Posts

Showing posts with the label myanmar news

ဒဂုံဆိပ်ကမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ ရာအိမ်မှူး ၃ ဦး ဒဏ်ရာ လေးဦးစလုံးပြင်း ဘယ်သူသေလဲမသိရသေး

Image
DVB TV News  ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရွှေလီလမ်းနဲ့ ဧရာဝဏ်လမ်း ထောင့်ရှိ ၆၀ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဇန်နဝါရီ ၃၀ ရက် မနေ့ညက ပစ်ခတ်တိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးမှူး ၁ ဦးနဲ့ ရာအိမ်မှူး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။   မနေ့ည ၉ နာရီဝန်းကျင်က ဧည့်စာရင်းပေးပြီး ရုံးပိတ်ဖို့လုပ်နေချိန် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို ဆိုင်ကယ်စီးလာသူတွေက လက်ပစ်ဗုံးနဲ့ပစ်ခဲ့ပြီး သေနတ်နဲ့ပါ ထပ်မံပစ်ခတ်ခဲ့လို့ လေးဦးဒဏ်ရာရရှိခဲ့တာလို့ ရပ်ကွက်နေသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။   "ဗုံးအရင်ပေါက်ပြီး သေနတ်သံတွေထွက်လာတာ ငါးချက်လောက်ရှိမယ်။ အဲ့လိုတွေဖြစ်ပြီး မကြာဘူး လူနာတင်ယာဥ်တွေရော စစ်ကားတွေပါ ရောက်လာတာ"လို့ ပြောပါတယ်။ ဗုံးပေါက်ကွဲပြီး သေနတ်နဲ့ပါထပ်မံပစ်ခတ်ခံရလို့ အုပ်ချုပ်ရေးမှူး ၁ဦးနဲ့ ရာအိမ်မှူး ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိပြီး စစ်ကောင်စီတပ်တွေက လူနာတင်ယာဥ်နဲ့ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီး စပ်သူတစ်ဦးက ဒီဗွီဘီ ကိုပြောပါတယ်။  "ဒဏ်ရာကတော့ လေးဦးစလုံးပြင်းတယ်။ ဘယ်သူသေလဲ၊ ဘယ်ဆေးရုံပို့တယ်ဆိုတာ မသိရဘူး။” မနေ့မနက်ကလည်း လှိုင်မြို့နယ် ၂ ရပ်ကွက် ဘုရင့်န

ရှောင်တန်နဲလ်၏ အင်တာဗျုးကြောင့် အရှက်ကွဲပြီးရင်း ကွဲလာနေသော စစ်‌ဗိုလ်ချုပ်များ

Image
  Frontier Myanmar  Q: ဆရာကို ဘာကြောင့် ဖမ်းတယ်လို့ ထင်လဲ။ A: ဒေါ်စု နဲ့ ဝန်ကြီး အချို့ကို ပစ်မှတ်ထား တိုက်ခိုက်နိုင်မယ့် လမ်းကြောင်းရှာတာပေါ့ဗျာ၊ ဒေါ်စု ဟာ နိုင်ငံခြားသား‌ တွေရဲ့ ဩဇာ အကြီးအကျယ် လွှမ်းမိုး ခံနေရတယ် ဆိုတာ သက်သေပြချင်နေကြတာကိုး။  ဒုတိယ အကြောင်းက ပြုပြင်ပြောင်းလဲရေးဗျ၊ ကျွန်တော်လုပ်နေတဲ့ ဘဏ်လုပ်ငန်း ကဏ္ဍတွေက သူတို့ စစ်တပ်ရဲ့ အဖွဲ့အစည်း အချို့ ကို အတော်လေး ထိခိုက်စရာ ရှိလာနေတယ်၊ သူတို့ ရဲ့ ငွေကြေး ပိုင်းတွေမှာ တရားမဝင် လုပ်ထားတာ‌ တွေ ရှိနေတော့ နီးကပ်လာနေတာကို ပြန်တွန်းထုတ်ချင်တဲ့ သဘောပေါ့ဗျာ။ နောက်ထပ် တကြောင်းက ကျွန်တော်က ကိုဗစ်ကြောင့် လေယာဉ်‌လိုင်းတွေ ပိတ်ထားတာ တွေ ရှိနေတော့ ရန်ကုန်မှာပဲ ရှိနေလို့ သူတို့ အတွက် လွယ်သွားလို့ပဲ၊ အခြားလူတွေကိုလည်း ဖမ်းချင်မှာပဲ၊ နိုင်ငံခြားသားတွေ ကို မက်ဆေ့ခ်ျ ပေးချင်လို့  ကျွန်တော်ကို ဖမ်းလိုက်တာမျိုးပဲ။ Q: သူတို့စိတ်ထဲမှာ တကယ်ပဲ ဒေါ်အောင်ဆန်းစုကြည် အပေါ် နိုင်ငံခြားသား ဩဇာလွှမ်းနေမှာကို ယုံမှားသံသယ လွန်ကဲနေတာလား၊ ဒါမှမဟုတ် နိုင်ငံရေး ပြိုင်ဖက်တယောက်ကို ရှင်းထုတ်ပစ်ချင်တာ မျိုးလား။ A: နှစ်ခု စလုံးပဲဗျ။ သူတို့နဲ့ ပတ်သက်ပြီး အတော်လေး ကို သိသာထ

location Data အတိအကျနဲ့Pipe line တွေ

Image
location Data အတိအကျနဲ့Pipe line တွေမဟာမိတ် အဖွဲ့တွေမသိစေနဲ့

တရားလိုကသက်သက်ခိုင်

Image
ဦးအောင် (အောင်သမာဓီ) ရဲ့ တရားလိုက သက်သက်ခိုင်တဲ့ အောက်တန်းကျချက် ယုတ်မာချက်

U.S. Embassy Rangoonကြေငြာချက်

Image
“မြန်မာနိုင်ငံအတွင်းဆန္ဒပြသူများအပေါ် ထိတ်လန့်တုန်လှုပ်ဖွယ်အသက်သေဆုံးစေခဲ့သော အကြမ်းဖက်မှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် ကုန်ပစ္စည်းများနှင့်နည်းပညာများကို မြန်မာစစ်အစိုးရက ရယူနိုင်ခြင်းမရှိစေရန် ကန့်သတ်ချုပ်ချယ်လိုက်သည့်အကြောင်း ထပ်တိုးကန့်သတ်ချက်ကို အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကြေညာလိုက်သည်။ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ ပြန်လည်အသက်ဝင်စေရေးကိုလည်း မိမိတို့တောင်းဆိုလိုက်သည်” - နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင် မြန်မာနိုင်ငံအတွင်း စစ်တပ်အာဏာသိမ်းမှုနှင့်ငြိမ်းချမ်းစွာဆန္ဒပြသူများအပေါ် အကြမ်းဖက်မှု အရှိန်မြင့်တက်လာနေခြင်းကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်အပြည့်အစုံကို https://go.usa.gov/xsUXa တွင်ဖတ်ရှုနိုင်ပါသည်။ “In response to shocking and deadly violence against protestors in Burma, U.S. Department of Commerce is announcing further restrictions to constrain the Burmese military regime\"s access to U.S. goods and technology. We call for the restoration of democracy in Burma.” - Antony Blinken, Secretary of t

Photographer တ​ဦးရဲ့ သုံးသပ်ချက် 😏

Image
#Object နဲ့ background က ကပ်နေတာကို ခံစားမိတယ်။ နောက်က လျှာထိုးပုံစံ အဖြူစင်းတွေမှာ distortion နည်းနည်း ပါနေတယ် ခံစားမိတယ်။ မသိမသာ လောက်ဘဲ ပါတာ ဆိုတော့ စိတ်ထင် 24mm သုံးထားတယ် ထင်တယ်။ မဟုတ်ရင် 30mm ဘဲ။ ဒီ position ယူရင် 50mm သုံးလို့ရပါရက် distortion အပါခံပြီး 24mm သုံးတာ နေရာမရှိလို့ ဖြစ်နိုင်တယ်။ နောက်က မီးက အလုံးလိုက်ကြီး ကွက်နေတယ်။ ဒါကလည်း lighting ကပ်ထိုးရင် ဖြစ်တတ်တာမျိုးနဲ့ ဆင်တယ်။ သေခြာတယ် camera man မှာ နောက်ထပ်ဆုတ်စရာ space မရှိတာ ဖြစ်နိုင်သလို၊ ဆုတ်လိုက်ရင် bound ထဲ မလိုလားအပ်တာ ဝင်လာနေလို့လဲ ဖြစ်နိုင်တယ်။ ဒါကို ကြည့်ရင် bound ရော setting ရော သိပ်ကြပ်နေတယ်။ အခန်းကျဉ်းထဲမှာ ရိုက်ထားတာ ကျိန်းသေတယ်။ Coz ဘယ်နိုင်ငံတော်အဆင့် ခန်းမ မဆို ကျဉ်းစရာ bound ကြပ်စရာ အကြောင်း မရှိဘူး။ အားလုံးက အကျယ်ကြီးတွေ ဆောက်ထားတာ။ မအလတို့ ဘယ်ချောင်မှာပုန်းပြီး setting ဆင်ရိုက်ပြီး video file ပို့ပေးနေလဲ မသိ 🤔 ခရက်ဒစ်-မူလရေးသူ Photo_Credit

မဖြစ်နိုင်တဲ့ အဆုံးမှာတော့ တိုက်ခိုက်ရပါလိမ့်မယ်

Image
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ပြဿနာတွေကို သံတမန်ရေးအရ ဆောင်ရွက်ချင်ပေမယ့် မဖြစ်နိုင်တဲ့ အဆုံးမှာတော့ တိုက်ခိုက်ရပါလိမ့်မယ်တဲ့။ တိုက်ရင်လည်း နိုင်အောင် တိုက်ပါမယ် ဆိုပြီး Twitter မှာ ရေးလိုက်ပါပြီ

ရွှေပြည်သာမှာဆန္ဒပြသူရာနဲ့ချီပြီးအိမ်တွေထဲအထိဝင်ဖမ်းခံရ

ရွှေပြည်သာထန်းခြောက်ပင်ဖက်ကနေ ရန်ကြီးအောင်ဘက်ကိုတစ်စုကျူချောင်ဘက်ကနေပတ်ပီး ရန်ကြီးအောင်ဘက်ကိုတစ်စု  ညှပ်ပြီးဖမ်းနေပါတယ် ချစ်ကောင်းဘက်မှာ လူငယ်တွေကို အိမ်ထဲထိဝင်ဆွဲပါတယ် ရဲတွေ အတော်ယုတ်မာနေပါတယ် ရာဘာကျည်ထိထားသူလဲထိထားပါတယ်မိန်းကလေးအယောက်တရာကျော်အဖမ်းခံရပါတယ်၊

ပန်ဘဲးတန်းမှကျဆုံးသွားတဲ့ဦးခင်မောင်လတ်

Image
"ပန်းဘဲတန်းမှာ မနေ့ညက(၅/၀၃/၂၀၂၁)နေ့ကဖမ်းခံရသူ ကျဆုံးရှာပြီ" မနေ့ညက ပန်းဘဲတန်းမြို့နယ် လမ်း ၃၀ အလယ်ဘလောက်ကို အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ဝင်ရောက်စီးနင်း ဖမ်းဆီးတာခံလိုက်ရတဲ့ ဦးခင်မောင်လတ် (NLD ၇ရပ်ကွက် ဥက္ကဌ) ညတွင်းချင်းဆုံးသွားပြီလို့ ပြည်သူ့လွှတ်တော်အမတ် ဦးစည်သူမောင်က ဆိုပါတယ်။ သတ်ဖြတ်ခံလိုက်ရတဲ့ ဦးခင်မောင်လတ်ရဲ့ရုပ်အလောင်းကို မင်္ဂလာဒုံစစ်ဆေးရုံမှာ သွားရောက်ထုတ်ယူနေပြီး အစ္စလာမ်ထုံးတမ်းနဲ့အညီ ဈာပနပြုလုပ်ဖို့ မြို့ခံပြည်သူတွေက ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။ Credit- ကမာရွတ်မီဒီယာ။ 😔😔😔

ကိုမင်းကိုနိင်ဖေ့ဘွတ်အကောင့်ပါ

Image
https://www.facebook.com/artistminkonaing

NLD အမတ်တွေ ကိုယ်တိုင်လွှတ်တော်ခေါ်ယူ

Image
ပြည်သူကရွေးချယ်တင်မြှောက်ထားတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဘယ်လိုစစ်အာဏာသိမ်းမှုမျိုးကမှ ပယ်ဖျက်လို့ မရတဲ့အတွက်၊ ဒီနေ့ ဖေဖေါ်ဝါရီလ ၄ ရက်နေ့ စည်ပင်ဧည့်ရိပ်သာမှာ မပြန်ဘဲကျန်ရှိနေတဲ့ NLD အမတ် ၇၀ စုပေါင်းပြီး ကိုယ်တိုင်လွှတ်တော်ခေါ်ယူလိုက်ပါတယ်။ လွှတ်တော် ခေါ်ယူတဲ့ အထိမ်းအမှတ်အနေနဲ့ လွှတ်တော်ပထမနေ့မှာ ပြုလုပ်လေ့ရှိတဲ့ “ပြည်သူ့တာဝန်ကို ကျေပွန် အောင် ထမ်းဆောင်မယ်” ဆိုတဲ့ ကတိသစ္စာပြုလွှာတွေကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ဒီလှုပ်ရှားမှုကို ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်း မင်္ဂလာ‌ တောင်ညွန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်စိုးလင်း တို့က ဦးဆောင်စီစဉ်ခဲ့တာဖြစ်ပါတယ်။ အခုချိန်ထိ စည်ပင်ဧည့်ရိပ်သာမှာ မပြန်ဘဲ ကျန်ရှိနေတဲ့ NLD အမတ် ၇၀ ခန့်ရှိပါတယ်။ ကျန်တဲ့အမတ် ၄၀၀ ကျော်ကိုလည်း အွန်လိုင်းကနေ ကျမ်းသစ္စာကျိန်ဆိုတဲ့ ကတိပြုလွှာတွေအတွက် လက်မှတ်တွေကောက်ယူ သွားမယ်လို့ ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။ RFA Burmese

ရှုပ်ထွေးနေသောမြန်မာ-တရုတ်ဆက်ဆံရေးအတွက်နောက်ထပ်ရှုပ်ထွေးသောအာဏာသိမ်းမှု

Image
By Elaine Kurtenbach | AP Feb. 3, 2021 at 9:45 p.m. EST ဘန်ကောက်   တနင်္လာနေ့ကမြန်မာနိုင်ငံတွင်အာဏာသိမ်းမှုမတိုင်မီက   တရုတ်နှင့်တိုင်းပြည်၏ဆက်ဆံရေးသည်၎င်း၏အခြေခံ   အဆောက်အအုံနှင့်မြန်မာနယ်စပ်တလျှောက်ရှိမြန်မာ   စစ်တပ်၏လှုပ်ရှားမှုများတွင်ရင်းနှီးမြှုပ်နှံမှုများကြောင့်   ရှုပ်ထွေးပြီးဖြစ်သည်။ တရုတ်သမ္မတရှီကျင့်ဖျင်သည် ၂၀၀၁ ခုနှစ်မှ စတင်၍   ဘေဂျင်းမှမြန်မာနိုင်ငံသို့ပထမဆုံးအကြိမ်လာရောက်   လည်ပတ်ခြင်းနှင့်ပြသာနာပေါင်းစုံပါ၀င်သည့်သဘော   တူညီမှု ၃၃ ခုမှသူမ၏ထောက်ခံမှုပြသမှုအပြီးတွင်   အာဏာသိမ်းမှုကြောင့်အမျိုးသားခေါင်းဆောင်ဒေါ်အောင်   ဆန်းစုကြည်ကိုတစ်နှစ်အကြာတွင်ဖြုတ်ချလိုက်သည်။ ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး   မင်းအောင်လှိုင်သည်တစ်နှစ်အရေးပေါ်အခြေ   အနေအောက်တွင်အစိုးရသစ်အားတာဝန်ယူခဲ့သည်။ တရုတ်သည်ဒေါ်အောင်ဆန်းစုကြည်ကိုဖြုတ်ချရာတွင်  မည်သည့်အခန်းကဏမှပါ၀င်ခြင်းမရှိသော်လည်းပေကျင်း   သည်တိုင်းပြည်အပေါ်လွှမ်းမိုးမှုများပိုများသည်ဟု   လေ့လာသုံးသပ်သူများကဆိုသည်။   အထူးသဖြင့်ယူအက်စ်နှင့်အခြားအနောက်နိုင်ငံအစိုးရများ   ကစစ်အစိုးရအားအပြစ်ပေးအရေးယူရန်အရေးယူပိတ်ဆို့မှု   များချမှတ်လျ

#အရွေ့တခုစပါပီ

ကျမတို့ ကျန်းမာရေးနဲ့ဆေးဘက်တွေအောင်မြင်နေပါပီ International news CNA မှာ Front line ကနေဒေါ်စုနဲ့ပြည်သူအတွက်ဆိုတာ ထည့်ရေးပေးထား ရတဲ့အထိပေါက်ပါပီ ကျမတို့ကျန်းမာရေးနဲ့အတူဌာနဆိုင်ရာတွေပြတ်သားဖို့ တိုက်တွန်းပါတယ် အဲ့ဒီလူနာတွေ ပိုကောင်းတဲ့ ဆေးရုံနဲ့ vaccine အမြန်ဆုံးထိုးရဖို့ အာဏာရှင်အစိုးရကမလုပ်ပေးပါဘူး ရေရှည်မှာကောင်းဖို့ အမြဲ အဆဲခံနေရတာ ကျမတို့ ဆရာဝန်တွေပါ ဘာမှမဆိုင်ဘူး လူနာတွေကိုသနားတယ်လို့ပြောနေသူတွေ ပိုက်ဆံထုတ်ပီးလှူကြပါ ရှင်တို့ ဘာတတ်နိုင်လဲ ဘေးထိုင်ဘုပြောပဲမလား ပိုက်ဆံလှူ ကျမတို့ဆရာဝန်တွေ အပြင်ဆေးခန်းမှာ ကုပေးကြလိမ့်မယ် ပြိုင်တူတွန်းရင်အမြန်ရွေ့တယ် ဘယ်ဌါနကမှစမလုပ်လို့ ကျန်းမာရေးကထလုပ်ရခြင်း ဖြစ်တယ် ဘယိသူမှ ဒီအခြေအနေတွေကို မလိုလားးပါ #အမြန်လိုက်ပါလာဖို့မျှော်လင့်တယ် တကယ်အရေးပါတဲ့ဌါနတွေပါလာရင်ဆရာဝန်သူနာပြုတွေ အကုန် သူ့အလုပ်သူပြန်လုပ်ကြလိမ့်မယ် ကမ္ဘာမှာ မြန်မာဟေ့ဆိုတာ ပြည်သူတွေစည်းလုံးလို့ လွတ်လပ်ရေးပြန်ရခဲ့ပီ အာဏာရှင်စနစ်အပြီးထိအဆုံးသတ်မှ နောက်နောင် ပြည်သူတွေကိုအထင်မသေးရဲပဲ ကျမတို့ ကလေးတွေအေးချမ်းစွာနေနိုင်မှာပါ ကျမတို့ ဘိုးဘွားမိဘလက်ထက်ကမလုပ်နိုင်ခဲ့တာကို   ကျမတို့ ကလေးတွေအတွက် ကျမတို