Posts

Showing posts from March 17, 2021

ဒီနေ့အတွက်ထူးခြားဖြစ်စဉ်တွေပြောပြပါမယ်။

Image
Wednesday, March 17, 2021 ဒီနေ့အတွက်ထူးခြားဖြစ်စဉ်တွေပြောပြပါမယ်။ နှစ်၇၀အတွင်းလူဦး​ရေအများဆုံးဗမာတိုင်းရင်းသား ရဲ့အမုန်းကို ရယူခဲ့တဲ့ မင်းအောင်လှိုင် သိထားရမှာက လက်နက်ကိုင်ထားလို့သာသလို ရှိပေမယ့် မတရားရင် ဗမာအချင်းချင်းသွေးမြေကျသင့်ရင်ကျရမှာပဲ သေဆုံး ၂၀၀ ကျော် ဒဏ်ရာ ရေမရ ဖမ်းဆီး၂၀၀၀ကျော် နာကျင်ခဲ့ရပါပြီ၊ ဒီနေ့အတွက်ထူးခြားဖြစ်စဉ်တွေပြောပြပါမယ်။ ၂၀၂၀ရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေကို လွှတ်ပေးလိုက်ပါပြီ ကော်မရှင်တာဝန်ခံတဦးပြော တာက အချိန်စေ့ရင်ပါတီတာဝန်ရှိသူတွေရှေ့တင် မဲပုံးချိတ်ပိတ်တယ်၊ နောက်ရက်တွေမှာ မသုံးဖြစ် လိုက်တဲ့အပိုဆောင်ထားတဲ့မဲပြားတွေကော်မရှင်ဆီ ပြန်ပို့ကြရတယ်။ အခက်အခဲကြောင့်မပို့ဖြစ်တဲ့နေရာတွေရှိတယ် ပျောက်ပျက်သွားတာတွေရှိမယ်၊ဒါပေမယ့် မဲပေးတဲ့ နေ့က ချိတ်ပိတ်ထားတဲ့မဲပုံးရလာဒ်ကိုအကျိူးသက် ရောက်မှုမဖြစ်စေဖူး၊မသမာမှုဖြစ်စရာမရှိဖူး၊ ၂၀၁၀ ၂၀၁၅ မှာလဲ အရံပိုမဲတွေအကုန်ပြန်ရောက် မရောက်မစစ်ခဲ့ကြဖူး၊ ပြန်မရောက်လာတဲ့အရံမဲပြားတွေကို မသမာမဲ လို့ စွပ်စွဲပြီးဒီအခြေအနေဖြစ်သွားအောင်လုပ်တဲ့မအလ ဟာ ဆယ်ခါပြန်သေပေးရင်တောင် သူ့အပြစ်ကနေ မလွတ်မြောက်နိုင်တော့ဖူး။ ဧပြီလ၄-၇ မြန်မာ့ရေပိုင်နက်

စစ်ကောင်စီကိုကြိုးကွင်းစွတ်မယ့်ဖြေကြားချက်

Image
ဗွီဒီယိုကြည့်ရန်

စစ်ခြောက်တွေ့ဖူးပြီလား

Image
ဂုဏ်ယူတယ်သမီးတို့    စောက်စစ်ခြောက်

ဒီနေ့ကျောက်မြောင်း

Image
အတိုမှာရာဘာကျည်ရှိလားဇော်မဲလုံး

စက်ရုံတွေမီးရှို့တာရပ်ကွက်နေပြည်သူတွေမဟုတ်ပါ

Image
  စက်ရုံနှစ်ရုံ မီးလောင်ဆုံးရှုံးခဲ့တဲ့ မြန်မာလုပ်ငန်းရှင်  ~~~~~~~~  ■လှိုင်သာယာနဲ့ ရွှေပြည်သာစက်မှုဇုန်တွေမှာ မတ်လ ၁၄ ရက်နေ့က မီးလောင်သွားတဲ့  စက်ရုံတွေနဲ့ ဂိုထောင်တွေဟာ မြန်မာလုပ်ငန်းရှင်တွေ ပိုင်တဲ့ စက်ရုံတွေ ဂိုထောင်တွေကို  တရုတ်ကုမ္ပဏီတွေက ငှားရမ်းလုပ်ကိုင်နေတဲ့ စက်ရုံတွေ ဖြစ်တယ်လို့ စက်ရုံနှစ်ရုံ မီးလောင်ခံ လိုက်ရတဲ့ မြန်မာလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။ စက်ရုံတွေကို မီးရှိုခဲ့သူတွေဟာ  အနက်ရောင်ဝတ်စုံတွေပြီး ဝတ်ထားတဲ့ ဆိုင်ကယ်စီး တုတ်ဓါးကိုင် လူရမ်းကားတွေ  ဖြစ်တယ်လို့ ပြောပါတယ်။ စက်ရုံမီးလောင်ခံလိုက်ရတဲ့ အဲဒီ လုပ်ငန်းရှင်ကို  RFA ဝိုင်းတော်သား ကိုဂျေက ဆက်သွယ်မေးမြန်းထားပါတယ်။

အောက်နှုတ်ခမ်းကို ဖြတ်ထားတယ်

Image
စံပြဆေးရုံကို ရဲစခန်းက ပို့လိုက်တဲ့အလောင်း  သေနတ်ဒဏ်ရာက ခြေထောက်မှာ မသေနိုင်တဲ့ဟာကို   အလောင်းလာထုတ်ပါဆိုပြီးကြည့်တော့ အောက်နှုတ်ခမ်းကို  ဖြတ်ထားတယ်😣 နင်တို့တွေ လူမဟုတ်တော့ဘူး  လူတစ်ယောက်ကို ကြက်ကလေး ငှက်ကလေးလို  သဘောထားပြီး သတ်နေကြတာ😭😭

မာရှယ်လောထုတ်ပြန်ပေးရန် သက်သက်ခိုင် သိန်းညွန့် ခင်မောင်ဆွေ တို့မှ ပြော

Image
စစ်ကောင်စီအစည်းအဝေးတွင် ရန်ကုန်တိုင်း၂၇မြို့နယ်ကို မာရှယ်လောထုတ်ပြန်ပေးရန် မသက်သက်ခိုင် ဦးသိန်းညွန့် ဦးခင်မောင်ဆွေ တို့မှ ပြောခဲ့ရာ စစ်တိုင်းမှူးအချို့မှ ရန်ကုန်တိုင်း၅မြို့နယ် သတ်မှတ်ထားပြီး နောက်ထပ်ထပ်မတိုးရန် ပြော မသက်သက်ခိုင်မှ လိုအပ်သဖြင့်ပြောခြင်းဖြစ်ကြောင်းထပြောရာ စစ်တိုင်းမှူးတဦးမှ စစ်တပ်ပိုင်းဆိုင်ရာကိစ္စ များကိုအရပ်သားများနားမလည်ကြောင်း ဝင်ရောက်မစွက်ဖက်ရန်ပြန်ပြော နိုင်ငံတကာဖိအားများကြောင့် ပြင်ပနေမိသားစုများနေ မရဖြစ်နေကြောင်း သတိထားလုပ်ပါရန် စစ်တိုင်းမှူး၄ဦးမှ မအလကို ပြောကြောင်းခိုင်လုံသောသတင်းရပ်ကွက်မှသိရပါတယ် (တပ်မတော်သားဟောင်းတဦး)

မတ်လ ၁၇ ရက်နေ့ လှည်းတန်းနဲ့ရန်ကင်း အခြေအနေ

Image
  ဒီကနေ့ ရန်ကုန်မြို့ လှည်းတန်းနဲ့ရန်ကင်း ဘက်တွေမှာ ပြည်သူတွေကာရံထားတဲ့ သဲအိတ်နဲ့အခြားအကာအရံတွေကို ရဲတပ်ဖွဲ့နဲ့စည်ပင်က လာရောက်ဖယ်ရှားတာတွေလုပ်ခဲ့ပါတယ်။အဲဒီမှာ လမ်းသွားလမ်းလာ ရပ်ကွက်နေပြည်သူအချို့ကို ခေါ်ဆောင်တာ၊အိမ်စီးကားအချိုကို တားကာ လူတွေကို ဆင်းခိုင်းပြီး အမှိုက်တွေသိမ်းခိုင်းတာ၊ သဲအိတ်တွေဖယ်ခိုင်းတာတွေလုပ်တယ်လို့ ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူပြည်သူတွေနဲ့ မျက်မြင်ရပ်ကွက်နေပြည်သူတွေက ဘီဘီစီကို မှတ်တမ်းဓါတ်ပုံတွေနဲ့ ဗွီဒီယိုဖိုင် အချို့ပေးပို့လာပါတယ်။ အဲဒီလိုအခြေအနေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ရန်ကင်းမြို့နယ်နေ ကိုထက်အောင်စံနဲ့ မျက်မြင်တွေ့ခဲ့ရသူ လှည်းတန်းနေ ကိုဝိုင်းတို့ကို ဆက်သွယ်မေးမြန်းထားပါတယ်။ ဘီဘီစီမြန်မာပိုင်း

အင်တာနက်ပိတ်ခဲ့သည် ရှိသော် ဆက်သွယ်နိုင်သော် မီဒီယာ ဖုန်းနံပါတ်များ

Image

မိန်းကလေးချည်းပဲ ၄ယောက်ခေါ်သွားတယ်

Image
ညီမတို့ YUFL Chinese Major က ဆောင်းသဇင်လှိုင် တို့အိမ်ကိုဝင်ပြီးဖမ်းသွားပါတယ်။ သူ့အမေဒေါ်ဝေဝေနဲ့ သူတို့ညီအမနှစ်ယောက်အပါအဝင် အိမ်မှာအတူနေတဲ့မိန်းကလေးတစ်ယောက် စုစုပေါင်း မိန်းကလေးချည်းပဲ ၄ယောက်ခေါ်သွားတယ်လို့သိရပါတယ်။ ဒလန်လက်ချက်ကတော့သေချာသလောက်ပါ။ ပါသွားတာမိန်းကလေး၄ယောက်တည်းမို့ အားလုံးကူညီကြပါဦး ဖေါ့ကန် သီရိလမ်း အိမ်အမှတ် (29)က ဒေါ်ဝေဝေနဲ့ သူ့သမီးနှစ်ယောက် အပါအဝင် အိမ်မှာအတူနေတဲ့ မိန်းကလေးတစ်ယောက် အားလုံးစုစုပေါင်း မိန်းကလေးချည်းဘဲ ၄ယောက်ခေါ်သွားတယ်လို့ သိရပါတယ် ။ ဒလန်လက်ချက်ကတော့ သေချာသလောက်ပါ။ပါသွားတဲ့ မိန်းကလေး လေးယောက်အတွက် အားလုံး ဝိုင်းကူညီဖို့ စဉ်းစားပေးကြပါဦး ခင်ဗျာ။

သမိုင်းဂုံးကျော် ကြံ့ကြံ့ခံနေဆဲ

Image
ဒီနေ့ည သမိုင်းဂုံးကျော် ကြံ့ကြံ့ခံနေဆဲ (၃ ရက်ရှိပြီ) ရပ်ကွက်ထဲ သူပုန်တွေ ဝင်မရတော့  ရပ်ကွက်အေးချမ်းတယ် လှိုင်သာယာ အဝင်လမ်း ဘုရင့်နောင်ဂုံးကျော် ကိုပိတ်ထားပေးတော့    ကူညီရာရောက်တယ် ။ ရပ်ကွက်တိုင်း ဒီလိုကြံ့ကြံ့ခံရင် ရန်ကုန်လွတ်မြောက်မယ် ။ တနိုင်ငံလုံး   ဒီလိုကြံ့ကြံ့ခံရင် တနိုင်ငံလုံးလွတ်မြောက်မယ် ။ ငြိမ်ခံနေရင် ခင်ဗျားတို့ ရပ်ကွက်က အင်အားတွေနဲ့  ဒီနေရာကိုလာဖိမယ် ။ ကိုယ့်အချင်းချင်းတောင် မကူညီနိုင်ဘဲ ဟိုအဝေးက UN, US ရဲ့ အကူအညီကို  သိပ်မျှော်လင့်ပြနေတာ ခင်ဗျားတို့ တရားရဲ့လား ။

“တို့ပြည်သူတွေညီရဲ့လားဟေ့” ဆိုခိုင်း

Image
    တ/ဥ ၁၃ တောင်ဥက္ကလာပမြို့နယ်မှာ အရပ်သားအနည်းဆုံး ၁ဝ ဦးဖမ်းဆီးခံရ ~~~~ ■ ရန်ကုန် တောင်ဥက္ကလာပမြို့နယ်မှာ မတ်လ ၁၇ ရက်နေ့ညသန်းခေါင်အချိန် အရပ်သား အနည်းဆုံး ၁ဝ ယောက်ကို ရဲနဲ့စစ်တပ်က ဖမ်းဆီးသွားပါတယ်။ ဖမ်းဆီးခံရသူတွေကို ခေါ်သွားစဉ် လက်တွေကိုခေါင်းပေါ်တင်ခိုင်းပြီး “တို့ပြည်သူတွေညီရဲ့လားဟေ့” ဆိုတဲ့ ကြွေးကြော်သံတွေကို ဆိုခိုင်းခဲ့တာ တွေ့ရပါတယ်။ ဗွီဒီယို-Citizen Journalist

Portable world wide internet

 Portable world wide internet Line for myanmar အတွက် လင့်တွေရှာပေးကြပါ ကုဒ်နံပါတ်အပြင်က ဝယ်ပြီးအထဲကလူတွေပေးသုံးလို့ရတယ် သတင်းသမားတွေသတင်းထောက်တွေ အတွက်ထိုင်းဆင်းကဒ်လှုပေးပါမယ်

တိုကျိုမြန်မာသံရုံးမှဒုအတွင်းဝန် ၏ စိတ်ဓာတ်အင်အား။

Image
ဂျပန်နိုင်ငံ တိုကျိုမြန်မာသံရုံးမှ CDM လုပ်နေသော ဒုအတွင်းဝန် ၏ လေးစားဂုဏ်ယူစရာ စိတ်ဓာတ်အင်အား။  ၁၇.၃.၂၀၂၁၊ ဗုဒ္ဓဟူးနေ့။   ---------------------------  ကျမကို အားတင်းထားနော် တို့ အသက်က ခုမှ ငယ်ငယ်လေး  ၂၇ နှစ်ပဲရှိသေးတာ ရာထူးကလည်း နှမြောစရာကြီး   စိတ်မကောင်းဖစ်လိုက်တာ ဆိုတာ စာတွေ ပို့ကြတယ်   ကျမ ဝန်ထမ်းစလုပ်ခဲ့ကတည်းက ရာထူးအတွက်  လုပ်ခဲ့တာမဟုတ်ဘူး ငါ့လုပ်ဆောင်မှုတိုင်းက   ငါတို့နိုင်ငံတိုးတက်ရမယ်ဆိုတဲ့ စေတနာထားမှုကို  အခြေခံထားတဲ့ တာဝန်တစ်ခုအတွက်အလုပ်လုပ်ခဲ့တာ   ရာထူးကို မနှမြောဘူး ငယ်ငယ်ကတည်းက ခုထိကို  ဆရာတော်ဘုရားကြီးတွေ သွန်သင်ထားတဲ့ ဓမ္မလမ်းပေါ်  မရောက်တော့မှာ ပို နှမြောတယ်  ကိုယ့်ရဲ့လွတ်လပ်စွာရွေးချယ်မှုကြောင့် တစ်ပါးသူကို  ကိုယ်အားဖြင့် စိတ်အားဖြင့် ထိခိုက်စေရင် ဒါဟာ  အဓမ္မလမ်းကြောင်းဖြစ်တယ်✍️ CDM လုပ်ခြင်းဖြင့်  အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ လုပ်ခဲ့တာပါ CDM  လုပ်သူအားလုံးဟာ Strong ဖြစ်လို့ လုပ်ကြသူတွေပါ   ဒါကြောင့် ရာထူးကို နှမြောတာတို့ ဘာတို့ မပြောကြပါနဲ့ 😌 ✍️ Crd. မူလတင်သူ  #WeSupportCRPH  #WhatsHappeningInMyanmar  #SaveMyanma

သမိုင်းဂုံးတံတားအခြေအနေ.... 17.3.2021

Image

ရန်သူအဖြစ် သဘောထား၍ အကြမ်းဖက်စစ်တပ်နှင့်ရဲက ပစ်ခတ်နေသည့် ဗီဒီယို

Image
ရန်ကုန်၊ တာမွေတွင် ပြည်သူကို ရန်သူအဖြစ် သဘောထား၍ အကြမ်းဖက်စစ်တပ်နှင့်ရဲက ပစ်ခတ်နေသည့် ဗီဒီယို ရန်ကုန်၊ မတ် ၁၇ ရန်ကုန်တာ​မွေမြို့နယ်တွင် ယ​နေ့ မွန်းလွဲပိုင်း အကြမ်း ဖက်စစ်တပ်နှင့်ရဲက ပြည်သူများကို ရန်သူအဖြစ် သ​ဘောထား၍ ရပ်ကွက်ထိပ် အကာအရန်များကြားမှ ချိန်ရွယ်ပစ်ခတ်​နေစဥ်။

သမိုင်းစျေးဘူတာနားမှာပါ(ရုပ်သံ)

Image

မဟနတွေလည်း အကျယ်ချုပ်ကျမယ့် အန္တရာယ်ရှိ

Image
အရုဏ်ဆွမ်း စားနေတုန်း ဆရာတော်ကြီးတစ်ပါးက ဖုန်းဆက်လာတယ်။ မင်းက လူသိများတယ်။ ဒါကြောင့် လူငယ်တွေကို ကိုယ်ရော စိတ်ရော ကြံ့ခိုင်အောင်နေကြဖို့ ပြောပေး။ ဒီတိုင်းဆိုရင် စစ်ပွဲက ရှောင်လွှဲလို့မရတော့ဘူး။ မဟနတွေကို အကျယ်ချုပ်ချပြီး ထုတ်ပြန်မယ့်စာကို သူတို့စိတ်ကြိုက် ပြင်ရေးလိုက်မှာမို့ လက်မှတ်တွေမပါပဲ အရေးတကြီးနဲ့ မီဒီယာကို ပေးလိုက်ရတာ။ မဟနအဖွဲ့နဲ့ သာသနာရေးအရာရှိတွေနဲ့ အစည်းအဝေးမှာ အတော်လေး အချေအတင်ဖြစ်သွားတယ်။ သာသနာရေးအရာရှိတွေက စာထုတ်ဖို့ ကန့်ကွက်ကြလို့ မဟန ဆရာတော်ကြီးတွေက 'မင်းတို့က ငါတို့မေတ္တာရပ်ခံတာကို နားမထောင်ရင် ငါတို့လည်း မင်းတို့ပြောတာ နားထောင်စရာမလိုဘူး' လို့ ခပ်ပြတ်ပြတ် ပြောပြီး ကားပေါ်တက် ပြန်လာကြတယ်။ အခုစာက အတည်ပဲ။ နောက်ထပ် စာထွက်လာရင် အဲဒါ ပြင်ရေးထားတဲ့ဟာလို့ နားလည်ကြ။ မဟနတွေလည်း အကျယ်ချုပ်ကျမယ့် အန္တရာယ်ရှိနေတယ်။ တို့သံဃာထုက တညီတညွတ်ထဲ မဟနဘက်ကနေ ကြံ့ကြံ့ခံရပ်တည်ပေးကြရမယ်။ စစ်ပွဲအတွက် လူငယ် လူကြီး ကြိုတင်ပြင်ဆင်ကြ။ မပေါ့လျော့ကြနဲ့လို့ ပြောပေး တဲ့။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ မတရားအသင်းမှပယ်ဖျက်ကြောင်း CRPH ကြေညာ

Image
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်း CRPH ကြေညာ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အားလုံးကို အကြမ်းဖက်အဖွဲ့အဖြစ်မှ ဖြစ်စေ၊ မတရားအသင်းမှ ဖြစ်စေ ပယ်ဖျက်ကြောင်း ကြေညာခြင်း။ ၁။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသည် နိုင်ငံရေးရည်မှန်းချက်များဖြစ်သော စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ သမ္မတကြီးဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူများအားလုံး လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး နှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ဖွဲ့စည်းပုံခြေခံဥပဒေပေါ်ပေါက်ရေး တို့ကို ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။ ၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ အကြမ်းဖက်အဖွဲ့အဖြစ်သော်လည်းကောင်း၊ မတရားအသင်း အဖြစ်သော်လည်းကောင်း ကြေညာခံထားရသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးအတွက် တိုက်ပွဲဝင်နေကြသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများအားလုံးကိ

သမ္မတဘိုင်ဒန်ရဲ့ ရိုက်ချက် မအလတို့ ကျောအောင့်နေအောင်ခံရ

Image
Thank you Mr. President. Voices of Myanmar are heard. USA လာနေပြီ။ မထင်မှတ်တဲ့အချိန် အရှိက်မိသွားလိမ့်မယ် မပူနဲ့။ အားတင်းထားကြပါ။ ကျမတို့ရှိတယ်။ ကျမတို့ နေ့မအား ညမနား မြန်မာပြည်အတွက်ကြိုးစားနေပါတယ်။ ***US ကြောင့် အတွင်းကြေကြေနေပြီဖြစ်တဲ့ စောက်ကောင်စီ ပြည်သူတွေကို မထိခိုက်စေပဲ စစ်ခေါင်းတွေကိုပဲ ထိခိုက်စေမဲ့ ပြင်းထန်တဲ့ အရေးယူမှုတွေ ဆက်တိုက်လုပ်ဆောင်သွားမယ်ဆိုတဲ့စကား သမ္မတဘိုင်ဒန်ပြောခဲ့တယ်။ ပြောတဲ့အတိုင်းလဲ အရေးယူနေတယ်။ အစွမ်းတွေလဲ ပြနေပြီ။ ပြောပြီးပြီးချင်းမှာပဲ မအလ စစ်သူပုန်များငွေထုတ်ယူလို့မရအောင် အမေရိကန်ဘဏ်မှာအပ်ထားတဲ့ မြန်မာနိုင်ငံအစိုးရပိုင်ငွေ ဒေါ်လာ ၁ဘီလျံ ကျော်ကို မအလတို့ ထုတ်ယူလို့ မရအောင်ပိတ်လိုက်တယ်။ ကျန်တဲ့ နိုင်ငံများမှာလဲ ထုတ်ယူခွင့်မရအောင် ဆက်တိုက်ဖိအားပေးဆောင်ရွက်ခဲ့လို့ စင်္ကာပူနိုင်ငံမှလဲ ထပ်ပိတ်ပေးလိုက်သလို ကမ္ဘာ့ဘဏ်မှလဲ ဆက်တိုက်ပိတ်ပေးလိုက်တယ်။ သမ္မတဘိုင်ဒန်ရဲ့ ရိုက်ချက် မအလတို့ ကျောအောင့်နေအောင်ခံရတော့တာပါပဲ။ ဒီနောက်ပိုင်း မအလ စစ်သူပုန်အဖွဲ့က ငှားလိုက်တဲ့ ဂျူးလော်ဘီကုမ္မဏီကို မအလတို့ ငွေချေလိုက်တဲ့ ငှားခဒေါ်လာ နှစ်သန်းကိစ္စ ဂျူးလော်ဘီကုမ္မဏီရုံးဖွင့်ထ

The United States calls on the international

Image
FINAL THOUGHT FOR TONIGHT: “The United States calls on the international community to speak with one voice in support of the people of Burma who, in spite of the brutal violence perpetrated by Burmese security forces, continue to demonstrate courage and determination in their efforts to reject the military coup.” — U.S. Department of State Secretary Antony J. Blinken

" အန္တရာယ် အပေးဆုံး သစ္စာဖေါက်တွေ ......"

Image
ဒီလူတွေဟာ တကယ့်သစ္စာဖေါက်တွေဆိုတာဟာ အသင်တို့ ကြားသိပြီးကြပါသလား ‼️‼️‼️ " အန္တရာယ် အပေးဆုံး သစ္စာဖေါက်တွေ ......" •••••••••••••••••••••••••••••••••••••••••• အာဏာသိမ်းအုပ်စုရဲ့ Highlight မလုပ်ပြထားတဲ့ အဓိက ထောက်တိုင်တွေထဲက သုံးခု 😡😡😡👉 ချစ်နိုင်လိုလူကို Social Punishment ထဲ ဝိုင်းကျယ်လောင်ခဲ့ကြပေမယ့် တကယ်တမ်း အခုထိ မပြန့်လာသေးဘဲ ကျွန်တော်တို့အများစု အဓိကမေ့နေတဲ့ လူသုံးယောက်ရှိတယ်။ ပထမတစ်ယောက်က ☝️👉 Environmental ဖက်က ဦးခင်မောင်ရီ။ အာဏာသိမ်းအုပ်စုရဲ့NaturalResources&Environmental ဌာနအတွက် ခန့်ထားတဲ့ဝန်ကြီး ဦးခင်မောင်ရီဆိုတာ ဦးသိန်းစိန်အစိုးရ လက်ထက်တည်းကEnvironmental Investment တွေမှာ လောက်ကောင်။ ခါကာဘိုရာဇီမှာ ဒေသခံတိုင်းရင်းသားတွေကို နားလည်ပါးရိုက်လုပ်ပြီး စဖို့ကြံခဲ့တဲ့ Fortuna Metals Project ရဲ့ ( ဒေသခံ တိုင်းရင်းသားတွေ ဆန္ဒပြမှုနဲ့အတူ Environmental Activist ငါးယောက်ကြောင့် ပြန့်သွားပြီး ပျက်ခဲ့) နောက်ကွယ်ကလူတွေထဲက တစ်ယောက်။ Feasibility Study အတွက်လို့ပြောပြီး ပြည်သူကိုလိမ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ နောက်ကွယ်ကလူ။ ကြံ့ခိုင်ရေးအမာခံ။ စစ်ဖက်အ

ေအိုင်အေတပ်မဟာ၁တပ်ရင်း၄အခြေအနေ...။

March 15 က စခဲ့တဲ့ KIA တပ်မဟာ ( ၁) , တပ်ရင်း၄ ဂွေထူ post တိုက်ပွဲ March 16 ည သန်းခေါင်ကျော် အထိ ဆက်ဖြစ်နေဆဲပါ စစ်အုပ်စု ဘက်က တပ်ရင်း ၃ ခု ပေါင်းမိနေပြီး KIA တပ်ရင်း ၄ တစ်တပ် နဲ့ တိုက်နေရလို့ပါ တိုက်ပွဲ အခြေအနေ ကတော့ ကိုယ့်ဘက်က စခန်းကို လာတိုက်ခံ ရတာမျိုး မဟုတ် ပဲ ကိုယ်ကနေ ရန်သူ့ စခန်း ကို ဝင်တိုက်နေ တာဖြစ်ပြီး ည 7:00 PM လောက်က စစ်ကူ ပို့လာတဲ့ ရန်သူ့ စစ်ကြောင်းကို လဲ ဖြတ် တောက် ထားနိင်ခဲ့တဲ့ အတွက် ကြောင့်မို့ အခြေအနေ ကောင်းနေ ပါတယ် လို့ ပြောလို့ရပါတယ် စစ်အုပ်စုဘက်က အကျအဆုံး ကို သေချာ မသိရပေမယ့် ၄၈ နာရီ အတွင်း ၁ ကြိမ် မှာ စခန်းကို စွန့်ပစ်ခဲ့ရတဲ့ အထိ တိုက်ခံခဲ့ရပြီး နောက်ထပ်စစ်ကူ ရောက် လာလို့ KIA တို့ တပ်မချထားတဲ့ သူတို့ စခန်းကို ပြန်လာ နိင်ပေမယ့် ၂ ကြိမ် အလစ် ဝင်တိုက် ခံရပြီး စစ်ကူပို့လာတဲ့ တပ်တွေကို ဆက် မတက်နိင် အောင် တိုက်ခံ ခဲ့ရပြီး အင်အား ၄၀၀ လောက် ပို့ထားရာကနေ အခုအချိန်ထိ တိုက်ပွဲ ကနေ ရုန်းမထွက်နိုင် ပဲ ရှိနေပုံ ထောက်တော့ အကျအဆုံး တော်တော်လေး များနေပြီ ဆိုတာ ကို အခြေအနေကို ကြားသိရတာ နဲ့ တင် ခန့်မှန်း နိင်ပါတယ် တိုက်ပွဲစတင် ဖြစ်ပွား ကတည်းက ပြည်သူတွေ စစ်ဘေး လွတ်ရာက

ဒေါက်တာဆာဆာကိုမှ သွားစိန်ခေါ်တာကိုး ...

Image
ဒေါက်တာဆာဆာကိုမှ သွားစိန်ခေါ်တာကိုး ... ဟိုက ချက်ချင်းပြန်တွယ်တာ အာဏာရူးတွေ ဘယ့်နှယ်ရှိစ။ စိမ့်သွားကြပြီလား .... ပြည်ထောင်စုလွှတ်တော်၏ ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာ ဆာဆာ၏ ထုတ်ပြန်ချက် ဒီကနေ့ ကျွန်တော်ဟာ စစ်အာဏာရှင်တွေက နိုင်ငံတော်သစ္စာဖောက်မှုနဲ့ စွဲချက်တင်ခံရတဲ့အတွက် ဂုဏ်ယူပါကြောင်း ပြောကြားလိုပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်အာဏာရှင်ကို သစ္စာဖောက်တယ် ဆိုတာက ကျွန်တော်ဟာ မြန်မာပြည်သူတွေနဲ့ တသားတည်းရပ်တည်ပြီး ကျွန်တော့်ရဲ့အသက်ကို ပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက်၊ ဖက်ဒရယ်ဒီမိုကရေစီအတွက်နဲ့ တရားမျှတမှုအတွက် ပေးအပ်ထားတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ ဒီကနေ့ ကျွန်တော့်ကို နိုင်ငံတော်သစ္စာဖောက်မှုကြီးနဲ့ စွတ်စွဲနေတဲ့ ဒီစစ်ဗိုလ်ချုပ်ကြီးတွေကပဲ ကျွန်တော်တို့[တိုင်းရင်းသား]တွေကို နှိပ်စက်ညှင်းပန်းတာ၊ အဓမ္မလုပ်အားပေးခိုင်းစေတာ၊ ခြိမ်းခြောက်တာ၊ မုဒိန်းကျင့်တာနဲ့ သတ်ဖြတ်တာတွေကို ကျွန်တော် ဘဝမှာ မြင်တွေ့ခဲ့ပါတယ်။ ဒီစစ်ဗိုလ်ချုပ်ကြီးတွေကပဲ ဒီကနေ့မှာ လက်နက်မဲ့ပြည်သူတွေကို တိုင်းပြည်နေရာအနှံ့အပြားက လမ်းတွေပေါ်မှာသတ်ဖြတ်ဖို့ စစ်တပ်ကို အမိန့်ပေးနေပါတယ်။ ဥပဒေနဲ့ဆန့်ကျင်တဲ့ တရားမဝင်တဲ့ ဒီစစ်အာဏာရှင်တွေဟာ

ကုလရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်ဆီ +41 766911208 ကိုပို့ပေးပါ။

Image
ကုလရဲ့ အချက်အလက်ရှာဖွေရေးမစ်ရှင်ဆီ သတင်း၊ကိုယ့်အဖြစ်အပျက်၊ videoစတာတွေပို့လို့ရပါတယ်တဲ့။ တယ်လီဖုန်းမှာ ၁။ Signal ကို ပလေးစတိုးကနေဒေါင်းပါ ၂။ဖုန်းနံပါတ် +41 766911208 ကိုပို့ပေးပါ။ နောက်တခုကတော့… ပိုမို Protonmailကိုအသုံးပြုပြီး mountain741@protonmail. com ဆီကိုပေးပို့နိုင်ပါတယ်။ IIMM: Recipients of illegal orders should contact us 17 March 2021 The Independent Investigative Mechanism recommends using the following secure means of communication 1- downloading Signal and 2- using its message service to contact the Mechanism at +41 76 691 12 08 or 3 - using a ProtonMail account and 4- sending the message to mountain741@protonmail.com. Your safety is of utmost importance to the Mechanism, therefore if at any time you believe it may be unsafe to share information via secure means of communication, please refrain until it is safe to do so.

လှိုင်သာယာမြို့နယ် နေအိမ်အချို့ မီးရှို့ခံရ

Image
🔥17.3.2021 နေ့ နံနက် လှိုင်သာယာမြို့နယ် ၃ထိပ်မှတ်တိုင်အတွင်း ၃ရပ်ကွက်တွင် နေအိမ်အချို့ 2:00 ဝန်းကျင်ခန့်ထဲက မီးရှို့ခံခဲ့ရသည်မှာ သတင်းမှန်ဖြစ်ပါသည်။ (ထိခိုက်ဆုံးရှုံးမှုမသိရသေးပါ) ကျွန်တော့အနေနဲ့သတင်းစီးဆင်းမှု ပိုမြန်စေရန်လှိုင်သာယာမြို့တွင်းရပ်ကွက်အလိုက် လက်တလော အခြေအနေအရ Wifi ရပြည်သူများ ပူပေါင်းပေးပါလားခင်ဗျာ။ လူကြီးမင်းတို့ကိုဆက်သွယ်လိုရမဲ့ ရပ်ကွက် ph no အား message (သို့မဟုတ်) hlaingtharyarinformation@gmail.com ကိုပေးပို့ပေးပါ။ သတင်းသေခြာဖို့အတွက် ကျွန်တော်တို့အဖွဲ့က ရပ်ကွက်တွင်းထိလာယူပေးပါမယ် ကူညီနိုင်မည့်သူရှိရင်ကူညီပေးပါခင်ဗျ🙏 #လေးစားစွာဖြင့်

လက်နက်ဖြင့် ခြိမ်းခြောက်ပြီး အတားအဆီးများကို ဖယ်ရှားခိုင်းနေ

Image
စစ်တပ်နှင့်ရဲက ပြည်သူလူထုအား လက်နက်ဖြင့် ခြိမ်းခြောက်ပြီး အတားအဆီးများကို ဖယ်ရှားခိုင်းနေ ဧရာဝတီ၊ မတ် ၁၇၊ ၂၀၂၁ အာဏာသိမ်း စစ်ကောင်စီ၏ စစ်တပ်နှင့်ရဲများက ရန်ကုန်မြို့တွင်း လမ်းမများပေါ် သွားလာနေသည့် အမျိုးသားများကို ဖမ်းဆီးကာ ပြည်သူလူထုက ပြုလုပ်ထားသည့် အတားအဆီးများကို ဖယ်ရှားခိုင်းခြင်းများ ပြုလုပ်လျက်ရှိသည်။ လှည်းတန်းတွင် နေထိုင်သူ မမေသူက “ ကျမတို့ လှည်းတန်း စိန်ဂေဟာရှေ့နဲ့ ဦးထွန်းလင်းခြံလမ်းဘက်မှာတင် နေ့လည်က ရိုက်နှက်ပြီး ဖမ်းခေါ်ခံရတဲ့ အမျိုးသား ၆ ဦးကို စိန်ဂေဟာနားက လူထုခံတပ် သဲအိတ်တွေကို မရွှေ့ပြီး သူတို့ ခေါ်လာတဲ့ ကားတစီးပေါ် တင်ခိုင်းတယ်။ သဲအိတ်တွေ ဖယ်ချင်ရင် သူတို့ဘာသာသူတို့ မဖယ်ဘဲ လမ်းကလူတွေကို ဖမ်းပြီး အဓမ္မခိုင်းတာမျိုးလုပ်နေတာ။ ကျမအိမ်ရှေ့မှာပဲ မြင်ရတာပါ” ဟု ပြောသည်။ ကမာရွတ်၊ စမ်းချောင်းနှင့် ရန်ကင်းမြို့နယ်တို့တွင်လည်း လမ်းသွားလမ်းလာများ၊ ကားများကို တားဆီးပြီး သဲအိတ်များ ဖယ်ရှားပေးရန် လက်နက်ဖြင့် ခြိမ်းခြောက်ပြီး ပေါ်တာဆွဲကာ ခိုင်းစေသည့် ပုံစံမျိုးဖြင့် စစ်တပ်နှင့်ရဲက လုပ်ဆောင်နေခြင်း ဖြစ်သည်။ စစ်အုပ်ချုပ်ရေးအဖြစ် ကြေငြာခံထားရသည့် လှိုင်သာယာမြို့နယ်တွင်လည်း စစ်တပ်နှင

ပြည်သူအပေါ် လူမိုက်ဆန်ဆန် ရမ်းကားဆက်ဆံမှု (ဗီဒီယို)

အကြမ်းဖက်စစ်တပ်နှင့်ရဲတပ်ဖွဲ့၏ ပြည်သူအပေါ် လူမိုက်ဆန်ဆန် ရမ်းကားဆက်ဆံမှု (ဗီဒီယို) ရန်ကုန်၊ မတ် ၁၇ ရန်ကုန်တောင်ဥက္ကလာ သံသုမာလမ်းပေါ်မာပါ၀စက်ဘီးစီးလာသူပြည်သူတစ်ဦးကို အကြမ်းဖက်စစ်တပ်နှင့်ရဲက လူမိုက်ဆန်ဆန် ရမ်းကား ဆက်ဆံခဲ့သည်ကို မတ်လ ၁၇ ရက်နေ့က တွေ့ရှိရသည်။

ကန်လမ်းထိပ် အင်းစိန်လမ်းမတန်ပြန်စစ်

ပစ်မိန့်ပေးရန် order ညွှန်ကြားချက်evidence သက်သေအထောက်အထား

Image
UN ရဲ့ website မှာ ယနေ့ထုတ်ပြန်ထားတဲ့ သတင်း United Nations Human Rights Council က အချက်အလက်စုစည်းဖို့ ဖွဲ့စည်းထားတဲ့ The Independent Investigative Mechanism for Myanmar ရဲ့ ဌာနမှုးဖြစ်သူ Nicholas Koumjian က စစ်တပ်အကြီးအကဲမှ ဆန္ဒပြပြည်သူများအား ပစ်မိန့်ပေးရန် order ညွှန်ကြားချက် စသည့် evidence သက်သေအထောက်အထားများရှိပါက သူ့ထံတိုက်ရိုက်ဆက်သွယ်ပေးပို့ပေးပါရန် တောင်းခံထားပါတယ်။ မိမိရဲ့ လုံခြုံရေးအတွက် Signal ကို download လုပ်လုပ်ပြီး message service သုံးကာ the Mechanism ကို နံပါတ် +41 76 691 12 08 ဖြင့်ဖြစ်စေ ProtonMail account ကိုသုံးပြီး mountain741@protonmail.com သို့ email ပို့ဆက်သွယ်ပေးပါတဲ့။

ဆရာတော်ကြီးတွေကိုအကျယ်ချုပ်ဖမ်းဆီးချုပ်နှောင်ဖို့စီစဥ်နေ

Image
သံဃာ့မဟာနာယက ဆရာတော်ကြီးတွေကို အကြမ်းဖက်စစ်အုပ်စုက အကျယ်ချုပ်ဖမ်းဆီးချုပ်နှောင်ဖို့စီစဥ်နေ -------------------------------------- ရန်ကုန်၊ မတ်လ ၁၇ ရက်။ နိုင်ငံတော်သံဃာ့မဟာနာယက ၄၇ ပါး စုံညီ အစည်းအဝေးကို မနေ့ကကျင်းပခဲ့ပြီး အစည်းအဝေးမှာ စစ်တပ်ရဲ့ လုပ်ရပ်တွေကို မနှစ်မြို့ကြောင်း၊ အခုလို ဖြစ်ရပ်တွေ ဆက်ရှိနေ သရွေ့ မဟန အဖွဲ့ရဲ့ တာဝန်တွေကို ဆက်လက် ဆောင်ရွက်မှာ မဟုတ်တော့ကြောင်း အားလုံးသဘောတူ စာထုတ် ခဲ့ကြတယ်။ ၄င်းအခြေအနေနဲ့ပတ်သက်ပြီး မဟနနဲ့အနီးစပ်ဆုံး ပုဂ္ဂိုလ်တစ်ဦး(အမည်မဖော်လိုသူ)မှ သံဃာ့မဟာနာယက ဆရာတော်ကြီးတွေကို အကြမ်းဖက်စစ်အုပ်စုက အကျယ်ချုပ်ဖမ်းဆီးချုပ်နှောင်ဖို့စီစဥ်နေကြောင်းနဲ့ ဆရာတော်ကြီးတွေ နာမည်သုံး ပြီး နောက်ထပ် ထုတ်ပြန်ချက် အတု ပြန်ထုတ်ဖို့ လုပ်လာနိုင်ကြောင်း Myanmar Harp ကိုသတင်းပေးလာပါတယ်။ ၄င်း၏ သတင်းပေးချက်မှာ " ဆရာတော် ကြီးတွေကို အကြမ်းဖက် စစ်တပ်က အကျယ်ချုပ်နဲ့ ဖမ်းဆီး ချုပ်နှောင်ဖို့ လုပ်နေပြီ၊ နိုင်ငံတော်သံဃာ့မဟာနာယက ၄၇ ပါး စုံညီ အစည်းအဝေးကို မနေ့ကကျင်းပခဲ့တယ်၊ အစည်းအဝေးမှာ စစ်တပ်ရဲ့ လုပ်ရပ်တွေကို မနှစ်မြို့ကြောင်း၊ အခုလို ဖြစ်ရပ်တွေ ဆက်ရှိနေ သရွေ့ မဟန အဖွဲ့ရဲ့

လော်ဘီအတွက် ငှါးရမ်းခငွေတွေကို ကမ္ဘာ့ဘဏ်ကို လွှဲပြောင်းပေးအပ်

Image
လော်ဘီအတွက် ငှါးရမ်းခငွေတွေကို လွှဲလိုက်တဲ့ဘဏ်က ကမ္ဘာ့ဘဏ်ကို မြန်မာနိူင်ငံသားများရဲ့  အများပိုင်ငွေအဖြစ် ပြန်လည် လွှဲပြောင်းပေးအပ် လိုက်လို့ သာဝတို့အဖွဲ့ မျောက် မီးခဲကိုင်မိသလို  ဆွေ့ဆွေ့ခုန်နေတယ် ဆိုတာပဲ ဘယ်လိုအသိမ်းခံရသလည်းဆိုတာ 👇👇👇👇👇👇👇👇👇👇👇👇👇  ဒီဒေါ်လာနှစ်သန်းဟာမြန်မာပြည်ထဲမှာရှိတဲ့ပြည်ပကတရုပ်လုပ်ငန်းရှင်ဆယ်ဉီးကစိုက်ထုတ်ပေးတာပါ။  ဒီငွေတွေကိုသူတို့ဌားတဲ့လော်ဘီဆီကိုလွှဲရပါတယ်အဲ့လော်ဘီက ကနေဒါမှာနေတဲ့အတွက်ကနေဒါနိုင်ငံ  ကိုလွှဲပါတယ်။အဲ့လိုငွေကြေးစီးဆင်းလိုက်ပြီဆိုတာနဲ့အမေရိကန်ကချက်ချင်းကိုသိပါတယ်။  သူဘာကြောင့်သိလည်းဘယ်လိုငွေကြေးစီးဆင်းမှု့လုပ်လုပ်အမေရိကန်ဘဏ်ကိုဖြတ်ပြီးမှသွားလို့ရပါတယ်  အဲ့အတွက်ခုချိန်မှာအမေရိကန်နိုင်ငံကမြန်မာနိုင်ငံငွေကြေးစီးဆင်းမှု့ကိုစက္ကန့်မလပ်စောင့်ကြည့်နေတဲ့  အတွက်ချက်ချင်းတန်းသိလိုက်တာပါပဲ။  အဲ့အတွက်ကနေဒါနိုင်ငံကိုလှမ်းပြောလိုက်ပါတယ်။မင်းဘာလုပ်မှာလည်းလို့ပါဘဲအဲ့တော့ကနေဒါအစိုး  ကချက်ချင်းသိမ်းလိုက်ပါတယ်ဒါနဲ့တင်မပြီးပါကနေဒါအစိုးရကအဲ့ဂျူးလော်ဘီအဖွဲ့ကိုပါ တရားဆွဲအုံးမှာပါ။  ဒါအပြင်ခုသိမ်းလိုက်တဲ့ဒေါ်လာနှစ်သန်းကိုလည်းကျွန်တော်တို့ခုလုပ်နေကြတဲ့ဒီမိုကရေစ