နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ပြည်ပရောက် မြန်မာအလုပ်သမားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်များမှတစ်ဆင့် ပြည်တွင်းမိသားစုထံသို့ လွှဲပြောင်းသည့်အထောက် အထားများ အေဂျင်စီများကို စစ်ကောင်စီက တင်ပြခိုင်း


ရန်ကုန်၊ ဇွန် ၁၇ 


ပြည်ပနိုင်ငံများသို့ အေဂျင်စီများမှတစ်ဆင့် သွားရောက် အလုပ်လုပ်သော အလုပ်သမားများ၏ လစာ ၂၅ ရာခိုင်နှုန်းကို တရားဝင်ဘဏ်များမှတစ်ဆင့် ပြည်တွင်းရှိ မိသားစုထံသို့ လွှဲပြောင်းသည့်အထောက်အထားများ အေဂျင်စီများကို စစ်ကောင်စီက တင်ပြခိုင်းနေကြောင်း ပြည်ပ အလုပ်အကိုင်အေဂျင်စီအသိုင်းအ၀ိုင်း ထံမှ သိရှိရသည်။ 


၂၀၂၄ ခုနှစ် ဇွန်လမှစတင်၍ လစဉ် လဆန်း ၅ ရက်အတွင်း ပြည်ပအလုပ် အကိုင်အေဂျင်စီများအနေဖြင့် မိမိတို့ စေလွှတ်လိုက်သော အလုပ်သမားများက ပြည်ပနိုင်ငံများတွင် ရရှိသော လစာများကို ပြည်တွင်းရှိ မိသားစုများထံသို့ ပြည်တွင်းဘဏ်များမှတစ်ဆင့် လွှဲပြောင်းသော အထောက်အထားများကို စစ်ကောင်စီ၏ အလုပ်သမားညွှန်ကြားမှုဦးစီးဌာနထံသို့ တင်ပြရမည် ဖြစ်ကြောင်း၊ ထိုသို့ တင်ပြရန် ပျက်ကွက်ပါက ပြည်ပအလုပ်အကိုင်အေဂျင်စီများကို လုပ်ငန်းလုပ်ခွင့် လိုင်စင်ရုပ်သိမ်းသည်အထိ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 


ပြည်သို့ သွားရောက်အလုပ်လုပ်ကိုင်သည့် အလုပ်သမားစာရင်းများအရ လုပ်သား ၅၀ ဦးနှင့်အထက် စေလွှတ်ခဲ့သော အေဂျင်စီများသည် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလအတွင်း အေဂျင်စီ ၆၅ ခု ၊ အောက်တို ဘာလအတွင်း အေဂျင်စီ ၇၈ ခု၊ နိုဝင်ဘာလအတွင်း အေဂျင်စီ ၈၃ ခု၊ ဒီဇင်ဘာလအတွင်း  ၅၆ ခု ရှိကြောင်း၊ အဆိုပါ အေဂျင်စီများအနေဖြင့် မိမိတို့ စေလွှတ်ခဲ့သော အလုပ် သမားများက ပြည်ပရောက်လစာ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းမိသားစုများထံသို့ တရားဝင်ဘဏ်များမှတစ်ဆင့် လွှဲပြောင်းသော အထောက် အထားများကို  ဇွန်လ ၂၈ ရက်နေ့ နောက်ဆုံးပေးပို့ရမည်ဖြစ်ကြောင်း၊ အချိန်မီ မပေးပို့ပါက အေဂျင်စီများ၏ စေလွှတ်ရေးလုပ်ငန်းစဉ်များကို ယာယီဆိုင်းငံသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက ဖိအားပေးလာကြောင်း သိရှိရသည်။ 


"နိုင်ငံခြားဝင်ငွေ နည်းနေတဲ့ စစ်တပ်က ပြည်ပရောက် မြန်မာအလုပ်သမားတွေဆီက​ ဒေါ်လာ ပြန်ရဖို့ ကြိုးစားနေတဲ့လုပ်ရပ်ပါပဲ။ ပြည်ပအလုပ်အကိုင်အေဂျင် စီတွေပါ အလုပ်ဆက်ပြီး လုပ်ဖို့  အတော်ကို ခက်ခဲကုန်ပါပြီ" ဟု  ရန်ကုန်အခြေ စိုက် ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ခုက ပြောဆိုသည်





Comments

Popular posts from this blog

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

အထက်မင်းလှမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် နှစ်ဦးသေ

ရှားတောမြို့စစ်ကောင်စီဗျူဟာကုန်း ရိက္ခာသယ်ယာဥ်တိုက်ခိုက်ခံရပြီး ၅ဦးသေ၊ အများအပြားဒဏ်ရာရ

“ယူကရိန်း အတွက် လေယာဥ်တွေပို့မယ် ဆိုတဲ့ ပိုလန် ကမ်းလှမ်းချက်အကောင်အထည် ဖော်ဖို့ခက်

​အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်။

ရုပ်ရှင်ရုံတွေပြန်ဖွင့်တော့မယ်တဲ့

​ယူကရိန်း ရုရှားအရေး စစ်နှုတ်ခမ်းက မငြိမ်းချမ်းတဲ့ကမ္ဘာ