"မြှင့်မြတ်တော်မူသော (Your Excellency)" သို့မဟုတ် "သမ္မတကြီး (Mr. President)" ဟု ခေါ်ဆိုရန် ဖိအားပေးခံခဲ့ရသည့် TIME မဂ္ဂဇင်း သတင်းထောက်


အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံပြီး မြန်မာအကြမ်းဖက်စစ်တပ် ကျရှုံးလိမ့်မည်ဟု ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းပြောဆို
ရန်ကုန်၊ ဇွန် ၁၈ ခေတ်သစ်
အီတလီနိုင်ငံ၊ Abbiategrasso မြို့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆုကို သားငယ်ဖြစ်သူ ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက တက်ရောက်လက်ခံလိုက်ပြီး မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်တပ် ကျဆုံးလိမ့်မည်ဖြစ်ကြောင်း ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ထူးဆောင်နိုင်ငံသားဆုချီးမြှင့် ပေးအပ်ပွဲအခမ်း အနားကို ယမန်နေ့ Abbiategrasso မြို့တော်ဝန် Cesare Nai က ဦးဆောင်ပြီး ၊အီတလီအမတ် Umberto Maerna ၊ Lombardy ဒေသကောင်စီဝင် Andrea Sala၊ အီတလီ လွှတ်တော်အမတ်ဟောင်းနှင့် ဒေါ်အောင်ဆန်းစုကြည်၏ သူငယ် ချင်းဖြစ်သူ Albertina Soliani၊ မြန်မာနိုင်ငံဆိုင်ရာ အီတလီသံအမတ်ဟောင်း Alessandra Schiavo တို့ တက်ရောက်ခဲ့ကြသည်။
မိခင်အတွက် ဆုကို လက်ခံခဲ့သော ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက မြန်မာ နိုင်ငံတွင် အကြမ်းဖက်မှုများ ပြီးဆုံးမည်ဖြစ်ပြီး စစ်တပ်က ရှုံးနိမ့်မည်ဖြစ် ကြောင်း၊ မြန်မာ့ဒီမိုကရေစီအရေး လမ်းကြောင်းပေါ်သို့ ပြန်လည် ရောက်ရှိမည်ဖြစ်ကြောင်း ပြောဆိုသည်။
ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက မိခင်ဖြစ်သူ၏ ကျန်းမာရေးအတွက် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပြီး မိခင်ကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုခဲ့သည်။ စစ်ကောင်စီက မတရားဖမ်းဆီး အကျဉ်းချထားသော ဒေါ်အောင်ဆန်းစုကြည်ထံမှ စာတစ်စောင်ကို သားငယ် ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက လက်ခံရရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော် အကျဉ်းထောင်တွင်ပင် ရှိနေပြီး ရန်ကုန်၊ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်ကိုလည်း စစ်တပ်က ရောင်းချရန် ကြိုးစားနေကြောင်း ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းက ပြောဆို
သည်။
ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်များမှတစ်ဆင့် ပြည်တွင်းမိသားစုထံသို့ လွှဲပြောင်းသည့်အထောက် အထားများ အေဂျင်စီများကို စစ်ကောင်စီက တင်ပြခိုင်း
ရန်ကုန်၊ ဇွန် ၁၇
ပြည်ပနိုင်ငံများသို့ အေဂျင်စီများမှတစ်ဆင့် သွားရောက် အလုပ်လုပ်သော အလုပ်သမားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်များမှတစ်ဆင့် ပြည်တွင်းရှိ မိသားစုထံသို့ လွှဲပြောင်းသည့်အထောက်အထားများ အေဂျင်စီများကို စစ်ကောင်စီက တင်ပြခိုင်းနေကြောင်း ပြည်ပ အလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်း ထံမှ သိရှိရသည်။
၂၀၂၄ ခုနှစ် ဇွန်လမှစတင်၍ လစဉ် လဆန်း ၅ ရက်အတွင်း ပြည်ပအလုပ် အကိုင်အေဂျင်စီများအနေဖြင့် မိမိတို့ စေလွှတ်လိုက်သော အလုပ်သမားများက ပြည်ပနိုင်ငံများတွင် ရရှိသော လစာများကို ပြည်တွင်းရှိ မိသားစုများထံသို့ ပြည်တွင်းဘဏ်များမှတစ်ဆင့် လွှဲပြောင်းသော အထောက်အထားများကို စစ်ကောင်စီ၏ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနထံသို့ တင်ပြရမည် ဖြစ်ကြောင်း၊ ထိုသို့ တင်ပြရန် ပျက်ကွက်ပါက ပြည်ပအလုပ်အကိုင်အေဂျင်စီများကို လုပ်ငန်းလုပ်ခွင့် လိုင်စင်ရုပ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်သို့ သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားစာရင်းများအရ လုပ်သား ၅၀ ဦးနှင့်အထက် စေလွှတ်ခဲ့သော အေဂျင်စီများသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း အေဂျင်စီ ၆၅ ခု ၊ အောက်တို ဘာလအတွင်း အေဂျင်စီ ၇၈ ခု၊ နိုဝင်ဘာလအတွင်း အေဂျင်စီ ၈၃ ခု၊ ဒီဇင်ဘာလအတွင်း ၅၆ ခု ရှိကြောင်း၊ အဆိုပါ အေဂျင်စီများအနေဖြင့် မိမိတို့ စေလွှတ်ခဲ့သော အလုပ် သမားများက ပြည်ပရောက်လစာ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းမိသားစုများထံသို့ တရားဝင်ဘဏ်များမှတစ်ဆင့် လွှဲပြောင်းသော အထောက် အထားများကို ဇွန်လ ၂၈ ရက်နေ့ နောက်ဆုံးပေးပို့ရမည်ဖြစ်ကြောင်း၊ အချိန်မီ မပေးပို့ပါက အေဂျင်စီများ၏ စေလွှတ်ရေးလုပ်ငန်းစဉ်များကို ယာယီဆိုင်းငံသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဖိအားပေးလာကြောင်း သိရှိရသည်။
"နိုင်ငံခြားဝင်ငွေ နည်းနေတဲ့ စစ်တပ်က ပြည်ပရောက် မြန်မာအလုပ်သမားတွေဆီက ဒေါ်လာ ပြန်ရဖို့ ကြိုးစားနေတဲ့လုပ်ရပ်ပါပဲ။ ပြည်ပအလုပ်အကိုင်အေဂျင် စီတွေပါ အလုပ်ဆက်ပြီး လုပ်ဖို့ အတော်ကို ခက်ခဲကုန်ပါပြီ" ဟု ရန်ကုန်အခြေ စိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုက ပြောဆိုသည်။
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ ကင်းစင်အောင်ဆောင်ရွက်ဖို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် မှာကြားခဲ့ပြီးနောက် နိုင်ငံတဝန်းဆက်တိုက်ဖမ်းဆီးမှုတွေကို စစ်ကောင်စီသတင်းတွေမှာ ဖေါ်ပြနေပါတယ်။ ပြည်ပအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ထုတ်ပြန်ချက်အရ ဇွန်လပထမနဲ့ ဒုတိယပတ်အတွင်း ရန်ကုန်တိုင်းက ၁၉ ဦးကို စစ်ကောင်စီက ဥပဒေမဲ့ ဖမ်းဆီးခံခဲ့တယ်လို့ဖော်ပြပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို တင်ပြထားပါတယ်။
ဇွန်လပထမပတ်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ဖွင့်လှစ်ခဲ့တဲ့ သန်လျင်တံတား အမှတ် (၃) ဖွင့်ပွဲ အခမ်းအနားကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ဖို့ စီစဉ်ထားသူ ၉ ယောက်ကို ဖမ်းဆီးထားတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ဒီလူတွေကို ဘယ်နေရာမှာ ဖမ်းပြီးစစ်မေးနေလဲဆိုတာ ခုချိန်ထိ မသိရသလို သူတို့အခြေအနေကိုလည်းမသိရသေးပါဘူး။ နိုင်ငံရေးအကျဉ်းသားဟောင်းတယောက်ဖြစ်တဲ့ ဦးထွန်းကြည်ကတော့ ဖမ်းဆီးခံရတဲ့သူတွေရဲ့ အသက်အန္တရာယ်အထူး စိုးရိမ်စရာ ကောင်းတယ်လို့ ပြောပါတယ်။
"မနေ့တနေ့ကမှသန်လျင်တံတားကိစ္စနဲ့ပတ်သက်လို့ တောင်ဒဂုံ ၇၂ က ကလေးတွေကိုဖမ်းတယ်။ တကယ်တကယ်ကျတော့ ပွင့်လင်းမြင်သာမှု မရှိဘူး။ အခုကဖမ်းပြီးသွားပြီဟေ့ဆိုရင် ဒီလူငယ်တွေ နိုင်ကျဉ်းတွေကိုအပြတ်ရှင်းပလိုက်တဲ့အနေအထားဖြစ်နေတယ်။ ကျူပင်ခုတ်ကျူငုတ် မကျန်တဲ့နည်းနာတွေနဲ့ ဖိနှိပ်ညှင်းပန်းပြီး လူ့အခွင့်အရေးကိုအဆိုးဝါးဆုံး ချိုးဖောက်နေတယ်။ စစ်ကြောရေးရောက်နေသူတွေ အဖမ်းဆီးခံထားရသူတွေ ထောင်အသီးသီးမှာရှိတဲ့နိုင်ကျဉ်းတွေအားလုံးအတွက်ကတော့ တကယ်ကိုဒီအချိန်မှာအလွန်အမင်း သူတို့အသက်အန္တရာယ်ကို စိုးရိမ်မကင်းဖြစ်မိတယ်။ အခုလိုပုဒ်မအမျိုးမျိုးတပ်ပြီးတော့ အကြမ်းဖက်လုပ်နေတာကိုတော့ နိုင်ငံတကာဘက်က စကစကိုတော့အမြန်ဆုံးထိထိရောက်ရောက်အရေးယူသင့်တယ်။"
ဖမ်းဆီးခံထားရသူ ၉ ယောက်မှာ အမျိုးသား ၈ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ပါပါတယ်။ သန်လျင်တံတားကိုဖောက်ခွဲဖို့လုပ်သူတွေလို့ စစ်ကောင်စီစွပ်စွဲထားတဲ့သူတွေကို ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့ နယ်၊ သင်္ဘောကျင်းဝန်ထမ်းအိမ်ယာဝန်းထဲမှာရှိတဲ့ လိုင်းခန်းအဟောင်းမှာ ရှာဖွေဖမ်းဆီးခဲ့တာဖြစ်တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။ အကြမ်းဖက်ဖို့လုပ်ဆောင်သူလို့ ခေါင်းစဉ်တပ်ဖမ်းရင်လည်း ဖမ်းဆီးခံရသူတွေကို စစ်မေးတာမှာ လက်လွန်ညှင်းပန်းနှိပ်စက်တာ၊ ပြန်လည် ခုခံချေပခွင့်မပေးတာဟာ လူ့အခွင့်အရေးနဲ့ ဥပဒေကိုချိုးဖောက်တာဖြစ်တယ်လို့ ဥပဒေပညာရှင်တဦးကခုလိုပြောပါတယ်။
"မြန်မာနိုင်ငံသားတွေကို စစ်ကြောရေးလို့ခေါ်တဲ့နေရာမှာ စစ်ဆေးဖို့ဆိုတာသည် ဒီနေ့ မြန်မာနိုင်ငံမှာရှိတဲ့ တည်ဆဲဥပဒေ ဘယ်ဥပဒေမှာမှ ပြဌာန်းထားတာမရှိဘူး။ တပ်မတော်အက်ဥပဒေ၊ တပ်မတော်နည်းဥပဒေ၊ ဘယ်ဥပဒေမှာမှမရှိဘူး။ တခြားဥပဒေတွေမှာလည်းမရှိဘူး။ အဲဒါကြောင့် အဲဒါတွေသည် ဥပဒေနဲ့ အညီမဟုတ်ဘူး၊ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ ဆရာတို့ အတည်အလင်းပြောခြင်းဖြစ်ပါတယ်။"
နေရာစုံမှာ လူငယ်လူရွယ်တွေကို ပုဒ်မမျိုးစုံတပ် ဖမ်းဆီးနေတာတွေ ပိုလာနေတာမို့ လူငယ်တွေအနေနဲ့သတိဝိရိယနဲ့ နေထိုင်ဖို့လိုနေတယ်လို့ ထိုင်းအခြေစိုက် အာဏာရှင်စနစ်တော်လှန်ရေးနဲ့ ပြည်သူ့ကာကွယ်ရေးကွန်ယက်က ဒုဥက္ကဋ္ဌ ကိုဇော်ထွန်းကပြောပါတယ်။
"ခုရန်ကုန်မန်းလေးပဲခူးညောင်လေးပင် ဗမာပြည်ထဲရှိတဲ့အနယ်နယ်အရပ်ရပ်က မြို့တွေနယ်တွေမှာပေါ့။ လူငယ်တွေကိုအကြောင်းအမျိုးမျိုး ပြပြီးတော့စကစက ဖမ်းဆီးမှုတွေအများကြီးလုပ်နေတယ်။ တချို့လူငယ်တွေလည်းဖမ်းဆီးခံရပြီးရဲစခန်းရောက်ပြီးတော့ ပြန်ပိုက်ဆံတောင်း ပြီးတော့ ပြန်လွှတ်ပေးတာရှိတယ်။ နောက်သန်လျင်တံတားဖောက်ခွဲဖို့ လုပ်လို့ဆိုပြီး လူငယ်တွေဖမ်းဆီးခံရတာတွေ့ရတယ်။ စကစကနေပြီးတော့ အကြောင်းအမျိုးမျိုး ဖမ်းဆီးမှုတွေ အနိုင်ကျင့်မှုတွေနှိပ်စက်မှုတွေ ပြုလုပ်မှာဘဲ။ လူငယ်တွေအနေနဲ့ သတိထားရှောင်စေချင်ပါတယ်။"
အခုသီတင်းပတ်တွေအတွင်း ရန်ကုန်မြို့က မြို့နယ်တချို့မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့တွေက ဧည့်စာရင်း စစ်တာ တွေ ပြန်လုပ်လာသလို သူတို့ မသင်္ကာရင် နေအိမ်တွေထဲ မွှေနှောက်ရှာဖွေကာ ဖမ်းဆီးသွားတာတွေရှိတယ်လို့ ကြုံရတဲ့ရပ်ကွက်နေပြည်သူ တွေကပြောပါတယ်။ အမည်မဖော်လိုတဲ့ ရန်ကုန်တိုင်းစစ်ကြောရေးမှာပါဝင်တဲ့ အရာရှိတဦးအဆိုအရ လတ်တလောမှာ အကြမ်းဖက်မှုနဲ့ ပတ်သက်လို့ ဖမ်းဆီးခံရသူတွေဟာ အယောက် ၂၀ ထက်မနည်းရှိနေပြီး သူတို့ကနေတဆင့် ဆက်စပ်တရားခံတွေကို ဖမ်းဆီးဖို့ အပူတပြင်းလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ဆက်စပ်တရားခံတွေ ဖမ်းမိအောင်ဆောင်ရွက်သူတွေကို ရာထူးတိုးပေးတာအပြင် တခြားခံစားခွင့်တွေ စစ်ကောင်စီဘက်ကပေးတယ်လို့ သူကပြောပါတယ်။ ရန်ကုန်တိုင်းအတွင်းမှာ စစ်ဆင်ရေးလုပ်ဆောင်မယ်ဆိုတဲ့ သတင်းရထားတာအပြင် တန်ပြန်ထောက်လှမ်းရေးတွေအရ အခုလိုဖမ်းဆီးနိုင်တာတွေရှိခဲ့တာလို့ အမည်မဖော်လိုတဲ့ စစ်ကြောရေးအရာရှိတယောက်က ပြောပြပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးနဲ့ တောင်ငူမြို့တို့တွေမှာ လက်နက်ခဲယမ်းများနဲ့ဆက်စပ်ပစ္စည်းများ ဆက်တိုက်ဖမ်းဆီးခဲ့တာတွေရှိခဲ့တယ်လို့ စစ်ကောင်စီလိုလားတဲ့ တယ်လီဂရမ်ချယ်နယ်တွေမှာတင်ထားတာတွေရှိပါတယ်။ ဇွန်လပထမပတ်မှာတောင်ငူမြို့ လေးမိုင်စစ်ဆေးရေးဂိတ်မှာ လက်နက်မျိုးစုံ ၃၄ လက်အပါအဝင် ကျည်မျိုးစုံ၊ ဗုံးသီးအလုံးတွေ၊ လက်ပစ်ဗုံးတွေ၊ရီမုတွေအပြင် ဒရုန်းနဲ့ စတားလင့်စက်တွေ သိမ်းရတယ်လို့ အဲဒီချန်နယ်တွေမှာ ဖော်ပြထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ဇွန်လ ၁ ရက်နေ့ကနေ ၁၃ ရက်နေ့အထိ နှစ်ပတ်အတွင်း ရန်ကုန်တိုင်းက ၁၉ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အများစုက ရန်ကုန်တိုင်းကဖြစ်ပြီး ကျန်တစ်ဦးက ဧရာဝတီတိုင်းက ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ AAPP ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်း နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူပေါင်းနှစ်သောင်းကျော် ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲက လူကိုးထောင်ကျော် ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။ စစ်ကောင်စီကတော့ AAPP ရဲ့စာရင်းဟာ ချဲ့ကားထားတဲ့ စာရင်းတွေဖြစ်တယ်လို့ ပြောကြားပယ်ချလေ့ရှိပါတယ်။
၁၄ ဇွန်၊ ၂၀၂၄
ဗွီအိုအေ (မြန်မာဌာန)
