးလိုက်တဲ့ခွေးတွေ နည်းတာမဟုတ်ဘူး၊ ရွာနီးချုပ်စပ်က ဟာတွေပါထည့်ပေါင်းရင် အကောင်သုံးရာ အပျော့လေးပဲ "

" တော်ပါပြီ ဘကြီးရယ်၊ ဘကြီးပြောရတာ သိပ်မမိုက်ပါဘူး၊ ပြောလိုက်ရင် သူ့ခွေးတွေနဲ့ပဲ ကိုင်ပေါက်နေတာ "

" ဘကြီးမှာလည်း ဒီခွေးတွေနဲ့ပဲ ရန်ဖြစ်နေရတာဆိုတော့ ဒါပဲပြောစရာရှိတာကိုးကွ၊ သိပ်တော့ မထူးပါဘူးကွာ၊ မင်းလာပြောတဲ့ လူတွေအကြောင်းကလည်း ငါ့ခွေးတွေလောက်တောင် အကျိုးပြုတဲ့ဟာတွေမဟုတ်ဘူး၊ ငါ့ခွေးတွေကမှ ခြံစောင့်ဖော် ရသေးတယ်၊ မင်းပြောတဲ့လူတွေက ဆန်ကုန်မြေလေးတွေ "

" တိန် "
.
YaeTayZa@တောကဘကြီး

Sunday, February 14, 2016

ကွီးတို့ဘယ်လောက်နိုင်သွားပြီလဲ.. ပြောတော့ကူညီပါရစေဆို

ပုသိမ်တံတားနှင့်နိုင်ငံတော်လုပ်ကြံမှု

သေးပေါက်လို့မူလီတွေစားပြီးတံတားကျိုးတယ်
ဆိုတာယေဘူယျအားဖြင့်လက်ခံနိုင်ပါတယ်။
နှစ်ရာချီပြီးသေးပေါက်ခံရမှပါ။ပုသိမ်တံတားက၁၀
နှစ်ကျော်သားလောက်ပါ၊တံတားပေါ်လာတဲ့သူတိုင်း
ကအဲ့မူလီကိုမထိထိအောက်ပေါက်တာဆိုရင်တော့
ဒါနိုင်ငံတော်လုပ်ကြံမှုပဲ


အာဏာခွဲဝေ မှုဆိုင်ရာကို ဆွေးနွေးသည့်အခါ ကသိကအောက်ဖြစ်နေ

ဒေါ်အောင်ဆန်းစုကြည်နှင့်တပ်မ တော်အကြား ဒီမိုကရက်တစ်အစိုးရသစ်ဆီ အာဏာ လွှဲပြောင်းရေး ဆွေးနွေးမှုများတွင် အာဏာခွဲဝေ မှုဆိုင်ရာကို ဆွေးနွေးသည့်အခါ ကသိကအောက်ဖြစ်နေကြောင်း ရိုက်တာသတင်းဌာနက အစီရင် ခံသည်။
မတိုးသာမဆုတ်သာကစား ကွက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် လွှတ်တော်မှနေ ၍ သမ္မတသစ်ရွေးချယ်ရေးအ တွက် ဒုသမ္မတလောင်းများတင် သွင်းရန် အစည်းအဝေးများစတင် မည့်ရက်ကို မတ် ၁၇ရက်သို့ နောက်ဆုတ်ခဲ့ရသည်။ ထို့ကြောင့် အစိုးရသစ်သက်တမ်းစတင်ရမည့် ရက်ဖြစ်သော ဧပြီ ၁ရက်နှင့် နီးကပ် သွားစေသည်။
စေ့စပ်ညှိနှိုင်းမှုများမှာ လျှို့ဝှက်ဆွေးနွေးမှုများ ဖြစ်နေပြီး ပြီး ခဲ့သည့်လတွင် တပ်မတော်ကလာ မည့်အစိုးရထံ တောင်းဆိုချက် များချပြပြီးနောက် ကွဲလွဲမှုများ ပေါ်ထွက်လာခဲ့သည်ဟု လွှတ် တော်ကိုယ်စားလှယ်များကဆို သည်။
ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦး ဖြစ်ပြီး ယခု ဒေါ်အောင်ဆန်းစု ကြည်၏ အဓိက မဟာမိတ်တစ်ဦး ဖြစ်သည့် သူရဦးရွှေမန်းကို ပြည်သူ့လွှတ်တော် ဥပဒေရေးရာအထူး ကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌအဖြစ် ခန့်အပ်မှုသည်လည်း မယုံကြည်မှုကို ဖြစ်စေခဲ့သည်ဟု အချို့ကဆို သည်။ သူရဦးရွှေမန်း၏ အတွင်း ကျကျသိသော ဗဟုသုတများ ကြောင့် အာဏာကုန်တော့မည့် အစိုးရ၏ လုပ်ဆောင်ချက်များကို အစိုးရသစ်က နှိုက်နှိုက်ချွတ်ချွတ် ဖော်ထုတ်စေနိုင် သည်ဆိုသော တွက်ဆမှုများကြောင့်ဖြစ်သည်။
‘‘ပြီးခဲ့တဲ့အစိုးရအဖွဲ့ဝင် အားလုံးက အခု ထိတ်လန့်နေကြ ပုံပေါက်တယ်။ ဆိုတော့ သူတို့ ကိုယ်သူတို့ ကာကွယ်ဖို့အတွက် တပ်မတော်ရဲ့ ၀ိတ်ကို သုံးဖို့သူ တို့ကြိုးစားကြတာပဲ’’ဟု ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ(USDP)မှ လွှတ်တော် ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြောသည်။
နိုဝင်ဘာရွေးကောက်ပွဲ ဒီ ချုပ်အနိုင်ရပြီးနောက် အာဏာလွှဲ ပြောင်းရေးအကူးအပြောင်းသည် ‘‘အမျိုးသားပြန်လည်ရင်ကြားစေ့ ရေး’’ အကြောင်းပြောစကားများ၊ အပြန်အလှန် လက်ဆွဲနှုတ်ဆက်မှု များဖြင့် စတင်ခဲ့သည်။
မကြာသေးမီ ရက်များတွင်မူ ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံ၏ အမြင့်ဆုံး ရုံးတော်၌ နေရာယူခွင့်ပေးရန် ၎င်း သမ္မတဖြစ်ခွင့်မှ ပိတ်ပင်ထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်သင့်၊ မသင့် ပတ်သက်၍ မီဒီယာမှတစ် ဆင့် NLD နှင့် တပ်မတော်တို့က ငြင်းခုံထားကြသည်။
အာဏာသက်တမ်း ကုန်တော့မည့် ပြန်ကြားရေးဝန်ကြီး၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဒေါ်အောင်ဆန်းစုကြည် သည်တပ်မတော်ကို လေးစားသင့်ကြောင်း ပြောခဲ့ပြီး ၎င်း၏အစိုး ရအဖွဲ့အနေဖြင့် စီးပွားရေးပြုပြင်ပြောင်းလဲ မှုအပေါ် အာရုံစိုက်ရ မည့်အစား သမ္မတ ဖြစ်ရေးသာ လုပ်မနေရန် ဆိုခဲ့သည်။
အရှေ့မျှော် (သို့မဟုတ်)
အနောက်ငဲ့
သူရဦးရွှေမန်းကို အရေးပါသည့် ကော်မရှင် တစ်ခု၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ရွေးချယ်မှုသည် အကယ် ၍ ဦးသိန်းစိန်အစိုးရအဖွဲ့အတည် ပြုခဲ့သော စာချုပ်များကို ပြန် လည်စိစစ်ရန် (သို့မဟုတ်) ဥပဒေ များကို ပြင်ဆင်ရန် ကော်မရှင်၏ လုပ်ပိုင်ခွင့်ကို အသုံးချရေး NLDက ဆုံးဖြတ်ခဲ့လျှင် အာဏာ ကုန်တော့မည့် သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့ဝင်ဟောင်းများအတွက် ပြဿနာအခက်အခဲဖြစ်နိုင်သည်ဟု လွှတ်တော် ကိုယ်စားလှယ်အချို့ က သုံးသပ်သည်။
အတိတ်ကို ပြန်မတူးဆွရေး ဆိုသည့်ကိစ္စသည် ဒေါ်အောင် ဆန်းစုကြည်နှင့် တပ်မတော်ရှိ ၎င်း၏ ရန်သူဟောင်းများအကြား အလုပ် ဖြစ်သောဆက်ဆံရေးတစ် ရပ်တည်ထောင်ရန် ကြိုးပမ်းရာ တွင် အလွန်အရေးပါလှသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်သည် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်းနေရာယူထားပြီး နိုင်ငံ တော်လက္ခဏာ၏ အဓိကအစိတ် အပိုင်း များကို ချုပ်ကိုင်ထားသည်။
ဒီဇင်ဘာက စစ်အာဏာရှင် ဟောင်း ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေနှင့် တွေ့ဆုံချိန် တွင် NLD သည် အတိတ်အပေါ် အာရုံစိုက် မည်မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က အာမခံချက်ပေးခဲ့ သည်။ အပြန်အလှန် အားဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို တိုင်း ပြည်၏ အနာဂတ်ခေါင်းဆောင်အ ဖြစ် ဦးသန်းရွှေက ထောက်ခံချက် ပေးခဲ့သည်။
ဇန်န၀ါရီလကုန် လွှတ်တော် မဖျက်သိမ်းမီမှာပင် ဦးသိန်းစိန်၏ ပြည်ခိုင်ဖြိုးပါတီက လွှမ်းမိုးထား သော လွှတ်တော်က ဥပဒေတစ်ရပ်ကို အလောတကြီး အတည်ပြု ခဲ့သည်။ ယင်းမှာ သမ္မတတာဝန် ထမ်းဆောင်ခဲ့သူကို တစ်စုံ တစ်ရာ တရားစွဲဆိုခြင်းမှ တစ်သက်တာ ကင်းလွတ်စေသည့် ဥပဒေဖြစ် သည်။
‘‘ဥပဒေက သမ္မတကိုပဲ ကာ ကွယ်ပေးတာ။ သူ့ဝန်ကြီးတွေမပါ ဘူး’’ဟု ပြည်ခိုင်ဖြိုး လွှတ်တော် ကိုယ်စားလှယ်ဟောင်းဖြစ်ပြီး လက်ရှိသူရဦးရွှေမန်း၏ ကော်မရှင် အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ က ပြောသည်။ ကော်မရှင်အနေ ဖြင့် လတ်တလော ဘတ်ဂျက်များကို စစ်ဆေးကြည့်ရှုမည်ဟု ၎င်း ကဆိုသည်။
တပ်မတော်၏တောင်းဆိုမှုများ
ရခိုင်၊ ရှမ်း၊ ကချင်ပြည်နယ် များ၏ ၀န်ကြီးချုပ် နေရာများနှင့် မြန်မာ့စီးပွားရေးအရှိန်မြန်မြန် တိုးတက်လာနေသည့်အတွက် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု အာရုံစိုက်ခံရနိုင်ခြေရှိသည့် ရန်ကုန်တိုင်း၏ ၀န်ကြီးချုပ်နေရာကို တပ် မတော်က တောင်းဆိုကြောင်း တွေ့ဆုံ ဆွေးနွေးမှုများနှင့်ပတ် သက်၍ အကျဉ်းချုပ် ပြန်ပြောင်း ပြောပြသူ နှစ်ဦးက ဆိုသည်။
ရှမ်းနှင့်ကချင် ပြည်နယ်နှစ်ခု စလုံးမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှု၊ တရားမ၀င် ကျောက်စိမ်းတွင်း များ မှောင်ခိုမှု အစရှိသည့် ဥပဒေ နှင့် မညီညွတ်သောလှုပ်ရှားမှုများ တွင် ပါဝင်ပတ်သက်နေသော အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဒေသဖြစ်သည်။
အထူးဒေသများ ပါဝင်သည့် ဤပြည်နယ်များကို အုပ်ချုပ်ခြင်း သည် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များနှင့် အပစ်အခတ် ရပ်စဲရေးကို ထိပ်တန်းဦးစားပေး အဖြစ် သတ်မှတ်ထားသူ ဒေါ်အောင်ဆန်းစုကြည်အတွက် အဓိက ကျနေသည်။
မြန်မာနိုင်ငံတွင် အရေးပါသော စီးပွားရေးနှင့် မဟာဗျူဟာကျ အကျိုးစီးပွားများရှိသည့် တရုတ်နိုင်ငံ ကလည်း ၎င်း၏ လွှမ်းမိုးမှုကို ကာကွယ်ရန် သောကများနေကြောင်း အာဏာလွှဲပြောင်းရေး တွေ့ဆုံဆွေးနွေး မှုများတွင် ပါဝင်သူ NLD ထိပ်တန်းခေါင်းဆောင် ဦးဝင်းထိန်က ပြောသည်။
‘‘တရုတ်အစိုးရကိုယ်စား လှယ်တွေနဲ့ စီးပွားရေး အသင်းအဖွဲ့တွေက သမ္မတအကြောင်း စီးပွားရေးသဘောတူညီချက်တွေအ ကြောင်းပြောဖို့ တို့ဆီတစ်ချိန်လုံး ကို လာနေတာပဲ’’ ဟု ဦးဝင်းထိန် ကပြောသည်။
ကိုးကား- Reuters
7Day News Journal
14 February 2016

Saturday, February 13, 2016

လေယာဉ်ပစ်ကျည်ဆန်များ ဘယ်လိုရောက်လာတာလဲ


12 February 2016

ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်အတွင်း လေယာဉ် ပစ်ကျည်ဆန်များ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ သတင်းများ ထွက်ပေါ်နေသော်လည်း တိုင်းဒေသကြီး ရဲတပ်ဖွဲ့အနေဖြင့် ဆက်လက်စစ် ဆေးနေသောကြောင့် သတင်းထုတ် ပြန်ပေးနိုင်မှုမရှိသေးကြောင်းရန်ကုန် တိုင်းဒေသကြီး ဒုတိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းဘိုက ပြာသည်။

ထွက်ပေါ်နေသည့်သတင်းများအရ တာမွေမြို့နယ်အတွင်း ညအချိန်စက်ဖွင့်ရပ်နားထားသည့် ယာဉ်ပေါ်မှ ပစ္စတိုသေနတ်တစ်လက်၊ ကျည် ၇၂တောင့်နှင့်အတူ တွေ့ရှိသူကို ဆက်လက်စစ်ဆေးခဲ့ရာ လေယာဉ် ပစ်ကျည်ဆန်များကို ယခုလ ၁ဝ ရက်က လှိုင်သာယာမြို့နယ်အတွင်းမှ ဆက်လက်သိမ်းဆည်း ရမိခဲ့ကြောင်း၊ ယင်းနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် တာမွေမြို့မရဲစခန်းက (ပ)၁၁၇/၁၆ လက်နက်ဥပဒေပုဒ်မ ၁၉(စ)အရ အမှုဖွင့်အရေးယူထား သည့် အလုံမြို့နယ်နေ အောင်မြတ် ကျော်(ခ)ညီညီစိုး (ခ) မင်းခန့်(ခ) ညီညီ (၂၆နှစ်)ကို ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ဆက်လက်စစ်ဆေးခဲ့ရာ ဒဂုံမြောက်ပိုင်း မြို့နယ်အတွင်းမှ စစ်သုံးလက်နက် ပစ္စည်းများနှင့်ဆက်သွယ်ရေးစက်၊ ဗုံး၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ မြောက်ဥက္ကလာပမြို့နယ်နေဝေသာ ထွန်း(ခ)မျိုးဇော် (၃၄နှစ်)ကို ကွင်း ဆက်အဖြစ် ဆက်လက် ဖမ်းဆီးစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့ပြင် ၄င်းတို့နှစ်ဦးကိုစစ်ဆေးချက်အရ လှိုင်သာယာမြို့နယ်အတွင်း ပဒံကျေးရွာ ရွှေကမ်းသာ အိမ်ရာဝင်း အတွင်းရှိ တိုက်အမှတ် ၁၂ တွင် လက်နက်ပစ္စည်းများထား ရှိကြောင်း ဆက်လက်ပေါ်ပေါက်ခဲ့သည်။ စုံစမ်းပေါ်ပေါက်ချက်အရ အဆိုပါအိမ်ရာ တိုက်အမှတ် ၁၂သို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး၏ ညွှန်ကြားမှုဖြင့် ဝင်ရောက်စစ်ဆေးခဲ့သည်။

အမှုတွင် ပါဝင်သူ ကျော်စိန် (စုံစမ်းဆဲ)နှင့်အေးချမ်း(စုံစမ်းဆဲ)တို့ နှစ်ဦးမှာ တိမ်းရှောင်သွားခဲ့ကြောင်း၊ အဆိုပါ နေအိမ်တိုက်ခန်းအတွင်း အသုံးအဆောင်၊ စာရွက်စာတမ်းများကိုလည်းကောင်း၊နေအိမ်အပေါ်ထပ် စတိုခန်းအတွင်းမှမြွေရေခွံ အိတ်ဖြင့်ထည့်ထားသည့် သေနတ်သုံးကျည်အတောင့် ၇ဝ၄ဝနှင့် ကျည် ဘောက်စ် ၁၉ ခု၊ ၁၂ ဒသမ ၇ အမျိုးအစားလေယာဉ်ပစ်သေနတ်ကျည် အတောင့်၄၄ဝ၊ ၄၇ အမျိုးအစား ကျည်ခါးပတ် ၁၃ ခုထည့်လျက် ကျည်အတောင့်၁ဝဝဝ၊ အမဲဆီများ ပေနေသည့် စက်လတ်ကျည် ၅ဝဝ ဆံ့ကျည်မပါခါးပတ်နှစ်ခု၊ လေ့ကျင့် ရေးကျည် ၁၉၅တောင့်၊ အဝိုင်းပုံ စက်လတ်ကျည်အိမ်နှစ်ခု၊ မီးခိုး ဗုံးလေးလုံး၊ လက်နက်ကြီးပို့ကျည် ၁၂လုံး၊ ယမ်းတောင့် ၅၆ ထုပ်၊ အရှည် ၉၄ ပေ ခြောက်လက်မခန့်ရှိ မီးရှို့စနက်တံကြိုးရိုးရိုးတစ်ချောင်း၊ စက္ကူဘူးဖြင့် ထည့်ထားသည့် စနက်တံ ၁၉၅ ချောင်းတို့ကို တွေ့ ရှိသိမ်းဆည်းခဲ့သည်။ လက်နက်များ တရားမဝင်ထားရှိသူ အောင်မြတ်ကျော်(ခ)ညီညီစိုး(ခ)မင်းခန့်(ခ) ညီညီ၊ ဝေသာထွန်း (ခ)မျိုးဇော်နှင့် တိမ်းရှောင်နေသူကျော်စိန်(စုံစမ်းဆဲ) နှင့်အေးချမ်း (စုံစမ်းဆဲ)တို့နှစ်ဦးကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။ သောင်ကြီးနယ်မြေရဲစခန်းက (ပ) ၈ဝ/၁၆ လက်နက်ဥပဒေပုဒ်မ ၁၉(စ)အရ အမှုဖွင့်အရေးယူထား ကြောင်း သတင်းများထွက်ပေါ် ခဲ့သည်။

''စိစစ်ဆောင်ရွက်ဆဲဖြစ်ပါတယ်။ ဘာမှပြောလို့ မရသေးပါ ဘူး။ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။ ပြောသည်ဆိုပြီး အွန်လိုင်းပေါ်မှာတက်တက်လာတယ်။ ဘယ်သူမှမပေးသေးပါဘူး။တခြား ကိစ္စမေးရင်မေးပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီးစုံစမ်းစစ်ဆေးနေပါတယ်'' ဟု ရန်ကုန်တိုင်းဒေသကြီး ဒုတိုင်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းဘိုက ပြောသည်။

တာမွေမြို့နယ်၌ရပ်ထားသော ယာဉ်ပေါ်မှ ပစ္စတိုတစ်လက်နှင့် ကျည်ဆန် ၇၂ တောင့် ကိုင်ဆောင်ထားသော အမျိုးသားတစ်ဦးကို ယခုလ ၆ရက်က ဖမ်းဆီးရမိခဲ့ပြီး ၄င်းအားစစ်ဆေးရာမှ မြောက်ဥက္ကလာပမြို့နယ်တွင် ယခုလ၁ဝရက် ကစိတ်ကြွရူးသွပ်ဆေးပြားသုံးသိန်းကျော် ထပ်မံဖမ်းဆီးရမိခဲ့သည်။
''အဲ့ဒါကတိုင်းကိုမေးရင်မေး၊ တိုင်းနဲ့ အခြားအဖွဲ့တွေ ပူးပေါင်း ဆောင်ရွက်တာ။ အားလုံးချပြသင့် တဲ့အချိန်ရောက်ရင် ချပြမှာပါ''ဟု ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးမြင့် လွင်က ပြောသည်။

တာမွေမြို့နယ်အတွင်း ကနဦး ဖမ်းဆီးရမိခဲ့သည့် ပစ္စတိုသေနတ်နှင့်အတူ တွေ့ရှိခဲ့သူမှာ ရခိုင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းနှင့် ဆက်စပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူး ကြီးတင်အောင်ထွန်းကပြောသည်။

The Union Daily

ငြိမ်းချမ်းသောနည်း သဟဇာတနည်းဖြင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လာမည်

ထွက်ခတ်ခတ်သွားသောကိစ္စများ

Naing Aung ·
အာဏာလွှဲပြောင်းရေးအတွက်ကုန်ကျစရိတ်များ သို့မဟုတ် ထွက်ခတ်ခတ်သွားသောကိစ္စများ
၁။ ကာကွယ်ရေးဝန်ကြီးဋ္ဌာန နှင့် ပြည်ထဲရေးဝန်ကြီးဋ္ဌာနပိုင် မြေ နှင့် အဆောက်အဦးများ ဟု အစိုးရဆုံးဖြတ်ချက်နှင့် နိုင်ငံတော်ပိုင်ဟူ၍သိမ်းယူသွားသည်။
၂။ အစိုးရအဖွဲ့ဝင်ဝန်ကြီးအားလုံးလောက်နီးပါးကို သမတ၏ နိုင်ငံစွမ်းဆောင်ရည်ဆုဟု ခပ်တည်တည်ပေးသွားသည်။
၃။ ကာချုပ်နှင့်ဒုကာချုပ်၏သက်တမ်းကို ၆၅ နှစ်ဟု ကိုယ့်ဖာသာဆုံးဖြတ်သွားသည်။
၎။ ရာဇဝတ်သားများကို ထောင်ခါသွားသည်။
၅။ နိုင်ငံရေးတက်ကြွသူများကို လွန်ခဲ့သော ၂နှစ်က အမှုဟောင်းများနှင့်ပြန်တရားစွဲသည်။


Friday, February 12, 2016

ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကြား အခက်ကြုံနေ


2016-02-12
RFA Burmese

ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတရာထူး တာဝန်ယူခွင့်ပြုရေးအတွက် မြန်မာ့တပ်မတော် ခေါင်းဆောင်တွေနဲ့  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြား အာဏာခွဲဝေရေး ဆွေးနွေးပွဲတွေပြုလုပ်နေရာမှာ အခက်အခဲတချို့ ကြုံတွေ့နေရတယ်လို့ သတင်းရပါတယ်။

တပ်မတော်ဘက်က ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရာထူးတွေကို သူတို့စိတ်ကြိုက်ခန့်ဖို့ တောင်းဆိုနေကြောင်း မနေ့ကနေ့စွဲနဲ့ နေပြည်တော်ကလာတဲ့ ရိုက်တာသတင်းမှာ ပါရှိပါတယ်။

ဒါ့အပြင် သူရ ဦးရွှေမန်းကို ပြီးခဲ့တဲ့ အပတ်က ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ သုံးသပ်ရေး ကော်မရှင် ဥက္ကဌအဖြစ် ခန့်အပ်လိုက်တဲ့ကိစ္စကိုလည်း လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့မှာ ပါဝင်ခဲ့သူအားလုံးဟာ စိုးရိမ်ထိတ်လန့်နေဟန်ရှိတယ်လို့  ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွတ်တော်ကိုယ်စား လှယ်ဟောင်း  တစ်ဦးကပြောဆိုကြောင်း သတင်းမှာ ဖေါ်ပြထားပါတယ်။

အာဏာကြီးမားတဲ့ အဲ့ဒီကော်မရှင်အနေနဲ့ အစိုးရဟောင်း ချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို ပြန်လည်ဆန်းစစ်နိုင်သလို ဥပဒေတွေကို ပြင်ဆင်နိုင်ပါတယ်။  ဦးရွှေမန်းနဲ့အတူ အဲ့ဒီကော်မရှင်မှာ ပါဝင်သူတွေဟာ ဦးသိန်းစိန်အစိုးရမှာ ပါဝင်ခဲ့သူတွေရဲ့နောက်ကြောင်း အတွင်းသိတွေဖြစ်တဲ့အတွက် အစိုးရအဖွဲ့ဝင်ဟောင်းတွေဟာ သူတို့ကို အစိုးရသစ် အရေးယူခံရမယ့်ဘေးက အကာအကွယ်ပေးဖို့ စစ်တပ်ကို အားကိုးနေကြတယ်လို့ ဆိုပါတယ်။

ဥပဒေအရ သမ္မတဟောင်းကိုသာ အကာအကွယ်ပေးထားပြီး ဝန်ကြီးဟောင်းတွေကတော့ အကာအကွယ်မဲ့နေ တယ်လို့လည်း ဦးရွှေမန်းခေါင်းဆောင်တဲ့ အဲ့ဒီအဖွဲ့မှာပါဝင်သူ ကြံ့ခိုင်ဖွံ့ဖြိုးရေး ခေါင်းဆောင်ဟောင်း တစ်ဦးက ပြောပါတယ်။

ဒါပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာလက တွေ့ဆုံရာ မှာတော့ ဒေါ်အောင်ဆန်းစုကြည်က အတိတ်ကအဖြစ်တွေကို NLD အနေနဲ့ နောက်ကြောင်းလှန်နေမှာ မဟုတ်ကြောင်း ကတိပြုခဲ့ပြီး အပြန်အလှန်အားဖြင့် ဦးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အနာဂတ် နိုင်ငံ့ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုခဲ့တယ်လို့ သိရပါတယ်။

ဒီအတောအတွင်း တရုတ်အစိုးရကလည်း မဟာဗျူဟာအရ အရေးပါတဲ့ မြန်မာပြည်က သူတို့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် NLD အစိုးရသစ်ဆောင်ရွက်မယ့် အစီအစဉ်တွေကို  အထူးစိတ်ဝင်စားနေတယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရ ကိုယ်စားလှယ်တွေနဲ့ တရုတ်စီးပွားရေးသမားတွေဟာ သူတို့ထံကိုလာပြီး သမ္မတသစ်အကြောင်းနဲ့ စီးပွားရေးစာချုပ်တွေအကြောင်း တချိန်လုံးလိုလို မေးမြန်းနေကြတယ်လို့ NLD ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်ကပြောဆိုကြောင်းလည်း Reuters  သတင်းမှာ ဖေါ်ပြထားပါတယ်။ r

Sunday, February 7, 2016

နိုင်ငံရေးလမ်းဆုံး

ပါလီမန်စနစ်ကျင့်သုံးသည့်နိင်ငံများတွင်
တတိယအင်အားကြီးပါတီရှိသည်၊ထိုင်ခုံ
၃၀၊၄၀ခန့်ရရှိတတ်သည်။ပါတီကြီး၂ခု၏
အမှားများကိုထောက်ပြတတ်သလိုပါတီ၂
ခုအကြားမိမိရှိထားသည့်အမတ်နေရာကို
ကစားကြသည်။အစိုးရမဖွဲ့ဖူးသော်လည်း
မဲဆန္ဒနယ်အချို့တွင်အမြဲအနိုင်ရလေ့ရှိသည်
အကြောင်းမှာထိုနယ်များ၏လိုအပ်ချက်
များကိုတောင်းဆိုဖြည့်စည်းပေးနိုင်သော
ကြောင့်ဖြစ်သည်။
၂၀၁၀မှာအန်နယ်လ်ဒီကခွဲထွက်ပြီး(ခမောက်
ပါသယ်သွား)အန်ဒီအက်ဖ်အမည်နဲ့ဝင်ပြိုင်
တော့အပျော်ကြီးပျော်ခဲ့တာကြံခိုင်ရေးဖြစ်
သည့်၊နေရာနဲနဲလေးရသည့်အတိုက်အခံ
ပါတီနှင့်လွှတ်တော်ပြယုတ်လှပခဲ့သည်။
ထိုအချိန်ကအန်ဒီအက်ဖ်ကိုမဲပေးခဲ့သူများ
၏တွက်ကိန်းမှာအန်ဒီအက်ဖ်၏နိင်ငံရေး
လုပ်ဆောင်ချက်များကိုကြိုက်နှစ်သက်လို့
မဟုတ်ပဲလွှတ်တော်တွင်းချိန်ခွင်လျှာမမျှမှာစိုး
ရိမ်ချက်တခုသာရှိခဲ့ပုံရသည်။၂၀၁၂ကြား
ဖြတ်မှာ၃၉နေရာနှင့်အန်နယ်လ်ဒီလွှတ်တော်
ထဲရောက်လာတော့အပူမီးလျံရင်ထဲလျှံရသူ
မှာဒေါ်ဝိုင်းဖြစ်ပေတော့သည်။ဦးသိန်းစိန်လဲ
ကောင်း၊ဦးရွှေမန်းလဲကောင်းဖြစ်ကုန်သည်။
ပါတီနိင်ငံရေးလမ်းကြောင်းမရှိပေါ်ပင်နိင်ငံ
ရေးလုပ်တော့သည်၊အန်ဒီအက်ဖ်အကွဲအပြဲ
ဖြစ်ပြီးချိန်မှစ၍ပါတီနိုင်ငံရေးနှင်မူဝါဒလုံးဝ
ပျောက်ကွယ်သွားတော့သည်။
ဦးဝီရသူနောက်ကလိုက်ပြီးမဘသမဟာမိတ်
လုပ်တော့သည်။နောက်ပိုင်းတွင်အန်ဒီအက်ဖ်
စီအီးစီလုပ်ငန်းတာဝန်များပျောက်ကွယ်ပြီးဒေါ်
ဝိုင်းနှင့်လူငယ်ပါတီဝင်တချို့ ၏ဆုံးဖြတ်ချက်
များလုပ်ဆောင်ချက်များသာရှိတော့သည်။
တတိယအင်အားကြီးပါတီအဖြစ်အနာဂါတ်
မျော်လင့်ချက်လည်းရေစုံမျောရတော့သည်။
၂၀၁၅မှာမယ်ပဋ္ဌာမြေလူးဖြစ်ခဲ့တာဒေါ်ဝိုင်း၊
အမတ်နေရာဘဲဥမကွဲခဲ့၊
အန်နယ်ဒီတောင်ပြိုကမ်းပြိုနိုင်တာရင်နာတယ်
ဟုရင်ဘတ်ထုတော့သည်။အန်အယ်ဒီကိုရင်နာ
တာလား၊မဲပေးတဲ့ပြည်သူကိုရင်နာတာလားသူ
ကိုယ်တိုင်ပင်သိပုံမရခဲ့၊
သု့စိတ်ထဲမှာအန်နယ်လ်ဒီကိုတိုက်ခိုက်ရန်စိတ်
တခုသာရှိတော့သည်။အကောင်အထည်ဖေါ်
ပေးနေသုများမှာမေသရဖီဝင်သန်း၊သူမ၏
အဖေါ်နှင့်အခြားလူငယ်အချို့ဖြစ်သည်၊
ဘယ်တော့မှနိုင်ငံရေးလောကထဲဝင်မရတော့
မည့်ပါတီ၂ခုရှိသည်။မတူကွဲပြားနှင့်အန်ဒီအက်ဖ်
ဖြစ်သည့်၊ထို့ကြောင့်ဤအရာကိုနိုင်ငံရေးလမ်း
ဆုံးဟုခေါ်သည်၊
(ရဲရင့်ငယ်)


သူမသည်ကြံရာပါတဦးဖြစ်သှ်။

တကယ့်လက်နက်ဖြစ်စေ၊ဓါတ်ပုံဖြစ်စေ၊
facebookတွင်ဤသို့တင်လိုက်ခြင်းဖြင့်
သူမသည်နိုင်ငံခေါင်းဆောင်တဦးကိုလုပ်
င်္ကြရန်ကြံစည်မှုတွင်ကြံရာပါတဦးဖြစ်သှ်။




ထိုသူ၂ဦး ကိုတရားစွဲဆိုရပါမည်။

အထက်ကညွန်ကြားသည်ဖြစ်စေ
မဖြစ်စေ အန်နယ်ဒီကိုတိုက်ခိုက်
နေသူများမှာရဲမိုးနှင့်ရောင်နီဦး
ခေါင်းဆောင်၍စစ်တပ်နှင့်ရဲ
အသိုင်းအ၀ိုင်းမှသားသမီး(တချို့ )
မိဝိုင်းဦးဆောင်သောအန်ဒီအက်ဖ်
(တချို့ )...နိုင်ငံရေးပါတီ(သို့ )ခေါင်း
ဆောင်တဦးကိုဝေဖန်ကန့် ကွက်
နိုင်သည်။ခြိမ်းခြောက်ခြင်း မိုက်ရိုင်း
စွာပြောဆိုခြင်းသည်လက်ခံနိုင်စရာ
မရှိ..အန်နယ်ဒီအနေဖြင့်ထိုသူ၂ဦး
ကိုတရားစွဲဆိုရပါမည်။