အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီတို့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးဖို့ရှိနေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က RFA ကို ပြောပါတယ်။ RFA Burmese 2022-12-23 ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်နေ့ ကျင်းပသည့် (NCA) လက်မှတ်ရေးထိုးမှု ခုနစ်နှစ်ပြည့်အခမ်းအနားမှာ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်အား တွေ့ရစဉ် Tai Freedom - Burmese Version အပစ်ရပ်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီတို့ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး ဒီဇင်ဘာ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့ထိ သုံးရက်ကြာ တွေ့ဆုံဆွေးနွေးဖို့ရှိနေတယ်လို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က RFA ကို ပြောပါတယ်။ အပစ်ရပ် ခုနစ်ဖွဲ့ဘက်က မဟုတ်ဘဲ စစ်ကောင်စီရဲ့ အမျိုးသား စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီက ဖိတ်ကြားလာတာလို့ ဆိုပါတယ်။ တွေ့ဆုံမှုမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စကို ဆွေး...