Posts

Showing posts with the label IMMIGRATION ဆိုင္ရာမ်ား

တာမွေ၁၆၇လမ်း ကား၄၈စီးအား စစ်တပ်မှ ဘူဒိုဇာဖြင့် ဝင်ရောက် ဖျက်စီး

Image

တော်လှန်​ရေးတိုင်းရဲ့ သင်္ကေတ

Image
တော်လှန်​ရေးတိုင်းရဲ့ သင်္ကေတဟာ လှိုင်းလုံးကြီးများလိုပါ။ အမြင့်ဆုံးတက်လိုက် နိမ့်ကျလိုက် ပြီးရင် ကျရှိန်နဲ့ ပြန်မြင့်တက်လိုက် ၊ ဒီလိုနဲ့ပဲ လိုရာကမ်း​ခြေ​ ​ရောက်မြဲပါ။ မြို့ပြကြီး​တွေရဲ့ လမ်းမလမ်းခွဆုံတွေမှာ အနုပညာရှင်​တွေ၊ထင်ရှားသြဇာကြီး​သူ​တွေနဲ့ ​​အောင်လံစုံတလူလူလွှင့်၊သပိတ်မျိုးစုံ၊ ပိုစတာစုံ၊ပါ​ဖောင်းမင့်စုံ​တွေနဲ့၊ဝန်းရံသူ​တွေ အပြည့်နဲ့လူပင်လယ်သပိတ်မျိုးလည်း ဖန်တီးနိုင်ခဲ့သလို၊လမ်း​တွေပိတ်ဆို့ ခုခံကာကွယ်ရ၊​ပြောက်ကြားသပိတ်ဆင်နွှဲရ၊လူမဲ့သပိတ်​တွေနဲ့တုန့်ပြန်ရတာ​တွေဟာလည်းရှိရမြဲပါ။  ကြုံသမျှအ​ခြေအ​နေအ​ပေါ်ရရာနည်းနဲ့ အာခံပြ၊အညံ့မခံတွန်းလှန်ဆဲဖြစ်​ကြောင်းကမ္ဘာကိုပြရတာပါပဲ။ လှိုင်းလုံးကြီး​တွေကျရှိန်နဲ့ပြန်တက်ချိန်ကို ကြိုပြင်ကြရာမှာ ယုံကြည်မှုသာ အင်အားပါ။ CDM  သပိတ်​တွေ​ကြောင့် စစ်​ကောင်စီဟာ အစိုးရဖြစ်ခွင့်​တောင် အိပ်မက်မက်ခွင့် မရှိ​​အောင်  ယန္တယား​တွေ ဆွံ့အသွားပါပြီ။ တိုင်းရင်းသား​ဒေသ​တွေမှာ EAO အပါအဝင်အဖွဲ့အစည်း​ပေါင်းစုံရဲ့ လုပ်နိုင်စွမ်းစည်းရုံးနိုင်စွမ်း​တွေ​ကြောင့် CDM ဝန်ထမ်း​တွေ စစ်​ကောင်စီရဲ့ လက်နက်ကိုင်​တွေ စု​ပေါင်းအင်အားရာ​ကျော်​ထောင်ချီခိုလှုံပူး​ပေါင်းလာကြလို့ ​နေရာချစီ

စစ်သားမဟုတ်ပေမယ့် စစ်ယူနီဖောင်း၀တ်ပြီး စစ်ကားပေါ်က ဓာတ်ပုံလိုက်ရိုက်

Image
မန္တလေးက လူတွေသတိထားကြပါ ! ဒီလူက မန္တလေးက မြန်မာ့ရိုးရာလက်ဝှေ့ပွဲသွင်းသူ ဒဿ ခေါ် ကျော်တင့် ဖြစ်ပါတယ်။ စစ်သားမဟုတ်ပေမယ့် စစ်ယူနီဖောင်းကြီး၀တ်ပြီး စစ်ကားပေါ်က ဓာတ်ပုံလိုက်ရိုက်နေပြီး မန္တလေးက တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဖို့လုပ်ပေးနေသူပါ။ ဒီကောင်ဟာ မြစ်ကြီးနားကနေ မန်းလေးသားဟန်လာဆောင်နေတဲ့ ရဲသတင်းပေး၊တပ်သတင်းပေး အင်ဖော်မာကောင်ဖြစ်ပါတယ်။ Crd  

မင်းအောင်လှိုင် လော်ဘီ Ben-Menashe ကျဆုံးခန်း

Image
မင်းအောင်လှိုင် လော်ဘီ Ben-Menashe ကျဆုံးခန်းက စိတ်ဝင်စားစရာပါ Nisha Singh ရဲ့မြန်မာလိုရှင်းပြထားတာနောက်ပိုင်းမှာနားဆင်နိုင်ပါတယ်။ ******************************************* ယခုအပတ် Canadaland တွင် Ben-Menashe နှင့်သူ၏ရိုင်းစိုင်းသော ဝီကီပီးဒီးယားပရိုဖိုင်အကြောင်းတွေ့ဆုံမေးမြန်းခန်းတခုပါရှိသည် မြန်မာနိုင်ငံတွင်သေစေနိုင်သောအာဏာသိမ်းမှုသည်သူ၏လစာဖြစ်သည် Montreal အခြေစိုက် lobbyist Ari Ben-Menashe က စစ်ဗိုလ်ချုပ်တွေကိုအပြစ်တင်သရုပ်ဖော်ဖို့မကြိုးစားပါနဲ့တဲ့.... (ကမ္ဘာပေါ်တွင် Ari Ben-Menashe ကဲ့သို့လူအများစုမရှိပါ။) "ဒီအလုပ်မျိုးကိုလုပ်တဲ့လူတွေဟာဒီကိစ္စကိုလူသိရှင်ကြားဖြစ်အောင်လုပ်ခြင်းဟာ အလွန်ထူးဆန်းတယ်လို့ထင်ပါတယ်" ဟုနိုင်ငံခြားရေး Lobby Report ကိုတည်ထောင်သူနှင့်အယ်ဒီတာ Julian Pecquet ကပြောကြားသည်။ ယခုလအစောပိုင်းက Pecquet က Montreal အခြေစိုက် Ben-Menashe ကိုမြန်မာနှင့်မကြာသေးမီကမြန်မာနိုင်ငံတွင်အာဏာသိမ်းမှုပြုလုပ်ခဲ့သော စစ်ခေါင်းဆောင်များကိုယ်စားအမေရိကန်နှင့်အခြားအစိုးရများအားစည်းရုံးသိမ်း သွင်းရန်ငှားရမ်းထားခြင်းဖြစ်သည်ဟူသောသတင်းကိုဘင်မနာရှာကထိုအကြောင်း ကိုကြိုတင်ထုတ်ဖေ

uwsaရန်ကုန်မြို့ထိ စစ်ကြောင်းတွေ ဆင်နွှဲသွားဖို့ ရှိ

Image
မတ်လ ၁၈ ၊ ၂၀၂၁ ခွန်အကာ / OMG မြန်မာ တပ်မတော်လို့ ခံယူထားတဲ့စစ်အဏာသိမ်းကောင်စီ ကနေ ဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တို့အား ချက်ချင်ပြန်လွှတ်ပေးဖို့နဲ့ အေးချမ်းစွာ ဆန္ဒပြနေတဲ့ပြည်သူတွေကို ဆက်လက် အကြမ်းဖက်မှု ၊ မတရားဖမ်းဆီမှု များ ပိုမို့ ရှိလာပါက uwsa ဝ တပ်မတော် အနေနဲ့လက်ရှိ " ဝ " ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရ ဒေသကနေ မန္တလေး - နေပြည်တော် လမ်းမကြီးကနေ ရန်ကုန်မြို့ထိ စစ်ကြောင်းတွေ ဆင်နွှဲသွားဖို့ ရှိသလို...တစ်ခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့လည်း အွန်လိုင်း ကနေ ဆွေးနွေးတိုင်ပင်တာတွေ ရှိတယ်လို့ " ဝ " အထူးဒေသ ( ၄ ) မိုင်းလားမြို့ ပြန်ကြားရေးတာဝန်ခံ ဒု ဥက္ကဋ္ဌ က OMG သို့ ပြောကြားခဲ့ပါတယ်။ သတင်း နှင့် ဓာတ်ပုံ - ခွန်အကာ

"သေနတ်နဲ့ပစ်တာမနာဘူးခြေထောက်နဲ့ဝိုင်းကန်တာကနာတာတဲ့"

Image

အမေရိကန်တွေ ဝင်ကူလာမှာကို မအလ စစ်သူပုန်တွေနဲ့ သူတို့ပထွေးတရုတ်တွေပါ

Image
      အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တရုတ်နိုင်ငံခြားရေးဝမ်ယိတို့ မနက်ဖြန် 19-3-2021 အမေရိကန်မှာ မြန်မာအရေးဆွေးနွေးကြဖို့ရှိ။ မြန်မာ့အရေးတည်ငြိမ်နေပြီဖြစ်လို့ အမေရိကန်မှ ဝင်မပါဖို့ တရုတ်ဘက်မှ အသံထွက်နေ။ ဒါ့ကြောင့် မြို့ကြီးတွေမှာ လမ်းပေါ်က သပိတ်အတားအစီးတွေကို အတင်းလိုက်ဖယ်ရှားနေခြင်းဖြစ်။ အဖမ်းခံထားရသူတချို့နဲ့ ရွေး/ကော်တချို့ကိုလဲ ပြန်အလွှတ်ပြနေတယ်။ မြန်မာပြည်မှာ တည်ငြိမ်သွားသယောင် ကမ္ဘာကို သတင်းလွှင့်နိုင်ဖို့ လုပ်နေကြခြင်းဖြစ်တယ်။ ဒါ့ကြောင့် ပစ်မည် သတ်မည်ဟုခြိမ်းခြောက်နေပေမဲ့ ယခင်နေ့ရက်တွေလောက် ပစ်ခတ်မှုတွေ သိပ်လုပ်တာမတွေ့ရတော့တာပါ။ အမေရိကန်တွေ ဝင်ကူလာမှာကို မအလ စစ်သူပုန်တွေနဲ့ သူတို့ပထွေးတရုတ်တွေပါ အလွန်ကြောက်နေကြတယ်။ ဒါ့ကြောင့် လက်နက်မဲ့ပြည်သူများအပေါ် အမေရိကန် မဟာမိတ်တပ်များမှ ကူညီပေးနိုင်ဖို့အတွက် တိုင်းပြည် မငြိမ်သက်သေးကြောင်းနှင့် စစ်အုပ်စုကို လုံးဝလက်မခံကြောင်း ဆန္ဒပြပွဲများ ဆက်တိုက်ပြဖို့လိုပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်များက ဝိုင်းတိုက်နေကြတဲ့ တိုက်ပွဲများဆီ စစ်အင်းအားတွေ ပို့နေရလို့ လက်ကျန်အင်အားလောက်နဲ့ မြို့တွေမှာ ရသလောက် ဖြဲခြောက်ပြနေကြတာပါ။ အင်အားမလောက်လို့ စစ်သားမယ

ကျည်ဆံတွေကြား အကြောက်တရား မရှိတဲ့Gen-Z မျိုးဆက်

Image
Gen- Zကလေးများရဲ့တိုက်ပွဲကို ကြည့်နေရင်း ဘာတွေတွေ့လဲဆိုတော့ မိုလိုတော့ဗ်တွေ အဆင်သင့် ပြင်ပေးထားပြီး ဆက်တိုက်ပစ်ထည့်ကြတာပဲ။ နောက်ပြီး ရှေ့တန်းက တိုက်နေချိန် နောက်တန်းက မီးသတ်ဆေးဗူးနဲ့ အဆင့်သင့် စောင့်နေပြီး မလိုအပ်တဲ့နေရာမီးစွဲတာနဲ့ ချက်ချင်း ထ သတ်တယ်။ ဒီလောက် တပြောင်းပြောင်း ပစ်နေတာတောင် တက်လိုက်/ဆင်းလိုက်နဲ့ မမှုတမ်း လှုပ်ရှားနေပုံတွေကို တည်တည်ငြိမ်ငြိမ်နဲ့ ကျကျနန မှတ်တမ်းယူနိုင် Live လွှင့်နိုင်တဲ့ သူလည်း ရှိတယ်။ လူစုခွဲဟေ့ဆိုလည်း ချက်ချင်း ကိုယ်ယောင် ဖျောက်ပစ်နိုင်တယ်။ ညီတာ။ အသေချာဆုံးနဲ့ အကြိုက်ဆုံးကတော့ သေတတ်တဲ့ ကျည်ဆံတွေကြား အကြောက်တရား မရှိပဲ တက်ညီလက်ညီ အချိတ်အဆက်မိမိ လှုပ်ရှားနိုင်တဲ့ Gen-Z မျိုးဆက် ရဲဘော်လေးတွေပဲ။ မင်းတို့ကို လေးစားလိုက်တာ၊ ချစ်လိုက်တာ၊ အားကျလိုက်တာ။ အလေးပြုတယ်ကွာ။ တကယ်။. Crd ကျွန်တော် လဲ အလေးပြုလို့ ပြန်လည် မျှဝေသည်

၁၀။ တိုင်းပြည်အုပ်ချုပ်ချင်တာ မအောင်မြင်ဘူး

Image
စိတ်ဓာတ်ကျနေပြီလား? 1st Feb ကနေ 15th March အထိ မြေပြင် အဖြစ်အပျက်တွေကို ကျော်ကြည့်ရအောင်။ ၁။ ဆေးရုံတွေဖွင့်တာ မအောင်မြင်ဘူး ၂။ ကျောင်းတွေဖွင့်တာ မအောင်မြင်ဘူး ၃။ ဘဏ်တွေဖွင့်ခိုင်းတာ မအောင်မြင်ဘူး ၄။ ရပ်ကျေးကောင်စီ မအောင်မြင်ဘူး ၅။ CDM ရုံးတက်ခိုင်းတာ မအောင်မြင်ဘူး ၆။ ငွေတိုက်စာချုပ်တင်ဒါ မအောင်မြင်ဘူး ၇။ နိုင်ငံတကာပွဲမှန်သမျှ မအောင်မြင်ဘူး ၈။ တိုင်းရင်းသားလက်နက်ကိုင်ကို ကြိုညှိတာ မအောင်မြင်တော့ဘူး ၉။ CRPHဖမ်းချင်တာခုထိ ရှာမတွေ့တော့ မအောင်မြင်ဘူး ၁၀။ တိုင်းပြည်အုပ်ချုပ်ချင်တာ မအောင်မြင်ဘူး ~~~~~~~~~~~~~~~~~~~~~~~~~~ ပြောချင်တာ အနှစ်ချုပ်က "မောရင် နားပါ ပြီးရင် ပန်းတိုင်ကိုဆက်သွားမယ်။" နိုင်ငံခြားကပိုင်ဆိုင်မူတွေ ထုတ်မရတော့ တာတွေလို/ social punishment တွေလို/ အယောင်ဆောင် democracy မှန်းကမ္ဘာကသိသွားတာတွေလို/ သူတို့အကြောင်းကို တိတိပပသိပြီး တူးတူးခါးခါးမုန်းတဲ့ next generationကြီးတစ်ခုပေါ်လာတာတွေ နဲ့အခြားသော ကိုယ်တွေလို သာမန်လူနားမလည်နိုင်တဲ့ အမြတ်ထွက်တာတွေ လည်းအများကြီးရှိပါသေးတယ် သူတို့ မအောင်မြင်တာမှန်သမျှ ကျတော်တို့အောင်ပွဲလေ။ ဘာကို စိတ်ဓါတ်ကျရမှာလဲ ပြော။ သူတို့အောင်မြင်တာ သေန