​◾ ဒဂုံတက္ကသိုလ်ကျောင်းသားနှစ်ဦးကို စစ်ခုံရုံးက ထောင်ဒဏ်တသက်နဲ့ သေဒဏ်ချမှတ်

ဒဂုံတက္ကသိုလ်၊ ဓာတုဗေဒဌာနမှ ကျောင်းသူတဦးဖြစ်သူ မဆောင်းလေပြေ (ခ) ဇူဇူး နှင့် မြန်မာမှုဌာနမှ ကိုနိုင်အောင်(ခ)Snake တို့ ၂ ဦးကို အကြမ်းဖက်စစ်အုပ်စုရဲ့စစ်ခုံရုံးက မတ်လ ၁၇ ရက်နေ့မှာ ထောင်ဒဏ်တသက်နဲ့ သေဒဏ်တွေအသီးသီးချမှတ်လိုက်ကြောင်း သိရပါတယ်။

ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ လူငယ်တွေဟာ လှိုင်သာယာ က ၈ ဦး၊ဒဂုံဆိပ်ကမ်းမြို့သစ်က ၃ ဦးနဲ့ မြောက်ဥက္ကလာပ က ၄ ဦး ဖြစ်ပြီး လှိုင်သာယာက လူငယ် ၃ ဦးနဲ့ မြောက်ဥက္ကလာပက ၄ ဦး စုစုပေါင်း ၇ ဦးတို့ဟာ သေဒဏ်ချမှတ်ခံခဲ့ရတာဖြစ်ကာ ဒဂုံတက္ကသိုလ် ဓာတုဗေဒဌာနမှ  မဆောင်းလေပြေ(ခ)ဇူးဇူး နှင့် မြန်မာမှုဌာနမှ ကိုနိုင်အောင်(ခ)Snakeလည်းပါဝင်ပါတယ်။ 

အဲ့ဒီလူငယ်တွေဟာ  မြောက်ဥက္ကလာပအဝိုင်းမှာ အထက် တန်းပြဆရာမတဦးကို သေနတ်နဲ့ပစ်သတ်တာနဲ့ လှိုင်သာယာမြို့နယ်ထဲက ရာအိမ်မှူးကို ပစ်သတ်တဲ့အမှုတွေနဲ့ဆက်စပ်လို့ ကျူးလွန်ခဲ့တယ်ဟု စွပ်စွဲကာ သေဒဏ်ချမှတ်တာ ဖြစ်တယ်လို့ အကြမ်းဖက်စစ်အုပ်စုရဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

ရန်ကုန်မြို့က စစ်အုပ်ချုပ်ရေးကြေငြာထားတဲ့ မြို့တွေမှာ စစ်ကောင်စီက ၄င်းတို့ထုတ်ပြန်ထားတဲ့ ပြစ်မှု ၂၃ မျိုးကို စစ်ခုံရုံးဖွဲ့စစ်ဆေးနေတာဖြစ်ပြီး အဲ့ဒီပြစ်မှုတွေကို အမြင့်ဆုံးပြစ်ဒဏ်များဖြင့်သာ ချမှတ်နေတာဖြစ်ပြီး လက်ရှိအချိန်ထိ မတရားအမိန့်ချခံနေရတဲ့ ကျောင်းသားပြည်သူမြောက်များစွာရှိနေပါတယ်။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ


Comments

Popular posts from this blog

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

အထက်မင်းလှမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် နှစ်ဦးသေ

ရှားတောမြို့စစ်ကောင်စီဗျူဟာကုန်း ရိက္ခာသယ်ယာဥ်တိုက်ခိုက်ခံရပြီး ၅ဦးသေ၊ အများအပြားဒဏ်ရာရ

​အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်။

ရုပ်ရှင်ရုံတွေပြန်ဖွင့်တော့မယ်တဲ့

​ယူကရိန်း ရုရှားအရေး စစ်နှုတ်ခမ်းက မငြိမ်းချမ်းတဲ့ကမ္ဘာ

မအလ ကြပ်ရောပြည့်ရဲ့လား နှီးကြောစာမိမယ်

ထိုင်းတွင် ပြုလုပ်သည့် အလွတ်သဘော မြန်မာ့အရေးဆွေးနွေးပွဲသို့ အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံများမတက်