Posts

Showing posts from February 11, 2023

အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ

Image
အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာနှင့် KNU သင်တန်းဆရာများ ပူးပေါင်း ပို့ချနေသည့် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင်ရေးသင်တန်း အပတ်စဥ် - ၄ အထိ ရောက်ရှိပြီ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ခေတ်သစ် အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာနှင့် KNU သင်တန်းဆရာများ ပူး ပေါင်း သင်တန်းပေးနေသည့် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး အထူးစစ်ဆင် ရေးသင်တန်း အပတ်စဥ် - ၄ အထိ ရောက်ရှိနေပြီဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F  တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ "အပတ်စဉ် ၁ ကနေပြီးတော့ အပတ်စဉ် ၄ အထိ အမေရိကန် မရိန်းတပ်ဖွဲ့က သင်တန်းဆရာ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့KNU သင်တန်းဆရာတွေ ပူး ပေါင်းပြီး အထူးစစ်ဆင်ရေး သင်တန်းတွေ ပို့ချနေတာဖြစ်ပါတယ်" ဟု တောင် ပိုင်းစစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F  တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ရှင်းပြသည်။  အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးသင်တန်း (အပတ်စဥ် - ၄) သင်တန်းဆင်းပွဲအား KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကျင်းပခဲ့ပြီး  သင်တန်းဆင်းပွဲတွင် ပြည်ထဲရေးနှင့်လူဝင်မှူကြီးကြပ်ရေးဝန်ကြီးဌ

အာဆီယံ ခေါင်းဆောင်များ သတ္တိရှိရှိ ဖြင့် မြန်မာ ပြဿနာကို ဖြေရှင်းပါ

Image
မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မှ အထက်ပါ စကားကို ထိုင်း နိုင်ငံတွင် ရှိနေစဉ်အတွင်း ထိုင်း-မလေးရှား ကုန်သည်ကြီး များ အသင်းတွင် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ မြန်မာ အာဏာသိမ်း စစ်တပ်မှ ၎င်းတို့ ပြည်သူများအပေါ် ရက်စက်ကြမ်းကြုပ်စွာ ပြုကျင့်နေမှုများ ကို ရပ်တန့်ရန် ဖိအားပေး’နိုင်မည့် အစီအစဉ်အသစ်များ ချမှတ်ရန် လို‌အပ်လာနေပြီဟု ပြတ်ပြတ်သားသား တောင်းဆိုသွားခဲ့ပြန်သည်။ မြန်မာသည် မိမိတို့ နိုင်ငံ နှင့် ကိုက်ညီမည့် ကိုယ်ပိုင် ပြည်တွင်းမူဝါဒ များ နှင့် ဦးစားပေး အစီအစဉ်များ ချမှတ် ကျင့်သုံးခွင့် ရှိသည် မှန်သော်လည်း ယခုခေတ် တွင် မည်သည့် နိုင်ငံကမျှ ကိုယ်ပြည်သူများ အပေါ် ခွဲခြား ဆက်ဆံခွင့်၊ ဘေး ဖယ်ထုတ်ခွင့်၊ ခြိမ်းချောက်ခွင့်၊ ထိုထက် ဆိုးသည့် အကြမ်းဖက် လုပ်ရပ်များ ဆောင်ရွက်ပိုင်ခွင့် မရှိဟု ဆိုသည်။ အာဆီယံ အနေဖြင့် ထိုသို့ ကိုယ့်နိုင်ငံသားများ အပေါ် ပြန်၍ ကျုးလွန်နေသည့် ရက်စက် ကြမ်းကြုပ်မှု များ ရပ်တန့်သွားရမည့် အစီအစဉ် အသစ်များ ချမှတ်ရန် လိုနေပြီဟု အကြံပေးခဲ့သည်။ ထိုသို့သော အပြုအမူ မျိုးကို သည်းငြည်းခံနေမည် ဆိုက ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အင်ဒိုနီရှား နှင့် မလေးရှား နိုင်ငံများသို့ ဒုက္ခသည်များ အစုလိုက

စစ်သားတွေ အတုံးအရုန်း သေနေချိန် ပွဲကြိုက်တဲ့ မင်းအောင်လှိုင်က နိုင်ငံ အရေးပေါ်ကာလ သာမန်မဟုတ်တဲ့ အခြေအနေမှာ မင်္ဂလာပွဲပါ မချန် တက်နေပြန်

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ခေတ်သစ် မြန်မာနိုင်ငံမှာ သာမန် မဟုတ်တဲ့ အရေးပေါ်ကာလ စစ်အုပ်ချုပ်ရေး ကြေညာထားချိန် ပွဲကြိုက်တဲ့ မင်းအောင်လှိုင်က ကိုယ်တိုင်လည်း ပွဲအမျိုးမျိုး ဖန်တီးလို့ တက်နေချိန် အခုအခါမှာတော့ မင်္ဂလာပွဲပါ မချန် လိုက်တက်နေပြန်ပါတယ်။  ဒီနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ Grand Convention Center လုပ်တဲ့ ရေတပ် ဗိုလ်ကြီး အောင်မြင့်ထွန်းနဲ့ မသီရိလွင်တို့ရဲ့  မင်္ဂလာဧည့်ခံပွဲကို မင်းအောင်လှိုင်နဲ့ ကြူကြူလှ လင်စုံမယားတွဲဖက်လို့ ပွဲတက်လိုက်ပါသေးတယ်။ ပွဲတက်တာတောင် ရိုးရိုးမဟုတ်ဘဲ သတို့သားနဲ့ သတို့သမီးကို စင်မြင့်ပေါ်တက်လို့ ဂါ၀ရပြုခံတာတွေပါ လုပ်နေပါသေးတယ်။  မင်းအောင်လှိုင်အနေနဲ့ ကိုယ်တိုင်လည်း စိန်ရတု လွတ်လပ်ရေး၊ တပ်မတော် နေ့၊ စိန်ရတု ပြည်ထောင်စုနေ့ ၊ လေတပ် နှစ်ပတ်လည်၊ ရေတပ် နှစ်ပတ်လည်၊ ဗိုလ်ရှုသဘင်စတဲ့ ပွဲတွေ အမျိုးမျိုး ဖန်တီး တက်နေရာကနေ အားရပုံမရဘဲ မင်္ဂလာပွဲပါ မချန် လိုက်တက်နေတဲ့ပုံရှိပါတယ်။  ဇန်နဝါရီလ ၃၁ ရက်နေ့ ကာ/လုံအစည်းအဝေးမှာ နိုင်ငံတော်က သာမန်မဟုတ်တဲ့ အခြေအနေမို့ စစ်အာဏာသိမ်းထားမှု ၆ လသက်တမ်းတိုးတောင်းခဲ့တဲ့ မင်းအောင်လှိုင် မင်္ဂလာပွဲကိုတော့ အေးအေးလူလူ တက်နိုင်သေးတာကလည်း အံ့ဩစရာပါ။  စစ

မုံရွာမြို့ရှောင်လမ်းတွင် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်(ရုပ်/သံ)

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁  ခေတ်သစ် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မြို့ရှောင်လမ်းတွင် စစ်တပ်စစ်ကြောင်းကို ယမန်နေ့ ညနေပိုင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာနတ်ဆိုးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ညနေ ၆ နာရီခွဲဝန်းကျင် အချိန် မုံရွာမြို့ မြို့ရှောင်လမ်းတွင် လုံခြုံရေး ကင်းပတ်နေသည့် စစ်သားများလိုက်ပါသော အိမ်စီးကားကိုလည်းကောင်း၊ ဗောဓိတစ်ထောင်မှ စစ်ကြောင်းကို   တင်၍ ပြန်လာသော ၁၂ ဘီးကားကိုလည်းကောင်း  မြို့ရှောင်လမ်းအရောက်  ပဒေသာမိုင်းဖြင့် ထိထိမိမိ ဖောက်ခွဲတိုက်ခိုက်နိုင်ခဲ့ကြောင်း သိရှိရသည်။ မိုင်းဆွဲတိုက်ခိုက်အပြီး ကားပေါ်တွင်လိုက်ပါသော စစ်သားများက  ပြန်လည် ပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ာကွယ်ရေး ရဲဘော်များ ဘေးကင်းကြောင်း ၊ လက်ရှိတွင် စစ်တပ်၏ သေဆုံးမှု အခြေအနေကို မသိရှိရသေးကြောင်း၊ ပြည်သူများအနေဖြင့်  အိမ်စီးကားများကို ရှေ့မှန်နောက်မှန်ချမောင်းကြပါရန် မေတ္တာရပ်ခံကြောင်း မုံရွာနတ်ဆိုးအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မင်းဘူးခရိုင် ကန်ပြားရဲစခန်းကို PDF တပ်ဖွဲ့များ စီးနင်းတိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃၀ ဦးထိခိုက်သေဆုံးဟု MOD သတင်းထ

စစ်တပ်အရာရှိ ၂ ဦး အပါအဝင် ၇ ဦး သေဆုံးပြီး စစ်သား ၃ ဦး အရှင်ဖမ်းမိ၊ လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

Image
Breaking News - မြစ်ခြေ မွေးမြူရေးတပ်ကို PDF တပ်ပေါင်းစု ဝင်ရောက်စီးနင်းမှု ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁ ခေတ်သစ် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့အခြေစိုက် မွေးမြူရေးတပ်ကို PDF တပ်ပေါင်းစုများက ယနေ့ နံနက်ပိုင်း ဝင်ရောက်စီးနင်းတိုက်ခိုက်ရာ စစ်တပ်အရာရှိ ၂ ဦး အပါအဝင် ၇ ဦးသေဆုံးပြီး စစ်သား ၃ ဦးအရှင်ဖမ်းမိကာ လက်နက် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ရင်းမှ  တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။  ယနေ့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ နံနက် ၆ နာရီခန့်အချိန် မြစ်ခြေအခြေစိုက် မွေးမြူရေး တပ်ကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ရာ တိုက်ပွဲ ၂ နာရီခန့်ကြာမြင့်ခဲ့ကြောင်း၊ မွေးမြူရေးတပ် ဝင်ရောက်တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက်စစ်တပ်က လေကြောင်းမှ မြစ်ခြေမြို့ကို ဗုံးကျဲ တိုက်ခိုက်နေသည့်အပြင် ပခုက္ကူ မြို့မှ စစ်အင်အားအများအပြားရောက်ရှိကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိ ၂ ဦး နှင့်စစ်သား ၅ ဦး စုစုပေါင်း ၇ ဦးသေဆုံးပြီး စစ်သား ၃ ဦးကို အရှင် ဖမ်းဆီးရမိကြောင်း သိရှိရသည်။  "ဒီနေ့ မနက် ၆ နာရီမှာ စပြီး တပ်ကို ဝင်စီးတာ။

ရခိုင်ရှိ ရဲအင်အား ၁၀၀၀ ခန့် နယ်ပြောင်းလျှောက်ထားမှု စစ်ကိုင်းဘက်သို့ ရွေ့ပြောင်းခြင်သူများကိုချက်ခြင်းပြောင်းခွင့် ပြု

Image
CJ Platform ရခိုင်ရှိ ရဲအင်အား ၁၀၀၀ ခန့် နယ်ပြောင်းလျှောက်ထားမှု တစ်နှစ်ခန့် ကြာမြင့်သော်လည်းခွင့်မပြုသေးကြောင်း၊ စစ်ကိုင်းဘက်သို့ ရွေ့ပြောင်းခြင်သူများကိုချက်ခြင်းပြောင်းခွင့် ပြုနေကြောင်း ရဲသတင်းအရင်းမြစ်တစ်ဦးက CJ Platform သို့ပြောကြားသည်။ “ကျွန်တော်တို့ ရှမ်းပြည်နယ်ကို ရွေ့ပြောင်းမိန့်တင်ထားတာကြာပြီ၊ တစ်နှစ်ကျော်နေပြီ အခုထိ ကိုအမိန့် မလာသေးဘူး။ စစ်ကိုင်းဘက်ပြောင်းမလားတဲ့ ပြောင်းရင်တော့ချက်ခြင်းခွင့်ပြုပေးမယ်ဆိုပြီး ပြောတယ်” ဟု ရဲသတင်းအရင်းမြစ်ကပြောကြားသည်။ ရခိုင်ပြည်နယ်တွင် လက်ရှိ တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိသော်လည်း တိုက်ပွဲများဖြစ်ပွားပါက ရဲများ၊စစ်သားများ အကျအဆုံးများသည့်အတွက် ယခုကဲ့သို့ရွေ့ပြောင်းမိန့်ကို ရဲအများအပြားကအထက်သို့တင်ပြကာ ပြောင်းရွေ့နေလိုခြင်း ဖြစ်ကြောင်းလည်း သိရသည်။ “တစ်နိုင်ငံလုံးမှာဆိုရင် ရှမ်းပြည်နယ်က အားလုံးထဲမှာ တိုက်ပွဲအနည်းဆုံးပဲလေ၊ အဲ့ဒီတော့အဲ့ဘက်ကို ရွေ့ပြောင်းလျှောက်တဲ့သူက များတယ်” ဟု ယင်းကဆိုသည်။ အချို့သော ရဲများအနေဖြင့်လည်း စစ်ကောင်စီ လက်အောက်ခံ ရဲအဖြစ် မလုပ်ဘဲ CDMပြုလုပ်ခြင်သော်လည်း CDM ပြုလုပ်ပါက အခက်အခဲဖြစ်နိုင်သည့်အခြေအနေများကြောင့