စစ်ကောင်စီတပ်များအတွင်း အင်အားပြုန်းတီးမှု ရာခိုင်နှုန်း မြင့်တက်ခြင်း
ဒုတိယဗိုလ်မှူးကြီးများ စစ်ကောင်စီတပ်များအတွင်း အင်အားပြုန်းတီးမှု ရာခိုင်နှုန်း မြင့်တက်ခြင်း၊ ဒုတိယဗိုလ်မှူးကြီးများ အမိန့်မနာခံဘဲ ပုန်ကန်ခြင်း၊ အချင်းချင်း ပစ်ခတ် သတ်ခြင်းများဖြင့် ဖရိုဖရဲ စတင် ပြိုဆင်း ▪️ စစ်သားများ မူးယစ်ဆေးဝါး သုံးစွဲမှု အလွန်များ ပြား By ရန်ကုန်ခေတ်သစ် အကြမ်းဖက်မင်းအောင်လှိုင် ခေါင်းဆောင်နေသည့် စစ်ကောင်စီတပ်များအတွင်း အင်အားပြုန်းတီးမှု ရာခိုင်နှုန်း မြင့်တက်ခြင်း၊ ဒုတိယဗိုလ်မှူးကြီးများ အမိန့်မနာခံဘဲ ပုန်ကန်ခြင်း၊ အချင်းချင်း ပစ်ခတ် သတ်ခြင်းများဖြင့် ဖရိုဖရဲဖြစ်လာနေ ကြောင်း သိရှိ ရသည်။ စစ်သား အင်အားပြုန်းတီးမှု ရာခိုင်နှုန်းမြင့်မားလာ ============================= အကြမ်းဖက်စစ်ကောင်စီတပ်အတွင်း စစ်သားများ တိုက်ပွဲများတွင် သေဆုံးခြင်း၊ တပ်မှ ထွက်ပြေး ခြင်း၊ တပ်မှ တရားဝင် ထွက်ခြင်း၊ CDM ဝင်ခြင်း အပါအဝင် စစ်သား အင်အား ပြုန်းတီးမှု မြင့်မား လာနေကြောင်း စစ်တပ် သတင်းရင်းမြစ်များထံမှ သိရှိရသည်။ ၂၀၂၂ ခုနှစ် နှစ်ပိုင်းမှစတင်၍ လအလိုက် စစ်သား အင်အား ပြု