Posts

Showing posts from December 16, 2022

ဦးမင်းအောင်လှိုင်ကြီးများ ပါနေမလားလို့ ပုံကို ဖြဲကြည့်ရသေး

Image
အာဆီယံ နိုင်ငံများ မှ သမ္မတများ၊ ဝန်ကြီးချုပ်များသည် ဘဲလ်ဂျီယံ နိုင်ငံ၏ မြို့တော် ဘရပ်ဆဲလ်သို့ အသီးသီး ရောက်ရှိလာကြပြီး မိမိတို့ နိုင်ငံသားများ အတွက် စီးပွားရေး၊ လူမှုရေး အဆင့်အတန်းများ တိုးတက်သည်ထက် တိုးတက်အောင် မြှင့်တင် ပေးနိုင်ရန် အီးယူ နှင့် လွတ်လပ်စွာ ကုန်သွယ်ခွင့် ရရေး အကြိတ်အနယ် ဆွေးနွေးနေ ကြချိန်တွင် မြန်မာပြည်မှ အာဏာသိမ်း ခေါင်းဆောင်သည် မြစ်ကြီးနားတွင် ပြည်သူများ အနေဖြင့် နိုင်ငံ ချစ်စိတ် ဖြင့် စက်ဘီးသာ စီးနင်းကြဖို့ တိုက်တွန်းနေချိန် နှင့် တိုက်ဆိုင်လျှက် ရှိနေသည်။ ၎င်းအဖို့က ဥရောပကုန်းမြေကြီးပေါ်သို ခြေချပိုင်ခွင့်ကို မျှော်မှန်း၍ မရသည့်အတူတူ ငါလည်း ငါဖာသာ နေနိုင် သည့် ပုံစံမျိုး ဖြင့် ဝါးလုံးခေါင်းထဲ လသာ ပြရန် ခရီးထွက်နေခြင်း ဖြစ်သည်။ ယခုလို အနေအထားတွင် မည်သည့် နိုင်ငံကမျှ ကျူးကျော်ဖို့ နေနေသာသာ ၎င်းတို့ အပေါ် ဖုတ် လေသည့် ငပိ ရှိလေသည်ဟု မထင်သည်ကို မြေပြင်၊ ဝေဟင်၊ ရေပြင် ရေအောက် စစ်ဆင်နိုင်ရန် အဆင်သင့် ဖြစ်နေပြီဟု အရူးချီးပန်းစကားများကို သူရူးပမာ တောင်စဉ်ရေမရ ပြောဆိုသွားပြန်သည်။ အဆိုပါ စကားများကို စစ်ကောင်စီ လေတပ်၏ ၇၅ နှစ်မြောက် စိန်ရတု နှစ်ပတ်လည် နေ့တွင် မိတ္ထီလာ

ဆင်ဖြူတော်မေးရိုးပြုတ် မအလငုတ်တုတ်

Image

ဦးကျော်မိုးထွန်းအမည်တင်သွင်းမှုကို ကုလအထွေထွေညီလာခံက ကန့်ကွက်နိုင်ငံမရှိ အတည်ပြု

Image
CONGRATULATIONS!

Agni-V Inter နျူကလီးယား စွမ်းရည်ရှိတဲ့ ပဲ့ထိန်းဒုံးကျည်တခုသာ

Image
( ကြာသာပတေးည  —  ဒီဇင်ဘာ   ၁၅  )  က  Agni-V Inter  နျူကလီးယား   စွမ်းရည်ရှိတဲ့   ပဲ့ထိန်းဒုံးကျည်ကို   အောင်မြင်စွာ   စမ်းသပ်နိုင်ခဲ့တဲ့ကြောင်း —  အိန္ဒိယ   ကာကွယ်ရေးဝန်ကြီးဌာနက   အတည်ပြု   သတင်း ထုတ်ပြန်တာမှန်ပါတယ်၊ ရခိုင်ပြည်နယ်ကစတွေ့ရ ချိန်မှာအပေါ်တည့်တည့်သွားရာကနေဘဂ်လား ပင်လယ်အော် ဖက်ကိုဦးတည်လာတွေ့ရပါတယ်၊ ကီလို၅၀၀၀ကပစ်မှတ် တွေကိုထိမှန်စမ်းသပ်နိုင်ခဲ့ တယ်ဆိုပါတယ်

ဥရောပသမဂ္ဂတာဝန်ရှိသူများနှင့် NUG ဝန်ကြီး ဒေါ်ဇင်မာအောင်တွေ့ဆုံ”

Image
“၁၆/၁၂ ဥရောပသမဂ္ဂပြည်ပရေးရာဌာနအတွင်းရေးမှူးချုပ် စတယ်ဖန်နို ဆန်နီနိုဟာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ဥရောပသမဂ္ဂဌာနချုပ်မှာ တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေးခဲ့ ကြောင်း ဒီဇင်ဘာ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ မြန်မာ့အရေး အနာဂတ်အစီအစဥ်တွေနဲ့ပတ်သက်လို့ ဒေါ်ဇင်မာအောင်ရဲ့တင်ပြချက်ကို နားထောင်ခဲ့သလို ပြီးခဲ့တဲ့ရက်က ကျင်းပပြီးစီးသွားတဲ့ အီးယူ အာဆီယံ ထိပ်သီး ဆွေးနွေးပွဲအကြောင်းအရာတွေကို ပြန်လည်ရှင်းပြခဲ့ကြောင်း စတယ်ဖန်နိုက ပြောပါတယ်။ ဒီကနေ့ဆွေးနွေးပွဲကို အာဆီယံဆိုင်ရာဥရောပသမဂ္ဂသံအမတ်နဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂအထူးသံတမန် အီးဂေါ် ဒရိုက်စ်မန်းစ်လည်းတက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။ ဒီဇင်ဘာ ၁၄ နဲ့ ၁၅ ရက်နေ့ကပဲ အီးယူအာဆီယံထိပ်သီးဆွေးနွေးပွဲကျင်းပပြီးစီးခဲ့တာဖြစ်ပြီး အာဏာသိမ်းစကစကတော့ တက်ရောက်ခွင့်မရခဲ့ပါဘူး။  BNN   European Union - (European External Affairs Service)  အထွေထွေ   အတွင်းရေးမှူး   Mr. Stefano Sannino  နှင့်   အမျိုးသားညီညွတ်ရေး   အစိုးရ  -  နိုင်ငံခြားရေးဝန်ကြီး   တွေ့ဆုံ၊   ၁၆၊   ဒီဇင်ဘာ   ၊   ၂၀၂၂  -  ဘရပ်ဆဲလ်   ==============

ကြင်စိုးရဲ့ တပ်ကတော့ ကြက်နီမ (ဥကုန်ကြက်) ဘဝ ဖြစ်နေပြီ

Image
NUG ရဲ့ MOD အောက်မှာ PDF လှုပ်ရှား တပ်ရင်းတွေ ရှိတယ်။ PDF အထိုင် တပ်ရင်းတွေ ရှိတယ်။ ပကဖ၊ ပအဖ တွေ ရှိတယ်။ နယ်မြေအလိုက် LPDF တွေ ရှိတယ်။ Chain of Command အောက်မှာ အကုန်ရှိနေတယ်လို့ မဆိုလိုဘေမက် မအလ တပ်တွေကို ကျားကုတ်ကျားခဲ Tတ်ဖြတ် နေတာချင်းတော့ တူတယ်။  PDF လှုပ်ရှား တပ်ရင်းဆိုရင် လူ ၃၀၀ လောက် Equipment အပြည့်နဲ့ တပ်ရင်းကြီးဟာ တနေရာကနေ ဖျိုးကနဲ ဖျတ်ကနဲ ပျောက်သွားပြီး နောက်တစ်ဒေသမှာ အုံနဲ့ကျင်းနဲ့ သွားဝုန်းနိုင်တဲ့ အထိ မြန်တယ်။ အထိုင်တပ်ရင်းတွေက ခရိုင်အလိုက် ထိုင်နေပြီး နယ်မြေတွေကို စိုးမိုးထားတယ်။ PDF တပ်ရင်း နံပါတ်တွေ ရှိတယ်။ ဥပမာ - ရှမ်းတောင်က တပ်ရင်းတွေ ဆိုရင် “၁၀” နဲ့ စတယ်၊ ရှမ်းမြောက်က တပ်ရင်းတွေ ဆိုရင် “၁၂” နဲ့ စတယ် (ကျန်တာတွေကတော့ သားလည်း မသိဘု)။ ကဲ .. PDF တပ်တွေကတော့ တိုက်ကြက်မဒန်းလို တောင်ပံတဖြန်းဖြန်းခတ်လို့ ခွပ်လက်ချနေပြီ။ စစ်ဒေသ ၃ ခုလုံးရဲ့ စစ်ဒေသမှူးတွေက ERO ခေါင်းဆောင်တွေလို့ MOD ကလည်း ပြောထားတယ်။ စစ်ရေးနဲ့ ပါတ်သတ်တဲ့ မဟာဗျူဟာတွေကို စစ်ဒေသ အတွက် တာဝန်ယူထားတဲ့ သက်ဆိုင်ရာ ERO ခေါင်းဆောင်တွေက ဆွဲတယ်။ မစ်ရှင် တစ်ခုလုပ်ရင် နယ်မြေခံ အထိုင်တပ်နဲ့ လှုပ်ရှားတပ်တွေ ပေါင်းလုပ်တဲ့အပြင်

နားရွက်တောင်ကားမရတဲ့မြောက်မြန်မာ

Image
မတ္တရာတွင် ကိုနဂါးဟု အများက ခေါ်ဆိုသူကို ဗိုလ်နဂါးဟုဆိုကာ စစ်တပ်က လာ ဖမ်း၊ ဖမ်းလိုသူမမိ၍ မိဘနှစ်ပါးကို ရိုက်နှက် ဖမ်းဆီးသွားသဖြင့် သားဖြစ် သူ ကိုနဂါး စိတ်ထိခိုက်ပြီး အဆိပ်သောက်ရာမှ သေဆုံး ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ခေတ်သစ် မန္တလေး၊ မတ္တရာမြို့နယ်၊ ရွေးရွာသစ်ရွာတွင် အကြမ်းဖက် စစ်တပ်က ကိုနဂါး ဟု လူအများခေါ်ဆိုကြသူကို ဗိုလ်နဂါးဟုဆိုကာ လာရောက်ဖမ်းဆီးစဉ် ဖမ်းမ မိ သောကြောင့် မိဘ ၂ ဦးကို နှိပ်စက် ဖမ်းဆီးသွားခဲ့ရာ သားဖြစ်သူကိုနဂါးမှာ စိတ်ထိခိုက်ပြီး  အဆိပ်သောက်ရာမှ သေဆုံးသွားကြောင်း ဒေသ ပြည်သူ များက ရန်ကုန်ခေတ်သစ် မီဒီယာသို့ပြောဆိုသည်။  ဒီဇင်ဘာလ ၁၂ ရက်နေ့ ည ၆ နာရီ ၃၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က ရွေးရွာသစ်ရွာမှ ကိုဝေလင်းအောင်(ခ)ကိုနဂါးကို PDF တပ်ဖွဲ့များနှင့် ပတ်သက် သော ဗိုလ်နဂါးဟု စွပ်စွဲကာ လာရောက်  ဖမ်းဆီးကြောင်း၊ ဖမ်းဆီး စဉ် ကိုဝေလင်း အောင်(ခ) ကိုနဂါးကို မမိ၍  မိဘ ဖြစ်သူ ၂ ဦးကို ဗိုလ်နဂါး၏ မိဘ လားဟု မေးမြန်းကာ ရိုက်နှက် ဖမ်းဆီးသွားကြောင်း သိရသည်။  မိဘ ၂ ဦး ဖမ်းဆီးခံလိုက်ရသဖြင့် ကိုဝေလင်းအောင်(ခ)ကိုနဂါးသည် စိတ်ထိ ခိုက်ကာ ဒီဇင်ဘာလ ၁၃ ရက်နေ့ ညပိုင်း သေတမ်းစာရေးပြီး အဆိပ်သောက် ကာ သတ်သေသွားကြောင်း သ

မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

Image
Breaking News-၊ ဆေးရုံကား ၃ စီးထက်မနည်း  လေတပ်ထဲသို့ ဝင်သွား ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ခေတ်သစ် ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ ၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို ယနေ့ည ၈ နာရီ ၄၀ မိနစ်အချိန်မှစတင်၍ ရှော့တိုက်ဒုံး ၅ လုံးဖြင့် တိုက်ခိုက်ကြောင်း ရန် ကုန် မြို့ပြ ပျောက်ကျား UG တပ်ဖွဲ့တစ်ခုက ပြောသည်။  ဒီဇင်ဘာလ ၁၆ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်မှစတင်၍ မင်္ဂလာဒုံ လေ တပ် စခန်း ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ပေါက်ကွဲသံ ၃ ချက် အလွန်ကျယ်လောင်စွာ ကြားရကြောင်း ဒေသပြည်သူများ က ပြောသည်။  "ည ၈ နာရီ ၄၁ မိနစ်မှာ ဗုံးကွဲသံနဲ့အတူ အိမ်ကို ခဲတွေတောင်လာမှန်ပါတယ်။ ‌ လေယာဉ်ကွင်း ပတ်လမ်းဘေးရပ်ကွက်က အရမ်းကို ကျယ်တဲ့ အသံကို ကြားရ တာ။ ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ အလင်းရောင်တွေတောင် ဖြာ ထွက်သွား တယ်။ လေယာဉ်ကွင်းဘေးက အိမ်တွေကို ခဲတွေ ခေါင်မိုးပေါ် မိုးရွာသလို ကျ လာ တာ။ လေတပ် ထဲကို လှမ်းပစ်တာ လို့ကြားရတယ်" ဟု ဒေသပြည်သူ တစ်ဦးက ပြောသည်။  ရန်ကုန်မြို့ပြပျောက်ကျား UG တာဝန်ရှိသူကမူ မင်္ဂလာဒုံလေတပ် စခန်းဌာန ချုပ် ထဲသို့ ရှော့တိုက်ဒုံး ၁၀၇ မမ ၅ လုံး တစ်ပြိုင်နက်တည်း ပစ်ခတ်ခဲ့

နေဝင်းစတိုင်ဖမ်းလာတဲ့သောင်းလှိုင်သား

Image
နေဝင်းခေတ်မှာသူထိုင်တဲ့ခုံက ဘုန်းကြီးကျောင်းက ပုလ္လင်နီးပါးလောက်ကြီးပြီးသူ့ဘေးကပ်ထိုင်တဲ့စန်းယု (သမ္မတ)က သာမန်ခုံအနိမ့်နဲ့— လေယာဉ်ကွင်းထဲ ယာယီခုံချပြီး ပုံရိုက်တာတောင် မအလအတွက်ထိုင်ခုံကိုရှိုးလိုက်— ဘုံမြှောက်ကြတာလား မအလအမိန့်ကြောင့်လား အာဏာရှင်ပြယုဒ်တွေပေါ့ ဘယ်လောက်ထိထမင်းလွတ်ရူးလဲဆိုရင်— ၂၀၂၃၊ ဇန်နဝါရီ ၁ရက်တွင် ကျရောက်မည့် ၇၅  နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှာ သောင်းလှိုင်သား က ဗိုလ်ရှု့ခံမယ်၊ ၆ မိုင်ဝန်းကျင်အကွာရှိ သမ္မတအိမ်တော်နှင့်  လွှတ်တော်ဝင်ပေါက်အနီး ဗိုလ်ရှု့ခံစင်မြင့်ရှိရာသို့  ရာဇဌာနီလမ်းအတိုင်း စီတန်းလမ်းလျှောက်ရမယ်၊ ဒီပွဲအတွက်ကျပ်ဘီလျံချီပြီးသုံးစွဲတယ် Non CDMတွေမနက်၄နာရီထပြီးလမ်း လျှောက်ကျင့်ကြရတယ်၊ တပ်မတော်နေ့တောင်မစောင့်နိုင်ပဲ အများပြည်သူနဲ့ဆိုင်တဲ့နေ့မှာဗလိုင်းကြီး အရိုအသေကအပေးခံချင်သေးတယ် နေရာလဲသိပြီပဲ အဝေးထိန်းဒုန်းအသံ လေးကြားချင်ပါတယ်